Chapter...13

73.9K 5K 205
                                    

အိမ်နောက်ဖေးကနေ ဟင်းချက်နေရင်း သူ
များလင်လင်နှစ်ယောက်ချစ်တင်းနှောတာကို
လူကြားထဲ ဖောက်သည်လာချတဲ့ဖိုးထောင်ကို
စိတ်ထဲမေတ္တာတွေပို့မိသလို အမေနဲ့အရီး
လေးတင်လှတို့ကလည်း ငယ်ဘဝကဖြတ်
သန်းလာခဲ့ကြတာဆိုတော့ ရိပ်မိမှာပင်။

ရှက်ကလည်းရှက် ဖိုးထောင်ကိုလည်းမေတ္တာ
တွေပို့ရင်း အမေတို့ရှေ့မျက်နှာဘယ်လိုပြရ
မလဲဟုတွေးပြီး ဘယ်ကြွက်တွင်းထဲဝင်ပုန်း
ရလဲဟုသာတွေးနေမိလေသည်။

ဖိုးထောင်လာနှင့်ဦးပေါ့ တွေ့လို့ကတော့ လေး
ခွစာကျွေးပြမယ်...

"ကိုကြီးခတ္တာ....ကိုကြီးခတ္တာရေ"

"ဘာလဲကွာ"

"ကျုပ်တို့ဘာလုပ်မိလို့လဲဗျ ပြန်ထူးတာကြီး
ကလည်း"

"ငါ့ဘာသာဘယ်လိုထူးထူးပေါ့ မင်းတို့က
ကော ဘာလုပ်ဖို့လာခေါ်တာလဲ"

"ဒီနေ့ရွာထဲက ဦးလေးအောင်မောင်းတို့နတ်
ပွဲလုပ်နေတာသွားမကြည့်ဘူးလား ကျွန်တော်
တို့တောင်သွားကြည့်ကြမလို့"

"တကယ်လား အဲ့ဒါမို့စောစောကနတ်ဒိုးသံ
တွေကြားရပါတယ်လို့ ကြည့်ချင်လိုက်တာ"

"ကြည့်ချင်လိုက်ခဲ့ပါလားဗျ ဟိုမှာလူတွေအုံ
လို့နတ်ပွဲကတာတွေကြည့်ကောင်းတာကိုကြီး
ခတ္တာလည်းသိသားနဲ့ ဘာလဲကိုကြီးခတ္တာရဲ့
ယောကျ်ားကသွားမကြည့်ခိုင်းလို့လား"

"ဟင် အဲ့လိုတော့မဟုတ်ပါဘူး သူကသိတောင်သိမှာမဟုတ်သေးဘူး ဒါပေမဲ့
လယ်ထဲထမင်းလိုက်ပို့ရဦးမှာ"

"ဒါဆိုခဏလိုက်ကြည့်ပေါ့ လယ်ထဲထမင်း
သွားမပို့မှီပြန်လာပေါ့ မဟုတ်ဘူးလားဗျ"

"အဲ့ဒါလည်းဟုတ်တာဘဲ ဒါဆိုသွားကြည့်ရ
အောင်"

ဖိုးခွားလေးနဲ့ပေါက်စကလာခေါ်သောကြောင့်
ခတ္တာမှာကြည့်ချင်စိတ်ကထိန်းမရတာကြောင့်
လိုက်သွားလေသည်။ ဟင်းတွေကလည်း
ကျက်ပြီမလား...အရင်ကဆိုသူတိူ့လေးတွေနဲ့
အားတာနဲ့လျှောက်သွားဆော့နေကျဆိုတော့
အခုလည်းလာခေါ်ကြခြင်းဖြစ်လေသည်။
အသက်ကလည်း16နှစ်ကျော်ကျော်လေးဆို
တော့ ကလေးစိတ်ကမကုန်လေသေးတော့
ကြည့်ချင်မိလေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now