Chapter...2

91.1K 6.6K 521
                                    

အသက် 24နှစ်အရွယ်ရှိပြီဖြစ်သည့် သရဝဏ်
ထွဋ်ခေါင် ဆိုသည်သူမှာ ရက်စက်တဲ့နေရာ
မှာနှစ်ယောက်မရှိ။ လုပ်ငန်းရှင်တွေနဲ့ ပြိုင်
ဘက်စီးပွားရေးသမားတွေကြား အသည်းနှ
လုံးမရှိတဲ့သူဆိုပြီး ကျော်ကြားလေသည်။

လုပ်ချင်တာလုပ်လို့ရတယ် သရဝဏ်ထွဋ်
ခေါင်ကိုတော့ သွားမထိနဲ့ဟုပြောကြသည်အ
ထိ။ ခန့်နားတဲ့ စံအိမ်ကြီးမှာနေထိုင်ပြီး ရေပန်းတွေနဲ့အလှဆင်ထားတဲ့ခြံဝန်းကြီးနဲ့
ထိုခြံဝန်းကြီးကို အမြဲသန့်ရှင်းရေးလုပ်ဖို့အ
တွက်ခြံစောင့်အလုပ်သမားတွေနှင့် တပည့်
တွေမြောက်မြားစွာရှိလေသည်။ ဒါတင်မက
သေး စံအိမ်ကြီးထဲတွင်လည်း အိမ်စေတွေက
လည်းများပြားစွာရှိလေသည်။

သရဝဏ်ထွဋ်ခေါင် ဆိုသူရဲ့ရင်ဘတ်မှာတော့
တတ်တူးများစွာထိုးထားပြီး ကြွက်သားအဖု
အထစ်တွေနဲ့ခန့်ညားကာ ယောကျ်ားပီသ
လွန်းလေသည်။ ထိုပြင် လူတစ်ဝက်လောက်
ရှိသည့် ခွေးကြီးနှစ်ကောင်ဖြစ်သည့် ဂျက်ကီ
နဲ့ရှက်ကီကိုမွေးထားပြီး ထိုခွေးနှစ်ကောင်မှာ
အစွယ်တဖွေးဖွေးနဲ့ကြောက်စရာကောင်းသ
လို သရဝဏ်ထွဋ်ခေါင် ရဲ့အမိန့်တစ်ခုတည်း
ကိုသာနားထောင်လေသည်။

သူ့ကိုသစ္စာဖောက်သူတွေနဲ့ ရန်လာစတဲ့သူ
တွေကိုတော့ မြေအောက်ခန်းကိုသာပို့လေ့ရှိ
ပြီး အပြစ်ကြီးရင်ကြီးသလိုစီရင်လေသည်။
ကြွက်တွေနဲ့ပြည့်နေတဲ့အခန်း၊ မြွေတွေနဲ့ပြည့်
နေတဲ့အခန်းနှင့် အရက်စက်ဆုံးအခန်းက
တော့ သူကိုယ်တိုင်နည်းမျိုးစုံနှင့် နှိပ်စက်တဲ့
အခန်းဘဲဖြစ်လေသည်။

စံအိမ်ကြီးမှာအလုပ်လုပ်တဲ့ အိမ်စေတွေက
ကောင်ငယ်ချောချောလေးတွေပါတာကြောင့်
သူတို့ရဲ့မဖြစ်နိင်တဲ့အိမ်မက်ကတော့ သရဝဏ်ထွဋ်ခေါင်က သူတို့ကိုကြိုက်နှစ်
သက်လာအောင်လုပ်ခြင်းပင်ဖြစ်သည်။
သို့ပေမဲ့ သရဝဏ်ထွဋ်ခေါင် ကတော့မျက်စီ
ထဲတွင်တောင်ထည့်မနေသည့်ထိ စိတ်မဝင်
စားချေ။

ဒါပေမဲ့ ထိုအရာနှင့် ဆန်ကျင့်ဘက်လူကတော့
သရဝဏ်ထွဋ်ခေါင် ရဲ့ဦးလေး ဦးကျော်စွာပင်
ဖြစ်လေသည်။လောင်းကစားတွေလုပ်ပြီးနေ
စရာအိမ်မရှိတော့တာကြောင့် တူဖြစ်သူအိမ်
မှာကပ်နေပြီး အိမ်ကြီးရှင်သခင်လိုမျိုးပြူမူ
ကာ တဏှာဘီလူး နှာဗူးပင်ဖြစ်လေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now