Chapter...18

68.3K 4.5K 117
                                    

ခတ္တာမှာ ယောကျ်ားဖြစ်သူရဲ့ခွင့်ပြုချက်ရ
သည်နှင့် ပျော်မြူးသွားရကာ အကိုလေးကို
သွား38ချောင်းလုံးပေါ်အောင်ရယ်ပြပြီး အိပ်
ခန်းထဲကမှန်လေးကိုသွားကြည့်ကာ ဘီးကျဲ
လေးနဲ့ဆံပင်လေးကိုဖီး၍ အကျီကို သပ်ရပ်
စွာဝတ်ပြီးအိမ်ရှေ့ပြန်ထွက်လာတော့ အကို
လေးကသူကို ဂြိုလ်ကြည့်ကြည်လေသည်။

လင်ဖြစ်သူအအော်ငေါက်ထပ်မခံရခင် အိမ်
ပေါ်ကအမြန်ဆင်းကာ အမခင်ထားတိူ့အမေ
တို့အုပ်စုနှင့်တပျော်တပါးကြီး ဟိုဘက်ရွာက
ဘုရားပွဲကိုအတင်းကလည်းတုပ်သေး စကား
တပြောပြောနှင့် ဘုရားပွဲသို့
သွားကြလေသည်။

ရွာဘုရားပွဲမို့ ရောက်တုန်းရောက်ခိုက် ဆီမီး
ရေချမ်းပူဇော်ကပ်ကာ အကိုလေးနဲ့ရိုးမြေကျ
ပေါင်းဖက်ရပါစေဟုဆုမွန်ကောင်းတောင်းခြွေလ်ိုက်လေသည်။ ထိုနောက် ရွာရိုးရာမုန့်
လေးတွေကိုဝယ်စားရင်း ဇာတ်ပွဲကြည့်ဖို့ဖျာ
တွေခင်းကာ တစ်စုတစ်ဝေးတည်းထိုင်ကြပြီး
ကပြဖျော်ဖျေတာကို ကြည်ရှုကြလေသည်။
ခတ္တာမှာတော့ သူကြည့်ချင်တဲ့ဇာတ်ပွဲကြည့်
ရတာမို့ ကလေးအရွယ်ပီပီမြူးနေလိုက်တာ
များ ရေထဲမှာမြူးနေတဲ့ရေပျော်ငါးလေးလို
ပင်။

တခြားရွာကအသိတွေနဲ့ပွဲအတွင်းတွေ့တဲ့အခါ
မှာလည်းသာကြောင်းမာကြောင်းမေးကြ၊လယ်ယာသီးနှံအထွက်ကောင်းလားမေးကြ
အတင်းတုတ်ကြပေါ့လေ။

"ခတ္တာလေးမလား မတွေ့တာတောင်ကြာပြီ
သားအမေတော့ရွာကိုလာတဲ့အခါမှာခဏခဏတွေ့ဖြစ်တယ် အိမ်ထောင်ကျသွားပြီဆို"

"ဟုတယ်မဂွမ်းရေ ခိုးပြေးလို့ပေးစားလိုက်ရ
တာ"

"အသက်ကငယ်သေးတယ်မလား ဘယ်နှစ်
နှစ်ရှိပြီလဲအခု"

"16နှစ်ပါအရီးလေး"

"ငယ်သေးတာဘဲကွယ် ခိုးပြေးကြတာဆို
တော့ ချစ်လို့ကြိုက်လို့မလား"

"အို အရီးလေးကလည်း ချစ်လို့ခိုးပြေးတာ
ပေါ့ "

"ယောကျ်ားကကောရိုက်နှက်သေးလား
နှင်းမြပြောတော့အသက်လည်း 8နှစ်လောက်
ကွာတယ်ဆို ယောကျ်ားတွေဆိုတာဘယ်
တော့မှမကောင်းဘူး ပြီးတော့မြို့သားဆို
တော့"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now