Chapter...15🚨🚨

107K 5.4K 1.9K
                                    

ညနေထမင်းစားဝိုင်းလေးမှာတော့ ခတ္တာမှာ
အမေဖြစ်သူကိုတကြည့်ကြည့်နှင့်အရိပ်အ
ခြေကြည့်နေလေသည်။

"သမက်လေးထည့်စား လယ်တောဟင်းလေး
ကောင်းမှကောင်း မြို့မှာတော့စားရနည်းမှာ
ပေါ့ အမေတို့ရွာမှာတော့မကြာခဏချက်စား
ကြတယ်"

"အမေ"

"ဘာတုန်း"

"အမေဒီညနေသွားစရာမရှိဘူးလား ဘွားဒေါ်
ပုကိုလူမမာသွားမမေးတော့ဘူးလား ညအိပ်
ညနေသွားလို့ရတယ်နော်"

"ဟဲ့ညနေဘဲစောင်းလို့ထမင်းတောင်စားနေပြီ
လေ အခုချိန်ကျမှငါကဘယ်သွားရမှာလဲ ဘယ်ကိုနှင်နေတာတုန်း"

"မဟုတ်ပါဘူးအမေရဲ့ ဒီတိုင်းမေးကြည့်တာ"

"တော်ပြီလားထမင်းက ဝပြီလား"

"ဟုတ်အမေနည်းနည်းရင်ပြည့်သလိုဖြစ်နေ
လို့"

"ရင်ပြည့်နေလည်းလျက်စားလေးဘာလေး
လျက်ပေး အာ့မှရင်ချောင်သွားမှာ"

ထမင်းစားဝိုင်းကနေ ခတ္တာထလာပြီးစားပြီး
သားပန်းကန်ကိုသွားဆေးလိုက်လေသည်။
အကိုလေးကတော့ ဘာမှမပြောဘဲ သူ့ထမင်း
သူသာငုံ့စားနေလေသည်။သူလည်းညကျ
ဘယ်လိုခိုးစားရမလဲအကြံထုတ်နေတာနေလိမ့်မည်။

အမေကလည်းလေ ဒီညကျမှဘယ်ကိုမှ ည
အိပ်မသွားတော့ဘူး။အရင်ကဆိုမေးလိုက်တဲ့
လူမမာ...မနက်ကအကိုလေးကိုပြန်ချော့သည့်
အနေနဲ့ဒီညပေးမလို့ပါဆိုနေမှ။

ထမင်းစားပြီးအကုန်သိမ်းဆည်းပြီးတာနဲ့
မနက်အကြော်ထွက်ဖို့အမေကိုကူပြီးပြင်ဆင်
ပေးလေသည်။အကိုလေးကတော့ အထွေအ
ထူးစကားသိပ်မပြောတတ်တဲ့သူဆိုတော့
ထမင်းစားပြီး ပိုးသတ်ဆေးဝယ်ဖို့စာရင်းတွေ
လုပ်သည်ဆိုလား ကျုပ်တော့နားမလည်ပါ
ဘူး စာလည်းမဖတ်တတ်ဘူးလေ အဲ့ဒါတွေ
ခဏလုပ်ပြီးတာနဲ့ခြင်ထောင်ထဲဝင်သွားလေ
သည်။

"ဒီတမိုးကုန်ရင်တော့ အိမ်အသစ်ပြန်ဆောက်
မှရတော့မယ် အိမ်ကသိပ်မခိုင်ချင်တော့ဘူး
ငါ့မှာဘယ်နေ့များပြိုမလဲလို့ရင်တမမနဲ့"

"မပြိုနိင်သေးပါဘူးအမေရာ သားအာမခံ
တယ်"

"အေးပါပြိုမှ လမ်းဘေးမှအိပ်ခိုင်းမယ် သွား
တော့ သမက်လေးစောင့်နေလောက်ပြီ"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now