Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)

558 81 12
                                    

(Uni)

သက်ရှိခန္ဓာအား စွန့်ခွာနှုတ်ဆက်သွားပြီးနောက် ပွဲတော်ရက်တွင် သင်္ချိုင်းကန်တော့ခြင်း

ညသန်းခေါင်ယံ၌ ခေါင်းဆောင်ကြီး၏ကျိုင်းမှာ တစ်ဖက်တွင်မှီလျက် ထောင်ထား၏။ ထိုကျိုင်းတံသည် အဆုံးအစမဲ့တောက်လောင်နိုင်သည့်အစွမ်းမျိုး ပိုင်ဆိုင်ထားပုံရှိကာ မီးတောက်မီးလျှံများ အဆက်မပြတ်ကခုန်ယိမ်းနွဲ့နေသော်လည်း သစ်သားကိုယ်ထည်ကား လောင်ကျွမ်းလျော့နည်းသွားခြင်းမရှိပါလေ။

ထွန်းလင်းတောက်ပနေသော မီးလျှံမှာ ဧရာမ ညလင်းပုလဲ*တစ်လုံးအလားပင် ရှိတော့သည်။
[ညလင်းပုလဲ - အမှောင်ထဲမှာ အလင်းရောင်တွေထွက်ပေါ်နိုင်တဲ့ ပုလဲတစ်မျိုးပါ။ တရုတ်သိုင်းဇာတ်လမ်း‌တွေ၊ ရာဇဝင်ဇာတ်လမ်းတွေနဲ့ ရင်းနှီးတဲ့သူတွေ သိလောက်မယ် ထင်ပါတယ်။ ပုလဲဆိုပေမယ့် တကယ်တော့ မီးစုန်းကျောက်အမျိုးအစားဖြစ်ပါတယ်။ ပုံကြည့်ချင်ရင်တော့ အောက်ဆုံးမှာ ထည့်ပေးထားပါမယ်ရှင့်]

နန်ရှန်းတစ်ယောက် အဆောင်အယောင်အလှဆင်မှုများမရှိ ရိုးရိုးရှင်းရှင်းအကြမ်းထည်သက်သက်ဖြစ်သည့် ထိုင်ခုံတစ်လုံးပေါ်တွင် ခပ်မတ်မတ်ထိုင်နေကာ လက်မောင်းပေါ်တွင် နဖူးမှောက်လျက် အိပ်ပျော်နေ၏။ သူ့မျက်ခုံးများတွန့်ချိုးနေပြီး ရှည်လျားကော့ညွတ်နေသည့် မျက်တောင်များ တစ်ချက်တစ်ချက် လှုပ်ခတ်သွားသည်က ထိုသူ၏ ပြီးပြည့်စုံသောအသွင်အပြင်ကို ပိုမိုထင်ရှားသွားစေလျက် ရှိနေပေသည်။

ချူဟွမ်မှာ တဒင်္ဂမျှတောင့်ခဲသွားပြီးနောက် သူ့အနေဖြင့် နန်ရှန်းအိပ်ရာပေါ်တွင် နေရာယူထားမိခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။

သူလည်း ရှေးဦးစွာ သူ့ဘယ်ဖက်လက်ကိုလှုပ်ရှားရန် ကြိုးစားကြည့်လိုက်သည်တွင် အဆိပ်မိခြင်းကြောင့် ထုံကျဉ်နေသည့်ခံစားချက်မှာ တဖြည်းဖြည်းနှင့် လျော့ပါးလွင့်ပြယ်သွားပြီဖြစ်သော်လည်း သူ့အနေဖြင့် သူ့ကိုယ်ခန္ဓာကို ကိုယ့်အားကိုယ်ကိုး၍ ကောင်းကောင်းသယ်နိုင်ရန် ခွန်အားမရှိသေးကြောင်း သိရလေသည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now