Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )

360 80 2
                                    

(Uni)

တစ်ဖက်မစောင်းသင့်ဘူး...

ခရိုင်မြို့လေးမှာ တစ်ချက်မျှလေလည်လိုက်လျှင်ပင် ကိုယ့်ခြေဖနောင့်ကို ပြန်မှန်ကာ ခလုတ်တိုက်နိုင်လောက်သည်အထိ တစ်ချက်ကြည့်ရုံနှင့် အားလုံးကို မြင်နေရနိုင်သော နေရာငယ်လေးတစ်ခုပင်။

သူတို့ "ခန်တန်းကျီး"မှ ထွက်လာပြီးနောက် ချူဟွမ်ရောက်လာခဲ့သော ကားဂိတ်ကို ဖြတ်သွားရခြင်းမှ ရှောင်လွှဲ၍ မရနိုင်ပါလေ။ ယခုအချိန်မှာ မွန်းတည့်ချိန်လောက်ရှိနေပြီဖြစ်ပြီး ဒေသတွင်းခရီးသွားများ အထူထပ်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်လေသည်။ ဦးထုပ်အနီလေးများ ဆောင်းထားကြသော ဧည့်လမ်းညွှန်အချို့က လော်စပီကာများဖြင့် သူတို့၏ အသီးသီးသော ခရီးသွားများကို နောက်မှ လိုက်လာရန် အော်နေပေ၏။

ခရီးသွားဧည့်သည်များကား စုစည်းထိန်းကျောင်း၍မရနိုင်သော သိုးတစ်အုပ်နှင့်ပင် တူချေသည်။ ကားပေါ်မှ ဆင်းသည်နှင့် ကိုယ့်သဘောနှင့်ကိုယ် သွားချင်ရာသွားကြလေတော့၏။ ပင်ပန်းနွမ်းနယ်စွာဖြင့် နောက်ကလိုက်သည့်သူက လိုက်၊ အိမ်သာကို နေရာအနှံ့ လိုက်ရှာသည့်သူကရှာနှင့် ခရိုင်မြို့၏ စုတ်စုတ်ပြတ်ပြတ်လမ်းများကို ဓာတ်ပုံရိုက်နေကြသည့် သူများပင် ရှိသေးလေသည်။

ဤ ချောင်ကြိုချောင်ကြားနေရာတွင် မည်သို့သော ဓာတ်ပုံရိုက်စရာကောင်းကောင်း ရှိနေသည်တော့ မသိ၊ ခရီးသွားများအတွက် သီးသန့်ပွဲတော်တစ်မျိုးနှင့်ပင် တူနေပေသည်။

နန်ရှန်းနှင့် ရှောင်ဖန်းကား ဤမျှလောက် လူအများကြီးနှင့် တွေ့ရသည့်အခါတွင် လန့်သွားကြကာ တမင်တကာပင် ရှောင်ကွင်းလျက် လမ်းဖယ်ပေးထားကြ၏။

"ကျယ်ပြန့်သည့်နေရာ၊ ထူထပ်သည့် လူဦးရေ"ဟူသည်မှာ မည်သည်ကို ဆိုလိုပါသနည်း? တောင်တန်းကြီးများပေါ်မှလာသော အနှီကလေးနှစ်ယောက်အား ရေခဲစိုင်ကြီး၏ ထိပ်ဖျားလေးလောက်ကို ညှိုးငယ်စွာ ကြည့်ခွင့်ပေးထားရုံမျှဖြင့် သူတို့အတွက် တစ်နှစ်စာအတွ့အကြုံထက်ပင် အပုံကြီးပိုများစေရန် လုံလောက်လေသည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now