Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

377 44 10
                                    

(Uni)

ခွေးရူး မုထားယီ သတ္တဝါများ

နန်ရှန်း၏ ပဟေဠိဆန်လှသော ဘာသာပြန်စကေးနှင့် ရှင်းပြချက်တို့အရ ချူဟွမ်အနေဖြင့် "လှုပ်ရှားခြင်းကာလ"ဟူသည် မတည်ငြိမ်သော အချိန်ကာလတစ်မျိုးဟူ၍ သဘောပေါက်လိုက်မိလေသည်။

ဤရက်ပိုင်းအတွင်း လီယီမျိုးနွယ်စုပိုင်နက်မြေမှာ ဆီးဆော*တစ်ခုပမာဖြစ်နေလျက် - အချိန်တစ်ခု၌ ၄င်းသည် ဤကမ္ဘာဘက်တွင် မြင့်တက်နေမည်ဖြစ်ပြီး နောက်တစ်ချိန်တွင်မူ အခြားကမ္ဘာဘက်၌ မြင့်တက်နေမည်ဖြစ်ကာ - ထိုသို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသော ဖရိုဖရဲအခြေအနေတို့အကြား မျှခြေတစ်ခုရောက်ရှိသွားသောအချိန်ကို "လှုပ်ရှားခြင်းကာလ"ဟု ခေါ်တွင်ကြပြီး အနှီမိစ္ဆာကောင်ငယ်လေးများ ရုတ်တရက်ပေါ်ပေါက်လာချိန်မှ အစုအပြုံလိုက် ပြန်လည်ထွက်ခွာသွားချိန်အထိအပိုင်းအခြားဖြင့် သတ်မှတ်ထားခြင်းပင်။
[ဆီးဆော - ကစားကွင်းတွေ၊ ပန်းခြံတွေမှာ ရှိတတ်တဲ့ seesaw ကို ပြောချင်တာပါ။ မမြင်ဖူးကြရင် အောက်ဆုံးမှာ ပုံထည့်ထားပေးပါမယ် ^u^]

လတ်တလောတွင် လီယီမျိုးနွယ်စုသည် တစ်ခါတရံ မြူနှင်းကြားမှ ပန်းပွင့်လေးအလား၊ တစ်ခါတရံ မိုင်ပေါင်းထောင်ချီကျယ်ပြန့်လှသော ကွင်းပြင်ကျယ်ကြီးအလား၊ တစ်ခါတစ်ခါ Jurassic Park* အလား၊ နောက်တစ်ခါ၌ Walden* အလား ရှိနေတော့ကာ... မည်သို့ရှိနေပါစေ ၄င်းသည် အမျိုးမျိုးအဖုံဖုံပြောင်းလဲနေမည်ဖြစ်ကာ ပထဝီမြေကမ္ဘာကြီး တုန်ခါရိုက်ဟည်းသွားစေနိုင်လောက်သော သတိပေးသံမျိုးကို ထွက်ပေါ်လာစေနိုင်သည်ဖြစ်၏။
[1. Jurassic Park - နာမည်ကြီးဒိုင်နိုဆောကားပါပဲ။ context နည်းနည်း ပြောပြရရင်တော့ မျိုးတုံးသွားပြီဖြစ်တဲ့ ဒိုင်နိုဆောတွေကို မျိုးရိုးဗီဇနည်းပညာတစ်ခုနဲ့ ပြန်အသက်သွင်းပြီး တိရစ္ဆာန်ရုံလိုမျိုးဖွင့်ထားတဲ့ ဒိုင်နိုဆောဥယျာဉ်ရဲ့နာမည်ပေါ့။ ပထမဆုံးကားက 1993 မှာထွက်ခဲ့တာရယ်။ အဲ့အချိန်တည်းက CGI, special effect တွေ အရမ်းကောင်းတဲ့ကားပါ။ sequel တွေ လည်း အများကြီးထွက်ထားပါတယ်။ မကြည့်ဖူးသေးရင် ကြည့်ကြည့်ကြပါ
(~ ̄▽ ̄)~

You've reached the end of published parts.

⏰ Last updated: Nov 17, 2023 ⏰

Add this story to your Library to get notified about new parts!

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now