Chapter-22: ဤကမ္ဘာ ( ဤကမာၻ )

311 72 7
                                    

(Uni)

ကျွမ်းကျင်အဆင့် လုပ်သား

မြွေလေးတစ်ကောင်လောက်ကို ခေါ်သွားခြင်းမှာ - ထိုမြွေသည် နန်ရှန်း၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပုံပေါ်သည့်တိုင်အောင် - ကိစ္စမရှိလှပါချေ။ အသားခြောက်ကို တစ်ပိဿာလျှင်နှစ်ခွိုက်ဈေးဖြင့် သတ်မှတ်ရောင်းချစေခဲ့သော လူဆင်းရဲသော်လည်း စေတနာမဆင်းရဲသည့် အနှီပုဂ္ဂိုလ်ကား စိတ်မရှိလောက်သည့်တိုင်...

သို့ရာတွင် ထိုအကြောင်းကြောင့် သူ့အနေဖြင့် ကလေးငယ်တစ်ယောက်ကို လိပ်ပြာလုံစွာ ပြန်ပေးဆွဲသွားနိုင်သည်ဟု မဆိုလိုပေ။

ချူဟွမ်မှာ မောင်ခေါင်းပြောင်ကလေးတစ်ယောက် သူ့ရှေ့မှောက်တွင် ထိုဝက်နှင့်အတူ ခုန်ပေါက်ဆော့ကစားနေသည်ကို ကြည့်နေရင်းဖြင့် စိတ်ပူလွန်းသောကြောင့် ဒွါရခုနစ်ပေါက်မှ မီးခိုးများပင်ထွက်နေလေပြီ။

"ဒီလာခဲ့"
ချူဟွမ်က မတောက်တခေါက်လီယီဘာသာစကားဖြင့် မျက်နှာထားခပ်တင်းတင်း ဆိုလိုက်သည်။ တစ်ချိန်တည်းတွင်ပင် လူကြီးလူကောင်းဆန်သောအမူအရာမျိုးကို ဖျစ်ညှစ်လုပ်ယူနေရပေ၏။

"မင်း ဘယ်လိုလုပ် ဒီကိုလိုက်လာတာလဲ? ရိုက်ခံထိချင်နေတာလား?"

မောင်ခေါင်းပြောင်လေးကား ထိုစကားကိုကြားပြီးသည့်နောက် အနည်းငယ်မျှပင်ကြောက်ပုံမပေါ်ရုံသာမက ဝက်၏လည်ပင်းကိုဖက်လျက် ပျော်ရွှင်စွာရယ်မော၍ပင်နေချေသည်။

ချူဟွမ် : "..."

ဤသည်မှာ အအ,တစ်ယောက် ဘာသာစကားတစ်ခုကို သင်ယူရသည့်အခါတွင် ကြုံတွေ့ရသော အားနည်းချက်မျိုးပင်ဖြစ်ကာ - သူများပြောနေသည်များကို နားလည်နိုင်သော်လည်း ကိုယ်တိုင်ပြောရမည်ဆိုပါက ထုတ်မပြောတတ်ခြင်းဖြစ်၏။ တစ်ဖက်လူက အူတက်အောင်ရယ်နေသည့်တိုင် မိမိကိုယ်တိုင်ကမူ ဘာမှားသွားကြောင်းကို စဉ်းစား၍မရနိုင်ပေ။

ချူဟွမ်လည်း သူ့အသံထွက်ကို ကြိုးစားပမ်းစားပြင်ဆင်နေကာ "ရှာဖွေ... ခေါ်... 'ကျောက်'... ထိသွားပြီ"* ဟူသည့်နှယ် ရှိနေတော့သည်။
["ရှာဖွေ... ခေါ်... 'ကျောက်'... ထိသွားပြီ" (找... 招,赵...打)- တရုတ်အသံထွက်တွေမှာက မြန်မာစာလိုပဲ အသံအတက်အကျတွေ (Eng လိုတော့ "tone" လို့ခေါ်ပြီး မြန်မာသဒ္ဒါအသုံးအနှုန်းတွေအရဆိုရင်တော့ "သံတို၊ သံရှည်၊ သံလေး" လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့်ကတော့ ဥပမာအားဖြင့် "သိ၊ သီ၊ သီး" ဆိုတာမျိုးလိုပေါ့) ရှိပါတယ်။ အင်္ဂလိပ်စာလိုမျိုးဘာသာစကားမှာက အဲ့လို tone တွေမရှိပါဘူး။ ဒီစကားစုထဲက ပထမသုံးလုံးက အသံထွက်ရင် "ကျောင်... ကျောင်း... ကျောက်" ဆိုပြီး ထွက်ပါတယ်]

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now