Balance

1.1K 38 8
                                    

"ခြူးရေ မြန်မြန်ဆင်းလာတော့လို့ နောက်ကျတော့မှာပဲ ပထမဆုံးဖွင့်ရက်ပါဆို"

"လာပါပြီဂျင်းရယ် ပြီးနေပါပြီ ဂျင်းကိုပဲစောင့်နေတာကြီးကို"


။။။။

"ဂျင်းနီနဲ့ ဂျီဆို သမီးတို့နဲ့တူတူ ဒီကျောင်းသူသစ်ကို ထိုင်ခိုင်းလိုက်မယ်နော် သူက ထိုင်းနိုင်ငံကပြောင်းလာတာမို့လို့ ကိုးရီးယားဘာသာစကားလည်း သိပ်မကျွမ်းကျင်ဘူး သမီးတို့ကူညီပေးလိုက်ကြအုန်းနော်"

"ဟုတ်ကဲ့ပါတီချယ် ရပါတယ် သမီးတို့ကြည့်ပြီးကူညီပေးလိုက်ပါ့မယ်"

ပြုံးပျော်ရွှင်ပြီး မျက်လုံးကတစ်လက်လက်နဲ့စကားတွေသွက်နေတဲ့ဂျင်းရယ်ကြောင့် ဂျီဆိုဘာမှပြန်မပြောတော့ဘဲ ဆရာမကို ခေါင်းပဲညိမ့်ပြမိတယ်

"ခြူးက ဟိုဖက်ကိုတိုးပေး ဂျင်းကအလယ်မှာထိုင်မယ် လီလီဒီကိုလာ ဂျင်းဘေးမှာလာထိုင် လိုတာပြောလို့ရတယ်နော် ဂျင်းတတ်နိုင်သလောက်ကူညီပေးမယ်"

ပထမဆုံးအကြိမ်အဖြစ် ဂျင်းကို အခြားသူကြောင့် သဝန်တိုမိတဲ့အခိုက်အတန့်ပါပဲ ဂျင်းနဲ့ ခင်မင်ခဲ့တဲ့တစ်လျှောက်လုံး ဂျင်းက ခြူးထက် အခြားသူကိုဦးစားပေးပြီး တရင်းတနှီးဆက်ဆံပေးတာကို မတွေ့ဖူးတာမို့ အလိုမကျမှုတွေက ချက်ချင်းကိုဝင်ရောက်လာတော့တယ် မျက်လုံးဝိုင်းဝိုင်းလေး တွေနဲ့
လီဆာဆိုတဲ့ ကောင်မလေးကလည်း တကယ်ကိုချစ်ဖို့ကောင်းပါရဲ့
ဂျင်းကလည်း ချက်ချင်းကို လီလီလို့ခေါ်လိုက်တာမို့ ရင်ထဲမနှစ်မြို့တဲ့ ခံစားချက်ကလည်း နာကျင်စရာကြီး
လီဆာကို မနာလို မုန်းတီးမိသွားတာမျိုးမဟုတ်ပေမယ့် ဂျင်းရဲ့စိတ်တွေကိုယ့်ဆီမှာ
မရှိတော့တာမျိုးကိုတော့ဖြင့် မခံစားနိုင်ပါလားနော် ခက်တော့တာပဲဂျင်း

"လီလီက ဒီကိုပြောင်းလာတာလား"

"ဟုတ်တယ်"

"အရင်ကထိုင်းမှာဆိုတော့ ခုကရော ခဏလား အပြီးနေမှာလား"

"သေချာတော့မသိသေးဘူး
ဒါနဲ့ သူ့နာမည်ကဘယ်လိုခေါ်လဲဟင် လီလီက သူ့ကိုဘယ်လိုခေါ်ရမှာလဲ"

Jensoo (Short Story Collection)Where stories live. Discover now