ပညာသင်ဆုရရှိရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ တောမီးလောင်သဖွယ် အကျိတ်အနယ်။ ကျောင်းအုပ်ကြီးရုံးခန်းရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်တိုက်မျက်နှာချင်းဆိုင် တွေ့လိုက်ကြရသည်။ လင်းယွီကျင်း၏မျက်နှာလေးမှာ သနားချင့်စဖွယ်ကောင်းရလောက်သည်အထိ မျက်ရည်များဝိုင်းရစ်နေပြီး ; "အတန်းဖော်ရှန် ၊ နင့်ကို အမှန်တိုင်းပဲပြောပြပါတော့မယ် ၊ တကယ်တော့လေ ငါက ရွာကတက်လာခဲ့တာပါ ၊ မိသားစုကလည်း အရမ်းဆင်းရဲပါတယ် ၊ အရင်တုန်းက နာမည်ဆိုရင် 'လင်းချွေ့ဟွား'လို့ ခေါ်ခဲ့တာ ၊ ငါတို့ 'လျန်ဟွား'ကျေးရွာလေးကနေပြီး မြို့ကြီးပြကြီးရောက်တဲ့အထိ ပညာသင်နိုင်တာဆိုလို့ ငါ တစ်ယောက်တည်းရှိတာ ၊ အကယ်၍ ဒီတစ်ကြိမ်ပညာသင်ဆုကိုသာမရခဲ့ရင် ငါ့မှာ ပညာသင်စရိတ်အတွက် ပေးစရာပိုက်ဆံရှိတော့မှာမဟုတ်ဘူး ၊ ပညာသင်စရိတ်မရှိတော့ရ