Description

3K 137 12
                                    

Novel - Bai Re Meng Wo
Chapter - 95 chapters & 4 extras

It is just a fan translation.

Translators - Li Zhen & Xiao Chong

ဇာတ်လမ်းမိတ်ဆက် >>

ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်တိုက်မျက်နှာချင်းဆိုင်​​ ​တွေ့လိုက်ကြ​ရသည်။

လင်းယွီကျင်း၏မျက်နှာ​လေးမှာ သနားချင့်စဖွယ်​ကောင်းရ​လောက်သည်အထိ မျက်ရည်များဝိုင်းရစ်​နေပြီး ;

"​အတန်း​ဖော်ရှန် ၊ နင့်ကို အမှန်တိုင်းပဲ​ပြောပြပါ​တော့မယ် ၊ တကယ်​တော့​လေ ငါက ​ရွာကတက်လာခဲ့တာပါ ၊ မိသားစုကလည်း အရမ်းဆင်းရဲပါတယ် ၊ အရင်တုန်းက နာမည်ဆိုရင် 'လင်း​ချွေ့ဟွား'လို့ ​ခေါ်ခဲ့တာ ၊ ငါတို့ 'လျန်ဟွား'​ကျေးရွာ​လေးက​နေပြီး မြို့ကြီးပြကြီး​ရောက်တဲ့အထိ ပညာသင်နိုင်တာဆိုလို့ ငါ တစ်​ယောက်တည်းရှိတာ ၊ အကယ်၍ ဒီတစ်ကြိမ်ပညာသင်ဆုကိုသာမရခဲ့ရင် ငါ့မှာ ပညာသင်စရိတ်အတွက် ​ပေးစရာပိုက်ဆံရှိ​တော့မှာမဟုတ်ဘူး ၊ ပညာသင်စရိတ်မရှိ​တော့ရင် ငါ ရွာပြန်ပြီးပဲ ဝက်စာ​ကျွေးရ​တော့မှာ....."

ရှန်ကျွမ့်က ပျင်းတိပျင်းရွဲပုံစံနှင့် သာမန်ကာလျှံကာပင် လှမ်းကြည့်၍ ;

"တိုက်ဆိုင်လိုက်တာ ၊ ငါလည်း ​ဘေးကပ်ရပ် 'ဟယ်ယဲ့'ရွာကပဲ ၊ အရင်နာမည်ကလည်း 'ရှန်ထျယ်ကျု' ၊ ငါဆို ဝက်စာ​ကျွေးရတဲ့အပြင် လယ်ပါစိုက်ရတာ"

လင်းယွီကျင်း ; "....."

နှစ်​ယောက်သားမှာ တစ်​ယောက်ကိုတစ်​ယောက် သုံးစက္ကန့်တိတိစိုက်ကြည့်ကြပြီး​နောက်တွင် တပြိုင်တည်းပင် တစ်ဖက်သို့လှည့်ထွက်လာလိုက်ကြ​တော့၏။

ရှန်ကျွမ့် ကိုယ်ပိုင်ရဟတ်ယာဥ်​ပေါ်တက်သွားခဲ့ပြီး လင်းယွီကျင်းသည်လည်း ​ပြောင်လက်​နေသည့် Rolls-Royce ကား​ပေါ်သို့ တက်သွားခဲ့​တော့သည်။

-- ပိုက်ဆံရှိချမ်းသာသည့်လူနှစ်​ယောက်က တစ်ဖက်လူ​ရှေ့သို့​ရောက်တိုင်း အချင်းချင်းကူညီကြ၍ အလွန်တရာကိုမှ ဆင်းရဲချင်​ယောင်​ဆောင်ကြသည့်ပုံပြင်​လေးတစ်ပုဒ် --

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now