Chapter 2

366 46 4
                                    

Translators - Li Zhen & Xiao Chong

တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းပြီးနောက် ကျန်းဟန်က လင်းယွီကျင်းထံ ပြောပြလာသည်မှာ ထိုနေ့က သူ၏ အကြည့်များမှာ အံ့ဩတကြီးဖြစ်နေခဲ့သည်ဟူ၍။

"မင်းက ဂါဝန်ဝတ်ထားပြီး အဲ့နားမှာ မတ်တပ်ရပ်နေတာ၊ မျက်ဝန်းတွေက ဖန်သားလို ကြည်လင်နေတာများ လိမ္မာတဲ့ မိန်းကလေးလိုမျိုး၊ ပတ်ဝန်းကျင်အခြေအနေနဲ့ သိပ်လိုက်ဖက်မနေဘူးလေ"

ကျန်းဟန်က ခေါင်းယမ်းရင်း

"ငါသောက်တလွဲမြင်မိတယ်လို့တောင် ထင်မိလိုက်သေးတာ"

သို့ရာတွင် လက်ရှိအချိန်တွင်မူ လင်းယွီကျင်းက သူ၏ နာမည်ကိုပင် မသိသေးချေ။ သူမဦးနှောက်ထဲတွင် သူ၏ ကြမ်းသုတ်ဝတ် dreadlock ဆံပင် ပုံစံဖြင့်သာ ပြည့်နှက်နေပြီး သူ့ဦးခေါင်းထက်၌ ကြမ်းသုတ်တံခေါင်း နံပါတ် ၁ ဟူသည့် စာတန်းပေါ်နေသည်။

ကြမ်းသုတ်တံခေါင်း နံပါတ် ၁က အလျှင်အမြန် တုံ့ပြန်လာကာ ခေါင်းအုံးက သူ့မျက်နှာဆီ မရောက်လာခင်မှာပင် စီးကရက်ကို မြှောက်လိုက်ပြီး အခြားလက်တဖက်ဖြင့် ခေါင်းအုံးကို လှမ်းဖမ်းလိုက်သည်။

လက်ကောက်ဝတ်တချက်လှည့်လိုက်ပြီးနောက် သူ့လက်ထဲ ခေါင်းအုံးပိုက်ကာ ဆေးလိပ်ငွေ့တို့ ရှူထုတ်လိုက်ပြီး သူ့အမူအရာမှာ အလေးအနက်ဖြင့်

"ကောင်းလိုက်တဲ့ ကွန်ဖူး"

သူ့ပုံစံက ငတုံးနှင့် တူ၏။

လက်တလောတွင် ပြုမူခဲ့သည့် သူ့လုပ်ရပ်က တုံးအသည်ဟု ဒီခပ်ထုံထုံလူက တွေးထင်ခြင်းမရှိပဲ အနှီလူကို အောင်အောင်မြင်မြင် မနှိုးလိုက်နိုင်ခြင်းကြောင့် နောက်လှည့်လာကာ အပြုံးဖြင့် လက်ဝှေ့ရမ်းလာသည်။ သူ၏ ခေါင်းလုံးပြည့် dreadlock များအပြင် တက်တူးဖြင့် ပြည့်နေသည့် လက်တစ်ဖက်ကိုပါ ယှဉ်တွဲကြည့်လိုက်ပါက ဖွင့်ဟမဆိုနိုင်သည့် ကြမ်းကြုတ်သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

"ညီမလေး၊ ဆောရီးပဲ၊ ငါတို့ သူဌေးက လက်တလော စိတ်အခြေအနေ မကောင်းနေဘူး"

"……"

‘အဲ့ဒီလူခေါင်းမှာ မူလီတစ်လုံး လိုနေတယ်’ လို့ သူ့စကားလုံးများက ဆိုလိုချင်နေသည်ဟု အဘယ်ကြောင့် ခံစားနေရမှန်း လင်းယွီကျင်း မသိချေ။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Där berättelser lever. Upptäck nu