ငွေမှင်ရောင်ကွင်းလေး ငြိတွယ်နေသော စိုရဲရဲနှုတ်ခမ်းလွှာသည် သူစိမ်းဆန်သော စကားတို့ကို ဆိုလာသည် ။ သူ ပြောလျှင် တစ်ခွန်းဆို တစ်ခွန်း ခေါင်းငြိမ့်တတ်သော အနှီချစ်ရသူသည် တည်တံ့သော မျက်နှာထားနှင့်အတူ ကြင်နာခြင်းများလည်း ပျောက်ကွယ်လျက် ။ ထိုသူသည် ... ချစ်ရသည့် မောင် ဟုတ်ပါလေစ ။