(Zawgyi)🍀🍀🍀🍀🍀
Part-41
(ကိုယ္..ခ်စ္ေသာ clover..!!..)
"ေဟး.. ကေလး ကိုယ္ေျပာေနတာၾကားလား.."
ဝမ္ဟိုင္ အေတြးလြန္ေနေသာေၾကာင့္ ဘာေျပာ
လိုက္မွန္းတကယ္ပင္ မသိလိုက္။ ထို႔ေၾကာင့္
အလိႈင္းတြန္႔ဆံပင္ေလးမ်ားျဖင့္ အနည္းငယ္ဖံုး
သလိုျဖစ္ေနေသာ မ်က္လံုးမ်ားျဖင့္သာ ေမာ့ၾကည့္
လိုက္သည္။ ဝမ္ဟိုင္က ပံုမွန္အတိုင္းပင္ ျပဳမူ
လိုက္ျခင္းျဖစ္သည္။
အလိႈင္းတြန္႔ဆံပင္ေလးမ်ားျဖင့္ ဝမ္ဟိုင္က
မ်က္မွန္ဝိုင္းေလးကိုတပ္ထားကာ ေခါင္းစြပ္
hoddie ေလးကို ဝတ္ဆင္ထားၿပီး ေက်ာပိုး
အိပ္ေလးကို လြယ္ထားသည္..။ ဆယ္ေက်ာ္
သက္အရြယ္ ငယ္ရြယ္မႈမ်ားလြမ္းေနေသာ..
မ်က္ႏွာေလး အားလံုးေပါင္းစပ္လိုက္ေသာအခါ
အေျခအေနအရပ္ရပ္သည္ ဝမ္ဟိုင္ကို...
ျဖဴစင္ေသာအေကာင္ငယ္ေလးအျဖစ္ ေျပာင္း
လဲေပးလိုက္ေလသည္..။
လင္းေန ထိုေကာင္ေလး၏ ေခါင္းကိုခပ္ဖြဖြ
ပြတ္သပ္ေပးလိုက္သည္။ လင္းေန အထင္..
မိမိ ခရမ္းခ်ဥ္သီးေလး ႀကီးျပင္းလာေသာအခါ
တြင္လည္း ဒီေကာင္ေလးလို ခ်စ္စရာေကာင္း
ေနမွာ ေသခ်ာသည္...။
မသိမသာေနာက္ဆုတ္သြားေသာ ေခါင္းေလး
ေၾကာင့္လက္ကိုခ်က္ခ်င္းျပန္႐ုတ္လိုက္သည္။
အခုမွသိေသာ ေကာင္ေလး၏ေခါင္းကို သြား
ပုတ္ေနေသာမိမိကို လူထူးဆန္းႀကီးဟု ထင္
သြားေလာက္သည္..။ လင္းေန မိမိအျပဳအမူ
အတြက္ ေတာင္းပန္စကားေျပာလိုက္သည္။
"ကိုယ္ေတာင္းပန္ပါတယ္.. စိတ္အေႏွာင့္
အယွက္ျဖစ္သြားၿပီထင္တယ္..။ တစ္မ်ိဳး
မထင္ပါန႔ဲ ကိုယ္ကဒီအတိုင္း..."
အမွန္ေတာ့ ဝမ္ဟိုင္သည္ ႐ုတ္တရက္..
ျဖစ္သြားေသာေၾကာင့္ ထိုသို႔ျပဳမူလိုက္ျခင္း
ျဖစ္သည္။ မိမိကို ႐ွင္းျပရန္ႀကိဳးစားေနေသာ
မ်က္စိေ႐ွ႕မွသူကို မ်က္ေတာင္မခတ္ဘဲ စိုက္
ၾကည့္ေနမိသည္။ စကားေျပာလိုက္တိုင္း လႈပ္႐ွား
သြားတတ္ေသာ ႏႈတ္ခမ္းမ်ားႏွင့္ စကားစ႐ွာမရ
သည့္အခါတိုင္းတြန္႔ေကြးလိုက္ေသာ မ်က္ခံုး
ေလးမ်ားက ဝမ္ဟိုင္ကို ျပဳစားသည္။ တစ္ခ်က္
တစ္ခ်က္ထြက္ေပၚလာတတ္ေသာ သြားညီညီ
ေလးမ်ားက အသည္းယားေအာင္ စြမ္းေဆာင္
သည္..။
ဝမ္ဟိုင္ အၾကည့္စူးစူးမ်ားကို မ်က္စိေ႐ွ႕မွသူ၏
ခနၶာကိုယ္အႏွံ႔ျဖန္႔က်က္ေစလိုက္သည္။ အခ်ိဳး
အစားက်လွေသာ ခနၶာကိုယ္ကို ၾကည့္ၿပီးေနာက္
ဝမ္ဟိုင္ ျပံဳးလိုက္သည္..။
ခင္ဗ်ားက ခါးသြယ္သြယ္ေလးဘဲ...
အဟက္ ! ကြၽန္ေတာ္ႀကိဳက္တယ္။
ထိုသူကိုသာ ဆက္ၾကည့္ေနပါက ဝမ္ဟိုင္
အတင္းဖက္နမ္းမိေတာ့မည္။ ဝမ္ဟိုင္ ကိုယ့္စိတ္
ကိုယ္ျပန္ထိန္းလိုက္ခ်ိန္တြင္ ထိုသူ၏လက္တစ္
ဖက္အား ဆုပ္ကိုင္လ်က္သား ျဖစ္ေနေလၿပီ..။
ဝမ္ဟိုင္ မိမိကို ေၾကာင္အစြာၾကည့္ေနေသာ
လင္းေနေၾကာင့္ ဆြဲကိုင္ထားၿပီးေသာလက္ကို
လိႈင္းတြန္႔ဆံပင္ေလးမ်ားျဖင့္ ေခါင္းေပၚကိုတင္
္ေပးလိုက္သည္။ လက္မ်ားကေတာ့ လင္းေန၏
လက္ေပၚမွ အုပ္ကိုင္ထားဆဲျဖစ္သည္..။
"ကိုင္လို႔ရတယ္ ကြၽန္ေတာ္စိတ္အေႏွာင့္
အယွက္ မျဖစ္ပါဘူး..."
ဝမ္ဟိုင္၏ စကားအဆံုး လင္းေနက ျပံဳးကာ
ေခါင္းၿငိမ့္ျပသည္။ ဝမ္ဟိုင္ကေတာ့ ေခါင္းကို
ခ်က္ခ်င္းငံု႔ခ်လိုက္ရသည္။ အလြန္ထက္႐ွကာ
ေနမည့္ ဝမ္ဟိုင္မ်က္လံုးမ်ားထဲမွ အရိပ္ေယာင္
ကို မ်က္စိေ႐ွ႕မွထိုသူ သိလို႔မျဖစ္ဘူးမလား...။
ဝမ္ဟိုင္ သည္သူ၏ သ႐ုပ္မွန္ကို ဘယ္သူသိသိ
ဂ႐ုမစိုက္ေသာ္လည္း မ်က္စိေ႐ွ႕မွသည္လူကို
ေတာ့ သိခြင့္ေပးမည္မဟုတ္။
"ဒဏ္ရာရသြားေသးလား..."
ဝမ္ဟိုင္ ေခါင္းေလးခါျပလိုက္ေတာ့ ထိုသူက
နားလည္သလို ေခါင္းေလးၿငိမ့္သည္။ ဝမ္ဟိုင္
ေျပာလိုက္သည္..။
"ဟို ပိုက္ဆံ၂သိန္းကို ကြၽန္ေတာ္ျပန္ေပး
ပါ့မယ္..။ ဒါေပမယ့္ ခဏေတာ့ ေစာင့္ေပး
လို႔ရမလားဗ်..။ ကြၽန္ေတာ့္မွာ အ့ဲေလာက္
အမ်ားႀကီးမ႐ွိလို႔ပါ။ ကြၽန္ေတာ္ အခ်ိန္ပိုင္း
အလုပ္လုပ္ၿပီးျပန္ေပးပါ့မယ္..."
"မရဘူး..."
လင္းေန ေျပာလိုက္ေတာ့ မိုးျပိဳေတာ့မလို..
မ်က္လံုးေလးျဖင့္ ေမာ့ၾကည့္လာသည္..။
လင္းေန ေခါင္းေမာ့ကာအသံထြက္ေအာင္
ပင္ရီမိေတာ့သည္..။
"စတာပါကြာ ျပန္ေပးစရာ မလိုဘူးေနာ္..
ဟုတ္ၿပီလား..."
ဝမ္ဟိုင္ ခ်က္ခ်င္းပင္ ေခါင္းခါကာျငင္းလိုက္
သည္။ ေနာက္တစ္ခ်က္ထပ္ေတြ႔ႏိုင္မည့္...
အခြင့္အေရးကို လက္လြတ္ခံရေအာင္ ဝမ္ဟိုင္
သည္ အ႐ူးမဟုတ္..။
"ကြၽန္ေတာ္က်ိန္းေသေပါက္ ျပန္ဆပ္ပါ့မယ္..
ကြၽန္ေတာ့္ကိုအခ်ိန္နည္းနည္းေလာက္ဘဲေပး
ပါ..။ ၿပီးေတာ့ ဖုန္းနံပါတ္ေလးေပးထားခ့ဲပါ..
ကြၽန္ေတာ္ ပိုက္ဆံစုၿပီးတာန႔ဲ ဖုန္းဆက္ပါ့မယ္.."
"ေကာင္းပါၿပီ သေဘာပါကြာ.."
လင္းေန ေခါင္းမာေသာ ေကာင္ေလးကို
လက္ေလ်ာ့ကာ သေဘာအတိုင္းပင္ ....
ဖုန္းနံပါတ္ေပးလိုက္ရသည္..။ ေကာင္ေလး
သည္ တ႐ုတ္ျမန္မာကျပားျဖစ္ကာ နာမည္
က ဝမ္ဟိုင္တ့ဲ..။
လင္းေန ေကာင္ေလးကို အိမ္ျပန္ပို ့ေပးရ
မလားေျပာေသာ္လည္း လက္မခံေသာ
ဝမ္ဟိုင္ေၾကာင့္ ဆက္မေျပာျဖစ္ေတာ့..။
ဝမ္ဟိုင္ကို ႏႈတ္ဆက္ၿပီး ကားေမာင္းကာ
အိမ္သို႔ျပန္လာလိုက္သည္..။
လင္းေန၏ကားျမင္ကြင္းမွေပ်ာက္ကြယ္
သြားေသာအခါ ဝမ္ဟိုင္ကိုေခါင္းငံု႔ကာ
အ႐ိုအေသျပဳလာၾကေသာသူမ်ား။ ထိုသူမ်ား
သည္ အေစာပိုင္းက ျဖဴစင္သူအေကာင္ငယ္
ေလးကို ဝိုင္းအႏိုင္က်င့္ၾကသည္ဟူေသာ ျပဇာတ္
မွ လူစုျဖစ္သည္။
"ေတာ္တယ္ မင္းတို႔ကို ေဘာက္ဆူး
ေကာင္းေကာင္းေပးမယ္.."
"ဟုတ္က့ဲ သခင္ေလး.."
လင္းေနအနားတြင္ ရပ္လာေသာ ကားနက္
ေပၚသို႔ထပ္သို႔တက္ကာ Yၿမိဳ႕ေတာ္မွ...
ဝမ္ဟိုင္၏ အိမ္သို႔ကားကိုဦးတည္ကာ
ေမာင္းခိုင္းလိုက္သည္..။
____________
Y ၿမိဳ႕ေတာ္၊ စားေသာက္ဆိုင္တစ္ခု၏
သီးသန္႔ခန္းထဲတြင္ လူႏွစ္ဦးသည္ မ်က္ႏွာခ်င္း
ဆိုင္ကာထိုင္ေနၾကသည္။ တစ္ဦးမွာ အသက္
၄၀ေက်ာ္အမ်ိဳးသား တစ္ဦးျဖစ္ကာ ေနာက္တစ္ဦး
မွာ အသက္၂၀ေက်ာ္လူငယ္တစ္ဦးျဖစ္သည္..။
တိတ္ဆိတ္ေနေသာ သီးသန္႔ခန္း၏ ပတ္ဝန္းက်င္
ကို အသက္၄၀ေက်ာ္ အမ်ိဳးသားႀကီးက အရင္ၿဖိဳ
ခြင္းရန္ဆံုးျဖတ္လိုက္ပံုရသည္..။ ေျဖာင့္မတ္စြာ
ထိုင္ေနေသာ လူငယ္ေလးကိုၾကည့္ကာေျပာ
လာသည္...။
"ဒီအေတာအတြင္း အဆင္ေျပရ႕ဲလား..
တူေလး.."
"ကြၽန္ေတာ္ ေနတတ္ေနပါၿပီ ဦးေလး..
ကြၽန္ေတာ္ အဆင္ေျပပါတယ္ စိတ္မပူပါနဲ ့..."
ထိုအေမးအဆံုး လူငယ္ကလည္းျပန္ေျဖလာသည္။
ထိုလူငယ္သည္ သစ္မိုးအိမ္ျဖစ္ကာ အသက္၄၀
ေက်ာ္အမ်ိဳးသားႀကီးသည္ ဦးေသာ္ထက္ျဖစ္
သည္..။ ႏွစ္ေယာက္သား Y ၿမိဳ႕ေတာ္၏...
နာမည္ႀကီး စားေသာက္ဆိုင္မ်ားထဲမွ တစ္ခု
တြင္ ထမင္းအတူတူစားေနၾကျခင္းျဖစ္သည္..။
သစ္မိုးအိမ္၏ ျပန္ေျဖမႈအဆံုး ဦးေသာ္ထက္က
သစ္မိုးအိမ္ကိုအကဲခတ္သလိုၾကည့္လာသည္..။
ဟင္းအခ်ိဳ႕ကို သစ္မိုးအိမ္ ပန္းကန္အတြင္းသို႔
ထည့္ေပးလာရင္း....
"တစ္ခုခုဆို မင္းမွာ ဦးေလးတစ္ေယာက္လံုး
႐ွိေသးတာ မေမ့န႔ဲ သစ္မိုး..။ ဒီဦးေလး ကေတာ့
အျမဲတမ္း တူေလးဘက္ကရပ္တည္ေပးမွာ.."
သစ္မိုးအိမ္ ေခါင္းၿငိမ့္ကာနားလည္ေၾကာင္းျပ
လိုက္ေသာ္လည္း မ်က္လႊာခ်ထားေသာ သစ္မိုးအိမ္
၏ မ်က္ဝန္းမ်ားကေတာ့ ေအးစက္ေနေလသည္။
သစ္မိုးအိမ္ ယံုၾကည္ခ့ဲေသာ တစ္ဦးတည္းေသာသူ
ျဖစ္သည့္ ထိုသူက သစ္မိုးအိမ္ကို အႀကိမ္ေပါင္း
မ်ားစြာလုပ္ၾကံခ့ဲသည္..။
အႀကိမ္တိုင္း သစ္မိုးအိမ္ထင္ခ့ဲသည္က
ဦးထက္ေနာင္သည္ မိမိအေမြမ်ားကိုလိုခ်င္
ေသာေၾကာင့္ သစ္မိုးအိမ္ကိုအျပတ္႐ွင္းခ်င္သည္
ဟူ၍..။ ထို႔ေၾကာင့္ ဦးထက္ေနာင္ အေပၚတြင္
ပိုပို၍မုန္းလာခ့ဲသည္..။
ေဆးရံုတက္ရသည့္အခ်ိန္တိုင္း တစ္ခါမွပင္
ေရာက္မလာတတ္ေသာ ဦးထက္ေနာင္ ေၾကာင့္
သစ္မိုးအိမ္သည္ သူ၏အျမင္မ်ားကိုပိုမိုကာ ယံု
ၾကည္လာခ့ဲသည္။ သစ္မိုးအိမ္ လံုးဝမေတြးခ့ဲမိ
သည္က မိမိမ်က္ေ႐ွ႕မွသူသည္ ဦးထက္ေနာင္ကို
သစ္မိုးအိမ္၏ အေၾကာင္းမ်ားကို သိခြင့္မေပးခ့ဲျခင္း
ကိုပင္...။
ထိုသူကသစ္မိုးအိမ္ကို အတုအေယာင္မ်ား
ၾကားတြင္ ကူရာမ့ဲစြာ႐ွင္သန္ေစခ်င္သည္..။
လူတစ္ေယာက္ကို သတ္ျပစ္လိုက္ျခင္းထက္
အကြက္ခ်ကာ ထိုသူ၏ဘဝကို သတ္ျခင္းက
ပိုထိေရာက္သည္..။ ထိုသူ၏ စီစဥ္ထားမႈမ်ား
သည္ အကြက္က်ကာေထာင့္ေစ့လြန္းခ့ဲသည္။
သစ္မိုးအိမ္ပင္ ၁၀ႏွစ္ေက်ာ္တိုင္ေအာင္ ထို
အကြက္ခ်မႈမ်ားၾကား ပိတ္မိေနခ့ဲသည္ေလ..။
သစ္မိုးအိမ္တို႔ ထမင္းစားၿပီးေသာအခါ ဆိုင္မွ
ဝန္ထမ္းေလးက dessert အတြက္ျပင္ဆင္
ေပးလာသည္..။ သစ္မိုးအိမ္ ခ်စ္စရာေကာင္း
ေသာဖရဲသီးကိတ္ေလးဆီသို႔ အၾကည့္အေရာက္
သစ္မိုးအိမ္၏ မ်က္လံုးမ်ားမွာ ျပံဳးသြားရသည္။
ေသးငယ္ေသာအျပဳအမူေလး ျဖစ္ေသာ္လည္း
ဦးေသာ္ထက္၏ အၾကည့္မ်ားမွေျပးမလြတ္ေပ။
ဦးေသာ္ထက္ ဆိုင္ဝန္ထမ္းေလးကိုေျပာလိုက္
သည္..။
"ဒီဖရဲသီး ကိတ္ေလးက တကယ္ေကာင္းတာဘဲ
အသီးအစစ္ကိုမွ ကိတ္တစ္ထပ္ဖံုးထားတာမို႔...
ပိုၿပီးစားလို႔ေကာင္းတယ္.."
သြက္လက္ပံုရေသာ ဆိုင္ဝန္ထမ္းေလးက..
ခ်က္ခ်င္းပင္ ျပန္ေျဖလာသည္..။
"ဟုတ္က့ဲ ဒါကကြၽန္ေတာ္တို႔ဆိုင္ရ႕ဲ...
ဒီေန႔အတြက္ special menu ပါ...။
ကြၽန္ေတာ္တို႔ စာဖိုးမႉးႀကီးက တစ္ႏွစ္ပတ္လံုး
မထပ္ရေအာင္ျပင္ဆင္ေပးတ့ဲ dessert ေတြ
ထဲက အထူးျခားဆံုးတစ္ခုပါ ခင္ဗ်ာ..."
ဤသည္မွာ ဒီစားေသာက္ဆိုင္၏ထူးျခားခ်က္
ျဖစ္သည္။ dessert မ်ားကို တစ္ႏွစ္ပတ္
လံုးမထပ္ေအာင္ ျပင္ဆင္တတ္ေသာ....
စာဖိုမွဴးက dessert တစ္မ်ိဳးကို တစ္ႏွစ္လ်ွင္
တစ္ရက္သာ ဖန္တီးသည္။ သင္သာထပ္စားခ်င္
ပါက ေနာက္တစ္ႏွစ္ ထိုdessert အလွည့္က်
မည့္အခ်ိန္ကို ေစာင့္ရန္သာ႐ွိသည္။
"ဒီဖရဲသီးကိတ္ ၃ခုျပင္ဆင္ေပးပါ...
တူေလးၾကည့္ရတာ ခင္ဗ်ားတို႔ရ႕ဲ ဖရဲသီးကိတ္
ကို ႀကိဳက္တ့ဲပံုဘဲ..."
သစ္မိုးအိမ္ကိုယ္တိုင္လည္း ဖရဲသီးေလးအတြက္
ဝယ္သြားရန္ေတြးေနျခင္း ျဖစ္ေသာေၾကာင့္...
ဦးေလးေသာ္ထက္ကို ေက်းဇူးတင္စကားေျပာ
လိုက္သည္။ ပိုက္ဆံကိုေတာ့ ကိုယ္တိုင္သာ
႐ွင္းလိုက္သည္။ စကားတစ္ခ်ိဳ႕ေျပာၿပီးေနာက္
ဦးေလးေသာ္ထက္ကိုႏႈတ္ဆက္ကာ အိမ္ကို
ျပန္လာခ့ဲသည္..။
သစ္မိုးအိမ္ ဒီေန႔ရြက္စိမ္းေလးကို ေက်ာင္းသြား
မႀကိဳျဖစ္..။ အိမ္ကကားလႊတ္ကာ ဦးေကာင္း
ကိုသြားႀကိဳရန္ေျပာလိုက္သည္။ ဒီအခ်ိန္ဆို...
သစ္မိုးအိမ္၏ ရြက္စိမ္းတစ္ေယာက္ေတာ့...
ႏႈတ္ခမ္းေထာ္ေနေလာက္ေလၿပီ..။
သစ္မိုးအိမ္ ဗူးအၾကည္ေလးျဖင့္ ေသခ်ာထုပ္ပိုး
ထားေသာ ဖရဲသီးကိတ္ေလးကို ၾကည့္ကာျပံဳး
လိုက္သည္။ ဖရဲသီးသရဲေလးကို ဖရဲသီးကိတ္ေလး
ျဖင့္ ေခ်ာ့ရမည္။ ရြက္စိမ္းက သူႀကိဳက္ေသာ
ဖရဲသီးကိတ္ေလးကို စားေနခ်ိန္တြင္ သစ္မိုးအိမ္က
ေတာ့ ႏို႔ကိတ္ေလးလိုပါးေလးကို နီရဲကုန္သည္
အထိအားရေအာင္ နမ္းျပစ္မည္။ ေသခ်ာတာေပါ့
ဒီညအတြက္ ကံေကာင္းျခင္းေတြလည္း အမ်ား
ႀကီးလႊဲယူရဦးမယ္ဆိုတာ...။
သစ္မိုးအိမ္ကားကို ကြၽမ္းက်င္စြာ လွည့္ကာ
ဆိတ္ၿငိမ္ရပ္ကြက္အတြင္း႐ွိ အိမ္သို႔ဦးတည္
လိုက္သည္။
ေမာင္းထြက္သြားေသာ သစ္မိုးအိမ္၏
ကားနက္ေလးကိုု ၾကည့္ကာ ဦးေသာ္ထက္က
ႏႈတ္ခမ္းတြန္႔ယံုျပံဳးသည္။ ဦးေသာ္ထက္ အလို
႐ွိသည္က သစ္မိုးအိမ္ကို ေပ်ာ္ရႊင္ျခင္းမ႐ွိေသာ
ဘဝတြင္႐ွင္သန္ေစခ်င္ျခင္းျဖစ္သည္..။
အနီရင့္ဆီမွ သိရသည္က သစ္မိုးအိမ္က
သစ္ရြက္စိမ္းဆိုေသာ ကေလးကိုေတာ့..
အထိအခိုက္မခံႏိုင္ေအာင္ ခ်စ္သည္တ့ဲ..။
ေအးစက္စက္မ်က္ဝန္းမွာ စိတ္ဝင္စားမႈ
မ်ားျဖင့္ ျပည့္ႏွက္ေနေလသည္..။
"သခင္ၾကီး..."
အေစာက ဆိုင္မွဝန္ထမ္းေလးသည္ ေခါင္းငံု႔ကာ
အ႐ိုအေသျပဳလာသည္။ ဦးၫြတ္ကာ အ႐ို
အေသျပဳလာေသာ ဆိုင္ဝန္ထမ္းကို တစ္ခ်က္
္ၾကည့္ၿပီး သစ္မိုးအိမ္၏ ကားထြက္သြားရာဘက္
ကိုၾကည့္ကာျပံဳးလိုက္သည္...။
" စိတ္မေကာင္းပါဘူး ေကာင္ေလး မင္းမွာ
ေပ်ာ္ရႊင္ခြင့္မ႐ွိဘူး..."
ေရရြတ္ယံုေျပာၿပီးသည္ႏွင့္ ဦးေသာ္ထက္
ေျခာက္ကပ္ကပ္အသံျဖင့္ ရယ္လိုက္သည္..။
______________
သစ္မိုးအိမ္ ကားကိုျခံဝန္းထဲသို႔ေမာင္းဝင္လာ
လိုက္သည္..။ ဖရဲသီး ကိတ္မ်ားကိုထည့္ထား
ေသာ ဗူးေလးကို လက္တစ္ဖက္ကကိုင္ကာ...
အိမ္ထဲသို့ဝင္လာလိုက္သည္..။ဧည့္ခန္းထဲတြင္
ေတာ့ ရြက္စိမ္း၏ အရိပ္အေရာင္ပင္မျမင္ရ။
သစ္မိုးအိမ္၏ ကားသံၾကားေသာေၾကာင့္..
ထြက္လာပံုရေသာ ဦးေကာင္းကို ေမးလိုက္
သည္..။
"ဦးေကာင္း clover ေရာ..."
"ေက်ာင္းကျပန္ေရာက္ကတည္းက ျပန္ဆင္း
မလာေသးပါဘူး သခင္ေလး..."
"ကြၽန္ေတာ္သိၿပီ..."
သစ္မိုးအိမ္ အေပၚထပ္အိပ္ခန္းသို႔တက္လာ
လိုက္သည္။ ဖရဲသီးပံု အမွတ္တံဆိပ္ႏွင့္..
အခန္းထဲသို႔ဝင္လာလိုက္သည္..။
စာၾကည့္စားပြဲတြင္ထိုင္ကာ အိမ္စာလုပ္ေနပံု
ရြက္စိမ္းက သစ္မိုးအိမ္ကို မသိခ်င္ေယာင္
ေဆာင္ေနသည္။ သစ္မိုးအိမ္ အသည္းယား
စြာ ဆံပင္ေပ်ာ့ေပ်ာ့ေလးမ်ားကို ဆြဲဖြကာျပစ္
လိုက္သည္...။
"သိလဲမသိဘဲန႔ဲမ်ား..."
မၾကားတၾကားေျပာလာေသာရြက္စိမ္း...။
ေရခ်ိဳးရန္အတြက္ ျပင္ဆင္ေနေသာ သစ္မိုးအိမ္
အသံထြက္ေအာင္ပင္ ရယ္မိေတာ့သည္...။
အေပၚအက်ႌခြၽတ္ထားၿပီးၿပီျဖစ္ေသာေၾကာင့္
သန္မာေတာင့္တင္းေသာ ႂကြက္သားမ်ားျဖင့္
ျပည့္ေနေသာခနၶာကိုယ္ကို ၿပီးျပည့္စံုစြာ...
ေဖာ္ျပေနေလသည္..။
သစ္မိုးအိမ္ ကိုယ္တစ္ပိုင္းဗလာျဖင့္ပင္....
လူဆိုးေလးရြက္စိမ္းအနားသို႔သြားလိုက္ကာ
စာၾကည့္စားပြဲတြင္ထိုင္ကာ စာလုပ္ေနေသာ
ကိုယ္ေလးကို ေနာက္ပါးဆီမွေန၍ သိုင္းဖက္
လိုက္သည္...။
"တိုးတိုး တိုးတိုးန႔ဲ ခ်စ္စရာေကာင္းေအာင္
လုပ္ေနျပန္ၿပီ clover ..."
ျပန္မေျဖဘျဲငိမ္ေနေသာ ရြက္စိမ္းေၾကာင့္...
သစ္မိုးအိမ္ ျပံဳးကာ ကိုယ္ေလးကိုပိုတိုးကာ
ဖက္လိုက္သည္..။
"ကိုကို ဖရဲသီးကိတ္ဝယ္လာတာမို႔...
စိတ္ေကက္ေျပေတာ့ေနာ္..."
ဖရဲသီးအသံၾကားသည္ႏွင့္ လႈပ္လႈပ္႐ွား႐ွား
ျဖစ္သြားေသာရြက္စိမ္း..။ သစ္မိုးအိမ္ ေျပာ
လိုက္သည္..။
"ကိုကို႔ ကံေကာင္းျခင္းေတြေရာ..."
သစ္မိုးအိမ္ေျပာလိုက္ေတာ့ ရြက္စိမ္းက မ်က္ႏွာ
ေသးေသးေလးကို သစ္မိုးအိမ္ဘက္လွည့္ကာ.
ေမာ့ေမာ့ေလးလုပ္ေပးသည္..။ သစ္မိုးအိမ္...
သြားေဖြးေဖြးေလးမ်ားေပၚသည္အထိ ျပံဳးကာ
ေခါင္းကို အနည္းငယ္ငံု႔ရင္း နီေထြေထြးႏႈတ္ခမ္း
ပိစိကို ထိကပ္လိုက္သည္..။
အခ်ိန္တစ္ခဏအၾကာ သူ႔ေခါင္းေလးကိုေနာက္ဆုတ္
ကာ ျပန္ခြာရန္လုပ္လာေသာ ရြက္စိမ္းေလး။ သို႔ေသာ္
ခ်က္ခ်င္းပင္ ႀကီးမားေသာ လက္ႀကီးတစ္ဖက္သည္
ေခါင္းလံုးေလး၏ အေနာက္ဘက္မွေန၍ ထိန္းကိုင္
လာသည္..။
သစ္မိုးအိမ္ ပိရိေသသတ္ေသာ ႏႈတ္ခမ္းမ်ားကို
အနည္းငယ္အလုပ္ေပးကာ ႏႈတ္ခမ္းပိစိေလးကို
ငံုေထြးလိုက္သည္။ အရင္ေန႔မ်ားတြင္ထိကပ္ရံုသာ
လုပ္တတ္ေသာေၾကာင့္ သစ္မိုးအိမ္၏ ယခုအျပဳအမူ
ေၾကာင့္ ရြက္စိမ္း၏ ကိုယ္ေလးကေတာင့္ေတာင့္
ေလးျဖစ္သြားသည္..။
သစ္မိုးအိမ္ ရြက္စိမ္း၏ ပါးေလးတစ္ဖက္ကို
အနည္းငယ္ဖ်စ္ညစ္လိုက္ရင္း ေျပာလိုက္သည္။
"ကိုကို ဒီေန႔အတြက္ကံေကာင္းျခင္း နည္းနည္း
ပိုယူတာ ျပသနာမ႐ွိဘူးမလား clover.."
သစ္မိုးအိမ္၏ စကားအဆံုး ရြက္စိမ္းက
ေၾကာင္ေတာင္ေတာင္ေလးျဖင့္ ေခါင္းၿငိမ့္ျပ
လာသည္..။ သစ္မိုးအိမ္ ေခါင္းလံုးလံုးေလး
ကို အနည္းငယ္ပြတ္သပ္ကာ ေရခ်ိဳးရန္အတြက္
ေရခ်ိဳးခန္းသို႔ဦးတည္လိုက္သည္...။
သစ္မိုးအိမ္ ေရခ်ိဳးခန္းအဝအေရာက္ ရြက္စိမ္း
ေလးဘက္ကိုၾကည့္လိုက္ေတာ့ ဖရဲသီးသရဲေလး
က စာၾကည့္စားပြဲနားတြင္မ႐ွိေတာ့ သစ္မိုးအိမ္
ဝယ္လာေသာ ဖရဲသီးကိတ္မ်ားအနားေရာက္သြား
ေလၿပီ...။
သစ္မိုးအိမ္ ကေလးငယ္၏ေတာက္ပေနေသာ
မ်က္လံုးဝိုင္းႀကီးမ်ားေၾကာင့္ ေခါင္းသာခါမိသည္။
"clover.. တစ္ခုဘဲစားရမွာေနာ္ ခရင္ေတြ
မ်ားတယ္အမ်ားႀကီးမစားရဘူး..။ က်န္တ့ဲႏွစ္ခု
ကို ဦးေကာင္းကိုသိမ္းထားခိုင္းလိုက္.."
သစ္မိုးအိမ္ စကားေၾကာင့္ရြက္စိမ္းက ႏႈတ္ခမ္းေလး
ေထာ္သြားေသာ္လည္း ေခါင္းေတာ့ၿငိမ့္ျပလာသည္။
လိမ္မာေသာ ကေလးငယ္က သစ္မိုးအိမ္စကားကို
နားေထာင္မည္ဆိုသည္မွာ ေသခ်ာေသာေၾကာင့္..
ထပ္ေျပာမေနေတာ့ဘဲ ေရခ်ိဳးခန္းထဲသို႔သာ..
ဝင္လာလိုက္ေတာ့သည္...။
_______________
(Day 7...✌...)
(A/N- မနက္အေစာႀကီးထဲက တင္ေပးမို႔ကို...
ေရာက္ေရာက္ျခင္း ရံုးတက္သြားလို႔..။ သူမ်ား
အလုပ္လုပ္ရတာ ခင္ဗ်ားေလးတို႔ေၾကာင့္..😞💔
မွတ္မိလားေတာ့မသိ ကိုယ္အလုပ္အားတာန႔ဲ..
Drama ခ်ိဳးမယ္လို႔ေျပာတာေလ အ့ဲအပိုင္းတင္
ၿပီး ခင္ဗ်ားေလးတို႔ရ႕ဲအခ်စ္သဝဏ္လႊာ cmtေတြ
ြဖတ္္ေနခ်ိန္မွာ ကိုယ့္မမ ဆီက message ဝင္လာတာဘဲ..။ ငါ့ရံုးမွာ မနက္ျဖန္ အလုပ္စဆင္း
တ့ဲ....😞💔...
ေျပာ...ေျပာ..ဘယ္သူေမတၱာေတြ အားျကီးန့ဲ...
ပို႔လိုက္တာလဲ...။
ေျပာခ်င္တာက ပို႔သလိုက္တ့ဲ ခ်စ္ေမတၱာေတြက
ကိုယ့္ဆီကို အားႀကီးန႔ဲေရာက္ပါတယ္လို႔...😭)
JM(22.12.2020)
Next>>>>>>
(Unicode)🍀🍀🍀🍀🍀
Part-41
(ကိုယ်..ချစ်သော clover..!!..)
"ဟေး.. ကလေး ကိုယ်ပြောနေတာကြားလား.."
ဝမ်ဟိုင် အတွေးလွန်နေသောကြောင့် ဘာပြော
လိုက်မှန်းတကယ်ပင် မသိလိုက်။ ထို့ကြောင့်
အလှိုင်းတွန့်ဆံပင်လေးများဖြင့် အနည်းငယ်ဖုံး
သလိုဖြစ်နေသော မျက်လုံးများဖြင့်သာ မော့ကြည့်
လိုက်သည်။ ဝမ်ဟိုင်က ပုံမှန်အတိုင်းပင် ပြုမူ
လိုက်ခြင်းဖြစ်သည်။
အလှိုင်းတွန့်ဆံပင်လေးများဖြင့် ဝမ်ဟိုင်က
မျက်မှန်ဝိုင်းလေးကိုတပ်ထားကာ ခေါင်းစွပ်
hoddie လေးကို ဝတ်ဆင်ထားပြီး ကျောပိုး
အိပ်လေးကို လွယ်ထားသည်..။ ဆယ်ကျော်
သက်အရွယ် ငယ်ရွယ်မှုများလွမ်းနေသော..
မျက်နှာလေး အားလုံးပေါင်းစပ်လိုက်သောအခါ
အခြေအနေအရပ်ရပ်သည် ဝမ်ဟိုင်ကို...
ဖြူစင်သောအကောင်ငယ်လေးအဖြစ် ပြောင်း
လဲပေးလိုက်လေသည်..။
လင်းနေ ထိုကောင်လေး၏ ခေါင်းကိုခပ်ဖွဖွ
ပွတ်သပ်ပေးလိုက်သည်။ လင်းနေ အထင်..
မိမိ ခရမ်းချဉ်သီးလေး ကြီးပြင်းလာသောအခါ
တွင်လည်း ဒီကောင်လေးလို ချစ်စရာကောင်း
နေမှာ သေချာသည်...။
မသိမသာနောက်ဆုတ်သွားသော ခေါင်းလေး
ကြောင့်လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။
အခုမှသိသော ကောင်လေး၏ခေါင်းကို သွား
ပုတ်နေသောမိမိကို လူထူးဆန်းကြီးဟု ထင်
သွားလောက်သည်..။ လင်းနေ မိမိအပြုအမူ
အတွက် တောင်းပန်စကားပြောလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်.. စိတ်အနှောင့်
အယှက်ဖြစ်သွားပြီထင်တယ်..။ တစ်မျိုး
မထင်ပါနဲ့ ကိုယ်ကဒီအတိုင်း..."
အမှန်တော့ ဝမ်ဟိုင်သည် ရုတ်တရက်..
ဖြစ်သွားသောကြောင့် ထိုသို့ပြုမူလိုက်ခြင်း
ဖြစ်သည်။ မိမိကို ရှင်းပြရန်ကြိုးစားနေသော
မျက်စိရှေ့မှသူကို မျက်တောင်မခတ်ဘဲ စိုက်
ကြည့်နေမိသည်။ စကားပြောလိုက်တိုင်း လှုပ်ရှား
သွားတတ်သော နှုတ်ခမ်းများနှင့် စကားစရှာမရ
သည့်အခါတိုင်းတွန့်ကွေးလိုက်သော မျက်ခုံး
လေးများက ဝမ်ဟိုင်ကို ပြုစားသည်။ တစ်ချက်
တစ်ချက်ထွက်ပေါ်လာတတ်သော သွားညီညီ
လေးများက အသည်းယားအောင် စွမ်းဆောင်
သည်..။
ဝမ်ဟိုင် အကြည့်စူးစူးများကို မျက်စိရှေ့မှသူ၏
ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်စေလိုက်သည်။ အချိုး
အစားကျလှသော ခန္ဓာကိုယ်ကို ကြည့်ပြီးနောက်
ဝမ်ဟိုင် ပြုံးလိုက်သည်..။
ခင်ဗျားက ခါးသွယ်သွယ်လေးဘဲ...
အဟက် ! ကျွန်တော်ကြိုက်တယ်။
ထိုသူကိုသာ ဆက်ကြည့်နေပါက ဝမ်ဟိုင်
အတင်းဖက်နမ်းမိတော့မည်။ ဝမ်ဟိုင် ကိုယ့်စိတ်
ကိုယ်ပြန်ထိန်းလိုက်ချိန်တွင် ထိုသူ၏လက်တစ်
ဖက်အား ဆုပ်ကိုင်လျက်သား ဖြစ်နေလေပြီ..။
ဝမ်ဟိုင် မိမိကို ကြောင်အစွာကြည့်နေသော
လင်းနေကြောင့် ဆွဲကိုင်ထားပြီးသောလက်ကို
လှိုင်းတွန့်ဆံပင်လေးများဖြင့် ခေါင်းပေါ်ကိုတင်
်ပေးလိုက်သည်။ လက်များကတော့ လင်းနေ၏
လက်ပေါ်မှ အုပ်ကိုင်ထားဆဲဖြစ်သည်..။
"ကိုင်လို့ရတယ် ကျွန်တော်စိတ်အနှောင့်
အယှက် မဖြစ်ပါဘူး..."
ဝမ်ဟိုင်၏ စကားအဆုံး လင်းနေက ပြုံးကာ
ခေါင်းငြိမ့်ပြသည်။ ဝမ်ဟိုင်ကတော့ ခေါင်းကို
ချက်ချင်းငုံ့ချလိုက်ရသည်။ အလွန်ထက်ရှကာ
နေမည့် ဝမ်ဟိုင်မျက်လုံးများထဲမှ အရိပ်ယောင်
ကို မျက်စိရှေ့မှထိုသူ သိလို့မဖြစ်ဘူးမလား...။
ဝမ်ဟိုင် သည်သူ၏ သရုပ်မှန်ကို ဘယ်သူသိသိ
ဂရုမစိုက်သော်လည်း မျက်စိရှေ့မှသည်လူကို
တော့ သိခွင့်ပေးမည်မဟုတ်။
"ဒဏ်ရာရသွားသေးလား..."
ဝမ်ဟိုင် ခေါင်းလေးခါပြလိုက်တော့ ထိုသူက
နားလည်သလို ခေါင်းလေးငြိမ့်သည်။ ဝမ်ဟိုင်
ပြောလိုက်သည်..။
"ဟို ပိုက်ဆံ၂သိန်းကို ကျွန်တော်ပြန်ပေး
ပါ့မယ်..။ ဒါပေမယ့် ခဏတော့ စောင့်ပေး
လို့ရမလားဗျ..။ ကျွန်တော့်မှာ အဲ့လောက်
အများကြီးမရှိလို့ပါ။ ကျွန်တော် အချိန်ပိုင်း
အလုပ်လုပ်ပြီးပြန်ပေးပါ့မယ်..."
"မရဘူး..."
လင်းနေ ပြောလိုက်တော့ မိုးပြိုတော့မလို..
မျက်လုံးလေးဖြင့် မော့ကြည့်လာသည်..။
လင်းနေ ခေါင်းမော့ကာအသံထွက်အောင်
ပင်ရီမိတော့သည်..။
"စတာပါကွာ ပြန်ပေးစရာ မလိုဘူးနော်..
ဟုတ်ပြီလား..."
ဝမ်ဟိုင် ချက်ချင်းပင် ခေါင်းခါကာငြင်းလိုက်
သည်။ နောက်တစ်ချက်ထပ်တွေ့နိုင်မည့်...
အခွင့်အရေးကို လက်လွတ်ခံရအောင် ဝမ်ဟိုင်
သည် အရူးမဟုတ်..။
"ကျွန်တော်ကျိန်းသေပေါက် ပြန်ဆပ်ပါ့မယ်..
ကျွန်တော့်ကိုအချိန်နည်းနည်းလောက်ဘဲပေး
ပါ..။ ပြီးတော့ ဖုန်းနံပါတ်လေးပေးထားခဲ့ပါ..
ကျွန်တော် ပိုက်ဆံစုပြီးတာနဲ့ ဖုန်းဆက်ပါ့မယ်.."
"ကောင်းပါပြီ သဘောပါကွာ.."
လင်းနေ ခေါင်းမာသော ကောင်လေးကို
လက်လျော့ကာ သဘောအတိုင်းပင် ....
ဖုန်းနံပါတ်ပေးလိုက်ရသည်..။ ကောင်လေး
သည် တရုတ်မြန်မာကပြားဖြစ်ကာ နာမည်
က ဝမ်ဟိုင်တဲ့..။
လင်းနေ ကောင်လေးကို အိမ်ပြန်ပို့ပေးရ
မလားပြောသော်လည်း လက်မခံသော
ဝမ်ဟိုင်ကြောင့် ဆက်မပြောဖြစ်တော့..။
ဝမ်ဟိုင်ကို နှုတ်ဆက်ပြီး ကားမောင်းကာ
အိမ်သို့ပြန်လာလိုက်သည်..။
လင်းနေ၏ကားမြင်ကွင်းမှပျောက်ကွယ်
သွားသောအခါ ဝမ်ဟိုင်ကိုခေါင်းငုံ့ကာ
အရိုအသေပြုလာကြသောသူများ။ ထိုသူများ
သည် အစောပိုင်းက ဖြူစင်သူအကောင်ငယ်
လေးကို ဝိုင်းအနိုင်ကျင့်ကြသည်ဟူသော ပြဇာတ်
မှ လူစုဖြစ်သည်။
"တော်တယ် မင်းတို့ကို ဘောက်ဆူး
ကောင်းကောင်းပေးမယ်.."
"ဟုတ်ကဲ့ သခင်လေး.."
လင်းနေအနားတွင် ရပ်လာသော ကားနက်
ပေါ်သို့ထပ်သို့တက်ကာ Yမြို့တော်မှ...
ဝမ်ဟိုင်၏ အိမ်သို့ကားကိုဦးတည်ကာ
မောင်းခိုင်းလိုက်သည်..။
____________
Y မြို့တော်၊ စားသောက်ဆိုင်တစ်ခု၏
သီးသန့်ခန်းထဲတွင် လူနှစ်ဦးသည် မျက်နှာချင်း
ဆိုင်ကာထိုင်နေကြသည်။ တစ်ဦးမှာ အသက်
၄၀ကျော်အမျိုးသား တစ်ဦးဖြစ်ကာ နောက်တစ်ဦး
မှာ အသက်၂၀ကျော်လူငယ်တစ်ဦးဖြစ်သည်..။
တိတ်ဆိတ်နေသော သီးသန့်ခန်း၏ ပတ်ဝန်းကျင်
ကို အသက်၄၀ကျော် အမျိုးသားကြီးက အရင်ဖြို
ခွင်းရန်ဆုံးဖြတ်လိုက်ပုံရသည်..။ ဖြောင့်မတ်စွာ
ထိုင်နေသော လူငယ်လေးကိုကြည့်ကာပြော
လာသည်...။
"ဒီအတောအတွင်း အဆင်ပြေရဲ့လား..
တူလေး.."
"ကျွန်တော် နေတတ်နေပါပြီ ဦးလေး..
ကျွန်တော် အဆင်ပြေပါတယ် စိတ်မပူပါနဲ့..."
ထိုအမေးအဆုံး လူငယ်ကလည်းပြန်ဖြေလာသည်။
ထိုလူငယ်သည် သစ်မိုးအိမ်ဖြစ်ကာ အသက်၄၀
ကျော်အမျိုးသားကြီးသည် ဦးသော်ထက်ဖြစ်
သည်..။ နှစ်ယောက်သား Y မြို့တော်၏...
နာမည်ကြီး စားသောက်ဆိုင်များထဲမှ တစ်ခု
တွင် ထမင်းအတူတူစားနေကြခြင်းဖြစ်သည်..။
သစ်မိုးအိမ်၏ ပြန်ဖြေမှုအဆုံး ဦးသော်ထက်က
သစ်မိုးအိမ်ကိုအကဲခတ်သလိုကြည့်လာသည်..။
ဟင်းအချို့ကို သစ်မိုးအိမ် ပန်းကန်အတွင်းသို့
ထည့်ပေးလာရင်း....
"တစ်ခုခုဆို မင်းမှာ ဦးလေးတစ်ယောက်လုံး
ရှိသေးတာ မမေ့နဲ့ သစ်မိုး..။ ဒီဦးလေး ကတော့
အမြဲတမ်း တူလေးဘက်ကရပ်တည်ပေးမှာ.."
သစ်မိုးအိမ် ခေါင်းငြိမ့်ကာနားလည်ကြောင်းပြ
လိုက်သော်လည်း မျက်လွှာချထားသော သစ်မိုးအိမ်
၏ မျက်ဝန်းများကတော့ အေးစက်နေလေသည်။
သစ်မိုးအိမ် ယုံကြည်ခဲ့သော တစ်ဦးတည်းသောသူ
ဖြစ်သည့် ထိုသူက သစ်မိုးအိမ်ကို အကြိမ်ပေါင်း
များစွာလုပ်ကြံခဲ့သည်..။
အကြိမ်တိုင်း သစ်မိုးအိမ်ထင်ခဲ့သည်က
ဦးထက်နောင်သည် မိမိအမွေများကိုလိုချင်
သောကြောင့် သစ်မိုးအိမ်ကိုအပြတ်ရှင်းချင်သည်
ဟူ၍..။ ထို့ကြောင့် ဦးထက်နောင် အပေါ်တွင်
ပိုပို၍မုန်းလာခဲ့သည်..။
ဆေးရုံတက်ရသည့်အချိန်တိုင်း တစ်ခါမှပင်
ရောက်မလာတတ်သော ဦးထက်နောင် ကြောင့်
သစ်မိုးအိမ်သည် သူ၏အမြင်များကိုပိုမိုကာ ယုံ
ကြည်လာခဲ့သည်။ သစ်မိုးအိမ် လုံးဝမတွေးခဲ့မိ
သည်က မိမိမျက်ရှေ့မှသူသည် ဦးထက်နောင်ကို
သစ်မိုးအိမ်၏ အကြောင်းများကို သိခွင့်မပေးခဲ့ခြင်း
ကိုပင်...။
ထိုသူကသစ်မိုးအိမ်ကို အတုအယောင်များ
ကြားတွင် ကူရာမဲ့စွာရှင်သန်စေချင်သည်..။
လူတစ်ယောက်ကို သတ်ပြစ်လိုက်ခြင်းထက်
အကွက်ချကာ ထိုသူ၏ဘဝကို သတ်ခြင်းက
ပိုထိရောက်သည်..။ ထိုသူ၏ စီစဉ်ထားမှုများ
သည် အကွက်ကျကာထောင့်စေ့လွန်းခဲ့သည်။
သစ်မိုးအိမ်ပင် ၁၀နှစ်ကျော်တိုင်အောင် ထို
အကွက်ချမှုများကြား ပိတ်မိနေခဲ့သည်လေ..။
သစ်မိုးအိမ်တို့ ထမင်းစားပြီးသောအခါ ဆိုင်မှ
ဝန်ထမ်းလေးက dessert အတွက်ပြင်ဆင်
ပေးလာသည်..။ သစ်မိုးအိမ် ချစ်စရာကောင်း
သောဖရဲသီးကိတ်လေးဆီသို့ အကြည့်အရောက်
သစ်မိုးအိမ်၏ မျက်လုံးများမှာ ပြုံးသွားရသည်။
သေးငယ်သောအပြုအမူလေး ဖြစ်သော်လည်း
ဦးသော်ထက်၏ အကြည့်များမှပြေးမလွတ်ပေ။
ဦးသော်ထက် ဆိုင်ဝန်ထမ်းလေးကိုပြောလိုက်
သည်..။
"ဒီဖရဲသီး ကိတ်လေးက တကယ်ကောင်းတာဘဲ
အသီးအစစ်ကိုမှ ကိတ်တစ်ထပ်ဖုံးထားတာမို့...
ပိုပြီးစားလို့ကောင်းတယ်.."
သွက်လက်ပုံရသော ဆိုင်ဝန်ထမ်းလေးက..
ချက်ချင်းပင် ပြန်ဖြေလာသည်..။
"ဟုတ်ကဲ့ ဒါကကျွန်တော်တို့ဆိုင်ရဲ့...
ဒီနေ့အတွက် special menu ပါ...။
ကျွန်တော်တို့ စာဖိုးမှူးကြီးက တစ်နှစ်ပတ်လုံး
မထပ်ရအောင်ပြင်ဆင်ပေးတဲ့ dessert တွေ
ထဲက အထူးခြားဆုံးတစ်ခုပါ ခင်ဗျာ..."
ဤသည်မှာ ဒီစားသောက်ဆိုင်၏ထူးခြားချက်
ဖြစ်သည်။ dessert များကို တစ်နှစ်ပတ်
လုံးမထပ်အောင် ပြင်ဆင်တတ်သော....
စာဖိုမှူးက dessert တစ်မျိုးကို တစ်နှစ်လျှင်
တစ်ရက်သာ ဖန်တီးသည်။ သင်သာထပ်စားချင်
ပါက နောက်တစ်နှစ် ထိုdessert အလှည့်ကျ
မည့်အချိန်ကို စောင့်ရန်သာရှိသည်။
"ဒီဖရဲသီးကိတ် ၃ခုပြင်ဆင်ပေးပါ...
တူလေးကြည့်ရတာ ခင်ဗျားတို့ရဲ့ ဖရဲသီးကိတ်
ကို ကြိုက်တဲ့ပုံဘဲ..."
သစ်မိုးအိမ်ကိုယ်တိုင်လည်း ဖရဲသီးလေးအတွက်
ဝယ်သွားရန်တွေးနေခြင်း ဖြစ်သောကြောင့်...
ဦးလေးသော်ထက်ကို ကျေးဇူးတင်စကားပြော
လိုက်သည်။ ပိုက်ဆံကိုတော့ ကိုယ်တိုင်သာ
ရှင်းလိုက်သည်။ စကားတစ်ချို့ပြောပြီးနောက်
ဦးလေးသော်ထက်ကိုနှုတ်ဆက်ကာ အိမ်ကို
ပြန်လာခဲ့သည်..။
သစ်မိုးအိမ် ဒီနေ့ရွက်စိမ်းလေးကို ကျောင်းသွား
မကြိုဖြစ်..။ အိမ်ကကားလွှတ်ကာ ဦးကောင်း
ကိုသွားကြိုရန်ပြောလိုက်သည်။ ဒီအချိန်ဆို...
သစ်မိုးအိမ်၏ ရွက်စိမ်းတစ်ယောက်တော့...
နှုတ်ခမ်းထော်နေလောက်လေပြီ..။
သစ်မိုးအိမ် ဗူးအကြည်လေးဖြင့် သေချာထုပ်ပိုး
ထားသော ဖရဲသီးကိတ်လေးကို ကြည့်ကာပြုံး
လိုက်သည်။ ဖရဲသီးသရဲလေးကို ဖရဲသီးကိတ်လေး
ဖြင့် ချော့ရမည်။ ရွက်စိမ်းက သူကြိုက်သော
ဖရဲသီးကိတ်လေးကို စားနေချိန်တွင် သစ်မိုးအိမ်က
တော့ နို့ကိတ်လေးလိုပါးလေးကို နီရဲကုန်သည်
အထိအားရအောင် နမ်းပြစ်မည်။ သေချာတာပေါ့
ဒီညအတွက် ကံကောင်းခြင်းတွေလည်း အများ
ကြီးလွှဲယူရဦးမယ်ဆိုတာ...။
သစ်မိုးအိမ်ကားကို ကျွမ်းကျင်စွာ လှည့်ကာ
ဆိတ်ငြိမ်ရပ်ကွက်အတွင်းရှိ အိမ်သို့ဦးတည်
လိုက်သည်။
မောင်းထွက်သွားသော သစ်မိုးအိမ်၏
ကားနက်လေးကိုု ကြည့်ကာ ဦးသော်ထက်က
နှုတ်ခမ်းတွန့်ယုံပြုံးသည်။ ဦးသော်ထက် အလို
ရှိသည်က သစ်မိုးအိမ်ကို ပျော်ရွှင်ခြင်းမရှိသော
ဘဝတွင်ရှင်သန်စေချင်ခြင်းဖြစ်သည်..။
အနီရင့်ဆီမှ သိရသည်က သစ်မိုးအိမ်က
သစ်ရွက်စိမ်းဆိုသော ကလေးကိုတော့..
အထိအခိုက်မခံနိုင်အောင် ချစ်သည်တဲ့..။
အေးစက်စက်မျက်ဝန်းမှာ စိတ်ဝင်စားမှု
များဖြင့် ပြည့်နှက်နေလေသည်..။
"သခင်ကြီး..."
အစောက ဆိုင်မှဝန်ထမ်းလေးသည် ခေါင်းငုံ့ကာ
အရိုအသေပြုလာသည်။ ဦးညွတ်ကာ အရို
အသေပြုလာသော ဆိုင်ဝန်ထမ်းကို တစ်ချက်
်ကြည့်ပြီး သစ်မိုးအိမ်၏ ကားထွက်သွားရာဘက်
ကိုကြည့်ကာပြုံးလိုက်သည်...။
" စိတ်မကောင်းပါဘူး ကောင်လေး မင်းမှာ
ပျော်ရွှင်ခွင့်မရှိဘူး..."
ရေရွတ်ယုံပြောပြီးသည်နှင့် ဦးသော်ထက်
ခြောက်ကပ်ကပ်အသံဖြင့် ရယ်လိုက်သည်..။
______________
သစ်မိုးအိမ် ကားကိုခြံဝန်းထဲသို့မောင်းဝင်လာ
လိုက်သည်..။ ဖရဲသီး ကိတ်များကိုထည့်ထား
သော ဗူးလေးကို လက်တစ်ဖက်ကကိုင်ကာ...
အိမ်ထဲသို့ဝင်လာလိုက်သည်..။ဧည့်ခန်းထဲတွင်
တော့ ရွက်စိမ်း၏ အရိပ်အရောင်ပင်မမြင်ရ။
သစ်မိုးအိမ်၏ ကားသံကြားသောကြောင့်..
ထွက်လာပုံရသော ဦးကောင်းကို မေးလိုက်
သည်..။
"ဦးကောင်း clover ရော..."
"ကျောင်းကပြန်ရောက်ကတည်းက ပြန်ဆင်း
မလာသေးပါဘူး သခင်လေး..."
"ကျွန်တော်သိပြီ..."
သစ်မိုးအိမ် အပေါ်ထပ်အိပ်ခန်းသို့တက်လာ
လိုက်သည်။ ဖရဲသီးပုံ အမှတ်တံဆိပ်နှင့်..
အခန်းထဲသို့ဝင်လာလိုက်သည်..။
စာကြည့်စားပွဲတွင်ထိုင်ကာ အိမ်စာလုပ်နေပုံ
ရွက်စိမ်းက သစ်မိုးအိမ်ကို မသိချင်ယောင်
ဆောင်နေသည်။ သစ်မိုးအိမ် အသည်းယား
စွာ ဆံပင်ပျော့ပျော့လေးများကို ဆွဲဖွကာပြစ်
လိုက်သည်...။
"သိလဲမသိဘဲနဲ့များ..."
မကြားတကြားပြောလာသောရွက်စိမ်း...။
ရေချိုးရန်အတွက် ပြင်ဆင်နေသော သစ်မိုးအိမ်
အသံထွက်အောင်ပင် ရယ်မိတော့သည်...။
အပေါ်အကျႌချွတ်ထားပြီးပြီဖြစ်သောကြောင့်
သန်မာတောင့်တင်းသော ကြွက်သားများဖြင့်
ပြည့်နေသောခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ...
ဖော်ပြနေလေသည်..။
သစ်မိုးအိမ် ကိုယ်တစ်ပိုင်းဗလာဖြင့်ပင်....
လူဆိုးလေးရွက်စိမ်းအနားသို့သွားလိုက်ကာ
စာကြည့်စားပွဲတွင်ထိုင်ကာ စာလုပ်နေသော
ကိုယ်လေးကို နောက်ပါးဆီမှနေ၍ သိုင်းဖက်
လိုက်သည်...။
"တိုးတိုး တိုးတိုးနဲ့ ချစ်စရာကောင်းအောင်
လုပ်နေပြန်ပြီ clover ..."
ပြန်မဖြေဘြဲငိမ်နေသော ရွက်စိမ်းကြောင့်...
သစ်မိုးအိမ် ပြုံးကာ ကိုယ်လေးကိုပိုတိုးကာ
ဖက်လိုက်သည်..။
"ကိုကို ဖရဲသီးကိတ်ဝယ်လာတာမို့...
စိတ်ကေက်ပြေတော့နော်..."
ဖရဲသီးအသံကြားသည်နှင့် လှုပ်လှုပ်ရှားရှား
ဖြစ်သွားသောရွက်စိမ်း..။ သစ်မိုးအိမ် ပြော
လိုက်သည်..။
"ကိုကို့ ကံကောင်းခြင်းတွေရော..."
သစ်မိုးအိမ်ပြောလိုက်တော့ ရွက်စိမ်းက မျက်နှာ
သေးသေးလေးကို သစ်မိုးအိမ်ဘက်လှည့်ကာ.
မော့မော့လေးလုပ်ပေးသည်..။ သစ်မိုးအိမ်...
သွားဖွေးဖွေးလေးများပေါ်သည်အထိ ပြုံးကာ
ခေါင်းကို အနည်းငယ်ငုံ့ရင်း နီထွေထွေးနှုတ်ခမ်း
ပိစိကို ထိကပ်လိုက်သည်..။
အချိန်တစ်ခဏအကြာ သူ့ခေါင်းလေးကိုနောက်ဆုတ်
ကာ ပြန်ခွာရန်လုပ်လာသော ရွက်စိမ်းလေး။ သို့သော်
ချက်ချင်းပင် ကြီးမားသော လက်ကြီးတစ်ဖက်သည်
ခေါင်းလုံးလေး၏ အနောက်ဘက်မှနေ၍ ထိန်းကိုင်
လာသည်..။
သစ်မိုးအိမ် ပိရိသေသတ်သော နှုတ်ခမ်းများကို
အနည်းငယ်အလုပ်ပေးကာ နှုတ်ခမ်းပိစိလေးကို
ငုံထွေးလိုက်သည်။ အရင်နေ့များတွင်ထိကပ်ရုံသာ
လုပ်တတ်သောကြောင့် သစ်မိုးအိမ်၏ ယခုအပြုအမူ
ကြောင့် ရွက်စိမ်း၏ ကိုယ်လေးကတောင့်တောင့်
လေးဖြစ်သွားသည်..။
သစ်မိုးအိမ် ရွက်စိမ်း၏ ပါးလေးတစ်ဖက်ကို
အနည်းငယ်ဖျစ်ညစ်လိုက်ရင်း ပြောလိုက်သည်။
"ကိုကို ဒီနေ့အတွက်ကံကောင်းခြင်း နည်းနည်း
ပိုယူတာ ပြသနာမရှိဘူးမလား clover.."
သစ်မိုးအိမ်၏ စကားအဆုံး ရွက်စိမ်းက
ကြောင်တောင်တောင်လေးဖြင့် ခေါင်းငြိမ့်ပြ
လာသည်..။ သစ်မိုးအိမ် ခေါင်းလုံးလုံးလေး
ကို အနည်းငယ်ပွတ်သပ်ကာ ရေချိုးရန်အတွက်
ရေချိုးခန်းသို့ဦးတည်လိုက်သည်...။
သစ်မိုးအိမ် ရေချိုးခန်းအဝအရောက် ရွက်စိမ်း
လေးဘက်ကိုကြည့်လိုက်တော့ ဖရဲသီးသရဲလေး
က စာကြည့်စားပွဲနားတွင်မရှိတော့ သစ်မိုးအိမ်
ဝယ်လာသော ဖရဲသီးကိတ်များအနားရောက်သွား
လေပြီ...။
သစ်မိုးအိမ် ကလေးငယ်၏တောက်ပနေသော
မျက်လုံးဝိုင်းကြီးများကြောင့် ခေါင်းသာခါမိသည်။
"clover.. တစ်ခုဘဲစားရမှာနော် ခရင်တွေ
များတယ်အများကြီးမစားရဘူး..။ ကျန်တဲ့နှစ်ခု
ကို ဦးကောင်းကိုသိမ်းထားခိုင်းလိုက်.."
သစ်မိုးအိမ် စကားကြောင့်ရွက်စိမ်းက နှုတ်ခမ်းလေး
ထော်သွားသော်လည်း ခေါင်းတော့ငြိမ့်ပြလာသည်။
လိမ်မာသော ကလေးငယ်က သစ်မိုးအိမ်စကားကို
နားထောင်မည်ဆိုသည်မှာ သေချာသောကြောင့်..
ထပ်ပြောမနေတော့ဘဲ ရေချိုးခန်းထဲသို့သာ..
ဝင်လာလိုက်တော့သည်...။
_______________
(Day 7...✌...)
(A/N- မနက်အစောကြီးထဲက တင်ပေးမို့ကို...
ရောက်ရောက်ခြင်း ရုံးတက်သွားလို့..။ သူများ
အလုပ်လုပ်ရတာ ခင်ဗျားလေးတို့ကြောင့်..😞💔
မှတ်မိလားတော့မသိ ကိုယ်အလုပ်အားတာနဲ့..
Drama ချိုးမယ်လို့ပြောတာလေ အဲ့အပိုင်းတင်
ပြီး ခင်ဗျားလေးတို့ရဲ့အချစ်သဝဏ်လွှာ cmtတွေ
ွဖတ်နေချိန်မှာ ကိုယ့်မမ ဆီက message ဝင်လာတာဘဲ..။ ငါ့ရုံးမှာ မနက်ဖြန် အလုပ်စဆင်း
တဲ့....😞💔...
ပြော...ပြော..ဘယ်သူမေတ္တာတွေ အားကြီးနဲ့...
ပို့လိုက်တာလဲ...။
ပြောချင်တာက ပို့သလိုက်တဲ့ ချစ်မေတ္တာတွေက
ကိုယ့်ဆီကို အားကြီးနဲ့ရောက်ပါတယ်လို့...😭)
JM(22.12.2020)
Next>>>>>>