ခယောင်းလမ်းကကြင်ရာတော်(mmtran...

By thinlaelaewin

990K 139K 4.4K

Title : War Prisoner(စစ်သုံ့ပန်းစစ္သံု႔ပန္း) Original Author : Li Hua Yan Yu Novel Status : 95chps+bonus Tran... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chaper 13(warning)
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chpater 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95/The End/
Bonus Chapter 1
Bonus chapter 2
Acknowledgement

Chapter 78

7.6K 1.2K 45
By thinlaelaewin

ဒီစကားတစ်ခွန်းလေးက တိမ်ကိုခွဲပြီးထွက်လာသည့်လပြည့်လို သို့မဟုတ် နွေဦးအလျဥ်နှင့် နှင်းထုကြီးကိုခွဲလိုက်နိုင်သလို ခွန်အားရှိ၏။ မျက်နှာပေါ်ကနေပင် အာရုံတို့ခံစားမရတော့သည့်၀မ့်ရန်ရွီးမှာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သော်လည်း ဒူးထောက်လျက်ပြန်ကျသွားရင်း သူ့ဒူးခေါင်းဆီက ထုံကျင်မှုက အပ်တွေထိုးစိုက်ခံလိုက်သလိုပင်။ ကျီနန်သူ့ကိုတွဲထူမှုဖြင့် သူတဖြေးဖြေးပြန်ရပ်လိုက်သော်လည်း မြေပေါ်တစ်ကိုယ်လုံးပစ်လှဲသွားသဖြင့် ကျီနန်မှာ အလွန်အမင်းစိုးရိမ်သွား၏။ သူဆေးပညာကိုမသင်ဖူးသော်လည်း ၀မ့်ရန်ရွီးခြေထောက်မလှုပ်ရှားနိုင်တော့သည်ကိုသူနားလည်လိုက်သဖြင့် ချက်ချင်းနောက်တစ်ခေါက်ထပ်ထူလိုက်သော်လည်း သူထင်ထားတာထက်ပင် ပိုဆိုးနေ၏။ ကျီနန်လက်မောင်းကိုမှီရင် သူ့ခြေထောက်ကိုသေရေးရှင်ရေးလှုပ်ရှားနေသည်ကိုကြည့်ရင်း ၀မ့်ရန်ရှားအေးစက်စက်ပြုံးကာ

"ဘာလဲ? ကြောက်နေပြီလား? ခြေထောက်သုံးမရတော့မှာကိုကြောက်နေပြီလား? ဒါဆိုဘာလို့အချစ်ကရွှေထက်အဖိုးတန်သလိုမျိုးတစ်ရက်လုံးဒူးထောက်နေသေးလဲ? ငါမင်းကို ဒူးထောက်ပါလို့မတောင်းပန်ခဲ့လို့ ငါတော့အပြစ်ရှိသလိုမခံစားရဘူး"

သူ့စကားအဆုံး ၀မ့်ရန်ရွီးက ဒေါသကိုမြိုချကာ ပြုံးပြရင်း

"ကိုယ်တော်သိပါတယ် ကိုယ်တော်လျှောက်နိုင်ပါသေးတယ် အခုသွားကြမယ်"

ပြောရင်း သူ့ကိုသူ အတင်းဖိအားပေးထရပ်နိုင်အောင်အားထုတ်နေချိန် ကျီနန်ဆက်သည်းမခံနိုင်တော့ပဲ ၀မ့်ရန်ရှားကိုအော်လိုက်မိ၏။

"ဒုတိယမင်းသား ရှင်နားမလည်တာလား အရှင်...အရှင်က တကယ်လို့သူသာလမ်းပြဖို့နှောင့်နှေးနေရင် ရှင်မကုပေးတော့မှာစိုးလို့ ကြိုးစားနေတာကို အခုသူ့ခြေထောက်ကိုစိတ်ပူနေတယ်လို့များရှင်ထင်နေတာလား?"

သူမျက်ရည်များဖြင့်ရှိုက်ရင်း ပြန်ခံပြောလိုက်သဖြင့် ၀မ့်ရန်ရှား ခြေလှမ်းတို့ရပ်တန့်ကြောင်အသွား၏။ ၀မ့်ရန်ရွီးမှာ သူဒေါသတကြီးပြန်တုန့်ပြန်မည်ဆိုး၍ ကျီနန်ကိုသတိပေးလိုက်သလို ၀မ့်ရန်ရှားဖက်လှည့်ရင်း

"အို...လေးစားရတဲ့ညီတော် ...ဒီမိန်းကလေးရဲ့ အဓိပ္ပါယ်မဲ့စကားတွေကိုအာရုံထဲထည့်နေစရာမလိုပါဘူး ကိုယ်တော်...ပြန်ရောက်ရင် ဆုံးမလိုက်ပါ့မယ် ဒါက သူတို့ကိုအလိုအရမ်းလိုက်မိသွားတဲ့ကိုယ်တော့်အပြစ်ပါ"

မျော်လင့်ချက်ဆိုတာကိုချိတ်ဆွဲထားသည့်ထိုသူ့မျက်နှာပေါ်မှာ တောင်းပန်တိုးလျိုးမှုများကလည်း အထင်းသားဖော်ပြနေပြန်၏။ စုရီအတွက်နှင့် တိုင်းပြည်ကြီးတစ်ပြည်ကိုတောင် လက်တစ်ဖက်နဲ့ဆွဲမွေ့ခဲ့သည့် အောင်နိုင်သူအရှင်သည် သူ့အတ္တမာနအားလုံးကို ခဝါချခဲ့ပြီးဖြစ်လေသည်။

၀မ့်ရန်ရှား သူ့ကိုတစ်ချက်စူးစမ်းပြီးသည်နှင့် သက်ပြင်းဖွဖွချကာ သူ့သေတ္တာကိုဖွင့်ပြီးဆေးပုလင်းတစ်ခုထဲကဆေးကိုသူ့လက်ထဲယူရင်း ၀မ့်ရန်ရွီးဒူးကောင်းကိုလိမ်းပေးလိုက်၏။

"ခဏလေးနှောင့်နှေးတာက ကိစ္စတော့မရှိပါဘူး မသွားခင်နားလို့ရတယ် စိတ်မပူနဲ့ ငါကြင်ရာတော်ကိုကယ်တာတစ်ခြားအကြောင်းရှိသေးတယ် အခုအသိချင်ဆုံးက အဲ့သူက ဘယ်သူမလို့  စိတ်ရောကိုယ်ပါအနစ်နာခံပြီး ချစ်ပြရလောက်အောင်အထိ ထိုက်တန်နေတာလဲ?"

သူ့ရဲ့နောက်ဆုံးစကား၌ သတိမမူမိစွာဖော်ပြနေခဲ့သည်က သူ့ရဲ့ အထီးကျန်မှုအကြောင်းတစ်စွန်းတစ်စပင်။

၀မ့်ရန်ရွီးစိတ်ထဲခံစားလိုက်ရသည်က မာန်၀င့်နေဟန်သူ့ညီတော်က တကယ်တော့သနားစရာဆိုတာပင်။ သူ့မိဘရဲ့ပြစ်မှုအတွက် သူဘာမှမလုပ်ပေးနိုင်ခဲ့သလို ဒီအိမ်လေးကလည်း နန်းတော်နှင့်အတော်မှအလှမ်း​ေ၀းအထီးကျန်ဆန်လွန်းလှ၏။ ထို့ကြောင့် သူ့ကိုနောက်ကျရင် ဒီလိုမဆက်ဆံသင့်တော့။ နှစ်ပေါင်းနှစ်ဆယ်ကျော် အထီးကျန်ဆန်ဆန် သည်းခံနေခဲ့ရတာက တကယ့်ကိုခက်ခဲလွန်းခဲ့မှာပင်။

သူထိုအတွေးထဲရောက်နေချိန် သူ့၀တ်ရုံအောင် နွေးထွေးမှုတစ်စွန်းတစ်စက သူ့အရိုးထဲတဖြေးဖြေးစိမ့်၀င်နေကာအလွန်နေရထိုင်ရကောင်းလာ၏။ တစ်ချက်ထဲနဲ့ပင် သူ့ဒူးကောင်းက နာကျင်မှုနှင့်အအေးဓာတ်တို့ပါပျောက်ကွယ်သွားသဖြင့် သူမယုံနိုင်စွာပင် လှုပ်ရှားကြည့်မိတော့ တစ်ရက်လုံးနှင်းထဲဒူးထောက်နေခဲ့သည်က အိမ်မက်လိုပင်။

"ထင်ထားသလိုပဲ ညီတော့်မှာ ဒီလောက်အစွမ်းထက်တဲ့ စွမ်းရည်ရှိတာ...စုစု..စုစုကိုကယ်နိုင်မှာသေချာတယ်"

ပြောရင်း စိတ်လှုပ်ရှား၀မ်းသာမှုတွေကြောင့် သူ့ဂုဏ်ပုဒ်တွေကိုပင်မထိန်းထားနိုင်တော့ပဲ မျက်ရည်များပါ ကျလာတော့၏။

အေးစက်စက်ဖြင့်ဒေါသတို့ပါသည့် ၀မ့်ရန်ရှားအကြည့်တို့က အခုတော့ ပုံမှန်ပြန်ဖြစ်သွားရင်း

"အပျော်လုံးစို့ငိုဖို့စောလွန်းသေးတယ်မဟုတ်ဘူးလား?"

ပြောရင်းလမ်းစလျှောက်နေသဖြင့် ၀မ့်ရန်ရွီးမှာမျက်ရည်သုတ်ရင်း ကဗျာကယာဖြင့်အရှေ့က လမ်းပြရန်ပြေးသွားလိုက်၏။

ပျော်စံရာဥယျာဥ်က စုရီမှာ လှဲမနေနိုင်တော့ပဲ မကြာခဏသွေးအန်နေသဖြင့် သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလေပြီ။ သူအားယူရင်း မျက်စိဖွင့်ကြည့်လိုက်တော့ ညနေပင်ရောက်နေပြီဖြစ်သော်လည်း ၀မ့်ရန်ရွီးပြန်မရောက်သေး။ သူ့ကြောင့်နှင့် ဒုတိယမင်းသားဆီမှာ ဘယ်လောက်တောင် အောက်ကျနောက်ကျတောင်းပန်ပြီး အလှောင်ခံနေရမလဲတွေးမိရုံနှင့်ပင် စုရီနှလုံးသားတစ်ခုလုံးလောင်မြိုက်ကုန်သဖြင့် လုံး၀သည်းမခံနိုင်သည့်အဆုံး မှီနေရာမှမတ်မတ်ထိုင်ရင်း အသက်ကို၀၀ရှူကာ

"ကျီနုန် ငါ့ကို...ကူပြီး....ဒုတိယ...မင်း..သားဆီ . သွားဖို့ကူညီပေး...ငါ ...ငါ..သူ့ကို ..ငါ့...ကြောင့်...အထင်သေး....ခံရတာမျိုး...ခွင့်မပြု...နိုင်ဘူး....သူ...က...အများကြီး...ခံစားခဲ့...ရ...ပြီးပြီမို့"

ပြောရင်း အိပ်ရာကထဖို့ကြိုးစားနေသည့်စုရီကြောင့် ကျီနုန်မြန်မြန်တားရင်းအော်လိုက်မိ၏။

"သခင်လေး မင်းကြီးရဲ့နာကျင်မှုကိုတကယ်သိတယ်ဆိုရင် သခင်လေးရောဂါပျောက်အောင်သာ အားစိုက်ပါ သူဒီလိုလုပ်တာက သခင်လေးအတွက်ပဲ ဒါကိုသခင်လေးအသိအမှတ်မပြုပဲထွက်သွားခဲ့ရင် ...သခင်လေး...သခင်လေးက သူ့အသက်ပါယူဖို့ ဆန္ဒရှိတာလား?"

၀မ့်ရန်ရှိုးမှာ စုရီကိုသာစိုက်ကြည့်ရင်း စိတ်ထဲတွေးနေမိ၏။ မယ်တော်ကဒီအခြေအနေထိရောက်နေသလို ခမည်းတော်ဟိုမှာဘယ်လောက်တောင်ခက်ခဲနေမလဲမသိဘူး တကယ်လို့အဲ့သမားတော်ကအရမ်းစွမ်းတောင် ကောင်းကင်ဆန္ဒကို ပြောင်းပြန်လှန်ဖို့အစွမ်းရှိပါ့မလား? ခမည်းတော်နဲ့ မယ်တော်ကိုအတူတူနေခိုင်းလိုက်တာပိုမကောင်းဘူးလား ဒါဆိုဘယ်သူမှလည်း၀မ်းမနည်းတော့ဘူး ငါတို့မြေအောက်ကမ္ဘာကိုလည်းအလည်အတူတူသွားကြမယ်..နောက်ပြန်၀င်စားကြပြီး မိသားစုအစစ်ကြီးဖြစ်သွားမယ်...

သူကကလေးဆိုသော်လည်းအတွေးတို့ကတော့ရင့်ကျက်နေ၏။ သူ့မှာမျော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ထားနေမိဆဲဖြစ်သဖြင့် ထိုအနိဌာရုံအတွေးကိုတော့ စုရီကိုယ်ကိုဖေးမထူပေးသော်လည်းမပြောဖြစ်။

ကျီနန်မှာ ၀မ့်ရန်ရွီးကိုသာစိုးရိမ်နေသည့်စုရီအခြေအနေမကောင်းပဲ လုံး၀မတည်ငြိမ်နိုင်သေးသည်ကိုသာကြည့်နေရသလို ကျီလျို့ဘေးကဖြောင်းဖြနေသော်လည်း ဒီအကြပ်အတည်းကြီးထဲ  သူတို့မျော်လင့်ချက်မဲ့နေတော့သည်။

အားလုံးစိုးရိမ်မှုကိုယ်စီမြင့်တက်နေသဖြင့်မိဖုရားခေါင်ကြီးကပင် သူတို့ကိုသတိပေးလိုက်ရ၏။

"အားလုံး တိတ်ကြစမ်း"

စုရီကိုကြည့်ရင်းလည်း

"မင်း ငါ့သားတော်အခြေအနေကအရမ်းခက်ခဲနေတာကိုငါမသိဘူးထင်လား ဒါပေမယ့်သူက မင်းအတွက်လုပ်နေတာ သူ့ခံစားချက်စေစားတဲ့အတိုင်းလုပ်နေတာမလို့ တားလည်းမထူးဘူး ပြီးအခုကနေ့တစ်၀က်တောင်ကျော်နေပြီမို့ ဒီလောက်ဖြစ်နေပြီးမှ သူက လက်လျော့မယ်ထင်နေတာလား သူဟိုမှာတောင်းပန်ခယတာအောင်မြင်လာပြီးမှ မင်းဆက်မတောင့်ထားနိုင်တာကို သူ့ကိုမြင်စေချင်တာလား...ပြန်လှဲနေစမ်း"

မယ်တော်ကြီးမှာ ပုံမှန်အားဖြင့် ယဥ်ကျေးသိမ်မွေ့တတ်သော်လည်း အခုတစ်ခါဖော်ပြလိုက်သည့် သူ့မပျော်ရွှင်မှုက စုရီကိုပင် အပြစ်ကြီးသွားသလိုခံစားရစေ၏။ သူမစကားကလည်းမှန်နေသည်မို့ ပြန်လှဲရုံသာတတ်နိုင်ရင်း စိတ်လှုပ်ရှားမှုကြောင့်ကိုက်နေမိသဖြင့် သွေးမရှိသည့်နှုတ်ခမ်းတို့၌ သွေးစတို့ကစွန်းထင်းကုန်တော့သည်။ ထိုချိန်ရုတ်တရက်ပင် အသံမြင့်ပြီး​လျှောက်တင်သံကိုကြားလိုက်ရတော့သည်။

"အရှင်မင်းကြီးကြွချီလာပါပြီ"

အသံအဆုံးတွင် ၀မ့်ရန်ရွီး ၀မ့်ရန်ရှားနှင့် ကျီနန်တို့၀င်လာပြီး ထိုမြင်ကွင်းကြောင့်အားလုံးကလည်း အတိုင်းအဆမရှိ​ပျော်သွားလေတော့သည်။ စိတ်လှုပ်ရှားနေသည့် စုရီမျက်လုံး၀ိုင်းများက နူးညံ့သိမ်မွေ့မှုတို့နှင့်ကျေးဇူးတရားကိုသာဖော်ညွှန်းလျက် ၀မ့်ရန်ရွီးကိုသာ စက္ကန့်မလှပ်ကြည့်နေပြီး သူ့ရင်ထဲက ချစ်ခြင်းတရားတို့ကိုတိတ်တဆိတ်ဖော်ကြူးနေချိန် အံ့သြတကြီးရေရွတ်သံကိုကြားလိုက်ရ၏။

"အို! ဒါဆို မင်းက ကြင်ရာတော်လား?"

သူ အကြည့်ပြောင်းလိုက်ချိန်တွင် သူသည်မှာလည်း ဗြုန်းခနဲတွေ့လိုက်ရသည့်ထိုမျက်၀န်းတို့ကိုအံ့သြတကြီးပြန်ကြည့်လိုက်မိ၏။

Total:1700words
Sorry for spelling mistakes

Zawgyi

ဒီစကားတစ္ခြန္းေလးက တိမ္ကိုခြဲၿပီးထြက္လာသည့္လျပည့္လို သို႔မဟုတ္ ေနြၪီးအလ်ဥ္ႏွင့္ ႏွင္းထုႀကီးကိုခြဲလိုက္ႏိုင္သလို ခြန္အားရိွ၏။ မ်က္ႏွာေပၚကေနပင္ အာရံုတို႔ခံစားမရေတာ့သည့္၀မ့္ရန္ရြီးမွာ စိတ္လႈပ္ရွားစြာ ထရပ္လိုက္ေသာ္လည္း ဒူးေထာက္လ်က္ျပန္က်သြားရင္း သူ႔ဒူးေခါင္းဆီက ထံုက်င္မႈက အပ္ေတြထိုးစိုက္ခံလိုက္သလိုပင္။ က်ီနန္သူ႔ကိုတြဲထူမႈျဖင့္ သူတေျဖးေျဖးျပန္ရပ္လိုက္ေသာ္လည္း ေျမေပၚတစ္ကိုယ္လံုးပစ္လွဲသြားသျဖင့္ က်ီနန္မွာ အလြန္အမင္းစိုးရိမ္သြား၏။ သူေဆးပညာကိုမသင္ဖူးေသာ္လည္း ၀မ့္ရန္ရြီးေျခေထာက္မလႈပ္ရွားႏိုင္ေတာ့သည္ကိုသူနားလည္လိုက္သျဖင့္ ခ်က္ခ်င္းေနာက္တစ္ေခါက္ထပ္ထူလိုက္ေသာ္လည္း သူထင္ထားတာထက္ပင္ ပိုဆိုးေန၏။ က်ီနန္လက္ေမာင္းကိုမွီရင္ သူ႔ေျခေထာက္ကိုေသေရးရွင္ေရးလႈပ္ရွားေနသည္ကိုၾကည့္ရင္း ၀မ့္ရန္ရွားေအးစက္စက္ၿပံဳးကာ

"ဘာလဲ? ေၾကာက္ေနၿပီလား? ေျခေထာက္သံုးမရေတာ့မွာကိုေၾကာက္ေနၿပီလား? ဒါဆိုဘာလို႔အခ်စ္ကေရႊထက္အဖိုးတန္သလိုမ်ိဳးတစ္ရက္လံုးဒူးေထာက္ေနေသးလဲ? ငါမင္းကို ဒူးေထာက္ပါလို႔မေတာင္းပန္ခဲ့လို႔ ငါေတာ့အျပစ္ရိွသလိုမခံစားရဘူး"

သူ႔စကားအဆံုး ၀မ့္ရန္ရြီးက ေဒါသကိုၿမိဳခ်ကာ ၿပံဳးျပရင္း

"ကိုယ္ေတာ္သိပါတယ္ ကိုယ္ေတာ္ေလ်ွာက္ႏိုင္ပါေသးတယ္ အခုသြားၾကမယ္"

ေျပာရင္း သူ႔ကိုသူ အတင္းဖိအားေပးထရပ္ႏိုင္ေအာင္အားထုတ္ေနခ်ိန္ က်ီနန္ဆက္သည္းမခံႏိုင္ေတာ့ပဲ ၀မ့္ရန္ရွားကိုေအာ္လိုက္မိ၏။

"ဒုတိယမင္းသား ရွင္နားမလည္တာလား အရွင္...အရွင္က တကယ္လို႔သူသာလမ္းျပဖို႔ေနွာင့္ေနွးေနရင္ ရွင္မကုေပးေတာ့မွာစိုးလို႔ ႀကိဳးစားေနတာကို အခုသူ႔ေျခေထာက္ကိုစိတ္ပူေနတယ္လို႔မ်ားရွင္ထင္ေနတာလား?"

သူမ်က္ရည္မ်ားျဖင့္ရိႈက္ရင္း ျပန္ခံေျပာလိုက္သျဖင့္ ၀မ့္ရန္ရွား ေျခလွမ္းတို႔ရပ္တန္႔ေၾကာင္အသြား၏။ ၀မ့္ရန္ရြီးမွာ သူေဒါသတႀကီးျပန္တုန္႔ျပန္မည္ဆိုး၍ က်ီနန္ကိုသတိေပးလိုက္သလို ၀မ့္ရန္ရွားဖက္လွည့္ရင္း

"အို...ေလးစားရတဲ့ညီေတာ္ ...ဒီမိန္းကေလးရဲ့ အဓိပၸါယ္မဲ့စကားေတြကိုအာရံုထဲထည့္ေနစရာမလိုပါဘူး ကိုယ္ေတာ္...ျပန္ေရာက္ရင္ ဆံုးမလိုက္ပါ့မယ္ ဒါက သူတို႔ကိုအလိုအရမ္းလိုက္မိသြားတဲ့ကိုယ္ေတာ့္အျပစ္ပါ"

ေမ်ာ္လင့္ခ်က္ဆိုတာကိုခ်ိတ္ဆြဲထားသည့္ထိုသူ႔မ်က္ႏွာေပၚမွာ ေတာင္းပန္တိုးလ်ိဳးမႈမ်ားကလည္း အထင္းသားေဖာ္ျပေနျပန္၏။ စုရီအတြက္ႏွင့္ တိုင္းျပည္ႀကီးတစ္ျပည္ကိုေတာင္ လက္တစ္ဖက္နဲ႔ဆြဲေမြ့ခဲ့သည့္ ေအာင္ႏိုင္သူအရွင္သည္ သူ႔အတၲမာနအားလံုးကို ခဝါခ်ခဲ့ၿပီးျဖစ္ေလသည္။

၀မ့္ရန္ရွား သူ႔ကိုတစ္ခ်က္စူးစမ္းၿပီးသည္ႏွင့္ သက္ျပင္းဖြဖြခ်ကာ သူ႔ေသတၲာကိုဖြင့္ၿပီးေဆးပုလင္းတစ္ခုထဲကေဆးကိုသူ႔လက္ထဲယူရင္း ၀မ့္ရန္ရြီးဒူးေကာင္းကိုလိမ္းေပးလိုက္၏။

"ခဏေလးေနွာင့္ေနွးတာက ကိစၥေတာ့မရိွပါဘူး မသြားခင္နားလို႔ရတယ္ စိတ္မပူနဲ႔ ငါၾကင္ရာေတာ္ကိုကယ္တာတစ္ျခားအေၾကာင္းရိွေသးတယ္ အခုအသိခ်င္ဆံုးက အဲ့သူက ဘယ္သူမလို႔  စိတ္ေရာကိုယ္ပါအနစ္နာခံၿပီး ခ်စ္ျပရေလာက္ေအာင္အထိ ထိုက္တန္ေနတာလဲ?"

သူ႔ရဲ့ေနာက္ဆံုးစကား၌ သတိမမူမိစြာေဖာ္ျပေနခဲ့သည္က သူ႔ရဲ့ အထီးက်န္မႈအေၾကာင္းတစ္စြန္းတစ္စပင္။

၀မ့္ရန္ရြီးစိတ္ထဲခံစားလိုက္ရသည္က မာန္၀င့္ေနဟန္သူ႔ညီေတာ္က တကယ္ေတာ့သနားစရာဆိုတာပင္။ သူ႔မိဘရဲ့ျပစ္မႈအတြက္ သူဘာမွမလုပ္ေပးႏိုင္ခဲ့သလို ဒီအိမ္ေလးကလည္း နန္းေတာ္ႏွင့္အေတာ္မွအလွမ္း​ေဝးအထီးက်န္ဆန္လြန္းလွ၏။ ထို႔ေၾကာင့္ သူ႔ကိုေနာက္က်ရင္ ဒီလိုမဆက္ဆံသင့္ေတာ့။ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ အထီးက်န္ဆန္ဆန္ သည္းခံေနခဲ့ရတာက တကယ့္ကိုခက္ခဲလြန္းခဲ့မွာပင္။

သူထိုအေတြးထဲေရာက္ေနခ်ိန္ သူ႔၀တ္ရံုေအာင္ ေနြးေထြးမႈတစ္စြန္းတစ္စက သူ႔အရိုးထဲတေျဖးေျဖးစိမ့္၀င္ေနကာအလြန္ေနရထိုင္ရေကာင္းလာ၏။ တစ္ခ်က္ထဲနဲ႔ပင္ သူ႔ဒူးေကာင္းက နာက်င္မႈႏွင့္အေအးဓာတ္တို႔ပါေပ်ာက္ကြယ္သြားသျဖင့္ သူမယံုႏိုင္စြာပင္ လႈပ္ရွားၾကည့္မိေတာ့ တစ္ရက္လံုးႏွင္းထဲဒူးေထာက္ေနခဲ့သည္က အိမ္မက္လိုပင္။

"ထင္ထားသလိုပဲ ညီေတာ့္မွာ ဒီေလာက္အစြမ္းထက္တဲ့ စြမ္းရည္ရိွတာ...စုစု..စုစုကိုကယ္ႏိုင္မွာေသခ်ာတယ္"

ေျပာရင္း စိတ္လႈပ္ရွား၀မ္းသာမႈေတြေၾကာင့္ သူ႔ဂုဏ္ပုဒ္ေတြကိုပင္မထိန္းထားႏိုင္ေတာ့ပဲ မ်က္ရည္မ်ားပါ က်လာေတာ့၏။

ေအးစက္စက္ျဖင့္ေဒါသတို႔ပါသည့္ ၀မ့္ရန္ရွားအၾကည့္တို႔က အခုေတာ့ ပံုမွန္ျပန္ျဖစ္သြားရင္း

"အေပ်ာ္လံုးစို႔ငိုဖို႔ေစာလြန္းေသးတယ္မဟုတ္ဘူးလား?"

ေျပာရင္းလမ္းစေလ်ွာက္ေနသျဖင့္ ၀မ့္ရန္ရြီးမွာမ်က္ရည္သုတ္ရင္း ကဗ်ာကယာျဖင့္အေရ႔ွက လမ္းျပရန္ေျပးသြားလိုက္၏။

ေပ်ာ္စံရာဥယ်ာဥ္က စုရီမွာ လွဲမေနႏိုင္ေတာ့ပဲ မၾကာခဏေသြးအန္ေနသျဖင့္ သတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနေလၿပီ။ သူအားယူရင္း မ်က္စိဖြင့္ၾကည့္လိုက္ေတာ့ ညေနပင္ေရာက္ေနၿပီျဖစ္ေသာ္လည္း ၀မ့္ရန္ရြီးျပန္မေရာက္ေသး။ သူ႔ေၾကာင့္ႏွင့္ ဒုတိယမင္းသားဆီမွာ ဘယ္ေလာက္ေတာင္ ေအာက္က်ေနာက္က်ေတာင္းပန္ၿပီး အေလွာင္ခံေနရမလဲေတြးမိရံုႏွင့္ပင္ စုရီႏွလံုးသားတစ္ခုလံုးေလာင္ၿမိဳက္ကုန္သျဖင့္ လံုး၀သည္းမခံႏိုင္သည့္အဆံုး မွီေနရာမွမတ္မတ္ထိုင္ရင္း အသက္ကို၀၀ရႉကာ

"က်ီႏုန္ ငါ့ကို...ကူၿပီး....ဒုတိယ...မင္း..သားဆီ . သြားဖို႔ကူညီေပး...ငါ ...ငါ..သူ႔ကို ..ငါ့...ေၾကာင့္...အထင္ေသး....ခံရတာမ်ိဳး...ခြင့္မျပဳ...ႏိုင္ဘူး....သူ...က...အမ်ားႀကီး...ခံစားခဲ့...ရ...ၿပီးၿပီမို႔"

ေျပာရင္း အိပ္ရာကထဖို႔ႀကိဳးစားေနသည့္စုရီေၾကာင့္ က်ီႏုန္ျမန္ျမန္တားရင္းေအာ္လိုက္မိ၏။

"သခင္ေလး မင္းႀကီးရဲ့နာက်င္မႈကိုတကယ္သိတယ္ဆိုရင္ သခင္ေလးေရာဂါေပ်ာက္ေအာင္သာ အားစိုက္ပါ သူဒီလိုလုပ္တာက သခင္ေလးအတြက္ပဲ ဒါကိုသခင္ေလးအသိအမွတ္မျပဳပဲထြက္သြားခဲ့ရင္ ...သခင္ေလး...သခင္ေလးက သူ႔အသက္ပါယူဖို႔ ဆႏၵရိွတာလား?"

၀မ့္ရန္ရိႈးမွာ စုရီကိုသာစိုက္ၾကည့္ရင္း စိတ္ထဲေတြးေနမိ၏။ မယ္ေတာ္ကဒီအေျခအေနထိေရာက္ေနသလို ခမည္းေတာ္ဟိုမွာဘယ္ေလာက္ေတာင္ခက္ခဲေနမလဲမသိဘူး တကယ္လို႔အဲ့သမားေတာ္ကအရမ္းစြမ္းေတာင္ ေကာင္းကင္ဆႏၵကို ေျပာင္းျပန္လွန္ဖို႔အစြမ္းရိွပါ့မလား? ခမည္းေတာ္နဲ႔ မယ္ေတာ္ကိုအတူတူေနခိုင္းလိုက္တာပိုမေကာင္းဘူးလား ဒါဆိုဘယ္သူမွလည္း၀မ္းမနည္းေတာ့ဘူး ငါတို႔ေျမေအာက္ကမ႓ာကိုလည္းအလည္အတူတူသြားၾကမယ္..ေနာက္ျပန္၀င္စားၾကၿပီး မိသားစုအစစ္ႀကီးျဖစ္သြားမယ္...

သူကကေလးဆိုေသာ္လည္းအေတြးတို႔ကေတာ့ရင့္က်က္ေန၏။ သူ႔မွာေမ်ာ္လင့္ခ်က္ေသးေသးေလးကိုဆုပ္ကိုင္ထားေနမိဆဲျဖစ္သျဖင့္ ထိုအနိဌာရံုအေတြးကိုေတာ့ စုရီကိုယ္ကိုေဖးမထူေပးေသာ္လည္းမေျပာျဖစ္။

က်ီနန္မွာ ၀မ့္ရန္ရြီးကိုသာစိုးရိမ္ေနသည့္စုရီအေျခအေနမေကာင္းပဲ လံုး၀မတည္ၿငိမ္ႏိုင္ေသးသည္ကိုသာၾကည့္ေနရသလို က်ီလ်ိဳ႕ေဘးကေျဖာင္းျဖေနေသာ္လည္း ဒီအၾကပ္အတည္းႀကီးထဲ  သူတို႔ေမ်ာ္လင့္ခ်က္မဲ့ေနေတာ့သည္။

အားလံုးစိုးရိမ္မႈကိုယ္စီျမင့္တက္ေနသျဖင့္မိဖုရားေခါင္ႀကီးကပင္ သူတို႔ကိုသတိေပးလိုက္ရ၏။

"အားလံုး တိတ္ၾကစမ္း"

စုရီကိုၾကည့္ရင္းလည္း

"မင္း ငါ့သားေတာ္အေျခအေနကအရမ္းခက္ခဲေနတာကိုငါမသိဘူးထင္လား ဒါေပမယ့္သူက မင္းအတြက္လုပ္ေနတာ သူ႔ခံစားခ်က္ေစစားတဲ့အတိုင္းလုပ္ေနတာမလို႔ တားလည္းမထူးဘူး ၿပီးအခုကေန့တစ္၀က္ေတာင္ေက်ာ္ေနၿပီမို႔ ဒီေလာက္ျဖစ္ေနၿပီးမွ သူက လက္ေလ်ာ့မယ္ထင္ေနတာလား သူဟိုမွာေတာင္းပန္ခယတာေအာင္ျမင္လာၿပီးမွ မင္းဆက္မေတာင့္ထားႏိုင္တာကို သူ႔ကိုျမင္ေစခ်င္တာလား...ျပန္လွဲေနစမ္း"

မယ္ေတာ္ႀကီးမွာ ပံုမွန္အားျဖင့္ ယဥ္ေက်းသိမ္ေမြ့တတ္ေသာ္လည္း အခုတစ္ခါေဖာ္ျပလိုက္သည့္ သူ႔မေပ်ာ္ရႊင္မႈက စုရီကိုပင္ အျပစ္ႀကီးသြားသလိုခံစားရေစ၏။ သူမစကားကလည္းမွန္ေနသည္မို႔ ျပန္လွဲရံုသာတတ္ႏိုင္ရင္း စိတ္လႈပ္ရွားမႈေၾကာင့္ကိုက္ေနမိသျဖင့္ ေသြးမရိွသည့္ႏႈတ္ခမ္းတို႔၌ ေသြးစတို႔ကစြန္းထင္းကုန္ေတာ့သည္။ ထိုခ်ိန္ရုတ္တရက္ပင္ အသံျမင့္ၿပီး​ေလ်ွာက္တင္သံကိုၾကားလိုက္ရေတာ့သည္။

"အရွင္မင္းႀကီးႂကြခ်ီလာပါၿပီ"

အသံအဆံုးတြင္ ၀မ့္ရန္ရြီး ၀မ့္ရန္ရွားႏွင့္ က်ီနန္တို႔၀င္လာၿပီး ထိုျမင္ကြင္းေၾကာင့္အားလံုးကလည္း အတိုင္းအဆမရိွ​ေပ်ာ္သြားေလေတာ့သည္။ စိတ္လႈပ္ရွားေနသည့္ စုရီမ်က္လံုးဝိုင္းမ်ားက ႏူးညံ့သိမ္ေမြ့မႈတို႔ႏွင့္ေက်းဇူးတရားကိုသာေဖာ္ၫႊန္းလ်က္ ၀မ့္ရန္ရြီးကိုသာ စကၠန္႔မလွပ္ၾကည့္ေနၿပီး သူ႔ရင္ထဲက ခ်စ္ျခင္းတရားတို႔ကိုတိတ္တဆိတ္ေဖာ္ၾကဴးေနခ်ိန္ အံ့ၾသတႀကီးေရရြတ္သံကိုၾကားလိုက္ရ၏။

"အို! ဒါဆို မင္းက ၾကင္ရာေတာ္လား?"

သူ အၾကည့္ေျပာင္းလိုက္ခ်ိန္တြင္ သူသည္မွာလည္း ျဗဳန္းခနဲေတြ့လိုက္ရသည့္ထိုမ်က္၀န္းတို႔ကိုအံ့ၾသတႀကီးျပန္ၾကည့္လိုက္မိ၏။

Total:1700words
Sorry for spelling mistakes

Continue Reading

You'll Also Like

209K 21.9K 103
ဘာသာပြန်သူ - စွဲညို့အသင်း
20.8K 1.9K 18
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem 44 part + 1extra = 45 part 1 by 6 Author -shut paann start -23,12,2023 end-27,5.2...
253K 31.4K 23
ရဲဟို သည္ေသးငယ္ေသာႏိုင္ငံတစ္ႏိုင္ငံမွဘုရင္တစ္ပါးႏွင့္ေဝးကြာေသာေဆြမ်ိဳးျဖစ္သည္။ သူသည္ေဆြမ်ိဳးနီးစပ္ေတာ္ေသာ္လည္းသူ႔အိမ္သည္အလြန္ဆင္းရဲျပီးသူ၏မိခင္သည္လည္...
510K 82.6K 50
This is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link...