ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၄၈ (၁-၁၄)

5.5K 823 73
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  48
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၄၈၊ အခန္း ၁ ။  အစ္ကုိ ရီ မ်ား ၀င္ပူးေနတာလား

“ကံုးက်ားမင္ ကို သိလား” ဟု ရီမူဖန္က ေမးသည္ ။

“ထူးၿခားဆန္းၾကယ္ေသာ တုိက္ခုိက္မႈ ကုိ ရုိက္တဲ့ ဒါရိုက္တာ လား” ဟု ရီ၀မ္၀မ္က ၿပန္ေမးသည္ ။

ရီမူဖန္က ေခါင္းညိတ္လုိက္၏ ။

“အင္း…ဟုတ္တယ္…သူ  ပဲ ။ ေစာနက ဒါရုိက္တာ ကုန္း ဖုန္းဆက္တာ ။ သူ ့ဆီမွာ ကုန္ရႊီ နဲ ့ လ်ိဳခ်န္းအတြက္ အရမ္းလိုက္ဖက္တဲ့ ဇာတ္ညႊန္းတစ္ခု ရွိထားတယ္တဲ့ ။
သူတုိ ့နွစ္ေယာက္ကုိ ရုိက္ဖုိ ့ လာေခၚတာ”

ရီ၀မ္၀မ္က စိတ္၀င္တစားၿဖင့္ ေမးလုိက္သည္ ။

“တကယ္လား…ဘာဇာတ္ညႊန္းလဲ ။ ဒါရုိက္တာ ကုန္း ရဲ့ စစ္ကားေတြက ေကာင္းတာခ်ည္းပဲ”

ရီ၀မ္၀မ္သည္ ဖုန္းကို ဖြင့္လုိက္ၿပီး..
“ကိုယ့္ဟာကုိယ္ ၾကည့္လုိက္ ။ ဒီဟာက အေစာနကပဲ သူတို ့ ပုိ ့လုိက္တဲ့ ဇာတ္ညႊန္း ။ ေရးတဲ့သူက က်န္းေဟြ ့တဲ့ ။
ငါ ဖတ္ၾကည့္ရသေလာက္ေတာ့ ေတာ္ေတာ္ေလး ေကာင္းတာပဲ ။ ဇာတ္ေကာင္ေတြက ကုန္ရႊီနဲ ့လ်ိဳခ်န္းနဲ ့ ေတာ္ေတာ္ေလးကုိ ကိုက္တယ္…”

ရီမူဖန္သည္ ရီ၀မ္၀မ္ကုိ ဇာတ္ညႊန္း ၿပေနသည္ကုိ ၿမင္လုိက္ၾကသည့္အခါ ကုန္ရႊီ၊ လ်ိဳခ်န္းနွင့္ ထန္ရွင္းေဟ်ာ္တုိ ့ ေတြးလုိက္မိၾကသည္မွာ ထိုမိန္းကေလးက အနုပညာေလာက အေၾကာင္း စိတ္၀င္တစား ရွိေနၿခင္းေၾကာင့္ ရီမူဖန္ ၿပေပးေနၿခင္းဟု ။ သုိ ့နွင့္ သူတို ့လည္း မ်ားမ်ားစားစား မေတြးမိလုိက္ၾကပါေခ် ။

ရီ၀မ္၀မ္သည္ တခနအတြင္း ဖတ္ၾကည့္ၿပီးသြားေခ်ၿပီ ။

“ဘယ္လုိလဲ…ေတာ္ေတာ္ေလး ေကာင္းတယ္မလား” ဟု
ရီမူဖန္က ေမးလာသည္ ။

ရီ၀မ္၀မ္သည္ ေခါင္းညိတ္လုိက္၏ ။

“ဇာတ္ညႊန္းကေတာ့ အေတာ္ေလး ေကာင္းပါတယ္။ ဒါေပမယ့္
ကုန္ရႊီနဲ ့လ်ိဳခ်န္းအတြက္ မသင့္ေတာ္ဘူး”

“ဘာလုိ ့လဲ” ရီမူဖန္သည္ နားမလည္ေသာေၾကာင့္ ေမးလုိက္သည္ ။

“ဒါက ရဲနဲ ့သူေဌးသားလူဆုိးတုိ ့ရဲ့ ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္ပဲ ။ ေသၿခင္းနွင့္ရွင္ၿခင္းၾကား ဇာတ္လမ္းနဲ ့ တစ္ထပ္ထဲပဲ ။ ပထမတစ္ေခါက္မွာက နာမည္ၾကီးသြားၿပီ ဆုိေပမယ့္လည္း ဒီကားမ်ိဳးနဲ ့ပဲ ဒုတိယတစ္ေခါက္ ထပ္ရုိက္ဦးမယ္ဆုိရင္ေတာ့ မေသခ်ာေတာ့ဘူး ။ ၿပီးေတာ့ ဒီေက်ာရုိးအတုိင္းပဲ ဆက္ရုိက္ေနဦးမယ္ဆုိရင္ ေနာင္
သူတုိ ့ တၿခားဇာတ္ေကာင္ ေနရာကို ရုိက္ခ်င္တယ္ဆုိရင္ အရမ္း ခက္သြားလိမ့္မယ္”

“ကုန္ရႊီနဲ ့လ်ိဳခ်န္းက အခုဇာတ္ေကာင္ကေန ေအာင္ၿမင္မႈ ရၿပီးသြားၿပီ၊ ေနာက္ထပ္ မတူတဲ့ ဇာတ္ေကာင္ေတြကုိ ရုိက္သင့္တယ္ ။ အထူးသၿဖင့္ လ်ိဳခ်န္းပဲ၊ သူက ေတာ္ေတာ္ေလး အရည္အခ်င္းရွိတယ္”

ရီမူဖန္သည္ ရီ၀မ္၀မ္၏ ေၿပာစကားတုိ ့ကို လံုး၀ကုိ သံသယမရွိဘဲ ေလးေလးနက္နက္ နားေထာင္ေနသည္ ။

“ဒါဆုိ ၿငင္းလုိက္ရမလား”

ရီ၀မ္၀မ္က ေခါင္းညိတ္လုိက္သည္ ။

“ၿငင္းလုိက္ပါ၊ ၿပီးေတာ့ ကမ္းလွမ္းလာတဲ့အတြက္ ေက်းဇူးတင္ပါတယ္လုိ ့လည္း ဒါရုိက္တာ ကုန္း ကုိ ေၿပာလုိက္ဦး ။ ဒါရုိက္တာ ဟုန္း နဲ ့ ဖန္ခ်ီဟြာ က ေနာက္နွစ္မွာ ေတာမီး ဆုိတဲ့ကား ရုိက္ဖုိ ့ ၿပင္ေနတယ္ ။ အဲ့ဒီဇာတ္လမ္း ရဲ့ ဇာတ္ေကာင္က ကုန္ရႊီ နဲ ့ ေတာ္ေတာ္ေလး လုိက္တယ္ ။ အဲ့ဒီမွာ လက္တြဲလုပ္လုိ ့ ရေလာက္တယ္…”

“အင္း၊ နားလည္ၿပီ ။ ဒီပြဲၿပီးသြားရင္ သူတုိ ့ကို ၿပန္ေၿပာလုိက္မယ္”

ကုန္ရႊီသည္ ရီမူဖန္နွင့္ ရီ၀မ္၀မ္တုိ ့၏ စကားတုိ ့ကို နားေထာင္ေနရင္း သူ၏ခ်စ္စဖြယ္ မ်က္နွာေလးမွာ ပ်က္ယြင္းလာေတာ့၏ ။
သူ ့စိတ္ထဲ တစ္ခုခု လြဲေနသလုိလုိ အာရံုရေနေလၿပီ…

အာ…သၾကားလံုးေလး ရီမူဖန္ကုိ ေၿပာေနတဲ့ ပံုစံက
ငါ ဘာလို ့…အရမ္း…အရမ္း ရင္းနွီးေနတာလဲ ။

ကုန္ရႊီသည္ သတိတရပင္ လ်ိဳခ်န္းကို ၾကည့္လုိက္ရာ…
လ်ိဳခ်န္း၏မ်က္၀န္းထဲက တူညီေနသည့္ အေတြးတစ္စကုိ ဖမ္းဆုပ္လုိက္၏ ။

ကုန္ရႊီက လ်ိဳခ်န္းကုိ တိုးတုိးေလး ေမးလုိက္သည္ ။

“ငတံုးေကာင္…မင္းေရာ သၾကားလံုးေလးရဲ့ အရွိန္အ၀ါက…
အစ္ကို ရီ နဲ ့ တူတယ္လုိ ့ ခံစားရလား”

လ်ိဳခ်န္းက ေခါင္းညိတ္သည္ ။
“အရမ္းတူတယ္…”

“တူရံုတင္ မဟုတ္ဘူး…အစ္ကို ရီ မ်ား ၀င္ပူးေနတာမ်ားလား”

စကားေၿပာသည့္အခ်ိန္ သူမေလး၏ ေလသံနွင့္ အၿပဳအမူတင္ မဟုတ္ ။ သူနွင့္ လ်ိဳခ်န္းအေပၚတြင္ နက္နက္ရိႈင္းရိႈင္း နားလည္ထားမႈ၊ ထုိ ့ၿပင္ ရီမူဖန္၏ သူမေလးေပၚ ထားသည့္ သေဘာထား ။
အရာအားလံုးသည္ တစ္ခုခု လြဲေနသည္ မဟုတ္ဘူးလား ။

ဘ-ဘာေတြ…ၿဖစ္ေနတာလဲ ။

ရီမူဖန္သည္ ရီ၀မ္၀မ္ကို ဆက္ေၿပာေနသည္ ။

“ၿပီးေတာ့…စူပါစတားနွင့္ ေတြ ့ဆံုၿခင္းက ထပ္ၿပီး ဖုန္းေခၚလာတယ္ ။
အဲ့ဒီ ငေၾကာက္ ဟူ က အရွက္မရွိ မ်က္နွာေၿပာင္ေၿပာင္နဲ ့ ငါတုိ ့ကို လာဖိတ္ရဲေသးတယ္ ။ အမုိက္စား စြန္ ့စားခန္းေရာ အတူတူပဲ ။ ဆုေပးပြဲတုန္းကေတာ့ စာခ်ဳပ္ကုိ ဖ်က္ပစ္လုိက္ၿပီး အခုေတာ့မွ အစမ္းခန္ ့၀န္ထမ္းက အလုပ္ကုိ တလြဲ လုပ္မိသြားတာပါဆုိၿပီး အၿပစ္လႊဲခ်ေနတယ္ေလ…”

“အဲ့ဒီ နွစ္ခုကို လက္မခံနဲ ့။ ညီမေလးတုိ ့ကို ဆက္သြယ္တဲ့ တၿခားရိႈးပြဲ ေတြ ရွိေသးတယ္မလား”

ရီမူဖန္သည္ ေခါင္းညိတ္ၿပီး သူ ့ဖုန္းကို ထပ္ၿပလုိက္ၿပန္သည္ ။

“ရွိတယ္…ဒါေတြက ဟုိးကတည္းက ငါတုိ ့ကို ဆက္သြယ္ထားတဲ့ဟာ ။ ၾကည့္ၾကည့္…”

ရီ၀မ္၀မ္သည္ ရိႈးပြဲနွစ္ခုကို လက္ညွိဳးထုိးလုိက္ၿပီး…
“ဒီနွစ္ခု ေကာင္းတယ္ ။ ကုန္ရႊီနဲ ့လ်ိဳခ်န္းကို ၾကိဳက္တာ တစ္ခု ေရြးခုိင္းလုိက္”

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၂ ။  ေယာက်ာ္းေတြကို  ၿမွဴဆြယ္ထားခဲ့တာလား

“ေကာင္းၿပီ”

ရီမူဖန္သည္ ကုန္ရႊီ နွင့္ လ်ဳိခ်န္းကို ေမာ့ၾကည့္လုိက္ကာ…
“ဒီနွစ္ခုထဲက ဘယ္ဟာကုိ သြားခ်င္လဲ”

အခုလက္ရွိတြင္ ကုန္ရႊီနွင့္လ်ိဳခ်န္း နွစ္ေယာက္စလံုးပင္ အသိစိတ္တုိ ့ လြတ္ကာ ေၾကာင္ေၾကာင္အမ္းအမ္း ၿဖစ္ေနၾက၏ ။

ရီမူဖန္သည္ မ်က္ေမွာင္ၾကီး ၾကဳတ္သြားၿပီး
သူတုိ ့ေရွ့  လက္ေ၀ွ ့ယမ္း ၿပလိုက္သည္ ။

“ဒီမွာ…ငါ မင္းတုိ ့ကို ေၿပာေနတာ”

ခ်က္ခ်င္းပင္ ကုန္ရႊီ မ်က္ကလူးဆန္ကပ်ာ ၿပန္ေၿဖလာသည္ကား…
“က်ြန္ေတာ္…က်ြန္ေတာ္ အစ္ကုိ ရီ ေၿပာတာပဲ နားေထာင္မယ္…
အဲ… အစ္ကုိ ရီ ဘယ္ေရာက္ေနတာလဲ”

ရီမူဖန္၏မ်က္ခံုးတို ့ ပင့္တက္သြား၏ ။

“သူ…”

ရုတ္တရက္….ရီမူဖန္သည္ သူတို ့ဆီ ေလွ်ာက္လာေနသည့္ လူတစ္ေယာက္ကို ၿမင္လုိက္ၿပီး စကားရပ္သြားသလုိ ခ်က္ခ်င္းပင္ မ်က္နွာၾကီး မညး္ပုတ္လာေလၿပီ ။

“ရီ၀မ္၀မ္…နင္က ဘာလို ့ ဒီကုိ ေရာက္ေနတာလဲ”

လ်န္ရွီဟန္သည္ ရီ၀မ္၀မ္အား စိမ္းစိမ္း၀ါး၀ါးၾကီး ၾကည့္ရင္း ေအာ္ၾကီးဟစ္က်ယ္ ေၿပာဆိုလာၿခင္းပင္ ။

ရီမူဖန္သည္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္ အေရွ့က ကာရပ္လုိက္၏ ။

“လ်န္ ရွီ ဟန္ ၊ ဒီေနရာက မင္းမိသားစု အပိုင္ မလုိ ့လား ။ မင္းတစ္ေယာက္ထဲ ဒီကုိ လာခြင့္ ရွိတာ မလုိ ့လား”

သူ၏ညီမေလးသည္ ဘယ္ေလာက္ပင္ ၾကံ့ခိုင္ေနသည္ ဆုိပါေစဦး ။
သူ ့စိတ္ထဲတြင္ေတာ့ ထုိေကာင္မေလးမွာ သူ၏ အကာအကြယ္ကုိ လုိေနေသးသည့္ မသိနားမလည္ေသာ ညီမငယ္ေလးသာလ်ွင္ ၿဖစ္၏ ။

လ်န္ရွီဟန္က ၿပန္ႏႈတ္လွန္ထုိးလာသည္ ။

“ဒီေနရာကို ဘယ္သူ ပုိင္တယ္ဆုိတာက ကိစၥ မရွိဘူး ။ ဒီေန ့က ေရႊသစ္ခြဆုေပးပြဲ အခမ္းအနားေန ့၊ အဖိတ္ခံထားရတဲ့ သူေတြပဲ ဒီကို လာၾကရတာ ။ သူက ဘယ္သူမို ့လုိ ့လဲ ။ ရွင့္ရံုးမွာ ေတာက္တုိမယ္ရေတြ လုပ္ေနရတဲ့ မၿဖစ္စေလာက္ လက္ေထာက္ေလး မဟုတ္ဘူးလား ။ ဒီလုိပြဲမ်ိဳးကို လာရေအာင္ သူ ့မွာ ဘာအဆင့္ ရွိလုိ ့ ့လဲ”

ရီမူဖန္ပင္ ၿပန္မပက္လုိက္ရေသးခင္
ကုန္ရႊီသည္ ဒံုးက်ည္လုိ ရွဴးရွဴးဒုိင္းဒိုင္း ၿပန္ပက္လာေခ်ၿပီ ။

“သူ ့မွာ ဘာအဆင့္ရွိလုိ ့လဲလုိ ့ ေၿပာရေအာင္ မင္းဆီမွာ ဘာအဆင့္ရွိလုိ ့ လာပါးစပ္သရမ္းေနတာလဲကြ”

ကုန္ရႊီသည္ လက္ရွိအခ်ိန္တြင္ နာမည္ၾကီးေနသူ ၿဖစ္ေနသၿဖင့္
သူမ နည္းနည္းေတာ့ တြန္ ့ဆုတ္မိသြား၏ ။

ထိုအခုိက္တြင္ လ်န္ရွီဟန္၏ အေနာက္ဘက္ကေန
ရီယီယီ ေပၚလာကာ လာဖ်န္ေဖ်ေပးေတာ့သည္ ။

“ေတာင္းပန္ပါတယ္ရွင္ ။ ရွီဟန္က ငယ္ေသးေတာ့ မဆင္မၿခင္ ေၿပာမိသြားတာကုိ စိတ္မရွိပါနဲ ့”

မသိလ်ွင္ ရီယီယီသည္ လာဖ်န္ေၿဖေပးေနသလုိလုိ ။ သုိ ့ေသာ္ တကယ္ေတာ့ လ်န္ရွီဟန္အား အားေပးအားေၿမွာက္ ၿပဳေနၿခင္းပင္ ။

ရီယီယီသည္ ရီ၀မ္၀မ္ကို ၾကည့္လုိက္ၿပီး လိႈက္လိႈက္လွဲလွဲ ႏႈတ္ဆက္လာသည္ ။

“၀မ္၀မ္လည္း ေရာက္ေနတာလား”

လ်န္ရွီဟန္သည္ ရီယီယီ ေရာက္လာသည္ကုိ ၿမင္လုိက္သည္နွင့္ ခ်က္ခ်င္းပင္ ယံုၾကည္ခ်က္ အၿပည့္ ၿဖစ္လာေတာ့၏ ။ ရီယီယီ၏ လက္ေမာင္းကုိ ေၿပးတြဲလုိက္ေတာ့ကာ ေလွာင္ေၿပာင္ေထ့ေင့ါ လာ ေတာ့သည္ ။

“အေကာင္းဆံုး သရုပ္ေဆာင္ၾကီး ကုန္ ရွင့္…က်ြန္မက ဘာမွ မဟုတ္တဲ့ သရုပ္ေဆာင္ ၿဖစ္ခ်င္ၿဖစ္မယ္ ၊ ဒါေပမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကုိေတာ့ သိေသးပါတယ္ ။ ဒီေန ့ည ပြဲက ေရႊသစ္ခြပြဲ၊ အဖိတ္ၾကားခံထားရတဲ့ တကယ့္ ဧည့္သည္ေတာ္ေတြပဲ တက္လို ့ရတာ”

“ဒီမိန္းမက ဒီပြဲကို လာခြင့္ရစရာ အေၾကာင္းကုိ မရွိဘူး ။ ဒီထဲေရာက္ေအာင္ ဘယ္လိုေတြ ခ်ဴၿပီး ေရာက္ေနလဲဆုိတာကို ဘယ္သူ သိမွာလဲ ။ လူတုိင္းသာ ဒီလုိ လာနုိင္မယ္ဆုိလုိ ့ကေတာ့ က်ြန္မရဲ့လက္ေထာက္ေတြေရာ၊ အိမ္ေတာ္ထိန္းေတြေရာ၊ အေစခံေတြေရာ လာနုိင္တဲ့ သေဘာ မေရာက္သြားဘူးလား”

လ်န္ရွီဟန္၏စကားမွာ ရီ၀မ္၀မ္ကုိ အေစခံဟု ထိုးဆြေနၿခင္း ၿဖစ္ေပသည္ ။

ကုန္ရႊီ၏ မ်က္လံုးတုိ ့ က်ဥ္းေၿမာင္းလာေတာ့ၿပီ ။

“ထပ္ေၿပာလုိက္စမ္း”

လ်န္ရွီဟန္သည္ ကုန္ရႊီကို တစ္လွည့္၊ ရီ၀မ္၀မ္ကို တစ္လွည့္ ၾကည့္လုိက္ၿပီး…
“ရီ၀မ္၀မ္…လတ္စသတ္ေတာ့ နင္က ကုမၸဏီကုိ အလုပ္လုပ္ဖို ့ သြားတာ မဟုတ္ဘဲ ေယာက်ာ္းေတြကုိ ၿမွဴဆြယ္ဖို ့ သြားတာကိုး”

ထုိသို ့ေၿပာလုိက္မိရင္း သူမေခါင္းထဲတြင္ အလင္းတစ္ခ်က္ ၀င္လာသည္ ။

“နင္…နင္ ကုန္ရႊီကုိတင္ ၿမွဴစြယ္ထားတာ မဟုတ္ဘူးမလား ။ ရီပုိင္ လုိ ေတာ္လြန္းတဲ့ လူတစ္ေယာက္က ဘာလို ့မ်ား ရီမူဖန္လို ဘာမွမဟုတ္တဲ့ လူတစ္ေယာက္ဆီမွာ သစၥာခံၿပီး ေနေနသလဲ မွတ္တယ္ ။ လတ္စသတ္ေတာ့ သူ က
သူ ့ညီမကုိ ေရာင္းစားထားတာကုိး”

“ရွီဟန္…မဟုတ္တာ ေလ်ွာက္မေၿပာနဲ ့”

ရီယီယီက ခ်က္ခ်င္းက ၀င္ဟန္ ့လာသည္ ။ သုိ ့ေသာ္
သူမမ်က္၀န္းတုိ ့ကမူ မည္သည့္ေငါက္ငမ္းမႈမွ မပါေနပါေခ် ။

ငါ့မွာေတာ့ ရီမူဖန္ကုိ ဘယ္လုိအလဲထုိးရမလဲလုိ ့ စဥ္းစားေနတာ ။ လတ္စသတ္ေတာ့ ဒီဘာမဟုတ္တဲ့ အမိႈက္မ ရီ၀မ္၀မ္ကုိ ထုိးေက်ြးထား တာကုိး ။

လ်န္ရွီဟန္က “ရီပုိင္”  ကုိ ဆြဲထည့္လာခ်ိန္တြင္ ကုန္ရႊီသည္ ေဒါသတၾကီး ၿဖစ္လာေတာ့ေလၿပီ ။ ခ်က္ခ်င္းပင္ အေရွ့သုိ ့ တက္သြားေတာ့ၿပီး…
“အလကားဟာေတြ…ဘာခ်ီးစကားေတြ ေလွ်ာက္ေၿပာေနတာလဲ”

ကုန္ရႊီ ေဒါသတၾကီး ၿဖစ္လာသည္ကုိ ၿမင္လုိက္ရၿပီး ရီယီယီ၏ မ်က္၀န္းထဲ ေအးစက္မႈတစ္ခု ဖ်တ္ခနဲ ေၿပးသြားသည္ ။

ကုန္ရႊီ ထင္ရာစုိင္းလုိက္လုိ ့ကေတာ့ ၾကည့္ေကာင္းၿပီပဲ….

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၃ ။ ေယာက်ာ္းေတြကုိ တကယ္ၾကိဳက္တယ္

“ကုန္ရႊီ…စိတ္ကို ထိန္း”
လ်ိဳခ်န္းသည္ ကုန္ရႊီကုိ ၿပန္ဆြဲထားလုိက္၏ ။

သုိ ့ေသာ္လည္း ကုန္ရႊီကို မည္သုိ ့ တားနုိင္ပါလိမ့္မည္နည္း ။ သူသည္ အေရွ့သုိ ့ ထြက္ၿပီး လ်န္ရွီဟန္၏လက္ေကာက္၀တ္ကို ဆုပ္ကိုင္ထားၿပီးေနေလၿပီ ။

“သူ ့ကုိ ေတာင္းပန္စမ္း”

လ်န္ရွီဟန္က အနည္းငယ္ ထိတ္လန္ ့လာ၏ ။ 

“အား…နာတယ္…က်ြန္မကို လႊတ္ ။ ရွင္က အေကာင္းဆံုးသရုပ္ေဆာင္ ဆုိတာနဲ ့ပဲ က်ြန္မကုိ အနုိင္က်င့္လုိ ့ ရမယ္ ထင္ေနတာလား ။
ရွင္တုိ ့မွာ အဲ့လုိ လူသိမခံ၀ံ့တဲ့ ကိစၥေတြ မရွိဘူးဆုိရင္
ရွင္ ဘာလို ့ ဒီေလာက္ထိ ၾကိဳးစားလာမွာလဲ”

အုန္းအုန္းက်ြတ္က်ြတ္ ၿဖစ္ေနသည့္အသံမွာ က်ယ္ေလာင္လြန္း တာေၾကာင့္ ခ်က္ခ်င္းပင္ တၿခားဧည့္သည္ေတာ္မ်ားက စိတ္၀င္စားကုန္ၾကသည္ ။ လူတုိင္းသည္ ရီမူဖန္နွင့္ သူ ့နံေဘးက မိန္းကေလးကို ၾကည့္လာၾကၿပီး လက္ညွိဳးထိုးကာ တီးကုန္ဆုိၾကကုန္ၿပီ ။

ကုန္ရႊီသည္ ေဒါသေပါက္ကြဲလုနီးတဲတဲ ၿဖစ္လာခ်ိန္တြင္
ရီ၀မ္၀မ္က တည္ၿငိမ္စြာၿဖင့္ ေခၚလာသည္ ။

“ကုန္ရႊီ”

ရီ၀မ္၀မ္သည္ ဘာကိုမွ မေၿပာပါေခ် ။ သုိ ့ေသာ္ သူမေလးဆီက အၾကည့္တစ္ခ်က္နွင့္ပင္ ကုန္ရႊီသည္ အလုိလို ၿငိမ္က်သြားကာ လ်န္ရွီဟန္၏လက္ကုိ နာနာခံခံၿဖင့္ ၿပန္လႊတ္ေပးလုိက္ၿပီး ရီ၀မ္၀မ္နား ကပ္သြားသည္ ။

လ်ိဳခ်န္းသည္ ထိုသည္ကုိ ၿမင္လုိက္ၿပီး အလြန္အမင္း ေရွာ့ရသြားကာ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္မိ၏ ။

လ်န္ရွီဟန္သည္မူ ရီ၀မ္၀မ္ကုိ မသတီစရာ၊ စက္ဆုပ္စရာၾကီးတစ္ဦးနွယ္ ရြံရွာသည့္မ်က္၀န္းတုိ ့ၿဖင့္ ၾကည့္ေန၏ ။

“ရီ၀မ္၀မ္…နင္ကေတာ့ ေတာ္ေတာ့္ကို ေတာ္လွခ်ည္လား ။ နင့္ရုပ္နင့္ရည္ကို ဗန္းၿပၿပီး ေအဂ်င္စီက လူတုိင္းရဲ့ အိပ္ရာေပၚကို တက္ၿပီးထားၿပီနဲ ့ တူတယ္ ။ အဲ့ဒီ ရီပုိင္ လည္း နင့္မာယာထဲကေန ရုန္းမထြက္နုိင္ဘူး မလား ။ မဟုတ္ရင္ နင့္အစ္ကုိ ရဲ့ ဘာမဟုတ္တဲ့ စုတ္စုတ္ၿပတ္ၿပတ္ ကုမၸဏီ ေသးေသးေလးမွာ သူ ေနေပးေနစရာ အေၾကာင္းကို မရွိဘူး”

လ်န္ရွီဟန္၏စကားလံုးတုိ ့သည္ လူအုပ္ၾကီးကို တီးတုိးညံသြားေစ ေလၿပီ ။

“လတ္စသတ္ေတာ့ အဲ့ဒီ မိန္းမလွေလးက ရီမူဖန္ရဲ့ ညီမ ၿဖစ္ေနတာကုိး ။ ဒါေပမယ့္ အဲ့ဒီ အလွေလးကို ငါ ဘာလို ့ အရမ္း ရင္းနွီးေနမိပါလိမ့္ ။ အရင္တုန္းက ေတြ ့ဖူးေနသလုိပဲ”

“လ်န္ရွီဟန္ ေၿပာသြားတာေတြက အဓိပၸာယ္ရွိတယ္ ။ စဥ္းစားၾကည့္ေလဟာ..ရီပုိင္လုိ တကယ့္အရည္အခ်င္း ေၿပာင္ေၿမာက္ တဲ့ သူ က ဘယ္မွာမဆုိ သြားအလုပ္လုပ္လို ့ ရရဲ့သားနဲ ့ ဘာလို ့ ရီမူဖန္ လုိ မိသားစုကေန ကန္ထုတ္ခံ ထားရတဲ့ အပယ္ခံသားဆီမွာ အလုပ္လုပ္ေနရတာလဲ”

“ဖြီး…အဲ့ဒီေကာင္မေလးက ရီပုိင္ကို စကားခ်ိဳခ်ိဳေလးေတြနဲ ့ ညွိဳ ့ထားလုိ ့ ေနမွာေပါ့”

ထိုနားၾကားမခံသာသည့္ စကားတို ့သည္
ရီဟုန္းေ၀၏ နားထဲသုိ ့ ေရာက္သြားေလၿပီ ။

ရီဟုန္းေ၀သည္ မ်က္ေမွာင္ၾကီး ၾကဳတ္လ်က္
ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

“ဘာၿဖစ္တာလဲ ။ ၀မ္၀မ္က ဘာလုိ ့ ဒီမွာ ရွိေနတာလဲ”

သူ ့နံေဘးတြင္ ရွိေနသည့္ ရီေရွာင္အန္းသည္ တအံ့တၿသၿဖင့္ ၾကည့္လုိက္ၿပီး…

“မူဖန္ ေခၚလာတာ ၿဖစ္ေလာက္တယ္ ။ အဲ့ဒီ မူဖန္ ကေတာ့ေလ ဘာက သင့္ေတာ္တယ္၊ ဘာက မသင့္ေတာ္ဘူးကိုေတာင္ မခြဲၿခားတတ္ေသးဘူးလား ။
ဒီလုိ ရွက္စရာေကာင္းတာမ်ိဳးကုိ လုပ္မယ္ဆုိလည္း လူမသိ သူမသိ လုပ္ပါ့လား ၊ ဘာလို ့ ၀မ္၀မ္ကို  ဒီေနရာကုိ ေခၚခ်လာရတာလဲ ။ ဒီေကာင္မေလးကေရာ ဘယ္လုိလုပ္ ေပၚလာရတာလဲ ။ ဒါက သူတို ့ကိုယ္သူတုိ ့ လူရယ္စရာ ၿဖစ္ေအာင္ လုပ္ေနတာနဲ ့ မတူဘူးလား ေဖေဖရာ”

ရီဟုန္းေ၀က ေဒါသ ေထာင္းခနဲ ထြက္သြားေလၿပီ ။

“မင္းက ဘာကိစၥ ဒီမွာ ရပ္ေနေသးတာလဲ ။
အဲ့ဒီ ေကာင္မေလးကုိ ၿမန္ၿမန္ ၿပန္ခုိင္းလုိက္စမ္း”

ေၿမးမလုပ္သူက လူသိရွင္ၾကား အေလွာင္ခံရလ်ွင္
ရီ အုုပ္စုၾကီး တစ္ခုလံုးသည္လည္း အေလွာင္ေၿပာင္အဟားတုိက္ ခံရမည္သာ မဟုတ္ပါလား ။

ရီ၀မ္၀မ္သည္ကေတာ့ သူမအနားက ထုိရုန္ ့ရင္းစြာ ေ၀ဖန္ေၿပာဆုိေနမႈ တုိ ့ကို နားေထာင္ေနရသည့္တုိင္ မ်က္နွာတစ္ခ်က္ မပ်က္သြားေပ ။ သူမသည္ လ်န္ရွီဟန္ကို ၾကည့္လုိက္ၿပီး ရႈတည္တည္ၿဖင့္ ေၿပာလုိက္သည္ ။

“နင္တုိ ့ေတြ အေစာနကေတာ့ အင္တာနက္သံုးသူေတြကုိ ၀ယ္ၿပီးေတာ့ ရီပုိင္ကုိ ေဂးပါ၊ ေယာက်ာ္းေတြကုိ ၾကိဳက္ေနပါတယ္လို ့ ေၿပာခုိင္းတယ္ ။ အခုက်ေတာ့ ရီ၀မ္၀မ္ က ရီပုိင္ရဲ့အိပ္ရာေပၚ တက္ေနပါတယ္လုိ ့ ေၿပာေနၿပန္ၿပီ ။ နင္တုိ ့ရဲ့ ၿမင့္ၿမတ္လွတဲ့ ကုမၸဏီၾကီးက သူမ်ားကုိ ေခ်ာက္ခ်ခ်င္ရင္ေတာင္ အေရွ့ အေနာက္ ညီေအာင္ လုပ္ပါဦးလား ။ အရူးကြက္ေတြ ေလ်ွာက္မနင္းစမ္းပါနဲ ့”

လ်န္ရွီဟန္သည္ ေဒါသတၾကီးၿဖင့္ ေဆာင့္ေအာင့္လာေခ်ၿပီ ။

“နင္ကမ်ား…၊ သူမ်ားကုိ ေခ်ာက္ခ်ဖို ့ အင္တာနက္သမားေတြကို ၀ယ္ထားတဲ့သူကမွ နင္ဟဲ့…
ငါတုိ ့ကို လာမစြပ္စြဲနဲ့ ။ ဟုတ္လုိ ့ေက်ာ္ ပုပ္လို ့ေပၚ တဲ့ ၊ မဟုတ္တာလုပ္ေနတာ ရီပုိင္မွန္း အသိသာၾကီး ။ သူသာ ေယာက်ာ္းေတြကုိ မၾကိဳက္ရင္၊ သူသာ မိန္းမလို ၀တ္စားရတာ မၾကိဳက္ရင္ ဒီလုိ ေကာလဟလမ်ိဳးက ဘာလို ့ ထြက္လာမွာလဲ”

ကုန္ရႊီသည္ ေဒါသထြက္လုလု ၿဖစ္လာေနေလၿပီ ။

ဒါက ဘယ္လုိခ်ီးစကားေတြလဲ…

ရီ၀မ္၀မ္သည္ မ်က္လႊာေလး ခ်လုိက္ၿပီး ခပ္တုိးတုိးေလး
ရယ္ေမာလာကာ ေၿပာဆုိလာသည္ ။

“နင္ ေၿပာတာ မွန္တယ္ ။ ရီပုိင္က ေယာက်ာ္းေတြကုိ ၾကိဳက္တယ္ဆုိတာ အမွန္ပဲ”

ရီ၀မ္၀မ္၏စကား ဆံုးသြားသည့္အခုိက္ ေနရာၾကီးတစ္ခုလံုး ပြက္ေလာညံသြားေတာ့သည္ ။

……………………………………………………

စာစဥ္ ၄၈၊ အခန္း ၄ ။ မ်က္နွာၾကီးလုိက္လဲ

ရီ၀မ္၀မ္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ ထပ္ေၿပာလုိက္သည္ ။

“ၿပီးေတာ့ သူက မိန္းကေလးလို ၀တ္ရတာလည္း ၾကိဳက္တယ္”

သူမ၏စကားတုိ ့ေၾကာင့္ လူတုိင္း ပါးစပ္အေဟာင္းသား ၿဖစ္ကုန္ၾက၏။

ခ်ီးပဲ…ဒီေလာက္ အၾကီးၾကီးကြ ။

ရီပုိင္က တကယ္ၾကီး ေဂးေနတာလား ။
တကယ္ၾကီး မိန္းကေလးလုိ ၀တ္စားရတာကုိ ၾကိဳက္တာလား ။

လ်န္ရွီဟန္က တ၀ါး၀ါး ရယ္ေမာလာေတာ့သည္ ။

“ဟားဟားဟား…နင္က ငါ့ကို တံုးတယ္လုိ ့ ေၿပာတယ္… ရီ၀မ္၀မ္၊ နင္ကမွ တံုးတာ မဟုတ္ဘူးလား ။ နင္ကုိယ္တုိင္ ၀န္ခံလုိက္တယ္ေလ”

ဒီငတံုးမ ၊ ရီ၀မ္၀မ္ကေတာ့ တကယ့္ကုိ ၀က္လိုဦးေနွာက္နဲ ့ အသင္းေဖာ္ပဲ ။

၀န္ထမ္းတစ္ေယာက္သည္ အခ်င္းမ်ားေနသည္တုိ ့ကို သတိၿပဳမိသြားၿပီး အေၿပး ေရာက္ခ်လာသည္ ။

“စိတ္မရွိပါနဲ့၊ ဘာေတြ ၿဖစ္ေနၾကတာလဲ ခင္ဗ်ာ”

လ်န္ရွီဟန္သည္ ထို၀န္ထမ္းကို ေတြ ့လုိက္သည္နွင့္ ခ်က္ခ်င္းပင္ ေၿပာေလသည္ ။

“မန္ေနဂ်ာ က်န္း…ဒီမိန္းမက ဧည့္သည္စာရင္းထဲ မပါဘဲနဲ့ ဒီထဲကုိ အတင္း၀င္လာလုိ ့ပါ ။ တစ္ခ်က္ေလာက္ ၾကည့္ေပးပါဦး”

မန္ေနဂ်ာ က်န္း သည္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္၏ ။
တမုဟုတ္ခ်င္းပင္ သူ ့မ်က္လံုးထဲ အံ့အားသင့္သြားၿပီး…
“မိန္းကေလးက ဘယ္သူမ်ားလဲ ခင္ဗ်ာ”

လ်န္ရွီဟန္က မဲ့ရြဲ ့ကာ ေၿပာဆုိသည္ ။
“သူက အင္ေမာ္တယ္ေခတ္က ေတာက္တုိမယ္ရအလုပ္ေတြ လုပ္ေနရတဲ့ မိန္းကေလးတစ္ေယာက္ပဲ”

မန္ေနဂ်ာ က်န္း သည္ စိတ္ရႈပ္ေထြးလာသည့္ အမူအရာၿဖင့္ ရီမူဖန္ဘက္သုိ ့ လွည့္ၾကည့္လာသည္ ။

“စီအီးအုိ ရီ...ဒီမိန္းကေလးနဲ ့ ဘယ္လုိ ပတ္သက္မႈ ရွိလဲလုိ ့ ေမးပါရေစ”

ရီမူဖန္က စိတ္ဆတ္ဆတ္ၿဖင့္ ၿပန္ေၿဖေတာ့သည္ ။

“သူက ငါ့ညီမ၊ ၿပသနာ ရွိလု့ိလား”

မန္ေနဂ်ာ က်န္း သည္ ယဥ္ေက်းသိမ္ေမြ ့စြာၿဖင့္ ၿပန္္ဆုိလာသည္။
“က်ြန္ေတာ္ တကယ္ စိတ္မေကာင္းပါဘူး ခင္ဗ်ာ ။ ဒီကုိ တက္ေရာက္လာၾကတဲ့ ဧည့္သည္ေတာ္မ်ား အားလံုးကုိ ေဘးကင္း လံုၿခံဳေစဖုိ ့အတြက္ သီးသန္ ့ပြဲေလး လုပ္ထားတာပါ ။ ဒါေၾကာင့္ အဖိတ္မခံထားရရင္ ဘယ္သူမွ ၀င္လုိ့ မရပါဘူး ။ ေဆြမ်ိဳးေတြလည္း မရပါဘူး ။ စီအီးအိုရဲ့ ညီမေလးက ဧည့္သည္ စာရင္းထဲမွာ မပါဘူးနဲ့ တူတယ္၊ ဟုတ္တယ္မလား”

ရီမူဖန္က ၿပန္ကစ္ေတာ့သည္ ။

“ဧည့္သည္စာရင္းထဲ မပါဘူးလုိ ့ ဘယ္သူ ေၿပာလဲ ။
သူ ့ကို မင္းတုိ ့ရဲ့ ဥကၠဌ ခ်န္း ကိုယ္တုိင္က ဖိတ္ထားတာ”

ယခင္က ကမ႓ာ့အင္တာတိန္းမန္ ့နွင့္ အင္ပါယာစကုိင္း အင္တာတိန္းမန့္ ့၏ ဖိအားေၾကာင့္ ပြဲစီစဥ္သူမ်ားက သူတို ့ကို ပြဲစာရင္းထဲကေန ဖ်က္ထားခဲ့ၿခင္း ၿဖစ္၏ ။ ဆုရ စာရင္း ထြက္လာၿပီးသည့္ေနာက္တြင္ ခ်န္းယန္ဖန္ ့သည္ သူတို့ကုိ ေတာင္းပန္စကား ဆိုကာ ကုိယ္တုိင္ လာဖိတ္ေခၚခဲ့ေခ်သည္ ။

ခ်န္းယန္ဖန္ ့သည္ ရီဟုန္းေ၀ နွင့္ အလြန္တရာ ရင္းနွီးက်ြမ္း၀င္သူ ျဖစ္၏ ။ ရီမူဖန္ နွင့္ ရီ၀မ္၀မ္တုိ ့သည္ အင္ေမာ္တယ္ေခတ္ကုိ တည္ေထာင္ၿပီးသည့္ေနာက္တြင္
သူ ့ကုိ ခနခန ဖိတ္ကာ ညစာေက်ြးေမြးခဲ့ၿပီး ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ထားခဲ့၏ ။

သူနွင့္ သူ ့ညီမေလး၏ အေၿခအေနကို သိသြားၿပီးသည့္ေနာက္တြင္ ခ်န္းယန္ဖန္ ့သည္ တတ္နုိင္သည့္ဘက္ကေန ကူညီေပးခဲ့၏ ။
လ်ိဳခ်န္းနွင့္ ကုန္ရႊီတိ့ု၏ အထူးထရိနင္ ကိစၥသည္ပင္
သူ ့အဆက္အသြယ္မ်ားကတဆင့္ ရရွိထားခဲ့ၿခင္း ၿဖစ္၏ ။

သုိ ့ေသာ္ ရံဖန္ရံခါတြင္ အင္ပါယာစကုိင္း၏ ဖိနွိပ္ထားမႈေၾကာင့္ ခ်န္းယန္ဖန္ ့၏ လက္တုိ ့သည္ အတုပ္ေနွာင္ခံထားရတတ္၏ ။

ေနာက္ပုိင္းတြင္ ခ်န္းယန္ဖန္ ့ကိုယ္တုိင္က သူတို ့ကုိ ၿပန္ဖိတ္လာေသာ ေၾကာင့္ သူတို့သည္လည္း သူ ့အတြက္ မ်က္နွာသာ ၿပန္ေပးၾကၿခင္း ၿဖစ္၏ ။

လ်န္ရွီဟန္သည္ ထိုသည္ကုိ ၾကားလုိက္သည္နွင့္
ေအာ္ၾကီးဟစ္က်ယ္ ရယ္ေမာလာေတာ့သည္ ။

“ဥကၠဌ ခ်န္း ကုိယ္တုိင္က သူ ့ကုိ ဖိတ္ထားတယ္လား ။ ဟာသပဲ… ဒီမွာ က်ြန္မ ေၿပာလုိက္မယ္ ၊ ၀မ္းကြဲအစ္ကုိ…နင္ သူ ့ကုိ ရီပုိင္လို ့ ထင္ေနတာလား ။ သူ ့မ်က္နွာက အဲ့ေလာက္ေတာင္ ၾကီးတယ္လား”

အနားတြင္ ရွိေနၾကသည့္ သရုပ္ေဆာင္အားလံုးသည္
ထုိသည္ကုိ ၾကားလုိက္ၿပီး တ၀ါး၀ါး ပြဲက်ကုန္ၾကသည္ ။

သူေဌး လုပ္တဲ့သူ ရီမူဖန္ကေတာင္မွ အဲ့ေလာက္ မ်က္နွာၾကီးမွာ မဟုတ္ဘူး ။

အင္ေမာ္တယ္ေခတ္ရဲ့ ေနာက္ကြယ္က တကယ့္သူေဌးက ရီပုိင္ ဆုိတာကုိ ဘယ္သူ မသိလို ့လဲ ။
ဒီညရဲ့ ေရႊသစ္ခြပြဲမွာ တကယ့္စတားကလည္း ရီပုိင္ ပဲဟာ ။

ရီယီယီသည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ရီမူဖန္ဘက္ကေန ၀င္ေၿပာေပး လာသည္ ။

“တစ္ခုခု နားလည္မႈ လြဲေနတာ ၿဖစ္မွာပါ ။
မူဖန္ မလိမ္ေလာက္ဘူး”

လ်န္ရွီဟန္က မဲ့ေစာင္းကာ ေၿပာဆုိလာသည္ ။
“ဘယ္သိမွာလဲ…တခ်ိဳ ့လူေတြက စကားၾကီး စကားက်ယ္ေတြ ေၿပာရတာ သိပ္ၾကိဳက္ၾကတာ ။ သူ ့ညီမက ဒီထဲ ခုိး၀င္လာတာ သိသိသာသာၾကီးကုိ…  ဒါကိုေတာင္မွ ဥကၠဌ ခ်န္း ကုိယ္တုိင္က ဖိတ္ထားတာပါလုိ ့ ေၿပာရဲေသးတယ္ ၊ ဥကၠဌ ခ်န္း မရွိေနလုိ ့ေပ့ါ ၊ ရွိမ်ားရွိလုိ ့ကေတာ့ သူ ေၿပာရဲမွာမတဲ့လား”

ရုတ္တရက္ပင္ ရီ၀မ္၀မ္၏ဖုန္းက ထၿမည္လာေလသည္ ။

ဖုန္းေခၚဆုိသူ နာမည္တြင္ ၿပထားသည္ကား….
“ဥကၠဌ ခ်န္း”

လ်န္ရွီဟန္သည္ ရီ၀မ္၀မ္၏ ဖုန္းေပၚက ထုိနာမည္ကုိ ရိပ္ကနဲ ၿမင္လုိက္ၿပီး ခ်က္ခ်င္းပင္ စြတ္ကန္ေစာင္းလာေတာ့သည္ ။

“ေၿသာ္…တိုက္ဆုိင္လွခ်ည္ရဲ့ ။ အခုေလးတင္ ဥကၠဌ ခ်န္း အေၾကာင္း ေၿပာေနရံု ရွိေသးတယ္၊ ဥကၠဌ ခ်န္းက ဖုန္းေခၚလာတယ္ ။ လုပ္စမ္းပါ၊ ဆက္ဟန္ေဆာင္ေနစမ္းပါ ။ နင္က ဥကၠဌ ခ်န္း လုိမ်ိဳး ဟန္ေဆာင္ေပး မယ့္ သူကုိေတာင္ ရွာထားၿပီး ဖုန္းေတာင္ ဆက္ခုိင္းထားၿပီပဲ ။ သတိၱရွိရင္ ကိုင္လုိက္စမ္းပါ”

ရီယီယီသည္လည္း သိခ်င္စိတ္ၿဖင့္ ရပ္ၾကည့္ေနေလသည္ ။
ရီ၀မ္၀မ္ နွင့္ သူမ၏ အစ္ကုိ သည္ ထုိအကြက္ကုိ သံုးသည္မွာ
ဒါ ပထမအၾကိမ္ မဟုတ္ေလေသာေၾကာင့္
ရီ၀မ္၀မ္ ဟန္ေဆာင္ေနၿခင္းဟုသာ သူမ ထင္လုိက္ၿခင္းပင္ ။

သုိ ့ေသာ္လည္း ဒီေန ့တြင္ လူတုိင္း ရွိေနၾကၿခင္းးပင္ ။ ထုိကဲ့သုိ ့ ဟန္ေဆာင္လုိက္ရံုနွင့္ လူတုိင္းကုိ လွည့္စားနုိင္မည္ေတာ့ မဟုတ္ပါေခ် ။

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၅ ။ မမွတ္မိဘဲ ၿဖစ္သြားေတာ့မလို ့

ရီ၀မ္၀မ္သည္ လ်န္ရွီဟန္ နွင့္ ရီယီယီ တို ့အား ေၿခာက္ကပ္စြာ ၾကည့္လုိက္ၿပီးေနာက္ မသိက်ိဳးက်ြံၿပဳလုိက္ၿပီး ဖုန္းကိုင္လုိက္သည္ ။

“ဟယ္လို…ဥကၠဌ ခ်န္း”  ဟု ရီ၀မ္၀မ္က ႏႈတ္ဆက္လုိက္သည္ ။

ခ်န္းယန္ဖန္ ့သည္ တစ္ဖက္က ၿပန္ေၿဖလာသည့္ မိန္းကေလးသံကုိ ၾကားလုိက္ရသည့္အခါ
မသိမသာ အံ့ၿသသြားေတာ့၏ ။

“ဟုိ…မင္းက….”

ခ်န္းယန္ဖန္ ့သည္ ခ်က္ခ်င္းပင္ အသိၿပန္ကပ္သြားၿပီး
တုိးတုိးတိတ္တိတ္ ရယ္ေမာလာသည္ ။

“အာ…၀မ္၀မ္ ကိုး ၊ အသံၾကားၾကားခ်င္း မမွတ္မိလုိက္ဘူး ။ သမီး ပြဲကုိ မေရာက္ေသးဘူးလား”

ခ်န္းယန္ဖန္ ့သည္ ရီ၀မ္၀မ္က “ရီပုိင္” ဆုိသည့္ နာမည္ကုိ သံုးၿပီး လႈပ္ရွားေနၿခင္းကို သိေနသူ ၿဖစ္၏ ။
ထုိ ့ေၾကာင့္ ရီ၀မ္၀မ္က မိန္းကေလးလို ေၿပာလာသည္တြင္
အရမ္းၾကီး ထူးထူးေထြေထြ မၿဖစ္သြားပါေခ် ။

“ေရာက္ေနပါၿပီ ။ ဒီမွာ နည္းနည္း ၿပသနာတက္ေနလို ့ပါ” ဟု ရီ၀မ္၀မ္သည္ ၿပန္ေၿဖလုိက္သည္ ။

ခ်န္းယန္ဖန္ ့သည္ စိုးရိမ္စြာၿဖင့္ ၿမန္ၿမန္ဆန္ဆန္ ေမးလာသည္ ။

“ၿပသနာတက္ေနတယ္…ဟုတ္လား ။ ဘာမ်ား ၿဖစ္လုိ ့လဲ ။ စိတ္မပူနဲ ့၊ ဘိုး အၿပင္မွာ ေရာက္ေနၿပီ ။ ခနေလးပဲ ေစာင့္၊ ခနေနရင္ ေရာက္မယ္”

“ဟုတ္ကဲ့ပါ” ဟု ေၿပာလုိက္ၿပီး ရီ၀မ္၀မ္က ဖုန္းခ်လုိက္သည္ ။

လ်န္ရွီဟန္သည္ မဲ့ေစာင္းကာ ေၿပာဆုိလာသည္ ။

“အဟြန္း…ဟန္ေဆာင္လို့ ၿပီးသြားၿပီလား ။
ဒီထက္ပုိၿပီး ဟန္ေကာင္းေကာင္းနဲ့ သရုပ္ေဆာင္ပါဦးလား ။ နည္းနည္းပါးပါးေလး စပီကာေလးေတာ့ ဖြင့္ၿပီး ေၿပာဦးမွေပါ့”

ရီ၀မ္၀မ္သည္ ဆက္ကာ မဟန္ေဆာင္နုိင္ေတာ့ေသာေၾကာင့္ ဖုန္းခ်လုိက္ၿခင္းဟု လ်န္ရွီဟန္ ေတြးေနၿခင္းပင္ ။
သူမသည္ ထုိမန္ေနဂ်ာကို ၾကည့္လုိက္ၿပီး ေၿပာလုိက္သည္ ။

“မန္ေနဂ်ာ က်န္း…ရွင္ အခုထိ မၿမင္ေသးဘူးလား ။ ဒီမိန္းမက ဒီေနရာကုိ ခုိး၀င္လာတာ အသိသာၾကီး၊ လူတိုင္းလည္း အသိပဲ ။ ဧည့္သည္ေတြ စိတ္အေနွာက္အယွက္ ၿဖစ္ေအာင္လုိ ့မ်ား ပြဲစီစဥ္သူေတြက ဘာမွ မလုပ္ဘဲ တမင္သက္သက္ ရပ္ၾကည့္ေနၾကတာလား”

မ်က္လံုးေပါင္းမ်ားစြာသည္ သူ ့ေပၚ က်ေရာက္ေနသၿဖင့္
မန္ေနဂ်ာ က်န္း သည္ ထိုသည္ကုိ ေက်ာ္သြား၍ မၿဖစ္ေတာ့ပါေခ် ။
ထို ့ေၾကာင့္ သူသည္ ရီ၀မ္၀မ္ကို အၿပတ္ေၿပာလုိက္ေတာ့သည္ ။

“စိတ္မေကာင္းပါဘူး မိန္းကေလး ။ မိန္းကေလးဆီမွာ ဖိတ္ၾကားလႊာ မရွိဘူးဆုိရင္ ဒီပြဲကေန ခ်က္ခ်င္း ထြက္သြားေပးပါ”

ရီမူဖန္၏မ်က္လံုးတုိ ့ က်ဥ္းေၿမာင္းလာသည္ ။ သူ တစ္ခုခုကို ေၿပာမည္ဟန္ ၿပင္လုိက္ခ်ိန္တြင္ တံခါး၀တြင္ ရုတ္ရုတ္သဲသဲ ၿဖစ္လာသည္ကုိ ၾကားလုိက္ရ ၏ ။ အနုပညာရွင္မ်ား အားလံုးသည္ ေရာက္လာသူကုိ ၿမင္လုိက္ၾကသည္တြင္ အလိုလုိ ထရပ္လုိက္ၾကၿပီး လမ္းရွဲလုိက္ၾကသည္ ။

“ဥကၠဌ”

“ဥကၠဌ ခ်န္း ေရာက္လာၿပီ”

ခ်န္းယန္ဖန္ ့၏ေနာက္တြင္ အၾကီးအကဲမ်ားလည္း ပါလာ၏ ။ သူသည္ ဧည့္သည္ေတာ္မ်ားကုိ အလုိက္သင့္ ႏႈတ္ဆက္လုိက္ၿပီး ရီ၀မ္၀မ္ဆီသုိ ့ အလ်င္စလုိ တန္းတန္းၾကီး ေလ်ွာက္ခ်လာေခ်ၿပီ ။

“ရီ၀မ္၀မ္…ဥကၠဌ ခ်န္း ေရာက္လာၿပီ ။ နင္ ဆက္ၿပီး ဟန္ေဆာင္ေနနုိင္ဦးမလား ၾကည့္ၾကေသးတာပါ့”

လ်န္ရွီဟန္သည္ ဥကၠဌ ခ်န္း ေရာက္လာသည္ကုိ ၿမင္လုိက္သည္နွင့္ အေပ်ာ္ၾကီး ေပ်ာ္သြားေတာ့ၿပီး အခုအေၿခအေနကို ေၿပာၿပလုိေဇာၿဖင့္
ဥကၠဌ ဆီ အူးယားဖားယား သြားေတာ့သည္ ။

သို ့ေသာ္ ၊ ခ်န္းယန္ဖန္ ့သည္ လ်န္ရွီဟန္ကို သတိၿပဳမိဟန္ မတူ ။ ရီ၀မ္၀မ္ဆီသုိ ့ တန္းတန္းၾကီး ေလ်ွာက္လာေနေလသည္ ။

ခ်န္းယန္ဖန္ ့သည္ ရီ၀မ္၀မ္၏ ၀တ္စံုကို ၿမင္လုိက္သည္နွင့္ ၀မ္းသာအားရ က်ီစယ္စေနာက္ေတာ့သည္ ။

“အာ…ဒါရုိက္တာ ရီ..ဘာလုိ့ ရုတ္တရက္ၾကီး မိန္းကေလးလုိ ၀တ္စားထားရတာလဲ ။ မမွတ္မိေတာ့မလိုေတာင္ ၿဖစ္သြားတယ္ဗ်ာ”

ၿပန္ခ်ြန္ေတာ့မည့္ လ်န္ရွီဟန္ ခမ်ာ ဆြံ ့အသြား၏ ။

ဥကၠဌ ခ်န္း က ရီ၀မ္၀မ္ကုိ ဘယ္လိုေခၚလုိက္တယ္…
ဒါရုိက္တာ…ရီ…ဟုတ္လား ။

ရီပုိင္က…အင္ေမာ္တယ္ေခတ္က ဒါရိုက္တာ…ရီ မလား ။

ရီ၀မ္၀မ္ကလည္း ဒါရုိက္တာ ရာထူးကုိ ရထားတာလား ။

ဒါေပမယ့္ မိန္းကေလးလို ၀တ္စားထားတယ္ ဆုိတာက ဘာစကားၾကီးလဲ ။ အဲ့ဒီစကားၾကီးက ဘာလုိ ့ ထူးဆန္းေနတာလဲ ။

ခ်န္းယန္ဖန္ ့သည္ အနားတြင္ ၀ုိင္းအံုေနၾကသည့္ လူမ်ားစြာအၿပင္ မန္ေနဂ်ာ က်န္း ပါ ရွိေနသည္ကို ၿမင္လုိက္ၿပီး မန္ေနဂ်ာ က်န္း ကို ၾကည့္လုိက္ေလသည္ ။

“ဘာၿဖစ္တာလဲ”

မန္ေနဂ်ာ က်န္း က ကပ်ာကယာ ရွင္းၿပလာသည္ ။

“ဒီမိန္းကေလးက ဖိတ္ၾကားလႊာ မရွိဘဲ ၀င္လာတာ မလုိ ့
ၿပန္သြားဖုိ ့အတြက္ က်ြန္ေတာ္ ေၿပာေနတာပါ…”

ခ်န္းယန္ဖန္ ့၏မ်က္နွာထားမွာ ခ်က္ခ်င္းပင္ ပ်က္ယြင္းသြား၏ ။ သူသည္ စိတ္ဆုိးမာန္ဆုိး ၿဖစ္လာၿပီး ထိုမန္ေနဂ်ာကုိ ေငါက္ငမ္းေတာ့သည္  ။

“အဓိပၸာယ္ မရွိလိုက္တာ…”

ဥကၠဌ၏ ေဒါသေၾကာင့္ ဒါရိုက္တာ က်န္း မွာ ထခုန္မတတ္ ၿဖစ္သြား၏ ။

ငါ ဘာအမွား လုပ္မိလုိ ့လဲ ။

“ဗ်ာ…ဥကၠဌ…ဘ-ဘာၿဖစ္လုိ ့လဲ”

ခ်န္းယန္ဖန္ ့၏ဟန္ပန္မွာ ေဒါသထြက္လုိ ့ေန၏ ။

“သူ ဘယ္သူလဲ သိလား ။ ငါ့မွာ ခက္ခက္ခဲခဲနဲ ့ သူ့ကုိ ဖိတ္ထားရတာကုိ မင္းက ေမာင္းထုတ္ေနတယ္…ဟုတ္လား”

“ဗ်ာ…ေတာင္း…ေတာင္းပန္ပါတယ္ ဥကၠဌ ။ ဥကၠဌ ဖိတ္ထားတာမွန္း က်ြန္ေတာ္...က်ြန္ေတာ္ မသိလုိ ့ပါ...”

မန္ေနဂ်ာ က်န္း သည္သာလ်ွင္ မဟုတ္ ။ သူတုိ့နားတြင္ ရွိေနၾကသည့္ လူအားလံုးပါ အံ့ၿသသြားၾကၿခင္းတည္း ။

ဘာေတြ ၿဖစ္ကုန္တာလဲ ။

…………………………………………………

စာစဥ္ ၄၈၊ အခန္း ၆ ။  လန္ ့စရာေတြ

ခ်န္းယန္ဖန္ ့ကိုယ္တုိင္က ဖိတ္ထားတာ…ဟုတ္လား ။

ဒါေပမယ့္ ဘယ္လိုလုပ္ ၿဖစ္နုိင္မွာလဲ ။

ခ်န္းယန္ဖန္ ့သည္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္ကာ
ခပ္ၿပံဳးၿပံဳးၿဖင့္ ေၿပာေလသည္ ။

“အေစာက ဖုန္းေၿပာတုန္းက ဘာၿပသနာမ်ား တက္ေနသလဲ ေအာက္ေမ့တယ္ ။ အခုမွပဲ နားလည္သြားေတာ့တယ္ဗ်ာ”

ရီ၀မ္၀မ္၏အမူအရာမွာ အနည္းငယ္ စိတ္က်ဥ္းက်ပ္လာကာ….

“ဥကၠဌ ခ်န္း ကုိ ဒုကၡေပးမိတာ ေတာင္းပန္ပါတယ္ရွင္”

ခ်န္းယန္ဖန္ ့က ကပ်ာကယာ ေၿပာလုိက္သည္ ။

“မဟုတ္တာ၊ မဟုတ္တာ ။ ဒါက က်ြန္ေတာ့္ဘက္က လုိသြားတာပါ”

ခ်န္းယန္ဖန္ ့နွင့္ ရီ၀မ္၀မ္တုိ ့၏ စကားတုိ့ကုိ နားေထာင္ေနရင္း လူတိုင္းသည္ စိတ္ရႈပ္ေထြးသြားၾကသည္ ။

“အားလံုးပဲ”

ခ်န္းယန္ဖန္ ့က အားလံုးကုိ အသံတိတ္ပါရန္ လက္ေၿမွာက္ၿပလုိက္သည္ ။ ထုိ ့ေနာက္တြင္
လူတုိင္းကုိ ေ၀့ၾကည့္လုိက္ၿပီး ေၿပာလုိက္သည္ ။

“မိန္းကေလး ရီ၀မ္၀မ္ ဒီကုိ ေရာက္လာတာက နည္းနည္း နားလည္မႈ လြဲသြားတာကုိ ၿဖစ္သြားေစခဲ့ပါတယ္ ။
ဒါေၾကာင့္ မိန္းကေလး ရီ ကို အားလံုးနဲ ့ ၿပန္မိတ္ဆက္ေပးပါ့မယ္”

လူတုိင္းသည္ ဇေ၀ဇ၀ါၿဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္ ။

ၿပန္မိတ္ဆက္ေပးမယ္…ဟုတ္လား ။

ခ်န္းယန္ ့ဖန္ ့က တခနေလာက္ နားလုိက္ၿပီး ဆက္ေၿပာသည္ ။

“မိန္းကေလး ၀မ္၀မ္ က က်ြန္ေတာ့္ မိတ္ေဆြအရင္းၾကီးရဲ့ သမီးေလးပါ ။ ၀မ္၀မ္ အလုပ္စလုပ္ေတာ့ အဆင္ေၿပေအာင္လုိ ့ ဆုိၿပီး နာမည္အရင္း ကုိ သူ မသံုးခဲ့ပါဘူး ။ အဲ့ဒီအစား နာမည္၀ွက္တစ္ခုကို သံုးထားပါ တယ္…”

ထုိစကားေၾကာင့္ လူတုိင္းမွာ ပုိလုိ ့ပင္ ဇေ၀ဇ၀ါ ၿဖစ္ကုန္ၾကေလၿပီ ။

နာမည္၀ွက္…ဟုတ္လား ။ ဒီမိန္းမမွာ ေနာက္ထပ္ နာမည္တစ္မ်ိဳး ရွိေနတာလား ။

ဒါေပမယ့္ ခ်န္းယန္ဖန္ ့ကေတာင္မွ ကုိယ္တုိင္ဖိတ္ရတယ္ဆုိေတာ့ ဘယ္နာမည္မုိ့လုိ့ပါလိမ့္ ။ သူ ့အခက္အခဲကေန ကယ္ထုတ္ေပးဖို ့ ့ေတာင္မွ ၀န္မေလးဘူး ဆိုေတာ့…

ခ်န္းယန္ဖန္ ့က ေၿပာလုိက္သည္ ။

“မိန္းကေလး ရီ၀မ္၀မ္ ရဲ့ အနုပညာနာမည္ကေတာ့ ရီပုိင္ ပါ ။ တစ္မ်ိဳးေၿပာရရင္ ဒီမိန္းကေလးက အင္ေမာ္တယ္ေခတ္က လူသစ္ရွာေဖြေရး ဌာန ရဲ့ ဒါရုိက္တာ ရီ ပါ”

“…”

ခ်န္းယန္ဖန္ ့၏ ေပါ့ေပါ့ပါးပါး ေၿပာလုိက္သည့္ စကားမွာ ရွိေနၾကသည့္ လူတုိင္းကုိ ရုတ္ၿခည္း တိတ္ဆိတ္သြားေခ်သည္ ။

လူတုိင္းသည္ ေသြးေလေခ်ာက္ခ်ားကာ အိပ္မက္ ကေယာင္ကတမ္း မက္ေနၿခင္း မ်ားလားဟု ထင္မိၾကကုန္၏ ။

အေၿခအေန ဆုိးလာသည္မုိ ့ သၾကားလံုးေလးကုိ
ေရွ ့ထြက္ ကာကြယ္ေပးဖုိ ့ ၿပင္လုိက္သည့္ ကုန္ရႊီသည္ပင္ ခ်န္းယန္ဖန္ ့၏ ေၾကညာေမာင္းခတ္လာၿခင္း ကို ၾကားလုိက္ၿပီးသည့္ေနာက္ တခနေလာက္ ၾကက္ေသေသသြား၏ ။ ထို ့ေနာက္မွ…

“အဘိုးၾကီး ခ်န္းက ဘာ-ဘာေၿပာလုိက္တာလဲ”

“မိန္းကေလး ရီ ရဲ့ နာမည္၀ွက္က…ရီပုိင္ တဲ့…” ဟု လ်ိဳခ်န္းက ေၿပာသည္ ။

“ေသာက္က်ိဳးနည္း…ရီမူဖန္ရဲ့ ညီမေလးက အစ္ကုိ ရီ…ဟုတ္လား ။ ဥကၠဌ ခ်န္း မူးမ်ားေနတာလား” ဟု ထန္ရွင္းေဟ်ာ္က ၀င္ေၿပာသည္ ။

တၿခားေသာ ဧည့္သည္ေတာ္အားလံုးသည္လည္း ထုိသုိ ့ပင္ ၿဖစ္ကုန္ၾကသည္ ။

“ဟာ…ဥကၠဌ ခ်န္းက ဘာ-ဘာေၿပာသြားတာလဲ”

“အဲ့ဒီ မိန္းကေလး ရဲ့ နာမည္၀ွက္က ရီပုိင္လုိ ့ ေၿပာသြားတာ…ထင္တယ္ ။ ေသာက္က်ိဳးနဲ…ရီပုိင္…ဟုတ္လား ။ ဘယ္က ရီပုိင္ လဲ”

“အနုပညာေလာကမွာ ရီပုိင္ ဘယ္နွေယာက္မ်ား ရွိလုိ ့လဲဟ ။ အင္ေမာ္တယ္ေခတ္က လူသစ္ရွာေဖြေရးဌာနရဲ့ ဒါရုိက္တာ ရီ ပါလုိ ့ ဥကၠဌ ခ်န္း ေၿပာသြားတယ္ မွတ္လား ။ ဒါဆို လ်ိဳခ်န္း နဲ ့ ကုန္ရႊီ ရဲ့ မန္ေနဂ်ာ ေပါ့ဟ”

“နင္ ငါ့ကုိ လာေနာက္ေနတာလား ။ ရီပုိင္က ေယာက်ာ္းပါ၊ ဟုတ္ပီလား”

လ်န္ရွီဟန္သည္ အခ်ိန္အၾကာၾကီး ၾကာေတာ့မွ အသိၿပန္ကပ္ သြားၿပီး ရယ္ေမာကာ ေမးလာသည္ ။

“ဥကၠဌ ခ်န္းက မွားမ်ားမွားေနတာလားရွင္ ။ ရီ၀မ္၀မ္ရဲ့..နာမည္၀ွက္က…ရီပုိင္ ၊ ဟုတ္လား ။ အင္ေမာ္တယ္ေခတ္က ရီပုိင္ လား ။ ဒါရုိက္တာ ရီ က ေယာက်ာ္းေလးပါရွင္”

ခ်န္းယန္ဖန္ ့သည္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္ၿပီး ရွင္းၿပလာသည္ ။

“ဟုတ္ပါတယ္ဗ်ာ၊ ဟုတ္ပါတယ္ ။ ၀မ္၀မ္က အလုပ္လုပ္ရတာ အဆင္ေၿပေအာင္လို ့ ဆိုၿပီး ေယာက်ာ္းေလးလုိ ၀တ္စားထားတာပါ ။ ရီပုိင္ ဆုိတာက ၀မ္၀မ္ အလုပ္လုပ္တဲ့အခ်ိန္မွာ သံုးတဲ့ နာမည္၀ွက္ တစ္ခုပါ ။ ဒါေၾကာင့္မို ့ သူ ့ကို မသိၾကတဲ့သူေတြက ေယာက်ာ္းတစ္ေယာက္လုိ ့ပဲ ထင္ေနၾကတာပါ”

ခ်န္းယန္ဖန္ ့၏ ရွင္းၿပလုိက္ၿခင္းကုိ ၾကားလုိက္ၾကသည္တြင္ လူတုိင္း တအံ့တၿသ ၿဖစ္ကုန္ၾကေလသည္ ။

“ခ်ီးပဲ…ဇာတ္လမ္းတစ္ပုဒ္ေတာင္မွ ဒီေလာက္ထိ
လ်ိဳ ့၀ွက္နက္နဲမွာ မဟုတ္ဘူး ။ ရီပုိင္က တကယ္ေတာ့ မိန္းကေလးတစ္ေယာက္လား ။
ဒါေတာ့ အရမ္း ရုပ္ေပါက္သြားၿပီ”

“ဒါေပမယ့္…ေၿပာတဲ့သူက ဥကၠဌ ခ်န္းေလ၊ ဒီေတာ့ အဲ့ဒါက အမွန္ ၿဖစ္ေလာက္တယ္....”

“ဒါဆုိ…ရီပုိင္က ေယာက်ာ္းေတြကုိ ၾကိဳက္ၿပီးေတာ့ မိန္းကေလးလုိ ၀တ္စားရတာကို ၾကိဳက္တယ္ဆုိတာက… ‘သူ’ က အစကတည္းက မိန္းမ ၿဖစ္ေနတာလား”

“ေသစမ္း…ဒီနွစ္ရဲ့ ေရႊသစ္ခြပြဲကေတာ့ တစ္ခုၿပီးတစ္ခု
လန္ ့စရာေတြ ခ်ည္းပါလား”

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၇ ။  အရက္ ပုလင္းလုိက္ မွားေသာက္ထားၿခင္း

“အဘုိးၾကီး ခ်န္း က အရက္ပုလင္းလုိက္ၾကီး မွားေသာက္မိထားတာ မ်ားလား…” ဟု ကုန္ရႊီက ေၿပာလာသည္ ။

ထန္ရွင္းေဟ်ာ္က ခ်က္ခ်င္း ခြန္းတုံ ့ၿပန္သည္ ။
“ဒါမွမဟုတ္ ငါတုိ ့ပဲ ပုလင္းလုိက္ မွားေသာက္ထားမိတာလား…”

လ်ိဳခ်န္း ။  “…”

ပြဲခန္းမထဲ အုတ္ေအာ္ေသာင္းနင္း ၿဖစ္ေနစဥ္၊
က်န္းယန္ရန္သည္ သန္ ့စင္ခန္းဘက္ကေန ထြက္လာေလၿပီ ။

၀ုိင္ အနည္းငယ္ ေသာက္ၿပီးသြားသည့္ေနာက္တြင္ မအီမသာ ၿဖစ္လာသၿဖင့္ သန္ ့စင္ခန္းထဲသုိ ့ သူမ ၀င္သြားခဲ့ၿခင္း ၿဖစ္၏ ။

“၀မ္၀မ္…”

ရီ၀မ္၀မ္သည္ မိန္းကေလးလုိ ၀တ္စားလိမ့္မည္ဟု မေမ်ွာ္လင့္ထားၿခင္းေၾကာင့္ က်န္းယန္ရန္ခမ်ာ ေရွာ့ရသြား၏ ။ သုိ ့နွင့္ သူမ လႊတ္ခနဲ ထြက္သြားမိၿခင္းပင္ ။ 

“နင္…နင္ မိန္းကေလး၀တ္စံု ေၿပာင္း၀တ္လုိက္ၿပီလား”

“အင္း” ဟု ရီ၀မ္၀မ္က ၿပန္ေၿဖသည္ ။

က်န္းယန္ရန္သည္ ခ်က္ခ်င္းပင္ ၀မ္းနည္းပန္းနည္းၿဖင့္ ညည္းတြားလာေတာ့၏ ။

“ငါက ဒီည ငါ့နတ္ဘုရား ရီပုိင္ နဲ ့ အတူရွိေနရမယ္ ထင္ထားတာ…”

ရီ၀မ္၀မ္က ခုိးခုိးခစ္ခစ္ ရယ္ေမာလာေလသည္ ။

“ေနာက္ေတာ့ ၾကံဳလာမွာပါ”

ထိုေတာ့မွ က်န္းယန္ရန္ ထပ္ဖန္ ေပ်ာ္ရႊင္၀င္းပသြားေတာ့သည္ ။

“ဟုတ္သားပဲ…ငါက အခုမွ ဒီေလာကထဲ ၀င္ရံုပဲ ရွိေသးတာ၊ ေနာက္ဆုိ နင္နဲ ့အတူ အလုပ္တြဲလုပ္ရေတာ့မွာပဲဟာ…”

ယခုအခ်ိန္တြင္ သူမသည္ သူမ၏နတ္ဘုရားလက္ေအာက္က
တရား၀င္ သရုပ္ေဆာင္တစ္ေယာက္ ၿဖစ္ေနၿပီ မဟုတ္ပါလား ။

ထိုထို မယံုသကၤာၿဖစ္ေနၾကေသးသည့္ အနုပညာရွင္တုိ ့မွာ က်န္းယန္ရန္၏ စကားတုိ ့ကို ၾကားလုိက္ရသည္တြင္ ထပ္ဖန္တစ္ခါ အံ့ၿသသြားၾကၿပန္သည္ ။

ခ်က္ခ်င္းပင္၊ မိန္းကေလးသရုပ္ေဆာင္မ်ားစြာသည္ က်န္းယန္ရန္နားကို ေလ်ွာက္သြားၾကကာ သတင္းႏိႈက္ၾကေတာ့သည္ ။ ဟန္ခ်င္းလင္သည္ မယံုၾကည္ႏိုင္စြာၿဖင့္ တုိးတုိးတိတ္တိတ္ ေမးေလသည္ ။

“အေကာင္းဆံုးသရုပ္ေဆာင္ဆုရွင္ က်န္း…ဟုိေလ...ရီပုိင္က တကယ္ၾကီး မိန္းကေလးလား”

က်န္းယန္ရန္က ေခါင္းညိတ္ၿပသည္ ။

“အြန္း…သူက ငါ့ရဲ့ အခ်စ္ဆံုးသူငယ္ခ်င္း ။ ငါတုိ ့ အေဆာင္တစ္ခန္းထဲ ေနၿပီးေတာ့ အထက္တန္းေက်ာင္းကို အတူတက္ခဲ့ၾကတာ”

တမုဟုတ္ခ်င္းပင္ ဟန္ခ်င္းလင္ခမ်ာ ၾကက္ေသေသသြား၏ ။

ေသစမ္း…ငါ့ရဲ့ နတ္ဘုရားက ဘယ္လိုလုပ္ ခ်က္ခ်င္းၾကီး နတ္ဘုရားမ အၿဖစ္ ေၿပာင္းသြားရတာလဲ ။

သူမသည္ အေစာနက ရီ၀မ္၀မ္ကုိ ေတြ ့ခဲ့ခ်ိန္ ရင္းနွီးသည္ကုိ ခံစားမိခဲ့၏ ။ ထုိ ့ၿပင္ ရီ၀မ္၀မ္၏ မ်ိဳးရုိးမွာ ရီပုိင္ လုိပဲ ရီ မ်ိဳးရုိး ၿဖစ္ေနေသာေၾကာင့္ ေဆြမ်ိဳးမကင္းမ်ား ၿဖစ္ေနမည္လားဟု
သူမ ေတြးမိခဲ့ေသး၏ ။

သုိ ့ေသာ္ ထုိကဲ့သုိ့ ၿဖစ္လာလိမ့္မည္ကုိေတာ့ တစ္ခါမွ မေတြးမိဖူးပါေခ် ။

တၿခားေသာမိန္းကေလးမ်ားသည္လည္း ဟန္ခ်င္းလင္ ကဲ့သုိ ့ပင္ ။ နွလံုးသားေတြ တစ္စစီ ေၾကကြဲပ်က္စီးသြားသလို ခံစားလုိက္ၾကရ၏ ။

လ်န္ရွီဟန္သည္ ၿဖဴစုတ္ေနသည့္ မ်က္နွာၿဖင့္ ေၿပာဆုိလာသည္ ။

“က်န္းယန္ရန္…နင္ လိမ္ေနတာ ။ ရီ၀မ္၀မ္က ဘယ္လုိလုပ္…ရီ၀မ္၀မ္က ဘယ္လုိလုပ္ ရီပုိင္ ၿဖစ္နုိင္မွာလဲ ။ ဒါ လံုး၀ အဓိပၸာယ္ မရွိဘူး”

ထိုသုိ ့ ၿဖစ္ေနသည္မွာ လ်န္ရွီဟန္ တစ္ေယာက္တည္းသာလ်ွင္ မဟုတ္ေပ ။ ရီယီယီ၏ မ်က္နွာသည္လည္း အပ်က္ယြင္းၾကီး ပ်က္ယြင္းေနေလသည္ ။

ရီပုိင္ လား ။

အဲ့ဒီ အလကားဟာမ ရီ၀မ္၀မ္က ဘယ္လုိလုပ္ ရီပုိင္ ၿဖစ္ေနတာလဲ ။

အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆုရွင္ နွစ္ေယာက္နဲ ့ အမ်ိဳးသမီး သရုပ္ေဆာင္ဆုရွင္ တစ္ေယာက္ကုိ တစ္ညထဲမွာ ေမြးထုတ္ေပးနုိင္ခဲ့တဲ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေတာ္လြန္းတဲ့ ရီပုိင္က…ရီ၀မ္၀မ္ လား ။

သူမ တစ္ကုိယ္လံုး ေၾကာက္လန္ ့မႈတုိ ့ လိႈက္ဖုိလာသည္ ။

မ်က္ေတာင္တစ္မွိတ္ေလး အတြင္းမွာပင္ ၊ သူမ၏ အစီအစဥ္ မွန္သမ်ွမွာ ေတာ္ေနးဒုိး အတုိက္ခံလုိက္ရသည့္နွယ္ အစိတ္စိတ္အမႊာမႊာ ၿဖစ္သြားရ ေလၿပီ ။

က်န္းယန္ရန္သည္ လ်န္ရွီဟန္ကို ၾကည့္လုိက္သည္ ။

“၀မ္၀မ္က ငါ့ရဲ့မန္ေနဂ်ာ ပါ ။ လူေရြးပြဲ သြားတုန္းကလည္း ၀မ္၀မ္ ပါလာပါတယ္ ။ အဲ့တုန္းက မိန္းကေလး လ်န္ လည္း ရွိတယ္ေလ ။ အဲ့ေန ့က နင္ သူ ့ကုိ ေတြ ့တယ္မလား”

“ငါ…”

လ်န္ရွီဟန္သည္ အေတြးတုိ ့ ၿပန္ေၿပာင္းလာေလသည္ ။

က်န္းယန္ရန္ရဲ့ လူေရြးပြဲကုိ ရီ၀မ္၀မ္ အေဖာ္လုိက္ေပးခဲ့တာေတာ့ အမွန္ပဲ ။

ဒါေပမယ့္…ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။

ရီ၀မ္၀မ္လို အမိႈက္က ေအာက္ေၿခသိမ္းအလုပ္ေတြနဲ ့ပဲ တန္တာ ။ မ်က္နွာၿပၿပီး ေယာက်ာ္းေတြကုိ ခ်ဴစားေနတဲ့သူပဲ ၿဖစ္သင့္တဲ့ဟာ ။

ဘယ္လုိလုပ္ ရီပုိင္ ၿဖစ္နုိင္မွာလဲ ။
သူက အနုပညာေလာကၾကီးတစ္ခုလံုးကုိ ဟုိးဟုိးေက်ာ္သြားေစတဲ့ ေရႊမန္ေနဂ်ာၾကီး ရီပုိင္ ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။

သုိ ့ေသာ္လည္း မည္သုိ ့ပင္ မယံုခ်င္ ၿဖစ္ေနပါေစ ၊ ဥကၠဌ ခ်န္း ကိုယ္တိုင္က ေၿပာသြားၿပီးေလၿပီ ၿဖစ္ေသာေၾကာင့္ အမွန္တရားသည္ သူတုိ ့ေရွ ့တြင္ ဘြင္းဘြင္းၾကီး ၿဖစ္ေနေလၿပီ ။ ထို ့ေၾကာင့္ သူတုိ ့ ယံုၾကည္မွသာ ရေပမည္ ။

ကုန္ရႊီသည္ ေၾကာင္ေၾကာင္အမ္းအမ္းၿဖင့္ မတ္တပ္ရပ္ေနၿပီး လူအုပ္ၾကီးထဲက ထုိမိန္းကေလးကုိ ေတြေတြေလး ေငးစုိက္ၾကည့္ေနသည္ ။ ထိုေဘးထုိင္ဘုေၿပာေနၾကသူမ်ား၏ စကားသံတုိ ့ကုိ နားေထာင္ေနရင္း သူ ့မ်က္နွာမွာ ၿဖဴေလ်ာ္သထက္ ၿဖဴေလ်ာ္လာ၏ ။
ထို ့ေနာက္တြင္ သူ ့ေၿခေထာက္တုိ ့ပါ ထံုထုိင္းလာေလသည္ ။

လ်ိဳခ်န္းနွင့္ ထန္ရွင္းေဟ်ာ္တုိ ့သည္ တစ္ၿပိဳင္တည္း သူ ့ကို ဆြဲထိန္းထားလုိက္ၾကရ၏ ။

ထန္ရွင္းေဟ်ာ္က ေခ်ာင္းအသာ ဟမ့္လုိက္သည္ ။

“အရူးေကာင္၊ မင္း အဆင္ေၿပရဲ့လား”

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ ၿပန္ေဟာက္လာေတာ့သည္ ။

“ငါ့ေနရာမွာ မင္းသာဆုိ အဆင္ေၿပပါ့မလား ။
ငါ့ပံုစံက အဆင္ေၿပတဲ့ပံု ေပါက္ေနလုိ ့လားကြ”

ထန္ရွင္းေဟ်ာ္သည္ သူ ့မ်က္နွာထက္က ေခ်ြးတုိ ့ကုိ သုတ္သပ္ပစ္လုိက္ၿပီး…

“င့ါကို လာေအာ္မေနနဲ ့။ ငါလည္းပဲ အရမ္း ေရွာ့ရတာပဲ၊ ဟုတ္ပီလား”

……………………………………………………

စာစဥ္ ၄၈၊ အခန္း ၈ ။  ေတာ္ေတာ္ေၾကာက္ေနပါၿပီ

ကုန္ရႊီသည္ ၾကက္ေသေသကာ ေၾကာင္အလုိ ့ေနဆဲသာ ။

သူ ဘယ္လုိပင္ စဥ္းစားၾကည့္ပါေစ၊ သၾကားလံုးနွင့္ အစ္ကုိ ရီသည္ တစ္ေယာက္တည္း ၿဖစ္ေနလိမ့္မည္ဟုေတာ့ မ်က္လံုးထဲ ပံုေဖာ္ၾကည့္၍ပင္ မရပါေခ် ။

ကုန္ရႊီသည္ ထံုထံုအအနွင့္ အေတြးထဲ ေယာင္ခ်ာလိုက္ေနမိစဥ္၊
သူ ့အေနာက္ဘက္ကေန ေၿခသံတုိ ့ ထြက္လာသည္ ။

ဟန္ရွန္းယြီသည္ အေနာက္ဘက္ကေန ေလ်ွာက္လာေနၿခင္းပါတည္း ။

ကုန္ရႊီသည္ ထိုေရာက္လာသည့္သူကို ၿမင္လုိက္သည္နွင့္ ကယ္တင္ရွင္ၾကီး ေရာက္လာသလုိ ခံစားမိသြား၏ ။
ခ်က္ခ်င္းပင္ ဟန္ရွန္းယြီနား ကပ္လုိက္ၿပီး…

“အစ္ကုိ ရွန္းယြီ…အစ္ကုိ ရွန္းယြီ၊ ၾကားလုိက္လား ။
ဟုိလူေတြ ရူးမ်ားေနၾကတာလား ။ ရူးေနၾကတာပဲ ၿဖစ္ရမယ္ေနာ္ ။ သူတို ့ေတြ အစ္ကုိ ရီ ကို မိန္းကေလး လုိ ့ ေၿပာေနၾကတယ္”

ဟန္ရွန္းယြီသည္ ကုန္ရႊီကုိ ၾကည့္လုိက္ၿပီး
တည္တည္ၿငိမ္ၿငိမ္ၿဖင့္ ေၿပာလုိက္သည္မွာ…
“ရီပုိင္က…တကယ္ကို မိန္းကေလးပါ”

ကုန္ရႊီ ။  “…”

ဟန္ရွန္းယြီ၏ တည္ၿငိမ္ေနသည့္ အမူအရာကုိ ၿမင္လုိက္သည့္အခါ ကုန္ရႊီသည္ အတုိင္းသား အံ့ၿသသြားေတာ့၏ ။

“အစ္ကုိ ရွန္းယြီ သိေနတာ ၾကာၿပီလား”

ဟန္ရွန္းယြီသည္ လူအုပ္ၾကီးကို ၾကည့္လုိက္ၿပီး
“သိပ္မၾကာေသးဘူး” ဟု ေၿပာကာ လူအုပ္ၾကီးက ၀ုိင္းေနသည့္ မိန္းကေလးရွိရာဆီ ေလ်ွာက္သြားေလၿပီ ။

“သိပ္မၾကာေသးဘူး ဆုိတာက သိတယ္လုိ ့ ေၿပာတာပဲ မလား ။ မသိေနတာက ငါ တစ္ေယာက္ထဲပဲလား”

ထန္ရွင္းေဟ်ာ္သည္ သူ ့လက္ကုိ ေၿမွာက္လုိက္ကာ…
“ငါလည္း မသိဘူး…”

ကုန္ရႊီသည္ ထန္ရွင္းေဟ်ာ္ကုိ လ်စ္လ်ဴရႈလုိက္ၿပီး
လ်ိဳခ်န္းကို ၾကည့္လုိက္သည္ ။

“ငတံုးေကာင္…မင္းက ဘာလုိ ့ ဘာမွ မေၿပာတာလဲ ။ ေသေနၿပီလား”

လ်ိဳခ်န္းသည္ သူ ့ကို ေၿခာက္ကပ္စြာ ၾကည့္လာသည္ ။

“အစ္ကုိ ရီ က ေယာက်ာ္းေလးၿဖစ္ၿဖစ္ မိန္းကေလးၿဖစ္ၿဖစ္ အေရးၾကီးလုိ ့လား”

ဒါေၾကာင့္ ရီ၀မ္၀မ္ကုိ ငါ အရမ္းရင္းနွီးသလုိ ခံစားေနရတာကိုး…

အထူးသၿဖင့္ ရီမူဖန္နဲ ့ ေၿပာေနတဲ့အခ်ိန္ပဲ ။
အစ္ကုိ ရီ မ်ားလားလုိ ့ေတာင္ ငါ အေတြး၀င္လုနီးနီးပဲ ။

ကုန္ရႊီသည္ ေဒါသတၾကီး ၿဖစ္သြား၏ ။

“အစ္ကုိ ရီ က ေယာက်ာ္းေလးၿဖစ္ၿဖစ္ မိန္းကေလးၿဖစ္ၿဖစ္ အေရးၾကီးလုိ ့လားလုိ ့ မင္းက ငါ့ကို ေၿပာေနတယ္…ဟုတ္လား ။
ဒါၿဖင့္ အခုခ်ိန္မွာ ငါလည္းပဲ မိန္းကေလး ၿဖစ္သြားမယ္ဆုိရင္
မင္း ဂရုမစိုက္ဘူးေပါ့၊ ဟုတ္လား”

ထန္ရွင္းေဟ်ာ္၏တစ္ကုိယ္လံုး တုန္ရီသြား၏ ။
ၿမန္ၿမန္ဆန္ဆန္ပင္ လက္ဖ၀ါးနွစ္ဖက္ကုိ ပြတ္သပ္လုိက္ကာ…
“ငါ ေတာင္းပန္္ဆုိ…ေတာင္းပန္ပါတယ္ကြာ ။ ေက်းဇူးၿပဳၿပီးေတာ့
ဒီလုိ ေၾကာက္စရာေကာင္းတာမ်ိဳး မေၿပာစမ္းပါနဲ ့လား ။
ငါ့မွာ ေၾကာက္လြန္းလုိ ့ ေသေတာ့မယ္…”

တစ္ခ်ိန္တည္းမွာပင္၊ ေထာင့္တစ္ေထာင့္၌ ။

ရီဟုန္းေ၀နွင့္ သူ ့ေၿမးတစ္သုိက္ၾကား မသင့္မၿမတ္ၿဖစ္ေအာင္ ေသြးထုိးေနသည့္ ရီေရွာင္အန္းသည္ ထုိသည္ကုိ ၾကားလုိက္ၿပီး ၾကက္ေသေသသြား၏ ။

ဒီလုိအရာမ်ိဳး ၿဖစ္ပ်က္လာလိမ့္မည္ဟု သူ လားလားမ်ွ မေတြးထားခဲ့ဖူးေပ ။

“အာ…”

ဘယ္လုိလုပ္ ၿဖစ္နုိင္္မွာလဲ ။

ရီပုိင္က ရီ၀မ္၀မ္…ဟုတ္လား ။

မဆီေလ်ာ္လြန္းလုိက္တာ ။

ခ်န္းယန္ဖန္ ့၏ မိတ္ဆက္ေပးလာၿခင္းကုိ ၾကားလုိက္ရၿပီးသည့္ သကာလ လူတုိင္းသည္ ရီဟုန္းေ၀ထံသုိ ့ ေလ်ွာက္သြားၾကၿပီး ေကာင္းခ်ီးေထာပနာ ၿပဳၾကသည္ ။

“ဥကၠဌ ရီ…ကြန္ဂရက္က်ဴေလးရွင္းပါဗ်ာ၊ ကြန္ဂရက္က်ဴေလးရွင္းပါ ။
ဥကၠဌ မွာ ဒီေလာက္ထိ ထူးခ်ြန္တဲ့ ေၿမးမေလး ရွိေနတာပဲ ။
ဥကၠဌ ရဲ့ ေၿမးမေလးက ေယာက်ာ္းသားေတြထက္ကုိ ထူးခ်ြန္ပါတယ္ဗ်ာ”

“ဥကၠဌ ရီ လက္ထြက္ပဲေလ…ဒီေလာက္ေတာ့ ရွိမေပါ့ ။
တကယ့္ကို ဆရာ့ထက္ တပည့္လက္ေစာင္းထက္လြန္းပါတယ္ရွင္”

“ေဟာ…ၾကည့္ပါဦး၊ က်ြန္ေတာ္တို ့ၿဖင့္ ရီပုိင္ကုိ ေခၚခ်င္လြန္းလုိ ့ ေနာက္ေၾကာင္းကုိ မနည္းလုိက္စံုစမ္းလုိက္ရတာ ။
လတ္စသတ္ေတာ့ အဘိုးၾကီး ရီ ရဲ့ ေၿမးမေလး ၿဖစ္ေနတာကိုး”

“ဟားဟားဟား…အဲ့လုိမ်ားလား ။ ဒါၿဖင့္ က်ြန္ေတာ္တို့ေတြ အခု ဘယ္လုိလုပ္ ေခၚလုိ ့ရပါေတာ့မလဲ”

ရီဟုန္းေ၀သည္ သူ ခ်ီးမြမ္းေနခဲ့သည့္ လူငယ္ေလးမွာ သူ ့ေၿမးမေလး ေခါက္ေခါက္ ၿဖစ္ေနသည္မွန္း မသိခဲ့သည္ကား သိသာလွ၏ ။ သူမေလးသည္ သူ၏ ရီ မိသားစုက ကေလးတစ္ေယာက္ ၿဖစ္ေပသည္ ။ စိတ္ခံစားခ်က္ပုိင္းအရ ဆုိရပါလ်ွင္ သူသည္ ခ်ားရဟတ္ စီးေနရသည့္ နွင္နွင္ပင္ ။ ပံုေဖာ္ဖုိ ့ရာ အလြန္ခက္ခဲလွ၏ ။

ရီဟုန္းေ၀၏ စိတ္အေၿခအေနမွာ တမုဟုတ္ခ်င္းပင္ ၀င္းပလာသည္ ။

“အားလံုးပဲ ေၿမွာက္ေနၾကပါၿပီဗ်ာ ။ ဒီကေလးက ဒီေလာက္ထိ ရေအာင္ လုပ္လာနုိင္ခဲ့တာကို က်ြန္ေတာ္လည္း အ့ံအားသင့္မိပါတယ္….”

“ဥကၠဌ ရီ ရာ…အရမ္းလည္း ကုိယ့္ကုိယ္ကုိ မနွိမ့္ခ်ပါနဲ ့လား”

“အင္း…ၾကည့္ရတာေတာ့ ရီ မိသားစုက တကယ့္လူေတာ္ေတြ လက္ထဲကို ေရာက္သြားေတာ့မယ္နဲ ့ တူပါတယ္”

“လူေတာ္ေတြလက္ထဲကို ေရာက္သြားေတာ့မယ္” ဆုိသည့္ စကားေၾကာင့္ ရီေရွာင္အန္းသည္ သြားက်ြတ္ထြက္မတတ္ အံၾကိတ္လာေခ်ေတာ့ၿပီ ။

ငါကြာ…ရီမူဖန္ ကို သြားနွိပ္ကြပ္ေနၿပီး ရီ၀မ္၀မ္ကုိေတာ့ လံုး၀ ေမ့ထားခဲ့မိ ရတယ္လုိ ့ ။ လံုး၀ကုိ ေပါ့ေလ်ာ့မိသြားတာပဲ ။

အဲ့ဒီေကာင္မေလးက တစ္ခ်ိန္လံုး ၀ံပုေလြအေရ ၿခံဳထားတဲ့ သုိးေကာင္ေလး လုပ္ေနၿပီး ေနာက္ကြယ္ကေန လႈပ္ရွားေနတာေပါ့ေလ ။

ဒါေၾကာင့္ကိုး…ဒါေၾကာင့္ အဲ့ဒီ လူရႈပ္လူေပြ ရီမူဖန္က ရုတ္တရက္ၾကီး ေၿပာင္းလဲသြားၿပီး အရမ္းေတြ ထက္ၿမက္လာတာကိုး ။

လတ္စသတ္ေတာ့ အဲ့ဒီေကာင္စုတ္က ေၿပာင္းလဲသြားတာ မဟုတ္ဘဲ ဟုိေကာင္မေလးက သူ ့ေနာက္ကေန ၾကိဳးဆြဲေနတာကုိး ။

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၉ ။ ငါ့ညီမေလးက ရုပ္ေခ်ာတဲ့သူေတြကုိပဲ ၾကိဳက္တာ

ဒါေပမယ့္ အဲ့ဒီေကာင္မေလးက ရီမူဖန္ထက္ေတာင္ ပိုၿပီးေတာ့ ေသာက္သံုးမက်တဲ့ ငတံုးမဆုိတာ အသိသာၾကီးပါ ။ ဘယ္လုိလုပ္ၿပီးေတာ့မ်ား လံုး၀ကုိ တၿခားလူလုိ ၿဖစ္သြားရတာလဲ ။

ဒါ လံုး၀ကုိ အဓိပၸာယ္ မရွိဘူး ။

သူ ဘယ္ေလာက္ထိ ဥာဏ္ကို အေၿပးအလႊား စဥ္းစားခုိင္းေနပါေစ၊ အေၿဖရွာလုိ ့ မရဆဲသာ ။

ဥကၠဌ ခ်န္း၏ မိတ္ဆက္ေပးလာၿပီးသည့္ေနာက္တြင္ လူအုပ္ၾကီးသည္ သူမေလးနား ၀ုိင္းအံုစုေ၀းသြားၾကေလသည္ ။

“ဒါ-ဒါရုိက္တာ ရီ…ရွင္က တကယ္ၾကီး ဒါရုိက္တာ ရီ လား ။ ဒါေၾကာင့္ က်ြန္မ ရွင့္ကုိ အရမ္းရင္းနွီးေနတာကိုး”

“ဒါရုိက္တာ ရဲ့ မိတ္ကပ္ပညာအစြမ္းက…အရမ္းကို ေၿပာင္ေၿမာက္လြန္း ပါတယ္…တကယ္ကို ရုပ္ဖ်က္တာထက္ အပံုၾကီး ပိုပါတယ္ရွင္”

“ဒါရုိက္တာက လတ္စသတ္ေတာ့ ေယာက်ာ္းေလးလုိ ၀တ္စားထားတာကုိး ။ ဒါရုိက္တာ ရဲ့ ဗ်ဴဟာကေတာ့ တကယ့္ကို ေလးစားထုိက္ပါတယ္ရွင္…”

“ဒါရုိက္တာ ရီ ကေတာ့ တကယ့္ ဒါရုိက္တာ ရီ ပါပဲ ။ ေယာက်ာ္းေလးလုိပဲ ၀တ္၀တ္၊ မိန္းကေလးလုိပဲ ေၿပာင္း၀တ္၀တ္ တကယ့္ကုိ ေခ်ာလြန္းခန္ ့လြန္း ပါဘိသနဲ့၊ ေကာင္းကင္ေပၚကမ်ား က်လာသလား မွတ္ရပါရဲ့ဗ်ာ”

လူတိုင္းသည္ အေစာနက ရီ၀မ္၀မ္ကုိ ၿမင္လုိက္ၾကခ်ိန္တြင္
ရႈမၿငီးဖြယ္ ေကာင္းလွသည့္ မ်က္နွာ၊ ထူးၿခားသည့္ အရွိန္အ၀ါတုိ ့ေၾကာင့္ သူတို ့ မင္သက္ေငးေမာၾကည့္မိခဲ့ၾက ၏ ။ ထုိမိန္းကေလးမွာ ရီပုိင္ ၿဖစ္ေနမည္ ဟုေတာ့ မည္သုိ ့မွ် ဆက္စပ္မေတြးမိခဲ့ၾကပါေခ် ။

ရီ၀မ္၀မ္သည္ ယဥ္ေက်းပ်ဴငွာစြာပင္ စကားၿပန္ဆုိသည္ ။

“က်ြန္မက ဒီတုိင္း ေပါ့ေပါ့ပါးပါးနဲ ့ အလုပ္လုပ္ခ်င္မိရံုပါ ။
အားလံုးကုိ တမင္လွည့္စားမိသြားဖုိ ့ မရည္ရြယ္ပါဘူး ။
အဲ့ဒီအတြက္လည္း အားလံုးကုိ ေတာင္းပန္ပါတယ္”

လူတိုင္းသည္ နားလည္ေၾကာင္း ထုတ္ေဖာ္ၿပသလာၾကသည္ ။

“ဟာဗ်ာ၊ မဟုတ္တာ ၊ ေတာင္းပန္စရာ မလုိပါဘူးဗ်ာ ။ မိန္းကေလးလုိပဲ ၀တ္၀တ္၊ ေယာက်ာ္းေလးလုိပဲ ၀တ္၀တ္၊ ဒါက ဒါရုိက္တာရဲ့ လြတ္လပ္ခြင့္ပါ ။ ဒါကို တမင္သက္သက္ လွည့္စားတယ္လုိ ့ ဘယ္ေၿပာလုိ ့ ရပါ့မလဲ”

ထုိ ့ၿပင္ အနုပညာေလာကထဲတြင္ ရီ၀မ္၀မ္၏ ရုပ္ရည္ရူပကာမ်ိဳးၿဖင့္ အလုပ္လုပ္ေနပါလ်ွင္ အမွန္ပင္ မလံုၿခံဳလွပါေခ် ။ ထုိ ့ေၾကာင့္လည္း ရီမူဖန္သည္ အၿမဲတေစ သူမေလးအား အစုိးရိမ္ကဲေနၿခင္းသာ ၿဖစ္ေပ၏ ။

“ဟုတ္ပါတယ္ရွင္၊ ဟုတ္ပါတယ္”

တၿခားသူမ်ားသည္လည္း ေခါင္းညိတ္ကာ သံေယာင္လုိက္လာၾကသည္ ။

“ဒါေၾကာင့္ ဒါရုိက္တာက ေယာက်ာ္းေတြကို ၾကိဳက္ၿပီး မိန္းမလုိ ၀တ္စားရတာ ၾကိဳက္တယ္လို ့ ေၿပာခ့ဲတာကုိး ။ ဒါရုိက္တာ ရီ ကေတာ့ဗ်ာ… အဲ့စကားက တကယ့္ကုိ နားလည္မႈအၾကီးၾကီး လြဲသြားခ်င္စရာ ေကာင္းတာကိုး…ဟားဟားဟား….”

လူတုိင္းသည္ ရီ၀မ္၀မ္နားတြင္ ေၿပာဆုိေနၾကရင္း တဆက္တည္းဆုိုသလုိ လ်န္ရွီဟန္ကိုလည္း ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနၾကေလသည္ ။

အခုေတာ့ အမွန္တရားသည္ ဘြင္းဘြင္းၾကီး ေပၚလာေခ်ၿပီ ။ မည္သည့္သက္ေသမွ မရွိဘဲ ရီ၀မ္၀မ္ကို ရသမ်ွ နည္းလမ္းေပါင္းစံုၿဖင့္ ေခ်ာက္ခ်ေနခဲ့သည့္ လ်န္ရွီဟန္မွာ လူၿပက္တစ္ေယာက္နွင့္ ဘာမွ မထူးေတာ့ ။

လ်န္ရွီဟန္သည္ ရီယီယီ ဆီကေန အကူအညီရလုိရၿငား လွည့္ၾကည့္လုိက္၏ ။ ထုိတြင္ ရီယီယီကား မရွိေတာ့ေလၿပီ ။
ထုိ ့ေၾကာင့္ သူမသည္လည္း အၿမီးကုတ္ၿပီး လူအုပ္ၾကီးထဲ ခပ္ၿမန္ၿမန္ ေၿပး၀င္ေပ်ာက္သြားေတာ့၏ ။

ဟန္ခ်င္းလင္းသည္ ရွက္ရြံ ့မ်က္နွာပူစြာၿဖင့္ ရီ၀မ္၀မ္အေရွ့တြင္ ရပ္ေနသည္ ။

“ဟုိေလ..ဒါရုိက္တာ ရီ…ေစာေစာက ကိစၥ...ေတာင္းပန္ပါတယ္ ။ ေစာေစာက ဂိမ္း ေၾကာင့္နဲ ့ က်ြန္မ ရုိင္းပ် မိသြားတယ္...”

ရီ၀မ္၀မ္၏မ်က္၀န္းထဲတြင္ ရႊင္ပ်မႈတုိ ့ သိမ့္ခနဲ စီး၀င္လာၿပီး…
“ရပါတယ္ရွင္”

ရီ၀မ္၀မ္သည္ သူမေလးကို ေရးေရးေလး ၿပံဳးၿပလာသည့္သကာလ ဟန္ခ်င္းလင္၏ ႏွလံုးသားေလး လ်ွပ္စီး အပစ္ခံလုိက္ရသလုိ ၿဖစ္သြား၏ ။

သူက ဘယ္လုိလုပ္ အရမ္းေခ်ာၿပီး အရမ္း ညွိဳ ့ငင္အား ေကာင္းလြန္းရ တာလဲ ။

ၿပံဳးစစမ်က္၀န္းေလးနဲ ့ ၾကည့္လုိက္တဲ့အခ်ိန္ဆုိရင္ ပုိဆုိးတယ္ ။
ရွိသမ်ွ ပံုေအာၿပီးေတာ့ကို အလုိလုိက္မိခ်င္စိတ္ ေပါက္လာသလုိပဲ ။

ဒါရုိက္တာ ရီ က မိန္းကေလးလုိ ၀တ္ထားတာေတာင္မွ ေယာက်ာ္းေလးေရာ မိန္းကေလးေရာကုိ ပစ္ေၾကြေအာင္ လုပ္နုိင္တာပါလား ။

ရီမူဖန္နွင့္ အတိတ္က ရင္းနွီးက်ြမ္း၀င္ခဲ့ဖူးသည့္ ေဘာ္ဒါတစ္သုိက္သည္ သူ ့ကို ေထာင့္တစ္ခုကို ဆြဲေခၚသြားေတာ့ၿပီး အေက်အလည္ ညွိႏိႈင္းၾက ေတာ့သည္ ။

“ေဘာပဲ…ရီ မူဖန္…မင္းက ဒီေလာက္ေတာင္မွ အအုပ္ေတာ္တယ္ ေပါ့ေလ ။ မင္းရဲ့သူငယ္ခ်င္း ၊
ငါတုိ ့ကိုေတာင္မွ မေၿပာၿပဘူး”

“ဟုတ္ပကြာ…ေတာ္ေတာ္ဆုိးတဲ့ေကာင္ ။ အဲ့ဒါက အေရးမၾကီးေသးဘူး ။ အေရးၾကီးတာက…ဒါရုိက္တာ ရီ မွာ ရည္းစား ရွိေနၿပီလား ။ သခင္ေလး ရီ …ငါ့ကို ဘယ္လုိ သေဘာရလဲ”

ခန္ ့ခန္ ့သပ္သပ္ ၀တ္စားထားသည့္ သရုပ္ေဆာင္သစ္ေလး တစ္ေယာက္က စိတ္လႈပ္ရွား ရင္ဖုိစြာၿဖင့္ ေမးလာသည္ ။

“အဲ့ဒါကေတာ့...” ဟု ရီမူဖန္သည္ ထူးမၿခားနားစြာပင္ ၿပန္ေၿဖသည္ ။

သုိ ့ဆုိလုိက္လ်ွင္ ထိုလူငယ္က ခ်က္ခ်င္းပင္ ေၿပာလာသည္ ။

“မဟုတ္ဘူး၊ မဟုတ္ဘူး၊ ထပ္ၾကည့္ၾကည့္ဦး ။ ေသေသခ်ာခ်ာေလး ၾကည့္ ။ ငါတုိ ့က ဒီေလာက္နွစ္ေတြ အၾကာၾကီး ခင္လာတာကြာ၊ မင္း အဲ့ေလာက္ထိ အသည္းမမာဘူး မလား”

ရီမူဖန္သည္ ေအးစက္စက္ မ်က္နွာကိုသာ ေဆာင္ထားလ်က္ မ်က္လံုးလွန္ၾကည့္လာသည္ ။

“လက္ေလ်ွာ့လုိက္ေတာ့ ။ ငါ့ညီမေလးက ရုပ္ေခ်ာတဲ့သူကုိပဲ ၾကိဳက္တာ”

“ေဘာပဲ…ရီမူဖန္…မင္း ဒါ ဘာစကားၾကီးလဲ ။
ငါကေကာ ရုပ္ဆုိးေနလုိ ့လား”

ရီမူဖန္သည္ ထုိလူေပြလူရႈပ္အဖြဲ ့ကို လ်စ္လ်ဴရႈလုိက္ၿပီး
ရီ၀မ္၀မ္ဆီသို ့ ေလ်ွာက္လာသည္ ။

……………………………………………………..

စာစဥ္ ၄၈၊ အခန္း ၁၀ ။  ရလဒ္ေကာင္း

အဘုိးကုိ ရွင္းၿပခ်က္ေပးဖုိ ့ရာ လုိေနဆဲပင္ ။

ထုိ ့ေၾကာင့္ ရီ၀မ္၀မ္ နွင့္ ရီမူဖန္တုိ့ နွစ္ေယာက္သား အဘုိးရွိရာဆီ ေလ်ွာက္သြားၾကေလသည္ ။

ရီ၀မ္၀မ္သည္ ယဥ္ေက်းသိမ္ေမြ ့စြာၿဖင့္ အဘိုးေရွ့ မတ္တပ္ရပ္လုိက္ၿပီး ၿပဳမိထားသည့္ အမွားတုိ ့ကို ၀န္ခ်ေတာင္းပန္ေလသည္ ။

“ေတာင္းပန္ပါတယ္၊ ဘုိးဘုိး ။ ေၿမး ေစာနက ရီပုိင္ ဆုိတာကို မေၿပာၿပဘဲ ဘုိးဘိုးကို က်ီစယ္မိပါတယ္ ။
ဘုိးဘုိး စိတ္မဆုိးဘူး မလားဟင္”

ရီဟုန္းေ၀သည္ မ်က္နွာ ခပ္တည္တည္ ခပ္တင္းတင္း ထားေနေသာ္လည္း သူ ့စကားသံတုိ ့တြင္မူ ေဒါသသံတုိ ့ ပါမေန ။

“မင္းတုိ ့ ကေလးေတြဟာေလ ဘုိးကိုေတာင္ ၿပန္တစ္ပတ္ရုိက္တတ္ေနၿပီ ေပါ့…ဟုတ္လား”

ရီယီယီနွင့္ ရီေရွာင္အန္းတုိ ့သည္ သိသိသာသာကုိ မည္းပုတ္ေနသည့္ မ်က္နွာတုိ ့ၿဖင့္ အနားတြင္ တိတ္တိတ္ေလး ရပ္ေနၾကသည္ ။

ရီမူဖန္သည္ ရီယီယီနွင့္ သူမအေဖ၏ မည္းပုတ္ေနသည့္ မ်က္နွာၾကီးကုိ ၾကည့္ရင္း ၀မ္းသာအားရ ၿဖစ္ေနကာ ေၿပာဆိုလာသည္ ။

“ဟဲဟဲ…ဘိုးဘုိးကလည္းဗ်ာ ေဗြမယူပါနဲ ့ ။ က်ြန္ေတာ္ေတာင္မွ ဒီေကာင္မေလးကုိ အစက မမွတ္မိဘူး ဘုိးဘုိးရ”

“၀မ္၀မ္က တကယ့္ကို အရြယ္ေရာက္လာၿပီပဲ…”

ထိုသုိ ့ဆုိရင္း ရီဟုန္းေ၀သည္ သက္ၿပင္းခ်သည္ ။
သူ ့မ်က္၀န္းတို ့မွာ သူ ့ေၿမးနွင့္ သူ ့ေၿမးမေလးကုိ ၾကည့္ၿပီး တၿဖည္းၿဖည္းခ်င္း စိတ္ခ်လက္ခ် ၿဖစ္လာေလသည္ ။
သူက ေၿပာသည္ ။

“ဒီတစ္ေခါက္ ေၿမးတို ့နွစ္ေယာက္ လုပ္တာ တကယ္ေကာင္းတယ္ ။
ဘုိးဘုိး သိပ္အားရတယ္”

ရီယီယီ နွင့္ ရီေရွာင္အန္းတုိ ့မွာ ထုိသည္ကုိ ၾကားလုိက္သည္နွင့္ တစ္ၿပိဳင္နက္ဆုိသလုိ အမည္မသိ ခံစားခ်က္ၾကီးတစ္ခုက သူတုိ ့ရင္ကို ထိုးဆြလာ၏ ။

တစ္ခနေလာက္ နားၿပီး ရီဟုန္းေ၀က ဆက္ေၿပာသည္ ။

“မူဖန္၊ ၀မ္၀မ္၊ လာမယ့္ တနလၤာကုိ ရံုးခန္းကို လာလည္ပါဦး ။ ၿပီးေတာ့ ေရွာင္အန္း၊ လာမယ့္ တနလၤာေန ့ကို အစည္းအေ၀း ရွိတယ္လုိ ့ ဘုတ္အဖြဲ ့ကို အေၾကာင္းၾကားလုိက္”

တစ္နည္းအားၿဖင့္ ရီဟုန္းေ၀သည္ သူ၏ကတိက၀တ္အတုိင္း ရီ၀မ္၀မ္နွင့္ ရီမူဖန္ တုိ ့ ကုမၸဏီၾကီးထဲ ၿပန္လာေတာ့မည္ ၿဖစ္ေၾကာင္း ေၾကညာေပး ေတာ့မည္ပင္ ။ 

ရီမူဖန္၏ မ်က္၀န္းတုိ ့ အနည္းငယ္ ၀င္းပသြား၏ ။

“ဟုတ္ကဲ့ ဘုိးဘိုး”

ရီ၀မ္၀မ္သည္လည္း ေၿပာသည္ ။
“ဟုတ္ကဲ့”

ရီေရွာင္အန္းသည္ ရီယီယီ၏ မ်က္၀န္းတုိ ့ကို ၾကည့္လုိက္၏ ။ သူ ့မ်က္နွာသည္ အိုးဖင္ၾကီးအလားနွယ္ မည္းခ်ိတ္လုိ ့ေနလ်က္ ။ ေဒါသတုိ ့ေၾကာင့္ ေသြးပြက္ပြက္အန္မတတ္ ၿဖစ္ေန၏ ။

သို ့ေသာ္လည္း ရီယီယီသည္ကေတာ့ သေဘာထားၾကီးၾကီးနွင့္ ရီ၀မ္၀မ္ကုိ ခ်ီးမြမ္းစကား ဆုိနုိင္၏ ။ သို ့ေသာ္ သူမ၏ လက္သည္းတုိ ့ ့ကမူ လက္ဖ၀ါး တြင္ နစ္၀င္ေအာင္ ထိုးဆိတ္ထားေနေလသည္ ။

ရီမူဖန္ ၊ ရီ၀မ္၀မ္…ငါ ဒီအမိႈက္နွစ္စကုိ ဒီအထိေရာက္ေအာင္ လႊတ္ေပးထားမိတာပါလား…

င့ါမွာ အရာအားလံုးကုိ ခက္ခက္ခဲခဲနဲ ့ ယူထားရတာ -
ရီ မိသားစု ၊ အင္ပါယာစကုိင္း အင္တာတိန္းမန္ ့၊ ရီ မိသားစုရဲ့ အၾကီးဆံုး သခင္မေလး ဆုိတဲ့ နာမည္ဂုဏ္ - ဒါေတြအကုန္လံုးကုိ ၿပန္ေပးလုိက္ရေတာ့မွာလား ။

ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။

ေရႊသစ္ခြပြဲသည္ ေနာက္ဆံုးေတာ့ ၿပီးသြားေလၿပီ ။ ဧည့္သည္ေတာ္မ်ားသည္လည္း အသီးသီး အလ်ိဳလ်ိဳ ၿပန္ကုန္ၾကေလၿပီ ။

ကားပါကင္တြင္ ကုန္ရႊီသည္ အသက္မရွိေလသည့္အလား
လ်ိဳခ်န္းကို တြဲထား၏ ။ ရီ၀မ္၀မ္ နွင့္ ရီမူဖန္တုိ ့သည္ တစ္ညလံုးလံုး တၿခားဧည့္သည္မ်ားကုိ ဧည့္ခံေၿပာဆုိရင္း အလုပ္မ်ားေနေသာေၾကာင့္ ကုန္ရႊီကုိ သိပ္ဂရုမစုိက္မိၾကေပ။

ထုိ ့ေၾကာင့္ ထိုသနားစရာ လ်ိဳခ်န္း နွင့္ ထန္ရွင္းေဟ်ာ္တုိ ့နွစ္ေယာက္ သာ ကုန္ရႊီ၏ ေပါက္ကြဲေနၿခင္းကုိ လွိမ့္ခံေနၾကရေလသည္ ။

“မၿဖစ္နုိင္ဘူး…ဒါက ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ…
အစ္ကုိ ရီ က ဘယ္လုိလုပ္ မိနုိ္းကေလး ၿဖစ္နုိင္မွာလဲ…အစ္ကုိ ရီ က ဘယ္လုိလုပ္…”

ကုန္ရႊီသည္ တတြတ္တြတ္ ၿမည္တြန္ေၿပာဆုိေနရင္း
သူ ့အေရွ ့က တစ္စံုတစ္ခုေသာအရာဆီ မ်က္ေတာင္မခတ္စတမ္း စုိက္ၾကည့္ေနသည္ ။

“သၾကားလံုးေလး…”

အနက္ေရာင္၀တ္စံုကို ၀တ္ဆင္ထားသည့္ အနွီမိန္းကေလး သည္ သူတို ့ရွိရာဆီ ေလ်ွာက္လာေနၿခင္း ၿဖစ္ၿပီး အလင္းေရာင္တုိ ့ ၿပိဳးၿပက္ေနသည့္အလားနွယ္ ။ ထုိအခုိက္အတန္ ့တြင္ သၾကားလံုးေလးနွင့္ ရီပုိင္ သည္ တစ္ေယာက္တည္းဟုပင္ ထင္မွတ္ရေခ်သည္တကား ။

ထုိမိန္းကေလး၏ လႈပ္လီလႈပ္လဲ့ ဟန္ေလးနွင့္အတူ အ၀တ္စသည္လည္း ဘယ္ညာယိမ္းႏြဲ ့လုိ ့ ေနေလသည္ ။
သူ့့အေရွ့ေရာက္လာလ်ွင္ ထိုသူမေလးက ေၿခလွမ္းကို ရပ္တန့္လုိက္၏။

ရီ၀မ္၀မ္သည္ ခုိးခုိးခစ္ခစ္ ရယ္ေမာလုိက္ကာ…
“ဘာလဲ…မင္းပဲ ငါ့ကို အေလာင္းအစားအတုိင္း လုပ္ခုိင္းတာ မဟုတ္ဘူးလား ။ အခု ဒုတိယဆုလည္း ၿပည့္သြားၿပီေလ”

ကုန္ရႊီသည္ ေတြေတြေလး သူမေလးကုိ ေငးစုိက္ၾကည့္ေနသည္ ။ သူ၏ေဒါသအၿပည့္ ရင္အံုၾကီးမွာ ေဒါသတုိ ့ ေလ်ာ့က်သြားၿခင္း မရွိဘဲ သူ ့မ်က္နွာမွာ နီၿမန္းသထက္ နီၿမန္းလာေခ်ၿပီ ။

ခ်ီးပဲ…အရမ္း…အရမ္း ေခ်ာလုိက္တာ ။
ငါ လံုး၀ကို စိတ္မဆုိးရက္ေတာ့ဘူး ။ 

အထူးသၿဖင့္ သူ ့အေရွ့တြင္ ရပ္ေနသည့္သူမွာ
ရီပုိင္ ၿဖစ္သည္ဟု ေတြးမိလုိက္သည့္အခ်ိန္တြင္ပင္ --
ရီပုိင္ ၊ မိန္းကေလးလုိ ၀တ္စားထားသည့္ ရီပုိင္…

သူမေလးရဲ့ အၾကည့္တစ္ခ်က္က လံုး၀ကုိ အေသသတ္ပစ္နုိင္တယ္ကြာ ။

ထန္ရွင္းေဟ်ာ္သည္ အခ်စ္နာက်ေနသည့္ မိန္းကေလး နွင့္ အသြင္တူေနေသာ ကုန္ရႊီကုိ ၿမင္လုိက္ၿပီး တိတ္တိတ္ေလး မွတ္ခ်က္ၿပဳလာသည္ ။

“ငါေတာ့ ရီပုိင္ မိန္းကေလး ၿဖစ္တာ ေတာ္ေတာ္ေလး ေကာင္းတယ္လုိ ့ ထင္တယ္….”

မဟုတ္ရင္ ဒီအရူးေကာင္ေတာ့ နားမလည္ပါးမလည္နဲ ့ အေကြးၾကီး ေကြးသြားေတာ့မွာ ေသခ်ာတယ္ ။

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၁၁ ။  ႏူးညံ့လုိ ့မရဘူး 

ကုန္ရႊီသည္ အၾကည့္တုိ ့ လဲႊဲထားသည့္တုိင္ ထိုေကာင္မေလးကုိ ခုိးခုိးလည္း ၾကည့္တတ္ေသး၏ ။ ခုိးၾကည့္မိပါ မ်ားေလေလ
သူ ့စိတ္သည္လည္း အစုိးမရ ေၾကမြလာေလေလ ။

သူသည္ အစ္ကုိ ရီ ကုိ မိန္းကေလးလို ၀တ္စားတာကုိ ၿမင္ခ်င္လွေသာ္လည္း ထိုစိတ္ဆႏၵသည္ သၾကားလံုးေလးကုိ ၿမင္ခ်င္စိတ္ထက္ပင္ ၿပင္းၿပမႈ ပုိကဲေပသည္ ။
သၾကားလံုးေလး - သူ ထိုကဲ့သုိ ့ ၿမင္ေတြ ့ရလိမ့္မည္ ကိုုေတာ့ သူ လံုး၀ ေမ်ွာ္လင့္မထားမိခဲ့ ။

“အစ္ကုိ ရီ … အစ္ကုိ ဘယ္လုိလုပ္ ဒီလုိမ်ိဳး လုပ္ရက္ရတာလဲ”

“ဘာကိုလဲ”

“ဘာလုိ ့ က်ြန္ေတာ့္ကို ညာထားတာလဲ”

“မင္းသာ ငါ့ရဲ့သရုပ္ေဆာင္ကို အနုိင္မက်င့္ဘူး၊ ဗိုလ္မက်ဘူးဆုိရင္
ငါကေရာ ဒီလုိ နည္းလမ္း သံုးပါ့မလား” ဟု
ရီ၀မ္၀မ္က စိတ္မပါလက္မပါၿဖင့္ ၿပန္ၾကည့္ေပးလုိက္ေလသည္ ။

ထုိစဥ္က သူမနွင့္ကုန္ရႊီသည္ စည္းအတိၿခားေနသည့္ ဘက္ၿခမ္းတြင္ ရွိေနၾက၏ ။ ထုိေကာင္ေလးသည္ အလြန္တရာပင္ အယုတ္တမာက် ေသာေၾကာင့္ သူမသည္လည္း ထုိကဲ့သုိ ့ လုပ္ခဲ့ၿခင္း ၿဖစ္ေပသည္ ။

လ်ိဳခ်န္းသည္ ရီ၀မ္၀မ္ ေၿပာသည္ကုိ ၾကားလုိက္သည့္အခ်ိန္ တဒဂၤေလာက္ ေရွာ့ရသြားၿပီး သူ ့အမူအရာမွာ ခ်က္ခ်င္းပင္ ေႏြးပ်လာေတာ့သည္ ။

တစ္ခ်ိန္က ကုန္ရႊီသည္ က်ိဳး၀မ္ဘင္းနွင့္ ဘက္တူ ၿဖစ္ခဲ့၏ ။ ကုန္ရႊီသည္ သူ ့အရွိန္အ၀ါကို အသံုးခ်ကာ ေၾကာက္စရာေကာင္းေသာ နဂါး ၂ တြင္ လ်ိဳခ်န္း ခက္ခက္ခဲခဲ ရရွိထားေသာ ဇာတ္ရံေနရာကို လုယူပစ္ခဲ့ေလသည္ ။
ထိုအခိုက္တြင္ သူ ့ဘ၀ၾကီး သြားၿပီဟု သူ ေတြးမိခဲ့၏ ။
သူ ့ကံတရားကုိ လက္ခံကာ က်ိဳး၀မ္ဘင္းဆီ ၿပန္သြားေတာ့ဖုိ ့ရာပင္ သူ စိတ္ကို ၿပင္ဆင္ထားခဲ့၏…

သူ အံ့ၿသရေလာက္ေအာင္ပင္ အစ္ကုိ ရီ သည္ သူ ့ကုိ ထပ္ဖန္ ကယ္တင္ခဲ့ေလၿပန္သည္ ။

လ်ိဳခ်န္း၏ ေက်းဇူးတင္စိတ္ ထံုမႊမ္းတက္လာမႈနွင့္
ဆန္ ့က်င္ဘက္ ၿဖစ္စြာ ကုန္ရႊီ၏နွလံုးသားေလးသည္ကေတာ့ ပ်ားအံုၾကီး တဆစ္ဆစ္ ထုိးကုိက္ခံေနရသလုိ ခံစားေနရေလသည္ ။

“အစ္ကို…အစ္ကုိက လ်ိဳခ်န္းကုိ အစ္ကုိ ့လူဆိုတာကုိပဲ သိတာလား ။ ဒါၿဖင့္ က်ြန္ေတာ္ကေရာ”

အား….ငါ လံုး၀ ရူးသြားေတာ့မွာပဲ ။

“အရင္တုန္းကေတာ့ မဟုတ္ဘူး၊ ဒါေပမယ့္ အခုေတာ့
ငါ့လူ ၿဖစ္သြားၿပီ ။  ငါ ေၿပာတာ မွန္လား” ဟု ရီ၀မ္၀မ္က ေၿပာလုိက္သည္ ။

“အခုေတာ့ ငါ့လူၿဖစ္သြားၿပီ” ဆုိသည့္ ရီ၀မ္၀မ္၏ စကားကုိ ၾကားလုိက္သည္နွင့္ ကုန္ရႊီ၏ တ၀ူး၀ူးတ၀ါး၀ါးသံ ထြက္လာေတာ့သည္ ။

“တကယ္လုိ ့…တကယ္လုိ ့ အရင္တုန္းက က်ြန္ေတာ္ မယုတ္မာခဲ့ရင္... လ်ိဳခ်န္းကို အနုိင္မက်င့္ခဲ့ရင္…အဲ့ဒါဆုိ အစ္ကုိ က်ြန္ေတာ့္ကို မညာဘူးေပါ့”

“တကယ္လုိ ့ မင္းသာ မယုတ္မာရင္ ငါတုိ ့ေရာ
ေတြ ့ၿဖစ္ပါ့မလား”

ထုိအေၾကာင္းကုိ ကုန္ရႊီသည္ စဥ္းစားေတြးေတာလုိက္သည္ ။

ဟုတ္သားပဲ ။

အဲ့လုိသာ မၿဖစ္ခဲ့ရင္ ငါလည္း က်ိဳး၀မ္ဘင္းကုိ ထားခဲ့ၿပီး
ရီပုိင္ေနာက္ကို လိုက္လာၿဖစ္မွာ မဟုတ္ဘူး ။

“မင္း ဘာေၿပာခ်င္ေသးလဲ”

ရီ၀မ္၀မ္သည္ အရာအားလံုးကုိ ရွင္းလင္းဖို ့ ဆံုးၿဖတ္လုိက္ေခ်ၿပီ ။ မဟုတ္ပါက ထုိသေကာင့္သား၏ စရုိက္နွင့္ဆုိ သူ ့ရင္ထဲ ဘယ္ေလာက္ၾကာၾကာ ၾကိဳးထံုးၾကီး တင္ေနမည္လဲ ေၿပာမရပါေခ် ။

ကုန္ရႊီသည္ ခ်က္ခ်င္းလက္ငင္းပင္ ဆုိလာသည္ ။

“ေၿပာခ်င္တယ္…က်ြန္ေတာ္…က်ြန္ေတာ္ အစ္ကုိ ့ကို ေၿပာခ်င္တယ္…။ ခနေလး…မဟုတ္ေသးဘူး…က်ြန္္ေတာ္ ေၿပာခ်င္တာက သၾကားလံုးေလးကို ။ ဒါကို အခုပဲ ေၿပာရမွ ၿဖစ္မယ္…နည္းနည္းေလးမွ အခ်ိန္ဆြဲထားလုိ ့ မၿဖစ္ဘူး”

သူသည္ ထိုစကားတုိ ့ကို သၾကားလံုးေလးကုိ ေၿပာဖုိ ့ ရည္စူးလာခဲ့သည္မွာ အခ်ိန္အၾကာၾကီး ၾကာၿမင့္လာခဲ့ေခ်ၿပီ ။

ရီမူဖန္သည္ ထေအာ္ေငါက္လာ၏ ။

“မင္းက ဘာကို ေၿပာဦးမလုိ့လဲ”

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ ငိုခ်င္းခ်မတတ္ ၿဖစ္သြား၏ ။

“က်ြန္ေတာ္ ဒီေလာက္အၾကာၾကီး သေဘာက်လာခဲ့ၿပီး တစ္ခ်ိန္လံုးလံုး လုိက္ရွာေနခဲ့ရတဲ့ မိန္းကေလးက က်ြန္ေတာ့္နွာသီးဖ်ားေအာက္မွာ ရွိေနခဲ့ရတဲ့ကိစၥေလဗ်ာ ။ ၿပီးေတာ့လည္း က်ြန္ေတာ့္ရဲ့ ေယာက္ဖၾကီးကိုပါ ဒီေလာက္ထိ ရန္စထားမိတာ…က်ြန္ေတာ္ အရမ္း ၀မ္းနည္းတာေပါ့ ။ သၾကားလံုးေလးကုိ ဘာလို ့ ဘာစကားမွ မေၿပာဘဲ ေနရမွာလဲ”

“ေဟ်ာင့္…ဘယ္သူက မင္းေယာက္ဖမုိ့လို့လဲ”

ရီ၀မ္၀မ္သည္ ကုန္ရႊီကို ထပ္ရန္မစေတာ့ဖုိ ့ရာ
ရီမူဖန္ကုိ ၾကည့္ေပးလုိက္သည္ ။

တကယ္ဆုိ…ဒီတစ္ေခါက္…ကုန္ရႊီ ေတာ္ေတာ္ၾကီး စိတ္ဒုကၡေရာက္သြားမွာပဲ ။

ရီမူဖန္သည္ ကုန္ရႊီကုိ စုိက္ၾကည့္ေနၿပီး ရီ၀မ္၀မ္ကို ၿပန္အတြန္ ့တက္ လာသည္ ။

“၀မ္၀မ္…ဘာလုိ ့ သူ ့ရဲ့ ေပါက္တတ္ကရစကားေတြကို နားေထာင္ေန ဦးမွာလဲ ။ ဒီလဒက မင္းေပၚမွာ ရုိးသားတာ မဟုတ္ဘူး ။ သူက မင္းကို ဆြဲေဆာင္ရင္ေရာ”

ရီ၀မ္၀မ္သည္ ရီမူဖန္ကုိ ေစြၾကည့္ေပးလိုက္၏ ။

“ကုိကုိက ဘာကို စိုးရိမ္ေနတာလဲ ။ ညီမေလးဆီမွာ လူေခ်ာၾကီး ရွိေနရဲ့သားနဲ ့ သူမ်ားရဲ့ ဆြဲေဆာင္တာကို လြယ္လြယ္နဲ ့ ခံရမယ့္ပံု ေပါက္ေနလို ့လား”

ရီမူဖန္ သီးသြားသည္ ။ “…”

ရီမူဖန္က ရီ၀မ္၀မ္နား ကပ္ကာ တိုးတိုးေၿပာေနသည္ကုိ ၿမင္လုိက္ၿပီး ကုန္ရႊီ၏ရင္ထဲ တဆစ္ဆစ္ နာက်င္သြား၏ ။

ငါ့ရဲ့ေယာက္ဖၾကီးက ငါ့မေကာင္းေၾကာင္းေတြ ေၿပာေနတာပဲ ၿဖစ္ရမယ္ ။

ငါ့ ဘာလို ့မ်ား ပါးစပ္သရမ္းမိရတာလဲ ။
ဘာလုိ ့မ်ား တစ္ခ်ိန္လံုး ရီမူဖန္ ကို ေစာ္ကားေနမိရတာလဲကြာ ။

ဟန္ရွန္းယြီကို ၾကည့္စမ္း ။ သူ နဲ ့ရီမူဖန္ ရဲ့ ဆက္ဆံေရးဆို အရမ္း ေကာင္းတယ္….

ရီ၀မ္၀မ္သည္ ရီမူဖန္နွင့္ ေၿပာဆုိၿပီးသည့္ေနာက္တြင္
ကုန္ရႊီဘက္သုိ ့ ထပ္လွည့္လုိက္ၿပန္သည္ ။

“ရၿပီ၊ ေၿပာေတာ့”

ကုန္ရႊီသည္ အသက္ကို ၿပင္းၿပင္း ရွဴသြင္းလုိက္၏ ။
ထုိ ့ေနာက္ ေၿပာေတာ့မည္ ၿပဳလုိက္ခ်ိန္ စိတ္ေၿပာင္းသြားေတာ့သည္ ။
ရီ၀မ္၀မ္၏ မ်က္နွာကို ေတြေတြေလး ေငးစုိက္ၾကည့္ေနရာမွ
သူ ့မ်က္နွာထက္တြင္ စိတ္ရႈပ္ေထြးလာေတာ့ၿပီး ေၿပာလာေလသည္ ။

“အစ္ကုိ ရီ…အစ္ကုိ နည္းနည္းေလာက္…နည္းနည္းေလာက္ ႏူးည့ံေပးလုိ ့ မရဘူးလား…
အစ္ကုိ ့ကုိ ဒီလိုၾကီး ၿမင္ေနရေတာ့ သၾကားလံုးေလးလုိ ့ ခံစားလုိ ့မထြက္ဘူး ၿဖစ္ေနတယ္…”

ရီ၀မ္၀မ္ ၿပန္ေၿဖသည္ ။  “မႏူးညံ့တတ္ဘူး…ဒါနဲ ့ အသားက်ေအာင္ လုပ္”

ကုႏ္ရီႊ ။ “…”

……………………………………………………..

စာစဥ္ ၄၈၊ အခန္း ၁၂ ။ ေရာက္လာတာ အခ်ိန္ကုိက္ပဲ

ကုန္ရႊီ ။  “…”

ကုန္ရႊီ ေလးေလးနက္နက္ၾကီး စဥ္းစားလုိက္ၿပန္သည္ ။

အစ္ကုိ ရီ ကို ႏူးညံ့တဲ့မိန္းကေလး ၿဖစ္ေအာင္ ေၿပာင္းဖို ့က တကယ္ မၿဖစ္နုိင္ေလာက္ဘူး ။

ၿပီးေတာ့…ဟီးဟီး…သၾကားလံုးေလးရဲ့ ဒီလိုပံုစံေလးကုိ
ငါ ပုိၿပီးေတာ့ေတာင္ သေဘာက်မိသလုိပဲ…

သုိ ့နွင့္ ကုန္ရႊီတြင္ ေရြးခ်ယ္စရာ မရွိေတာ့ဘဲ တိတ္တိတ္ေလး ငိုခ်ေတာ့ကာ စိတ္ခံစားခ်က္တုိ ့ကို ေဖာ္ထုတ္လာေတာ့သည္ ။

“အစ္ကုိ ရီ…အစ္ကုိ သိလား…က်ြန္ေတာ္ သၾကားလံုးေလးကုိ သေဘာက်တယ္… က်ြန္ေတာ္ သူ ့ကို စေတြ ့ေတြ ့ခ်င္းထဲက သ ေဘာ က် တာ…”

ရီ၀မ္၀မ္က ေခါင္းညိတ္လုိက္သည္ ။

“ငါလည္းပဲ ရီပုိင္အၿဖစ္နဲ ့ ေၿပာဖူးပါတယ္ ။
မင္းက သၾကားလံုးေလးရဲ့ အၾကိဳက္ လံုး၀ မဟုတ္ဘူး”

ရီ၀မ္၀မ္၏ စကားတို ့သည္ ကုန္ရႊီ၏ ႏွလံုးအိမ္ကုိ ၿမားတစ္ေခ်ာင္းနွင့္ စြက္ကနဲ ပစ္ခြင္းလုိက္သည့္နွယ္ ။

ငါက သၾကားလံုးေလးရဲ့ အၾကိဳက္ မဟုတ္ဘူး ။
ဒါဆုိ ငါက အစ္ကုိ ရီ ရဲ့ အၾကိဳက္ မဟုတ္ဘူးေပါ့ ။

ရီ၀မ္၀မ္သည္ တဒဂၤေလာက္ နားၿပီး ဆက္ေၿပာသည္ ။

“ၿပီးေတာ့လည္း ကုန္ရႊီ…ငါ့ဆီမွာ ရည္းစား ရွိတာကို မင္းလည္း သိထားတာပဲ”

ရည္းစားစကား ဖြင့္ေၿပာေတာ့မည္ အသင့္ၿပင္လုိက္သည့္ ကုန္ရႊီခမ်ာ ရီ၀မ္၀မ္၏ တူအၾကီးၾကီးနွင့္ ဘုန္းခနဲ ထုရုိက္ခ်လုိက္ၿခင္းကုိ ခ်က္ခ်င္း ခံလုိက္ရ၏ ။
သူ ခ်က္ခ်င္းပင္ ၾကက္ေသေသသြားေလၿပီ ။

ဟုတ္သားပဲ…

ရီပုိင္ ဆီမွာ ခ်စ္သူ ရွိတယ္…

ဒါဆုိ…သၾကားလံုးေလးဆီမွာလဲ ခ်စ္သူ ရွိေနတာေပါ့ ။

သၾကားလံုးေလးဆီမွာ ရည္းစား ရွိတယ္လို ့ ရီပုိင္ ေၿပာတုန္းက ဆင္ေၿခေပးတာလုိ့ပဲ ငါ အၿမဲ ထင္ေနခဲ့တာ ။
ဒါေပမယ့္ ငါ့မ်က္လံုးနွစ္လံုးနဲ ့ ရီပုိင္ရဲ့ ရည္းစားၾကီးကို ၿမင္ထားၿပီးၿပီပဲ ။

ပုိအေရးၾကီးဆံုးက…ရီပုိင္ရဲ့ ရည္းစားၾကီးက အရမ္း၊ အရမ္း၊ အရမ္း၊ အရမ္းၾကီး ေခ်ာလြန္းတယ္…

ဟာကြာ...င့ါမွာ ခက္ခက္ခဲခဲနဲ ့ သၾကားလံုးေလးကုိ ၿပန္ရွာေတြ ့ထား ရတာ ၊ လြယ္လြယ္ေလးနဲ ့ လက္ေလ်ွာ့လုိက္စရာလား ။

ကုန္ရႊီသည္ အံကို ၾကိတ္လုိက္သည္ ။

“အစ္ကုိက အခူးခံထားရၿပီးသား ပန္း ဆုိေတာ့ေကာ ဘာၿဖစ္လဲ ။ ဒီသခင္ေလးက မင္းကို ငါ့ေဘး ၿပန္ေခၚထားလုိ ့ ရတယ္ ။
ဒီသခင္ေလး မခူးနုိင္တဲ့ ပန္းရယ္လုိ ့ ရွိကုိ မရွိေသးဘူး”

ရီ၀မ္၀မ္သည္ ေခါင္းထဲ ထုိးကိုက္လာသလုိ ခံစားလုိက္ရေတာ့ၿပီး သက္ၿပင္းခ်လုိက္သည္ ။

သူ ့ကုိ ဒီေလာက္ လြယ္လြယ္နဲ ့ လက္ေလ်ွာ့ေအာင္ လုပ္လို ့မရဘူး ဆုိတာ ငါ သိသားပဲ ။

တကယ္ေတာ့ ကုန္ရႊီ၏ ကိစၥမွာ အမွန္ပင္ ကိုင္တြယ္ရ ခက္ခဲလွပါ၏ ။ ထုိ ့ၿပင္ နွစ္ေယာက္သားသည္ ေနာင္တြင္ အတူတူ လက္တြဲ အလုပ္လုပ္ရေပဦးမည္ ။ သူမ ေကာင္းေကာင္း မကုိင္တြယ္နုိင္ပါက ေနာင္တြင္ သူတုိ့၏ ဆက္ဆံေရးအေပၚတြင္ပင္ ထိခုိက္မႈ ရွိလာေပ လိမ့္မည္ ။

ငါ ကုန္ရႊီရဲ့ ခံစားခ်က္ကုိ ဘယ္လုိ သတ္ပစ္ရမလဲ ။
ေနာင္ကုိ င့ါအေပၚ ဘာစိတ္မွ မရွိေတာ့ေအာင္လည္း လုပ္ပစ္ရမယ္…

ထုိအခုိက္အတန္ ့တြင္ သူမအေနာက္ဘက္ကေန ေၿခသံ ဖြဖြေလး ထြက္လာေလသည္ ။

ရီ၀မ္၀မ္သည္ အမွတ္တမဲ့ၿဖင့္ ထုိအသံလာရာဘက္ လွည့္ၾကည့္လုိက္မိသည္ ။ ေထာင့္နားတြင္ ၿဖဴစင္၀င္းမြတ္ေနသည့္ ကေလးေလးတစ္ေယာက္သည္ ငွက္ေပါက္ေလးတစ္ေကာင္အလား
သူမဆီ ေၿပး၀င္လာေနေလသည္ ။

“မာမီ”

“တန္တန္…”

တန္တန္ကို ၿမင္လုိက္ၿပီး ရီ၀မ္၀မ္၏ မ်က္၀န္းထဲ ေပ်ာ္ရႊင္မႈတုိ ့ ၿပည့္လွ်မ္းလာေတာ့၏ ။

သူမ ခ်က္ခ်င္းပင္ ထိုကေလးေလးကုိ ေပြ ့ခ်ီလုိက္ၿပီး…

“ေဘဘီ…ဘာလုိ့ ဒီကို လုိက္လာတာလဲ”

ကေလးေလး၏မ်က္နွာေလးမွာ ရဲခနဲၿဖစ္သြားၿပီး စိတ္လႈပ္ရွားစြာၿဖင့္ ဆုိလာသည္ ။

“မာမီ…တန္တန္က မာမီ့ကုိ လာၾကိဳတာ”

ရီ၀မ္၀မ္သည္ တစ္ညလံုးလံုး လူေတြကို ဧည့္ခံစကား ေၿပာထားရ သည့္တုိင္ သူမ ရင္ခြင္ထဲက ထိုႏူးႏူးညံ့ညံ့
မုန္ ့လံုးေလးကုိ ၿမင္လိုက္ၿပီး ခ်က္ခ်င္း အားၿပန္ တက္လာေတာ့သည္ ။

“ေဘဘီက အရမ္းလိမ္မာလုိက္တာ”

သူမသည္ ေယာက်ာ္းေလးလုိ ၀တ္စားထားလ်ွင္ သူမကုိ “မာမီ” ဟု မေခၚပါရန္ တန္တန္ကို သတိေပးထားၿပီးသား ၿဖစ္၏ ။ သုိ ့ေသာ္ အခုခ်ိန္တြင္ ရီ၀မ္၀မ္သည္ မိန္းကေလးလုိ ၀တ္စားထားၿခင္း ၿဖစ္ေသာေၾကာင့္ တန္တန္သည္ စိတ္ေအးလက္ေအးၿဖင့္ သူမကို “မာမီ” ဟု ေခၚလုိက္ၿခင္း ၿဖစ္ေပသည္ ။ သူ၏ “မာမီ” ဟု ေခၚလုိက္သည့္ အသံက တစ္ေယာက္ေသာသူကုိေတာ့ အၾကီးၾကီး သြားထိေရာက္လိမ့္မည္ဟုေတာ့ သူ မသိေနပါေခ် ။

သူတုိ့၏ အေနာက္တြင္ ကုန္ရႊီသည္ ထုိကေလးေလးကုိ ၾကည့္ရင္း ပါးစပ္အေဟာင္းသား ၿဖစ္ေနသည္ ။

“ဘ-ဘယ္လုိ…ဘ-ဘယ္လို ေခၚလုိက္တယ္… ၊
မင္းက သူ ့သားလား”

အစ္ကုိ ရီ တစ္ခါက ဒီကေလးကို ေခၚလာေသးတယ္ ။
ဒါေပမယ့္ သူက အစ္ကုိ ့ရီ ့ သူငယ္ခ်င္းရဲ့ သားဆုိ…

အစ္ကို ရီကုိ ဒီပိစိေလးက “မာမီ” လုိ ့ ေခၚေနတယ္လား… 

တန္တန္၏ ၀ုိင္းစက္ၿပီး နက္ေမွာင္ေနသည့္ မ်က္၀န္းတုိ့သည္
ခ်က္ခ်င္းပင္ သတိၾကီးၾကီး ၿဖစ္သြားၿပီး ထို “ၾကက္ေပါက္စ” ကုိ စိတ္မၾကည္မသာၿဖင့္ ၾကည့္လုိက္ေလသည္ ။

ၾကက္ေပါက္စေလးကမ်ား ငါ့မာမီကို ေမးခြန္းထုတ္ေနတယ္၊
ငါ့ကို မာမီ့ရဲ့ ေဘဘီ ဆုိတာကုိ မယံုသကၤာၿဖစ္ေနရတယ္လုိ ့ ။

ထိုကေလးေလး၏ စိတ္မေပ်ာ္မရႊင္ ၿဖစ္သြားမႈကုိ ရီ၀မ္၀မ္ ခံစားမိလုိက္ၿပီး ခ်က္ခ်င္းပင္ သူ ့ေခါင္းေလးကုိ ပုတ္ေပးလုိက္သည္ ။ ထုိ ့ေနာက္တြင္ သူမ စိတ္ထဲ အေတြးတစ္ခ်က္ ၿပိဳးၿပက္သြားၿပီး ကုန္ရႊီကုိ ၾကည့္လုိက္ကာ…

“သူက တကယ္ေတာ့ ငါ့သား”

ဟီးဟီး…တန္တန္ရဲ့ ေရာက္လာတာ လံုး၀ကုိ အခ်ိန္ကုိက္ပဲ ။

………………………………………………………

စာစဥ္ ၄၈၊ အခန္း ၁၃ ။  တန္တန္

သူမသည္ ကုန္ရႊီေၾကာင့္ အၾကပ္ရုိက္ေနစဥ္
တန္တန္သည္ ေပၚလာခဲ့ၿခင္း ၿဖစ္ေပသည္ ။

တန္တန္ ေပၚလာတာထက္ ပုိၿပီး အက်ိဳးရွိသည္မွာ
ဘယ္ဟာ ရွိပါ့မည္နည္း ။

ကုန္ရႊီ၏မ်က္လံုးတုိ ့မွာ ခ်က္ခ်င္းပင္ ၿပဴးက်ယ္၀ုိင္းစက္ သြားၿပီး မ်က္နွာတစ္ၿပင္လံုး မယံုၾကည္နုိင္ ၿဖစ္လာသည္ ။

“ဒ-ဒါ မၿဖစ္နုိင္ဘူး”

ရီ၀မ္၀မ္က ေခ်ာင္းအသာေလး ဟမ့္မိသြား၏ ။

“အဟမ္း…”

သုိ ့ေသာ္လည္း ရီ၀မ္၀မ္ ဘာမွ မေၿပာရေသးခင္
ရီမူဖန္က ၀င္ေၿပာလာသည္ ။

“ဘာလို ့ မၿဖစ္နုိင္ရမွာလဲ ။ သူက ငါ့ညီမေလးရဲ့ သား ။ မင္း မယံုရင္ ဒီကေလး မ်က္နွာကုိ ၾကည့္ၾကည့္ ။ သူ ့ရဲ့မ်က္လံုး၊ နွာတံနဲ ့ ႏႈတ္ခမ္းက ငါ့ညီမေလးနဲ ့ တစ္ေထရာထဲပဲ”

သူ ဘာကုိမွ ဂရုမစုိက္နုိင္အားေတာ့ေပ ။ ရန္သူ၏ရန္သူသည္ မိတ္ေဆြ ၿဖစ္သည္ ဆုိေသာ စကား ရွိသည္ မဟုတ္ပါလား ။ အခုခ်ိန္တြင္ အေရးၾကီးဆံုးမွာ ကုန္ရႊီ ၏ကိစၥကုိ ေၿဖရွင္းဖုိ ့ရာ ၿဖစ္ေခ်သည္ ။

ဒီေကာင္က ဟုိေကာင္ထက္ ပုိၿပီးေတာ့ နာမည္ဆုိးတယ္ ။ ဒီေကာင့္လက္ထဲကုိ ငါ့ညီမေလး ေရာက္သြားလုိ ့ မၿဖစ္ဘူး ။

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္ ဖက္ထားသည့္ ထိုပိစိေလးကုိ ၾကည့္လုိက္သည္ ။

ထိုကေလးေလးသည္ အမွန္ပင္ ေခ်ာလြန္းလွပါ၏ ။ အသက္ငယ္ေသးသည့္တုိင္ သူ ့ကုိယ္ကေန ၿမင့္ၿမတ္သည့္ အေရာင္အ၀ါတုိ ့ ထိုးထြက္ေနေလသည္ ။

သူသည္ ထိုကေလးေလးကုိ အခ်ိန္အၾကာၾကီး ၾကာေအာင္ ေငးစုိက္ၾကည့္ေန၏ ။ သူသည္ ရီမူဖန္ ညာေနသည္ကုိ သက္ေသၿပ လုိက္ခ်င္၏ ။ သုိ ့ေသာ္ ပုိၾကည့္မိေလ ပုိၾကည့္မိေလ ၊ ရီ၀မ္၀မ္ နွင့္ ထိုကေလးမွာ ပုိပိုၿပီး ဆင္တူလာသည္ကုိ သိနားလည္လာရ၏ ။

အေမနွင့္သား နွစ္ေယာက္စလံုးသည္ အတူတူ မတ္တပ္ရပ္ေနၾကခ်ိန္တြင္ 
မလုိက္ဖက္မႈ တစ္စက္ေလးပင္ ရွိမေနပါေခ် ။

ေသာက္က်ိဳးနဲ...ငါက ပန္းေလးကိုပဲ ခူးခ်င္မိတာပါ... အခုေတာ့ အဲ့ဒီပန္းက သစ္ပင္ၾကီး ၿဖစ္ေနၿပီး သစ္သီးေတြပါ သီးေနပါေပါ့လား ။

ရီ၀မ္၀မ္သည္ တန္တန္ကုိ ေပြ ့ဖက္ထားရင္းကေန စုိးရိမ္စြာၿဖင့္ ဟုိဟိုဒီဒီကုိ လုိက္ရွာၾကည့္လုိက္မိ၏ ။

“ဒက္ဒီေရာ ဘယ္မွာလဲ”

တန္တန္တစ္ေယာက္ထဲ ေၿပးလာစရာ အေၾကာင္းေတာ့ မရွိဘူးမလား ။ အနားမွာ စီရီဟန္ၾကီး ရွိေနေလာက္တယ္၊ ဟုတ္တယ္မလား ။

အေစာနက ၿမင္ကြင္းကုိ စီရီဟန္ မၿမင္သြားၿခင္းအေပၚ
သူမ က်ိတ္ၿပီး ၀မ္းသာေပ်ာ္ရႊင္မိသြား၏ ။

ငါေလးက တစ္ခ်ိန္လံုး ကံခ်ည္း လွိမ့္ဆုိးေနတာ၊ အခုေတာ့ ငါ့ကံဇာတာေလး ၿပန္တက္လာၿပီေပါ့…ဟီးဟီး ။

တန္တန္က ၿပန္ေၿဖသည္ ။

“ဒက္ဒီက မာမီ့အတြက္ ယူစရာရွိလုိ ့ဆုိၿပီး ၿပန္လွည့္သြားတယ္”

ရီ၀မ္၀မ္က တုိးတိုးေလး ေရရြတ္လုိက္သည္ ။

“ေအာ္၊ အဲ့ဒီလုိလား…” အံ့ၿသစရာေကာင္းလုိက္တာ ။

“တန္တန္…သားက မာမီ့ရဲ့ လာဘ္ေကာင္ေလးပဲ”

ထိုသုိ ့ေၿပာလုိက္ရင္း ရီ၀မ္၀မ္သည္ တန္တန္၏ ပါးၿပင္ေလးကို ဖ်စ္ညွစ္လုိက္သည္ ။

ထိုကေလးေလးသည္ စီရီဟန္ ၾကီး ေရာက္မလာခင္ ထိုၿပသနာအၾကီးၾကီးကို ကူေၿဖရွင္းေပးခဲ့ၿပီ မဟုတ္ပါလား ။

ငါေလး တကယ့္ကို ၀မ္းသာလုိက္တာ ။

မာမီ ၿဖစ္သူ ဆီကေန ရုတ္တရက္ၾကီး အခ်ီးက်ဴးခံလုိက္ရၿခင္းေၾကာင့္ ေကာင္ငယ္ေလးသည္ မ်က္နွာထက္တြင္ ေပ်ာ္ရႊင္မႈအေပါင္း ခေညာင္းလာလ်က္ ႏႈတ္ခမ္းနွစ္လႊာကို တင္းတင္းေစ့လုိက္ေခ်ၿပီ ။

သူသည္ မအိပ္ေသးေသာေၾကာင့္ မာမီမ်ား ဆူေလမည္လားဟု က်ိတ္ကာ စိတ္ပူေနခဲ့ၿခင္း ၿဖစ္၏ ။

ငါ ဒက္ဒီ့စကားကုိ နားေထာင္ၿပီး မာမီ့ကို လာၾကိဳလုိက္တာ ေတာ္သြားတယ္။

ထုိအခုိက္အတန္ ့တြင္ ၊ တန္တန္၏အေနာက္ဘက္ကေန ရင္းနွီးက်ြမ္း၀င္ၿပီးသား ပံုရိပ္တစ္ခု ေပၚထြက္လာၿပီး
သူတို ့ဆီ ေလ်ွာက္လာေနသည္ကို ရီ၀မ္၀မ္ ၿမင္လုိက္မိ၏ ။

စီရီဟန္ လာေနၿခင္းပါတည္း ။

ရီ၀မ္၀မ္သည္ ေနာက္ထပ္တစ္ဖန္ ကုန္ရႊီကိစၥကုိ တန္တန္ ေပၚလာၿပီး ေၿဖရွင္းလုိက္ၿခင္းေပၚ ၀မ္းသာမိသြားၿပန္သည္ ။

“အားက်ိဳ ~”

ရီ၀မ္၀မ္သည္ ခ်က္ခ်င္း မတ္တပ္ထရပ္လုိက္ၿပီး
စီရီဟန္ဆီ သြားလုိက္၏ ။

စီရီဟန္သည္ မ်က္ေမွာင္ၾကီး ၾကဳတ္လ်က္
ရီ၀မ္၀မ္ စီးထားေသာ ေဒါက္ဖိနပ္ကုိ စုိက္ၾကည့္ေနသည္ ။
သူ ့မ်က္နွာမွာ အနည္းငယ္ မည္းပုတ္လာရင္း…
“ဘာလုိ ့ ေၿပးလႊားေနတာလဲ”

ရီ၀မ္၀မ္သည္ ေမာ့ၾကည့္လုိက္ၿပီး ဖူးပြင့္လာသည့္ ပန္းပြင့္ေလးနွယ္ ၿပံဳးၿပလုိက္ကာ…
“ကုိကုိ ့ကို ေတြ ့ရတာ အရမ္းေပ်ာ္လုိ့”

သူမေလးသည္ လက္တုိ ့ၿဖင့္ သူ ့ခါးကို သိုင္းဖက္လုိက္ေလသည္ ။
သုိ ့ေသာ္ စီရီဟန္သည္ကေတာ့ လက္ထဲတြင္ ကိုင္ထားသည့္ ဘူးကို တုိးတိုးဖြဖြေလး ေၿမၾကီးေပၚ ခ်လုိက္ရင္း…

“ဖိနပ္လဲစီးလုိက္”

ထုိဘူးကုိ ဖြင့္လုိက္ခ်ိန္တြင္ သက္ေသာင့္သက္သာ ရွိလွသည့္ ဖိနပ္အပါးေလး တစ္ရံမွာ ဘြားခနဲ ေပၚထြက္လာသည္ ။

တန္တန္ ေၿပာတဲ့ ၿပန္သြားယူတယ္ဆုိတဲ့ဟာလား ။

ရီ၀မ္၀မ္သည္ ေတာင္ပံ နွစ္စံု ေပါက္ေနသည့္ နတ္သားေလးတစ္ပါး လားနွယ္ စီရီဟန္ကုိ ရႊန္းစားေနသည့္ မ်က္၀န္းတုိ ့ၿဖင့္ စုိက္ၾကည့္ေန ကာ…

“ခ်စ္ကုိ ကူစီးေပး ~”

စီရီဟန္သည္ တဒဂၤေလာက္ သူမေလးကုိ ေငးၾကည့္မိလုိက္ၿပီး သူမေလးကုိ သူ ့ပုခံုးအား ကုိင္ထားေစေလသည္ ။ ထုိ ့ေနာက္
ကုိယ္ကုိ ကိုင္းခ်လုိက္ကာ သူမေလးကုိ ဖိနပ္ကူစီးေပးေလသည္ ။

သူသည္ ေအးစက္စက္ ရႈတည္တည္ၾကီးဟန္ ရွိေနသည္ ဆုိေသာ္လည္း သူ၏ ဖိနပ္လဲစီးေပးေနသည့္ လႈပ္ရွားမႈတုိ ့ကေတာ့ အလြန္အမင္းပင္ ယုယေလသည္ ။

ရီ၀မ္၀မ္သည္ သူ ၿပန္ထလုိက္ၿပီဆုိသည္နွင့္
သူ ့ကို သုိင္းဖက္လုိက္ကာ…

“ၿပီးေတာ့၊ ၿပီးေတာ့ ရွိေသးတယ္ ။ ခ်စ္ ပုိ ့တဲ့ စာကို
ေတြ ့လုိက္လား ။ ခ်စ္တုိ ့ ဒီည အေကာင္းဆံုး အမ်ိဳးသား သရုပ္ေဆာင္ဆု နွစ္ဆုနဲ ့ အေကာင္းဆုံး အမ်ိဳးသမီး သရုပ္ေဆာင္ဆု တစ္ဆု ရသြားတယ္ ။
ကိုကို ခ်စ္ကို အခုထိ ခ်ီးက်ဴးစကား မေၿပာရေသးဘူး”

စီရီဟန္ ၿပန္ေၿဖလာသည္ ။

“မဆုိးပါဘူး”

ထုိသည္ကုိ ၾကားလုိက္သည္နွင့္ ရီ၀မ္၀မ္၏မ်က္နွာေလး ေအာက္ငိုက္စုိက္ က်သြားေတာ့သည္ ။ သူမေလးသည္
အလြန္အမင္း မယံုၾကည္နုိင္ဟန္ၿဖင့္ ေၿပာဆိုလာသည္ ။

“အဲ့ဒါေလးပဲလား…”

သူမေလး၏ မႈန္မိႈင္းေနၿပီး အလြန္အမင္း စိတ္ဓာတ္က်ေနသည့္ မ်က္နွာေလးကုိ စီရီဟန္ ၾကည့္လုိက္မိ၏ ။ တခနေလာက္ တြန္ ့ဆုတ္ သြားၿပီးေနာက္ သူသည္ ကုိယ္ကုိ ကုိင္းခ်လုိက္ကာ သူမေလး၏ ႏႈတ္ခမ္းလႊာထက္ အနမ္းေလးတစ္ပြင့္ လွစ္ခနဲ ေပးလုိက္ေခ်သည္ ။

သူတုိ ့၏ အေနာက္ဘက္က လံုး၀ကုိ အေမ့ေလ်ာ့ခံ ကုန္ရႊီ ။ “…”

ငါဟာေလ ကားနားမွာအစား ကားေအာက္မွာ သြားေနေနရမွာ ။
ဒါမွ သူတုိ ့နွစ္ေယာက္ အကဲပုိေနတာကို မၿမင္ရမွာ...

……………………………………………….....

စာစဥ္ ၄၈၊ အခန္း ၁၄ ။ ရုပ္ရည္နဲ ့တင္ ရႈံးေနၿပီ

သူ ေၿပာေတာ့ မႏူးညံ့တတ္ဘူးဆုိ ။

ဒါဆုိ အလုိလုိက္ခံထားရလုိ ့ ခ်ြဲႏြဲ ့ၿပီး တီတီတာတာေတြ ႏူးႏူးညံ့ညံ့ေတြ ေၿပာဆုိေနတဲ့သူက ဘယ္သူလဲ ။

ကုန္ရႊီခမ်ာ ထုိၿမင္ကြင္းကို ၾကည့္ေနရင္း သူ ့ရင္ဘတ္ၾကီး ၿမားေပါင္းတစ္ေထာင္ၿဖင့္ ထိုးစုိက္ခံေနရသလုိ ခံစားလုိက္ရ၏ ။

ထန္ရွင္းေဟ်ာ္သည္ကေတာ့ သူ၏ သနားစရာ ေကာင္းလွသည့္ မ်က္လံုးတို့ကို ပိတ္လုိက္ေတာ့ၿပီး ေခ်ာင္းအသာဟမ့္လာသည္ ။

သူသည္ ကုန္ရႊီ၏ ပုခံုးတုိ ့ကုိ ခပ္ဖြဖြ ပုတ္လုိက္ၿပီး…

“ငါ့ရဲ့ သနားစရာ အရူးေကာင္ေလး… ရုပ္ရည္တစ္ခုထဲနဲ ့တင္ မင္း ရႈံးသြားၿပီ”

“ပါးစပ္ပိတ္စမ္း” ကုန္ရႊီက ခ်က္ခ်င္းပင္ ၿပန္ေငါက္ပစ္လုိက္၏ ။

ထန္ရွင္းေဟ်ာ္သည္ လ်ွာလိပ္သြားၿပီး…

“ၿပီးေတာ့လည္း… သူ ့ပံုစံက မင္းထက္ အပံုၾကီး သာတယ္….”

“မင္း ေၿပာလုိ ့ ၿပီးၿပီလား”

“အဲ့ဒီအၿပင္ကုိ သူတုိ ့မွာ ကေလးပါ ရွိေနၿပီ”

ကုန္ရႊီ ။  “…”

သူ ့ရဲ့ ေမွ်ာ္လင့္ခ်က္ၾကီးမွာ ရုတ္ၿခည္းပင္ သုညကို ၿပဳတ္က်သြားေခ်ၿပီ ။

ရီ၀မ္၀မ္သည္ ကုန္ရႊီ၏ အမူအရာကို ၿမင္လုိက္ၿပီး
သူ လက္ေလ်ွာ့ေတာ့လုနီးနီး ၿဖစ္ေနၿပီမွန္း သိလုိက္ၿပီး စိတ္ေအးသြားမိ၏ ။

“ညဥ့္နက္ေနၿပီ ။ မင္းတုိ ့လည္း သိပ္မၾကာခင္ အိမ္ၿပန္ၾကေတာ့”

ကုန္ရႊီသည္ အသက္မဲ့သလုိ ခံစားမိသြား၏ ။

“မၿပန္ဘူးဗ်ာ…မူးေနေအာင္ကုိ ေသာက္ပစ္မွာ…”

ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္သြားေလၿပီ ။

သူမသည္ ဒီလိုအေၿခအေနမ်ိဳးနွင့္ ကုန္ရႊီကုိ အဘယ္ကဲ့သုိ ့ ေသာက္ခြင့္ေပးနုိင္ပါလိမ့္မည္နည္း ။

လ်ိဳခ်န္းသည္ ရီ၀မ္၀မ္ကုိ ၾကည့္ၿပီး ေၿပာလာသည္ ။

“အစ္ကုိ ရီ၊ အိမ္ၿပန္ၿပီးေတာ့ အနားယူလုိက္ပါ ။
က်ြန္ေတာ္ သူနဲ ့ က်န္ေနခဲ့မယ္”

ထုိေတာ့မွသာ ရီ၀မ္၀မ္ စိတ္ေအးသြား၏ ။

လ်ိဳခ်န္း အနားမွာ ရွိေနရင္ေတာ့ ဘာၿပသနာမွ ၿဖစ္မွာ မဟုတ္ဘူး ။

စိတ္ေအးေအး ထားနုိင္တဲ့သူ တစ္ေယာက္ ရွိေနေသးလုိ ့ ေတာ္ပါေသးရဲ့ ။

ရီ၀မ္၀မ္သည္ မလုိလားအပ္သည့္ ၿပသနာေတြ ၿဖစ္လာမွာ စုိးသၿဖင့္ ထပ္ၾကာၾကာ အခ်ိန္ဆြဲမေနေတာ့ ။ သူမအဖြဲ ့ကို ႏႈတ္ဆက္လုိက္ၿပီး ၿမန္ၿမန္ဆန္ဆန္ပင္ ကားထဲသုိ ့ ၀င္လုိက္ေတာ့သည္ ။

ရႊီရီ ေမာင္းေနသည့္ အနက္ေရာင္ကားေလးသည္ တၿငိမ့္ၿငိမ့္ၿဖင့္ ညအေမွာင္ထုထဲ ေမာင္းထြက္သြားေခ်ၿပီ ။

အေနာက္ခန္းထဲတြင္ စီရီဟန္ နွင့္ ရီ၀မ္၀မ္ၾကားထဲတြင္ ထုိင္ေနသည့္ ေဘဘီ တန္တန္သည္ စိုးရိမ္စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာဆိုလာသည္ ။

“မာမီ…ေတာင္းပန္ပါတယ္ ။ တန္တန္ မာမီ့စကားကုိ နားမေထာင္ခဲ့ဘူး ၊ မအိပ္ခဲ့ဘူး…”

ရီ၀မ္၀မ္သည္ ဘယ္လုိလုပ္ စိတ္ဆုိးရက္ပါ့မည္နည္း ။

“ဘာမွ မၿဖစ္ဘူး ။ ေဘဘီ မာမီ့ကို လာၾကိဳတာ မာမီ အရမ္း ေပ်ာ္တယ္”

တန္တန္သည္ ရီ၀မ္၀မ္ နွင့္ ပတ္သက္လာလွ်င္ ဘာစည္းကမ္းမွ မရွိေတာ့သလုိ ရီ၀မ္၀မ္သည္လည္း တန္တန္နွင့္ ပတ္သတ္လာလွ်င္ ထို ့အတူပင္ ။ သူမ၏အေရးၾကီးဆံုးေသာ စည္းကမ္းကုိက ဘာစည္းကမ္းမွ မရွိေနၿခင္းပါတည္း ။

ကေလးေလးသည္ စိတ္ေအးလက္ေအး ၿဖစ္သြား၏ ။
သူ ့မ်က္နွာသည္ကေတာ့ စုိးရိမ္မႈတုိ့ ၿပည့္လ်ွမ္းေနၿပီး
တုိးတုိးေလး ေရရြတ္လာသည္ ။

“တန္တန္ကေလ…တန္တန္က…မာမီ အရက္ေသာက္မွာ ကို စိုးရိမ္လုိ ့ပါ…”

မာမီက မူးလာၿပီဆုိတာနဲ ့ တန္တန္ ့ကို ေမ့သြားမွာ ။

ထုိအရာမွာ သူ လက္မခံနုိင္သည့္ တစ္ခုတည္းေသာ အရာပင္ ။ ထုိ ့ေၾကာင့္ ထုိကဲ့သုိ ့ေသာ ကိစၥမ်ိဳးတြင္ သူသည္ ရီ၀မ္၀မ္စကားကုိ နားမေထာင္ၿခင္း ၿဖစ္ပါ၏ ။

ရီ၀မ္၀မ္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ ေၿပာဆုိလာသည္ ။

“စိတ္ခ်…မာမီက တန္တန္ ့ကို ေပးထားတဲ့ ကတိကုိ လံုး၀ တည္မွာ”

…………………

ဟုိးအေစာပိုင္းက သားအဖနွစ္ေယာက္ နွင္းဆီအိမ္ေတာ္ေလးတြင္ ရွိေနၾကခ်ိန္ ။

စီရီဟန္သည္ တန္တန္ကို ေစာင္ကူၿခံဳေပးလုိက္ကာ…
“အိပ္ေတာ့”

ကေလးေလး၏ မ်က္နွာေလးမွာ အထီးက်န္လုိ ့ေနေလသည္ ။

“မာမီက ဘယ္ေတာ့ ၿပန္လာမွာလဲ”

“အရမ္း ညဥ့္နက္မွ”

“အရမ္းညဥ့္နက္မွက ဘယ္ေလာက္ထိ ညဥ့္နက္မွာလဲ” ဟု ကေလးေလးက ေမးသည္ ။

“ေၿပာရခက္တယ္”

“မာမီက သူငယ္ခ်င္းေတြနဲ ့ သြားေတြ ့တာလားဟင္”

“ပြဲသြားတက္တာ”

ခ်က္ခ်င္းပင္ တန္တန္ မ်က္ေမွာင္ၾကဳတ္သြားသည္ ။

“ပြဲလား ။ ပြဲဆုိ အရက္ေသာက္ၾကမွာလား”

“အင္း”

ထိုကေလးေလးသည္ ခ်က္ခ်င္းပင္ ရန္သူၾကီးနွင့္ ရင္ဆုိင္ရသည့္ပမာ စိုးရိမ္ထိတ္လန္ ့စိတ္တုိ ့ ၿမင့္တက္လာေတာ့သည္ ။

“ဒါဆုိ…ဒါဆုိ မာမီေရာ အရက္ေသာက္မွာလားဟင္”

စီရီဟန္သည္ သူ ့ကို ၾကည့္လုိက္ၿပီး ေအးစက္စက္ ၿပန္ေၿဖလုိက္သည္ ။

“ေသာက္ရင္ ေသာက္နုိင္တယ္”

တန္တန္သည္လည္း မႈန္ကုတ္သြား၏ ။

“ဒါေပမယ့္...ဟိုတစ္ေခါက္ကတုန္းက မာမီက မေသာက္ေတာ့ဘူးလုိ ့ ကတိေပးထားတယ္မလား”

“သူက ငါ ေၿပာတာကို နားေထာင္မယ္ ထင္လား”

“ဒါေပမယ့္ မာမီက တန္တန္ ေၿပာတာဆုိ နားေထာင္မွာေပါ့”

စီရီဟန္သည္ တည္တည္ၿငိမ္ၿငိမ္ၿဖင့္သာ…
“ေမွ်ာ္လင့္ရတာပဲ”

စီရီဟန္၏ စကားတစ္ခြန္းခ်င္း တစ္ခြန္းခ်င္းတိုင္းမွာ ထုိကေလးေလးကုိ တစထက္တစ တည္ၿငိမ္မႈတို ့ ပ်က္ယြင္းလာေစသည္ ။

တန္တန္သည္ အိပ္ရာေပၚတြင္ လွဲေနၿခင္း ၿဖစ္၏ ။
စီရီဟန္သည္ ထြက္သြားေတာ့မည္ ၿပဳလုိက္သည့္အခုိက္ ထုိကေလးေလးသည္ စီရီဟန္၏ အက်ီၤစကုိ လွမ္းဆြဲလုိက္သည္ ။

“ဒက္ ဒီ.... ”

စီရီဟန္ ရပ္သြားၿပီး ထုိကေလးေလးကုိ ၾကည့္လုိက္သည္ ။

အလြန္အမင္း စိတ္ရႈပ္ေထြးေနသည့္ ဟန္ပန္ၿဖင့္
ထုိကေလးေလးက ေၿပာသည္ ။

“တန္တန္တုိ ့ မာမီ့ကို တူတူသြားၾကိဳလုိ ့ ရမလား”

“အရမ္း ညဥ့္နက္ေနၿပီ ၊ အိပ္ေတာ့”

ကေလးေလးခမ်ာ ပုိလုိ ့ပင္ စိုးရိမ္လာ၏ ။

“ဒါေပမယ့္ တန္တန္ မာမီ့ကို စိတ္ပူတယ္…”

သို ့နွင့္ ေဘဘီ တန္တန္၏ တတြတ္တြတ္ ေတာင္းဆုိခ်က္အရ စီရီဟန္သည္ “စိတ္မပါလက္မပါၿဖင့္” သူ ့ကိုပါ ေခၚလာကာ
ရီ၀မ္၀မ္ကုိ လာၾကိဳၿခင္း ၿဖစ္ေတာ့သည္တည္း ။

………………………………………………………
ေနာက္အပတ္မွာ ျပန္ေတြ႕ၾကမယ္ေနာ္ ။
Paid group ၀င္လိုသူေလးမ်ားက 09 402 842 937 ကို ေဘလႊဲၿပီးေတာ့ ၀င္ဖတ္႐ႈလို႔ ရပါတယ္ ။ စာစဥ္တစ္ခုကို ၅၀ဝ ပါ 😍

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  48
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၈၊ အခန်း ၁ ။  အစ်ကို ရီ များ ဝင်ပူးနေတာလား

“ကုံးကျားမင် ကို သိလား” ဟု ရီမူဖန်က မေးသည် ။

“ထူးခြားဆန်းကြယ်သော တိုက်ခိုက်မှု ကို ရိုက်တဲ့ ဒါရိုက်တာ လား” ဟု ရီဝမ်ဝမ်က ပြန်မေးသည် ။

ရီမူဖန်က ခေါင်းညိတ်လိုက်၏ ။

“အင်း…ဟုတ်တယ်…သူ  ပဲ ။ စောနက ဒါရိုက်တာ ကုန်း ဖုန်းဆက်တာ ။ သူ့ဆီမှာ ကုန်ရွှီ နဲ့ လျိုချန်းအတွက် အရမ်းလိုက်ဖက်တဲ့ ဇာတ်ညွှန်းတစ်ခု ရှိထားတယ်တဲ့ ။
သူတို့နှစ်ယောက်ကို ရိုက်ဖို့ လာခေါ်တာ”

ရီဝမ်ဝမ်က စိတ်ဝင်တစားဖြင့် မေးလိုက်သည် ။

“တကယ်လား…ဘာဇာတ်ညွှန်းလဲ ။ ဒါရိုက်တာ ကုန်း ရဲ့ စစ်ကားတွေက ကောင်းတာချည်းပဲ”

ရီဝမ်ဝမ်သည် ဖုန်းကို ဖွင့်လိုက်ပြီး..
“ကိုယ့်ဟာကိုယ် ကြည့်လိုက် ။ ဒီဟာက အစောနကပဲ သူတို့ ပို့လိုက်တဲ့ ဇာတ်ညွှန်း ။ ရေးတဲ့သူက ကျန်းဟွေ့တဲ့ ။
ငါ ဖတ်ကြည့်ရသလောက်တော့ တော်တော်လေး ကောင်းတာပဲ ။ ဇာတ်ကောင်တွေက ကုန်ရွှီနဲ့လျိုချန်းနဲ့ တော်တော်လေးကို ကိုက်တယ်…”

ရီမူဖန်သည် ရီဝမ်ဝမ်ကို ဇာတ်ညွှန်း ပြနေသည်ကို မြင်လိုက်ကြသည့်အခါ ကုန်ရွှီ၊ လျိုချန်းနှင့် ထန်ရှင်းဟျော်တို့ တွေးလိုက်မိကြသည်မှာ ထိုမိန်းကလေးက အနုပညာလောက အကြောင်း စိတ်ဝင်တစား ရှိနေခြင်းကြောင့် ရီမူဖန် ပြပေးနေခြင်းဟု ။ သို့နှင့် သူတို့လည်း များများစားစား မတွေးမိလိုက်ကြပါချေ ။

ရီဝမ်ဝမ်သည် တခနအတွင်း ဖတ်ကြည့်ပြီးသွားချေပြီ ။

“ဘယ်လိုလဲ…တော်တော်လေး ကောင်းတယ်မလား” ဟု
ရီမူဖန်က မေးလာသည် ။

ရီဝမ်ဝမ်သည် ခေါင်းညိတ်လိုက်၏ ။

“ဇာတ်ညွှန်းကတော့ အတော်လေး ကောင်းပါတယ်။ ဒါပေမယ့်
ကုန်ရွှီနဲ့လျိုချန်းအတွက် မသင့်တော်ဘူး”

“ဘာလို့လဲ” ရီမူဖန်သည် နားမလည်သောကြောင့် မေးလိုက်သည် ။

“ဒါက ရဲနဲ့သူဌေးသားလူဆိုးတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပဲ ။ သေခြင်းနှင့်ရှင်ခြင်းကြား ဇာတ်လမ်းနဲ့ တစ်ထပ်ထဲပဲ ။ ပထမတစ်ခေါက်မှာက နာမည်ကြီးသွားပြီ ဆိုပေမယ့်လည်း ဒီကားမျိုးနဲ့ပဲ ဒုတိယတစ်ခေါက် ထပ်ရိုက်ဦးမယ်ဆိုရင်တော့ မသေချာတော့ဘူး ။ ပြီးတော့ ဒီကျောရိုးအတိုင်းပဲ ဆက်ရိုက်နေဦးမယ်ဆိုရင် နောင်
သူတို့ တခြားဇာတ်ကောင် နေရာကို ရိုက်ချင်တယ်ဆိုရင် အရမ်း ခက်သွားလိမ့်မယ်”

“ကုန်ရွှီနဲ့လျိုချန်းက အခုဇာတ်ကောင်ကနေ အောင်မြင်မှု ရပြီးသွားပြီ၊ နောက်ထပ် မတူတဲ့ ဇာတ်ကောင်တွေကို ရိုက်သင့်တယ် ။ အထူးသဖြင့် လျိုချန်းပဲ၊ သူက တော်တော်လေး အရည်အချင်းရှိတယ်”

ရီမူဖန်သည် ရီဝမ်ဝမ်၏ ပြောစကားတို့ကို လုံးဝကို သံသယမရှိဘဲ လေးလေးနက်နက် နားထောင်နေသည် ။

“ဒါဆို ငြင်းလိုက်ရမလား”

ရီဝမ်ဝမ်က ခေါင်းညိတ်လိုက်သည် ။

“ငြင်းလိုက်ပါ၊ ပြီးတော့ ကမ်းလှမ်းလာတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ဒါရိုက်တာ ကုန်း ကို ပြောလိုက်ဦး ။ ဒါရိုက်တာ ဟုန်း နဲ့ ဖန်ချီဟွာ က နောက်နှစ်မှာ တောမီး ဆိုတဲ့ကား ရိုက်ဖို့ ပြင်နေတယ် ။ အဲ့ဒီဇာတ်လမ်း ရဲ့ ဇာတ်ကောင်က ကုန်ရွှီ နဲ့ တော်တော်လေး လိုက်တယ် ။ အဲ့ဒီမှာ လက်တွဲလုပ်လို့ ရလောက်တယ်…”

“အင်း၊ နားလည်ပြီ ။ ဒီပွဲပြီးသွားရင် သူတို့ကို ပြန်ပြောလိုက်မယ်”

ကုန်ရွှီသည် ရီမူဖန်နှင့် ရီဝမ်ဝမ်တို့၏ စကားတို့ကို နားထောင်နေရင်း သူ၏ချစ်စဖွယ် မျက်နှာလေးမှာ ပျက်ယွင်းလာတော့၏ ။
သူ့စိတ်ထဲ တစ်ခုခု လွဲနေသလိုလို အာရုံရနေလေပြီ…

အာ…သကြားလုံးလေး ရီမူဖန်ကို ပြောနေတဲ့ ပုံစံက
ငါ ဘာလို့…အရမ်း…အရမ်း ရင်းနှီးနေတာလဲ ။

ကုန်ရွှီသည် သတိတရပင် လျိုချန်းကို ကြည့်လိုက်ရာ…
လျိုချန်း၏မျက်ဝန်းထဲက တူညီနေသည့် အတွေးတစ်စကို ဖမ်းဆုပ်လိုက်၏ ။

ကုန်ရွှီက လျိုချန်းကို တိုးတိုးလေး မေးလိုက်သည် ။

“ငတုံးကောင်…မင်းရော သကြားလုံးလေးရဲ့ အရှိန်အဝါက…
အစ်ကို ရီ နဲ့ တူတယ်လို့ ခံစားရလား”

လျိုချန်းက ခေါင်းညိတ်သည် ။
“အရမ်းတူတယ်…”

“တူရုံတင် မဟုတ်ဘူး…အစ်ကို ရီ များ ဝင်ပူးနေတာများလား”

စကားပြောသည့်အချိန် သူမလေး၏ လေသံနှင့် အပြုအမူတင် မဟုတ် ။ သူနှင့် လျိုချန်းအပေါ်တွင် နက်နက်ရှိုင်းရှိုင်း နားလည်ထားမှု၊ ထို့ပြင် ရီမူဖန်၏ သူမလေးပေါ် ထားသည့် သဘောထား ။
အရာအားလုံးသည် တစ်ခုခု လွဲနေသည် မဟုတ်ဘူးလား ။

ဘ-ဘာတွေ…ဖြစ်နေတာလဲ ။

ရီမူဖန်သည် ရီဝမ်ဝမ်ကို ဆက်ပြောနေသည် ။

“ပြီးတော့…စူပါစတားနှင့် တွေ့ဆုံခြင်းက ထပ်ပြီး ဖုန်းခေါ်လာတယ် ။
အဲ့ဒီ ငကြောက် ဟူ က အရှက်မရှိ မျက်နှာပြောင်ပြောင်နဲ့ ငါတို့ကို လာဖိတ်ရဲသေးတယ် ။ အမိုက်စား စွန့်စားခန်းရော အတူတူပဲ ။ ဆုပေးပွဲတုန်းကတော့ စာချုပ်ကို ဖျက်ပစ်လိုက်ပြီး အခုတော့မှ အစမ်းခန့်ဝန်ထမ်းက အလုပ်ကို တလွဲ လုပ်မိသွားတာပါဆိုပြီး အပြစ်လွှဲချနေတယ်လေ…”

“အဲ့ဒီ နှစ်ခုကို လက်မခံနဲ့။ ညီမလေးတို့ကို ဆက်သွယ်တဲ့ တခြားရှိုးပွဲ တွေ ရှိသေးတယ်မလား”

ရီမူဖန်သည် ခေါင်းညိတ်ပြီး သူ့ဖုန်းကို ထပ်ပြလိုက်ပြန်သည် ။

“ရှိတယ်…ဒါတွေက ဟိုးကတည်းက ငါတို့ကို ဆက်သွယ်ထားတဲ့ဟာ ။ ကြည့်ကြည့်…”

ရီဝမ်ဝမ်သည် ရှိုးပွဲနှစ်ခုကို လက်ညှိုးထိုးလိုက်ပြီး…
“ဒီနှစ်ခု ကောင်းတယ် ။ ကုန်ရွှီနဲ့လျိုချန်းကို ကြိုက်တာ တစ်ခု ရွေးခိုင်းလိုက်”

………………………………………………………

စာစဉ် ၄၈၊ အခန်း ၂ ။  ယောကျာ်းတွေကို  မြှူဆွယ်ထားခဲ့တာလား

“ကောင်းပြီ”

ရီမူဖန်သည် ကုန်ရွှီ နှင့် လျိုချန်းကို မော့ကြည့်လိုက်ကာ…
“ဒီနှစ်ခုထဲက ဘယ်ဟာကို သွားချင်လဲ”

အခုလက်ရှိတွင် ကုန်ရွှီနှင့်လျိုချန်း နှစ်ယောက်စလုံးပင် အသိစိတ်တို့ လွတ်ကာ ကြောင်ကြောင်အမ်းအမ်း ဖြစ်နေကြ၏ ။

ရီမူဖန်သည် မျက်မှောင်ကြီး ကြုတ်သွားပြီး
သူတို့ရှေ့  လက်ဝှေ့ယမ်း ပြလိုက်သည် ။

“ဒီမှာ…ငါ မင်းတို့ကို ပြောနေတာ”

ချက်ချင်းပင် ကုန်ရွှီ မျက်ကလူးဆန်ကပျာ ပြန်ဖြေလာသည်ကား…
“ကျွန်တော်…ကျွန်တော် အစ်ကို ရီ ပြောတာပဲ နားထောင်မယ်…
အဲ… အစ်ကို ရီ ဘယ်ရောက်နေတာလဲ”

ရီမူဖန်၏မျက်ခုံးတို့ ပင့်တက်သွား၏ ။

“သူ…”

ရုတ်တရက်….ရီမူဖန်သည် သူတို့ဆီ လျှောက်လာနေသည့် လူတစ်ယောက်ကို မြင်လိုက်ပြီး စကားရပ်သွားသလို ချက်ချင်းပင် မျက်နှာကြီး မည်းပုတ်လာလေပြီ ။

“ရီဝမ်ဝမ်…နင်က ဘာလို့ ဒီကို ရောက်နေတာလဲ”

လျန်ရှီဟန်သည် ရီဝမ်ဝမ်အား စိမ်းစိမ်းဝါးဝါးကြီး ကြည့်ရင်း အော်ကြီးဟစ်ကျယ် ပြောဆိုလာခြင်းပင် ။

ရီမူဖန်သည် ချက်ချင်းပင် ရီဝမ်ဝမ် အရှေ့က ကာရပ်လိုက်၏ ။

“လျန် ရှီ ဟန် ၊ ဒီနေရာက မင်းမိသားစု အပိုင် မလို့လား ။ မင်းတစ်ယောက်ထဲ ဒီကို လာခွင့် ရှိတာ မလို့လား”

သူ၏ညီမလေးသည် ဘယ်လောက်ပင် ကြံ့ခိုင်နေသည် ဆိုပါစေဦး ။
သူ့စိတ်ထဲတွင်တော့ ထိုကောင်မလေးမှာ သူ၏ အကာအကွယ်ကို လိုနေသေးသည့် မသိနားမလည်သော ညီမငယ်လေးသာလျှင် ဖြစ်၏ ။

လျန်ရှီဟန်က ပြန်နှုတ်လှန်ထိုးလာသည် ။

“ဒီနေရာကို ဘယ်သူ ပိုင်တယ်ဆိုတာက ကိစ္စ မရှိဘူး ။ ဒီနေ့က ရွှေသစ်ခွဆုပေးပွဲ အခမ်းအနားနေ့၊ အဖိတ်ခံထားရတဲ့ သူတွေပဲ ဒီကို လာကြရတာ ။ သူက ဘယ်သူမို့လို့လဲ ။ ရှင့်ရုံးမှာ တောက်တိုမယ်ရတွေ လုပ်နေရတဲ့ မဖြစ်စလောက် လက်ထောက်လေး မဟုတ်ဘူးလား ။ ဒီလိုပွဲမျိုးကို လာရအောင် သူ့မှာ ဘာအဆင့် ရှိလို့လဲ”

ရီမူဖန်ပင် ပြန်မပက်လိုက်ရသေးခင်
ကုန်ရွှီသည် ဒုံးကျည်လို ရှူးရှူးဒိုင်းဒိုင်း ပြန်ပက်လာချေပြီ ။

“သူ့မှာ ဘာအဆင့်ရှိလို့လဲလို့ ပြောရအောင် မင်းဆီမှာ ဘာအဆင့်ရှိလို့ လာပါးစပ်သရမ်းနေတာလဲကွ”

ကုန်ရွှီသည် လက်ရှိအချိန်တွင် နာမည်ကြီးနေသူ ဖြစ်နေသဖြင့်
သူမ နည်းနည်းတော့ တွန့်ဆုတ်မိသွား၏ ။

ထိုအခိုက်တွင် လျန်ရှီဟန်၏ အနောက်ဘက်ကနေ
ရီယီယီ ပေါ်လာကာ လာဖျန်ဖျေပေးတော့သည် ။

“တောင်းပန်ပါတယ်ရှင် ။ ရှီဟန်က ငယ်သေးတော့ မဆင်မခြင် ပြောမိသွားတာကို စိတ်မရှိပါနဲ့”

မသိလျှင် ရီယီယီသည် လာဖျန်ဖြေပေးနေသလိုလို ။ သို့သော် တကယ်တော့ လျန်ရှီဟန်အား အားပေးအားမြှောက် ပြုနေခြင်းပင် ။

ရီယီယီသည် ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လာသည် ။

“ဝမ်ဝမ်လည်း ရောက်နေတာလား”

လျန်ရှီဟန်သည် ရီယီယီ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ယုံကြည်ချက် အပြည့် ဖြစ်လာတော့၏ ။ ရီယီယီ၏ လက်မောင်းကို ပြေးတွဲလိုက်တော့ကာ လှောင်ပြောင်ထေ့ငေ့ါ လာ တော့သည် ။

“အကောင်းဆုံး သရုပ်ဆောင်ကြီး ကုန် ရှင့်…ကျွန်မက ဘာမှ မဟုတ်တဲ့ သရုပ်ဆောင် ဖြစ်ချင်ဖြစ်မယ် ၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ သိသေးပါတယ် ။ ဒီနေ့ည ပွဲက ရွှေသစ်ခွပွဲ၊ အဖိတ်ကြားခံထားရတဲ့ တကယ့် ဧည့်သည်တော်တွေပဲ တက်လို့ရတာ”

“ဒီမိန်းမက ဒီပွဲကို လာခွင့်ရစရာ အကြောင်းကို မရှိဘူး ။ ဒီထဲရောက်အောင် ဘယ်လိုတွေ ချူပြီး ရောက်နေလဲဆိုတာကို ဘယ်သူ သိမှာလဲ ။ လူတိုင်းသာ ဒီလို လာနိုင်မယ်ဆိုလို့ကတော့ ကျွန်မရဲ့လက်ထောက်တွေရော၊ အိမ်တော်ထိန်းတွေရော၊ အစေခံတွေရော လာနိုင်တဲ့ သဘော မရောက်သွားဘူးလား”

လျန်ရှီဟန်၏စကားမှာ ရီဝမ်ဝမ်ကို အစေခံဟု ထိုးဆွနေခြင်း ဖြစ်ပေသည် ။

ကုန်ရွှီ၏ မျက်လုံးတို့ ကျဉ်းမြောင်းလာတော့ပြီ ။

“ထပ်ပြောလိုက်စမ်း”

လျန်ရှီဟန်သည် ကုန်ရွှီကို တစ်လှည့်၊ ရီဝမ်ဝမ်ကို တစ်လှည့် ကြည့်လိုက်ပြီး…
“ရီဝမ်ဝမ်…လတ်စသတ်တော့ နင်က ကုမ္ပဏီကို အလုပ်လုပ်ဖို့ သွားတာ မဟုတ်ဘဲ ယောကျာ်းတွေကို မြှူဆွယ်ဖို့ သွားတာကိုး”

ထိုသို့ပြောလိုက်မိရင်း သူမခေါင်းထဲတွင် အလင်းတစ်ချက် ဝင်လာသည် ။

“နင်…နင် ကုန်ရွှီကိုတင် မြှူစွယ်ထားတာ မဟုတ်ဘူးမလား ။ ရီပိုင် လို တော်လွန်းတဲ့ လူတစ်ယောက်က ဘာလို့များ ရီမူဖန်လို ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဆီမှာ သစ္စာခံပြီး နေနေသလဲ မှတ်တယ် ။ လတ်စသတ်တော့ သူ က
သူ့ညီမကို ရောင်းစားထားတာကိုး”

“ရှီဟန်…မဟုတ်တာ လျှောက်မပြောနဲ့”

ရီယီယီက ချက်ချင်းက ဝင်ဟန့်လာသည် ။ သို့သော်
သူမမျက်ဝန်းတို့ကမူ မည်သည့်ငေါက်ငမ်းမှုမှ မပါနေပါချေ ။

ငါ့မှာတော့ ရီမူဖန်ကို ဘယ်လိုအလဲထိုးရမလဲလို့ စဉ်းစားနေတာ ။ လတ်စသတ်တော့ ဒီဘာမဟုတ်တဲ့ အမှိုက်မ ရီဝမ်ဝမ်ကို ထိုးကျွေးထား တာကိုး ။

လျန်ရှီဟန်က “ရီပိုင်”  ကို ဆွဲထည့်လာချိန်တွင် ကုန်ရွှီသည် ဒေါသတကြီး ဖြစ်လာတော့လေပြီ ။ ချက်ချင်းပင် အရှေ့သို့ တက်သွားတော့ပြီး…
“အလကားဟာတွေ…ဘာချီးစကားတွေ လျှောက်ပြောနေတာလဲ”

ကုန်ရွှီ ဒေါသတကြီး ဖြစ်လာသည်ကို မြင်လိုက်ရပြီး ရီယီယီ၏ မျက်ဝန်းထဲ အေးစက်မှုတစ်ခု ဖျတ်ခနဲ ပြေးသွားသည် ။

ကုန်ရွှီ ထင်ရာစိုင်းလိုက်လို့ကတော့ ကြည့်ကောင်းပြီပဲ….

………………………………………………………

စာစဉ် ၄၈၊ အခန်း ၃ ။ ယောကျာ်းတွေကို တကယ်ကြိုက်တယ်

“ကုန်ရွှီ…စိတ်ကို ထိန်း”
လျိုချန်းသည် ကုန်ရွှီကို ပြန်ဆွဲထားလိုက်၏ ။

သို့သော်လည်း ကုန်ရွှီကို မည်သို့ တားနိုင်ပါလိမ့်မည်နည်း ။ သူသည် အရှေ့သို့ ထွက်ပြီး လျန်ရှီဟန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီးနေလေပြီ ။

“သူ့ကို တောင်းပန်စမ်း”

လျန်ရှီဟန်က အနည်းငယ် ထိတ်လန့်လာ၏ ။ 

“အား…နာတယ်…ကျွန်မကို လွှတ် ။ ရှင်က အကောင်းဆုံးသရုပ်ဆောင် ဆိုတာနဲ့ပဲ ကျွန်မကို အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား ။
ရှင်တို့မှာ အဲ့လို လူသိမခံဝံ့တဲ့ ကိစ္စတွေ မရှိဘူးဆိုရင်
ရှင် ဘာလို့ ဒီလောက်ထိ ကြိုးစားလာမှာလဲ”

အုန်းအုန်းကျွတ်ကျွတ် ဖြစ်နေသည့်အသံမှာ ကျယ်လောင်လွန်း တာကြောင့် ချက်ချင်းပင် တခြားဧည့်သည်တော်များက စိတ်ဝင်စားကုန်ကြသည် ။ လူတိုင်းသည် ရီမူဖန်နှင့် သူ့နံဘေးက မိန်းကလေးကို ကြည့်လာကြပြီး လက်ညှိုးထိုးကာ တီးကုန်ဆိုကြကုန်ပြီ ။

ကုန်ရွှီသည် ဒေါသပေါက်ကွဲလုနီးတဲတဲ ဖြစ်လာချိန်တွင်
ရီဝမ်ဝမ်က တည်ငြိမ်စွာဖြင့် ခေါ်လာသည် ။

“ကုန်ရွှီ”

ရီဝမ်ဝမ်သည် ဘာကိုမှ မပြောပါချေ ။ သို့သော် သူမလေးဆီက အကြည့်တစ်ချက်နှင့်ပင် ကုန်ရွှီသည် အလိုလို ငြိမ်ကျသွားကာ လျန်ရှီဟန်၏လက်ကို နာနာခံခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီး ရီဝမ်ဝမ်နား ကပ်သွားသည် ။

လျိုချန်းသည် ထိုသည်ကို မြင်လိုက်ပြီး အလွန်အမင်း ရှော့ရသွားကာ ရီဝမ်ဝမ်ကို ကြည့်လိုက်မိ၏ ။

လျန်ရှီဟန်သည်မူ ရီဝမ်ဝမ်ကို မသတီစရာ၊ စက်ဆုပ်စရာကြီးတစ်ဦးနှယ် ရွံရှာသည့်မျက်ဝန်းတို့ဖြင့် ကြည့်နေ၏ ။

“ရီဝမ်ဝမ်…နင်ကတော့ တော်တော့်ကို တော်လှချည်လား ။ နင့်ရုပ်နင့်ရည်ကို ဗန်းပြပြီး အေဂျင်စီက လူတိုင်းရဲ့ အိပ်ရာပေါ်ကို တက်ပြီးထားပြီနဲ့ တူတယ် ။ အဲ့ဒီ ရီပိုင် လည်း နင့်မာယာထဲကနေ ရုန်းမထွက်နိုင်ဘူး မလား ။ မဟုတ်ရင် နင့်အစ်ကို ရဲ့ ဘာမဟုတ်တဲ့ စုတ်စုတ်ပြတ်ပြတ် ကုမ္ပဏီ သေးသေးလေးမှာ သူ နေပေးနေစရာ အကြောင်းကို မရှိဘူး”

လျန်ရှီဟန်၏စကားလုံးတို့သည် လူအုပ်ကြီးကို တီးတိုးညံသွားစေ လေပြီ ။

“လတ်စသတ်တော့ အဲ့ဒီ မိန်းမလှလေးက ရီမူဖန်ရဲ့ ညီမ ဖြစ်နေတာကိုး ။ ဒါပေမယ့် အဲ့ဒီ အလှလေးကို ငါ ဘာလို့ အရမ်း ရင်းနှီးနေမိပါလိမ့် ။ အရင်တုန်းက တွေ့ဖူးနေသလိုပဲ”

“လျန်ရှီဟန် ပြောသွားတာတွေက အဓိပ္ပာယ်ရှိတယ် ။ စဉ်းစားကြည့်လေဟာ..ရီပိုင်လို တကယ့်အရည်အချင်း ပြောင်မြောက် တဲ့ သူ က ဘယ်မှာမဆို သွားအလုပ်လုပ်လို့ ရရဲ့သားနဲ့ ဘာလို့ ရီမူဖန် လို မိသားစုကနေ ကန်ထုတ်ခံ ထားရတဲ့ အပယ်ခံသားဆီမှာ အလုပ်လုပ်နေရတာလဲ”

“ဖွီး…အဲ့ဒီကောင်မလေးက ရီပိုင်ကို စကားချိုချိုလေးတွေနဲ့ ညှို့ထားလို့ နေမှာပေါ့”

ထိုနားကြားမခံသာသည့် စကားတို့သည်
ရီဟုန်းဝေ၏ နားထဲသို့ ရောက်သွားလေပြီ ။

ရီဟုန်းဝေသည် မျက်မှောင်ကြီး ကြုတ်လျက်
ရီဝမ်ဝမ်ကို ကြည့်လာသည် ။

“ဘာဖြစ်တာလဲ ။ ဝမ်ဝမ်က ဘာလို့ ဒီမှာ ရှိနေတာလဲ”

သူ့နံဘေးတွင် ရှိနေသည့် ရီရှောင်အန်းသည် တအံ့တသြဖြင့် ကြည့်လိုက်ပြီး…

“မူဖန် ခေါ်လာတာ ဖြစ်လောက်တယ် ။ အဲ့ဒီ မူဖန် ကတော့လေ ဘာက သင့်တော်တယ်၊ ဘာက မသင့်တော်ဘူးကိုတောင် မခွဲခြားတတ်သေးဘူးလား ။
ဒီလို ရှက်စရာကောင်းတာမျိုးကို လုပ်မယ်ဆိုလည်း လူမသိ သူမသိ လုပ်ပါ့လား ၊ ဘာလို့ ဝမ်ဝမ်ကို  ဒီနေရာကို ခေါ်ချလာရတာလဲ ။ ဒီကောင်မလေးကရော ဘယ်လိုလုပ် ပေါ်လာရတာလဲ ။ ဒါက သူတို့ကိုယ်သူတို့ လူရယ်စရာ ဖြစ်အောင် လုပ်နေတာနဲ့ မတူဘူးလား ဖေဖေရာ”

ရီဟုန်းဝေက ဒေါသ ထောင်းခနဲ ထွက်သွားလေပြီ ။

“မင်းက ဘာကိစ္စ ဒီမှာ ရပ်နေသေးတာလဲ ။
အဲ့ဒီ ကောင်မလေးကို မြန်မြန် ပြန်ခိုင်းလိုက်စမ်း”

မြေးမလုပ်သူက လူသိရှင်ကြား အလှောင်ခံရလျှင်
ရီ အုပ်စုကြီး တစ်ခုလုံးသည်လည်း အလှောင်ပြောင်အဟားတိုက် ခံရမည်သာ မဟုတ်ပါလား ။

ရီဝမ်ဝမ်သည်ကတော့ သူမအနားက ထိုရုန့်ရင်းစွာ ဝေဖန်ပြောဆိုနေမှု တို့ကို နားထောင်နေရသည့်တိုင် မျက်နှာတစ်ချက် မပျက်သွားပေ ။ သူမသည် လျန်ရှီဟန်ကို ကြည့်လိုက်ပြီး ရှုတည်တည်ဖြင့် ပြောလိုက်သည် ။

“နင်တို့တွေ အစောနကတော့ အင်တာနက်သုံးသူတွေကို ဝယ်ပြီးတော့ ရီပိုင်ကို ဂေးပါ၊ ယောကျာ်းတွေကို ကြိုက်နေပါတယ်လို့ ပြောခိုင်းတယ် ။ အခုကျတော့ ရီဝမ်ဝမ် က ရီပိုင်ရဲ့အိပ်ရာပေါ် တက်နေပါတယ်လို့ ပြောနေပြန်ပြီ ။ နင်တို့ရဲ့ မြင့်မြတ်လှတဲ့ ကုမ္ပဏီကြီးက သူများကို ချောက်ချချင်ရင်တောင် အရှေ့ အနောက် ညီအောင် လုပ်ပါဦးလား ။ အရူးကွက်တွေ လျှောက်မနင်းစမ်းပါနဲ့”

လျန်ရှီဟန်သည် ဒေါသတကြီးဖြင့် ဆောင့်အောင့်လာချေပြီ ။

“နင်ကများ…၊ သူများကို ချောက်ချဖို့ အင်တာနက်သမားတွေကို ဝယ်ထားတဲ့သူကမှ နင်ဟဲ့…
ငါတို့ကို လာမစွပ်စွဲနဲ့ ။ ဟုတ်လို့ကျော် ပုပ်လို့ပေါ် တဲ့ ၊ မဟုတ်တာလုပ်နေတာ ရီပိုင်မှန်း အသိသာကြီး ။ သူသာ ယောကျာ်းတွေကို မကြိုက်ရင်၊ သူသာ မိန်းမလို ဝတ်စားရတာ မကြိုက်ရင် ဒီလို ကောလဟလမျိုးက ဘာလို့ ထွက်လာမှာလဲ”

ကုန်ရွှီသည် ဒေါသထွက်လုလု ဖြစ်လာနေလေပြီ ။

ဒါက ဘယ်လိုချီးစကားတွေလဲ…

ရီဝမ်ဝမ်သည် မျက်လွှာလေး ချလိုက်ပြီး ခပ်တိုးတိုးလေး
ရယ်မောလာကာ ပြောဆိုလာသည် ။

“နင် ပြောတာ မှန်တယ် ။ ရီပိုင်က ယောကျာ်းတွေကို ကြိုက်တယ်ဆိုတာ အမှန်ပဲ”

ရီဝမ်ဝမ်၏စကား ဆုံးသွားသည့်အခိုက် နေရာကြီးတစ်ခုလုံး ပွက်လောညံသွားတော့သည် ။

……………………………………………………

စာစဉ် ၄၈၊ အခန်း ၄ ။ မျက်နှာကြီးလိုက်လဲ

ရီဝမ်ဝမ်သည် မြန်မြန်ဆန်ဆန်ပင် ထပ်ပြောလိုက်သည် ။

“ပြီးတော့ သူက မိန်းကလေးလို ဝတ်ရတာလည်း ကြိုက်တယ်”

သူမ၏စကားတို့ကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ချီးပဲ…ဒီလောက် အကြီးကြီးကွ ။

ရီပိုင်က တကယ်ကြီး ဂေးနေတာလား ။
တကယ်ကြီး မိန်းကလေးလို ဝတ်စားရတာကို ကြိုက်တာလား ။

လျန်ရှီဟန်က တဝါးဝါး ရယ်မောလာတော့သည် ။

“ဟားဟားဟား…နင်က ငါ့ကို တုံးတယ်လို့ ပြောတယ်… ရီဝမ်ဝမ်၊ နင်ကမှ တုံးတာ မဟုတ်ဘူးလား ။ နင်ကိုယ်တိုင် ဝန်ခံလိုက်တယ်လေ”

ဒီငတုံးမ ၊ ရီဝမ်ဝမ်ကတော့ တကယ့်ကို ဝက်လိုဦးနှောက်နဲ့ အသင်းဖော်ပဲ ။

ဝန်ထမ်းတစ်ယောက်သည် အချင်းများနေသည်တို့ကို သတိပြုမိသွားပြီး အပြေး ရောက်ချလာသည် ။

“စိတ်မရှိပါနဲ့၊ ဘာတွေ ဖြစ်နေကြတာလဲ ခင်ဗျာ”

လျန်ရှီဟန်သည် ထိုဝန်ထမ်းကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် ပြောလေသည် ။

“မန်နေဂျာ ကျန်း…ဒီမိန်းမက ဧည့်သည်စာရင်းထဲ မပါဘဲနဲ့ ဒီထဲကို အတင်းဝင်လာလို့ပါ ။ တစ်ချက်လောက် ကြည့်ပေးပါဦး”

မန်နေဂျာ ကျန်း သည် ရီဝမ်ဝမ်ကို ကြည့်လိုက်၏ ။
တမုဟုတ်ချင်းပင် သူ့မျက်လုံးထဲ အံ့အားသင့်သွားပြီး…
“မိန်းကလေးက ဘယ်သူများလဲ ခင်ဗျာ”

လျန်ရှီဟန်က မဲ့ရွဲ့ကာ ပြောဆိုသည် ။
“သူက အင်မော်တယ်ခေတ်က တောက်တိုမယ်ရအလုပ်တွေ လုပ်နေရတဲ့ မိန်းကလေးတစ်ယောက်ပဲ”

မန်နေဂျာ ကျန်း သည် စိတ်ရှုပ်ထွေးလာသည့် အမူအရာဖြင့် ရီမူဖန်ဘက်သို့ လှည့်ကြည့်လာသည် ။

“စီအီးအို ရီ...ဒီမိန်းကလေးနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲလို့ မေးပါရစေ”

ရီမူဖန်က စိတ်ဆတ်ဆတ်ဖြင့် ပြန်ဖြေတော့သည် ။

“သူက ငါ့ညီမ၊ ပြသနာ ရှိလု့ိလား”

မန်နေဂျာ ကျန်း သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြန်ဆိုလာသည်။
“ကျွန်တော် တကယ် စိတ်မကောင်းပါဘူး ခင်ဗျာ ။ ဒီကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို ဘေးကင်း လုံခြုံစေဖို့အတွက် သီးသန့်ပွဲလေး လုပ်ထားတာပါ ။ ဒါကြောင့် အဖိတ်မခံထားရရင် ဘယ်သူမှ ဝင်လို့ မရပါဘူး ။ ဆွေမျိုးတွေလည်း မရပါဘူး ။ စီအီးအိုရဲ့ ညီမလေးက ဧည့်သည် စာရင်းထဲမှာ မပါဘူးနဲ့ တူတယ်၊ ဟုတ်တယ်မလား”

ရီမူဖန်က ပြန်ကစ်တော့သည် ။

“ဧည့်သည်စာရင်းထဲ မပါဘူးလို့ ဘယ်သူ ပြောလဲ ။
သူ့ကို မင်းတို့ရဲ့ ဥက္ကဌ ချန်း ကိုယ်တိုင်က ဖိတ်ထားတာ”

ယခင်က ကမ္ဘာ့အင်တာတိန်းမန့်နှင့် အင်ပါယာစကိုင်း အင်တာတိန်းမန့့်၏ ဖိအားကြောင့် ပွဲစီစဉ်သူများက သူတို့ကို ပွဲစာရင်းထဲကနေ ဖျက်ထားခဲ့ခြင်း ဖြစ်၏ ။ ဆုရ စာရင်း ထွက်လာပြီးသည့်နောက်တွင် ချန်းယန်ဖန့်သည် သူတို့ကို တောင်းပန်စကား ဆိုကာ ကိုယ်တိုင် လာဖိတ်ခေါ်ခဲ့ချေသည် ။

ချန်းယန်ဖန့်သည် ရီဟုန်းေ၀ နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏ ။ ရီမူဖန် နှင့် ရီဝမ်ဝမ်တို့သည် အင်မော်တယ်ခေတ်ကို တည်ထောင်ပြီးသည့်နောက်တွင်
သူ့ကို ခနခန ဖိတ်ကာ ညစာကျွေးမွေးခဲ့ပြီး ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားခဲ့၏ ။

သူနှင့် သူ့ညီမလေး၏ အခြေအနေကို သိသွားပြီးသည့်နောက်တွင် ချန်းယန်ဖန့်သည် တတ်နိုင်သည့်ဘက်ကနေ ကူညီပေးခဲ့၏ ။
လျိုချန်းနှင့် ကုန်ရွှီတိ့ု၏ အထူးထရိနင် ကိစ္စသည်ပင်
သူ့အဆက်အသွယ်များကတဆင့် ရရှိထားခဲ့ခြင်း ဖြစ်၏ ။

သို့သော် ရံဖန်ရံခါတွင် အင်ပါယာစကိုင်း၏ ဖိနှိပ်ထားမှုကြောင့် ချန်းယန်ဖန့်၏ လက်တို့သည် အတုပ်နှောင်ခံထားရတတ်၏ ။

နောက်ပိုင်းတွင် ချန်းယန်ဖန့်ကိုယ်တိုင်က သူတို့ကို ပြန်ဖိတ်လာသော ကြောင့် သူတို့သည်လည်း သူ့အတွက် မျက်နှာသာ ပြန်ပေးကြခြင်း ဖြစ်၏ ။

လျန်ရှီဟန်သည် ထိုသည်ကို ကြားလိုက်သည်နှင့်
အော်ကြီးဟစ်ကျယ် ရယ်မောလာတော့သည် ။

“ဥက္ကဌ ချန်း ကိုယ်တိုင်က သူ့ကို ဖိတ်ထားတယ်လား ။ ဟာသပဲ… ဒီမှာ ကျွန်မ ပြောလိုက်မယ် ၊ ဝမ်းကွဲအစ်ကို…နင် သူ့ကို ရီပိုင်လို့ ထင်နေတာလား ။ သူ့မျက်နှာက အဲ့လောက်တောင် ကြီးတယ်လား”

အနားတွင် ရှိနေကြသည့် သရုပ်ဆောင်အားလုံးသည်
ထိုသည်ကို ကြားလိုက်ပြီး တဝါးဝါး ပွဲကျကုန်ကြသည် ။

သူဌေး လုပ်တဲ့သူ ရီမူဖန်ကတောင်မှ အဲ့လောက် မျက်နှာကြီးမှာ မဟုတ်ဘူး ။

အင်မော်တယ်ခေတ်ရဲ့ နောက်ကွယ်က တကယ့်သူဌေးက ရီပိုင် ဆိုတာကို ဘယ်သူ မသိလို့လဲ ။
ဒီညရဲ့ ရွှေသစ်ခွပွဲမှာ တကယ့်စတားကလည်း ရီပိုင် ပဲဟာ ။

ရီယီယီသည် မျက်မှောင်ကြုတ်သွားပြီး ရီမူဖန်ဘက်ကနေ ဝင်ပြောပေး လာသည် ။

“တစ်ခုခု နားလည်မှု လွဲနေတာ ဖြစ်မှာပါ ။
မူဖန် မလိမ်လောက်ဘူး”

လျန်ရှီဟန်က မဲ့စောင်းကာ ပြောဆိုလာသည် ။
“ဘယ်သိမှာလဲ…တချို့လူတွေက စကားကြီး စကားကျယ်တွေ ပြောရတာ သိပ်ကြိုက်ကြတာ ။ သူ့ညီမက ဒီထဲ ခိုးဝင်လာတာ သိသိသာသာကြီးကို…  ဒါကိုတောင်မှ ဥက္ကဌ ချန်း ကိုယ်တိုင်က ဖိတ်ထားတာပါလို့ ပြောရဲသေးတယ် ၊ ဥက္ကဌ ချန်း မရှိနေလို့ပေ့ါ ၊ ရှိများရှိလို့ကတော့ သူ ပြောရဲမှာမတဲ့လား”

ရုတ်တရက်ပင် ရီဝမ်ဝမ်၏ဖုန်းက ထမြည်လာလေသည် ။

ဖုန်းခေါ်ဆိုသူ နာမည်တွင် ပြထားသည်ကား….
“ဥက္ကဌ ချန်း”

လျန်ရှီဟန်သည် ရီဝမ်ဝမ်၏ ဖုန်းပေါ်က ထိုနာမည်ကို ရိပ်ကနဲ မြင်လိုက်ပြီး ချက်ချင်းပင် စွတ်ကန်စောင်းလာတော့သည် ။

“သြော်…တိုက်ဆိုင်လှချည်ရဲ့ ။ အခုလေးတင် ဥက္ကဌ ချန်း အကြောင်း ပြောနေရုံ ရှိသေးတယ်၊ ဥက္ကဌ ချန်းက ဖုန်းခေါ်လာတယ် ။ လုပ်စမ်းပါ၊ ဆက်ဟန်ဆောင်နေစမ်းပါ ။ နင်က ဥက္ကဌ ချန်း လိုမျိုး ဟန်ဆောင်ပေး မယ့် သူကိုတောင် ရှာထားပြီး ဖုန်းတောင် ဆက်ခိုင်းထားပြီပဲ ။ သတ္တိရှိရင် ကိုင်လိုက်စမ်းပါ”

ရီယီယီသည်လည်း သိချင်စိတ်ဖြင့် ရပ်ကြည့်နေလေသည် ။
ရီဝမ်ဝမ် နှင့် သူမ၏ အစ်ကို သည် ထိုအကွက်ကို သုံးသည်မှာ
ဒါ ပထမအကြိမ် မဟုတ်လေသောကြောင့်
ရီဝမ်ဝမ် ဟန်ဆောင်နေခြင်းဟုသာ သူမ ထင်လိုက်ခြင်းပင် ။

သို့သော်လည်း ဒီနေ့တွင် လူတိုင်း ရှိနေကြခြင်းးပင် ။ ထိုကဲ့သို့ ဟန်ဆောင်လိုက်ရုံနှင့် လူတိုင်းကို လှည့်စားနိုင်မည်တော့ မဟုတ်ပါချေ ။

………………………………………………………

စာစဉ် ၄၈၊ အခန်း ၅ ။ မမှတ်မိဘဲ ဖြစ်သွားတော့မလို့

ရီဝမ်ဝမ်သည် လျန်ရှီဟန် နှင့် ရီယီယီ တို့အား ခြောက်ကပ်စွာ ကြည့်လိုက်ပြီးနောက် မသိကျိုးကျွံပြုလိုက်ပြီး ဖုန်းကိုင်လိုက်သည် ။

“ဟယ်လို…ဥက္ကဌ ချန်း”  ဟု ရီဝမ်ဝမ်က နှုတ်ဆက်လိုက်သည် ။

ချန်းယန်ဖန့်သည် တစ်ဖက်က ပြန်ဖြေလာသည့် မိန်းကလေးသံကို ကြားလိုက်ရသည့်အခါ
မသိမသာ အံ့သြသွားတော့၏ ။

“ဟို…မင်းက….”

ချန်းယန်ဖန့်သည် ချက်ချင်းပင် အသိပြန်ကပ်သွားပြီး
တိုးတိုးတိတ်တိတ် ရယ်မောလာသည် ။

“အာ…ဝမ်ဝမ် ကိုး ၊ အသံကြားကြားချင်း မမှတ်မိလိုက်ဘူး ။ သမီး ပွဲကို မရောက်သေးဘူးလား”

ချန်းယန်ဖန့်သည် ရီဝမ်ဝမ်က “ရီပိုင်” ဆိုသည့် နာမည်ကို သုံးပြီး လှုပ်ရှားနေခြင်းကို သိနေသူ ဖြစ်၏ ။
ထို့ကြောင့် ရီဝမ်ဝမ်က မိန်းကလေးလို ပြောလာသည်တွင်
အရမ်းကြီး ထူးထူးထွေထွေ မဖြစ်သွားပါချေ ။

“ရောက်နေပါပြီ ။ ဒီမှာ နည်းနည်း ပြသနာတက်နေလို့ပါ” ဟု ရီဝမ်ဝမ်သည် ပြန်ဖြေလိုက်သည် ။

ချန်းယန်ဖန့်သည် စိုးရိမ်စွာဖြင့် မြန်မြန်ဆန်ဆန် မေးလာသည် ။

“ပြသနာတက်နေတယ်…ဟုတ်လား ။ ဘာများ ဖြစ်လို့လဲ ။ စိတ်မပူနဲ့၊ ဘိုး အပြင်မှာ ရောက်နေပြီ ။ ခနလေးပဲ စောင့်၊ ခနနေရင် ရောက်မယ်”

“ဟုတ်ကဲ့ပါ” ဟု ပြောလိုက်ပြီး ရီဝမ်ဝမ်က ဖုန်းချလိုက်သည် ။

လျန်ရှီဟန်သည် မဲ့စောင်းကာ ပြောဆိုလာသည် ။

“အဟွန်း…ဟန်ဆောင်လို့ ပြီးသွားပြီလား ။
ဒီထက်ပိုပြီး ဟန်ကောင်းကောင်းနဲ့ သရုပ်ဆောင်ပါဦးလား ။ နည်းနည်းပါးပါးလေး စပီကာလေးတော့ ဖွင့်ပြီး ပြောဦးမှပေါ့”

ရီဝမ်ဝမ်သည် ဆက်ကာ မဟန်ဆောင်နိုင်တော့သောကြောင့် ဖုန်းချလိုက်ခြင်းဟု လျန်ရှီဟန် တွေးနေခြင်းပင် ။
သူမသည် ထိုမန်နေဂျာကို ကြည့်လိုက်ပြီး ပြောလိုက်သည် ။

“မန်နေဂျာ ကျန်း…ရှင် အခုထိ မမြင်သေးဘူးလား ။ ဒီမိန်းမက ဒီနေရာကို ခိုးဝင်လာတာ အသိသာကြီး၊ လူတိုင်းလည်း အသိပဲ ။ ဧည့်သည်တွေ စိတ်အနှောက်အယှက် ဖြစ်အောင်လို့များ ပွဲစီစဉ်သူတွေက ဘာမှ မလုပ်ဘဲ တမင်သက်သက် ရပ်ကြည့်နေကြတာလား”

မျက်လုံးပေါင်းများစွာသည် သူ့ပေါ် ကျရောက်နေသဖြင့်
မန်နေဂျာ ကျန်း သည် ထိုသည်ကို ကျော်သွား၍ မဖြစ်တော့ပါချေ ။
ထို့ကြောင့် သူသည် ရီဝမ်ဝမ်ကို အပြတ်ပြောလိုက်တော့သည် ။

“စိတ်မကောင်းပါဘူး မိန်းကလေး ။ မိန်းကလေးဆီမှာ ဖိတ်ကြားလွှာ မရှိဘူးဆိုရင် ဒီပွဲကနေ ချက်ချင်း ထွက်သွားပေးပါ”

ရီမူဖန်၏မျက်လုံးတို့ ကျဉ်းမြောင်းလာသည် ။ သူ တစ်ခုခုကို ပြောမည်ဟန် ပြင်လိုက်ချိန်တွင် တံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်ကို ကြားလိုက်ရ ၏ ။ အနုပညာရှင်များ အားလုံးသည် ရောက်လာသူကို မြင်လိုက်ကြသည်တွင် အလိုလို ထရပ်လိုက်ကြပြီး လမ်းရှဲလိုက်ကြသည် ။

“ဥက္ကဌ”

“ဥက္ကဌ ချန်း ရောက်လာပြီ”

ချန်းယန်ဖန့်၏နောက်တွင် အကြီးအကဲများလည်း ပါလာ၏ ။ သူသည် ဧည့်သည်တော်များကို အလိုက်သင့် နှုတ်ဆက်လိုက်ပြီး ရီဝမ်ဝမ်ဆီသို့ အလျင်စလို တန်းတန်းကြီး လျှောက်ချလာချေပြီ ။

“ရီဝမ်ဝမ်…ဥက္ကဌ ချန်း ရောက်လာပြီ ။ နင် ဆက်ပြီး ဟန်ဆောင်နေနိုင်ဦးမလား ကြည့်ကြသေးတာပါ့”

လျန်ရှီဟန်သည် ဥက္ကဌ ချန်း ရောက်လာသည်ကို မြင်လိုက်သည်နှင့် အပျော်ကြီး ပျော်သွားတော့ပြီး အခုအခြေအနေကို ပြောပြလိုဇောဖြင့်
ဥက္ကဌ ဆီ အူးယားဖားယား သွားတော့သည် ။

သို့သော် ၊ ချန်းယန်ဖန့်သည် လျန်ရှီဟန်ကို သတိပြုမိဟန် မတူ ။ ရီဝမ်ဝမ်ဆီသို့ တန်းတန်းကြီး လျှောက်လာနေလေသည် ။

ချန်းယန်ဖန့်သည် ရီဝမ်ဝမ်၏ ဝတ်စုံကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ ကျီစယ်စနောက်တော့သည် ။

“အာ…ဒါရိုက်တာ ရီ..ဘာလို့ ရုတ်တရက်ကြီး မိန်းကလေးလို ဝတ်စားထားရတာလဲ ။ မမှတ်မိတော့မလိုတောင် ဖြစ်သွားတယ်ဗျာ”

ပြန်ချွန်တော့မည့် လျန်ရှီဟန် ခမျာ ဆွံ့အသွား၏ ။

ဥက္ကဌ ချန်း က ရီဝမ်ဝမ်ကို ဘယ်လိုခေါ်လိုက်တယ်…
ဒါရိုက်တာ…ရီ…ဟုတ်လား ။

ရီပိုင်က…အင်မော်တယ်ခေတ်က ဒါရိုက်တာ…ရီ မလား ။

ရီဝမ်ဝမ်ကလည်း ဒါရိုက်တာ ရာထူးကို ရထားတာလား ။

ဒါပေမယ့် မိန်းကလေးလို ဝတ်စားထားတယ် ဆိုတာက ဘာစကားကြီးလဲ ။ အဲ့ဒီစကားကြီးက ဘာလို့ ထူးဆန်းနေတာလဲ ။

ချန်းယန်ဖန့်သည် အနားတွင် ဝိုင်းအုံနေကြသည့် လူများစွာအပြင် မန်နေဂျာ ကျန်း ပါ ရှိနေသည်ကို မြင်လိုက်ပြီး မန်နေဂျာ ကျန်း ကို ကြည့်လိုက်လေသည် ။

“ဘာဖြစ်တာလဲ”

မန်နေဂျာ ကျန်း က ကပျာကယာ ရှင်းပြလာသည် ။

“ဒီမိန်းကလေးက ဖိတ်ကြားလွှာ မရှိဘဲ ဝင်လာတာ မလို့
ပြန်သွားဖို့အတွက် ကျွန်တော် ပြောနေတာပါ…”

ချန်းယန်ဖန့်၏မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏ ။ သူသည် စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး ထိုမန်နေဂျာကို ငေါက်ငမ်းတော့သည်  ။

“အဓိပ္ပာယ် မရှိလိုက်တာ…”

ဥက္ကဌ၏ ဒေါသကြောင့် ဒါရိုက်တာ ကျန်း မှာ ထခုန်မတတ် ဖြစ်သွား၏ ။

ငါ ဘာအမှား လုပ်မိလို့လဲ ။

“ဗျာ…ဥက္ကဌ…ဘ-ဘာဖြစ်လို့လဲ”

ချန်းယန်ဖန့်၏ဟန်ပန်မှာ ဒေါသထွက်လို့နေ၏ ။

“သူ ဘယ်သူလဲ သိလား ။ ငါ့မှာ ခက်ခက်ခဲခဲနဲ့ သူ့ကို ဖိတ်ထားရတာကို မင်းက မောင်းထုတ်နေတယ်…ဟုတ်လား”

“ဗျာ…တောင်း…တောင်းပန်ပါတယ် ဥက္ကဌ ။ ဥက္ကဌ ဖိတ်ထားတာမှန်း ကျွန်တော်...ကျွန်တော် မသိလို့ပါ...”

မန်နေဂျာ ကျန်း သည်သာလျှင် မဟုတ် ။ သူတို့နားတွင် ရှိနေကြသည့် လူအားလုံးပါ အံ့သြသွားကြခြင်းတည်း ။

ဘာတွေ ဖြစ်ကုန်တာလဲ ။

…………………………………………………

စာစဉ် ၄၈၊ အခန်း ၆ ။  လန့်စရာတွေ

ချန်းယန်ဖန့်ကိုယ်တိုင်က ဖိတ်ထားတာ…ဟုတ်လား ။

ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ချန်းယန်ဖန့်သည် ရီဝမ်ဝမ်ကို ကြည့်လိုက်ကာ
ခပ်ပြုံးပြုံးဖြင့် ပြောလေသည် ။

“အစောက ဖုန်းပြောတုန်းက ဘာပြသနာများ တက်နေသလဲ အောက်မေ့တယ် ။ အခုမှပဲ နားလည်သွားတော့တယ်ဗျာ”

ရီဝမ်ဝမ်၏အမူအရာမှာ အနည်းငယ် စိတ်ကျဉ်းကျပ်လာကာ….

“ဥက္ကဌ ချန်း ကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်ရှင်”

ချန်းယန်ဖန့်က ကပျာကယာ ပြောလိုက်သည် ။

“မဟုတ်တာ၊ မဟုတ်တာ ။ ဒါက ကျွန်တော့်ဘက်က လိုသွားတာပါ”

ချန်းယန်ဖန့်နှင့် ရီဝမ်ဝမ်တို့၏ စကားတို့ကို နားထောင်နေရင်း လူတိုင်းသည် စိတ်ရှုပ်ထွေးသွားကြသည် ။

“အားလုံးပဲ”

ချန်းယန်ဖန့်က အားလုံးကို အသံတိတ်ပါရန် လက်မြှောက်ပြလိုက်သည် ။ ထို့နောက်တွင်
လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည် ။

“မိန်းကလေး ရီဝမ်ဝမ် ဒီကို ရောက်လာတာက နည်းနည်း နားလည်မှု လွဲသွားတာကို ဖြစ်သွားစေခဲ့ပါတယ် ။
ဒါကြောင့် မိန်းကလေး ရီ ကို အားလုံးနဲ့ ပြန်မိတ်ဆက်ပေးပါ့မယ်”

လူတိုင်းသည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။

ပြန်မိတ်ဆက်ပေးမယ်…ဟုတ်လား ။

ချန်းယန့်ဖန့်က တခနလောက် နားလိုက်ပြီး ဆက်ပြောသည် ။

“မိန်းကလေး ဝမ်ဝမ် က ကျွန်တော့် မိတ်ဆွေအရင်းကြီးရဲ့ သမီးလေးပါ ။ ဝမ်ဝမ် အလုပ်စလုပ်တော့ အဆင်ပြေအောင်လို့ ဆိုပြီး နာမည်အရင်း ကို သူ မသုံးခဲ့ပါဘူး ။ အဲ့ဒီအစား နာမည်ဝှက်တစ်ခုကို သုံးထားပါ တယ်…”

ထိုစကားကြောင့် လူတိုင်းမှာ ပိုလို့ပင် ဇဝေဇဝါ ဖြစ်ကုန်ကြလေပြီ ။

နာမည်ဝှက်…ဟုတ်လား ။ ဒီမိန်းမမှာ နောက်ထပ် နာမည်တစ်မျိုး ရှိနေတာလား ။

ဒါပေမယ့် ချန်းယန်ဖန့်ကတောင်မှ ကိုယ်တိုင်ဖိတ်ရတယ်ဆိုတော့ ဘယ်နာမည်မို့လို့ပါလိမ့် ။ သူ့အခက်အခဲကနေ ကယ်ထုတ်ပေးဖို့တောင်မှ ဝန်မလေးဘူး ဆိုတော့…

ချန်းယန်ဖန့်က ပြောလိုက်သည် ။

“မိန်းကလေး ရီဝမ်ဝမ် ရဲ့ အနုပညာနာမည်ကတော့ ရီပိုင် ပါ ။ တစ်မျိုးပြောရရင် ဒီမိန်းကလေးက အင်မော်တယ်ခေတ်က လူသစ်ရှာဖွေရေး ဌာန ရဲ့ ဒါရိုက်တာ ရီ ပါ”

“…”

ချန်းယန်ဖန့်၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် စကားမှာ ရှိနေကြသည့် လူတိုင်းကို ရုတ်ခြည်း တိတ်ဆိတ်သွားချေသည် ။

လူတိုင်းသည် သွေးလေချောက်ချားကာ အိပ်မက် ကယောင်ကတမ်း မက်နေခြင်း များလားဟု ထင်မိကြကုန်၏ ။

အခြေအနေ ဆိုးလာသည်မို့ သကြားလုံးလေးကို
ရှေ့ထွက် ကာကွယ်ပေးဖို့ ပြင်လိုက်သည့် ကုန်ရွှီသည်ပင် ချန်းယန်ဖန့်၏ ကြေညာမောင်းခတ်လာခြင်း ကို ကြားလိုက်ပြီးသည့်နောက် တခနလောက် ကြက်သေသေသွား၏ ။ ထို့နောက်မှ…

“အဘိုးကြီး ချန်းက ဘာ-ဘာပြောလိုက်တာလဲ”

“မိန်းကလေး ရီ ရဲ့ နာမည်ဝှက်က…ရီပိုင် တဲ့…” ဟု လျိုချန်းက ပြောသည် ။

“သောက်ကျိုးနည်း…ရီမူဖန်ရဲ့ ညီမလေးက အစ်ကို ရီ…ဟုတ်လား ။ ဥက္ကဌ ချန်း မူးများနေတာလား” ဟု ထန်ရှင်းဟျော်က ဝင်ပြောသည် ။

တခြားသော ဧည့်သည်တော်အားလုံးသည်လည်း ထိုသို့ပင် ဖြစ်ကုန်ကြသည် ။

“ဟာ…ဥက္ကဌ ချန်းက ဘာ-ဘာပြောသွားတာလဲ”

“အဲ့ဒီ မိန်းကလေး ရဲ့ နာမည်ဝှက်က ရီပိုင်လို့ ပြောသွားတာ…ထင်တယ် ။ သောက်ကျိုးနဲ…ရီပိုင်…ဟုတ်လား ။ ဘယ်က ရီပိုင် လဲ”

“အနုပညာလောကမှာ ရီပိုင် ဘယ်နှယောက်များ ရှိလို့လဲဟ ။ အင်မော်တယ်ခေတ်က လူသစ်ရှာဖွေရေးဌာနရဲ့ ဒါရိုက်တာ ရီ ပါလို့ ဥက္ကဌ ချန်း ပြောသွားတယ် မှတ်လား ။ ဒါဆို လျိုချန်း နဲ့ ကုန်ရွှီ ရဲ့ မန်နေဂျာ ပေါ့ဟ”

“နင် ငါ့ကို လာနောက်နေတာလား ။ ရီပိုင်က ယောကျာ်းပါ၊ ဟုတ်ပီလား”

လျန်ရှီဟန်သည် အချိန်အကြာကြီး ကြာတော့မှ အသိပြန်ကပ် သွားပြီး ရယ်မောကာ မေးလာသည် ။

“ဥက္ကဌ ချန်းက မှားများမှားနေတာလားရှင် ။ ရီဝမ်ဝမ်ရဲ့..နာမည်ဝှက်က…ရီပိုင် ၊ ဟုတ်လား ။ အင်မော်တယ်ခေတ်က ရီပိုင် လား ။ ဒါရိုက်တာ ရီ က ယောကျာ်းလေးပါရှင်”

ချန်းယန်ဖန့်သည် ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီး ရှင်းပြလာသည် ။

“ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ် ။ ဝမ်ဝမ်က အလုပ်လုပ်ရတာ အဆင်ပြေအောင်လို့ ဆိုပြီး ယောကျာ်းလေးလို ဝတ်စားထားတာပါ ။ ရီပိုင် ဆိုတာက ဝမ်ဝမ် အလုပ်လုပ်တဲ့အချိန်မှာ သုံးတဲ့ နာမည်ဝှက် တစ်ခုပါ ။ ဒါကြောင့်မို့ သူ့ကို မသိကြတဲ့သူတွေက ယောကျာ်းတစ်ယောက်လို့ပဲ ထင်နေကြတာပါ”

ချန်းယန်ဖန့်၏ ရှင်းပြလိုက်ခြင်းကို ကြားလိုက်ကြသည်တွင် လူတိုင်း တအံ့တသြ ဖြစ်ကုန်ကြလေသည် ။

“ချီးပဲ…ဇာတ်လမ်းတစ်ပုဒ်တောင်မှ ဒီလောက်ထိ
လျို့ဝှက်နက်နဲမှာ မဟုတ်ဘူး ။ ရီပိုင်က တကယ်တော့ မိန်းကလေးတစ်ယောက်လား ။
ဒါတော့ အရမ်း ရုပ်ပေါက်သွားပြီ”

“ဒါပေမယ့်…ပြောတဲ့သူက ဥက္ကဌ ချန်းလေ၊ ဒီတော့ အဲ့ဒါက အမှန် ဖြစ်လောက်တယ်....”

“ဒါဆို…ရီပိုင်က ယောကျာ်းတွေကို ကြိုက်ပြီးတော့ မိန်းကလေးလို ဝတ်စားရတာကို ကြိုက်တယ်ဆိုတာက… ‘သူ’ က အစကတည်းက မိန်းမ ဖြစ်နေတာလား”

“သေစမ်း…ဒီနှစ်ရဲ့ ရွှေသစ်ခွပွဲကတော့ တစ်ခုပြီးတစ်ခု
လန့်စရာတွေ ချည်းပါလား”

………………………………………………………

စာစဉ် ၄၈၊ အခန်း ၇ ။  အရက် ပုလင်းလိုက် မှားသောက်ထားခြင်း

“အဘိုးကြီး ချန်း က အရက်ပုလင်းလိုက်ကြီး မှားသောက်မိထားတာ များလား…” ဟု ကုန်ရွှီက ပြောလာသည် ။

ထန်ရှင်းဟျော်က ချက်ချင်း ခွန်းတုံ့ပြန်သည် ။
“ဒါမှမဟုတ် ငါတို့ပဲ ပုလင်းလိုက် မှားသောက်ထားမိတာလား…”

လျိုချန်း ။  “…”

ပွဲခန်းမထဲ အုတ်အော်သောင်းနင်း ဖြစ်နေစဉ်၊
ကျန်းယန်ရန်သည် သန့်စင်ခန်းဘက်ကနေ ထွက်လာလေပြီ ။

ဝိုင် အနည်းငယ် သောက်ပြီးသွားသည့်နောက်တွင် မအီမသာ ဖြစ်လာသဖြင့် သန့်စင်ခန်းထဲသို့ သူမ ဝင်သွားခဲ့ခြင်း ဖြစ်၏ ။

“ဝမ်ဝမ်…”

ရီဝမ်ဝမ်သည် မိန်းကလေးလို ဝတ်စားလိမ့်မည်ဟု မမျှော်လင့်ထားခြင်းကြောင့် ကျန်းယန်ရန်ခမျာ ရှော့ရသွား၏ ။ သို့နှင့် သူမ လွှတ်ခနဲ ထွက်သွားမိခြင်းပင် ။ 

“နင်…နင် မိန်းကလေးဝတ်စုံ ပြောင်းဝတ်လိုက်ပြီလား”

“အင်း” ဟု ရီဝမ်ဝမ်က ပြန်ဖြေသည် ။

ကျန်းယန်ရန်သည် ချက်ချင်းပင် ဝမ်းနည်းပန်းနည်းဖြင့် ညည်းတွားလာတော့၏ ။

“ငါက ဒီည ငါ့နတ်ဘုရား ရီပိုင် နဲ့ အတူရှိနေရမယ် ထင်ထားတာ…”

ရီဝမ်ဝမ်က ခိုးခိုးခစ်ခစ် ရယ်မောလာလေသည် ။

“နောက်တော့ ကြုံလာမှာပါ”

ထိုတော့မှ ကျန်းယန်ရန် ထပ်ဖန် ပျော်ရွှင်ဝင်းပသွားတော့သည် ။

“ဟုတ်သားပဲ…ငါက အခုမှ ဒီလောကထဲ ဝင်ရုံပဲ ရှိသေးတာ၊ နောက်ဆို နင်နဲ့အတူ အလုပ်တွဲလုပ်ရတော့မှာပဲဟာ…”

ယခုအချိန်တွင် သူမသည် သူမ၏နတ်ဘုရားလက်အောက်က
တရားဝင် သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား ။

ထိုထို မယုံသင်္ကာဖြစ်နေကြသေးသည့် အနုပညာရှင်တို့မှာ ကျန်းယန်ရန်၏ စကားတို့ကို ကြားလိုက်ရသည်တွင် ထပ်ဖန်တစ်ခါ အံ့သြသွားကြပြန်သည် ။

ချက်ချင်းပင်၊ မိန်းကလေးသရုပ်ဆောင်များစွာသည် ကျန်းယန်ရန်နားကို လျှောက်သွားကြကာ သတင်းနှိုက်ကြတော့သည် ။ ဟန်ချင်းလင်သည် မယုံကြည်နိုင်စွာဖြင့် တိုးတိုးတိတ်တိတ် မေးလေသည် ။

“အကောင်းဆုံးသရုပ်ဆောင်ဆုရှင် ကျန်း…ဟိုလေ...ရီပိုင်က တကယ်ကြီး မိန်းကလေးလား”

ကျန်းယန်ရန်က ခေါင်းညိတ်ပြသည် ။

“အွန်း…သူက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ။ ငါတို့ အဆောင်တစ်ခန်းထဲ နေပြီးတော့ အထက်တန်းကျောင်းကို အတူတက်ခဲ့ကြတာ”

တမုဟုတ်ချင်းပင် ဟန်ချင်းလင်ခမျာ ကြက်သေသေသွား၏ ။

သေစမ်း…ငါ့ရဲ့ နတ်ဘုရားက ဘယ်လိုလုပ် ချက်ချင်းကြီး နတ်ဘုရားမ အဖြစ် ပြောင်းသွားရတာလဲ ။

သူမသည် အစောနက ရီဝမ်ဝမ်ကို တွေ့ခဲ့ချိန် ရင်းနှီးသည်ကို ခံစားမိခဲ့၏ ။ ထို့ပြင် ရီဝမ်ဝမ်၏ မျိုးရိုးမှာ ရီပိုင် လိုပဲ ရီ မျိုးရိုး ဖြစ်နေသောကြောင့် ဆွေမျိုးမကင်းများ ဖြစ်နေမည်လားဟု
သူမ တွေးမိခဲ့သေး၏ ။

သို့သော် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ကိုတော့ တစ်ခါမှ မတွေးမိဖူးပါချေ ။

တခြားသောမိန်းကလေးများသည်လည်း ဟန်ချင်းလင် ကဲ့သို့ပင် ။ နှလုံးသားတွေ တစ်စစီ ကြေကွဲပျက်စီးသွားသလို ခံစားလိုက်ကြရ၏ ။

လျန်ရှီဟန်သည် ဖြူစုတ်နေသည့် မျက်နှာဖြင့် ပြောဆိုလာသည် ။

“ကျန်းယန်ရန်…နင် လိမ်နေတာ ။ ရီဝမ်ဝမ်က ဘယ်လိုလုပ်…ရီဝမ်ဝမ်က ဘယ်လိုလုပ် ရီပိုင် ဖြစ်နိုင်မှာလဲ ။ ဒါ လုံး၀ အဓိပ္ပာယ် မရှိဘူး”

ထိုသို့ ဖြစ်နေသည်မှာ လျန်ရှီဟန် တစ်ယောက်တည်းသာလျှင် မဟုတ်ပေ ။ ရီယီယီ၏ မျက်နှာသည်လည်း အပျက်ယွင်းကြီး ပျက်ယွင်းနေလေသည် ။

ရီပိုင် လား ။

အဲ့ဒီ အလကားဟာမ ရီဝမ်ဝမ်က ဘယ်လိုလုပ် ရီပိုင် ဖြစ်နေတာလဲ ။

အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုရှင် နှစ်ယောက်နဲ့ အမျိုးသမီး သရုပ်ဆောင်ဆုရှင် တစ်ယောက်ကို တစ်ညထဲမှာ မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကြောက်စရာကောင်းလောက်အောင် တော်လွန်းတဲ့ ရီပိုင်က…ရီဝမ်ဝမ် လား ။

သူမ တစ်ကိုယ်လုံး ကြောက်လန့်မှုတို့ လှိုက်ဖိုလာသည် ။

မျက်တောင်တစ်မှိတ်လေး အတွင်းမှာပင် ၊ သူမ၏ အစီအစဉ် မှန်သမျှမှာ တော်နေးဒိုး အတိုက်ခံလိုက်ရသည့်နှယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရ လေပြီ ။

ကျန်းယန်ရန်သည် လျန်ရှီဟန်ကို ကြည့်လိုက်သည် ။

“ဝမ်ဝမ်က ငါ့ရဲ့မန်နေဂျာ ပါ ။ လူရွေးပွဲ သွားတုန်းကလည်း ဝမ်ဝမ် ပါလာပါတယ် ။ အဲ့တုန်းက မိန်းကလေး လျန် လည်း ရှိတယ်လေ ။ အဲ့နေ့က နင် သူ့ကို တွေ့တယ်မလား”

“ငါ…”

လျန်ရှီဟန်သည် အတွေးတို့ ပြန်ပြောင်းလာလေသည် ။

ကျန်းယန်ရန်ရဲ့ လူရွေးပွဲကို ရီဝမ်ဝမ် အဖော်လိုက်ပေးခဲ့တာတော့ အမှန်ပဲ ။

ဒါပေမယ့်…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ရီဝမ်ဝမ်လို အမှိုက်က အောက်ခြေသိမ်းအလုပ်တွေနဲ့ပဲ တန်တာ ။ မျက်နှာပြပြီး ယောကျာ်းတွေကို ချူစားနေတဲ့သူပဲ ဖြစ်သင့်တဲ့ဟာ ။

ဘယ်လိုလုပ် ရီပိုင် ဖြစ်နိုင်မှာလဲ ။
သူက အနုပညာလောကကြီးတစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေတဲ့ ရွှေမန်နေဂျာကြီး ရီပိုင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

သို့သော်လည်း မည်သို့ပင် မယုံချင် ဖြစ်နေပါစေ ၊ ဥက္ကဌ ချန်း ကိုယ်တိုင်က ပြောသွားပြီးလေပြီ ဖြစ်သောကြောင့် အမှန်တရားသည် သူတို့ရှေ့တွင် ဘွင်းဘွင်းကြီး ဖြစ်နေလေပြီ ။ ထို့ကြောင့် သူတို့ ယုံကြည်မှသာ ရပေမည် ။

ကုန်ရွှီသည် ကြောင်ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေပြီး လူအုပ်ကြီးထဲက ထိုမိန်းကလေးကို တွေတွေလေး ငေးစိုက်ကြည့်နေသည် ။ ထိုဘေးထိုင်ဘုပြောနေကြသူများ၏ စကားသံတို့ကို နားထောင်နေရင်း သူ့မျက်နှာမှာ ဖြူလျော်သထက် ဖြူလျော်လာ၏ ။
ထို့နောက်တွင် သူ့ခြေထောက်တို့ပါ ထုံထိုင်းလာလေသည် ။

လျိုချန်းနှင့် ထန်ရှင်းဟျော်တို့သည် တစ်ပြိုင်တည်း သူ့ကို ဆွဲထိန်းထားလိုက်ကြရ၏ ။

ထန်ရှင်းဟျော်က ချောင်းအသာ ဟမ့်လိုက်သည် ။

“အရူးကောင်၊ မင်း အဆင်ပြေရဲ့လား”

ကုန်ရွှီသည် ချက်ချင်းပင် ပြန်ဟောက်လာတော့သည် ။

“ငါ့နေရာမှာ မင်းသာဆို အဆင်ပြေပါ့မလား ။
ငါ့ပုံစံက အဆင်ပြေတဲ့ပုံ ပေါက်နေလို့လားကွ”

ထန်ရှင်းဟျော်သည် သူ့မျက်နှာထက်က ချွေးတို့ကို သုတ်သပ်ပစ်လိုက်ပြီး…

“င့ါကို လာအော်မနေနဲ့။ ငါလည်းပဲ အရမ်း ရှော့ရတာပဲ၊ ဟုတ်ပီလား”

……………………………………………………

စာစဉ် ၄၈၊ အခန်း ၈ ။  တော်တော်ကြောက်နေပါပြီ

ကုန်ရွှီသည် ကြက်သေသေကာ ကြောင်အလို့နေဆဲသာ ။

သူ ဘယ်လိုပင် စဉ်းစားကြည့်ပါစေ၊ သကြားလုံးနှင့် အစ်ကို ရီသည် တစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟုတော့ မျက်လုံးထဲ ပုံဖော်ကြည့်၍ပင် မရပါချေ ။

ကုန်ရွှီသည် ထုံထုံအအနှင့် အတွေးထဲ ယောင်ချာလိုက်နေမိစဉ်၊
သူ့အနောက်ဘက်ကနေ ခြေသံတို့ ထွက်လာသည် ။

ဟန်ရှန်းယွီသည် အနောက်ဘက်ကနေ လျှောက်လာနေခြင်းပါတည်း ။

ကုန်ရွှီသည် ထိုရောက်လာသည့်သူကို မြင်လိုက်သည်နှင့် ကယ်တင်ရှင်ကြီး ရောက်လာသလို ခံစားမိသွား၏ ။
ချက်ချင်းပင် ဟန်ရှန်းယွီနား ကပ်လိုက်ပြီး…

“အစ်ကို ရှန်းယွီ…အစ်ကို ရှန်းယွီ၊ ကြားလိုက်လား ။
ဟိုလူတွေ ရူးများနေကြတာလား ။ ရူးနေကြတာပဲ ဖြစ်ရမယ်နော် ။ သူတို့တွေ အစ်ကို ရီ ကို မိန်းကလေး လို့ ပြောနေကြတယ်”

ဟန်ရှန်းယွီသည် ကုန်ရွှီကို ကြည့်လိုက်ပြီး
တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်မှာ…
“ရီပိုင်က…တကယ်ကို မိန်းကလေးပါ”

ကုန်ရွှီ ။  “…”

ဟန်ရှန်းယွီ၏ တည်ငြိမ်နေသည့် အမူအရာကို မြင်လိုက်သည့်အခါ ကုန်ရွှီသည် အတိုင်းသား အံ့သြသွားတော့၏ ။

“အစ်ကို ရှန်းယွီ သိနေတာ ကြာပြီလား”

ဟန်ရှန်းယွီသည် လူအုပ်ကြီးကို ကြည့်လိုက်ပြီး
“သိပ်မကြာသေးဘူး” ဟု ပြောကာ လူအုပ်ကြီးက ဝိုင်းနေသည့် မိန်းကလေးရှိရာဆီ လျှောက်သွားလေပြီ ။

“သိပ်မကြာသေးဘူး ဆိုတာက သိတယ်လို့ ပြောတာပဲ မလား ။ မသိနေတာက ငါ တစ်ယောက်ထဲပဲလား”

ထန်ရှင်းဟျော်သည် သူ့လက်ကို မြှောက်လိုက်ကာ…
“ငါလည်း မသိဘူး…”

ကုန်ရွှီသည် ထန်ရှင်းဟျော်ကို လျစ်လျူရှုလိုက်ပြီး
လျိုချန်းကို ကြည့်လိုက်သည် ။

“ငတုံးကောင်…မင်းက ဘာလို့ ဘာမှ မပြောတာလဲ ။ သေနေပြီလား”

လျိုချန်းသည် သူ့ကို ခြောက်ကပ်စွာ ကြည့်လာသည် ။

“အစ်ကို ရီ က ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးကြီးလို့လား”

ဒါကြောင့် ရီဝမ်ဝမ်ကို ငါ အရမ်းရင်းနှီးသလို ခံစားနေရတာကိုး…

အထူးသဖြင့် ရီမူဖန်နဲ့ ပြောနေတဲ့အချိန်ပဲ ။
အစ်ကို ရီ များလားလို့တောင် ငါ အတွေးဝင်လုနီးနီးပဲ ။

ကုန်ရွှီသည် ဒေါသတကြီး ဖြစ်သွား၏ ။

“အစ်ကို ရီ က ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးကြီးလို့လားလို့ မင်းက ငါ့ကို ပြောနေတယ်…ဟုတ်လား ။
ဒါဖြင့် အခုချိန်မှာ ငါလည်းပဲ မိန်းကလေး ဖြစ်သွားမယ်ဆိုရင်
မင်း ဂရုမစိုက်ဘူးပေါ့၊ ဟုတ်လား”

ထန်ရှင်းဟျော်၏တစ်ကိုယ်လုံး တုန်ရီသွား၏ ။
မြန်မြန်ဆန်ဆန်ပင် လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ကာ…
“ငါ တောင်းပန်ဆို…တောင်းပန်ပါတယ်ကွာ ။ ကျေးဇူးပြုပြီးတော့
ဒီလို ကြောက်စရာကောင်းတာမျိုး မပြောစမ်းပါနဲ့လား ။
ငါ့မှာ ကြောက်လွန်းလို့ သေတော့မယ်…”

တစ်ချိန်တည်းမှာပင်၊ ထောင့်တစ်ထောင့်၌ ။

ရီဟုန်းဝေနှင့် သူ့မြေးတစ်သိုက်ကြား မသင့်မမြတ်ဖြစ်အောင် သွေးထိုးနေသည့် ရီရှောင်အန်းသည် ထိုသည်ကို ကြားလိုက်ပြီး ကြက်သေသေသွား၏ ။

ဒီလိုအရာမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု သူ လားလားမျှ မတွေးထားခဲ့ဖူးပေ ။

“အာ…”

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ရီပိုင်က ရီဝမ်ဝမ်…ဟုတ်လား ။

မဆီလျော်လွန်းလိုက်တာ ။

ချန်းယန်ဖန့်၏ မိတ်ဆက်ပေးလာခြင်းကို ကြားလိုက်ရပြီးသည့် သကာလ လူတိုင်းသည် ရီဟုန်းဝေထံသို့ လျှောက်သွားကြပြီး ကောင်းချီးထောပနာ ပြုကြသည် ။

“ဥက္ကဌ ရီ…ကွန်ဂရက်ကျူလေးရှင်းပါဗျာ၊ ကွန်ဂရက်ကျူလေးရှင်းပါ ။
ဥက္ကဌ မှာ ဒီလောက်ထိ ထူးချွန်တဲ့ မြေးမလေး ရှိနေတာပဲ ။
ဥက္ကဌ ရဲ့ မြေးမလေးက ယောကျာ်းသားတွေထက်ကို ထူးချွန်ပါတယ်ဗျာ”

“ဥက္ကဌ ရီ လက်ထွက်ပဲလေ…ဒီလောက်တော့ ရှိမပေါ့ ။
တကယ့်ကို ဆရာ့ထက် တပည့်လက်စောင်းထက်လွန်းပါတယ်ရှင်”

“ဟော…ကြည့်ပါဦး၊ ကျွန်တော်တို့ဖြင့် ရီပိုင်ကို ခေါ်ချင်လွန်းလို့ နောက်ကြောင်းကို မနည်းလိုက်စုံစမ်းလိုက်ရတာ ။
လတ်စသတ်တော့ အဘိုးကြီး ရီ ရဲ့ မြေးမလေး ဖြစ်နေတာကိုး”

“ဟားဟားဟား…အဲ့လိုများလား ။ ဒါဖြင့် ကျွန်တော်တို့တွေ အခု ဘယ်လိုလုပ် ခေါ်လို့ရပါတော့မလဲ”

ရီဟုန်းဝေသည် သူ ချီးမွမ်းနေခဲ့သည့် လူငယ်လေးမှာ သူ့မြေးမလေး ခေါက်ခေါက် ဖြစ်နေသည်မှန်း မသိခဲ့သည်ကား သိသာလှ၏ ။ သူမလေးသည် သူ၏ ရီ မိသားစုက ကလေးတစ်ယောက် ဖြစ်ပေသည် ။ စိတ်ခံစားချက်ပိုင်းအရ ဆိုရပါလျှင် သူသည် ချားရဟတ် စီးနေရသည့် နှင်နှင်ပင် ။ ပုံဖော်ဖို့ရာ အလွန်ခက်ခဲလှ၏ ။

ရီဟုန်းဝေ၏ စိတ်အခြေအနေမှာ တမုဟုတ်ချင်းပင် ဝင်းပလာသည် ။

“အားလုံးပဲ မြှောက်နေကြပါပြီဗျာ ။ ဒီကလေးက ဒီလောက်ထိ ရအောင် လုပ်လာနိုင်ခဲ့တာကို ကျွန်တော်လည်း အံ့အားသင့်မိပါတယ်….”

“ဥက္ကဌ ရီ ရာ…အရမ်းလည်း ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့လား”

“အင်း…ကြည့်ရတာတော့ ရီ မိသားစုက တကယ့်လူတော်တွေ လက်ထဲကို ရောက်သွားတော့မယ်နဲ့ တူပါတယ်”

“လူတော်တွေလက်ထဲကို ရောက်သွားတော့မယ်” ဆိုသည့် စကားကြောင့် ရီရှောင်အန်းသည် သွားကျွတ်ထွက်မတတ် အံကြိတ်လာချေတော့ပြီ ။

ငါကွာ…ရီမူဖန် ကို သွားနှိပ်ကွပ်နေပြီး ရီဝမ်ဝမ်ကိုတော့ လုံး၀ မေ့ထားခဲ့မိ ရတယ်လို့ ။ လုံးဝကို ပေါ့လျော့မိသွားတာပဲ ။

အဲ့ဒီကောင်မလေးက တစ်ချိန်လုံး ဝံပုလွေအရေ ခြုံထားတဲ့ သိုးကောင်လေး လုပ်နေပြီး နောက်ကွယ်ကနေ လှုပ်ရှားနေတာပေါ့လေ ။

ဒါကြောင့်ကိုး…ဒါကြောင့် အဲ့ဒီ လူရှုပ်လူပွေ ရီမူဖန်က ရုတ်တရက်ကြီး ပြောင်းလဲသွားပြီး အရမ်းတွေ ထက်မြက်လာတာကိုး ။

လတ်စသတ်တော့ အဲ့ဒီကောင်စုတ်က ပြောင်းလဲသွားတာ မဟုတ်ဘဲ ဟိုကောင်မလေးက သူ့နောက်ကနေ ကြိုးဆွဲနေတာကိုး ။

………………………………………………………

စာစဉ် ၄၈၊ အခန်း ၉ ။ ငါ့ညီမလေးက ရုပ်ချောတဲ့သူတွေကိုပဲ ကြိုက်တာ

ဒါပေမယ့် အဲ့ဒီကောင်မလေးက ရီမူဖန်ထက်တောင် ပိုပြီးတော့ သောက်သုံးမကျတဲ့ ငတုံးမဆိုတာ အသိသာကြီးပါ ။ ဘယ်လိုလုပ်ပြီးတော့များ လုံးဝကို တခြားလူလို ဖြစ်သွားရတာလဲ ။

ဒါ လုံးဝကို အဓိပ္ပာယ် မရှိဘူး ။

သူ ဘယ်လောက်ထိ ဉာဏ်ကို အပြေးအလွှား စဉ်းစားခိုင်းနေပါစေ၊ အဖြေရှာလို့ မရဆဲသာ ။

ဥက္ကဌ ချန်း၏ မိတ်ဆက်ပေးလာပြီးသည့်နောက်တွင် လူအုပ်ကြီးသည် သူမလေးနား ဝိုင်းအုံစုဝေးသွားကြလေသည် ။

“ဒါ-ဒါရိုက်တာ ရီ…ရှင်က တကယ်ကြီး ဒါရိုက်တာ ရီ လား ။ ဒါကြောင့် ကျွန်မ ရှင့်ကို အရမ်းရင်းနှီးနေတာကိုး”

“ဒါရိုက်တာ ရဲ့ မိတ်ကပ်ပညာအစွမ်းက…အရမ်းကို ပြောင်မြောက်လွန်း ပါတယ်…တကယ်ကို ရုပ်ဖျက်တာထက် အပုံကြီး ပိုပါတယ်ရှင်”

“ဒါရိုက်တာက လတ်စသတ်တော့ ယောကျာ်းလေးလို ဝတ်စားထားတာကိုး ။ ဒါရိုက်တာ ရဲ့ ဗျူဟာကတော့ တကယ့်ကို လေးစားထိုက်ပါတယ်ရှင်…”

“ဒါရိုက်တာ ရီ ကတော့ တကယ့် ဒါရိုက်တာ ရီ ပါပဲ ။ ယောကျာ်းလေးလိုပဲ ဝတ်ဝတ်၊ မိန်းကလေးလိုပဲ ပြောင်းဝတ်ဝတ် တကယ့်ကို ချောလွန်းခန့်လွန်း ပါဘိသနဲ့၊ ကောင်းကင်ပေါ်ကများ ကျလာသလား မှတ်ရပါရဲ့ဗျာ”

လူတိုင်းသည် အစောနက ရီဝမ်ဝမ်ကို မြင်လိုက်ကြချိန်တွင်
ရှုမငြီးဖွယ် ကောင်းလှသည့် မျက်နှာ၊ ထူးခြားသည့် အရှိန်အဝါတို့ကြောင့် သူတို့ မင်သက်ငေးမောကြည့်မိခဲ့ကြ ၏ ။ ထိုမိန်းကလေးမှာ ရီပိုင် ဖြစ်နေမည် ဟုတော့ မည်သို့မျှ ဆက်စပ်မတွေးမိခဲ့ကြပါချေ ။

ရီဝမ်ဝမ်သည် ယဉ်ကျေးပျူငှာစွာပင် စကားပြန်ဆိုသည် ။

“ကျွန်မက ဒီတိုင်း ပေါ့ပေါ့ပါးပါးနဲ့ အလုပ်လုပ်ချင်မိရုံပါ ။
အားလုံးကို တမင်လှည့်စားမိသွားဖို့ မရည်ရွယ်ပါဘူး ။
အဲ့ဒီအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်”

လူတိုင်းသည် နားလည်ကြောင်း ထုတ်ဖော်ပြသလာကြသည် ။

“ဟာဗျာ၊ မဟုတ်တာ ၊ တောင်းပန်စရာ မလိုပါဘူးဗျာ ။ မိန်းကလေးလိုပဲ ဝတ်ဝတ်၊ ယောကျာ်းလေးလိုပဲ ဝတ်ဝတ်၊ ဒါက ဒါရိုက်တာရဲ့ လွတ်လပ်ခွင့်ပါ ။ ဒါကို တမင်သက်သက် လှည့်စားတယ်လို့ ဘယ်ပြောလို့ ရပါ့မလဲ”

ထို့ပြင် အနုပညာလောကထဲတွင် ရီဝမ်ဝမ်၏ ရုပ်ရည်ရူပကာမျိုးဖြင့် အလုပ်လုပ်နေပါလျှင် အမှန်ပင် မလုံခြုံလှပါချေ ။ ထို့ကြောင့်လည်း ရီမူဖန်သည် အမြဲတစေ သူမလေးအား အစိုးရိမ်ကဲနေခြင်းသာ ဖြစ်ပေ၏ ။

“ဟုတ်ပါတယ်ရှင်၊ ဟုတ်ပါတယ်”

တခြားသူများသည်လည်း ခေါင်းညိတ်ကာ သံယောင်လိုက်လာကြသည် ။

“ဒါကြောင့် ဒါရိုက်တာက ယောကျာ်းတွေကို ကြိုက်ပြီး မိန်းမလို ဝတ်စားရတာ ကြိုက်တယ်လို့ ပြောခဲ့တာကိုး ။ ဒါရိုက်တာ ရီ ကတော့ဗျာ… အဲ့စကားက တကယ့်ကို နားလည်မှုအကြီးကြီး လွဲသွားချင်စရာ ကောင်းတာကိုး…ဟားဟားဟား….”

လူတိုင်းသည် ရီဝမ်ဝမ်နားတွင် ပြောဆိုနေကြရင်း တဆက်တည်းဆိုသလို လျန်ရှီဟန်ကိုလည်း ကွက်ကြည့်ကွက်ကြည့် လုပ်နေကြလေသည် ။

အခုတော့ အမှန်တရားသည် ဘွင်းဘွင်းကြီး ပေါ်လာချေပြီ ။ မည်သည့်သက်သေမှ မရှိဘဲ ရီဝမ်ဝမ်ကို ရသမျှ နည်းလမ်းပေါင်းစုံဖြင့် ချောက်ချနေခဲ့သည့် လျန်ရှီဟန်မှာ လူပြက်တစ်ယောက်နှင့် ဘာမှ မထူးတော့ ။

လျန်ရှီဟန်သည် ရီယီယီ ဆီကနေ အကူအညီရလိုရငြား လှည့်ကြည့်လိုက်၏ ။ ထိုတွင် ရီယီယီကား မရှိတော့လေပြီ ။
ထို့ကြောင့် သူမသည်လည်း အမြီးကုတ်ပြီး လူအုပ်ကြီးထဲ ခပ်မြန်မြန် ပြေးဝင်ပျောက်သွားတော့၏ ။

ဟန်ချင်းလင်းသည် ရှက်ရွံ့မျက်နှာပူစွာဖြင့် ရီဝမ်ဝမ်အရှေ့တွင် ရပ်နေသည် ။

“ဟိုလေ..ဒါရိုက်တာ ရီ…စောစောက ကိစ္စ...တောင်းပန်ပါတယ် ။ စောစောက ဂိမ်း ကြောင့်နဲ့ ကျွန်မ ရိုင်းပျ မိသွားတယ်...”

ရီဝမ်ဝမ်၏မျက်ဝန်းထဲတွင် ရွှင်ပျမှုတို့ သိမ့်ခနဲ စီးဝင်လာပြီး…
“ရပါတယ်ရှင်”

ရီဝမ်ဝမ်သည် သူမလေးကို ရေးရေးလေး ပြုံးပြလာသည့်သကာလ ဟန်ချင်းလင်၏ နှလုံးသားလေး လျှပ်စီး အပစ်ခံလိုက်ရသလို ဖြစ်သွား၏ ။

သူက ဘယ်လိုလုပ် အရမ်းချောပြီး အရမ်း ညှို့ငင်အား ကောင်းလွန်းရ တာလဲ ။

ပြုံးစစမျက်ဝန်းလေးနဲ့ ကြည့်လိုက်တဲ့အချိန်ဆိုရင် ပိုဆိုးတယ် ။
ရှိသမျှ ပုံအောပြီးတော့ကို အလိုလိုက်မိချင်စိတ် ပေါက်လာသလိုပဲ ။

ဒါရိုက်တာ ရီ က မိန်းကလေးလို ဝတ်ထားတာတောင်မှ ယောကျာ်းလေးရော မိန်းကလေးရောကို ပစ်ကြွေအောင် လုပ်နိုင်တာပါလား ။

ရီမူဖန်နှင့် အတိတ်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ဘော်ဒါတစ်သိုက်သည် သူ့ကို ထောင့်တစ်ခုကို ဆွဲခေါ်သွားတော့ပြီး အကျေအလည် ညှိနှိုင်းကြ တော့သည် ။

“ဘောပဲ…ရီ မူဖန်…မင်းက ဒီလောက်တောင်မှ အအုပ်တော်တယ် ပေါ့လေ ။ မင်းရဲ့သူငယ်ချင်း ၊
ငါတို့ကိုတောင်မှ မပြောပြဘူး”

“ဟုတ်ပကွာ…တော်တော်ဆိုးတဲ့ကောင် ။ အဲ့ဒါက အရေးမကြီးသေးဘူး ။ အရေးကြီးတာက…ဒါရိုက်တာ ရီ မှာ ရည်းစား ရှိနေပြီလား ။ သခင်လေး ရီ …ငါ့ကို ဘယ်လို သဘောရလဲ”

ခန့်ခန့်သပ်သပ် ဝတ်စားထားသည့် သရုပ်ဆောင်သစ်လေး တစ်ယောက်က စိတ်လှုပ်ရှား ရင်ဖိုစွာဖြင့် မေးလာသည် ။

“အဲ့ဒါကတော့...” ဟု ရီမူဖန်သည် ထူးမခြားနားစွာပင် ပြန်ဖြေသည် ။

သို့ဆိုလိုက်လျှင် ထိုလူငယ်က ချက်ချင်းပင် ပြောလာသည် ။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ထပ်ကြည့်ကြည့်ဦး ။ သေသေချာချာလေး ကြည့် ။ ငါတို့က ဒီလောက်နှစ်တွေ အကြာကြီး ခင်လာတာကွာ၊ မင်း အဲ့လောက်ထိ အသည်းမမာဘူး မလား”

ရီမူဖန်သည် အေးစက်စက် မျက်နှာကိုသာ ဆောင်ထားလျက် မျက်လုံးလှန်ကြည့်လာသည် ။

“လက်လျှော့လိုက်တော့ ။ ငါ့ညီမလေးက ရုပ်ချောတဲ့သူကိုပဲ ကြိုက်တာ”

“ဘောပဲ…ရီမူဖန်…မင်း ဒါ ဘာစကားကြီးလဲ ။
ငါကကော ရုပ်ဆိုးနေလို့လား”

ရီမူဖန်သည် ထိုလူပွေလူရှုပ်အဖွဲ့ကို လျစ်လျူရှုလိုက်ပြီး
ရီဝမ်ဝမ်ဆီသို့ လျှောက်လာသည် ။

……………………………………………………..

စာစဉ် ၄၈၊ အခန်း ၁၀ ။  ရလဒ်ကောင်း

အဘိုးကို ရှင်းပြချက်ပေးဖို့ရာ လိုနေဆဲပင် ။

ထို့ကြောင့် ရီဝမ်ဝမ် နှင့် ရီမူဖန်တို့ နှစ်ယောက်သား အဘိုးရှိရာဆီ လျှောက်သွားကြလေသည် ။

ရီဝမ်ဝမ်သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အဘိုးရှေ့ မတ်တပ်ရပ်လိုက်ပြီး ပြုမိထားသည့် အမှားတို့ကို ဝန်ချတောင်းပန်လေသည် ။

“တောင်းပန်ပါတယ်၊ ဘိုးဘိုး ။ မြေး စောနက ရီပိုင် ဆိုတာကို မပြောပြဘဲ ဘိုးဘိုးကို ကျီစယ်မိပါတယ် ။
ဘိုးဘိုး စိတ်မဆိုးဘူး မလားဟင်”

ရီဟုန်းဝေသည် မျက်နှာ ခပ်တည်တည် ခပ်တင်းတင်း ထားနေသော်လည်း သူ့စကားသံတို့တွင်မူ ဒေါသသံတို့ ပါမနေ ။

“မင်းတို့ ကလေးတွေဟာလေ ဘိုးကိုတောင် ပြန်တစ်ပတ်ရိုက်တတ်နေပြီ ပေါ့…ဟုတ်လား”

ရီယီယီနှင့် ရီရှောင်အန်းတို့သည် သိသိသာသာကို မည်းပုတ်နေသည့် မျက်နှာတို့ဖြင့် အနားတွင် တိတ်တိတ်လေး ရပ်နေကြသည် ။

ရီမူဖန်သည် ရီယီယီနှင့် သူမအဖေ၏ မည်းပုတ်နေသည့် မျက်နှာကြီးကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေကာ ပြောဆိုလာသည် ။

“ဟဲဟဲ…ဘိုးဘိုးကလည်းဗျာ ဗွေမယူပါနဲ့ ။ ကျွန်တော်တောင်မှ ဒီကောင်မလေးကို အစက မမှတ်မိဘူး ဘိုးဘိုးရ”

“ဝမ်ဝမ်က တကယ့်ကို အရွယ်ရောက်လာပြီပဲ…”

ထိုသို့ဆိုရင်း ရီဟုန်းဝေသည် သက်ပြင်းချသည် ။
သူ့မျက်ဝန်းတို့မှာ သူ့မြေးနှင့် သူ့မြေးမလေးကို ကြည့်ပြီး တဖြည်းဖြည်းချင်း စိတ်ချလက်ချ ဖြစ်လာလေသည် ။
သူက ပြောသည် ။

“ဒီတစ်ခေါက် မြေးတို့နှစ်ယောက် လုပ်တာ တကယ်ကောင်းတယ် ။
ဘိုးဘိုး သိပ်အားရတယ်”

ရီယီယီ နှင့် ရီရှောင်အန်းတို့မှာ ထိုသည်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက်ဆိုသလို အမည်မသိ ခံစားချက်ကြီးတစ်ခုက သူတို့ရင်ကို ထိုးဆွလာ၏ ။

တစ်ခနလောက် နားပြီး ရီဟုန်းဝေက ဆက်ပြောသည် ။

“မူဖန်၊ ဝမ်ဝမ်၊ လာမယ့် တနင်္လာကို ရုံးခန်းကို လာလည်ပါဦး ။ ပြီးတော့ ရှောင်အန်း၊ လာမယ့် တနင်္လာနေ့ကို အစည်းအဝေး ရှိတယ်လို့ ဘုတ်အဖွဲ့ကို အကြောင်းကြားလိုက်”

တစ်နည်းအားဖြင့် ရီဟုန်းဝေသည် သူ၏ကတိကဝတ်အတိုင်း ရီဝမ်ဝမ်နှင့် ရီမူဖန် တို့ ကုမ္ပဏီကြီးထဲ ပြန်လာတော့မည် ဖြစ်ကြောင်း ကြေညာပေး တော့မည်ပင် ။ 

ရီမူဖန်၏ မျက်ဝန်းတို့ အနည်းငယ် ဝင်းပသွား၏ ။

“ဟုတ်ကဲ့ ဘိုးဘိုး”

ရီဝမ်ဝမ်သည်လည်း ပြောသည် ။
“ဟုတ်ကဲ့”

ရီရှောင်အန်းသည် ရီယီယီ၏ မျက်ဝန်းတို့ကို ကြည့်လိုက်၏ ။ သူ့မျက်နှာသည် အိုးဖင်ကြီးအလားနှယ် မည်းချိတ်လို့နေလျက် ။ ဒေါသတို့ကြောင့် သွေးပွက်ပွက်အန်မတတ် ဖြစ်နေ၏ ။

သို့သော်လည်း ရီယီယီသည်ကတော့ သဘောထားကြီးကြီးနှင့် ရီဝမ်ဝမ်ကို ချီးမွမ်းစကား ဆိုနိုင်၏ ။ သို့သော် သူမ၏ လက်သည်းတို့ကမူ လက်ဖဝါး တွင် နစ်ဝင်အောင် ထိုးဆိတ်ထားနေလေသည် ။

ရီမူဖန် ၊ ရီဝမ်ဝမ်…ငါ ဒီအမှိုက်နှစ်စကို ဒီအထိရောက်အောင် လွှတ်ပေးထားမိတာပါလား…

င့ါမှာ အရာအားလုံးကို ခက်ခက်ခဲခဲနဲ့ ယူထားရတာ -
ရီ မိသားစု ၊ အင်ပါယာစကိုင်း အင်တာတိန်းမန့်၊ ရီ မိသားစုရဲ့ အကြီးဆုံး သခင်မလေး ဆိုတဲ့ နာမည်ဂုဏ် - ဒါတွေအကုန်လုံးကို ပြန်ပေးလိုက်ရတော့မှာလား ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ရွှေသစ်ခွပွဲသည် နောက်ဆုံးတော့ ပြီးသွားလေပြီ ။ ဧည့်သည်တော်များသည်လည်း အသီးသီး အလျိုလျို ပြန်ကုန်ကြလေပြီ ။

ကားပါကင်တွင် ကုန်ရွှီသည် အသက်မရှိလေသည့်အလား
လျိုချန်းကို တွဲထား၏ ။ ရီဝမ်ဝမ် နှင့် ရီမူဖန်တို့သည် တစ်ညလုံးလုံး တခြားဧည့်သည်များကို ဧည့်ခံပြောဆိုရင်း အလုပ်များနေသောကြောင့် ကုန်ရွှီကို သိပ်ဂရုမစိုက်မိကြပေ။

ထို့ကြောင့် ထိုသနားစရာ လျိုချန်း နှင့် ထန်ရှင်းဟျော်တို့နှစ်ယောက် သာ ကုန်ရွှီ၏ ပေါက်ကွဲနေခြင်းကို လှိမ့်ခံနေကြရလေသည် ။

“မဖြစ်နိုင်ဘူး…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
အစ်ကို ရီ က ဘယ်လိုလုပ် မိနိုးကလေး ဖြစ်နိုင်မှာလဲ…အစ်ကို ရီ က ဘယ်လိုလုပ်…”

ကုန်ရွှီသည် တတွတ်တွတ် မြည်တွန်ပြောဆိုနေရင်း
သူ့အရှေ့က တစ်စုံတစ်ခုသောအရာဆီ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည် ။

“သကြားလုံးလေး…”

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အနှီမိန်းကလေး သည် သူတို့ရှိရာဆီ လျှောက်လာနေခြင်း ဖြစ်ပြီး အလင်းရောင်တို့ ပြိုးပြက်နေသည့်အလားနှယ် ။ ထိုအခိုက်အတန့်တွင် သကြားလုံးလေးနှင့် ရီပိုင် သည် တစ်ယောက်တည်းဟုပင် ထင်မှတ်ရချေသည်တကား ။

ထိုမိန်းကလေး၏ လှုပ်လီလှုပ်လဲ့ ဟန်လေးနှင့်အတူ အဝတ်စသည်လည်း ဘယ်ညာယိမ်းနွဲ့လို့ နေလေသည် ။
သူ့အရှေ့ရောက်လာလျှင် ထိုသူမလေးက ခြေလှမ်းကို ရပ်တန့်လိုက်၏။

ရီဝမ်ဝမ်သည် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ကာ…
“ဘာလဲ…မင်းပဲ ငါ့ကို အလောင်းအစားအတိုင်း လုပ်ခိုင်းတာ မဟုတ်ဘူးလား ။ အခု ဒုတိယဆုလည်း ပြည့်သွားပြီလေ”

ကုန်ရွှီသည် တွေတွေလေး သူမလေးကို ငေးစိုက်ကြည့်နေသည် ။ သူ၏ဒေါသအပြည့် ရင်အုံကြီးမှာ ဒေါသတို့ လျော့ကျသွားခြင်း မရှိဘဲ သူ့မျက်နှာမှာ နီမြန်းသထက် နီမြန်းလာချေပြီ ။

ချီးပဲ…အရမ်း…အရမ်း ချောလိုက်တာ ။
ငါ လုံးဝကို စိတ်မဆိုးရက်တော့ဘူး ။ 

အထူးသဖြင့် သူ့အရှေ့တွင် ရပ်နေသည့်သူမှာ
ရီပိုင် ဖြစ်သည်ဟု တွေးမိလိုက်သည့်အချိန်တွင်ပင် --
ရီပိုင် ၊ မိန်းကလေးလို ဝတ်စားထားသည့် ရီပိုင်…

သူမလေးရဲ့ အကြည့်တစ်ချက်က လုံးဝကို အသေသတ်ပစ်နိုင်တယ်ကွာ ။

ထန်ရှင်းဟျော်သည် အချစ်နာကျနေသည့် မိန်းကလေး နှင့် အသွင်တူနေသော ကုန်ရွှီကို မြင်လိုက်ပြီး တိတ်တိတ်လေး မှတ်ချက်ပြုလာသည် ။

“ငါတော့ ရီပိုင် မိန်းကလေး ဖြစ်တာ တော်တော်လေး ကောင်းတယ်လို့ ထင်တယ်….”

မဟုတ်ရင် ဒီအရူးကောင်တော့ နားမလည်ပါးမလည်နဲ့ အကွေးကြီး ကွေးသွားတော့မှာ သေချာတယ် ။

………………………………………………………

စာစဉ် ၄၈၊ အခန်း ၁၁ ။  နူးညံ့လို့မရဘူး 

ကုန်ရွှီသည် အကြည့်တို့ လွဲှဲထားသည့်တိုင် ထိုကောင်မလေးကို ခိုးခိုးလည်း ကြည့်တတ်သေး၏ ။ ခိုးကြည့်မိပါ များလေလေ
သူ့စိတ်သည်လည်း အစိုးမရ ကြေမွလာလေလေ ။

သူသည် အစ်ကို ရီ ကို မိန်းကလေးလို ဝတ်စားတာကို မြင်ချင်လှသော်လည်း ထိုစိတ်ဆန္ဒသည် သကြားလုံးလေးကို မြင်ချင်စိတ်ထက်ပင် ပြင်းပြမှု ပိုကဲပေသည် ။
သကြားလုံးလေး - သူ ထိုကဲ့သို့ မြင်တွေ့ရလိမ့်မည် ကိုတော့ သူ လုံး၀ မျှော်လင့်မထားမိခဲ့ ။

“အစ်ကို ရီ … အစ်ကို ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရက်ရတာလဲ”

“ဘာကိုလဲ”

“ဘာလို့ ကျွန်တော့်ကို ညာထားတာလဲ”

“မင်းသာ ငါ့ရဲ့သရုပ်ဆောင်ကို အနိုင်မကျင့်ဘူး၊ ဗိုလ်မကျဘူးဆိုရင်
ငါကရော ဒီလို နည်းလမ်း သုံးပါ့မလား” ဟု
ရီဝမ်ဝမ်က စိတ်မပါလက်မပါဖြင့် ပြန်ကြည့်ပေးလိုက်လေသည် ။

ထိုစဉ်က သူမနှင့်ကုန်ရွှီသည် စည်းအတိခြားနေသည့် ဘက်ခြမ်းတွင် ရှိနေကြ၏ ။ ထိုကောင်လေးသည် အလွန်တရာပင် အယုတ်တမာကျ သောကြောင့် သူမသည်လည်း ထိုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်ပေသည် ။

လျိုချန်းသည် ရီဝမ်ဝမ် ပြောသည်ကို ကြားလိုက်သည့်အချိန် တဒင်္ဂလောက် ရှော့ရသွားပြီး သူ့အမူအရာမှာ ချက်ချင်းပင် နွေးပျလာတော့သည် ။

တစ်ချိန်က ကုန်ရွှီသည် ကျိုးဝမ်ဘင်းနှင့် ဘက်တူ ဖြစ်ခဲ့၏ ။ ကုန်ရွှီသည် သူ့အရှိန်အဝါကို အသုံးချကာ ကြောက်စရာကောင်းသော နဂါး ၂ တွင် လျိုချန်း ခက်ခက်ခဲခဲ ရရှိထားသော ဇာတ်ရံနေရာကို လုယူပစ်ခဲ့လေသည် ။
ထိုအခိုက်တွင် သူ့ဘဝကြီး သွားပြီဟု သူ တွေးမိခဲ့၏ ။
သူ့ကံတရားကို လက်ခံကာ ကျိုးဝမ်ဘင်းဆီ ပြန်သွားတော့ဖို့ရာပင် သူ စိတ်ကို ပြင်ဆင်ထားခဲ့၏…

သူ အံ့သြရလောက်အောင်ပင် အစ်ကို ရီ သည် သူ့ကို ထပ်ဖန် ကယ်တင်ခဲ့လေပြန်သည် ။

လျိုချန်း၏ ကျေးဇူးတင်စိတ် ထုံမွှမ်းတက်လာမှုနှင့်
ဆန့်ကျင်ဘက် ဖြစ်စွာ ကုန်ရွှီ၏နှလုံးသားလေးသည်ကတော့ ပျားအုံကြီး တဆစ်ဆစ် ထိုးကိုက်ခံနေရသလို ခံစားနေရလေသည် ။

“အစ်ကို…အစ်ကိုက လျိုချန်းကို အစ်ကို့လူဆိုတာကိုပဲ သိတာလား ။ ဒါဖြင့် ကျွန်တော်ကရော”

အား….ငါ လုံး၀ ရူးသွားတော့မှာပဲ ။

“အရင်တုန်းကတော့ မဟုတ်ဘူး၊ ဒါပေမယ့် အခုတော့
ငါ့လူ ဖြစ်သွားပြီ ။  ငါ ပြောတာ မှန်လား” ဟု ရီဝမ်ဝမ်က ပြောလိုက်သည် ။

“အခုတော့ ငါ့လူဖြစ်သွားပြီ” ဆိုသည့် ရီဝမ်ဝမ်၏ စကားကို ကြားလိုက်သည်နှင့် ကုန်ရွှီ၏ တဝူးဝူးတဝါးဝါးသံ ထွက်လာတော့သည် ။

“တကယ်လို့…တကယ်လို့ အရင်တုန်းက ကျွန်တော် မယုတ်မာခဲ့ရင်... လျိုချန်းကို အနိုင်မကျင့်ခဲ့ရင်…အဲ့ဒါဆို အစ်ကို ကျွန်တော့်ကို မညာဘူးပေါ့”

“တကယ်လို့ မင်းသာ မယုတ်မာရင် ငါတို့ရော
တွေ့ဖြစ်ပါ့မလား”

ထိုအကြောင်းကို ကုန်ရွှီသည် စဉ်းစားတွေးတောလိုက်သည် ။

ဟုတ်သားပဲ ။

အဲ့လိုသာ မဖြစ်ခဲ့ရင် ငါလည်း ကျိုးဝမ်ဘင်းကို ထားခဲ့ပြီး
ရီပိုင်နောက်ကို လိုက်လာဖြစ်မှာ မဟုတ်ဘူး ။

“မင်း ဘာပြောချင်သေးလဲ”

ရီဝမ်ဝမ်သည် အရာအားလုံးကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ချေပြီ ။ မဟုတ်ပါက ထိုသကောင့်သား၏ စရိုက်နှင့်ဆို သူ့ရင်ထဲ ဘယ်လောက်ကြာကြာ ကြိုးထုံးကြီး တင်နေမည်လဲ ပြောမရပါချေ ။

ကုန်ရွှီသည် ချက်ချင်းလက်ငင်းပင် ဆိုလာသည် ။

“ပြောချင်တယ်…ကျွန်တော်…ကျွန်တော် အစ်ကို့ကို ပြောချင်တယ်…။ ခနလေး…မဟုတ်သေးဘူး…ကျွန်တော် ပြောချင်တာက သကြားလုံးလေးကို ။ ဒါကို အခုပဲ ပြောရမှ ဖြစ်မယ်…နည်းနည်းလေးမှ အချိန်ဆွဲထားလို့ မဖြစ်ဘူး”

သူသည် ထိုစကားတို့ကို သကြားလုံးလေးကို ပြောဖို့ ရည်စူးလာခဲ့သည်မှာ အချိန်အကြာကြီး ကြာမြင့်လာခဲ့ချေပြီ ။

ရီမူဖန်သည် ထအော်ငေါက်လာ၏ ။

“မင်းက ဘာကို ပြောဦးမလို့လဲ”

ကုန်ရွှီသည် ချက်ချင်းပင် ငိုချင်းချမတတ် ဖြစ်သွား၏ ။

“ကျွန်တော် ဒီလောက်အကြာကြီး သဘောကျလာခဲ့ပြီး တစ်ချိန်လုံးလုံး လိုက်ရှာနေခဲ့ရတဲ့ မိန်းကလေးက ကျွန်တော့်နှာသီးဖျားအောက်မှာ ရှိနေခဲ့ရတဲ့ကိစ္စလေဗျာ ။ ပြီးတော့လည်း ကျွန်တော့်ရဲ့ ယောက်ဖကြီးကိုပါ ဒီလောက်ထိ ရန်စထားမိတာ…ကျွန်တော် အရမ်း ဝမ်းနည်းတာပေါ့ ။ သကြားလုံးလေးကို ဘာလို့ ဘာစကားမှ မပြောဘဲ နေရမှာလဲ”

“ဟျောင့်…ဘယ်သူက မင်းယောက်ဖမို့လို့လဲ”

ရီဝမ်ဝမ်သည် ကုန်ရွှီကို ထပ်ရန်မစတော့ဖို့ရာ
ရီမူဖန်ကို ကြည့်ပေးလိုက်သည် ။

တကယ်ဆို…ဒီတစ်ခေါက်…ကုန်ရွှီ တော်တော်ကြီး စိတ်ဒုက္ခရောက်သွားမှာပဲ ။

ရီမူဖန်သည် ကုန်ရွှီကို စိုက်ကြည့်နေပြီး ရီဝမ်ဝမ်ကို ပြန်အတွန့်တက် လာသည် ။

“ဝမ်ဝမ်…ဘာလို့ သူ့ရဲ့ ပေါက်တတ်ကရစကားတွေကို နားထောင်နေ ဦးမှာလဲ ။ ဒီလဒက မင်းပေါ်မှာ ရိုးသားတာ မဟုတ်ဘူး ။ သူက မင်းကို ဆွဲဆောင်ရင်ရော”

ရီဝမ်ဝမ်သည် ရီမူဖန်ကို စွေကြည့်ပေးလိုက်၏ ။

“ကိုကိုက ဘာကို စိုးရိမ်နေတာလဲ ။ ညီမလေးဆီမှာ လူချောကြီး ရှိနေရဲ့သားနဲ့ သူများရဲ့ ဆွဲဆောင်တာကို လွယ်လွယ်နဲ့ ခံရမယ့်ပုံ ပေါက်နေလို့လား”

ရီမူဖန် သီးသွားသည် ။ “…”

ရီမူဖန်က ရီဝမ်ဝမ်နား ကပ်ကာ တိုးတိုးပြောနေသည်ကို မြင်လိုက်ပြီး ကုန်ရွှီ၏ရင်ထဲ တဆစ်ဆစ် နာကျင်သွား၏ ။

ငါ့ရဲ့ယောက်ဖကြီးက ငါ့မကောင်းကြောင်းတွေ ပြောနေတာပဲ ဖြစ်ရမယ် ။

ငါ့ ဘာလို့များ ပါးစပ်သရမ်းမိရတာလဲ ။
ဘာလို့များ တစ်ချိန်လုံး ရီမူဖန် ကို စော်ကားနေမိရတာလဲကွာ ။

ဟန်ရှန်းယွီကို ကြည့်စမ်း ။ သူ နဲ့ရီမူဖန် ရဲ့ ဆက်ဆံရေးဆို အရမ်း ကောင်းတယ်….

ရီဝမ်ဝမ်သည် ရီမူဖန်နှင့် ပြောဆိုပြီးသည့်နောက်တွင်
ကုန်ရွှီဘက်သို့ ထပ်လှည့်လိုက်ပြန်သည် ။

“ရပြီ၊ ပြောတော့”

ကုန်ရွှီသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏ ။
ထို့နောက် ပြောတော့မည် ပြုလိုက်ချိန် စိတ်ပြောင်းသွားတော့သည် ။
ရီဝမ်ဝမ်၏ မျက်နှာကို တွေတွေလေး ငေးစိုက်ကြည့်နေရာမှ
သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးလာတော့ပြီး ပြောလာလေသည် ။

“အစ်ကို ရီ…အစ်ကို နည်းနည်းလောက်…နည်းနည်းလောက် နူးညံ့ပေးလို့ မရဘူးလား…
အစ်ကို့ကို ဒီလိုကြီး မြင်နေရတော့ သကြားလုံးလေးလို့ ခံစားလို့မထွက်ဘူး ဖြစ်နေတယ်…”

ရီဝမ်ဝမ် ပြန်ဖြေသည် ။  “မနူးညံ့တတ်ဘူး…ဒါနဲ့ အသားကျအောင် လုပ်”

ကုန်ရွီှ ။ “…”

……………………………………………………..

စာစဉ် ၄၈၊ အခန်း ၁၂ ။ ရောက်လာတာ အချိန်ကိုက်ပဲ

ကုန်ရွှီ ။  “…”

ကုန်ရွှီ လေးလေးနက်နက်ကြီး စဉ်းစားလိုက်ပြန်သည် ။

အစ်ကို ရီ ကို နူးညံ့တဲ့မိန်းကလေး ဖြစ်အောင် ပြောင်းဖို့က တကယ် မဖြစ်နိုင်လောက်ဘူး ။

ပြီးတော့…ဟီးဟီး…သကြားလုံးလေးရဲ့ ဒီလိုပုံစံလေးကို
ငါ ပိုပြီးတော့တောင် သဘောကျမိသလိုပဲ…

သို့နှင့် ကုန်ရွှီတွင် ရွေးချယ်စရာ မရှိတော့ဘဲ တိတ်တိတ်လေး ငိုချတော့ကာ စိတ်ခံစားချက်တို့ကို ဖော်ထုတ်လာတော့သည် ။

“အစ်ကို ရီ…အစ်ကို သိလား…ကျွန်တော် သကြားလုံးလေးကို သဘောကျတယ်… ကျွန်တော် သူ့ကို စတွေ့တွေ့ချင်းထဲက သ ဘော ကျ တာ…”

ရီဝမ်ဝမ်က ခေါင်းညိတ်လိုက်သည် ။

“ငါလည်းပဲ ရီပိုင်အဖြစ်နဲ့ ပြောဖူးပါတယ် ။
မင်းက သကြားလုံးလေးရဲ့ အကြိုက် လုံး၀ မဟုတ်ဘူး”

ရီဝမ်ဝမ်၏ စကားတို့သည် ကုန်ရွှီ၏ နှလုံးအိမ်ကို မြားတစ်ချောင်းနှင့် စွက်ကနဲ ပစ်ခွင်းလိုက်သည့်နှယ် ။

ငါက သကြားလုံးလေးရဲ့ အကြိုက် မဟုတ်ဘူး ။
ဒါဆို ငါက အစ်ကို ရီ ရဲ့ အကြိုက် မဟုတ်ဘူးပေါ့ ။

ရီဝမ်ဝမ်သည် တဒင်္ဂလောက် နားပြီး ဆက်ပြောသည် ။

“ပြီးတော့လည်း ကုန်ရွှီ…ငါ့ဆီမှာ ရည်းစား ရှိတာကို မင်းလည်း သိထားတာပဲ”

ရည်းစားစကား ဖွင့်ပြောတော့မည် အသင့်ပြင်လိုက်သည့် ကုန်ရွှီခမျာ ရီဝမ်ဝမ်၏ တူအကြီးကြီးနှင့် ဘုန်းခနဲ ထုရိုက်ချလိုက်ခြင်းကို ချက်ချင်း ခံလိုက်ရ၏ ။
သူ ချက်ချင်းပင် ကြက်သေသေသွားလေပြီ ။

ဟုတ်သားပဲ…

ရီပိုင် ဆီမှာ ချစ်သူ ရှိတယ်…

ဒါဆို…သကြားလုံးလေးဆီမှာလဲ ချစ်သူ ရှိနေတာပေါ့ ။

သကြားလုံးလေးဆီမှာ ရည်းစား ရှိတယ်လို့ ရီပိုင် ပြောတုန်းက ဆင်ခြေပေးတာလို့ပဲ ငါ အမြဲ ထင်နေခဲ့တာ ။
ဒါပေမယ့် ငါ့မျက်လုံးနှစ်လုံးနဲ့ ရီပိုင်ရဲ့ ရည်းစားကြီးကို မြင်ထားပြီးပြီပဲ ။

ပိုအရေးကြီးဆုံးက…ရီပိုင်ရဲ့ ရည်းစားကြီးက အရမ်း၊ အရမ်း၊ အရမ်း၊ အရမ်းကြီး ချောလွန်းတယ်…

ဟာကွာ...င့ါမှာ ခက်ခက်ခဲခဲနဲ့ သကြားလုံးလေးကို ပြန်ရှာတွေ့ထား ရတာ ၊ လွယ်လွယ်လေးနဲ့ လက်လျှော့လိုက်စရာလား ။

ကုန်ရွှီသည် အံကို ကြိတ်လိုက်သည် ။

“အစ်ကိုက အခူးခံထားရပြီးသား ပန်း ဆိုတော့ကော ဘာဖြစ်လဲ ။ ဒီသခင်လေးက မင်းကို ငါ့ဘေး ပြန်ခေါ်ထားလို့ ရတယ် ။
ဒီသခင်လေး မခူးနိုင်တဲ့ ပန်းရယ်လို့ ရှိကို မရှိသေးဘူး”

ရီဝမ်ဝမ်သည် ခေါင်းထဲ ထိုးကိုက်လာသလို ခံစားလိုက်ရတော့ပြီး သက်ပြင်းချလိုက်သည် ။

သူ့ကို ဒီလောက် လွယ်လွယ်နဲ့ လက်လျှော့အောင် လုပ်လို့မရဘူး ဆိုတာ ငါ သိသားပဲ ။

တကယ်တော့ ကုန်ရွှီ၏ ကိစ္စမှာ အမှန်ပင် ကိုင်တွယ်ရ ခက်ခဲလှပါ၏ ။ ထို့ပြင် နှစ်ယောက်သားသည် နောင်တွင် အတူတူ လက်တွဲ အလုပ်လုပ်ရပေဦးမည် ။ သူမ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက နောင်တွင် သူတို့၏ ဆက်ဆံရေးအပေါ်တွင်ပင် ထိခိုက်မှု ရှိလာပေ လိမ့်မည် ။

ငါ ကုန်ရွှီရဲ့ ခံစားချက်ကို ဘယ်လို သတ်ပစ်ရမလဲ ။
နောင်ကို င့ါအပေါ် ဘာစိတ်မှ မရှိတော့အောင်လည်း လုပ်ပစ်ရမယ်…

ထိုအခိုက်အတန့်တွင် သူမအနောက်ဘက်ကနေ ခြေသံ ဖွဖွလေး ထွက်လာလေသည် ။

ရီဝမ်ဝမ်သည် အမှတ်တမဲ့ဖြင့် ထိုအသံလာရာဘက် လှည့်ကြည့်လိုက်မိသည် ။ ထောင့်နားတွင် ဖြူစင်ဝင်းမွတ်နေသည့် ကလေးလေးတစ်ယောက်သည် ငှက်ပေါက်လေးတစ်ကောင်အလား
သူမဆီ ပြေးဝင်လာနေလေသည် ။

“မာမီ”

“တန်တန်…”

တန်တန်ကို မြင်လိုက်ပြီး ရီဝမ်ဝမ်၏ မျက်ဝန်းထဲ ပျော်ရွှင်မှုတို့ ပြည့်လျှမ်းလာတော့၏ ။

သူမ ချက်ချင်းပင် ထိုကလေးလေးကို ပွေ့ချီလိုက်ပြီး…

“ဘေဘီ…ဘာလို့ ဒီကို လိုက်လာတာလဲ”

ကလေးလေး၏မျက်နှာလေးမှာ ရဲခနဲဖြစ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ဆိုလာသည် ။

“မာမီ…တန်တန်က မာမီ့ကို လာကြိုတာ”

ရီဝမ်ဝမ်သည် တစ်ညလုံးလုံး လူတွေကို ဧည့်ခံစကား ပြောထားရ သည့်တိုင် သူမ ရင်ခွင်ထဲက ထိုနူးနူးညံ့ညံ့
မုန့်လုံးလေးကို မြင်လိုက်ပြီး ချက်ချင်း အားပြန် တက်လာတော့သည် ။

“ဘေဘီက အရမ်းလိမ်မာလိုက်တာ”

သူမသည် ယောကျာ်းလေးလို ဝတ်စားထားလျှင် သူမကို “မာမီ” ဟု မခေါ်ပါရန် တန်တန်ကို သတိပေးထားပြီးသား ဖြစ်၏ ။ သို့သော် အခုချိန်တွင် ရီဝမ်ဝမ်သည် မိန်းကလေးလို ဝတ်စားထားခြင်း ဖြစ်သောကြောင့် တန်တန်သည် စိတ်အေးလက်အေးဖြင့် သူမကို “မာမီ” ဟု ခေါ်လိုက်ခြင်း ဖြစ်ပေသည် ။ သူ၏ “မာမီ” ဟု ခေါ်လိုက်သည့် အသံက တစ်ယောက်သောသူကိုတော့ အကြီးကြီး သွားထိရောက်လိမ့်မည်ဟုတော့ သူ မသိနေပါချေ ။

သူတို့၏ အနောက်တွင် ကုန်ရွှီသည် ထိုကလေးလေးကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေသည် ။

“ဘ-ဘယ်လို…ဘ-ဘယ်လို ခေါ်လိုက်တယ်… ၊
မင်းက သူ့သားလား”

အစ်ကို ရီ တစ်ခါက ဒီကလေးကို ခေါ်လာသေးတယ် ။
ဒါပေမယ့် သူက အစ်ကို့ရီ့ သူငယ်ချင်းရဲ့ သားဆို…

အစ်ကို ရီကို ဒီပိစိလေးက “မာမီ” လို့ ခေါ်နေတယ်လား… 

တန်တန်၏ ဝိုင်းစက်ပြီး နက်မှောင်နေသည့် မျက်ဝန်းတို့သည်
ချက်ချင်းပင် သတိကြီးကြီး ဖြစ်သွားပြီး ထို “ကြက်ပေါက်စ” ကို စိတ်မကြည်မသာဖြင့် ကြည့်လိုက်လေသည် ။

ကြက်ပေါက်စလေးကများ ငါ့မာမီကို မေးခွန်းထုတ်နေတယ်၊
ငါ့ကို မာမီ့ရဲ့ ဘေဘီ ဆိုတာကို မယုံသင်္ကာဖြစ်နေရတယ်လို့ ။

ထိုကလေးလေး၏ စိတ်မပျော်မရွှင် ဖြစ်သွားမှုကို ရီဝမ်ဝမ် ခံစားမိလိုက်ပြီး ချက်ချင်းပင် သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည် ။ ထို့နောက်တွင် သူမ စိတ်ထဲ အတွေးတစ်ချက် ပြိုးပြက်သွားပြီး ကုန်ရွှီကို ကြည့်လိုက်ကာ…

“သူက တကယ်တော့ ငါ့သား”

ဟီးဟီး…တန်တန်ရဲ့ ရောက်လာတာ လုံးဝကို အချိန်ကိုက်ပဲ ။

………………………………………………………

စာစဉ် ၄၈၊ အခန်း ၁၃ ။  တန်တန်

သူမသည် ကုန်ရွှီကြောင့် အကြပ်ရိုက်နေစဉ်
တန်တန်သည် ပေါ်လာခဲ့ခြင်း ဖြစ်ပေသည် ။

တန်တန် ပေါ်လာတာထက် ပိုပြီး အကျိုးရှိသည်မှာ
ဘယ်ဟာ ရှိပါ့မည်နည်း ။

ကုန်ရွှီ၏မျက်လုံးတို့မှာ ချက်ချင်းပင် ပြူးကျယ်ဝိုင်းစက် သွားပြီး မျက်နှာတစ်ပြင်လုံး မယုံကြည်နိုင် ဖြစ်လာသည် ။

“ဒ-ဒါ မဖြစ်နိုင်ဘူး”

ရီဝမ်ဝမ်က ချောင်းအသာလေး ဟမ့်မိသွား၏ ။

“အဟမ်း…”

သို့သော်လည်း ရီဝမ်ဝမ် ဘာမှ မပြောရသေးခင်
ရီမူဖန်က ဝင်ပြောလာသည် ။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ ။ သူက ငါ့ညီမလေးရဲ့ သား ။ မင်း မယုံရင် ဒီကလေး မျက်နှာကို ကြည့်ကြည့် ။ သူ့ရဲ့မျက်လုံး၊ နှာတံနဲ့ နှုတ်ခမ်းက ငါ့ညီမလေးနဲ့ တစ်ထေရာထဲပဲ”

သူ ဘာကိုမှ ဂရုမစိုက်နိုင်အားတော့ပေ ။ ရန်သူ၏ရန်သူသည် မိတ်ဆွေ ဖြစ်သည် ဆိုသော စကား ရှိသည် မဟုတ်ပါလား ။ အခုချိန်တွင် အရေးကြီးဆုံးမှာ ကုန်ရွှီ ၏ကိစ္စကို ဖြေရှင်းဖို့ရာ ဖြစ်ချေသည် ။

ဒီကောင်က ဟိုကောင်ထက် ပိုပြီးတော့ နာမည်ဆိုးတယ် ။ ဒီကောင့်လက်ထဲကို ငါ့ညီမလေး ရောက်သွားလို့ မဖြစ်ဘူး ။

ကုန်ရွှီသည် ချက်ချင်းပင် ရီဝမ်ဝမ် ဖက်ထားသည့် ထိုပိစိလေးကို ကြည့်လိုက်သည် ။

ထိုကလေးလေးသည် အမှန်ပင် ချောလွန်းလှပါ၏ ။ အသက်ငယ်သေးသည့်တိုင် သူ့ကိုယ်ကနေ မြင့်မြတ်သည့် အရောင်အဝါတို့ ထိုးထွက်နေလေသည် ။

သူသည် ထိုကလေးလေးကို အချိန်အကြာကြီး ကြာအောင် ငေးစိုက်ကြည့်နေ၏ ။ သူသည် ရီမူဖန် ညာနေသည်ကို သက်သေပြ လိုက်ချင်၏ ။ သို့သော် ပိုကြည့်မိလေ ပိုကြည့်မိလေ ၊ ရီဝမ်ဝမ် နှင့် ထိုကလေးမှာ ပိုပိုပြီး ဆင်တူလာသည်ကို သိနားလည်လာရ၏ ။

အမေနှင့်သား နှစ်ယောက်စလုံးသည် အတူတူ မတ်တပ်ရပ်နေကြချိန်တွင် 
မလိုက်ဖက်မှု တစ်စက်လေးပင် ရှိမနေပါချေ ။

သောက်ကျိုးနဲ...ငါက ပန်းလေးကိုပဲ ခူးချင်မိတာပါ... အခုတော့ အဲ့ဒီပန်းက သစ်ပင်ကြီး ဖြစ်နေပြီး သစ်သီးတွေပါ သီးနေပါပေါ့လား ။

ရီဝမ်ဝမ်သည် တန်တန်ကို ပွေ့ဖက်ထားရင်းကနေ စိုးရိမ်စွာဖြင့် ဟိုဟိုဒီဒီကို လိုက်ရှာကြည့်လိုက်မိ၏ ။

“ဒက်ဒီရော ဘယ်မှာလဲ”

တန်တန်တစ်ယောက်ထဲ ပြေးလာစရာ အကြောင်းတော့ မရှိဘူးမလား ။ အနားမှာ စီရီဟန်ကြီး ရှိနေလောက်တယ်၊ ဟုတ်တယ်မလား ။

အစောနက မြင်ကွင်းကို စီရီဟန် မမြင်သွားခြင်းအပေါ်
သူမ ကျိတ်ပြီး ဝမ်းသာပျော်ရွှင်မိသွား၏ ။

ငါလေးက တစ်ချိန်လုံး ကံချည်း လှိမ့်ဆိုးနေတာ၊ အခုတော့ ငါ့ကံဇာတာလေး ပြန်တက်လာပြီပေါ့…ဟီးဟီး ။

တန်တန်က ပြန်ဖြေသည် ။

“ဒက်ဒီက မာမီ့အတွက် ယူစရာရှိလို့ဆိုပြီး ပြန်လှည့်သွားတယ်”

ရီဝမ်ဝမ်က တိုးတိုးလေး ရေရွတ်လိုက်သည် ။

“အော်၊ အဲ့ဒီလိုလား…” အံ့သြစရာကောင်းလိုက်တာ ။

“တန်တန်…သားက မာမီ့ရဲ့ လာဘ်ကောင်လေးပဲ”

ထိုသို့ပြောလိုက်ရင်း ရီဝမ်ဝမ်သည် တန်တန်၏ ပါးပြင်လေးကို ဖျစ်ညှစ်လိုက်သည် ။

ထိုကလေးလေးသည် စီရီဟန် ကြီး ရောက်မလာခင် ထိုပြသနာအကြီးကြီးကို ကူဖြေရှင်းပေးခဲ့ပြီ မဟုတ်ပါလား ။

ငါလေး တကယ့်ကို ဝမ်းသာလိုက်တာ ။

မာမီ ဖြစ်သူ ဆီကနေ ရုတ်တရက်ကြီး အချီးကျူးခံလိုက်ရခြင်းကြောင့် ကောင်ငယ်လေးသည် မျက်နှာထက်တွင် ပျော်ရွှင်မှုအပေါင်း ခညောင်းလာလျက် နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်ချေပြီ ။

သူသည် မအိပ်သေးသောကြောင့် မာမီများ ဆူလေမည်လားဟု ကျိတ်ကာ စိတ်ပူနေခဲ့ခြင်း ဖြစ်၏ ။

ငါ ဒက်ဒီ့စကားကို နားထောင်ပြီး မာမီ့ကို လာကြိုလိုက်တာ တော်သွားတယ်။

ထိုအခိုက်အတန့်တွင် ၊ တန်တန်၏အနောက်ဘက်ကနေ ရင်းနှီးကျွမ်းဝင်ပြီးသား ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး
သူတို့ဆီ လျှောက်လာနေသည်ကို ရီဝမ်ဝမ် မြင်လိုက်မိ၏ ။

စီရီဟန် လာနေခြင်းပါတည်း ။

ရီဝမ်ဝမ်သည် နောက်ထပ်တစ်ဖန် ကုန်ရွှီကိစ္စကို တန်တန် ပေါ်လာပြီး ဖြေရှင်းလိုက်ခြင်းပေါ် ဝမ်းသာမိသွားပြန်သည် ။

“အားကျို ~”

ရီဝမ်ဝမ်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး
စီရီဟန်ဆီ သွားလိုက်၏ ။

စီရီဟန်သည် မျက်မှောင်ကြီး ကြုတ်လျက်
ရီဝမ်ဝမ် စီးထားသော ဒေါက်ဖိနပ်ကို စိုက်ကြည့်နေသည် ။
သူ့မျက်နှာမှာ အနည်းငယ် မည်းပုတ်လာရင်း…
“ဘာလို့ ပြေးလွှားနေတာလဲ”

ရီဝမ်ဝမ်သည် မော့ကြည့်လိုက်ပြီး ဖူးပွင့်လာသည့် ပန်းပွင့်လေးနှယ် ပြုံးပြလိုက်ကာ…
“ကိုကို့ကို တွေ့ရတာ အရမ်းပျော်လို့”

သူမလေးသည် လက်တို့ဖြင့် သူ့ခါးကို သိုင်းဖက်လိုက်လေသည် ။
သို့သော် စီရီဟန်သည်ကတော့ လက်ထဲတွင် ကိုင်ထားသည့် ဘူးကို တိုးတိုးဖွဖွလေး မြေကြီးပေါ် ချလိုက်ရင်း…

“ဖိနပ်လဲစီးလိုက်”

ထိုဘူးကို ဖွင့်လိုက်ချိန်တွင် သက်သောင့်သက်သာ ရှိလှသည့် ဖိနပ်အပါးလေး တစ်ရံမှာ ဘွားခနဲ ပေါ်ထွက်လာသည် ။

တန်တန် ပြောတဲ့ ပြန်သွားယူတယ်ဆိုတဲ့ဟာလား ။

ရီဝမ်ဝမ်သည် တောင်ပံ နှစ်စုံ ပေါက်နေသည့် နတ်သားလေးတစ်ပါး လားနှယ် စီရီဟန်ကို ရွှန်းစားနေသည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေ ကာ…

“ချစ်ကို ကူစီးပေး ~”

စီရီဟန်သည် တဒင်္ဂလောက် သူမလေးကို ငေးကြည့်မိလိုက်ပြီး သူမလေးကို သူ့ပုခုံးအား ကိုင်ထားစေလေသည် ။ ထို့နောက်
ကိုယ်ကို ကိုင်းချလိုက်ကာ သူမလေးကို ဖိနပ်ကူစီးပေးလေသည် ။

သူသည် အေးစက်စက် ရှုတည်တည်ကြီးဟန် ရှိနေသည် ဆိုသော်လည်း သူ၏ ဖိနပ်လဲစီးပေးနေသည့် လှုပ်ရှားမှုတို့ကတော့ အလွန်အမင်းပင် ယုယလေသည် ။

ရီဝမ်ဝမ်သည် သူ ပြန်ထလိုက်ပြီဆိုသည်နှင့်
သူ့ကို သိုင်းဖက်လိုက်ကာ…

“ပြီးတော့၊ ပြီးတော့ ရှိသေးတယ် ။ ချစ် ပို့တဲ့ စာကို
တွေ့လိုက်လား ။ ချစ်တို့ ဒီည အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု နှစ်ဆုနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု တစ်ဆု ရသွားတယ် ။
ကိုကို ချစ်ကို အခုထိ ချီးကျူးစကား မပြောရသေးဘူး”

စီရီဟန် ပြန်ဖြေလာသည် ။

“မဆိုးပါဘူး”

ထိုသည်ကို ကြားလိုက်သည်နှင့် ရီဝမ်ဝမ်၏မျက်နှာလေး အောက်ငိုက်စိုက် ကျသွားတော့သည် ။ သူမလေးသည်
အလွန်အမင်း မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုလာသည် ။

“အဲ့ဒါလေးပဲလား…”

သူမလေး၏ မှုန်မှိုင်းနေပြီး အလွန်အမင်း စိတ်ဓာတ်ကျနေသည့် မျက်နှာလေးကို စီရီဟန် ကြည့်လိုက်မိ၏ ။ တခနလောက် တွန့်ဆုတ် သွားပြီးနောက် သူသည် ကိုယ်ကို ကိုင်းချလိုက်ကာ သူမလေး၏ နှုတ်ခမ်းလွှာထက် အနမ်းလေးတစ်ပွင့် လှစ်ခနဲ ပေးလိုက်ချေသည် ။

သူတို့၏ အနောက်ဘက်က လုံးဝကို အမေ့လျော့ခံ ကုန်ရွှီ ။ “…”

ငါဟာလေ ကားနားမှာအစား ကားအောက်မှာ သွားနေနေရမှာ ။
ဒါမှ သူတို့နှစ်ယောက် အကဲပိုနေတာကို မမြင်ရမှာ...

……………………………………………….....

စာစဉ် ၄၈၊ အခန်း ၁၄ ။ ရုပ်ရည်နဲ့တင် ရှုံးနေပြီ

သူ ပြောတော့ မနူးညံ့တတ်ဘူးဆို ။

ဒါဆို အလိုလိုက်ခံထားရလို့ ချွဲနွဲ့ပြီး တီတီတာတာတွေ နူးနူးညံ့ညံ့တွေ ပြောဆိုနေတဲ့သူက ဘယ်သူလဲ ။

ကုန်ရွှီခမျာ ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့ရင်ဘတ်ကြီး မြားပေါင်းတစ်ထောင်ဖြင့် ထိုးစိုက်ခံနေရသလို ခံစားလိုက်ရ၏ ။

ထန်ရှင်းဟျော်သည်ကတော့ သူ၏ သနားစရာ ကောင်းလှသည့် မျက်လုံးတို့ကို ပိတ်လိုက်တော့ပြီး ချောင်းအသာဟမ့်လာသည် ။

သူသည် ကုန်ရွှီ၏ ပုခုံးတို့ကို ခပ်ဖွဖွ ပုတ်လိုက်ပြီး…

“ငါ့ရဲ့ သနားစရာ အရူးကောင်လေး… ရုပ်ရည်တစ်ခုထဲနဲ့တင် မင်း ရှုံးသွားပြီ”

“ပါးစပ်ပိတ်စမ်း” ကုန်ရွှီက ချက်ချင်းပင် ပြန်ငေါက်ပစ်လိုက်၏ ။

ထန်ရှင်းဟျော်သည် လျှာလိပ်သွားပြီး…

“ပြီးတော့လည်း… သူ့ပုံစံက မင်းထက် အပုံကြီး သာတယ်….”

“မင်း ပြောလို့ ပြီးပြီလား”

“အဲ့ဒီအပြင်ကို သူတို့မှာ ကလေးပါ ရှိနေပြီ”

ကုန်ရွှီ ။  “…”

သူ့ရဲ့ မျှော်လင့်ချက်ကြီးမှာ ရုတ်ခြည်းပင် သုညကို ပြုတ်ကျသွားချေပြီ ။

ရီဝမ်ဝမ်သည် ကုန်ရွှီ၏ အမူအရာကို မြင်လိုက်ပြီး
သူ လက်လျှော့တော့လုနီးနီး ဖြစ်နေပြီမှန်း သိလိုက်ပြီး စိတ်အေးသွားမိ၏ ။

“ညဉ့်နက်နေပြီ ။ မင်းတို့လည်း သိပ်မကြာခင် အိမ်ပြန်ကြတော့”

ကုန်ရွှီသည် အသက်မဲ့သလို ခံစားမိသွား၏ ။

“မပြန်ဘူးဗျာ…မူးနေအောင်ကို သောက်ပစ်မှာ…”

ရီဝမ်ဝမ် မျက်မှောင်ကြုတ်သွားလေပြီ ။

သူမသည် ဒီလိုအခြေအနေမျိုးနှင့် ကုန်ရွှီကို အဘယ်ကဲ့သို့ သောက်ခွင့်ပေးနိုင်ပါလိမ့်မည်နည်း ။

လျိုချန်းသည် ရီဝမ်ဝမ်ကို ကြည့်ပြီး ပြောလာသည် ။

“အစ်ကို ရီ၊ အိမ်ပြန်ပြီးတော့ အနားယူလိုက်ပါ ။
ကျွန်တော် သူနဲ့ ကျန်နေခဲ့မယ်”

ထိုတော့မှသာ ရီဝမ်ဝမ် စိတ်အေးသွား၏ ။

လျိုချန်း အနားမှာ ရှိနေရင်တော့ ဘာပြသနာမှ ဖြစ်မှာ မဟုတ်ဘူး ။

စိတ်အေးအေး ထားနိုင်တဲ့သူ တစ်ယောက် ရှိနေသေးလို့ တော်ပါသေးရဲ့ ။

ရီဝမ်ဝမ်သည် မလိုလားအပ်သည့် ပြသနာတွေ ဖြစ်လာမှာ စိုးသဖြင့် ထပ်ကြာကြာ အချိန်ဆွဲမနေတော့ ။ သူမအဖွဲ့ကို နှုတ်ဆက်လိုက်ပြီး မြန်မြန်ဆန်ဆန်ပင် ကားထဲသို့ ဝင်လိုက်တော့သည် ။

ရွှီရီ မောင်းနေသည့် အနက်ရောင်ကားလေးသည် တငြိမ့်ငြိမ့်ဖြင့် ညအမှောင်ထုထဲ မောင်းထွက်သွားချေပြီ ။

အနောက်ခန်းထဲတွင် စီရီဟန် နှင့် ရီဝမ်ဝမ်ကြားထဲတွင် ထိုင်နေသည့် ဘေဘီ တန်တန်သည် စိုးရိမ်စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည် ။

“မာမီ…တောင်းပန်ပါတယ် ။ တန်တန် မာမီ့စကားကို နားမထောင်ခဲ့ဘူး ၊ မအိပ်ခဲ့ဘူး…”

ရီဝမ်ဝမ်သည် ဘယ်လိုလုပ် စိတ်ဆိုးရက်ပါ့မည်နည်း ။

“ဘာမှ မဖြစ်ဘူး ။ ဘေဘီ မာမီ့ကို လာကြိုတာ မာမီ အရမ်း ပျော်တယ်”

တန်တန်သည် ရီဝမ်ဝမ် နှင့် ပတ်သက်လာလျှင် ဘာစည်းကမ်းမှ မရှိတော့သလို ရီဝမ်ဝမ်သည်လည်း တန်တန်နှင့် ပတ်သတ်လာလျှင် ထို့အတူပင် ။ သူမ၏အရေးကြီးဆုံးသော စည်းကမ်းကိုက ဘာစည်းကမ်းမှ မရှိနေခြင်းပါတည်း ။

ကလေးလေးသည် စိတ်အေးလက်အေး ဖြစ်သွား၏ ။
သူ့မျက်နှာသည်ကတော့ စိုးရိမ်မှုတို့ ပြည့်လျှမ်းနေပြီး
တိုးတိုးလေး ရေရွတ်လာသည် ။

“တန်တန်ကလေ…တန်တန်က…မာမီ အရက်သောက်မှာ ကို စိုးရိမ်လို့ပါ…”

မာမီက မူးလာပြီဆိုတာနဲ့ တန်တန့်ကို မေ့သွားမှာ ။

ထိုအရာမှာ သူ လက်မခံနိုင်သည့် တစ်ခုတည်းသော အရာပင် ။ ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စမျိုးတွင် သူသည် ရီဝမ်ဝမ်စကားကို နားမထောင်ခြင်း ဖြစ်ပါ၏ ။

ရီဝမ်ဝမ်သည် မြန်မြန်ဆန်ဆန်ပင် ပြောဆိုလာသည် ။

“စိတ်ချ…မာမီက တန်တန့်ကို ပေးထားတဲ့ ကတိကို လုံး၀ တည်မှာ”

…………………

ဟိုးအစောပိုင်းက သားအဖနှစ်ယောက် နှင်းဆီအိမ်တော်လေးတွင် ရှိနေကြချိန် ။

စီရီဟန်သည် တန်တန်ကို စောင်ကူခြုံပေးလိုက်ကာ…
“အိပ်တော့”

ကလေးလေး၏ မျက်နှာလေးမှာ အထီးကျန်လို့နေလေသည် ။

“မာမီက ဘယ်တော့ ပြန်လာမှာလဲ”

“အရမ်း ညဉ့်နက်မှ”

“အရမ်းညဉ့်နက်မှက ဘယ်လောက်ထိ ညဉ့်နက်မှာလဲ” ဟု ကလေးလေးက မေးသည် ။

“ပြောရခက်တယ်”

“မာမီက သူငယ်ချင်းတွေနဲ့ သွားတွေ့တာလားဟင်”

“ပွဲသွားတက်တာ”

ချက်ချင်းပင် တန်တန် မျက်မှောင်ကြုတ်သွားသည် ။

“ပွဲလား ။ ပွဲဆို အရက်သောက်ကြမှာလား”

“အင်း”

ထိုကလေးလေးသည် ချက်ချင်းပင် ရန်သူကြီးနှင့် ရင်ဆိုင်ရသည့်ပမာ စိုးရိမ်ထိတ်လန့်စိတ်တို့ မြင့်တက်လာတော့သည် ။

“ဒါဆို…ဒါဆို မာမီရော အရက်သောက်မှာလားဟင်”

စီရီဟန်သည် သူ့ကို ကြည့်လိုက်ပြီး အေးစက်စက် ပြန်ဖြေလိုက်သည် ။

“သောက်ရင် သောက်နိုင်တယ်”

တန်တန်သည်လည်း မှုန်ကုတ်သွား၏ ။

“ဒါပေမယ့်...ဟိုတစ်ခေါက်ကတုန်းက မာမီက မသောက်တော့ဘူးလို့ ကတိပေးထားတယ်မလား”

“သူက ငါ ပြောတာကို နားထောင်မယ် ထင်လား”

“ဒါပေမယ့် မာမီက တန်တန် ပြောတာဆို နားထောင်မှာပေါ့”

စီရီဟန်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ…
“မျှော်လင့်ရတာပဲ”

စီရီဟန်၏ စကားတစ်ခွန်းချင်း တစ်ခွန်းချင်းတိုင်းမှာ ထိုကလေးလေးကို တစထက်တစ တည်ငြိမ်မှုတို့ ပျက်ယွင်းလာစေသည် ။

တန်တန်သည် အိပ်ရာပေါ်တွင် လှဲနေခြင်း ဖြစ်၏ ။
စီရီဟန်သည် ထွက်သွားတော့မည် ပြုလိုက်သည့်အခိုက် ထိုကလေးလေးသည် စီရီဟန်၏ အကျီၤစကို လှမ်းဆွဲလိုက်သည် ။

“ဒက် ဒီ.... ”

စီရီဟန် ရပ်သွားပြီး ထိုကလေးလေးကို ကြည့်လိုက်သည် ။

အလွန်အမင်း စိတ်ရှုပ်ထွေးနေသည့် ဟန်ပန်ဖြင့်
ထိုကလေးလေးက ပြောသည် ။

“တန်တန်တို့ မာမီ့ကို တူတူသွားကြိုလို့ ရမလား”

“အရမ်း ညဉ့်နက်နေပြီ ၊ အိပ်တော့”

ကလေးလေးခမျာ ပိုလို့ပင် စိုးရိမ်လာ၏ ။

“ဒါပေမယ့် တန်တန် မာမီ့ကို စိတ်ပူတယ်…”

သို့နှင့် ဘေဘီ တန်တန်၏ တတွတ်တွတ် တောင်းဆိုချက်အရ စီရီဟန်သည် “စိတ်မပါလက်မပါဖြင့်” သူ့ကိုပါ ခေါ်လာကာ
ရီဝမ်ဝမ်ကို လာကြိုခြင်း ဖြစ်တော့သည်တည်း ။

………………………………………………………
နောက်အပတ်မှာ ပြန်တွေ့ကြမယ်နော် ။
Paid group ဝင်လိုသူလေးများက 09 402 842 937 ကို ဘေလွှဲပြီးတော့ ဝင်ဖတ်ရှုလို့ ရပါတယ် ။ စာစဉ်တစ်ခုကို ၅၀ဝ ပါ 😍

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...