ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...
By Hululu61
348K 58K 2.4K
အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More
အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
5.3K 440 3
By Hululu61
Unicode
ဖူဝူထျန်း စကားသံ ဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် ဖယောင်းတိုင် မီးရောင်လဲ့လဲ့က အရည်ပျော် ကုန်ဆုံး ငြိမ်းသက်သွားလေ၏။ အခန်းမှာ အမှောင်ထုဖြင့် ရစ်ပတ်ထုံးဖွဲ့သွားချေသည်။ အလင်းပျပျလေးမျှပင် မတွေ့မမြင်ရတော့...။
"ခင်ဗျား အိပ်ပျော်မနေဘူးပဲ!"
အန်းကျီယန် တိတ်ဆိတ်ငြိမ်သက်သည့်ညတွင် သူ့အသံမှာ ခပ်မြှင့်မြှင့်ထွက်သွားကြောင်း သိလိုက်ရသည်။ သူ့အသံနှုန်းမှာ မှန်ကန်နေသော်ငြား တုန်လှုပ်မှုတို့ ဖုံးကွယ်ထားမိသည်ကို သူပင် သတိမထားမိပါပေ။ တစ်ကိုယ်ရေ အာသာဖြေခြင်းကို အမိခံလိုက်ရသည့် ခံစားချက်မှာ အတော်ပင် ဆိုးရွားလှသည်။ သူ ဖူဝူထျန်း မျက်နှာပေါ်မှ သရော်ပြုံးကို စိတ်ကူးမိနိုင်ပေ၏။
အမှောင်ထဲဆီမှ ဖူဝူထျန်း၏ ခပ်ဖျော့ဖျော့ ရယ်သံ ထွက်လာလေသည်။
"ကိုယ်က ကိုယ်တို့ရဲ့ မင်္ဂလာဦးညမှာ ဝမ်ဖေးလေးကို ဘယ်လိုလုပ်ပြီး ကိုယ်တိုင်ဖြေရှင်းခွင့်ပြုလိုက်နိုင်မှာလဲ? ကိုယ့်ကို မစွမ်းဆောင်နိုင်ဘူးလို့ ထင်နေတာလား?"
"ခင်ဗျား လွှတ်ပေးပါ"
အန်းကျီယန် အေးစက်စက် ပြောလိုက်ချေသည်။
"လွှတ်မပေးချင်ပါဘူး"
ဖူဝူထျန်းက ပေါ့ပေါ့ပါးပါး ပင် ပြန်ပြောလာ၏။ ထို့နောက် သူက အန်းကျီယန်၏ လက်ကို ဆွဲယူလိုက်ပြီး ထိုကောင်လေး၏ အရာကို အသားမာတက်နေသည့် လက်ထဲသို့ ထည့်လိုက်တော့သည်။ လူငယ်လေး၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ဖွံ့ဖြိုးမနေသေးသည်မို့ ထိုအပိုင်းမှာလည်း လူကိုယ်တိုင်ကဲ့သို့ပင် သေးသွယ်ကျစ်လျစ်နေပေ၏။ သူ့လက်တစ်ဖက်ထဲနှင့်ပင် ထိုအရာလေးတစ်ခုလုံးကို အုပ်မိုးနိုင်လုနီးပါး ဖြစ်နေချေ၏။
အန်းကျီယန် အသက်ကို ပါးစပ်ဖြင့် လုရှုလိုက်ရသည်။ အသားမာတက်သည့် လက်တစ်ဖက်က သေးသွယ်သည့် အသားစိုင်ကို ပွတ်သပ်လိုက်ချေ၏။ အနည်းငယ်ရှတတ ခံစားလိုက်ရသော်ငြား သာယာကြည်နူးမှုတို့က ပြည့်လျှံလာသည်။ သူက အချိန်အတော်ကြာ မာကြောနေရပါသော်လည်း အဆုံး၌ တစ်ဖက်လူ၏ ခပ်ဖွဖွ ပွတ်သပ်မှုနှင့်ပင် ပြေလျော့သွားရ၏။ သူ့ခမျာ အကူအညီမဲ့စွာနှင့် သာယာလှစွာသော ညည်းညူသံတစ်ချို့ ထွက်လိုက်မိသည်။
အမှောင်ထုထဲတွင်တော့ ယင်းအသံမှာ ရာဂစိတ်ကို သူမတူအောင် ထကြွလာနေစေ၏။
သူ ဘာလုပ်လိုက်မိသည်ကို သတိထားလိုက်မိချိန်တွင် ချက်ချင်းဆိုသလို အန်းကျီယန် ရုန်းကန်ကာ ထထိုင်လိုက်ချေ၏။ သူ့ ခန္ဓာကိုယ် တစ်ဝက်မျှ ထထိုင်ပြီးချိန်တွင် ဖူဝူထျန်းက သူ့ကို လက်တစ်ဖက်တည်းနှင့် ပြန်ဖိချလိုက်သည်။ ဖူဝူထျန်း၏ ခန္ဓာကိုယ် တစ်ဝက်လောက်က အန်းကျီယန် အပေါ် ဖိမိထားသည်မို့ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။ သူ မည်မျှပင် ရုန်းကန်နေပါစေ တစ်ဖက်လူ၏ ခွန်အားကို မယှဥ်နိုင်ပါလေကြောင်း သိလိုက်ရ၏။ အန်းကျီယန် ရွေးချယ်စရာ မရှိတော့သော်ငြား အသက်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းရှုလိုက်၏။
"ခင်ဗျား ဘာလိုချင်တာလဲ?"
ဖူဝူထျန်းက ပြောလိုက်လေသည်။
"သေချာပေါက် ဝမ်ဖေးလေး ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ကူညီဖြည့်တင်းပေးဖို့ပေါ့"
အန်းကျီယန် အမှောင်ထုကြား နစ်မြုပ်နေသည့် ဖူဝူထျန်းကို စိုက်ကြည့်လိုက်မိ၏။ အကြောင်းမှာ ရှေးခေတ်ကာလများတွင် လျှပ်စစ်မီး မရှိလေသည်မို့ ဖယောင်းတိုင်မီး ကုန်သွားသည်နှင့် မှောင်မည်းသွားခြင်းကြောင့် ဖြစ်သည်။ သူ့လက်ကို ဆန့်ထုတ်ကြည့်လျှင် လက်ချောင်းများကို မမြင်ရပါပေ။ ထိို့ကြောင် သူက အမှောင်ထဲတွင် ကျင့်သားရပြီး အနည်းငယ် မြင်နိုင်လျှင်တောင်မှ အကန်းတစ်ယောက်လို ဖြစ်နေပေလိမ့်မည်။ သူက အရာဝတ္တုများ၏ တည်နေရာကို ခန့်မှန်းကြည့်ရုံသာ တတ်နိုင်လေ၏။
သူ့ကို ကူညီပေးဖို့အတွက် ဒီလူ့ကို ခွင့်မပြုသင့်ဘူးမလား? ဒါက အနည်းငယ် ကို့ရို့ကားရားဖြစ်နေပါသော်ငြား ဒီအခြေနေ၌ သူက ဖူဝူထျန်းကို မမြင်နိုင်ပေ။ ဖူဝူထျန်းသည်လည်း သူ့အား မြင်နိုင်လိမ့်မည် မဟုတ်ချေ။ အဆိုးဆုံးအနေဖြင့်၊ သူ့ကို မိန်းကလေး တစ်ယောက်က ကူညီပေးနေသည်ဟု စိတ်ကူးယဥ်လိုက်ရုံသာ ဖြစ်၏။ ထိုသို့ တွေးပစ်လိုက်ပြီးမှ သူ့ ခန္ဓာကိုယ်က သက်သာရာ ရသွားသည်။ အပေါ်မှ သူ့ကို တက်ဖိထားပါသော ဖူဝူထျန်းက ယင်းအား ချက်ချင်းဆိုသလို သတိထားမိချေ၏။
"ဝမ်ဖေးလေး?"
ဖူဝူထျန်းက အံ့အားသင့်စွာ မျက်ခုံးကို တွန့်ချိုးမိလိုက်သည်။ သူက ဒီလောက်မြန်မြန် အရှုံးပေးသွားတာလား?
အန်းကျီယန် က ရှုံးနိမ့်သွားသလို အမူအရာနှင့် ပြောလိုက်၏။
"ဝမ်ရယ်ကပဲ ကျွန်တော့်ကို အရမ်းကူညီချင်နေတာ မဟုတ်ဘူးလား? ဒါဆိုရင်တော့ မြန်မြန်ကူညီပေးဖို့ပဲ ဝမ်ရယ့်ကို လောဆော်ရတော့မယ်။ ဘာလို့ဆို ကျွန်တော် တကယ်ကို အိပ်ချင်နေပြီ "
အမှောင်ထဲတွင် ဖူဝူထျန်း၏ အံ့အားသင့်မှုတို့ ပေါ်ထွက်လာချေ၏။ ထပ်ခါတစ်လဲလဲ စဥ်းစားလိုက်မိချိန်တွင်တော့ သူက အန်းကျီယန် ဘာတွေးနေသည်ကို ခန့်မှန်းမိသွားသည်။ သူ့မျက်ဝန်းထဲမှ အံ့အားသင့်မှုတို့က ရုတ်ချည်းဆိုသလို မရပ်တန့်နိုင်သည့်အပြုံးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သူ တကယ့်ကို လူမှန် ရွေးလိုက်မိခြင်းပင်။ သူ့ ဝမ်ဖေးလေးက သူ့ကို အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်ပေ၏။
"ခင်ဗျား လုပ်မှာလား မလုပ်ဘူးလား?"
ဖူဝူထျန်းက လုံးဝလှုပ်ရှားမလာသည်ကို အန်းကျီယန် သတိထားလိုက်မိ၏။ တကယ့်အချက်မှာ တစ်ဖက်လူသည် မိမိ၏ ညီငယ်လေးကို ကိုင်ထားဆဲဖြစ်နေခြင်းပါပင်။ သူ့မျက်ခုံးက ဒေါသကြောင့် တွန့်ကွေးသွားမိသည်။ ဖူဝူထျန်းက သူ့၏ သည်းခံနိုင်ရည်ကို အမြဲလိုလို စိန်ခေါ်နေချေ၏။ ကံမကောင်းစွာနှင့်ပင် ထိုသူက ရိုက်မရ၊ အော်မရသည့်အဆင့်အတန်းနှင့် မြင့်မားသည့်ဂုဏ်ရှိန်ရှိပါသော ဝမ်ရယ် ဖြစ်နေလေသည်။ ထိုသို့မဟုတ်ပါက သူ ဖူဝူထျန်း ကို ထိုးပြီးနေပြီ ဖြစ်၏။
"ဟုတ်တာပေါ့...ကိုယ် ကူညီပေးမှာပါ။ ဒါပေမဲ့..."
ဖူဝူထျန်းက ထိုသို့ပြောလိုက်ပြီးနောက် အန်းကျီယန်၏ လက်ကို ဆွဲယူလိုက်လေသည်။ထို့နောက် လူငယ်လေးက ဘာမှမတုန့်ပြန်လိုက်နိုင်မီမှာပင် သူ့ခြေထောက်များကြား လက်ကို ထားလိုက်ချေ၏။
"ဝမ်ဖေးလေးကလည်း ကိုယ့်ကို ကူညီပေးမှာလား လို့ မေးမလို့လေ"
အန်းကျီယန် အလိုအလျောက် လက်ချောင်းတို့ကို ကွေးဆုပ်လိုက်မိ၏။ အကျိုးဆက်အနေဖြင့် သူ့လက်ထဲတွင် အနှီပစ္စည်းကို ကိုင်လိုက်မိခြင်းပါပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားရချေ၏။ သူ့လက်ချောင်းများထဲရှိအရာမှာ ပုံမှန်မဟုတ်သလို နူးညံ့ကာ ပူနွေးနေပေ၏။ သူတို့နှစ်ယောက်သားမှာ ယောကျ်ားသားများ ဖြစ်ချေသည်မို့ သူ မကြည့်မမြင်ရပဲတောင်မှ သူ့လက်ထဲရှိအရာ​က ဘာလဲ ဆိုသည်ကို သိရှိပြီး ဖြစ်သည်။
ထိုအချိန်မှာပင် ဖူဝူထျန်းသည်လည်း သူ့နှင့် အတိအကျ တူညီသည့်အခြေအနေတွင် ရှိနေပေသည်။ မမျှော်လင့်စွာပင် သူက အသေးငယ်ဆုံး ခြားနားမှုကို မမြင်နိုင်ခဲ့ပေ။ သူ့ခမျာ ဖူဝူထျန်း၏ မာကျောနေမှုကြီးကြောင့် တုန်လှုပ်သွားရ၏။ ထို ရေခဲနတ်ဘုရား ဖူဝူထျန်းက အန်းကျီယန်၏ လက်ကို ဘောင်းဘီရှည်ထဲသို့ ဆွဲထည့်လိုက်လေပြီ။ လောင်ကျွမ်းမတတ်အပူမီးက သူ့လက်ကို စူးရှသွားစေသော်ငြား အန်းကျီယန်မှာ ယင်းကို လက်ခံဖို့ရန်သာ တွန်းအားပေးခံလိုက်ရချေသည်။
"ခင်ဗျား...!"
အန်းကျီယန်က ထခုန်မတတ်ဖြစ်သွားရ၏။ ရုတ်တရက်ဆိုသလို သူ့တင်ပါးလေးများဆီ လေအေးများ ထိတွေ့လာသည်မို့ အံ့အားသင့် တုန်လှုပ်သွားတော့သည်။ သူ့ရဲ့ ဘောင်းဘီမှာ သူပင် မသိလိုက်ပါလေဘဲ ပေါင်လယ်လောက်ထိ ဆွဲချခံလိုက်ရကြောင်း သိလိုက်ရ၏။ ထို့လူ၏ လက်က သူ့ခြေထောက်ကြားရှိ လှံတံငယ်အား သိက္ခာအနည်းငယ်မျှပင် မရှိလေဘဲ ကိုင်ထားနေဆဲပင်။
ဒီအချိန်၌ ဖူဝူထျန်း က သူ့ကို အိပ်ရာပေါ်တွင် ဖိကပ်မထားတော့ပါချေ။ ထိုအစား သူက အန်းကျီယန်ကို ဆွဲလိုက်ကာ ထွက်မပြေးနိုင်ဖို့ရာအတွက် နောက်ကျောကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်လေ၏။ သူတို့နှစ်ယောက်သားမှာ မျက်နှာချင်း ထိကပ်လုနီးပါးပါပင်။
ရိုးတံအချင်းချင်း ပွတ်သပ်မှုမှာ အထွတ်အထိပ်ဆီသို့ ဦးတည်နေလေပြီ။
အန်းကျီယန် ရုတ်တရက်ပင် သူ့လက်ထဲမှ ပစ္စည်းကို ပေါက်ကွဲထွက်သွားသည်ထိ ဖျစ်ညှစ်ပစ်ချင်လာသည့်အတွေးမျိုး တွေးလိုက်မိ၏။ တစ်ဖက်လူ၏ ချုပ်ကိုင်ထားမှုမှ သူ မလွတ်မြောက်နိုင်ပါကြောင်း သိလိုက်ချိန်၌ အရှုံးကိုသာ ဝန်ခံလိုက်ရလေ၏။ အနည်းဆုံးတော့ လောလောဆယ် သူ့အနောက်ပိုင်းလေးကို ကာကွယ်နိုင်ဖို့ရာပါပင်။
သူက သူ့လက်ကို စတင်လှုပ်ရှားဖို့ရာ အစပြုလိုက်လေ၏။ ဖူဝူထျန်း၏ နှုတ်ခမ်းထောင့်စွန်းမှာ မြင့်တက်သွားလေပြီး သူ့ရဲ့ ဝမ်ဖေးလေးကို စတင် ဝန်ဆောင်မှုပေးလိုက်လေတော့သည်။
ယင်းမှာ တကယ့်လုပ်ဆောင်မှုလောက်တော့ မကောင်းမွန်ပါသော်ငြား ယောကျ်ားတစ်ယောက်၏ လက်ကြမ်းကြမ်းနှင့် ပွတ်တိုက်ခံရမှုမှာ သူ့တစ်ကိုယ်လုံးကို စပ်ဖျဥ်းဖျဥ်း ခံစားချက်အဖုံဖုံကို ပေးစွမ်းနေပါ၏။ သာယာကြည်နူးမှုအပေါင်းထုံမွှမ်းလျက် သူ့ အသက်ရှုသံတို့မှာ မြန်သထက် မြန်လာချေသည်။ ထို့နောက် သူ့ခေါင်းကို ဖူဝူထျန်း၏ ပုခုံးပေါ် ယိုင်ကျမသွားဖို့ရာ ထိန်းမထားနိုင်လိုက်ပါပေ။
ဖူဝူထျန်းက ဤအနေအထားကို အလွန်ပင် သဘောကျနှစ်ခြိုက်ပေသည်။ သူ့လက်ထဲတွင် လူငယ်လေးကို ဆုပ်ကိုင်ထားရသည့် ခံစားချက်ကလေး ရှိနေ၏။ ဤခံစားချက်မှာ နှစ်လိုဖွယ်ရာဖြစ်ပြီး သူ့ကို သောကများမှ ကင်းဝေးစေသည်။ သူကိုယ်တိုင်သည်ပင် ဤခံစားချက်ကြောင့် အလွန်တရာ အံ့သြနေမိ၏။
Zawgyi
"ခင်ဗျား လွှတ်ပေးပါ"
"လွှတ်မပေးချင်ပါဘူး"
"ဝမ်ဖေးလေး?"
(နှုတ်ခမ်းနဲ့လား<3)
"ခင်ဗျား...!"
Continue Reading
You'll Also Like
18.2K 1.4K 37
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
287K 19.8K 166
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
9.6K 883 37
Sena is the newest translator at the royal palace of Goryeo, highly skilled in languages and combat, quickly winning respect from the noble scholars.
Erica By Sam
Historical Fiction
2.9M 109K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...