Unicode
ကျန်းရှီနင်သည် သူဆိုလိုက်သောစကားနှင့်ဖြစ်ရပ်ကို စဥ်းစားချင့်ချိန်ကြည့်ပြီးနောက် မတတ်သာပဲ တစ်ကိုယ်လုံးတုန်ယင်လာတော့သည်။ ထိုအခြင်းအရာကို ခေါင်းပြန်မော့လာသော ရွှဲရှန့်တွေ့သွား၏။
ရွှဲရှန့်လည်း ဤစာကြမ်းပိုးကို အတော်ပင် အံ့သြနပန်းဖြစ်သွားသည်။ သူကိုယ်တိုင်ကလည်း သရဲဖြစ်နေရက်နဲ့ အရှက်မရှိ သရဲကြောက်နေပြန်တယ်။ ကျန်းရှီနင်၏တီးတိုးပြောသံသည် တိုးညှင်းသလို မြန်ဆန်၏။ ကြားရသည်နှင့် ရွှမ်းမင်မျက်မှောင်ကျုံ့သွားကာ ပြီးနောက် တဖန်ပြန်ပြေလျော့သွားသည်။ ငြီးငွေ့စရာကောင်းသောလေသံနှင့်
"သိပြီ"
"သိပြီ?ဘာကိုသိတာလဲ?"
ရွှဲရှန့်သည် ပင်ကိုယ်အားဖြင့် စိတ်မြန်လက်မြန်လုပ်တတ်သူဖြစ်သလို ဒေါသအထွက်လွယ်သောသူလည်းဖြစ်၏။ နူးညံ့နှေးကွေးသောကျန်းရှီနင်နှင့် ကောင်းကင်ပြိုကျလျှင်တောင် ထွက်ပြေးမယ်မဟုတ်သော မထုံတတ်ထေးရွှမ်းမင်ကြောင့် ရွှဲရှန့်အသက်တိုသွားသလိုတောင် ခံစားနေရသည်။ ရွှမ်းမင်တုံ့ပြန်မှုကို စောင့်နေဖို့ရာ စိတ်မရှည်တော့တာကြောင့် အိတ်ကပ်မှလျှောချကာ တွန့်လိမ်သွားရင်း လျိုချုံဘောင်းဘီရှည်ကို အသံမထွက်စေပဲ ဆုပ်ကိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ခဲပြာရောင်ဝတ်ရုံအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။
ရွှမ်းမင်တည်ငြိမ်စွာဆိုလိုက်သော ကောက်ချက်ချစကားသည် အသိစိတ်၌ နောက်ကောက်ကျကျန်ခဲ့သော အရူးလျိုချုံကို ဆွပေးလိုက်သလိုပင်။ ကျန်းရှီနင်ခေါင်းမော့လိုက်တဲ့အချိန်မှာပဲ လျိုချုံနှင့် အကြည့်ချင်းဆုံသွားသည်။
မျက်ဆံများသည် အာရုံစူးစိုက်မှုရှိမနေပဲ တောင်ရောက်မြောက်ရောက်ဖြစ်ကာ အသက်မဲ့နေသောအသွင်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၏။
ကျန်းရှီနင်လည်း အထိတ်တလန့်နှင့် နောက်ပြန်ဆုတ်မိသည်။ သရဲနှင့်ပက်ပင်းတိုးခြင်းသည် ခွေးရိုင်းတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခြင်းနှင့် တူတာကိုသူသိမနေခဲ့။ ကိုယ်သာမတုန်မလှုပ်ရပ်နေလျှင် သူတို့လည်း တုံ့ဆိုင်းသွားနိုင်သည်။ ကိုယ့်ဘက်က လှုပ်ရှားမှုတစ်ခု လုပ်လိုက်ပြီဆိုသည်နှင့် မတုံ့မဆိုင်းပဲ ကိုယ့်နောက်လိုက်လာလိမ့်မည်။ လျိုချုံထံမှ လည်ချောင်းနောက်ဘက်ကလာသော အော်သံနက်ကြီးထွက်လာပြီး ရွှမ်းမင်ကိုသတိမထားမိတော့ပဲ လှုပ်ရှားလိုက်သောကျန်းရှီနင်ရှိရာသို့ ဦးတည်လာတော့သည်။
အရင်ကတည်းက ဖြူဖတ်ဖြူရော်ဖြစ်နေသော စာကြမ်းပိုး၏မျက်နှာသည် စိမ်းရောင်ပင်သန်းသွား၏။ ထွက်လုဆဲဆဲဖြစ်သော ကြောက်လန့်တကြားအော်သံကို အတင်းအကျပ်ပင် ပြန်မြိုချလိုက်ရသည်။ ဒီလိုအချိန်မျိုးရောက်နေတာတောင် ဖတ်ခဲ့ဖူးသော လူကြီးလူကောင်းပုံရိပ်သွင်ကို ဘေးချမထားခဲ့နိုင်။ ထွက်ပြေးချင်ပေမဲ့ အရှက်ရသွားမှာလည်း စိုးရိမ်မိ၏။ ခြေတစ်ဖက်သည် ရပ်ဆဲဖြစ်ပေမဲ့ အခြားတစ်ဖက်က ခုန်လွှားလိုက်တာကြောင့် ကိုယ်ဟန်မထိန်းနိုင်ပဲ ယိုင်ဖယ်သွားသည်။
ဗုတ်!
ထင်ထားသလိုပင် အဆီအငေါ်မတည့်သောကျန်းရှီနင်သည် မြေပေါ်သို့လဲကျသွားပြီး သုတ်တီးသုတ်ပြာနှင့် လက်နှစ်ဖက်ထောက်လိုက်၏။
အစီအရင်အတွင်း လုပ်ဇာတ်ခင်းထားသော လျိုချုံအတုသည် အစစ်ထံ မှရူးနှမ်းမှုများကို ရရှိထားသည်ဖြစ်ရာ လှုပ်ရှားမှုတိုင်းသည် နှေးကွေးပြီး ကိုးရိုးကားရားနိုင်လှ၏။ သူ့အားရပ်တန့်စေရန် ဘယ်သူကမှ အစရှာ၍မရနိုင်လောက်ဘူး ဆိုသောအမူအရာကိုလည်း ပေးနေသည်။ ပြေးသောအခါ ဆင်တစ်ကောင်လို ယိုင်တိယိုင်တိုင်ဖြစ်နေ၏။
သူ့ဆီဦးတည်ပြေးလာသောလျိုချုံကိုကြည့်ပြီး အသက်ပြင်းပြင်းရူသွင်းကာ ကျန်းရှီနင်မျက်စိမှိတ်ထားလိုက်သည်။
လျှပ်တပြတ်မှာ 'ဗုတ်'ဆိုသောအသံထွက်လာပြီး ကျန်းရှီနင်၏မျက်နှာထက် လေပြင်းဖြတ်တိုက်သွားသည်။ အရှေ့ဘက်ရှိ ကျောက်သားကြမ်းပြင်မှာ တစ်ခဏစာလောက် ပြင်းထန်စွာတုန်ခါသွား၏။ ကျန်းရှီနင်မှန်းဆခဲ့သော လည်ပင်းထက်ရောက်ရှိလာမည့် ရေခဲတမျှအေးသောလက်ချောင်းများ ရောက်မလာခဲ့။ ကျန်းရှီနင်သတိထား၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ လျိုချုံသည် သူ့ဘေးနားတွင်လဲကျနေ၏။ အကြောင်းတစ်ခုခုကြောင့် ဤကဲ့သို့လဲကျလာခြင်းဖြစ်မည်။
အရူးသည် ချော်လဲမည်ဟု မမျှော်လင့်ထားတာကြောင့် လက်ထောက်ကာထိန်းဖို့တောင် အချိန်မမှီလိုက်ပဲ မျက်နှာနှင့်သာပြုတ်ကျသွား၏။
ကျန်းရှီနင်လည်း ခဏမျှတော့အံ့သြသင့်သွားပြီး ကုတ်ကပ်ထကာ ဝတ်ရုံပေါ်ရှိ ဖုန်များကိုခါရင်း မြေကြီးကိုကြည့်လျက် မယုံကြည်နိုင်ဖြစ်နေသည်။
ထိုအချိန်အတော်အတွင်းမှာပဲ ရွှဲရှန့်သည် အဝတ်စရှည်ကိုကိုင်လျက် ခဲပြာရောင်ဝတ်ရုံအတွင်းမှ ထွက်လာ၏။ အဝတ်စသည် ဘာနဲ့တူသလဲဆိုလျှင်..
ခါးစည်းကြိုး?
ခုန်တဲ့အချိန်မှာ အောက်သို့ပုံကျလာသော ဘောင်းဘီနှင့်ညိပြီး လျိုချုံလဲကျသွားတာဖြစ်ကြောင်း ကျန်းရှီနင်သဘောပေါက်သွားသည်။ အစကတည်းက မသေသပ်သော သာခွေယိုင်ခြေထောက်များပိုင်ရှင် လျိုချုံသည် ဘောင်းဘီနှင့်ခေါက်ပြီး ဆိုးရွားစွာပင်လဲကျသွား၏။ နဖူးနှင့်မြေကြီးရိုက်မိသည်ဖြစ်၍ ပြန်မထနိုင်ပဲ ခေါင်းတစ်ခါခါနှင့် အရှိန်ယူနေသည်။
ခါးစည်းကြိုးနှင့် လှိမ့်ထွက်လာသော ရွှဲရှန့်သည် ကျန်းရှီနင်မျက်နှာတည့်တည့်ကို ကျွမ်းကျင်စွာဖြင့် ခါးစည်းကြိုးကို ပစ်ပေးလိုက်၏။
"အချိန်ဖြုန်းမနေနဲ့!အဲ့ဒီအရူးလက်နဲ့ခြေထောက်ကိုပူးချည်ထားလိုက်"
ပြီးလျှင် ရွှမ်းမင်ဘက်သို့လှည့်လာပြီး အထင်အမြင်သေးသောအမူအရာနှင့်
"ငါ့ကိုအမြန်ပြန်ချီလေ..ခါးစည်းကြိုးယူရတာငါ့လက်တွေတောင်ပြုတ်ထွက်တော့မလို့"
ပြန်ချီရမယ်?
ကျင်းရှီနင်ဘာပြောရမှန်းတောင်မသိ။ အောက်ပိုင်းသေနေသောသူသည် ဘာလို့အဲ့လောက်တောင် အလုပ်များနိုင်ရတာလဲ? နေရာအနှံ့ကိုကျွမ်းပစ်နေတော့တာပဲ။
ပြန်တွေးကြည့်တော့လည်း အခြားသူများကို ပြဿနာဖြစ်စေသော အဟန့်အတားသည် သူကိုယ်တိုင်ဖြစ်နေ၍ ကျင်းရှီနင်လည်း အပြစ်ရှိသလိုခံစားလိုက်ရပြီး ရှက်မိသွား၏။
တစ်စုံတစ်ယောက်၏ ခါးစည်းကြိုးကို ဆွဲထုတ်ခြင်းသည် လူကြီးလူကောင်းမပီသကြောင်းကို အလေးမထားနိုင်တော့ပဲ ရွှဲရှန့်စကားအတိုင်း လျိုချုံ၏ဘယ်လက်နှင့်ညာခြေကို ပူးချည်လိုက်သည်။ ချည်ရင်း တောင်းပန်ပါတယ်ဆိုတာကို ခပ်တိုးတိုးရေရွတ်နေ၏။
အလွန်အကျွံချိုမြိန်နေသော စာကြမ်းပိုး၏အပြုအမူကြောင့် ရွှဲရှန့်နှာမှုတ်လိုက်သည်။
ငတုံးနှစ်ကောင်အန္တရာယ်မှလွတ်မြောက်ရန် သူ့ခမျာ သုံးစားမရသောခြေထောက်နှစ်ချောင်းကို တရွတ်တိုက်ဆွဲပြီး မာနတွေခဝါချ၍ တစ်ပါးသူခါးစည်းကြိုးကို ဆွဲဖြုတ်ခဲ့ရသည်။ကတုံးဆိုလျှင် အတောမသတ်နိုင်သော ကျေးဇူးတရားတွေကို ပြသရန် ဒူးချက်ချင်းထောက်ပြီး လက်နှစ်ဖက်ဖြင့် ရွှဲရှန့်ကို အသာအယာမယူ၍ အရင်နေရာကို ပြန်လည်ခေါ်ဆောင်သွားပေးသင့်သည်။ သို့ပေမဲ့ ကတုံးသည် ကျေးဇူးတင်သောပုံတောင်မပြ - တကယ့်ကိုလူ့ကလိမ်
ရွှဲရှန့်သည် ရွှမ်းမင်စိတ်မလုံမလဲဖြစ်စေရန် စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ သို့ပေမဲ့ အဲ့ဒီအချိန်မှာ ရွှမ်းမင်ဘယ်ဘက်လက်၌ ခါးထက်တွင်ရှိခဲ့သော ကြေးနီဒင်္ဂါးပြားများ တွဲချည်ထားသောကြိုးက ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအရာများနှင့် တစ်ခုခုလုပ်ရန် ကြံရွယ်နေခဲ့သည်မှာသေချာ၏။
ဒီကတုံးကနောက်ဆုံးတော့စွမ်းဆောင်ချက်တွေပြတော့မှာလား?
ခါးစည်းကြိုးခိုးယူသောနည်းလမ်းသည် သရဲတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရာတွင် အသုံးပြုသောနည်းလမ်းဟု ရွှမ်းမင်အတွေးမဝင်ခဲ့သည်မှာ အမှန်ပင်။ အခြေအနေတွေ ဒီလိုဖြစ်လာမည်ဟူ၍လည်း မတွက်ထားမိခဲ့။ အချိန်အတော်ကြာသည်အထိ ထိုနေရာတွင်ရပ်ပြီး ကြက်သေသေနေသည်။
ရွှဲရှန့်သည် ကြေးနီဒင်္ဂါးပြားများတွဲချည်ထားသောကြိုးကို ရွှမ်းမင်ပြန်လွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
သူ့အား မြေကြီးထက်မှ ရွှမ်းမင်ကောက်ယူချိန်တွင် ရွှဲရှန့်အနည်းငယ်တော့ နောင်တရမိသည်။ သူသာကြိုသိခဲ့လျှင် အရူး၏ခါးစည်းကြိုးကို အလျင်စလိုသွားဖြုတ်မည်မဟုတ်။ မဟုတ်လျှင် ကတုံးဘာတွေစွမ်းဆောင်နိုင်သည်ကို သူမြင်တွေ့ခွင့်ရသွားမှာ!
ကြီးကျယ်မြင့်မားသော အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့အတွက် ရွှဲရှန့်လည်း ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။ စက္ကူခန္ဓာကိုယ်သည် ပျော့ဖတ်လာပြီး ခေါင်းသည်လည်း ငိုက်စိုက်ကျသွား၏။ ပြီးလျှင် ရွှမ်းမင်အိတ်ကပ်အဝ၌ တွဲလဲခိုနေတော့သည်။
နောက်ထပ်ဘာတွေများထပ်ကြံရွယ်နေပြန်ပြီလဲတွေးရင်း မျက်လုံးအိမ်များကျဥ်းလာပြီး ရွှမ်းမင်ကြည့်လိုက်သည်။ လက်ညိုးကိုသုံး၍ အိတ်ကပ်အဝ၌ ငိုက်စိုက်ကျနေသောစက္ကူခေါင်းကို မလိုက်၏။ လက်ညိုးနှင့်ပင့်ထားသောအချိန်မှာတောင် သာခွေယိုင်ဖြစ်နေသောဦးခေါင်းသည် လက်ညိုးပြန်ရုတ်သည်နှင့် ပြန်ငိုက်ကျသွား၏။
ရွှမ်းမင် ; "...."
ဒီလိုပုံစံမျိုးနှင့် စက္ကူလူသားကို သွက်ချာပါဒဖြစ်နေတယ်လို့သာ ရွှမ်းမင်ယူဆနိုင်သည်။ ခေါင်းခါယမ်းကာ ကျန်းရှီနင်ကို မူလအတိုင်း စိုးစဥ်မျှမပြောင်းလဲသောမျက်နှာထားနှင့်
"သွားမယ်"
စကားဆုံးသည်နှင့် တံခါးတစ်ဖက်မှ အကြံပေးလျိုနှင့်အဖော်သည် တံခါးငယ်ကို အဆက်မပျက်ထုရိုက်လာသည်။ ဆက်တိုက်အကြမ်းပတမ်းထုရိုက်နေကြရာ တံခါးမင်းတုံးပင် ပြေလျော့စပြုလာ၏။
ဒုန်း..ဒုန်း..ဒုန်း
တံခါးဖြိုဖျက်ခံနေရသောအသံကြောင့် ကျန်းရှီနင်တစ်ယောက် ကြက်သီးမွှေးညှင်းများထလာပြီး ရွှမ်းမင်နောက်သို့ လျင်မြန်စွာလိုက်တော့သည်။
ဝင်္ကပါဆန်သောစံအိမ်တော်အတွင်းရှိ မရေမတွက်နိုင်သောတံခါးများကို ဖြတ်သွားရင်း တစ်စုချင်းဆီဖြစ်နေသောလူများနှင့်လည်း ဝင်တိုးမိကြသည်။ ထိုသူများအချင်းချင်းစကားပြောနေကြသည်မှာ ပြဇာတ်တစ်ခုမှ သဘင်သည်များအလားပင်။ သို့ပေမဲ့ ရွှမ်းမင်တို့အုပ်စုကိုတွေ့ပြီဆိုတာနှင့် တစ္ဆေဆန်သော အငွေ့အသက်များ ဖုံးလွှမ်းကုန်ကာ ရန်လိုလာကြသည်။ တချို့မှာနှေးတစ်ဖုန် တစ်ချို့မှာမြန်တစ်မျိုးဖြင့် အော်သံနက်ကြီးများပေးကာ လိုက်လာကြ၏။ မနီးလွန်းမဝေးလွန်းသော အကွာအဝေးကနေ တောက်လျှောက်လိုက်လာရာ တွဲချည်ထားသောစွန်များနှယ်။
ကျန်းရှီနင်သည် ထောင့်တွင်ရှိနေသောတံခါးဆီသို့ ပြေးသွားသလို အထိတ်တလန့်နှင့် ဘယ်နှဦးလိုက်လာကြောင်းကိုလည်း ရေတွက်လိုက်၏။ အမည်မသိသောအိမ်စေအချို့၊ အကြံပေးလျိုသုံးယောက်၊ လျိုချုံနှစ်ယောက်၊ တုတ်ကောက်ကိုင်ထားတဲ့အမယ်အိုနှစ်ဦး.....
ထိလွယ်ခိုက်လွယ်သောပုံစံရှိသည့် အိမ်စေမိန်းမပျိုနှစ်ဦးသည် ပြေးလာသောလမ်း၌ အဟန့်အတားဖြစ်နေသော သစ်ပင်အိုကို လက်ဗလာနှင့် တစ်ပိုင်းတစ်ခြားစီဖြစ်အောင် ဆွဲခြမ်းလိုက်ကြ၏။ အပင်အိုသည် ခြောက်သွေ့ကာ အမြစ်သေတော့မည့်အပင်ဖြစ်ပေမဲ့လည်း တစ်ခြမ်းဆီပိုင်းဖို့ရာအတွက် ဓားတမျှထက်သောလက်ရှိမှရမည်။
ကျန်းရှီနင်သည် ဤမြင်ကွင်းကြောင့် ကြောက်ရွံ့ခြင်းလှိုင်းတပိုးများ ရိုက်ခတ်လာသလို ခံစားနေရ၏။ မတိုင်ခင်အချိန်တုန်းက ကျန်းရှီနင်နိုးလာသောအခါ အခန်းလွတ်တစ်ခုထဲ ရောက်နေခဲ့၏။ တံခါးနှစ်ခုသာဖြတ်ပြီးနောက် ရွှဲရှန့်နှင့်အခြားတစ်ယောက်ကို တွေ့ခဲ့ခြင်းဖြစ်သည်။ ဆိုးလိုက်တဲ့ကံတရား!
တောင်စဥ်ရေမရတွေးနေသောကျန်းရှီနင်သည် အိမ်တော်၏တည်ဆောက်ပုံကို အာရုံမထားမိ။ အိမ်တော်၏တံခါးများနှင့်စင်္ကြန်လမ်းများတွင် သိသာထင်ရှားသောအသွင်လက္ခဏာများ ရှိသည်ကို သတိမထားမိဖြစ်နေရာ လေ့လာခဲ့သောစာများသည်လည်း ဟာသသက်သက်သာ။
ကံကောင်းစွာနဲ့ မယိမ်းယိုင်သောရွှမ်းမင်ရှိနေ၏။ ခြေလှမ်းကျဲများနှင့် ခပ်သွက်သွက်လှမ်းနေပေမဲ့ အထိတ်တလန့်ဖြစ်ပုံမရသလို ကြောက်ရွံ့သွားသည့်ပုံလည်းမပေါ်။ တုံ့ဆိုင်းခြင်းမရှိပဲ တံခါးများကိုဖြတ်ကျော်သွားသောပုံအရ အပိုင်တွက်ချက်ထားပြီးသား ဖြစ်လောက်မည်။ ဦးတည်ရာလမ်းကြောင်းရှာရာ၌ မဆိုးလှဟု ကိုယ့်ဟာကိုယ်အမွှန်းတင်ထားသော ကျန်းရှီနင်သည် အကောက်အကွေ့များကြားတွင် လမ်းပျောက်ပြီး မူးဝေလာတော့၏။ သို့သော်ငြားလည်း ရွှမ်းမင်ကတော့ အရာအားလုံးအဆင်ပြေနေဆဲ။
အချိန်အတော်ကြာသည်အထိ တွဲလောင်းလိုက်ပါလာသောရွှဲရှန့်သည် အလောင်းကောင် အသက်ပြန်ဝင်လာသလို ငေါက်ကနဲခေါင်းပြန်မတ်လာ၏။
"ကတုံး..ငါတို့ဘယ်ကိုသွားနေတာလဲ?"
"သေဆုံးခြင်းဂိတ်ဝကနေရှင်သန်ခြင်းဂိတ်ဝကို"
သံသယတွေပြည့်လျက် ရွှဲရှန့်အမေးဆိုလာပြန်သည်။
"ငါကန်းနေတာမဟုတ်ဘူးဆိုရင်ငါတို့ဒီခြံဝင်းကိုဖြတ်နေတာသုံးခေါက်ရှိပြီမဟုတ်ဘူးလား?"
"ဒါကရပ်တန့်ခြင်းဂိတ်ဝ"
"အဲ့တော့?"
"မင်းအနောက်ကိုကြည့်ရင်သိလိမ့်မယ်"
ရွှဲရှန့်လည်း လေးလံသောဦးခေါင်းကို ပျင်းရိစွာလှည့်ရင်း ကြည့်လိုက်သောအခါ အဖြူရောင်အထည်စကိုတွေ့ရ၏။
"လာနောက်နေတာလား? ငါ့အနောက်မှာမင်းပဲရှိတယ်"
ရွှမ်းမင် ; "......"
တဖက်မှ ကျန်းရှီနင်လည်း နောက်ကိုလှည့်ကြည့်လိုက်သည်။ ပြီးလျှင်အရှေ့သို့ဆက်ပြေးနေရင်း တစ်စုံတစ်ရာကို နားလည်သွားပုံနှင့် ပြန်ပြီးရပ်တန့်သွားသည်။
"အနောက်ကလူတွေဘယ်ရောက်သွားတာလဲ? ဘယ်လိုဖြစ်ပြီးပျောက်သွားတာလဲ? အော်သံကိုကျကြားနေရသေးတယ်"
အခုမှသာ ရွှမ်းမင်ဘာကိုဆိုလိုမှန်း ရွှဲရှန့်နားလည်သွားသည်။
"နောက်မှာကျန်ခဲ့အောင်မင်းလုပ်လိုက်တာလား?"
"အင်း"
ဂိတ်ဝရှစ်ပေါက်အကြား မင်္ဂလာဂိတ်ဝမဟုတ်သလို အမင်္ဂလာလည်းမဟုတ်သော ကြားနေဂိတ်ဝနှစ်ပေါက်သည် လုံးဝအသုံးမဝင်တာချည်းပဲတော့မဟုတ်။ ရပ်တန့်ခြင်းဂိတ်ဝသည် ရှာတွေ့ရန်ခဲယဥ်း၍ ပုန်းခိုဖို့ရာအတွက် အကောင်းဆုံးနေရာဖြစ်၏။
တံခါးသုံးပေါက်ဖြတ်ပြီးနောက် လိုက်လာသောစွန်များကို ရွှမ်းမင်ဖြတ်ချနိုင်ခဲ့ပြီ။
ပြီးလျှင် ရှည်လျားသောစင်္ကြန်လမ်းကို ခြေလှမ်းကျဲများနှင့်ဖြတ်ကာ အနောက်တောင်အရပ်ရှိတံခါးကို ဦးတည်သွားတော့သည်။
"ငါတို့မတော်တဆဝင်သွားဖူးတဲ့သေဆုံးခြင်းတံခါးမဟုတ်ဘူးလား?"
အံသြမှုကို ရွှဲရှန့်ထုတ်ဖော်ပြောစဥ်မှာပဲ ရွှမ်းမင်သည် တံခါးကိုဖွင့်ကာ ကျန်းရှီနင်ကို တွန်း၍ထည့်လိုက်၏။
"သေဆုံးခြင်းဂိတ်ဝကသေပြီးသူတွေသွားတဲ့လမ်းကြောင်း..မင်းအတွက်ဆိုရင်တော့အမင်္ဂလာဖြစ်သွားလိမ့်မယ်"
ကျန်းရှီနင်သည် ရုတ်တရက်တွန်းလိုက်မှုကြောင့် ယိုင်ထိုးကာ တံခါးမှဖြတ်ပြီး ခြံဝင်းအတွင်းရောက်သွား၏။ မူလကရှိနေသော လျိုချုံနှင့်အမယ်အိုသည် ရွှမ်းမင်နှင့်ရွှဲရှန့်ကြောင့် အရင်ကတည်းက အပြင်ရောက်သွားပြီဖြစ်၏။ ထိုနေရာ၌ ကျန်းရှီနင်မှလွဲပြီး အခြားဘယ်သူမှရှိမနေတော့။ ကျန်းရှီနင်သည်လည်း ခြံဝင်းထဲခြေချသည်နှင့် မဆိုင်းမတွပင် ပျောက်ကွယ်သွား၏။
"စာကြမ်းပိုးကအစီအရင်ထဲကထွက်သွားပြီလား?"
ရွှမ်းမင်ခေါင်းငြိမ့်ပြကာ တဖန်ဦးတည်ရာပြောင်းပြီး ရှင်သန်ခြင်းဂိတ်ဝရှိရာသို့ လျှောက်လှမ်းသွားတော့သည်။
ဂိတ်တံခါးရှိရာနေရာသည် ရွှဲရှန့်နှင့်ပို၍ပင်ရင်းနှီးနေသေးသည်။
"ဒါလျိုချုံရဲ့အဆောင်အိုမဟုတ်ဘူးလား?"
ကျောက်ခင်းလမ်း၏အဆုံးတွင် အရိပ်မိနေသော အဆောင်ငယ်ရှိ၏။ ရွှဲရှန့်ဘယ်လိုပဲကြည့်ကြည့် မှောင်မိုက်နေသောအဆောင်ငယ်တွင် ရှင်သန်ခြင်းဂိတ်ဝဟု ယူဆနိုင်စရာအချက်လားလားမှမရှိ။
"သေဆုံးခြင်းတံခါးလို့ပြောရင်တောင်ယုံပေးလိုက်ဦးမယ်"
"ဖြစ်ခဲ့ဖူးတယ်..ဒါပေမဲ့လျိုအိမ်တော်ရဲ့အရပ်ရှစ်မျက်နှာကပြောင်းပြန်ဖြစ်သွားပြီမလို့သေဆုံးခြင်းဂိတ်ဝကရှင်သန်ခြင်းဂိတ်ဝဖြစ်သွားပြီ"
"ဘယ်လိုဖြစ်ပြီးတော့လဲ?"
ကြားရသောစကားအပေါ် ရွှဲရှန့်မျက်မှောင်ကျုံ့သွားသည်။ ရုတ်တရက်ကျန်းရှီနင်ပြောခဲ့ဖူးသော "မှဲ့ကနေရာပြောင်းသွားတာလား?ဘယ်ဘက်မှာမဟုတ်ဘူးလား?ဘယ်လိုဖြစ်ပြီးညာဘက်ရောက်သွားတာလဲ" ကအတွေး၌ပြန်ပေါ်လာသည်။
"ကြည့်မှန်လား?"
ရွှမ်းမင်အောက်သို့ခေါင်းငုံ့ရင်း စက္ကူလူသားခေါင်းကို ကြည့်လိုက်သည်။ ဥမှပေါက်သောသတ္တဝါသည် ပြဿနာကောင်ဖြစ်ပေမဲ့လည်း တုံးအမနေ။
"လျိုအိမ်တော်ရဲ့မူလဂိတ်ရှစ်ပေါက်အရသေဆုံးခြင်းဂိတ်ဝကအနောက်တောင်အရပ်ကအခန်းမှာရှိတယ်..အနောက်မြောက်အရပ်မှာရှိတဲ့အဓိကအဆောင်ကစတင်ခြင်းဂိတ်ဝ..အရှေ့မြောက်အရပ်ကရှင်သန်ခြင်းဂိတ်ဝ"
လျိုချုံအခန်းမှထွက်ထွက်ခြင်း အကြံပေးလျိုကို ရွှမ်းမင်မှ အခန်းတွေအကြောင်းမေးခဲ့သည်ကို ရွှဲရှန့်သတိရသွားသည်။ အနောက်မြောက်ဘက်ကအခန်းသည် သူ့အခန်းဖြစ်ပြီး အရှေ့မြောက်ဘက်မှာတော့ အငယ်ဆုံးသားလျိုကျင်းနေထိုင်သည်။
စတင်ခြင်းဂိတ်ဝသည် ဂိတ်ဝကြီးရှစ်ခု၏ ထိပ်ဆုံးတွင်ရှိပြီး ရည်မှန်းချက်များအောင်မြင်ရန် အခြေခိုင်မာအောင် အုတ်မြစ်ချသောနေရာဖြစ်၏။ အကြံပေးလျိုလိုချင်သောအရာမှာလည်း ရာထူးရာခံကောင်းကောင်းနှင့် တိုးတက်အောင်မြင်သော အသက်မွေးဝမ်းကြောင်းဖြစ်၏။ ထို့ကြောင့်လည်း စတင်ခြင်းဂိတ်ဝရှိရာအရပ်တွင် နေထိုင်ခဲ့သည်။
အခုမှသာ အကြံပေးလျို၏ 'ပင်လယ်ထဲသို့မြစ်စီးဆင်းခြင်း' အစီအရင်၏ရည်ရွယ်ချက်ကို နားလည်တော့သည်။
သေဆုံးခြင်းနှင့်ရှင်သန်ခြင်းကိုတောင် ကွဲပြားစွာမသိသော ဥာဏ်ထိုင်းသူလျိုချုံကတော့ သနားစရာကောင်းလှသည်။ သက်တမ်းနှစ်ဆယ်ကြာ နေထိုင်ခဲ့ပြီးနောက် သူကောင်းကောင်းလုပ်တတ်သောအရာသည် လက်ဖဝါးတစ်ဝက်မျှရှိသော စက္ကူချောင်းများ ခေါက်ခြင်းသာဖြစ်၏။ ထိုကျွမ်းကျင်မှုကို အသုံးချပြီး ဘိုးဘေးများကို ပူဇော်ရန်အတွက် စက္ကူချောင်းများကို တောင်လိုပုံအောင်ခေါက်ခဲ့သည်။ မျှမျှတတဖြစ်စေရန် စက္ကူချောင်းများပေါ်တွင် မိသားစုဝင်များ၏ နာမည်ရေးပြီး သီးခြားခွဲပုံထား၏။
ရွှေတောင်ငွေတောင်များနှင့်ကြွယ်ဝချမ်းသာပြီးဘေးကင်းနိုင်ပါစေ။
အကြံပေးလျိုငယ်စဥ်တုန်းက အမယ်အိုသည် စက္ကူချောင်းတွေမီးရှို့ရင်း ထိုစကားကိုမပြောခဲ့ဘူးလား? ပြောခဲ့တယ်ဆိုရင်တောင် အမှတ်ရတော့မည်မထင်။ မဟုတ်လျှင် သားအကြီးဆုံးကို ဖိနပ်ဟောင်းကဲ့သို့ ချောင်ထိုးထားလိမ့်မည်မထင်။
ပင်လယ်ထဲသို့မြစ်စီးဆင်းခြင်းအစီအရင်။
လျိုချုံကတော့ မြစ်ဖြစ်ပြီး လျိုမိသားစုသည် ပင်လယ်ဖြစ်၏။
တကယ်တမ်းမှာ အကြံပေးလျိုသည် ဖုန်းရွှေအစီအရင်ကို ပြီးပြည့်စုံစွာနေရာချထားရမည်ဖြစ်ကြောင်း သဘောမပေါက်ခဲ့ခြင်းဖြစ်၏။ သေးငယ်သောပြောင်းလဲမှုသည် ကောင်းကင်ဘုံနှင့်မြေပြင်ကို ပြောင်းပြန်လှန်စေနိုင်သည်။ ဘေးဒုက္ခများသည် ကောင်းသောကံတရားများဖြစ်ကုန်ပြီး ကောင်းသောကံတရားများသည် ဘေးဒုက္ခများဖြစ်ကုန်ကြ၏။ အမယ်အိုနှင့်လျိုချုံတို့နှစ်ဦးသား သစ်ပင်အောက်တွင် မြုပ်ခဲ့သောကြည့်မှန်နှင့် 'အဆိုးတွေသည်အကောင်းအဖြစ်ပြောင်းသွားပါစေ' ဟုဆိုခဲ့ခြင်းသည် သတိမထားမိပဲ အစီအရင်ကိုပြောင်းလဲစေခဲ့သည်။
ထို့ကြောင့်လည်း ဂိတ်ဝများပြောင်းလဲသွားကာ သေဆုံးခြင်းဂိတ်ဝသည် ရှင်သန်ခြင်းဂိတ်ဝဖြစ်လာခဲ့၏။
ပျက်ဆီးယိုယွင်းနေသော အဆောင်ငယ်ရှိရာသို့ ချဥ်းကပ်လိုက်တယ်ဆိုရင်ပဲ အဓိကခန်းမဆောင်ဘက်ကို သွား၍ရသောတံခါးငယ်သည် ကျိကနဲမြည်ကာပွင့်သွား၏။
မြန်ဆန်လှသောအဖြစ်အပျက်များကြောင့် ရွှဲရှန့်သည် မလှုပ်နိုင်လောက်အောင် ထုံထိုင်းလေးလံနေ၏။ 'နောက်လျိုချုံတစ်ယောက်လာပြန်ပြီလား?'
လည်ပင်းကိုဆန့်ပြီး ရွှမ်းမင်ခါးကိုကျော်၍ ကြည့်လိုက်သည်။
အမှန်တကယ်ပင်လျိုချုံဖြစ်နေ၏။
"ဘယ်တော့မှဆုံးမှာမဟုတ်ဘူး!"
ရွှဲရှန့်ဒေါသများပေါက်ကွဲထွက်လာသည်။ အိတ်ကပ်အတွင်းမှ ထွက်ရန်ပြင်ပြီး ကိုယ်တစ်ဝက်မှာ ပြန်ရပ်သွားသည်။ ကတုံးခါးထက်တွင်ရှိသော ကြေးနီဒင်္ဂါးပြားများ တွဲချည်ထားသည့်ကြိုးကို တစ်ချက်ကြည့်ပြီး ရွှဲရှန့်တွေးမိသည်။ 'အချိန်ကောင်းပဲ!'
ရွှဲဟုမည်သောစက္ကူလူသားသည် လျှာထုတ်ကာ လက်ဆန့်တန်းလျက် ငါးမြှားချိတ်သဖွယ် ကတုံး၏ကြေးနီဒင်္ဂါးများကို ဆွဲယူကာ လက်ထဲထည့်ပေးလိုက်သည်။
"ဘာကိုစောင့်နေတာလဲ?"
ရွှမ်းမင်သည် လက်ညိုးတစ်ချောင်းနဲ့ ရွှဲရှန့်ကိုပြန်ဖိချလိုက်၏။
"အလျင်မလိုနဲ့..မှဲ့ကဘယ်ဘက်မှာရှိနေတယ်"
ရွှဲရှန့် ; "......"
ရွှဲရှန့်လည်း အသက်ရူကျပ်မတတ် ဒေါသတွေထွက်လာပြီး အိတ်ကပ်အဝတွင် ပြန်၍ခေါင်းငိုက်စိုက်ကျနေတော့၏။
••••••••
Zawgyi
က်န္းရွီနင္သည္ သူဆိုလိုက္ေသာစကားႏွင့္ျဖစ္ရပ္ကို စဥ္းစားခ်င့္ခ်ိန္ၾကၫ့္ၿပီးေနာက္ မတတ္သာပဲ တစ္ကိုယ္လံုးတုန္ယင္လာေတာ့သည္။ ထိုအျခင္းအရာကို ေခါင္းျပန္ေမာ့လာေသာ ရႊဲရွန႔္ေတြ့သြား၏။
ရႊဲရွန႔္လည္း ဤစာၾကမ္းပိုးကို အေတာ္ပင္ အံ့ၾသနပန္းျဖစ္သြားသည္။ သူကိုယ္တိုင္ကလည္း သရဲျဖစ္ေနရက္နဲ႔ အရွက္မရိွ သရဲေၾကာက္ေနျပန္တယ္။ က်န္းရွီနင္၏တီးတိုးေျပာသံသည္ တိုးၫွင္းသလို ျမန္ဆန္၏။ ၾကားရသည္ႏွင့္ ရႊမ္းမင္မ်က္ေမွာင္က်ဳံ႔သြားကာ ၿပီးေနာက္ တဖန္ျပန္ေျပေလ်ာ့သြားသည္။ ၿငီးေငြ့စရာေကာင္းေသာေလသံႏွင့္
"သိၿပီ"
"သိၿပီ?ဘာကိုသိတာလဲ?"
ရႊဲရွန႔္သည္ ပင္ကိုယ္အားျဖင့္ စိတ္ျမန္လက္ျမန္လုပ္တတ္သူျဖစ္သလို ေဒါသအထြက္လြယ္ေသာသူလည္းျဖစ္၏။ ႏူးညံ့ေနွးေကြးေသာက်န္းရွီနင္ႏွင့္ ေကာင္းကင္ၿပိဳက်လ်ွင္ေတာင္ ထြက္ေျပးမယ္မဟုတ္ေသာ မထံုတတ္ေထးရႊမ္းမင္ေၾကာင့္ ရႊဲရွန႔္အသက္တိုသြားသလိုေတာင္ ခံစားေနရသည္။ ရႊမ္းမင္တံု႔ျပန္မႈကို ေစာင့္ေနဖို႔ရာ စိတ္မရွည္ေတာ့တာေၾကာင့္ အိတ္ကပ္မွေလ်ွာခ်ကာ တြန႔္လိမ္သြားရင္း လ်ိဳခ်ဳံေဘာင္းဘီရွည္ကို အသံမထြက္ေစပဲ ဆုပ္ကိုင္လိုက္သည္။ မ်က္စိတစ္မိွတ္အတြင္း ခဲျပာေရာင္ဝတ္ရံုေအာက္သို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။
ရႊမ္းမင္တည္ၿငိမ္စြာဆိုလိုက္ေသာ ေကာက္ခ်က္ခ်စကားသည္ အသိစိတ္၌ ေနာက္ေကာက္က်က်န္ခဲ့ေသာ အရူးလ်ိဳခ်ဳံကို ဆြေပးလိုက္သလိုပင္။ က်န္းရွီနင္ေခါင္းေမာ့လိုက္တဲ့အခ်ိန္မွာပဲ လ်ိဳခ်ဳံႏွင့္ အၾကၫ့္ခ်င္းဆံုသြားသည္။
မ်က္ဆံမ်ားသည္ အာရံုစူးစိုက္မႈရိွမေနပဲ ေတာင္ေရာက္ေျမာက္ေရာက္ျဖစ္ကာ အသက္မဲ့ေနေသာအသြင္သည္ လြန္စြာေၾကာက္မက္ဖြယ္ေကာင္းလွ၏။
က်န္းရွီနင္လည္း အထိတ္တလန႔္ႏွင့္ ေနာက္ျပန္ဆုတ္မိသည္။ သရဲႏွင့္ပက္ပင္းတိုးျခင္းသည္ ေခြးရိုင္းတစ္ေကာင္နဲ႔ ထိပ္တိုက္ေတြ့ျခင္းႏွင့္ တူတာကိုသူသိမေနခဲ့။ ကိုယ္သာမတုန္မလႈပ္ရပ္ေနလ်ွင္ သူတို႔လည္း တံု႔ဆိုင္းသြားႏိုင္သည္။ ကိုယ့္ဘက္က လႈပ္ရွားမႈတစ္ခု လုပ္လိုက္ၿပီဆိုသည္ႏွင့္ မတံု႔မဆိုင္းပဲ ကိုယ့္ေနာက္လိုက္လာလိမ့္မည္။ လ်ိဳခ်ဳံထံမွ လည္ေခ်ာင္းေနာက္ဘက္ကလာေသာ ေအာ္သံနက္ႀကီးထြက္လာၿပီး ရႊမ္းမင္ကိုသတိမထားမိေတာ့ပဲ လႈပ္ရွားလိုက္ေသာက်န္းရွီနင္ရိွရာသို႔ ၪီးတည္လာေတာ့သည္။
အရင္ကတည္းက ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနေသာ စာၾကမ္းပိုး၏မ်က္ႏွာသည္ စိမ္းေရာင္ပင္သန္းသြား၏။ ထြက္လုဆဲဆဲျဖစ္ေသာ ေၾကာက္လန႔္တၾကားေအာ္သံကို အတင္းအက်ပ္ပင္ ျပန္ၿမိဳခ်လိုက္ရသည္။ ဒီလိုအခ်ိန္မ်ိဳးေရာက္ေနတာေတာင္ ဖတ္ခဲ့ဖူးေသာ လူႀကီးလူေကာင္းပံုရိပ္သြင္ကို ေဘးခ်မထားခဲ့ႏိုင္။ ထြက္ေျပးခ်င္ေပမဲ့ အရွက္ရသြားမွာလည္း စိုးရိမ္မိ၏။ ေျခတစ္ဖက္သည္ ရပ္ဆဲျဖစ္ေပမဲ့ အျခားတစ္ဖက္က ခုန္လႊားလိုက္တာေၾကာင့္ ကိုယ္ဟန္မထိန္းႏိုင္ပဲ ယိုင္ဖယ္သြားသည္။
ဗုတ္!
ထင္ထားသလိုပင္ အဆီအေငၚမတၫ့္ေသာက်န္းရွီနင္သည္ ေျမေပၚသို႔လဲက်သြားၿပီး သုတ္တီးသုတ္ျပာႏွင့္ လက္ႏွစ္ဖက္ေထာက္လိုက္၏။
အစီအရင္အတြင္း လုပ္ဇာတ္ခင္းထားေသာ လ်ိဳခ်ဳံအတုသည္ အစစ္ထံ မွရူးႏွမ္းမႈမ်ားကို ရရိွထားသည္ျဖစ္ရာ လႈပ္ရွားမႈတိုင္းသည္ ေနွးေကြးၿပီး ကိုးရိုးကားရားႏိုင္လွ၏။ သူ႔အားရပ္တန႔္ေစရန္ ဘယ္သူကမွ အစရွာ၍မရႏိုင္ေလာက္ဘူး ဆိုေသာအမူအရာကိုလည္း ေပးေနသည္။ ေျပးေသာအခါ ဆင္တစ္ေကာင္လို ယိုင္တိယိုင္တိုင္ျဖစ္ေန၏။
သူ႔ဆီၪီးတည္ေျပးလာေသာလ်ိဳခ်ဳံကိုၾကၫ့္ၿပီး အသက္ျပင္းျပင္းရူသြင္းကာ က်န္းရွီနင္မ်က္စိမိွတ္ထားလိုက္သည္။
လ်ွပ္တျပတ္မွာ 'ဗုတ္'ဆိုေသာအသံထြက္လာၿပီး က်န္းရွီနင္၏မ်က္ႏွာထက္ ေလျပင္းျဖတ္တိုက္သြားသည္။ အေရ႔ွဘက္ရိွ ေက်ာက္သားၾကမ္းျပင္မွာ တစ္ခဏစာေလာက္ ျပင္းထန္စြာတုန္ခါသြား၏။ က်န္းရွီနင္မွန္းဆခဲ့ေသာ လည္ပင္းထက္ေရာက္ရိွလာမၫ့္ ေရခဲတမ်ွေအးေသာလက္ေခ်ာင္းမ်ား ေရာက္မလာခဲ့။ က်န္းရွီနင္သတိထား၍ မ်က္လံုးဖြင့္ၾကၫ့္လိုက္သည္။ လ်ိဳခ်ဳံသည္ သူ႔ေဘးနားတြင္လဲက်ေန၏။ အေၾကာင္းတစ္ခုခုေၾကာင့္ ဤကဲ့သို႔လဲက်လာျခင္းျဖစ္မည္။
အရူးသည္ ေခ်ာ္လဲမည္ဟု မေမ်ွာ္လင့္ထားတာေၾကာင့္ လက္ေထာက္ကာထိန္းဖို႔ေတာင္ အခ်ိန္မမွီလိုက္ပဲ မ်က္ႏွာႏွင့္သာျပဳတ္က်သြား၏။
က်န္းရွီနင္လည္း ခဏမ်ွေတာ့အံ့ၾသသင့္သြားၿပီး ကုတ္ကပ္ထကာ ဝတ္ရံုေပၚရိွ ဖုန္မ်ားကိုခါရင္း ေျမၾကီးကိုၾကၫ့္လ်က္ မယံုၾကည္ႏိုင္ျဖစ္ေနသည္။
ထိုအခ်ိန္အေတာ္အတြင္းမွာပဲ ရႊဲရွန႔္သည္ အဝတ္စရွည္ကိုကိုင္လ်က္ ခဲျပာေရာင္ဝတ္ရံုအတြင္းမွ ထြက္လာ၏။ အဝတ္စသည္ ဘာနဲ႔တူသလဲဆိုလ်ွင္..
ခါးစည္းႀကိဳး?
ခုန္တဲ့အခ်ိန္မွာ ေအာက္သို႔ပံုက်လာေသာ ေဘာင္းဘီႏွင့္ညိၿပီး လ်ိဳခ်ဳံလဲက်သြားတာျဖစ္ေၾကာင္း က်န္းရွီနင္သေဘာေပါက္သြားသည္။ အစကတည္းက မေသသပ္ေသာ သာေခြယိုင္ေျခေထာက္မ်ားပိုင္ရွင္ လ်ိဳခ်ဳံသည္ ေဘာင္းဘီႏွင့္ေခါက္ၿပီး ဆိုးရြားစြာပင္လဲက်သြား၏။ နဖူးႏွင့္ေျမၾကီးရိုက္မိသည္ျဖစ္၍ ျပန္မထႏိုင္ပဲ ေခါင္းတစ္ခါခါႏွင့္ အရိွန္ယူေနသည္။
ခါးစည္းႀကိဳးႏွင့္ လိွမ့္ထြက္လာေသာ ရႊဲရွန႔္သည္ က်န္းရွီနင္မ်က္ႏွာတၫ့္တၫ့္ကို ကၽြမ္းက်င္စြာျဖင့္ ခါးစည္းႀကိဳးကို ပစ္ေပးလိုက္၏။
"အခ်ိန္ျဖဳန္းမေနနဲ႔!အဲ့ဒီအရူးလက္နဲ႔ေျခေထာက္ကိုပူးခ်ည္ထားလိုက္"
ၿပီးလ်ွင္ ရႊမ္းမင္ဘက္သို႔လွၫ့္လာၿပီး အထင္အျမင္ေသးေသာအမူအရာႏွင့္
"ငါ့ကိုအျမန္ျပန္ခ်ီေလ..ခါးစည္းႀကိဳးယူရတာငါ့လက္ေတြေတာင္ျပဳတ္ထြက္ေတာ့မလို႔"
ျပန္ခ်ီရမယ္?
က်င္းရွီနင္ဘာေျပာရမွန္းေတာင္မသိ။ ေအာက္ပိုင္းေသေနေသာသူသည္ ဘာလို႔အဲ့ေလာက္ေတာင္ အလုပ္မ်ားႏိုင္ရတာလဲ? ေနရာအႏွံ႔ကိုကၽြမ္းပစ္ေနေတာ့တာပဲ။
ျပန္ေတြးၾကၫ့္ေတာ့လည္း အျခားသူမ်ားကို ျပႆနာျဖစ္ေစေသာ အဟန္႔အတားသည္ သူကိုယ္တိုင္ျဖစ္ေန၍ က်င္းရွီနင္လည္း အျပစ္ရိွသလိုခံစားလိုက္ရၿပီး ရွက္မိသြား၏။
တစ္စံုတစ္ေယာက္၏ ခါးစည္းႀကိဳးကို ဆဲြထုတ္ျခင္းသည္ လူႀကီးလူေကာင္းမပီသေၾကာင္းကို အေလးမထားႏိုင္ေတာ့ပဲ ရႊဲရွန႔္စကားအတိုင္း လ်ိဳခ်ဳံ၏ဘယ္လက္ႏွင့္ညာေျခကို ပူးခ်ည္လိုက္သည္။ ခ်ည္ရင္း ေတာင္းပန္ပါတယ္ဆိုတာကို ခပ္တိုးတိုးေရရြတ္ေန၏။
အလြန္အကၽြံခ်ိဳၿမိန္ေနေသာ စာၾကမ္းပိုး၏အျပဳအမူေၾကာင့္ ရႊဲရွန႔္ႏွာမႈတ္လိုက္သည္။
ငတံုးႏွစ္ေကာင္အႏၲရာယ္မွလြတ္ေျမာက္ရန္ သူ႔ခမ်ာ သံုးစားမရေသာေျခေထာက္ႏွစ္ေခ်ာင္းကို တရြတ္တိုက္ဆဲြၿပီး မာနေတြခဝါခ်၍ တစ္ပါးသူခါးစည္းႀကိဳးကို ဆဲြျဖဳတ္ခဲ့ရသည္။ကတံုးဆိုလ်ွင္ အေတာမသတ္ႏိုင္ေသာ ေက်းဇူးတရားေတြကို ျပသရန္ ဒူးခ်က္ခ်င္းေထာက္ၿပီး လက္ႏွစ္ဖက္ျဖင့္ ရႊဲရွန႔္ကို အသာအယာမယူ၍ အရင္ေနရာကို ျပန္လည္ေခၚေဆာင္သြားေပးသင့္သည္။ သို႔ေပမဲ့ ကတံုးသည္ ေက်းဇူးတင္ေသာပံုေတာင္မျပ - တကယ့္ကိုလူ႔ကလိမ္
ရႊဲရွန႔္သည္ ရႊမ္းမင္စိတ္မလံုမလဲျဖစ္ေစရန္ စိန္းစိန္းဝါးဝါးၾကၫ့္လိုက္၏။ သို႔ေပမဲ့ အဲ့ဒီအခ်ိန္မွာ ရႊမ္းမင္ဘယ္ဘက္လက္၌ ခါးထက္တြင္ရိွခဲ့ေသာ ေၾကးနီဒဂၤါးျပားမ်ား တဲြခ်ည္ထားေသာႀကိဳးက ရိွေနသည္ကို ေတြ့လိုက္ရ၏။ ထိုအရာမ်ားႏွင့္ တစ္ခုခုလုပ္ရန္ ႀကံရြယ္ေနခဲ့သည္မွာေသခ်ာ၏။
ဒီကတံုးကေနာက္ဆံုးေတာ့စြမ္းေဆာင္ခ်က္ေတျြပေတာ့မွာလား?
ခါးစည္းႀကိဳးခိုးယူေသာနည္းလမ္းသည္ သရဲတစ္ေကာင္ႏွင့္ ရင္ဆိုင္ေတြ့ရာတြင္ အသံုးျပဳေသာနည္းလမ္းဟု ရႊမ္းမင္အေတြးမဝင္ခဲ့သည္မွာ အမွန္ပင္။ အေျခအေနေတြ ဒီလိုျဖစ္လာမည္ဟူ၍လည္း မတြက္ထားမိခဲ့။ အခ်ိန္အေတာ္ၾကာသည္အထိ ထိုေနရာတြင္ရပ္ၿပီး ၾကက္ေသေသေနသည္။
ရႊဲရွန႔္သည္ ေၾကးနီဒဂၤါးျပားမ်ားတဲြခ်ည္ထားေသာႀကိဳးကို ရႊမ္းမင္ျပန္လႊတ္လိုက္သည္ကို ျမင္ေတြ့လိုက္ရ၏။
သူ႔အား ေျမၾကီးထက္မွ ရႊမ္းမင္ေကာက္ယူခ်ိန္တြင္ ရႊဲရွန႔္အနည္းငယ္ေတာ့ ေနာင္တရမိသည္။ သူသာႀကိဳသိခဲ့လ်ွင္ အရူး၏ခါးစည္းႀကိဳးကို အလ်င္စလိုသြားျဖဳတ္မည္မဟုတ္။ မဟုတ္လ်ွင္ ကတံုးဘာေတြစြမ္းေဆာင္ႏိုင္သည္ကို သူျမင္ေတြ့ခြင့္ရသြားမွာ!
ႀကီးက်ယ္ျမင့္မားေသာ အခြင့္အေရးကို လက္လႊတ္လိုက္ရတဲ့အတြက္ ရႊဲရွန႔္လည္း ခ်က္ခ်င္းပင္ စိတ္ဓာတ္က်သြားသည္။ စကၠူခႏၶာကိုယ္သည္ ေပ်ာ့ဖတ္လာၿပီး ေခါင္းသည္လည္း ငိုက္စိုက္က်သြား၏။ ၿပီးလ်ွင္ ရႊမ္းမင္အိတ္ကပ္အဝ၌ တဲြလဲခိုေနေတာ့သည္။
ေနာက္ထပ္ဘာေတြမ်ားထပ္ႀကံရြယ္ေနျပန္ၿပီလဲေတြးရင္း မ်က္လံုးအိမ္မ်ားက်ဥ္းလာၿပီး ရႊမ္းမင္ၾကၫ့္လိုက္သည္။ လက္ညိုးကိုသံုး၍ အိတ္ကပ္အဝ၌ ငိုက္စိုက္က်ေနေသာစကၠူေခါင္းကို မလိုက္၏။ လက္ညိုးႏွင့္ပင့္ထားေသာအခ်ိန္မွာေတာင္ သာေခြယိုင္ျဖစ္ေနေသာၪီးေခါင္းသည္ လက္ညိုးျပန္ရုတ္သည္ႏွင့္ ျပန္ငိုက္က်သြား၏။
ရႊမ္းမင္ ; "...."
ဒီလိုပံုစံမ်ိဳးႏွင့္ စကၠူလူသားကို သြက္ခ်ာပါဒျဖစ္ေနတယ္လို႔သာ ရႊမ္းမင္ယူဆႏိုင္သည္။ ေခါင္းခါယမ္းကာ က်န္းရွီနင္ကို မူလအတိုင္း စိုးစဥ္မ်ွမေျပာင္းလဲေသာမ်က္ႏွာထားႏွင့္
"သြားမယ္"
စကားဆံုးသည္ႏွင့္ တံခါးတစ္ဖက္မွ အႀကံေပးလ်ိဳႏွင့္အေဖာ္သည္ တံခါးငယ္ကို အဆက္မပ်က္ထုရိုက္လာသည္။ ဆက္တိုက္အၾကမ္းပတမ္းထုရိုက္ေနၾကရာ တံခါးမင္းတံုးပင္ ေျပေလ်ာ့စျပဳလာ၏။
ဒုန္း..ဒုန္း..ဒုန္း
တံခါးၿဖိဳဖ်က္ခံေနရေသာအသံေၾကာင့္ က်န္းရွီနင္တစ္ေယာက္ ၾကက္သီးေမႊးၫွင္းမ်ားထလာၿပီး ရႊမ္းမင္ေနာက္သို႔ လ်င္ျမန္စြာလိုက္ေတာ့သည္။
ဝကၤပါဆန္ေသာစံအိမ္ေတာ္အတြင္းရိွ မေရမတြက္ႏိုင္ေသာတံခါးမ်ားကို ျဖတ္သြားရင္း တစ္စုခ်င္းဆီျဖစ္ေနေသာလူမ်ားႏွင့္လည္း ဝင္တိုးမိၾကသည္။ ထိုသူမ်ားအခ်င္းခ်င္းစကားေျပာေနၾကသည္မွာ ျပဇာတ္တစ္ခုမွ သဘင္သည္မ်ားအလားပင္။ သို႔ေပမဲ့ ရႊမ္းမင္တို႔အုပ္စုကိုေတြ့ၿပီဆိုတာႏွင့္ တစၧေဆန္ေသာ အေငြ့အသက္မ်ား ဖံုးလႊမ္းကုန္ကာ ရန္လိုလာၾကသည္။ တခ်ိဳ႕မွာေနွးတစ္ဖုန္ တစ္ခ်ိဳ႕မွာျမန္တစ္မ်ိဳးျဖင့္ ေအာ္သံနက္ႀကီးမ်ားေပးကာ လိုက္လာၾက၏။ မနီးလြန္းမေဝးလြန္းေသာ အကြာအေဝးကေန ေတာက္ေလ်ွာက္လိုက္လာရာ တဲြခ်ည္ထားေသာစြန္မ်ားႏွယ္။
က်န္းရွီနင္သည္ ေထာင့္တြင္ရိွေနေသာတံခါးဆီသို႔ ေျပးသြားသလို အထိတ္တလန႔္ႏွင့္ ဘယ္ႏွၪီးလိုက္လာေၾကာင္းကိုလည္း ေရတြက္လိုက္၏။ အမည္မသိေသာအိမ္ေစအခ်ိဳ႕၊ အႀကံေပးလ်ိဳသံုးေယာက္၊ လ်ိဳခ်ဳံႏွစ္ေယာက္၊ တုတ္ေကာက္ကိုင္ထားတဲ့အမယ္အိုႏွစ္ၪီး.....
ထိလြယ္ခိုက္လြယ္ေသာပံုစံရိွသၫ့္ အိမ္ေစမိန္းမပ်ိဳႏွစ္ၪီးသည္ ေျပးလာေသာလမ္း၌ အဟန႔္အတားျဖစ္ေနေသာ သစ္ပင္အိုကို လက္ဗလာႏွင့္ တစ္ပိုင္းတစ္ျခားစီျဖစ္ေအာင္ ဆဲြျခမ္းလိုက္ၾက၏။ အပင္အိုသည္ ေျခာက္ေသြ့ကာ အျမစ္ေသေတာ့မၫ့္အပင္ျဖစ္ေပမဲ့လည္း တစ္ျခမ္းဆီပိုင္းဖို႔ရာအတြက္ ဓားတမ်ွထက္ေသာလက္ရိွမွရမည္။
က်န္းရွီနင္သည္ ဤျမင္ကြင္းေၾကာင့္ ေၾကာက္ရြံ႔ျခင္းလိႈင္းတပိုးမ်ား ရိုက္ခတ္လာသလို ခံစားေနရ၏။ မတိုင္ခင္အခ်ိန္တုန္းက က်န္းရွီနင္ႏိုးလာေသာအခါ အခန္းလြတ္တစ္ခုထဲ ေရာက္ေနခဲ့၏။ တံခါးႏွစ္ခုသာျဖတ္ၿပီးေနာက္ ရႊဲရွန႔္ႏွင့္အျခားတစ္ေယာက္ကို ေတြ့ခဲ့ျခင္းျဖစ္သည္။ ဆိုးလိုက္တဲ့ကံတရား!
ေတာင္စဥ္ေရမရေတြးေနေသာက်န္းရွီနင္သည္ အိမ္ေတာ္၏တည္ေဆာက္ပံုကို အာရံုမထားမိ။ အိမ္ေတာ္၏တံခါးမ်ားႏွင့္စႀကၤန္လမ္းမ်ားတြင္ သိသာထင္ရွားေသာအသြင္လကၡဏာမ်ား ရိွသည္ကို သတိမထားမိျဖစ္ေနရာ ေလ့လာခဲ့ေသာစာမ်ားသည္လည္း ဟာသသက္သက္သာ။
ကံေကာင္းစြာနဲ႔ မယိမ္းယိုင္ေသာရႊမ္းမင္ရိွေန၏။ ေျခလွမ္းက်ဲမ်ားႏွင့္ ခပ္သြက္သြက္လွမ္းေနေပမဲ့ အထိတ္တလန႔္ျဖစ္ပံုမရသလို ေၾကာက္ရြံ႔သြားသၫ့္ပံုလည္းမေပၚ။ တံု႔ဆိုင္းျခင္းမရိွပဲ တံခါးမ်ားကိုျဖတ္ေက်ာ္သြားေသာပံုအရ အပိုင္တြက္ခ်က္ထားၿပီးသား ျဖစ္ေလာက္မည္။ ဦးတည္ရာလမ္းေၾကာင္းရွာရာ၌ မဆိုးလွဟု ကိုယ့္ဟာကိုယ္အမႊန္းတင္ထားေသာ က်န္းရွီနင္သည္ အေကာက္အေကြ့မ်ားၾကားတြင္ လမ္းေပ်ာက္ၿပီး မူးေဝလာေတာ့၏။ သို႔ေသာ္ျငားလည္း ရႊမ္းမင္ကေတာ့ အရာအားလံုးအဆင္ေျပေနဆဲ။
အခ်ိန္အေတာ္ၾကာသည္အထိ တဲြေလာင္းလိုက္ပါလာေသာရႊဲရွန႔္သည္ အေလာင္းေကာင္ အသက္ျပန္ဝင္လာသလို ေငါက္ကနဲေခါင္းျပန္မတ္လာ၏။
"ကတံုး..ငါတို႔ဘယ္ကိုသြားေနတာလဲ?"
"ေသဆံုးျခင္းဂိတ္ဝကေနရွင္သန္ျခင္းဂိတ္ဝကို"
သံသယေတျြပၫ့္လ်က္ ရႊဲရွန႔္အေမးဆိုလာျပန္သည္။
"ငါကန္းေနတာမဟုတ္ဘူးဆိုရင္ငါတို႔ဒီၿခံဝင္းကိုျဖတ္ေနတာသံုးေခါက္ရိွၿပီမဟုတ္ဘူးလား?"
"ဒါကရပ္တန႔္ျခင္းဂိတ္ဝ"
"အဲ့ေတာ့?"
"မင္းအေနာက္ကိုၾကၫ့္ရင္သိလိမ့္မယ္"
ရႊဲရွန႔္လည္း ေလးလံေသာၪီးေခါင္းကို ပ်င္းရိစြာလွၫ့္ရင္း ၾကၫ့္လိုက္ေသာအခါ အျဖဴေရာင္အထည္စကိုေတြ့ရ၏။
"လာေနာက္ေနတာလား? ငါ့အေနာက္မွာမင္းပဲရိွတယ္"
ရႊမ္းမင္ ; "......"
တဖက္မွ က်န္းရွီနင္လည္း ေနာက္ကိုလွၫ့္ၾကၫ့္လိုက္သည္။ ၿပီးလ်ွင္အေရ႔ွသို႔ဆက္ေျပးေနရင္း တစ္စံုတစ္ရာကို နားလည္သြားပံုႏွင့္ ျပန္ၿပီးရပ္တန႔္သြားသည္။
"အေနာက္ကလူေတြဘယ္ေရာက္သြားတာလဲ? ဘယ္လိုျဖစ္ၿပီးေပ်ာက္သြားတာလဲ? ေအာ္သံကိုက်ၾကားေနရေသးတယ္"
အခုမွသာ ရႊမ္းမင္ဘာကိုဆိုလိုမွန္း ရႊဲရွန႔္နားလည္သြားသည္။
"ေနာက္မွာက်န္ခဲ့ေအာင္မင္းလုပ္လိုက္တာလား?"
"အင္း"
ဂိတ္ဝရွစ္ေပါက္အၾကား မဂၤလာဂိတ္ဝမဟုတ္သလို အမဂၤလာလည္းမဟုတ္ေသာ ၾကားေနဂိတ္ဝႏွစ္ေပါက္သည္ လံုးဝအသံုးမဝင္တာခ်ည္းပဲေတာ့မဟုတ္။ ရပ္တန႔္ျခင္းဂိတ္ဝသည္ ရွာေတြ့ရန္ခဲယဥ္း၍ ပုန္းခိုဖို႔ရာအတြက္ အေကာင္းဆံုးေနရာျဖစ္၏။
တံခါးသံုးေပါက္ျဖတ္ၿပီးေနာက္ လိုက္လာေသာစြန္မ်ားကို ရႊမ္းမင္ျဖတ္ခ်ႏိုင္ခဲ့ၿပီ။
ၿပီးလ်ွင္ ရွည္လ်ားေသာစႀကၤန္လမ္းကို ေျခလွမ္းက်ဲမ်ားႏွင့္ျဖတ္ကာ အေနာက္ေတာင္အရပ္ရိွတံခါးကို ၪီးတည္သြားေတာ့သည္။
"ငါတို႔မေတာ္တဆဝင္သြားဖူးတဲ့ေသဆံုးျခင္းတံခါးမဟုတ္ဘူးလား?"
အံၾသမႈကို ရႊဲရွန႔္ထုတ္ေဖာ္ေျပာစဥ္မွာပဲ ရႊမ္းမင္သည္ တံခါးကိုဖြင့္ကာ က်န္းရွီနင္ကို တြန္း၍ထၫ့္လိုက္၏။
"ေသဆံုးျခင္းဂိတ္ဝကေသၿပီးသူေတြသြားတဲ့လမ္းေၾကာင္း..မင္းအတြက္ဆိုရင္ေတာ့အမဂၤလာျဖစ္သြားလိမ့္မယ္"
က်န္းရွီနင္သည္ ရုတ္တရက္တြန္းလိုက္မႈေၾကာင့္ ယိုင္ထိုးကာ တံခါးမျွဖတ္ၿပီး ၿခံဝင္းအတြင္းေရာက္သြား၏။ မူလကရိွေနေသာ လ်ိဳခ်ဳံႏွင့္အမယ္အိုသည္ ရႊမ္းမင္ႏွင့္ရႊဲရွန႔္ေၾကာင့္ အရင္ကတည္းက အျပင္ေရာက္သြားၿပီျဖစ္၏။ ထိုေနရာ၌ က်န္းရွီနင္မွလဲြၿပီး အျခားဘယ္သူမွရိွမေနေတာ့။ က်န္းရွီနင္သည္လည္း ၿခံဝင္းထဲေျခခ်သည္ႏွင့္ မဆိုင္းမတြပင္ ေပ်ာက္ကြယ္သြား၏။
"စာၾကမ္းပိုးကအစီအရင္ထဲကထြက္သြားၿပီလား?"
ရႊမ္းမင္ေခါင္းၿငိမ့္ျပကာ တဖန္ၪီးတည္ရာေျပာင္းၿပီး ရွင္သန္ျခင္းဂိတ္ဝရိွရာသို႔ ေလ်ွာက္လွမ္းသြားေတာ့သည္။
ဂိတ္တံခါးရိွရာေနရာသည္ ရႊဲရွန႔္ႏွင့္ပို၍ပင္ရင္းႏွီးေနေသးသည္။
"ဒါလ်ိဳခ်ဳံရဲ့အေဆာင္အိုမဟုတ္ဘူးလား?"
ေက်ာက္ခင္းလမ္း၏အဆံုးတြင္ အရိပ္မိေနေသာ အေဆာင္ငယ္ရိွ၏။ ရႊဲရွန႔္ဘယ္လိုပဲၾကၫ့္ၾကၫ့္ ေမွာင္မိုက္ေနေသာအေဆာင္ငယ္တြင္ ရွင္သန္ျခင္းဂိတ္ဝဟု ယူဆႏိုင္စရာအခ်က္လားလားမွမရိွ။
"ေသဆံုးျခင္းတံခါးလို႔ေျပာရင္ေတာင္ယံုေပးလိုက္ၪီးမယ္"
"ျဖစ္ခဲ့ဖူးတယ္..ဒါေပမဲ့လ်ိဳအိမ္ေတာ္ရဲ့အရပ္ရွစ္မ်က္ႏွာကေျပာင္းျပန္ျဖစ္သြားၿပီမလို႔ေသဆံုးျခင္းဂိတ္ဝကရွင္သန္ျခင္းဂိတ္ဝျဖစ္သြားၿပီ"
"ဘယ္လိုျဖစ္ၿပီးေတာ့လဲ?"
ၾကားရေသာစကားအေပၚ ရႊဲရွန႔္မ်က္ေမွာင္က်ဳံ႔သြားသည္။ ရုတ္တရက္က်န္းရွီနင္ေျပာခဲ့ဖူးေသာ "မွဲ႔ကေနရာေျပာင္းသြားတာလား?ဘယ္ဘက္မွာမဟုတ္ဘူးလား?ဘယ္လိုျဖစ္ၿပီးညာဘက္ေရာက္သြားတာလဲ" ကအေတြး၌ျပန္ေပၚလာသည္။
"ၾကၫ့္မွန္လား?"
ရႊမ္းမင္ေအာက္သို႔ေခါင္းငံု႔ရင္း စကၠူလူသားေခါင္းကို ၾကၫ့္လိုက္သည္။ ဥမွေပါက္ေသာသတၲဝါသည္ ျပႆနာေကာင္ျဖစ္ေပမဲ့လည္း တံုးအမေန။
"လ်ိဳအိမ္ေတာ္ရဲ့မူလဂိတ္ရွစ္ေပါက္အရေသဆံုးျခင္းဂိတ္ဝကအေနာက္ေတာင္အရပ္ကအခန္းမွာရိွတယ္..အေနာက္ေျမာက္အရပ္မွာရိွတဲ့အဓိကအေဆာင္ကစတင္ျခင္းဂိတ္ဝ..အေရ႔ွေျမာက္အရပ္ကရွင္သန္ျခင္းဂိတ္ဝ"
လ်ိဳခ်ဳံအခန္းမွထြက္ထြက္ျခင္း အႀကံေပးလ်ိဳကို ရႊမ္းမင္မွ အခန္းေတြအေၾကာင္းေမးခဲ့သည္ကို ရႊဲရွန႔္သတိရသြားသည္။ အေနာက္ေျမာက္ဘက္ကအခန္းသည္ သူ႔အခန္းျဖစ္ၿပီး အေရ႔ွေျမာက္ဘက္မွာေတာ့ အငယ္ဆံုးသားလ်ိဳက်င္းေနထိုင္သည္။
စတင္ျခင္းဂိတ္ဝသည္ ဂိတ္ဝႀကီးရွစ္ခု၏ ထိပ္ဆံုးတြင္ရိွၿပီး ရည္မွန္းခ်က္မ်ားေအာင္ျမင္ရန္ အေျခခိုင္မာေအာင္ အုတ္ျမစ္ခ်ေသာေနရာျဖစ္၏။ အႀကံေပးလ်ိဳလိုခ်င္ေသာအရာမွာလည္း ရာထူးရာခံေကာင္းေကာင္းႏွင့္ တိုးတက္ေအာင္ျမင္ေသာ အသက္ေမြးဝမ္းေၾကာင္းျဖစ္၏။ ထို႔ေၾကာင့္လည္း စတင္ျခင္းဂိတ္ဝရိွရာအရပ္တြင္ ေနထိုင္ခဲ့သည္။
အခုမွသာ အႀကံေပးလ်ိဳ၏ 'ပင္လယ္ထဲသို႔ျမစ္စီးဆင္းျခင္း' အစီအရင္၏ရည္ရြယ္ခ်က္ကို နားလည္ေတာ့သည္။
ေသဆံုးျခင္းႏွင့္ရွင္သန္ျခင္းကိုေတာင္ ကဲြျပားစြာမသိေသာ ဥာဏ္ထိုင္းသူလ်ိဳခ်ဳံကေတာ့ သနားစရာေကာင္းလွသည္။ သက္တမ္းႏွစ္ဆယ္ၾကာ ေနထိုင္ခဲ့ၿပီးေနာက္ သူေကာင္းေကာင္းလုပ္တတ္ေသာအရာသည္ လက္ဖဝါးတစ္ဝက္မ်ွရိွေသာ စကၠူေခ်ာင္းမ်ား ေခါက္ျခင္းသာျဖစ္၏။ ထိုကၽြမ္းက်င္မႈကို အသံုးခ်ၿပီး ဘိုးေဘးမ်ားကို ပူေဇာ္ရန္အတြက္ စကၠူေခ်ာင္းမ်ားကို ေတာင္လိုပံုေအာင္ေခါက္ခဲ့သည္။ မ်ွမ်ွတတျဖစ္ေစရန္ စကၠူေခ်ာင္းမ်ားေပၚတြင္ မိသားစုဝင္မ်ား၏ နာမည္ေရးၿပီး သီးျခားခဲြပံုထား၏။
ေရႊေတာင္ေငြေတာင္မ်ားႏွင့္ႂကြယ္ဝခ်မ္းသာၿပီးေဘးကင္းႏိုင္ပါေစ။
အႀကံေပးလ်ိဳငယ္စဥ္တုန္းက အမယ္အိုသည္ စကၠူေခ်ာင္းေတြမီးရိႈ႔ရင္း ထိုစကားကိုမေျပာခဲ့ဘူးလား? ေျပာခဲ့တယ္ဆိုရင္ေတာင္ အမွတ္ရေတာ့မည္မထင္။ မဟုတ္လ်ွင္ သားအႀကီးဆံုးကို ဖိနပ္ေဟာင္းကဲ့သို႔ ေခ်ာင္ထိုးထားလိမ့္မည္မထင္။
ပင္လယ္ထဲသို႔ျမစ္စီးဆင္းျခင္းအစီအရင္။
လ်ိဳခ်ဳံကေတာ့ ျမစ္ျဖစ္ၿပီး လ်ိဳမိသားစုသည္ ပင္လယ္ျဖစ္၏။
တကယ္တမ္းမွာ အႀကံေပးလ်ိဳသည္ ဖုန္းေရႊအစီအရင္ကို ၿပီးျပၫ့္စံုစြာေနရာခ်ထားရမည္ျဖစ္ေၾကာင္း သေဘာမေပါက္ခဲ့ျခင္းျဖစ္၏။ ေသးငယ္ေသာေျပာင္းလဲမႈသည္ ေကာင္းကင္ဘံုႏွင့္ေျမျပင္ကို ေျပာင္းျပန္လွန္ေစႏိုင္သည္။ ေဘးဒုကၡမ်ားသည္ ေကာင္းေသာကံတရားမ်ားျဖစ္ကုန္ၿပီး ေကာင္းေသာကံတရားမ်ားသည္ ေဘးဒုကၡမ်ားျဖစ္ကုန္ၾက၏။ အမယ္အိုႏွင့္လ်ိဳခ်ဳံတို႔ႏွစ္ၪီးသား သစ္ပင္ေအာက္တြင္ ျမဳပ္ခဲ့ေသာၾကၫ့္မွန္ႏွင့္ 'အဆိုးေတြသည္အေကာင္းအျဖစ္ေျပာင္းသြားပါေစ' ဟုဆိုခဲ့ျခင္းသည္ သတိမထားမိပဲ အစီအရင္ကိုေျပာင္းလဲေစခဲ့သည္။
ထို႔ေၾကာင့္လည္း ဂိတ္ဝမ်ားေျပာင္းလဲသြားကာ ေသဆံုးျခင္းဂိတ္ဝသည္ ရွင္သန္ျခင္းဂိတ္ဝျဖစ္လာခဲ့၏။
ပ်က္ဆီးယိုယြင္းေနေသာ အေဆာင္ငယ္ရိွရာသို႔ ခ်ဥ္းကပ္လိုက္တယ္ဆိုရင္ပဲ အဓိကခန္းမေဆာင္ဘက္ကို သြား၍ရေသာတံခါးငယ္သည္ က်ိကနဲျမည္ကာပြင့္သြား၏။
ျမန္ဆန္လွေသာအျဖစ္အပ်က္မ်ားေၾကာင့္ ရႊဲရွန႔္သည္ မလႈပ္ႏိုင္ေလာက္ေအာင္ ထံုထိုင္းေလးလံေန၏။ 'ေနာက္လ်ိဳခ်ဳံတစ္ေယာက္လာျပန္ၿပီလား?'
လည္ပင္းကိုဆန႔္ၿပီး ရႊမ္းမင္ခါးကိုေက်ာ္၍ ၾကၫ့္လိုက္သည္။
အမွန္တကယ္ပင္လ်ိဳခ်ဳံျဖစ္ေန၏။
"ဘယ္ေတာ့မွဆံုးမွာမဟုတ္ဘူး!"
ရႊဲရွန႔္ေဒါသမ်ားေပါက္ကဲြထြက္လာသည္။ အိတ္ကပ္အတြင္းမွ ထြက္ရန္ျပင္ၿပီး ကိုယ္တစ္ဝက္မွာ ျပန္ရပ္သြားသည္။ ကတံုးခါးထက္တြင္ရိွေသာ ေၾကးနီဒဂၤါးျပားမ်ား တဲြခ်ည္ထားသၫ့္ႀကိဳးကို တစ္ခ်က္ၾကၫ့္ၿပီး ရႊဲရွန႔္ေတြးမိသည္။ 'အခ်ိန္ေကာင္းပဲ!'
ရႊဲဟုမည္ေသာစကၠူလူသားသည္ လ်ွာထုတ္ကာ လက္ဆန႔္တန္းလ်က္ ငါးၿမွားခ်ိတ္သဖြယ္ ကတံုး၏ေၾကးနီဒဂၤါးမ်ားကို ဆဲြယူကာ လက္ထဲထၫ့္ေပးလိုက္သည္။
"ဘာကိုေစာင့္ေနတာလဲ?"
ရႊမ္းမင္သည္ လက္ညိုးတစ္ေခ်ာင္းနဲ႔ ရႊဲရွန႔္ကိုျပန္ဖိခ်လိုက္၏။
"အလ်င္မလိုနဲ႔..မွဲ႔ကဘယ္ဘက္မွာရိွေနတယ္"
ရႊဲရွန႔္ ; "......"
ရႊဲရွန႔္လည္း အသက္ရူက်ပ္မတတ္ ေဒါသေတြထြက္လာၿပီး အိတ္ကပ္အဝတြင္ ျပန္၍ေခါင္းငိုက္စိုက္က်ေနေတာ့၏။
••••••••