ခယောင်းလမ်းကကြင်ရာတော်(mmtran...

By thinlaelaewin

990K 139K 4.4K

Title : War Prisoner(စစ်သုံ့ပန်းစစ္သံု႔ပန္း) Original Author : Li Hua Yan Yu Novel Status : 95chps+bonus Tran... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chaper 13(warning)
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chpater 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95/The End/
Bonus Chapter 1
Bonus chapter 2
Acknowledgement

Chapter 67

6.5K 1.2K 57
By thinlaelaewin

၀မ့်ရန်ရှိုးသူမကိုကြည့်ပြီး ခါးသက်သက်အပြုံးဖြင့်

"မှတ်ထား ဒီသရေစာတွေငါပေးတာမသိစေနဲ့ မဟုတ်ရင်...သူ....သူ လှောင်ရယ်နေဦးမယ်"

ပြောကာ လက်ဝှေ့ရင်း

"သွားတော့ ငါလည်းနန်းဆောင်ဆီပြန်တော့မယ်"

ကျီနုန်ရင်ထဲမှာ နင့်နင့်နဲနဲခံစားသွားရ၏။ အိမ်ရှေ့စံက စုရီကိုဒီလိုပုံစံတွေနဲ့တွေ့တိုင်း ရင်ထဲကနာကျင်ရသလို စုရီသူ့ကိုစွန့်ပစ်ခဲ့မှုအတွက်လဲ စိတ်နာနေတုန်းဆိုတာ သူမသိပါ၏။ နောက်ပြီး သူဒီလိုပို့တယ်ဆိုတာသိရင် သူ့အားနည်းချက်က စုရီအတွက်လှောင်စရာဖြစ်နေမှာလည်း ကြောက်နေသေး၏။  ကျီနုန်အတွေးထဲခေတ္တမျောပြီးမှ တော်တော်ဝေးဝေးရောက်နေပြီဖြစ်သည့် စုရီနောက်အပြေးလိုက်သွားလိုက်၏။

စုရီ​သူ့နောက်နီးလာသည့်ခြေသံမြန်မြန်တို့ကြောင့် နောက်လှည့်လိုက်တော့ ကျီနုန်ကိုမြင်လိုက်၍ ခြေလှမ်းချက်ချင်းရပ်သွားသကဲ့သို့ သူ့ဆီအပြေးတစ်ပိုင်းလာနေသည့်ကျီနုန်ကပါ ခြေလှမ်းတစ်၀က်တစ်ပျက်နှင့်ရပ်သွား၏။ နှစ်ယောက်သားရပ်ကြည့်နေရင်း ဘယ်သူကစ​ပြီး ဘယ်လိုပြောပြီ ဘာပြောရမလဲမသိကြ။

စုရီ နန်းချခံရပြီးကတည်းက ၀မ့်ရန်ရွီးတို့နှင့်တောင်ဆုံခဲ့သော်လည်း ထိုအချိန်ကတည်းက အဆက်သွယ်မရှိတော့သည့်သူမှာ ကျီနုန်ပင်။ သူမလက်ထဲက သရေစာကိုမြင်တော့ သူထိုနေ့က ကျီနုန်ကိုသူ့နန်းဆောင်ဆီက သရေစာသေတ္တာပြန်ယူခိုင်းပြီး ကျိရန်ကို သီးသန့်စကားပြောရအောင်အခွင့်ရှာပေးခဲ့သည်ကိုအမှတ်ရမိ၏။ ပြန်စဥ်းစားလိုက်ရင် အားလုံးကမနေ့ကလိုပင်။ တစ်ပုံစံတည်းတစ်ဖြစ်စဥ်ထဲထပ်ဖြစ်သော်လည်း ထိုဖြစ်စဥ်အောင်ကလူတွေကတော့အပြောင်းလဲကြီးပြောင်းလဲခဲ့ပြီပင်။

ကျီနုန်မှာလဲ တစ်ခြားမကောင်းကြံချင်သူ အထူးသဖြင့် ကိုယ်လုပ်တော်ယင်က သူတို့တွေ့ဆုံနေသည်ကိုတွေ့သွားမှာကိုစိုးရိမ်နေမိ၏။ သူမအတွက်စိုးရိမ်သည်မဟုတ်ပဲ စုရီအကြောင်း ကိုယ်လုပ်တော်ယင်က မိဖုရားခေါင်ကြီးနား သွားပုပ်လေလွင့်ပြောလိုက်မှာကိုပိုစိုးရိမ်မိ၏။ မိဖုရားခေါင်ကြီးက ကြင်နာသနားတတ်သူဖြစ်သော်လည်း စုရီကိုတော့ သူ့သားတော်အပေါ်သစ္စာဖောက်မှုနှင့်တော်တော်မနှစ်မြို့ပေ။ ထိုအကြောင်းစဥ်းစားမိတော့ သူမမြန်မြန်ပင်အရင်ပြုံးပြလိုက်ပြီး

"ရာသီဥတုကအေးလာပြီ သခင်လေးအပေါ်၀တ်တွေထပ်သင့်တယ် ကျေးဇူးပြုပြီး ဒီသရေစာတွေကိုယူပြီးစားကြည့်ပါ သခင်လေးကိုနည်းနည်းဖြစ်ဖြစ်နွေးသွားစေပါလိမ့်မယ်"

ပြောပြီးချက်ချင်းခေါင်းငုံ့ချလိုက်မိ၏။ ထိုအချိန်သူ့ပါးပေါ်တွင် မျက်ရည်နှစ်ပေါက်က နေရာယူထားနှင့်ပေပြီ။ ဘာမှထပ်မရှင်းပြတော့ပဲ စုရီလက်ထဲ သရေစာဗန်းကိုပြောင်းပေးရင်း မြန်မြန်ပင်ထွက်သွားလိုက်တော့သည်။

စုရီဗန်းကိုင်လျက်နှင့်ရပ်နေဆဲ။ ရာသီဥတုကအရမ်းအေးပြီး သူ့အရိုးထဲထိချမ်းနေသော်လည်း ဒီတွေ့ဆုံမှုလေးက သူ့ရင်ကိုတော်တော်နွေးထွေးစေသည့် အနွေးဓာတ်လေးဖြစ်ခဲ့သည်။ လူတွေရဲ့စိတ်က ရာသီဥတုလိုအပြောင်းလဲမြန်သည်ဆိုကြသော်လည်း ၀မ့်ရန်ရွီးနဲ့၀မ့်ရန်ရှိုးတို့ကတော့သူ့ကိုခုထိစိတ်ပူကြဆဲ။ အခုသူ့ကိုမုန်းသင့်ပါသောကျီနုန်ကပါ မမုန်းပဲ စိတ်ပူနေဆဲ။ သူဒီလိုသစ္စာတရားကိုဘယ်မှာများသွားရှာဖွေနိုင်ပါမည်နည်း။ သို့တည်းမဟုတ် သူလုပ်ခဲ့မိတာက ထိုအရာတွက် ထိုက်တန်ပါရဲ့လား။ ထိုအတွေးတွေကြောင့် စုရီမျက်လုံးတို့​ေ၀ဝါးသွားသော်လည်း နှုတ်ခမ်းတို့ကအလိုလိုပြုံးလာ၏။ ဗန်းထဲကမုန့်ကိုကောက်ယူစားလိုက်မိတော့ ထိုမုန့်လေးကသူ့ပါးစပ်ထဲ နူးညံ့ပျော်ကျသွားပြီး သူ့သွေးကြောတစ်လျှောက် ချိုမြန်မှုတွေစီးဆင်းသွားသလို နှလုံးသားထဲကိုလည်း နွေးထွေးမှုတွေပေးစွမ်းသွား၏။ အရင်လောက် ဒီရာသီဆိုးကြီးကိုရင်ဆိုင်ရတာမခက်တော့သလိုပင်။ သူဂရုတစိုက် ထိုမုန့်ဗန်းလေးကို သူ့အ၀တ်တို့နှင့်ဖုံးပြီး သူ့အခန်းထဲကိုယူသွားကား အ၀တ်လျှော်ခန်းဆီပြန်ထွက်သွားလိုက်၏။.

....

ဒုတိယနေ့တွင် မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်များစွာတို့ ဇီးပန်းဥယျာဥ်ဆီသို့ အလှကြည့်ရန်သွားကြ၏။ ၀မ့်ရန်ရွီးထိုကိစ္စကိုခေါင်းထဲမထားမိသော်လည်း မိဖုရားခေါင်ကြီးက လူလွှတ်ခေါ်စေသဖြင့် လာလိုက်ရ၏။ သူရောက်လာသည့်အချိန်တွင် ၀မ့်ရန်ရှိုးကလည်းရောက်နှင့်နေပြီဖြစ်သဖြင့် သူပြုံးလိုက်မိရင်း

"မင်းက စာမသင်ရအောင်ဘယ်လိုလုပ်ပြီး ဘယ်လိုအပျော်ရှာရမလဲတော်တော်သိနေတာပဲ မင်းက ကစားဖို့ပဲသိ..."

သူ့စကားမဆုံးခင်တွင်ပင် မယ်တော်က ၀မ့်ရန်ရှိုးဖက်က၀င်ဖာလာ၏။

"ကလေးကိုဘာတွေဆူနေတာလဲ မယ်တော်ကပဲ သူ့ကိုခေါ်လိုက်တာပါ ဒီရက်ကပျော်စရာကောင်းနေတာ ဘယ်သူမှ အပျော်ပျက်အောင်မပြောရဘူး"

၀မ့်ရန်ရွီးချက်ချင်းသဘောတူကြောင်း​ေပြာရင်း  ဇီးပန်းတို့ကိုကြည့်ရှုရန် ဥယျာဥ်ထဲပတ်လျှောက်လိုက်ကြ၏။ အတန်ကြာလျှောက်ပြီးမှ မိဖုရားခေါင်ကြီးက ပင်ပန်းလာပြီးနားတော့မည်ဖြစ်ကြောင်းပြောသဖြင့် ခန်းမငယ်ထဲသို့ နားရန် ပြန်လှည့်လာလိုက်ကြ၏။ အထဲမှာ မီးဖိုပြီးဖြစ်သဖြင့် နွေဦးလိုနွေးနေပြီ သရေစာဗန်းနှင့် အလှပန်းတို့ကလည်းအစီအရီ။ ထို့ပြင် သူတို့ကိုဖျော်ဖြေမည့် ပုံပြောသူများရောက်လာကြသဖြင့် ပတ်၀န်းကျင်ကလှုပ်ရှားသက်၀င်နေတော့သည်။

ပုံပြင်နှစ်ပုဒ်အပြီးတွင် မိဖုရားခေါင်ကြီး စိတ်မ၀င်စားတော့သည်ကို ကိုယ်လုပ်တော်ရင်သတိထားမိသဖြင့် ချက်ချင်းအပြုံးဖြင့်

"မယ်မယ်ဖုရား ပုံပြင်တွေပဲနားထောင်နေရင်ပျင်းသွားလောက်တယ် ဘာလို့အကမယ်တွေကိုမဖျော်ဖြေစေမှာလဲ? အကအလှကြည့်ပြီး တေးသံနားထောင်ကြရင်မကောင်းဘူးလား?"

မိဖုရားခေါင်ကြီး ခေါင်းငြိမ့်ပြုံးပြကာ

"အဲ့တာကိုဘာလို့မတွေးမိပါလိမ့်? ဒါပေမယ့် ဒီအချိန်အကမယ်တွေကိုမဖျော်ဖြေခိုင်းသင့်ဘူး အ၀တ်ပါးတွေနဲ့ဖျော်ဖြေကြမှာဆိုတော့ ဒီလိုချမ်းတဲ့ရာသီမှာ သူတို့ကိုကခိုင်းလိုက်ရင် နှိပ်စက်ရာရောက်လိမ့်မယ်..မယ်တော် ငယ်ငယ်ထဲက ပုလွေနားထောင်ရတာကြိုက်တယ် နားမထောင်ရတာနှစ်တွေတောင်ကြာပြီဆိုတော့ ပုလွေဆရာတွေခေါ်ပြီး တီးမှုတ်ခိုင်းတာပိုကောင်းမယ် ဘယ်လိုထင်လဲ?"

ဘယ်သူက မယ်တော်ကြီးဆန္ဒကိုလွန်ဆဲရဲကြမည်တဲ့လဲ။ ၀မ့်ရန်ရွီးချက်ချင်း ပုလွေသမားဆင့်ခေါ်ခိုင်းလိုက်သဖြင့် များမကြာမီ သာမာန်မိန်းကလေးတစ်ဦးရောက်လာပြီ ဂါရဝပြုလာ၏။ တစ်ယောက်ယောက်က သူ့အတွက် ခုံပြင်ပေးလိုက်ပြီး မိဖုရားခေါင်ကြီးကပင် ပြောလိုက်၏။

"ကျွမ်းကျင်တာရွေးပြီးမှုတ်ပါ"

ထိုစကားအဆုံး ပုလွေသမက ပုလွေကိုတစောင်းထားမှုတ်လိုက်ပြီး သာယာနာပျော်ဖွယ်တေးသွားတစ်ခုက ခန်းမလေးထဲပျံ့နှ့ံသွားတော့သည်။

၀မ့်ရန်ရွီး တေးသွားနားဆင်နေရင်းမှ အရင်နှစ်ဆောင်းဦးရဲ့ သဲသောင်ပြင်မှာကြားခဲ့ရသော  သူ့နှလုံးသားကို စည်းချက်မှန်စေခဲ့ဖူးသည့် တေးသွားလေးအကြောင်းထဲ နစ်၀င်သွားတော့သည်။ ထိုတေးသွားကိုပြန်အမှတ်ရရုံနှင့်ပင် အခုတေးသွားက သူ့ရင်ကိုခံစားသွားစေရသည့် အသည်းကွဲတေးတစ်ပုဒ်လို။ သူ နှစ်မျောခံစားနေရင်းနှင့် ပြတင်းပေါက်အပြင်ကို မျက်စိအကြည့်တို့ရွေ့သွားမိ၏။ ရေစက်လား တိုက်ဆိုင်မှုလားမသိသော်လည်း ပထမဆုံးသူ့ရင်ထဲရောက်လာသည့်ပုလွေသမားလေးက အခုသူ့အိမ်မက်ထဲအမြဲကြီးစိုးနေသည့် ချစ်ရသူဖြစ်လာခဲ့ပြီ။ နွေးထွေးမှု စိုပြေမှု သာယာမှုအပြည့်ရှိသည့်အခန်းထဲထိုင်နေသည့်၀မ့်ရန်ရွီးသည်  စုရီကို တစ်ယောက်တည်းအထီးကျန်ဆန်သည့်ပုံရိပ်လေးအဖြစ်မြင်တွေ့နေရ၏။  တော်တော်​ေ၀းသည့်နေရာကဖြစ်သော်လည်း နှင်းများဖုံးနေသည့်ကျောက်လမ်းမထက်တွင် ရေပုံးနှစ်လုံးကို ခက်ခက်ခဲခဲတရွတ်တိုက်ဆွဲနေသည့်စုရီကိုတော့ သူရှင်းရှင်းလင်းလင်းမြင်နေနိုင်သေး၏။

Total :1480words
Sorry for spelling mistakes

Zawgyi

၀မ့္ရန္ရိႈးသူမကိုၾကည့္ၿပီး ခါးသက္သက္အၿပံဳးျဖင့္

"မွတ္ထား ဒီသေရစာေတြငါေပးတာမသိေစနဲ႔ မဟုတ္ရင္...သူ....သူ ေလွာင္ရယ္ေနၪီးမယ္"

ေျပာကာ လက္ေဝ႔ွရင္း

"သြားေတာ့ ငါလည္းနန္းေဆာင္ဆီျပန္ေတာ့မယ္"

က်ီႏုန္ရင္ထဲမွာ နင့္နင့္နဲနဲခံစားသြားရ၏။ အိမ္ေရ႔ွစံက စုရီကိုဒီလိုပံုစံေတြနဲ႔ေတြ့တိုင္း ရင္ထဲကနာက်င္ရသလို စုရီသူ႔ကိုစြန္႔ပစ္ခဲ့မႈအတြက္လဲ စိတ္နာေနတုန္းဆိုတာ သူမသိပါ၏။ ေနာက္ၿပီး သူဒီလိုပို႔တယ္ဆိုတာသိရင္ သူ႔အားနည္းခ်က္က စုရီအတြက္ေလွာင္စရာျဖစ္ေနမွာလည္း ေၾကာက္ေနေသး၏။  က်ီႏုန္အေတြးထဲေခတၲေမ်ာၿပီးမွ ေတာ္ေတာ္ေဝးေဝးေရာက္ေနၿပီျဖစ္သည့္ စုရီေနာက္အေျပးလိုက္သြားလိုက္၏။

စုရီ​သူ႔ေနာက္နီးလာသည့္ေျခသံျမန္ျမန္တို႔ေၾကာင့္ ေနာက္လွည့္လိုက္ေတာ့ က်ီႏုန္ကိုျမင္လိုက္၍ ေျခလွမ္းခ်က္ခ်င္းရပ္သြားသကဲ့သို႔ သူ႔ဆီအေျပးတစ္ပိုင္းလာေနသည့္က်ီႏုန္ကပါ ေျခလွမ္းတစ္၀က္တစ္ပ်က္ႏွင့္ရပ္သြား၏။ ႏွစ္ေယာက္သားရပ္ၾကည့္ေနရင္း ဘယ္သူကစ​ၿပီး ဘယ္လိုေျပာၿပီ ဘာေျပာရမလဲမသိၾက။

စုရီ နန္းခ်ခံရၿပီးကတည္းက ၀မ့္ရန္ရြီးတို႔ႏွင့္ေတာင္ဆံုခဲ့ေသာ္လည္း ထိုအခ်ိန္ကတည္းက အဆက္သြယ္မရိွေတာ့သည့္သူမွာ က်ီႏုန္ပင္။ သူမလက္ထဲက သေရစာကိုျမင္ေတာ့ သူထိုေန့က က်ီႏုန္ကိုသူ႔နန္းေဆာင္ဆီက သေရစာေသတၲာျပန္ယူခိုင္းၿပီး က်ိရန္ကို သီးသန္႔စကားေျပာရေအာင္အခြင့္ရွာေပးခဲ့သည္ကိုအမွတ္ရမိ၏။ ျပန္စဥ္းစားလိုက္ရင္ အားလံုးကမေန့ကလိုပင္။ တစ္ပံုစံတည္းတစ္ျဖစ္စဥ္ထဲထပ္ျဖစ္ေသာ္လည္း ထိုျဖစ္စဥ္ေအာင္ကလူေတြကေတာ့အေျပာင္းလဲႀကီးေျပာင္းလဲခဲ့ၿပီပင္။

က်ီႏုန္မွာလဲ တစ္ျခားမေကာင္းႀကံခ်င္သူ အထူးသျဖင့္ ကိုယ္လုပ္ေတာ္ယင္က သူတို႔ေတြ့ဆံုေနသည္ကိုေတြ့သြားမွာကိုစိုးရိမ္ေနမိ၏။ သူမအတြက္စိုးရိမ္သည္မဟုတ္ပဲ စုရီအေၾကာင္း ကိုယ္လုပ္ေတာ္ယင္က မိဖုရားေခါင္ႀကီးနား သြားပုပ္ေလလြင့္ေျပာလိုက္မွာကိုပိုစိုးရိမ္မိ၏။ မိဖုရားေခါင္ႀကီးက ၾကင္နာသနားတတ္သူျဖစ္ေသာ္လည္း စုရီကိုေတာ့ သူ႔သားေတာ္အေပၚသစၥာေဖာက္မႈႏွင့္ေတာ္ေတာ္မႏွစ္ၿမိဳ႔ေပ။ ထိုအေၾကာင္းစဥ္းစားမိေတာ့ သူမျမန္ျမန္ပင္အရင္ၿပံဳးျပလိုက္ၿပီး

"ရာသီဥတုကေအးလာၿပီ သခင္ေလးအေပၚ၀တ္ေတြထပ္သင့္တယ္ ေက်းဇူးျပဳျပီး ဒီသေရစာေတြကိုယူၿပီးစားၾကည့္ပါ သခင္ေလးကိုနည္းနည္းျဖစ္ျဖစ္ေနြးသြားေစပါလိမ့္မယ္"

ေျပာၿပီးခ်က္ခ်င္းေခါင္းငံု႔ခ်လိုက္မိ၏။ ထိုအခ်ိန္သူ႔ပါးေပၚတြင္ မ်က္ရည္ႏွစ္ေပါက္က ေနရာယူထားႏွင့္ေပၿပီ။ ဘာမွထပ္မရွင္းျပေတာ့ပဲ စုရီလက္ထဲ သေရစာဗန္းကိုေျပာင္းေပးရင္း ျမန္ျမန္ပင္ထြက္သြားလိုက္ေတာ့သည္။

စုရီဗန္းကိုင္လ်က္ႏွင့္ရပ္ေနဆဲ။ ရာသီဥတုကအရမ္းေအးၿပီး သူ႔အရိုးထဲထိခ်မ္းေနေသာ္လည္း ဒီေတြ့ဆံုမႈေလးက သူ႔ရင္ကိုေတာ္ေတာ္ေနြးေထြးေစသည့္ အေနြးဓာတ္ေလးျဖစ္ခဲ့သည္။ လူေတြရဲ့စိတ္က ရာသီဥတုလိုအေျပာင္းလဲျမန္သည္ဆိုၾကေသာ္လည္း ၀မ့္ရန္ရြီးနဲ႔၀မ့္ရန္ရိႈးတို႔ကေတာ့သူ႔ကိုခုထိစိတ္ပူၾကဆဲ။ အခုသူ႔ကိုမုန္းသင့္ပါေသာက်ီႏုန္ကပါ မမုန္းပဲ စိတ္ပူေနဆဲ။ သူဒီလိုသစၥာတရားကိုဘယ္မွာမ်ားသြားရွာေဖြႏိုင္ပါမည္နည္း။ သို႔တည္းမဟုတ္ သူလုပ္ခဲ့မိတာက ထိုအရာတြက္ ထိုက္တန္ပါရဲ့လား။ ထိုအေတြးေတြေၾကာင့္ စုရီမ်က္လံုးတို႔​ေဝဝါးသြားေသာ္လည္း ႏႈတ္ခမ္းတို႔ကအလိုလိုၿပံဳးလာ၏။ ဗန္းထဲကမုန္႔ကိုေကာက္ယူစားလိုက္မိေတာ့ ထိုမုန္႔ေလးကသူ႔ပါးစပ္ထဲ ႏူးညံ့ေပ်ာ္က်သြားၿပီး သူ႔ေသြးေၾကာတစ္ေလ်ွာက္ ခ်ိဳျမန္မႈေတြစီးဆင္းသြားသလို ႏွလံုးသားထဲကိုလည္း ေနြးေထြးမႈေတြေပးစြမ္းသြား၏။ အရင္ေလာက္ ဒီရာသီဆိုးႀကီးကိုရင္ဆိုင္ရတာမခက္ေတာ့သလိုပင္။ သူဂရုတစိုက္ ထိုမုန္႔ဗန္းေလးကို သူ႔အ၀တ္တို႔ႏွင့္ဖံုးၿပီး သူ႔အခန္းထဲကိုယူသြားကား အ၀တ္ေလ်ွာ္ခန္းဆီျပန္ထြက္သြားလိုက္၏။.

....

ဒုတိယေန့တြင္ မိဖုရားေခါင္ႀကီးနဲ႔ ကိုယ္လုပ္ေတာ္မ်ားစြာတို႔ ဇီးပန္းဥယ်ာဥ္ဆီသို႔ အလွၾကည့္ရန္သြားၾက၏။ ၀မ့္ရန္ရြီးထိုကိစၥကိုေခါင္းထဲမထားမိေသာ္လည္း မိဖုရားေခါင္ႀကီးက လူလႊတ္ေခၚေစသျဖင့္ လာလိုက္ရ၏။ သူေရာက္လာသည့္အခ်ိန္တြင္ ၀မ့္ရန္ရိႈးကလည္းေရာက္ႏွင့္ေနၿပီျဖစ္သျဖင့္ သူၿပံဳးလိုက္မိရင္း

"မင္းက စာမသင္ရေအာင္ဘယ္လိုလုပ္ၿပီး ဘယ္လိုအေပ်ာ္ရွာရမလဲေတာ္ေတာ္သိေနတာပဲ မင္းက ကစားဖို႔ပဲသိ..."

သူ႔စကားမဆံုးခင္တြင္ပင္ မယ္ေတာ္က ၀မ့္ရန္ရိႈးဖက္က၀င္ဖာလာ၏။

"ကေလးကိုဘာေတြဆူေနတာလဲ မယ္ေတာ္ကပဲ သူ႔ကိုေခၚလိုက္တာပါ ဒီရက္ကေပ်ာ္စရာေကာင္းေနတာ ဘယ္သူမွ အေပ်ာ္ပ်က္ေအာင္မေျပာရဘူး"

၀မ့္ရန္ရြီးခ်က္ခ်င္းသေဘာတူေၾကာင္း​ေျပာရင္း  ဇီးပန္းတို႔ကိုၾကည့္ရႈရန္ ဥယ်ာဥ္ထဲပတ္ေလ်ွာက္လိုက္ၾက၏။ အတန္ၾကာေလ်ွာက္ၿပီးမွ မိဖုရားေခါင္ႀကီးက ပင္ပန္းလာၿပီးနားေတာ့မည္ျဖစ္ေၾကာင္းေျပာသျဖင့္ ခန္းမငယ္ထဲသို႔ နားရန္ ျပန္လွည့္လာလိုက္ၾက၏။ အထဲမွာ မီးဖိုၿပီးျဖစ္သျဖင့္ ေနြၪီးလိုေနြးေနၿပီ သေရစာဗန္းႏွင့္ အလွပန္းတို႔ကလည္းအစီအရီ။ ထို႔ျပင္ သူတို႔ကိုေဖ်ာ္ေျဖမည့္ ပံုေျပာသူမ်ားေရာက္လာၾကသျဖင့္ ပတ္၀န္းက်င္ကလႈပ္ရွားသက္၀င္ေနေတာ့သည္။

ပံုျပင္ႏွစ္ပုဒ္အၿပီးတြင္ မိဖုရားေခါင္ႀကီး စိတ္မ၀င္စားေတာ့သည္ကို ကိုယ္လုပ္ေတာ္ရင္သတိထားမိသျဖင့္ ခ်က္ခ်င္းအၿပံဳးျဖင့္

"မယ္မယ္ဖုရား ပံုျပင္ေတြပဲနားေထာင္ေနရင္ပ်င္းသြားေလာက္တယ္ ဘာလို႔အကမယ္ေတြကိုမေဖ်ာ္ေျဖေစမွာလဲ? အကအလွၾကည့္ၿပီး ေတးသံနားေထာင္ၾကရင္မေကာင္းဘူးလား?"

မိဖုရားေခါင္ႀကီး ေခါင္းၿငိမ့္ၿပံဳးျပကာ

"အဲ့တာကိုဘာလို႔မေတြးမိပါလိမ့္? ဒါေပမယ့္ ဒီအခ်ိန္အကမယ္ေတြကိုမေဖ်ာ္ေျဖခိုင္းသင့္ဘူး အ၀တ္ပါးေတြနဲ႔ေဖ်ာ္ေျဖၾကမွာဆိုေတာ့ ဒီလိုခ်မ္းတဲ့ရာသီမွာ သူတို႔ကိုကခိုင္းလိုက္ရင္ ႏိွပ္စက္ရာေရာက္လိမ့္မယ္..မယ္ေတာ္ ငယ္ငယ္ထဲက ပုေလြနားေထာင္ရတာႀကိဳက္တယ္ နားမေထာင္ရတာႏွစ္ေတြေတာင္ၾကာၿပီဆိုေတာ့ ပုေလြဆရာေတြေခၚၿပီး တီးမႈတ္ခိုင္းတာပိုေကာင္းမယ္ ဘယ္လိုထင္လဲ?"

ဘယ္သူက မယ္ေတာ္ႀကီးဆႏၵကိုလြန္ဆဲရဲၾကမည္တဲ့လဲ။ ၀မ့္ရန္ရြီးခ်က္ခ်င္း ပုေလြသမားဆင့္ေခၚခိုင္းလိုက္သျဖင့္ မ်ားမၾကာမီ သာမာန္မိန္းကေလးတစ္ၪီးေရာက္လာၿပီ ဂါရဝျပဳလာ၏။ တစ္ေယာက္ေယာက္က သူ႔အတြက္ ခံုျပင္ေပးလိုက္ၿပီး မိဖုရားေခါင္ႀကီးကပင္ ေျပာလိုက္၏။

"ကြၽမ္းက်င္တာေရြးၿပီးမႈတ္ပါ"

ထိုစကားအဆံုး ပုေလြသမက ပုေလြကိုတေစာင္းထားမႈတ္လိုက္ၿပီး သာယာနာေပ်ာ္ဖြယ္ေတးသြားတစ္ခုက ခန္းမေလးထဲပ်ံ့ႏွ႔ံသြားေတာ့သည္။

၀မ့္ရန္ရြီး ေတးသြားနားဆင္ေနရင္းမွ အရင္ႏွစ္ေဆာင္းၪီးရဲ့ သဲေသာင္ျပင္မွာၾကားခဲ့ရေသာ  သူ႔ႏွလံုးသားကို စည္းခ်က္မွန္ေစခဲ့ဖူးသည့္ ေတးသြားေလးအေၾကာင္းထဲ နစ္၀င္သြားေတာ့သည္။ ထိုေတးသြားကိုျပန္အမွတ္ရရံုႏွင့္ပင္ အခုေတးသြားက သူ႔ရင္ကိုခံစားသြားေစရသည့္ အသည္းကြဲေတးတစ္ပုဒ္လို။ သူ ႏွစ္ေမ်ာခံစားေနရင္းႏွင့္ ျပတင္းေပါက္အျပင္ကို မ်က္စိအၾကည့္တို႔ေရြ့သြားမိ၏။ ေရစက္လား တိုက္ဆိုင္မႈလားမသိေသာ္လည္း ပထမဆံုးသူ႔ရင္ထဲေရာက္လာသည့္ပုေလြသမားေလးက အခုသူ႔အိမ္မက္ထဲအၿမဲႀကီးစိုးေနသည့္ ခ်စ္ရသူျဖစ္လာခဲ့ၿပီ။ ေနြးေထြးမႈ စိုေျပမႈ သာယာမႈအျပည့္ရိွသည့္အခန္းထဲထိုင္ေနသည့္၀မ့္ရန္ရြီးသည္  စုရီကို တစ္ေယာက္တည္းအထီးက်န္ဆန္သည့္ပံုရိပ္ေလးအျဖစ္ျမင္ေတြ့ေနရ၏။  ေတာ္ေတာ္​ေဝးသည့္ေနရာကျဖစ္ေသာ္လည္း ႏွင္းမ်ားဖံုးေနသည့္ေက်ာက္လမ္းမထက္တြင္ ေရပံုးႏွစ္လံုးကို ခက္ခက္ခဲခဲတရြတ္တိုက္ဆြဲေနသည့္စုရီကိုေတာ့ သူရွင္းရွင္းလင္းလင္းျမင္ေနႏိုင္ေသး၏။

Total :1480words
Sorry for spelling mistakes

Continue Reading

You'll Also Like

726K 3.5K 4
" ချန်ကျင်ရှန်း မင်းက တောင်တွေကိုသဘောကျတာလား။ မဟုတ်ရင် ပင်လယ်ပြင်ကို သဘောကျတာလား။ '' " မင်းကို သဘောကျတယ်။ ''
726K 87.8K 85
" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။...
209K 22K 103
ဘာသာပြန်သူ - စွဲညို့အသင်း
20.8K 1.9K 18
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem 44 part + 1extra = 45 part 1 by 6 Author -shut paann start -23,12,2023 end-27,5.2...