သစ္စာဖြင့်ဖန်တီးသော(complete)

By zwealthurain1990

159K 14.4K 11.3K

ဖြစ်ရပ်မှန် Boy Love story -တည်ဆောက်ခဲ့တဲ့အရာရာတိုင်းဟာ သစ္စာနဲ့သာ ဖန်တီးဖြစ်ခဲ့မယ်ဆိုရင် ဘဝသံသရာ လည်နေသမျှ... More

အပိုင်း(၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း၄
သစ္စာဖြင့်ဖန်တီးသော အပိုင်း၅
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၈)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၈)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
စာဖတ်နှုန်း(40k)ပြည့်အမှတ်တရ
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)😍
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
WP error
အပိုင်း(၆၁)
အပိုင်း(၆၂)
အဖြူ့ရဲ့လက်ရာ
အူးရဲ့လက်ရာ
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
70kအမှတ်တရ
Fb linkမရပါက
ဇာတ်သိမ်းပိုင်း(၆၆)
နှုတ်ဆက်ခြင်း
ဖိတ်ခေါ်ခြင်း

သစ္စာဖြင့်ဖန်တီးသော အပိုင်း(၈)

2.3K 281 50
By zwealthurain1990

...................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
...................................အပိုင်း(၈)..................................
Day-2
မြို့လုံးကျွတ် သံဃာ့ဒါနဆွမ်းလောင်းပွဲ လမ်းရှင်းနဲ့ ရှေ့ပြေးတာဝန်ကျတယ်။ ဦးကိုထပ်တွေ့ပြန်ပီ။ လမ်းဦးစီးဌာန မိသားစု ဆွမ်းလောင်း အဖွဲ့ရှေ့မှာ အရာရှိသေးသေးလေးက စတစ်အဖြူနဲ့ မွန်ပုဆိုးအနီလေးနဲ့ လူကြားထဲမှာ ထင်းနေတာဘဲ။ ဆွမ်းဇလုံကြီးပိုက်ထားတဲ့ဦး ရှေ့က ဖြတ်သွားရတာ ရင်တွေခုန်လိုက်တာ။ အသဲယားလိုက်တာ ဖြူလုံးလုံးလေးရေ။

Day-3
"ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှု ရက်သတ္တပါတ်'' အတွက် လမ်းဦးစီးဌာန ကဦးဆောင်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ရမယ်လို့ အမိန့်ရတယ်။ ဦးကိုတွေ့ရပြန်ပီ။ ကျွန်တော်အရမ်းသဘောကြတဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ ကျွန်တော့်ရဲ့ ပုလုံးလုံးလေး။ ယာဥ်စည်းကမ်းနဲ့ဆိုင်တဲ့ လက်ကမ်းစာစောင်တွေကို ဆိုင်ကယ်တွေ၊ ကားတွေကို ဦးက ဝေပေးဖို့လုပ်တော့ အဲ့ဒီကားတွေဆိုင်ကယ်တွေကို ကျွန်တော်တားပေးခဲ့ရတာဗျ။ ပျော်လိုက်တာဗျာ။ ကျွန်တော်ကတားပေးလိုက် ဦးကစာစောင်လေးတွေပေးလိုက်နဲ့။
ပွဲပြီးပြန်မယ်လုပ်တော့ ဦးရဲ့ရုံးအဖွဲ့ကို လှမ်းပြောလိုက်တဲ့စကားလေး သဘောကျလိုက်တာ......ဘာတဲ့....
"ယာဥ်ထိန်းက ကလေးတွေကိုပါ နေ့လည်စာ...ကျွေးလိုက်တဲ့....''
ဟုတ်တယ်... ကျွန်တော်က ကလေးပါ.... ဦးရဲ့ကလေးလေးဖြစ်ချင် လိုက်တာဗျာ။..

Day-4
သုံးကြိမ်သုံးခါ တွေ့ခဲ့ပြီးပြီ။ ဒါရေစက်ဘဲဦးရေ။ ကျွန်တော် ဦးကို လက်ခံလိုက်ပြီ။ ဦးကိုမြင်တိုင်း ကျွန်တော်ရင်ခုန်နေခဲ့တာ။ ဦးက ကျွန်တော့်ရဲ့ ဖူးစာဘဲ။ သေချာတယ်။ အဲဒီတော့ ဦးရဲ့အနား ကျွန်တော်အမြဲရှိနေဖို့ ကြိုးစားရတော့မယ်။ ဦးအချစ်ကိုရအောင်ယူမယ်။ ဖူးစာဆိုတာ ဦးရာလူဘဲလေဗျာ။ ကဲ...လက်ဦးမှုရအောင်ယူပစ်မယ်။ ကျွန်တော် ကိုပြည့်စုံနဲ့ ခင်မင်မှုကို ဒီနေရာမှာ ကောင်းကောင်း အသုံးချရတော့မယ်။ ကိုပြည့်စုံက ဦးရဲ့ တစ်ရုံးထဲ သူငယ်ချင်း ဖြစ်နေတာ ကျွန်တော့်အတွက် မဟာကံကောင်းခြင်းပေါ့ဗျာ။.....

Day-5
ဒီနေ့ ဦးရဲ့ဘဝထဲကို ဝင်လာမယ့် ပထမခြေလှမ်းကို စတင်မယ့်နေ့။
ကိုပြည့်စုံ ဖုန်းဆက်လာတယ်။ ဦးရဲ့ကား wheel tex ကို မိတ္တူကူး စရာရှိလို့ ဆိုပြီး အပြင်ထုတ်ယူ ထားလိုက်တယ်တဲ့။ ဦးလာမယ့် လမ်းမှာ ကျွန်တော်တို့အဖွဲ့ရှိနေပေမယ့် ဒီနေ့ကားတွေမစစ်ရဘူး။ ဆိုင်ကယ်တွေဘဲ စစ်ရမယ့်နေ့။ ဒါပေမဲ့ ဒီအခွင့်အရေးရဖို့ကို ကိုပြည့်စံနဲ့ မနည်းကို စံချိန်ကိုက်ထားရတာ။ ဘယ်လက်လွတ်ခံလို့ ရမလဲ။ ဟော....3J/.....လေးလာနေပြီ။
''ရွှီ.......အကို... ယာဥ်မောင်းလိုင်စင်နဲ့... wheel texလေးတစ်ချက် ပြပါခဗျ...........................''
ဗိုလ်လေးကဆူတယ်၊ ကားတွေမစစ်ရတဲ့နေ့ကို ကားတစ်စီး ဖမ်းလိုက် လို့တဲ့။ ဒါပေမဲ့ ကျေနပ်တယ်။ ဦးဒေါသထွက်သွားတဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းတာဗျာ။နောက်နေ့ ကိုပြည့်စုံ ဖုန်းဆက်လာတယ်။ မုန်တိုင်းက အနီရောင်အဆင့်ထိ ပြင်းထန်နေပြီတဲ့.... ကားနဲ့ပါ တိုက်သတ်မတဲ့။ ဦး ကျွန်တော့်ကို မကျေမနပ်တွေနဲ့ ဘယ်လောက်တောင် မေတ္တာပို့နေမလဲဆိုတာ တွေးကြည့်မိတယ်။ ဒေါသတွေမပြီးစီးနိုင်တဲ့ ဦးရဲ့ပုံစံလေးကို မျက်လုံးထဲ မြင်ယောင်ပြီး ရင်တွေခုန်ရင်း ချစ်လိုက်ရတာသိလား။
ကျွန်တော် အောင်မြင်ပါတယ်နော်။ ခုဆို ဦး ကျွန်တော့်ကို သတိထားမိယုံမက စိတ်ထဲမှာပါ ကျွန်တော်က အချိန်ပြည့် နေရာယူထားပြီ မဟုတ်လား။.......

Day-5
"ရွှေရောင်အလင်း အွန်လိုင်း ပရဟိတအသင်း'' နှစ်ပါတ်လည်ပွဲကို သွားဖြစ်ခဲ့တာက လုံးဝတိုက်ဆိုင်မှုပါဦးရေ။ ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ဖူးစာပါပါတယ်ဆို။ အဲ့နေ့က ဦးကိုမထင်မှတ်ဘဲတွေ့လိုက်ရတော့ ရင်တွေခုန်လွန်းလို့ စကားတွေတောင်မှားတယ်။ ဦး တိုက်တဲ့ ဝိုင်တစ်ခွက်က စေတနာနဲ့ တိုက်တယ်လို့ဘဲ ထင်ခဲ့မိတာ။ ဦး ရက်စက်တယ်ဗျာ။ ဝိုင်ထဲမှာ ဝမ်းနှုတ်ဆေးတွေထည့်တိုက်ခဲ့တယ်။ ကျွန်တော့်မှာ အိမ်သာနဲ့ နှစ်ပါးသွားလိုက်ရတာ ဘယ်နှချီမှန်းကို မသိတော့်ဘူး။ နောက်တစ်နေ့ ဒူးတွေချောင်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်လို့ ဆရာတွေက ဝိုင်းလှောင်တာခံရတယ်။ ငါ့ကောင် နားရက်မှာ ဆော်နဲ့ဘယ်လောက်ကဲခဲ့တယ်မသိ။ မျက်တွင်းတွေကျပြီး ဒူးတွေချောင်နေတယ်တဲ့လေ။ တကယ်က ဦးရဲ့ စေတနာမေတ္တာတွေနဲ့ ပန်းကမ္ဘာကို ဗီဇာမပါဘဲ ရောက်နေခဲ့ရတာ သူတို့မှမသိကြတာ။ ဒါပေမဲ့ ကျွန်တော် အဲ့လိုခံရတာ တန်ပါတယ်။ ဘာလို့လဲသိလား။ ဦးရဲ့ ပိုက်ဆံအိတ်က ကျွန်တော်ဇာတ်လမ်းဆင်စရာ အကြံတစ်ခု ရစေခဲ့တယ်လေ။
ကျွန်တော် အဲ့နေ့က တကယ်မမူးဘဲ အရက်တွေ ကိုယ်မှာစွတ် မူးချင်ယောင်ဆောင်ပြီး ကျွန်တော် ပြောချင်သမျှ ရည်းစားစကားတွေ အဝပြောခဲ့ရတယ်လေ.......။ ဦးရင်မခုန်ဘူးလား.....😂.။

Day-6
ပုံမှန်လောက်နဲ့ ရင်ခုန်မှာမဟုတ်မှန်း ကျွန်တော်သိတယ်လေ။ ကိုပြည့်စုံနဲ့ တိုင်ပင်ပြီးတော့ ''တောင်းပန်ပါတယ်၊ မူးသွားလို့ပြောမိတာပါ'' လုပ်ရတာပေါ့။ နောက်တစ်နေ့ကျ တစ်ခါ ချစ်တယ်ထပ်ပြော။ ကဲ....ဘယ်လိုလဲ....။ကျွန်တော့်ရဲ့ ပုလုံးလေး။ ရင်မခုန်သေးဘူးလား။ နဲနဲတော့ ကသိကအောက် ဖြစ်သွားပီမဟုတ်လား။

Day-7
အလုပ်siteထဲသွားတာကို ကိုပြည့်စုံပြောလို့သိရတယ်။ ကားကသိပ်မကောင်းတာလဲ ပြောတယ်။ လမ်းမှာကားပျက်နေမလားလို့ ဦးသွားတဲ့လမ်းတစ်လျှောက် လိုက်ကြည့်ခဲ့တာ မှန်သွားတယ်။ ကားပျက်လို့ ဟိုနှိုက်ဒီနှိုက် လုပ်နေတာကို မြင်တော့ အပြေးလာခဲ့တဲ့အချိန် ငမူးသုံးကောင်က ဦးကိုတွန်းလိုက်တာ မြင်လိုက်တယ်။ စိတ်တိုလိုက်တာဗျာ။ ကျွန်တော့်ရဲ့ အရုပ်လေးကို ဒင်းတို့က။ ကျွန်တော်တောင် လက်ဖျားနဲ့မထိရက်တာကို။ ဘယ်ရမလဲ။ ကျွန်တော်ဝင်ပြီး ဇာတ်လိုက်မင်းသား လုပ်ပြစ်လိုက်တာပါ့။ ဒါပေမဲ့ မျက်နှာမရလိုက်ပါဘူး။ ကျွန်တော့်ကို ပေစောင်ပေစောင်ပြောပြီး ကားပေါ်တက်သွားတယ်။ ကျွန်တော့်မှာ စိတ်ပူပြီး ဦးသွားတဲ့လမ်း တလျှောက် လိုက်လာလိုက်ရတာ။ မျက်နှာမရ ခြေထောက်ရ ဖြစ်သွားတယ်။ ကိုပြည့်စုံကလဲ လှောင်လိုက်၊ ရယ်လိုက်တာ တအားဘဲ။ဦး တိုက်ကွမ်ဒို တတ်မှန်း ကျွန်တော်မှ မသိတာ။ဒါပေမဲ့ ဘာဘဲ ဖြစ်ဖြစ် ကျွန်တော်က ဦးအတွက် အနီးဆုံးလူဘဲဗျာ။ smsလေးပို့ ခဲ့ပါတယ်။ မှတ်မိတယ်ဟုတ်......။

Day-8
ရုံးကြီးမှာ အရေးကြီး အစည်းအဝေး ရှိလို့ ထွက်သွားတယ်ပြောတယ်။ ဘယ်အချိန်မှီပါ့မလဲ။ ဒီအချိန်က ကားတအားကြပ်တဲ့အချိန်ပါဆို။ ကဲ... ဦးရဲ့ကိုယ်ရံတော်လေး လာပါပြီဗျာ။ အဲ့ဒီအချိန်လေးကို သိမ်းထားလို့ရရင် သိမ်းထားချင်လိုက်တာဗျာ။ ကိုယ်ချစ်တဲ့သူရဲ့ရှေ့မှာ တခြားအရာတွေ ဝင်မနှောင့်ယှက်နိုင်အောင် ပွိုင့်ပြေးပေးရတာ။ ဘယ်လောက်ကြည်နူးလိုက်ရလဲသိလား။ ကျွန်တော့်အတွက် ထာဝရ VIPလေး။ သွားချင်တဲ့နေရာပြော.....ဟောဒီက ယာဥ်ထိန်းရဲလေးက လမ်းပြပေးမယ် စိတ်ချ။

Day-9
အချုပ်ထဲကို လာတွေ့မယ်လို့ မမျှော်လင့်ထားခဲ့တာ အမှန်ပါဗျာ။ ဒါပေမဲ့ ဦးလာတွေ့လို့ ပျော်လိုက်ရတာ။ ထမင်းချိုင့်ပါ ပို့ပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ စားချင်တာနဲနဲပါ။ ဦးအပေါ် ဆိုးချင် ဂျစ်ချင်လို့ စိတ်ထဲရှိတဲ့ စားစရာတမျိုးပြီးတစ်မျိုး မှာခဲ့တာပါ။ ဦးကလဲ ကျွန်တော်မှာသမျှ ရအောင်ပို့ပေးနေတာကိုး။ ချစ်လိုက်တာဗျာ။ ကျွန်တော်ရူးနေပြီဗျ။ သိလား။ ကျွန်တော့် ချစ်ရတဲ့သူလေးက ကျွန်တော်ပြောသမျှ အလိုလိုက် နေတော့ ဘယ်လို မြတ်နိုးရမှန်းကိုမသိတော့တာပါဗျာ။ ကျွန်တော်လေ ဖြစ်နိုင်ရင် အချုပ်ကို ဒီ့ထက်ပိုကျချင်တယ်သိလား။ ဒါမှ ချစ်ရတဲ့ ဦးရဲ့ ဂရုစိုက်မှုတွေကို အကြာကြီးခံစားရမှာ။ ခုတော့် မနက်ဖန်ဆို ဦးရဲ့ ဂရုစိုက်မှုတွေက ဝေးရပြန်ပြီ။ ဒါပေမဲ့စိတ်ချပါ။ ကျွန်တော် ဦးအနားမှာ အမြဲရှိနေမယ်။ ဦး လိုတဲ့အချိန် တမ်းတလိုက် ကျွန်တော် အမြဲရောက်လာမယ်။ စိုင်းထီးစိုင် သီချင်းလိုပေါ့။
"ရင်ထဲက....တမ်းတလိုက်ယုံလေးနဲ့....ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ... မင်းရှိမယ်......''တဲ့။
ချစ်တယ်ဦးရေ။ တစ်ဘဝလုံးအတွက်လို့ပြောရင် နည်းမှာစိုးတယ်။ သံသရာတစ်ခုလုံးအတွက် ချစ်ပါရစေလို့ ပြောမှ မှန်မယ် သိလား။
ကျွန်တော့်အချစ်ကို လက်ခံပေးပါနော် ဦး။

Day-10မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဦးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ ကျွန်တော့်ရဲ့ Day-10လေးကို ရင်ခုန်ရင်း စောင့်နေပါရစေ။

ချစ်ခြင်းများစွာဖြင့်.....ဦးရဲ့....အဖြူကောင်လေး.......👮👮👮

-------------------အပိုင်း(၉)ဆက်ရန်----------------------
အားပေးကြပါအုံးခဗျာ
#သစ္စာဖြင့်ဖန်တီးသော#
#ရှိုင်းဝဏ္ဏ
#ဇွဲသူရိန်
အဖြူကောင်လေးရဲ့ရည်းစားစာ roချက် 9plus
Zawgyiများအတွက်👇👇👇👇

...................သစၥာျဖင့္ဖန္တီးေသာ...............real bl  fic
...................................အပိုင္း(၈)..................................
Day-2
ၿမိဳ႕လုံးကြၽတ္ သံဃာ့ဒါနဆြမ္းေလာင္းပြဲ လမ္းရွင္းနဲ႕ ေရွ႕ေျပးတာဝန္က်တယ္။ ဦးကိုထပ္ေတြ႕ျပန္ပီ။ လမ္းဦးစီးဌာန မိသားစု ဆြမ္းေလာင္း အဖြဲ႕ေရွ႕မွာ အရာရွိေသးေသးေလးက စတစ္အျဖဴနဲ႕ မြန္ပုဆိုးအနီေလးနဲ႕ လူၾကားထဲမွာ ထင္းေနတာဘဲ။ ဆြမ္းဇလုံႀကီးပိုက္ထားတဲ့ဦး ေရွ႕က ျဖတ္သြားရတာ ရင္ေတြခုန္လိုက္တာ။ အသဲယားလိုက္တာ ျဖဴလုံးလုံးေလးေရ။

Day-3
"ယာဥ္စည္းကမ္း လမ္းစည္းကမ္း အသိပညာေပး လႈပ္ရွားမႈ ရက္သတၱပါတ္'' အတြက္ လမ္းဦးစီးဌာန ကဦးေဆာင္လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ရမယ္လို႔ အမိန့္ရတယ္။ ဦးကိုေတြ႕ရျပန္ပီ။ ကြၽန္ေတာ္အရမ္းသေဘာၾကတဲ့ ယူနီေဖာင္းအျပည့္အစုံနဲ႕ ကြၽန္ေတာ့္ရဲ႕ ပုလုံးလုံးေလး။ ယာဥ္စည္းကမ္းနဲ႕ဆိုင္တဲ့ လက္ကမ္းစာေစာင္ေတြကို ဆိုင္ကယ္ေတြ၊ ကားေတြကို ဦးက ေဝေပးဖို႔လုပ္ေတာ့ အဲ့ဒီကားေတြဆိုင္ကယ္ေတြကို ကြၽန္ေတာ္တားေပးခဲ့ရတာဗ်။ ေပ်ာ္လိုက္တာဗ်ာ။ ကြၽန္ေတာ္ကတားေပးလိုက္ ဦးကစာေစာင္ေလးေတြေပးလိုက္နဲ႕။
ပြဲၿပီးျပန္မယ္လုပ္ေတာ့ ဦးရဲ႕႐ုံးအဖြဲ႕ကို လွမ္းေျပာလိုက္တဲ့စကားေလး သေဘာက်လိဳက္တာ......ဘာတဲ့....
"ယာဥ္ထိန္းက ကေလးေတြကိုပါ ေန႕လည္စာ...ေကြၽးလိုက္တဲ့....''
ဟုတ္တယ္... ကြၽန္ေတာ္က ကေလးပါ.... ဦးရဲ႕ကေလးေလးျဖစ္ခ်င္ လိုက္တာဗ်ာ။..

Day-4
သုံးႀကိမ္သုံးခါ ေတြ႕ခဲ့ၿပီးၿပီ။ ဒါေရစက္ဘဲဦးေရ။ ကြၽန္ေတာ္ ဦးကို လက္ခံလိုက္ၿပီ။ ဦးကိုျမင္တိုင္း ကြၽန္ေတာ္ရင္ခုန္ေနခဲ့တာ။ ဦးက ကြၽန္ေတာ့္ရဲ႕ ဖူးစာဘဲ။ ေသခ်ာတယ္။ အဲဒီေတာ့ ဦးရဲ႕အနား ကြၽန္ေတာ္အၿမဲရွိေနဖို႔ ႀကိဳးစားရေတာ့မယ္။ ဦးအခ်စ္ကိုရေအာင္ယူမယ္။ ဖူးစာဆိုတာ ဦးရာလူဘဲေလဗ်ာ။ ကဲ...လက္ဦးမႈရေအာင္ယူပစ္မယ္။ ကြၽန္ေတာ္ ကိုျပည့္စုံနဲ႕ ခင္မင္မႈကို ဒီေနရာမွာ ေကာင္းေကာင္း အသုံးခ်ရေတာ့မယ္။ ကိုျပည့္စုံက ဦးရဲ႕ တစ္႐ုံးထဲ သူငယ္ခ်င္း ျဖစ္ေနတာ ကြၽန္ေတာ့္အတြက္ မဟာကံေကာင္းျခင္းေပါ့ဗ်ာ။.....

Day-5
ဒီေန႕ ဦးရဲ႕ဘဝထဲကို ဝင္လာမယ့္ ပထမေျခလွမ္းကို စတင္မယ့္ေန႕။
ကိုျပည့္စုံ ဖုန္းဆက္လာတယ္။ ဦးရဲ႕ကား wheel tex ကို မိတၱဴကူး စရာရွိလို႔ ဆိုၿပီး အျပင္ထုတ္ယူ ထားလိုက္တယ္တဲ့။ ဦးလာမယ့္ လမ္းမွာ ကြၽန္ေတာ္တို႔အဖြဲ႕ရွိေနေပမယ့္ ဒီေန႕ကားေတြမစစ္ရဘူး။ ဆိုင္ကယ္ေတြဘဲ စစ္ရမယ့္ေန႕။ ဒါေပမဲ့ ဒီအခြင့္အေရးရဖို႔ကို ကိုျပည့္စံနဲ႕ မနည္းကို စံခ်ိန္ကိုက္ထားရတာ။ ဘယ္လက္လြတ္ခံလို႔ ရမလဲ။ ေဟာ....3J/.....ေလးလာေနၿပီ။
''႐ႊီ.......အကို... ယာဥ္ေမာင္းလိုင္စင္နဲ႕... wheel texေလးတစ္ခ်က္ ျပပါခဗ်...........................''
ဗိုလ္ေလးကဆူတယ္၊ ကားေတြမစစ္ရတဲ့ေန႕ကို ကားတစ္စီး ဖမ္းလိုက္ လို႔တဲ့။ ဒါေပမဲ့ ေက်နပ္တယ္။ ဦးေဒါသထြက္သြားတဲ့ပုံစံေလးက အရမ္းခ်စ္ဖို႔ေကာင္းတာဗ်ာ။ေနာက္ေန႕ ကိုျပည့္စုံ ဖုန္းဆက္လာတယ္။ မုန္တိုင္းက အနီေရာင္အဆင့္ထိ ျပင္းထန္ေနၿပီတဲ့.... ကားနဲ႕ပါ တိုက္သတ္မတဲ့။ ဦး ကြၽန္ေတာ့္ကို မေက်မနပ္ေတြနဲ႕ ဘယ္ေလာက္ေတာင္ ေမတၱာပို႔ေနမလဲဆိုတာ ေတြးၾကည့္မိတယ္။ ေဒါသေတြမၿပီးစီးနိုင္တဲ့ ဦးရဲ႕ပုံစံေလးကို မ်က္လုံးထဲ ျမင္ေယာင္ၿပီး ရင္ေတြခုန္ရင္း ခ်စ္လိုက္ရတာသိလား။
ကြၽန္ေတာ္ ေအာင္ျမင္ပါတယ္ေနာ္။ ခုဆို ဦး ကြၽန္ေတာ့္ကို သတိထားမိယုံမက စိတ္ထဲမွာပါ ကြၽန္ေတာ္က အခ်ိန္ျပည့္ ေနရာယူထားၿပီ မဟုတ္လား။.......

Day-5
"ေ႐ႊေရာင္အလင္း အြန္လိုင္း ပရဟိတအသင္း'' ႏွစ္ပါတ္လည္ပြဲကို သြားျဖစ္ခဲ့တာက လုံးဝတိုက္ဆိုင္မႈပါဦးေရ။ ကြၽန္ေတာ္ေျပာပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဖူးစာပါပါတယ္ဆို။ အဲ့ေန႕က ဦးကိုမထင္မွတ္ဘဲေတြ႕လိုက္ရေတာ့ ရင္ေတြခုန္လြန္းလို႔ စကားေတြေတာင္မွားတယ္။ ဦး တိုက္တဲ့ ဝိုင္တစ္ခြက္က ေစတနာနဲ႕ တိုက္တယ္လို႔ဘဲ ထင္ခဲ့မိတာ။ ဦး ရက္စက္တယ္ဗ်ာ။ ဝိုင္ထဲမွာ ဝမ္းႏႈတ္ေဆးေတြထည့္တိုက္ခဲ့တယ္။ ကြၽန္ေတာ့္မွာ အိမ္သာနဲ႕ ႏွစ္ပါးသြားလိုက္ရတာ ဘယ္ႏွခ်ီမွန္းကို မသိေတာ့္ဘူး။ ေနာက္တစ္ေန႕ ဒူးေတြေခ်ာင္ၿပီး လမ္းေတာင္ေကာင္းေကာင္း မေလွ်ာက္နိုင္လို႔ ဆရာေတြက ဝိုင္းေလွာင္တာခံရတယ္။ ငါ့ေကာင္ နားရက္မွာ ေဆာ္နဲ႕ဘယ္ေလာက္ကဲခဲ့တယ္မသိ။ မ်က္တြင္းေတြက်ၿပီး ဒူးေတြေခ်ာင္ေနတယ္တဲ့ေလ။ တကယ္က ဦးရဲ႕ ေစတနာေမတၱာေတြနဲ႕ ပန္းကမၻာကို ဗီဇာမပါဘဲ ေရာက္ေနခဲ့ရတာ သူတို႔မွမသိၾကတာ။ ဒါေပမဲ့ ကြၽန္ေတာ္ အဲ့လိုခံရတာ တန္ပါတယ္။ ဘာလို႔လဲသိလား။ ဦးရဲ႕ ပိုက္ဆံအိတ္က ကြၽန္ေတာ္ဇာတ္လမ္းဆင္စရာ အႀကံတစ္ခု ရေစခဲ့တယ္ေလ။
ကြၽန္ေတာ္ အဲ့ေန႕က တကယ္မမူးဘဲ အရက္ေတြ ကိုယ္မွာစြတ္ မူးခ်င္ေယာင္ေဆာင္ၿပီး ကြၽန္ေတာ္ ေျပာခ်င္သမွ် ရည္းစားစကားေတြ အဝေျပာခဲ့ရတယ္ေလ.......။ ဦးရင္မခုန္ဘူးလား.....😂.။

Day-6
ပုံမွန္ေလာက္နဲ႕ ရင္ခုန္မွာမဟုတ္မွန္း ကြၽန္ေတာ္သိတယ္ေလ။ ကိုျပည့္စုံနဲ႕ တိုင္ပင္ၿပီးေတာ့ ''ေတာင္းပန္ပါတယ္၊ မူးသြားလို႔ေျပာမိတာပါ'' လုပ္ရတာေပါ့။ ေနာက္တစ္ေန႕က် တစ္ခါ ခ်စ္တယ္ထပ္ေျပာ။ ကဲ....ဘယ္လိုလဲ....။ကြၽန္ေတာ့္ရဲ႕ ပုလုံးေလး။ ရင္မခုန္ေသးဘူးလား။ နဲနဲေတာ့ ကသိကေအာက္ ျဖစ္သြားပီမဟုတ္လား။

Day-7
အလုပ္siteထဲသြားတာကို ကိုျပည့္စုံေျပာလို႔သိရတယ္။ ကားကသိပ္မေကာင္းတာလဲ ေျပာတယ္။ လမ္းမွာကားပ်က္ေနမလားလို႔ ဦးသြားတဲ့လမ္းတစ္ေလွ်ာက္ လိုက္ၾကည့္ခဲ့တာ မွန္သြားတယ္။ ကားပ်က္လို႔ ဟိုႏွိုက္ဒီႏွိုက္ လုပ္ေနတာကို ျမင္ေတာ့ အေျပးလာခဲ့တဲ့အခ်ိန္ ငမူးသုံးေကာင္က ဦးကိုတြန္းလိုက္တာ ျမင္လိုက္တယ္။ စိတ္တိုလိုက္တာဗ်ာ။ ကြၽန္ေတာ့္ရဲ႕ အ႐ုပ္ေလးကို ဒင္းတို႔က။ ကြၽန္ေတာ္ေတာင္ လက္ဖ်ားနဲ႕မထိရက္တာကို။ ဘယ္ရမလဲ။ ကြၽန္ေတာ္ဝင္ၿပီး ဇာတ္လိုက္မင္းသား လုပ္ျပစ္လိုက္တာပါ့။ ဒါေပမဲ့ မ်က္ႏွာမရလိုက္ပါဘူး။ ကြၽန္ေတာ့္ကို ေပေစာင္ေပေစာင္ေျပာၿပီး ကားေပၚတက္သြားတယ္။ ကြၽန္ေတာ့္မွာ စိတ္ပူၿပီး ဦးသြားတဲ့လမ္း တေလွ်ာက္ လိုက္လာလိုက္ရတာ။ မ်က္ႏွာမရ ေျခေထာက္ရ ျဖစ္သြားတယ္။ ကိုျပည့္စုံကလဲ ေလွာင္လိုက္၊ ရယ္လိုက္တာ တအားဘဲ။ဦး တိုက္ကြမ္ဒို တတ္မွန္း ကြၽန္ေတာ္မွ မသိတာ။ဒါေပမဲ့ ဘာဘဲ ျဖစ္ျဖစ္ ကြၽန္ေတာ္က ဦးအတြက္ အနီးဆုံးလူဘဲဗ်ာ။ smsေလးပို႔ ခဲ့ပါတယ္။ မွတ္မိတယ္ဟုတ္......။

Day-8
႐ုံးႀကီးမွာ အေရးႀကီး အစည္းအေဝး ရွိလို႔ ထြက္သြားတယ္ေျပာတယ္။ ဘယ္အခ်ိန္မွီပါ့မလဲ။ ဒီအခ်ိန္က ကားတအားၾကပ္တဲ့အခ်ိန္ပါဆို။ ကဲ... ဦးရဲ႕ကိုယ္ရံေတာ္ေလး လာပါၿပီဗ်ာ။ အဲ့ဒီအခ်ိန္ေလးကို သိမ္းထားလို႔ရရင္ သိမ္းထားခ်င္လိုက္တာဗ်ာ။ ကိုယ္ခ်စ္တဲ့သူရဲ႕ေရွ႕မွာ တျခားအရာေတြ ဝင္မႏွောင့္ယွက္နိုင္ေအာင္ ပြိုင့္ေျပးေပးရတာ။ ဘယ္ေလာက္ၾကည္ႏူးလိုက္ရလဲသိလား။ ကြၽန္ေတာ့္အတြက္ ထာဝရ VIPေလး။ သြားခ်င္တဲ့ေနရာေျပာ.....ေဟာဒီက ယာဥ္ထိန္းရဲေလးက လမ္းျပေပးမယ္ စိတ္ခ်။

Day-9
အခ်ဳပ္ထဲကို လာေတြ႕မယ္လို႔ မေမွ်ာ္လင့္ထားခဲ့တာ အမွန္ပါဗ်ာ။ ဒါေပမဲ့ ဦးလာေတြ႕လို႔ ေပ်ာ္လိုက္ရတာ။ ထမင္းခ်ိဳင့္ပါ ပို႔ေပးမယ္ဆိုေတာ့ အတိုင္းထက္အလြန္ေပါ့။ စားခ်င္တာနဲနဲပါ။ ဦးအေပၚ ဆိုးခ်င္ ဂ်စ္ခ်င္လို႔ စိတ္ထဲရွိတဲ့ စားစရာတမ်ိဳးၿပီးတစ္မ်ိဳး မွာခဲ့တာပါ။ ဦးကလဲ ကြၽန္ေတာ္မွာသမွ် ရေအာင္ပို႔ေပးေနတာကိုး။ ခ်စ္လိုက္တာဗ်ာ။ ကြၽန္ေတာ္႐ူးေနၿပီဗ်။ သိလား။ ကြၽန္ေတာ့္ ခ်စ္ရတဲ့သူေလးက ကြၽန္ေတာ္ေျပာသမွ် အလိုလိုက္ ေနေတာ့ ဘယ္လို ျမတ္နိုးရမွန္းကိုမသိေတာ့တာပါဗ်ာ။ ကြၽန္ေတာ္ေလ ျဖစ္နိုင္ရင္ အခ်ဳပ္ကို ဒီ့ထက္ပိုက်ခ်င္တယ္သိလား။ ဒါမွ ခ်စ္ရတဲ့ ဦးရဲ႕ ဂ႐ုစိုက္မႈေတြကို အၾကာႀကီးခံစားရမွာ။ ခုေတာ့္ မနက္ဖန္ဆို ဦးရဲ႕ ဂ႐ုစိုက္မႈေတြက ေဝးရျပန္ၿပီ။ ဒါေပမဲ့စိတ္ခ်ပါ။ ကြၽန္ေတာ္ ဦးအနားမွာ အၿမဲရွိေနမယ္။ ဦး လိုတဲ့အခ်ိန္ တမ္းတလိုက္ ကြၽန္ေတာ္ အၿမဲေရာက္လာမယ္။ စိုင္းထီးစိုင္ သီခ်င္းလိုေပါ့။
"ရင္ထဲက....တမ္းတလိုက္ယုံေလးနဲ႕....ကိုယ့္ဘဝရဲ႕ေနရာတိုင္းမွာ... မင္းရွိမယ္......''တဲ့။
ခ်စ္တယ္ဦးေရ။ တစ္ဘဝလုံးအတြက္လို႔ေျပာရင္ နည္းမွာစိုးတယ္။ သံသရာတစ္ခုလုံးအတြက္ ခ်စ္ပါရေစလို႔ ေျပာမွ မွန္မယ္ သိလား။
ကြၽန္ေတာ့္အခ်စ္ကို လက္ခံေပးပါေနာ္ ဦး။

Day-10မွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာေတာ့ ဦးရဲ႕ ဆုံးျဖတ္ခ်က္ေပၚမွာ မူတည္ေနမွာပါ။ ကြၽန္ေတာ့္ရဲ႕ Day-10ေလးကို ရင္ခုန္ရင္း ေစာင့္ေနပါရေစ။

ခ်စ္ျခင္းမ်ားစြာျဖင့္.....ဦးရဲ႕....အျဖဴေကာင္ေလး...👮👮👮

-------------------အပိုင္း(၉)ဆက္ရန္----------------------
အားေပးၾကပါအုံးခဗ်ာ
#သစၥာျဖင့္ဖန္တီးေသာ#
#ရွိုင္းဝဏၰ
#ဇြဲသူရိန္
အျဖဴေကာင္ေလးရဲ႕ရည္းစားစာ roခ်က္ 9plus

Continue Reading

You'll Also Like

2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
371K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်