သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၇)

1.7K 192 67
                                    

.................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၇)..................................

အဖြူညီမ ပြတဲ့အတိုင်း သွားလိုက်ရပေမယ့် စိတ်ထဲတော့ ခပ်လန့်လန့်ရယ်။

သူများခြံထဲ ခိုးကြောင်ခိုးဝှက်နဲ့ အနောက်ဖက်ကနေပါတ်ဝင် ရတာမဟုတ်လား။ ဒီအတိုင်းပုံမှန်ဆို ဘာကြောက်စရာရှိမလဲ။
ခုက စိတ်ကိုမလုံဘူး။ မှောင်လဲ မှောင်နေပြီလေ။

တစ်ထပ်တိုက်အပုလေးရဲ့ အနောက်ဖက်ပြတင်းပေါက်တံခါးကို အသာခေါက်လိုက်သည်။ခနလောက်စောင့်လိုက်တော့ တံခါးပွင့်လာပြီး မီးရောင်ဖျော့ဖျော့အောက်မှာ တွေ့လိုက်ရသည်က အဖြူလေး။

"ဟင်....အူး...''
(ဒီနေရာမှာ ဦးဆိုတဲ့ စကားလုံးကို အဖြူလေးက အူး လို့စာလုံးပေါင်းနဲ့ ရေးတတ်တာကြောင့် သူ့လိုဘဲ လိုက်ရေးပါရစေ ခ​ဗျာ။)

"အေး... ငါ....''

"အူး... အူး.. ကိုယ်တိုင်ကြီးလိုက်လာတာလား.... ခြံထဲဘယ်လိုဝင်ခဲ့တာလဲ.... တစ်ခုခုဆို.... အူးကို အပြောခံနေရပါအုံးမယ်ဗျာ.... သားအတွက်နဲ့... အဲ့လောက်ကြီး မစွန့်စားပါနဲ့....ဟဲ...''

မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အဖြူက ဇွဲကို ကြည့်ပြီး ပြောလာသည်။

"သောက်ခွက်ပြောင်မနေနဲ့... မင့်ဘဲ ငါ့ကိုတွေ့ချင်တာဆို... ငါ့မျက်နှာလေးမြင်ရရင် အားတွေရှိမှာဆို... မာလာရှမ်းကောတောင် တကယ်မစားချင်ဘဲ ငါ့ကိုတွေ့ချင်လို့ လိမ်ပြောတာဆို.. အာ့ကြောင့် ကိုယ်တိုင် လိုက်လာတာဘဲ....''

"ဗျာ... သားဘယ်တုန်းကပြောလို့လဲ....''

"ဟိတ်ကောင်... အရူးကွက်လာနင်းမနေနဲ့... မင်းပြောတာဆိုပြီး... မင်းညီမကပြောနေတာ... ''

"ဟာ..... ဒီကောင်မလေး... အချွန်နဲ့ မ ပြန်ပီကွာ...''

"ဟေ... အဲဒါဆို... မဟုတ်ဘူးပေါ့...''

"မဟုတ်ပါဘူး​ဗျာ... ''

"ငါမုန့်ပေးတော့.. မုန့်စားချင်တာနဲနဲတဲ့... အူးကိုတွေ့ချင်တာတဲ့... ခနလောက်လေးမျက်နှာလေးမြင်ရရင်ကျေနပ်ပါတယ်တဲ့... အိမ်ထဲကို ခြံအနောက်ဖက် ခိုးလမ်းကခေါ်ခဲ့လို့ မင်းပြောတာဆို..''

သစ္စာဖြင့်ဖန်တီးသော(complete)Opowieści tętniące życiem. Odkryj je teraz