သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၃)

2.2K 263 55
                                    

........................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၃).........................

"ကျွန်တော်ဒီည... ဦးဆီမှာအိပ်မယ်....ဒါဘဲ....''

"အိပ်လေ... အိပ်တာဘဲ.... ဘာထူးဆန်းလို့လဲ....''

တွေ့ကြသေးတာပေါ့ ဘိုးတော်ရာ...။ ခဗျားဒီညကျုပ်အကြောင်း ကောင်းကောင်းသိစေရမယ်။ ပြီးတော့မှ ချစ်လိုက်တာ အဖြူလေးရာ ဆိုပြီး ကျုပ်ကို အသားကုန် ဖက်ထားမှာ မြင်ယောင်သေးတယ်...။ဘိုးတော်ရဲ့ ကုတင်က ခိုင်ရဲ့လား၊ အခန်းကအသံရော လုံပါ့မလားမသိ။
ရှိုင်း လူညစ်ပါတ်အပြုံးဖြင့် တစိမ့်စိမ့်တွေးရင်း ဒီညအိပ်ရမယ့်အရေး အတွက် ရင်တွေခုန်နေမိပါတော့သည်။

(အိပ်ခါနီး နွားနို့တစ်ခွက်နဲ့ ငှက်ပျောသီးနှစ်လုံး စားပစ်လိုက်တာ ခဗျားတို့ကို ပြောပြရင် မှောင်နေကြတော့မယ် မဟုတ်လား။ စိတ်ချ။ ဒီည ခဗျားတို့ရဲ့ အဖြူလေး ဘယ်လိုမှောင်ပြမလဲ စောင့်ကြည့်။ ဟိုဘိုးတော်ပေါက်စ ကျုပ်အောက်မှာ ပြားပြားဝပ်နေစေရမယ်။ မအိပ်ကြနဲ့နော် readerလေးတွေ။ voteများရင် liveပါလွှင့်ပြမှာဗျ။)

--------------------------vvvvvvvvv------------------------------

လက်ကနာရီကို ကြည့်လိုက်တော့ ၁၂နာရီခွဲ ပြီးပြီ။ ရှိုင်း တစ်ယောက် ဒေါသစိတ်တို့ဖြင့် ကလိကလိဖြစ်လျက် အိပ်လို့ကိုမရ။ အိပ်ယာထဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်။ ဟိုဘိုးတော်ကို မေတ္တာပို့လိုက်နဲ့ ခုထိအိပ်မရတာပါ။

ကြည့်လေဗျာ...
သူ့ဆီမှာအတူ အိပ်မယ်ဆိုပြီး ရှိုင်းက အကြံကြီးကြံထားတာ။
ခုကျ အိပ်တော့အိပ်ရပါရဲ့။ တစ်ယောက်တစ်ခန်းစီသပ်သပ်ကြီး။
ဒါကြောင့် ဘိုးတော်ပေါက်စက ရှိုင်းကို သူ့စီမှာ အလွယ်တကူ အအိပ်ခံတာပေါ့။

အိပ်ခါနီး sms ပို့လာသေးတာဗျ။ ''ငါ့အခန်းက lockချထားတာနော် မောင်ရင်''တဲ့။ ကဲ... ဘယ်လောက်ထိလဲဆိုတာ။ မကျေနပ်ဘူး... အဖိုးကြီး... လုံးဝမကျေနပ်ဘူး.... မနက်ဖန်.... ဒီလူကြီးကို ပညာပြပေးအုံးမယ်။ ဘယ့်နှယ့်ဗျာ.... စားထားတဲ့ ငှက်ပျောသီးနှစ်လုံးနဲ့ နွားနို့လေးမှ အားမနာဗျာ။ တွေ့မယ်.... တွေ့မယ်...။

သစ္စာဖြင့်ဖန်တီးသော(complete)Wo Geschichten leben. Entdecke jetzt