ဇာတ်သိမ်းပိုင်း(၆၆)

4.2K 233 304
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၆၆)....... ဇာတ်သိမ်းပိုင်း

ပင်ပန်းနာကျင်မှုများဖြင့် ဖြတ်သန်းခဲ့ရသည့် ရက်တွေက ဘယ်လောက်တောင် ရှိသွားခဲ့ပြီလဲ ရှိုင်းမသိပါဘူး။

နေ့တွေ ညတွေ အလီလီပြောင်းလဲသွားခဲ့သလို ရှိုင်းရဲ့ ခန္ဓာကိုယ်ကလဲ အပြောင်းလဲကြီးပြောင်းလဲခဲ့ပါပြီ။
အရိုးပေါ်အရေတင်ဖြစ်သွားတဲ့ ခန္ဓာကိုယ်က အသည်းကြောင့် ဖောအစ်ဝါဝင်းနေချေပြီ။

ချစ်ခင်နှစ်သက်ရတဲ့သူနဲ့ ကွေကွင်းရခြင်းဒုက္ခ၊ မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရခြင်း ဒုက္ခဆိုတဲ့ ဒုက္ခသစ္စာတရားတော်အတိုင်း ရှိုင်းခံစားခဲ့ရတာမဟုတ်လား။

ဒီခံစားချက် ဒီအရိပ်မဲတွေကို မေ့ပျောက်ပြစ်ဖို့ရာ အကူအညီအဖြစ် အရက်ကို စွဲစွဲမြဲမြဲသောက် အဖော်ပြုခဲ့ခြင်းက အခုတော့ သိသိသာသာ ဆိုးကျိုးတွေပေးနေပါပေါ့။

နဂိုကတည်းက အသည်းယောင်တတ်တဲ့ရောဂါအခံက အရက်ရဲ့အကူအညီနဲ့ ရှိုင်းကို ဒုက္ခထပ်ပေးနေချေပြီ။

ပထမတစ်ခါ သတိလစ်သွားခဲ့စဥ်က ပါတ်ဝန်းကျင်အကူအညီနဲ့ ဆေးရုံရောက်သွားခဲ့သည်။
ထပ်မသောက်ပါနဲ့.. သောက်ရင်သေမှာဘဲဆိုတဲ့ ဆရာဝန်ရဲ့စကားက ရှိုင်းအတွက် ဟာသတစ်ပုဒ်လိုပါဘဲလား။

သေပစေပေါ့ဗျာ။
အူးအပေါ် သစ္စာဖောက်တဲ့လုပ်ရပ်တွေနဲ့၊ အူးမရှိတော့တဲ့ ဘဝမှာ တစ်ယောက်ထဲ ရှင်သန်နေရလို့လဲ ဘာအဓိပ္ပါယ်များ ရှိမှာမို့လဲ။

သေသွားရင် အေးသွားတာပေါ့။
အူးကိုလဲမျက်နှာမပူရတော့ဘူး။
ရှိုင်းလဲဘာမှ ခံစားမနေရတော့ဘူး။
ဘယ်လောက်ကောင်းလိုက်သလဲ။

ဒါပေမဲ့ ဒီနေရာမှာတော့ မသေချင်ဘူး။
အူးနဲ့အတူ စိတ်ကူးဖန်တီးခဲ့တဲ့နေရာ၊ အူးရဲ့ မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့နေရာလေးမှာဘဲ ချုပ်ငြိမ်းချင်တယ်။

အဝေးဆုံးဆိုပြီး ထွက်လာခဲ့ပေမယ့် နောက်ဆုံးထွက်သက်ကို ဒီနေရာလေးမှာ အဆုံးသတ်ချင်လို့ ရှိုင်းပြန်လာခဲ့မိသည်။

ဟုတ်တယ်။
အူးဖန်တီးပေးထားတဲ့ ရှိုင်းရဲ့ အိပ်မက်လေးရှိရာ အိမ်အဖြူရောင်လေးနဲ့ ခြံကလေးဆီကိုပေါ့။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now