သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၈)

1.7K 183 80
                                    

.................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၈)..................................

"နဲတောင်နဲသေးဗျာ... ပြောလိုက်ရင်လေတစ်လုံးမိုးတစ်လုံးနဲ့... ဟမ်.. ငါစပြောတုန်းကဖြင့်... မကြိုက်ဘူး... စိတ်မဝင်စားဘူး.. ငါ့ကို အဖြူနဲ့ပေါင်းပြီးဝိုင်းလိမ်တယ်... ဘာဖြစ်တယ်... ညာဖြစ်တယ်နဲ့.... ဟော... ခုကျတော့... အဖြူသံ ကြားလို့ကိုမရဘူး.. တစ်ခါထဲကို... အဖြူဆိုတာနဲ့.. အမြှီးက နန့်နန့် နန့်နန်နဲ့ နေတာလေ... ကျေနပ်တယ်... နှောက်ချေးပေယုံတင်မကဘူး ချီးတွင်းထဲပါ ပြုတ်ကြခဲ့ရမှာ... ဒါမှမှတ်မှာ...''

ကားမောင်းနေရင်း ပြည့်စုံက ဗျစ်တောက် ဗျစ်တောက် ပြောနေပြန်သည်။

ဒီမှာ စိတ်ရှုပ်နေပါတယ်ဆိုမှ။
ရည်းစားလေး တစ်ခါလောက် ခိုးတွေ့ပါတယ်... နှောက်ချေး အလူးလူးနဲ့ ပြန်လာရသည်။

လက်ကို ဆေးလို့ရပေမဲ့ ဝတ်ထားတဲ့ အက်ျီနဲ့ ဘောင်းဘီက ဆေးလို့လဲမရ၊ လဲစရာလဲမပါ။

ကားစီးရင် ပေမှာစိုးလို့ နှောက်ချေးပွနေတဲ့ အက်ျီနဲ့ ဘောင်းဘီကို ချွတ်ပြီး အတွင်းခံလေးတစ်ထဲနဲ့ ကားထဲထိုင်လိုက်လာရတဲ့ဘဝ။

ဒါကို ပြည့်စုံဆိုတဲ့ ကောင်က အလိုက်ကန်းဆိုးမသိဘူး။ ဘေးနားကနေ ကျီးအာသလို တအာအာ နဲ့။ နားပူချက်။

ဒါပေမဲ့ ခုချိန်မှာတော့ ကိုယ့်အပြစ်နဲ့ကိုယ် မှန်နေလို့ သည်းခံနေရတာ။
မဟုတ်ရင် နားပန်ထရိုက်ပြစ်လိုက်ပြီ။ တကယ်။

"ဟြောင့်.... လေရှည်မနေနဲ့... မောင်းစရာရှိတာမောင်း... ဒီကိစ္စမှာ.. မင်းအပြစ်လဲပါတယ်....''

"အမလေးဗျာ... ဘယ်ကနေ ငါ့အပြစ်က... ပါလာရပြန်တာလဲ... အိုးစွပ်မစား ခွက်စွပ်မစား...ဗျာ..''

မျက်လုံးကြီးပြူးရင်း ငြင်းနေတဲ့ ပြည့်စုံကို ကြည့်ပြီး...

"ဟုတ်တယ်လေ... မင်းသာ အဖြူကို... ငါ့အနား မပို့ခဲ့ရင်.. ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိဘူးဟြောင့်... မင်းနဲ့ အဖြူနဲ့ ပူးပေါင်းကြံစည်မှုတွေလေ.. ငါ့ဖာသာငါ.. တစ်ယောက်ထဲ.. သာယာအေးချမ်းပြီး.. တည်ငြိမ်နေတာ... မင်းဝင်နှောက်တာဘဲလေ.. မဟုတ်ဘူးလား...ပြောစမ်း...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now