💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 47
Chapter. : 21 - 24
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၄၇၊ အခန္း ၂၁။ အရမ္းစာဖြဲ ့တတ္တယ္
ရီမူဖန္က တဖြဖြေၿပာလာသည္ ။
“သူ ့ကိုု..ဒီတုိင္း ေခ်ြးသိပ္ထားလုိက္လုိ ့ေရာ မရဘူးလား….”
ရီ၀မ္၀မ္သည္ မာထန္သည့္မ်က္နွာထား ၿဖစ္လာကာ…
“ကေလးတစ္ေယာက္္ကုိ သင္ၾကားတဲ့အခါ ဘာကတိေပးေပး အဲ့ကတိကို တည္ၿပေပးရမယ္တဲ့”
ရီမူဖန္၏ႏႈတ္ခမ္းတုိ ့ တြန္ ့ခ်ိတ္သြားရ၏ ။
“ကေလးတစ္ေယာက္ကို သင္ၾကားတာ…ဟုတ္လား ။
မင္း အေမေနရာကေန ဟန္ေဆာင္တာ စိတ္အရမ္းနစ္၀င္ေနၿပီလို ့
ငါ ထင္တယ္…”
သုိ ့ေသာ္လည္း ကုန္ရႊီ၏အုိင္က်ဴအရဆုိ သူ ့အေပၚ ကေလးကြက္နင္းလ်ွင္ပင္ ဘာၿပသနာမွ ရွိလာလိမ့္မည္ မဟုတ္ပါေခ် ။
ရီမူဖန္သည္ ထုိသုိ ့ေၿပာဆုိၿပီးေနာက္တြင္ စိုးရိမ္တၾကီး ေမးလာၿပန္သည္ ။
“၀မ္၀မ္…အင္တာနက္ေပၚက အဲဒီေကာလဟလေတြေၾကာင့္
ညီမေလး ဒါကို လုပ္မွာလား”
ရီ၀မ္၀မ္ ေၿပာသည္ ။
“အဲ့ဒီေကာလဟလေတြက ဒီတုိင္း တစ္ေယာက္စကား တစ္ေယာက္နား ၾကားလာၾကတဲ့ စကားေတြပါ၊ ဘာမွ ထိခုိက္စရာအေၾကာင္းမရွိဘူး ။ အဲ့ဒါကို ရွင္းလင္းခ်က္ထုတ္ၿပီးေတာ့ ေၿဖရွင္းလုိက္လုိ ့ရတယ္ ။ နဲနဲေလးအလုပ္ရႈပ္သြားရရံုပဲ ရွိမွာပါ ။ ဒါေပမယ့္ ကိုကို၊ အဲ့ဒီေကာလဟလေတြ မထြက္လာဘူးဆုိရင္ေတာင္မွ ညီမေလးက ညီမေလးရဲ့သရုပ္မွန္ကုိ ထုတ္ၿပဖုိ ့ ၾကံေနတာ ။ အဲ့ေတာ့ ဒီေန ့…ဒီေန ့ ဘာလို ့ မလုပ္ရမွာလဲ”
သူမေလးသည္ ေယာက်ာ္းေလးလို ၀တ္၀တ္၊ မိန္းကေလးလုုိပင္ ၀တ္၀တ္၊ စီရီဟန္အတြက္ ဘာမွမထူးၿခားေတာ့ပါေခ် ။
ထုိ ့ေၾကာင့္ ရီ မိသားစုကို သူမအေၾကာင္း ထုတ္ၿပဖုိ ့ အခ်ိန္တန္ေလၿပီ ။
ဒီေန ့တြင္ လူတုိင္းသည္ ရွိေနၾကေသာေၾကာင့္ သူမသည္ အားလံုးကုိ ကိုင္တြယ္လုိက္နုိင္သည္ ။ မည္မ်ွပင္ အခန္ ့သင့္လုိက္ေလသည္နည္း ။
ရီမူဖန္သည္လည္း ထုိအခ်က္ကို နားလည္လုိက္ေသာေၾကာင့္
ဘာမွ ေၿပာမလာေတာ့ပါေခ် ။ သူသည္ တဗ်စ္ေတာက္ေတာက္ ေၿပာဆုိလာရံုမ်ွသာ ၿပဳေတာ့ေလသည္ ။
“အ့့ဲဒီေကာင္စုတ္ေလး ကုန္ရႊီက ဘာမွမလုပ္ဘဲ အလကားေနၿပီး ဆုရဦးမယ္…”
“ကားေသာ့ ဘယ္မွာလဲ ။ ညီမေလးအ၀တ္အစားေတြက ကားေနာက္ခန္းထဲမွာ”
“တံုက်ိဳက္ဆီမွာ ။ ကုိကို ညီမေလးနဲ ့ လုိက္ခဲ့မယ္”
…
ပြဲခန္းမအတြင္းတြင္ ။
ကုန္ရႊီသည္ လ်ိဳခ်န္းကို ဆြဲေခၚလုိက္ေလၿပီ ။
“ငတုံုးေကာင္…ၿမန္ၿမန္ေလး၊ ဒီကုိ လာဦး ။ ငါ့ကုိ ၾကည့္”
လ်ိဳခ်န္းက မ်က္ေမွာင္ၾကဳတ္သြား၏ ။
“ဘာၿဖစ္လုိ ့လဲ”
“ငါ့ကို ၾကည့္ၾကည့္စမ္းပါ၊ ေသေသခ်ာခ်ာေလး ၾကည့္ ။ ဘယ္လုိ ခံစားရလဲ”
လ်ိဳခ်န္းသည္ တခနေလာက္ ေတြေ၀ေနၿပီး ေမးလာသည္ ။
“မင္း…ထပ္ၿပီး အူတုိေနၿပန္ၿပီလား”
တမုဟုတ္ခ်င္းပင္ ကုန္ရႊီ၏မ်က္နွာ မည္းပုတ္သြားေတာ့၏ ။
“ဟာကြာ…ငါ့ပံုစံ ဘယ္လိုေနလဲလုိ ့ ေမးတာကြ ။ ဘယ္လုိလဲ… ငါ့အ၀တ္အစားေတြ သပ္သပ္ရပ္ရပ္ ရွိရဲ့လား ၊ ငါ့ဆံပင္ေကာ ရႈပ္ပြေနလား ။ ငါ့အသားအေရေရာ…ဘယ္လုိလဲ ။ ငါ့ေမးေစ့မွာ ၀က္ၿခံရွိေနလား”
“…”
ထန္ရွင္းေဟ်ာ္က အက်ယ္ၾကီးဟားတုိက္လာေတာ့ေလၿပီ ။
“ဟားဟားဟား…ကုန္ရႊီ…မင္း ဒီတစ္ေခါက္ေကာ ဘယ္ေနရာက ပလပ္က်ြတ္သြားၿပန္ၿပီလဲ”
ကုန္ရႊီသည္ အခ်စ္နာက်ေနသည့္လံုမေလးနွယ္၊
ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားစြာၿဖင့္ ၿပန္ေၿပာလာေတာ့သည္ ။
“ငါ…ငါ…ငါ့နတ္မိမယ္ေလးကို ေတြ ့ရေတာ့မယ္ကြ”
ထန္ရွင္းေဟ်ာ္က မ်က္ခံုးပင့္သြားေလၿပီ ။
“မင္းရဲ့နတ္မိမယ္လား…မင္း နတ္မိမယ္က ဘယ္သူလဲ”
ကုန္ရႊီက မ်က္လံုးလွန္ၾကည့္လာသည္ ။
“ငါ့နတ္မိမယ္ ဘယ္သူလဲ မင္း မသိဘူးလား”
“အာ…မင္း လုိက္ရွာေနတဲ့သူမ်ားလား ။
အဲ့ဒီ သၾကား…သၾကားလံုးေလး ဆုိတာလား…”
“ေအးေပါ့ကြ ။ ငါ့ရဲ့သၾကားလံုးေလး…ငါ ဆုရရင္
အစ္ကို ရီ က သၾကားလံုးေလးနဲ ့ ေတြ ့ခြင့္ေပးမယ္လို့ ကတိေပးထားတယ္ ။ ၿပီးေတာ့လည္း ေၿပာေသးတယ္၊ သၾကားလံုးေလး ခနေနရင္ ေရာက္လာေတာ့မယ္တဲ့”
ထုိသုိ ့ေၿပာလုိက္ရင္း ကုန္ရႊီသည္ စိုးရိမ္တၾကီး တံခါး၀ဆီသုိ ့ ၾကည့္လုိက္ေလသည္ ။
ထန္ရွန္းေဟ်ာ္၏မ်က္လံုးတို ့လည္း လင္းထိန္သြားေတာ့၏ ။ သူ၏စိတ္၀င္စားမႈတုိ ့ ၿမင့္တက္လာေတာ့ကာ..
“မင္း ေန ့တုိင္း သူ ့အေၾကာင္း တဖြဖြေၿပာရေလာက္ေအာင္၊ ပါတီပြဲတက္တာကို တစ္နွစ္လံုးလံုးေတာင္ နားထားနုိင္ရေလာက္ေအာင္ သူက မင္းကို တကယ္ၾကီး ဆြဲေဆာင္ထားနုိင္တာပဲ ။ ေနစမ္းပါဦး..
အဲ့ဒီ သၾကားလံုးေလးက ဘယ္ေလာက္ေတာင္မွ လွေနလုိ ့လဲ”
ကုန္ရႊီက မႈန္သုန္စြာ သူ ့ကို ၾကည့္လာေလၿပီ ။
“ဘယ္ေလာက္ေတာင္ လွတာလဲ…ဟုတ္လား ။
စာဖြဲ ့လုိ ့မမွီေအာင္ကို လွတာကြ ။ မင္း စာမသင္ခဲ့ရဘူးလား ။ င့ါရဲ့သၾကားလံုးေလးက ‘လွတယ္’ ဆုိတဲ့စကားနဲ ့ သာမန္စာဖြဲ ့ၿပလုိ ့ကို မရဘူးကြ”
ထန္ရွင္းေဟ်ာ္က နွိမ့္နွိမ့္ခ်ခ်ေလး ေမးေလသည္ ။
“ဒါဆုိ…ငါ သူ ့ကုိ ဘယ္လုိစာဖြဲ ့ရမွာလဲ”
ကုန္ရႊီသည္ အေလးအနက္ၾကီး စဥ္းစားေတြးေတာၾကည့္လုိက္ေလၿပီ ။
“အင္း…အရမ္း…အရမ္း…အရမ္း…အရမ္း…အရမ္းကို လွတယ္”
ထန္ရွင္းေဟ်ာ္၏ႏႈတ္ခမ္းတုိ ့ တြန္ ့ခ်ိတ္သြားေတာ့၏ ။
“မင္းကလည္း ဘာမွမထူးဘဲနဲ ့၊ ေတာ္ေတာ္စာတတ္တဲ့ေကာင္…”
…
ဘတ္စ္ကား အၿပင္ဘက္တြင္ ၊
ရီမူဖန္သည္ ေဆးလိပ္ဖြာရိႈက္ရင္း စိတ္လုိလက္ရ ေစာင့္ေပးေနေလ သည္ ။
ရီ၀မ္၀မ္သည္ အ၀တ္အစား ၿမန္ၿမန္ဆန္ဆန္ပင္ လဲၿပီးသြားေခ်ၿပီ ။ အားလံုးၿပင္ဆင္ၿခယ္သၿပီးသြားသည္မွာ ဆယ္မိနစ္ပင္ မၾကာလုိက္ပါေခ် ။
ရီမူဖန္၏အေနာက္ကေန ကားတံခါးပြင့္သံ ထြက္လာ၏ ။
ရီမူဖန္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ လက္ထဲက စီးကရက္ကို ပစ္ခ်လုိက္ေတာ့ၿပီး ေၿခေထာက္ၿဖင့္ နင္းေၿခပစ္လုိက္ကာ လွည့္ၾကည့္လုိက္ေလသည္ ။
…………………………………………………..
စာစဥ္ ၄၇၊ အခန္း ၂၂ ။ မ်က္စိကေလာစရာ
“ၿပီးသြား…”
ေၿပာေနသည့္စကားတုိ ့မွာ ညီမေလးၿဖစ္သူကို ၿမင္လုိက္သည့္အခုိက္ ေလထဲရပ္သြားေတာ့၏ ။
သူသည္ သူ ့ညီမေလး မိန္းကေလးလုိ ၀တ္စားသည္ကို သိပ္မၿမင္ခဲ့ရပါေခ် ။ ထုိစဥ္က စံအိမ္ေတာ္ၾကီးက သူတုိ ့ ့အဘိုးနွင့္အဘြားဆီ သြားလည္ၿဖစ္တုန္းကေလာက္သာလွ်င္
ၿမင္ေတြ ့ရၿခင္းၿဖစ္ပါ၏ ။
ရီ၀မ္၀မ္သည္ ကုိယ္တုိင္းခ်ဳပ္ထားသည့္ အနက္ေရာင္၀တ္စံုကုိ ၀တ္ဆင္ ထား၏ ။ သူမေလး၏ဘဲငန္းလို ေက်ာ့ရွင္းေနသည့္ လည္တုိင္ေဖြးေဖြးတြင္ ၾကိဳးေလးတစ္ၾကိဳး ပတ္ထားေခ်သည္ ။ သူမေလး၏ နက္ေမွာင္ေနသည့္ လိႈင္းတြန္ ့ဆံပင္ေလးေတြသည္ သူမေလး ပုခံုးသားေပၚ ၀ဲက်ေနေလသည္ ။ တည္ၿငိမ္ရင့္က်က္သည့္ပံုစံ တမင္ၿပင္ထားသည့္ ထိုမိတ္ကပ္ကလြဲ၍ မ်က္နွာမွာ အေရးအေၾကာင္းတစ္ခု မရွိ၊ ရွင္းသန္ ့လြန္းလွေခ်သည္ ။ အသားအရည္မွာ နွင္းပြင့္ေလးလုိ ၿဖဴစြတ္ေနၿပီး မ်က္ခံုးတုိ ့မွာ စင္ေရာ္ေတာင္မ်က္ခံုးလားနွယ္ ထင္မွတ္မွားရေစကာ၊
ပန္းေရာင္ေထြးေနသည့္ ႏႈတ္ခမ္းသားေလးတုိ ့မွာ
မတ္လတြင္ ပြင့္လန္းလာသည့္ မက္မြန္ပန္းေလးမ်ားအလားနွယ္ ။ သူမေလး၏ ရႊန္းလက္ေနေသာ မ်က္၀န္းေလးမ်ားမွာလည္း ၾကယ္စုၾကယ္ေ၀းၾကီးေတြ တစ္လက္လက္ ေတာက္ေနသလိုလုိ…
တိန္ခနဲ… “လံုး၀ၿပိဳင္ဘက္ကင္း အလွဘုရင္မ” ဆုိသည့္စာသားက ရီမူဖန္၏စိတ္ထဲ ေပၚထြက္လာေခ်သည္ ။
သူ ့အေရွ့မွ ထိုမိန္းကေလးသည္ အဘိုးေမြးေန ့ပြဲတုန္းက
ေတြ ့ခဲ့ရစဥ္ထက္ပင္ ပိုလုိ ့ ရႈမၿငီးဖြယ္အတိ ၿဖစ္ေနေလၿပီ ။
အဘိုးေမြးေန ့ပြဲက သူမေလး၏ရုတ္တရက္ၾကီး ေၿပာင္းလဲသြားၿခင္းေၾကာင့္ သူ အေတာ္ေလးေရွာ့ရခဲ့ၿပီးသားပင္ ။
သို ့ေသာ္၊ တစ္နွစ္အတြင္းမွာ ဒီေကာင္မေလးသည္ ပုိလုိ ့ပင္
ဆြံ ့အေလာက္ေအာင္ အေၿပာင္းလဲၾကီး ေၿပာင္းလဲသြားေလၿပီ ။
သူမေလး၏ရုပ္ရည္သြင္ၿပင္တင္ မဟုတ္ပါေခ် ၊
သူမေလး၏အရွိန္အ၀ါ တစ္ခုလုံးကပါ ေၿပာင္းလဲသြားၿခင္း ၿဖစ္၏ ။
သူမေလးသည္ ပိုတံုးလံုးအၿဖစ္ကေန လိပ္ၿပာတစ္ေကာင္အၿဖစ္သို ့ လြင့္လူးလာခဲ့ၿပီး လံုး၀အေရာင္စံုလွေသြးၾကြယ္လွသည့္ ေတာင္ပံတုိ့ကုိ လွစ္ဟၿပလာေလသည့္အလားပင္…
“ကိုကို…ဘယ္လုိေနလဲ၊ ၾကည့္ရတာ အဆင္ေၿပရဲ့လား”
ရီ၀မ္၀မ္က သူမေလးလည္တုိင္က ၾကိဳးေလးကို ညွိလုိက္ရင္း ေၿပာသည္ ။
“ညီမေလး အစတုန္းကေတာ့ ပန္းေရာင္၀တ္မလို ့ပါပဲ ။
ဒါေပမယ့္ ေန့တစ္၀က္ေလာက္ စဥ္းစားၿပီးေတာ့မွ ဒီေလာက္လူငယ္ဆန္တဲ့အေရာင္မ်ိဳး မ၀တ္သင့္ဘူးလို ့ ဆံုးၿဖတ္လုိက္ၿပီး စိတ္ကိုေၿပာင္းလိုက္တာ…”
သူမသည္ အရင္တုန္းက ပန္းေရာင္လုိ အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ၀တ္ရသည္ကို အရမ္းနွစ္သက္ခဲ့သည္မွန္း အမွတ္ရလုိက္မိ၏ ။ သူမေလး၏ အလုပ္အကိုင္နွင့္ အသက္အရြယ္ရလာၿခင္းေပေၾကာင့္ပဲလား ၊ မိန္းကေလးဆန္လြန္းသည့္ အေရာင္တို ့ကို သူမ တစတစ သည္းခံနုိင္ၿခင္း မရွိေတာ့ပါေခ် ။ တစထက္တစ အနက္ေရာင္ကိုသာ သူမ ပိုနွစ္ၿခိဳက္လာမိ ေနေလၿပီ ။
ရီမူဖန္က ေခါင္းကို အၾကမ္းပတမ္းရမ္းၿပလာသည္ ။
“အဆင္မေၿပဘူး…အရမ္းေပၚေနတယ္”
ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ ့ တြန္ ့ခ်ိတ္သြား၏ ။
“ပုခံုးေလးပဲ ေပၚတာပါ ကိုကိုကလည္း”
“အဲ့တာလည္း အဆင္မေၿပဘူး ။ ၿပန္သြားၿပီး ေနာက္တစ္ထည္ လဲခ်ည္ ။ ကိုကို ့ကားေနာက္ခန္းထဲမွာ အက်ီၤအပိုတစ္ထည္ ပါလာတာနဲ ့ အေတာ္ပဲ ။ အဲ့ဒါ သြားယူေပးမယ္”
ရီမူဖန္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ ကားေနာက္ခန္းထဲက အိတ္တစ္အိတ္ကုိ ထုတ္ယူလာေခ်ၿပီ ။
ရီ၀မ္၀မ္ သံသယၿဖစ္မိသြား၏ ။ သို ့ေသာ္ ရီမူဖန္၏အလုပ္ ၀ါရင့္မႈအေပၚ ယံုၾကည္ကုိးစားလုိက္ၿပီး လက္သင့္ခံလုိက္ေလသည္ ။
ထုိ ့ေနာက္တြင္ ၊
အိတ္ထဲကေန သူမေလး ထုတ္ယူလုိက္မိသည္ကား အေရာင္စံုအက်ီၤတစ္ထည္…
ထိုအက်ီၤေလးသည္ အေရာင္စံုကာ အနည္းဆံုးေတာ့ ေရာင္စံုပါသည့္ ပန္းပြင့္မ်ား အပြင့္ရာေက်ာ္ရွိေပလိမ့္မည္ ။
ထုိ ့ၿပင္ လက္ရွည္ၿဖစ္ၿပီး အက်ီၤေကာ္လံ တပ္ထားကာ ဂါ၀န္မွာလည္း ေဒါက္ဖိနပ္ကုိ ထိလုနီးနီး ရွည္လြန္းလွေပသည္..
ထုိသည္မွာ အရမ္း…မ်က္စိကေလာစရာပင္…
ထုိပန္းပြင့္အက်ီၤမွာ ကုန္ရႊီ၏ အၿဖဴေရာင္ဖဲၾကိဳးအက်ီၤထပ္ပင္ ပိုလုိ ့ ေၾကာက္စရာေကာင္းလွေခ်သည္တကား ။
ရီ၀မ္၀မ္သည္ ရႈံ ့မဲ့ကာ ထုိ၀တ္စံုကို ရီမူဖန္လက္ထဲ ၿပန္ထုိးထည့္ေပး လုိက္ေလသည္ ။
“နတ္ဘုရား ဖီးလစ္…ကိုယ့္ညီမအရင္းေခါက္ေခါက္ကို ဘယ္လုိလုပ္ ဒီလိုမ်ိဳး ဆက္ဆံရက္ရတာလဲ”
ရီမူဖန္က ေခါင္းမာစြာ ေၿပာေလသည္ ။
“မဟုတ္ဘူးေလ…၀မ္၀မ္ ၊ ေနာက္တစ္ေခါက္ေလာက္ ၾကည့္ၾကည့္ပါဦး ။ ဒီအက်ီၤက အရမ္းကို လွတာေနာ္…ဖက္ရွင္အရမ္းမုိက္တယ္…ဆန္းလည္း ဆန္းတယ္ ။ ညီမေလး နားမလည္ပါဘူး…”
ရီ၀မ္၀မ္က ပုခံုးတြန္ ့ၿပလုိက္ေလသည္ ။
“ဒါဆုိလည္း ကိုကို ့ဘာသာပဲ သိမ္းထားၿပီးေတာ့ ခ်ီးမြမ္းေနေတာ့”
ပြဲခန္းမထဲတြင္ ။
ထန္ရွင္းေဟ်ာ္သည္ ရင္နာနာၿဖင့္ ကုန္ရႊီ၏မ်က္နွာကို တြန္းပစ္ေနကာ…
“ပြစိပြစိေၿပာေနတာ ေတာ္ပါေတာ့ကြာ ။ မင္းေမးေနတာ အေခါက္ေပါင္း ၈၀၀ မကေတာ့ဘူး ။ မင္း အခု အရမ္းကို ေခ်ာတယ္၊ အရမ္း ၊ အရမ္း၊ အရမ္း၊ အရမ္း၊ အရမ္းကို ေခ်ာတယ္၊ ဟုတ္ပီလား ။ တကယ္ၾကီး ေၿပာတာ…
ငါတို ့ရဲ့သခင္ေလး ကုန္ ကို ဘယ္နတ္မိမယ္ေလးကမ်ား ဒီလုိမ်ိဳး ၿပဳစားသြားနုိင္ရတာလဲကြာ”
စိတ္ဂနာမၿငိမ္ၿဖစ္ေနသည့္ ကုန္ရႊီကို ေခ်ာ့ေမာ့ေၿပာေနရသည့္ ထန္ရွင္းေဟ်ာ္သည္ မ်က္လံုးေထာင့္စြန္းကေန တစ္စံုတစ္ရာကို ရိပ္ကနဲ လွမ္းၿမင္လုိက္၏ ။ ရီမူဖန္သည္ ဧည့္သည္ေတာ္မ်ား ၾကိဳဆုိေရးက ၀န္ထမ္း ေရွာင္ခ်န္းကို စကားေၿပာဆုိေနၿခင္းပင္ ။ ထုိ ့ေနာက္တြင္ ေရွာင္ခ်န္းသည္ ၿပံဳးၿပံဳးၿဖီးၿဖီးၾကီးၿဖင့္ ေခါင္းတညိမ့္ညိမ့္ လုပ္လာေလသည္ ။
ရီမူဖန္သည္ အၿပင္ကို ၿပန္ထြက္သြားၿပီးေနာက္ တခနအတြင္း မိန္းကေလးတစ္ေယာက္ေနာက္ကေန လုိက္ပါလာေခ်သည္…
………………………………………………………
စာစဥ္ ၄၇၊ အခန္း ၂၃ ။ ေယာက္ဖၾကီး
ရီမူဖန္နံေဘးက မိန္းကေလးသည္ ခန္းမထဲ ေၿခလွမ္းခ်လုိက္သည္နွင့္ တစ္ခန္းလံုး တိတ္ဆိတ္သြားေတာ့၏ ။
သူတို ့သည္ အသစ္တက္လာသည့္ သရဖူရွင္ မင္းသမီးသရုပ္ေဆာင္ေလးက ေခ်ာေမာလြန္းလွသည္ဟု ထင္ထားခဲ့ၾကၿခင္းၿဖစ္၏ ။ သို ့ေသာ္ သူတို ့အေရွ့က ထုိမိန္းကေလးနွင့္ ယွဥ္လုိက္ပါလ်ွင္ ထိုသရုပ္ေဆာင္ေလး မွာ ဆီနွင့္ေရသာ ဗလာအတိ ၿဖစ္သြားေတာ့ေလၿပီ ။
အနုပညာေလာကထဲက “နံပတ္ ၁ အလွမယ္” ဘြဲ ့ ရထားသည့္ လင္းခ်င္းရန္ သည္ပင္ ထုိမိန္းကေလးကို တုႏႈိင္းမမွီနုိင္ပါေခ် ။ လင္းခ်င္းရန္သည္ ပုိးစုန္းၾကဴးေလး သာသာသာ ၿဖစ္ၿပီး ထုိမိန္းကေလးသည္ကေတာ့ မြန္းတည့္ခ်ိန္ ထြက္သည့္ သူရိန္ေနမင္းၾကီး အလား ေအာက္ေမ့ရေလသည္ ။
အနက္ေရာင္၀တ္ထားသည့္တုိင္ေအာင္ပင္ သူမေလး၏ေတာက္ပမႈကုိ နည္းနည္းေလးမွ ေမွးမွိန္းသြားေစၿခင္းမရွိပါေခ် ။ ထုိအနက္ေရာင္၀တ္စံုမွာ သူမေလး၏ မ်က္စိပသာဒၿဖစ္လွသည့္ ဟန္ပန္ေလးနွင့္ ပလဲပနံသင့္ လုိက္ဖက္တင့္တယ္ေနကာ မုိးထုိးေအာင္ လွပေခ်ာေမာရက္လြန္းလွေခ်သည္တကား ။
တခနၾကာၿပီးသည့္ေနာက္တြင္ ခန္းမထဲ က်ြတ္က်ြတ္ညံလာေတာ့ကာ အားလံုး တုိးတုိးက်ိတ္က်ိတ္ၿဖင့္ သူမေလးအေၾကာင္း စကားႏိႈက္ထုတ္ကုန္ ၾကေလၿပီ ။
“ရီမူဖန္ေဘးက မိန္းကေလးက ဘယ္သူေလးပါလိမ့္ ။ အနုပညာေလာကထဲကပဲလား…ငါေတာ့ တစ္ခါမွ မၿမင္ဖူးသလိုပဲ”
“အင္ေမာ္တယ္ေခတ္က သရုပ္ေဆာင္သစ္မ်ား ၿဖစ္နုိင္မလား ။ သူတို ့ရဲ့ မ်က္နွာေတြက မိုးထိေအာင္ ေခ်ာလြန္းလွလြန္းၾကတာမလား”
“အဟမ္း…အင္ေမာ္တယ္ေခတ္က သရုပ္ေဆာင္ေတြက ဘာလို ့ အကုန္လံုး လႊတ္ေခ်ာေနၾကရတာလဲကြာ ။ အင္ေမာ္တယ္ေခတ္ကို ၀င္မယ္ဆုိရင္ ရုပ္ေခ်ာမေခ်ာကို အဓိကထားၾကည့္ၿပီး လက္ခံတာမ်ားလား”
“ဆင္ကန္းေတာတန္း ရမ္းသမ္းမွန္းမေနစမ္းနဲ ့။
ရီမူဖန္ရဲ့ သတိၾကီးၾကီး ထားေနၿပီး စိတ္လႈပ္ရွားေနတဲ့ပံုကို ၾကည့္ဦး ။ အဲ့ဒီမိန္းကေလးက သူ ့ေအဂ်င္စီက သာမန္သရုပ္ေဆာင္ေတာ့ လံုး၀မၿဖစ္နုိင္ဘူး ။
သူ ့ရဲ့လက္တြဲေဖာ္ဆုိ ေတာ္ေသးတယ္”
“လက္တြဲေဖာ္…ဟုတ္လား ။ ဒါေပမယ့္ သူတို ့နွစ္ေယာက္ သမီးရည္းစားနဲ ့ သိပ္မတူပါဘူး…”
…
အခုခ်ိန္တြင္ ကုန္ရႊီသည္ ေက်ာက္ရုပ္ၾကီးပမာ ေတာင့္ေတာင့္ၾကီး ၿဖစ္ေနၿပီး ရီမူဖန္နံေဘးက ထုိမိန္းကေလးကုိ ေငးၾကည့္ေနေလသည္ ။
“ေသာက္က်ိဳးနဲ…အ-အလွေလးပါလား ။ အဲ့မိန္းကေလး အ-အရမ္း မေခ်ာ လြန္းဘူးလား”
ကုန္ရႊီကုိ ပညာမတတ္ဘူးဟု ေၿပာဆုိေနသည့္ ထန္ရွင္းေဟ်ာ္မွာ ပထမဦးဆံုးအၾကိမ္ၿဖင့္ သူ ေ၀ါဟာရၾကြယ္ၾကြယ္ မေၿပာတတ္ေသးမွန္းကို သေဘာေပါက္သြားရေလၿပီ ။ ထုိမိန္းကေလးကုိ လွသည္ကလြဲၿပီး တၿခားစကားလံုး သူ မရွာေဖြတတ္ပါေခ် ။
ထန္ရွင္းေဟ်ာ္၏မ်က္လံုးတို ့သည္ ေတာက္ပရႊန္းစားလာၿပီး လ်ိဳခ်န္းနွင့္ကုန္ရႊီကုိ ကပ်ာကယာေမးလုိက္ေတာ့သည္ ။
“ေဟ့ ေဟ့ ေဟ့…ဖီးလစ္ေဘးက မိန္းကေလးက ဘယ္သူေလးလဲ ။
ငါ ဘာလို ့ သူ ့ကို တစ္ခါမွ မၿမင္ဖူးရတာလဲ ။ ငါ့ကုိ သူနဲ ့ မိတ္ဆက္ေပးၿပီး ဖုန္းနံပတ္ ေတာင္းေပးၾကပါလား”
ထန္ရွင္းေဟ်ာ္ ေၿပာၿပီးသြားသည့္ တခနတြင္းခ်င္းပင္ ေတြေတြေလး ေငးေမာၾကည့္ေနသည့္ ကုန္ရႊီ သည္ ေခါင္းကို ခ်ာကနဲ လွည့္လာေတာ့ၿပီး ထန္ရွင္းေဟ်ာ္အား စိမ္းစိမ္း၀ါး၀ါး ၾကည့္လာေတာ့ေလၿပီ ။
“ထန္ရွင္းေဟ်ာ္…မင္း ေသခ်င္ေနတာလား”
သားေကာင္ကုိ ကာကြယ္ေနသည့္ ဆာေလာင္ေနေသာ ၀ံပုေလြၾကီးလုိ ၿပဳက်င့္ေနေသာ ကုန္ရႊီကို ထန္ရွင္းေဟ်ာ္က ဆြံ ့အစြာၿဖင့္ လွည့္ၾကည့္လုိက္ ေလသည္ ။
“မင္းက ဘာလို ့ အဲ့ေလာက္ေတာင္ စိတ္လႈပ္ရွားေနရတာလဲ ။ ငါက မင္းရဲ့မိန္းမကို လုိက္ၾကိဳက္ေနတာမွ မဟုတ္တာ”
ကုန္ရႊီက သူ ့ကို ၾကည့္လုိက္ကာ..
“သူက ငါ့ရဲ့ သၾကားလံုးေလးကြ”
ထန္ရွင္းေဟ်ာ္ ထိတ္လန္ ့တုန္လႈပ္သြား၏ ။
“မင္း ဘာေၿပာလုိက္တာလဲ ။ သူ…သူက…သူက မင္းရဲ့သၾကားလံုးေလး… ဟုတ္လား”
ရီမူဖန္သည္ စိတ္မပါလက္မပါၿဖင့္ ကုန္ရႊီဆီ သြားေနသည့္ ရီ၀မ္၀မ္ေနာက္ကေန လုိက္ပါလာေနေလသည္ ။
သူ ့ဆီ ထုိမိန္းကေလး ေလ်ွာက္လာေနသည့္ ေၿခလွမ္းတစ္လွမ္းတုိင္း တစ္လွမ္းတုိင္းတြင္္ ကုန္ရႊီ၏နွလံုးသားေလးမွာ သိမ့္ခနဲ သိမ့္ခနဲ ၿမန္ဆန္လာ ေလသည္ ။ သူမေလးနွင့္ ရီမူဖန္တုိ ့သည္ သူ ့အေရွ့တြင္ ရပ္လုိက္ၾကသည့္ အခ်ိန္တြင္ သူ၏နွလံုးသားတစ္ခုလံုး ရင္ဘတ္ထဲကေန ခုန္ထြက္သြားၿပီး သူမေလးဆီ ပ်ံသြားေတာ့မည္လားဟု သူ ခံစားေနမိေလသည္ ။
ငါ…ငါ…သၾကားလံုးေလးအေပၚ ထားတဲ့ ငါ့ခံစားခ်က္ေတြက ေလ်ာ့မသြားေသးပါလား…
ထိုအခ်က္ကပင္ သူ၏စိတ္ခံစားခ်က္တုိ ့ လံုး၀ေၿပာင္းလဲသြားၿခင္း မရွိမွန္းကို သူ ေသခ်ာနားလည္သြားရေလၿပီ ။
ရီမူဖန္သည္ ရီ၀မ္၀မ္ကုိ ကုန္ရႊီဆီ ပို ့ေပးလုိက္ရင္း စိတ္မရွည္စြာ ေၿပာလာေလသည္ ။
“မင္း လူကို ေတြ ့ၿပီးေနၿပီပဲ ။ အခု ၿပန္သြားၿပီး မင္းအရင္ပံုစံ
ၿပန္ေနလုိ ့ရၿပီ”
ကုန္ရႊီသည္ စကားစဖုိ ့ရာ အေၿပးအလႊား စဥ္းစားေနစဥ္မွာပင္ ရီမူဖန္က ထုိသုိ ့ ၿဖတ္ေၿပာလာေလရာ ခ်က္ခ်င္းပင္ အမုန္းေဟာင္းနွင့္ အမုန္းသစ္ ေပါင္းစည္းသြားေတာ့ေလၿပီ ။
“ရီမူဖန္…ခင္ဗ်ားက ဖုိက္ခ်င္ေနတာလား”
ရီမူဖန္သည္ ၿပံဳးလုိက္ကာ လက္ေကာက္၀တ္ကို လွည့္လုိက္ရင္း…
“အဟတ္…အစကေတာ့ ငါလည္း သိပ္စိတ္မပါပါဘူး၊ ဒါေပမယ့္ မင္းက ရန္ၿဖစ္ခ်င္ေနတယ္ ဆုိရင္ေတာ့လည္း
ငါ အေဖာ္လုပ္ေပးရတာေပါ့”
ရီ၀မ္၀မ္သည္ ကူကယ္ရာမဲ့စြာၿဖင့္ ရီမူဖန္ကို ၾကည့္လုိက္ကာ…
“ကုိကို”
ညီမေလး၏သတိေပးခ်က္ေၾကာင့္ ရီမူဖန္သည္ ခ်က္ခ်င္းပင္ လက္ကုိ ရုတ္လုိက္ၿပီး…
“ဒီေကာင္က အရင္ ကိုကိုနဲ ့ ဖုိက္ခ်င္ေနတာ…”
ရီမူဖန္နွင့္ ခ်မယ္တကဲကဲ လုပ္ေနသည့္ ကုန္ရႊီ ။
ထုိမိန္းကေလး၏ ရီမူဖန္ကို “ကိုကို” ဟု ေခၚလုိက္သံကုိ ၾကားလုိက္ရခ်ိန္တြင္ လ်ွပ္စီးတုိ ့ တအံုးအံုးပစ္ခ်ခံလုိက္ရသလုိ ခံစားလုိက္ရ၏ ။ သူသည္ သူမေလးကုိ ေၾကာင္အမ္းစြာ ေငးၾကည့္ေနၿပီး…
“မင္း…ခုနက...ရီမူဖန္ကုိ ဘယ္လိုေခၚလုိက္တာလဲ ။
ကိုကို…ဟုတ္လား”
ရီ၀မ္၀မ္က ၿပန္ေၿဖသည္ ။
“ဟုတ္တယ္…သူက က်ြန္မရဲ့အစ္ကုိ ပါ”
…………………………………………………….
စာစဥ္ ၄၇၊ အခန္း ၂၄ ။ ညီမေလး ဦးေနွာက္ကို လဲမထားဘူး
ထုိမိန္းကေလး၏အေၿဖေၾကာင့္ ကုန္ရႊီ အံ့အားသင့္သြား၏ ။ သူ၏မ်က္နွာထက္တြင္ မယံုၾကည္နုိင္မႈတစ္သိန္း ၿဖစ္လို ့ေနေလၿပီ ။
အဲ့ဒီေဒါသအုိးက သၾကားလံုးေလးရဲ့အစ္ကုိ ၿဖစ္ေနတာလား ။
သၾကားလံုးေလးရဲ့အစ္ကို က ရီပုိင္ မဟုတ္ဘူးလား ။
မူဖန္က ဘာကိစၥ ၀င္ပါလာရတာလဲ ။
ကုန္ရႊီသည္ ရူးသြပ္စြာၿဖင့္ ရီမူဖန္ကုိ စုိက္ၾကည့္လုိက္သည္ ။
“ခင္ဗ်ား…ခင္ဗ်ားက သၾကားလံုးေလးရဲ့အစ္ကုိလား…မၿဖစ္နုိင္လုိက္တာ”
“တကယ္ကို စိတ္မေကာင္းပါဘူး ။ ငါက သူ ့ရဲ့အစ္ကုိ ဟုတ္တယ္ ။ အစ္ကိုေတာင္မွ တစ္ဖေအ တစ္မေအထဲကေန ေမြးထားတဲ့ အစ္ကုိအရင္းေခါက္ေခါက္”
ရီမူဖန္သည္ “အစ္ကုိအရင္းေခါက္ေခါက္” ဆုိတာၾကီးကို တမင္ပင္ ထည့္ေၿပာေနၿခင္းပင္ ။
အစ္ကို အရင္း…ဟုတ္လား ။
ရီမူဖန္တြင္ အမွန္ပင္ ညီမေလးတစ္ေယာက္ ရွိေနသည္ကို
ကုန္ရႊီ ဖ်တ္ခနဲ အမွတ္ရမိလုိက္၏ ။ သုိ ့ေသာ္ သူ တစ္ခ်ိန္လံုး ရွာေဖြေနခဲ့သည့္ သၾကားလံုးေလးမွာ ရီမူဖန္၏ညီမေလး ၿဖစ္ေနလိမ့္မည္ကိုေတာ့ သူ ဘယ္ထင္မိပါလိမ့္မည္နည္း…
ထုိ ့အၿပင္ ရီပုိင္သည္ သၾကားလံုးေလးက သူ ့ညီမပါဟု ေၿပာထားခဲ့ေသာ္လည္း သူ၏ ညီမေလးအရင္းလား၊ ၀မ္းကြဲလား ဆုိသည္ကုိ မေၿပာခဲ့ဖူးပါေခ်…
ခ်ီးပဲ…ရီမူဖန္က ေယာက္ဖၾကီးဆုိေတာ့ေကာ ဘာၿဖစ္လဲ ။
ငါ့ကို လာေနာက္ေနတာလား ။
ဒါၾကီးက လံုး၀ကုိ ယုတၱိမတန္လုိက္တာ ။ သၾကားလံုးေလးက ရီပုိင္နဲ ့ ဆင္တာ လံုး၀သိသာေနတာၾကီးကို…
ရီမူဖန္သည္ ကုန္ရႊီနွင့္ ပြဲ သံုးရာေလာက္ ႏႊဲေတာ့မည္ၿပဳလိုက္ခ်ိန္တြင္ သူ ့ဖုန္းက တတီတီၿမည္လာေလသည္ ။
ရီမူဖန္သည္ စိုးရိမ္စြာၿဖင့္ ရီ၀မ္၀မ္ေရွ့ကို ေလ်ွာက္သြားလုိက္ကာ
ကုန္ရႊီကို သတိၾကီးၾကီးၿဖင့္ ၾကည့္လုိက္ၿပီး ေၿပာလာေလသည္ ။
“ကုိကို ဖုန္းသြားေၿပာလုိက္ဦးမယ္ ။ ဒီေကာင္ကို ဂရုစုိက္ေန ။ သူ ေၿပာတဲ့စကား တစ္ခြန္းေလးမွ မယံုလုိက္နဲ ့၊ ၾကားလား”
ရီ၀မ္၀မ္က ေၿခာက္ကပ္စြာၿဖင့္ ရီမူဖန္ကို ၾကည့္လုိက္ေလသည္ ။
“ကိုကုိရာ…ညီမေလးက အ၀တ္အစားပဲ လဲလုိက္တာပါ၊ ဦးေနွာက္ကုိ လဲတာ မဟုတ္ဘူး”
ရီမူဖန္က မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လာသည္ ။
အဲ..ဟုတ္သားပဲ…
ရီ၀မ္၀မ္က ထုိသုိ ့ေၿပာလုိက္ခ်ိန္တြင္ ကုန္ရႊီ၏မ်က္၀န္းထဲ ေ၀ခြဲမရမႈတစ္ခု ဖ်တ္ခနဲထြက္လာေခ်သည္ ။
သၾကားလံုးေလး ခုနက အရမ္းခန္ ့တယ္လို ့ ငါ ဘာလို ့ ခံစားမိလုိက္တာ လဲ…
ရီမူဖန္ ထြက္သြားၿပီဆုိသည္နွင့္ ကုန္ရႊီသည္ သၾကားလံုးေလးနားသို ့ တုိးကပ္လာေခ်ၿပီ ။
သူ အၾကာၾကီးၾကာေအာင္ လုိက္ရွာေနခဲ့ရသည့္သူေလးမွာ ေနာက္ဆံုးေတာ့ သူ ့ေရွ့ကုိ ေပၚလာေခ်ၿပီ ။
ငါ အိပ္မက္မ်ားမက္ေနတာလား ။
“မ-မဂၤလာပါ…က်ြန္ေတာ့္ကို မွတ္မိေသးလား ။ မိန္းကေလး က်ြန္ေတာ့္ကို အဲ့ဒီေန ့က မုန္ ့ဆုိင္ေရွ့မွာ သၾကားလံုးတစ္ဘူး ေပးခဲ့တယ္ေလ”
ရီ၀မ္၀မ္က ေခါင္းညိတ္ၿပလုိက္သည္ ။
“မွတ္မိပါတယ္ ။ အဲ့ဒီတုန္းက ရွင္က အနုပညာရွင္တစ္ေယာက္မွန္း မသိခဲ့မိဘူး”
ကုန္ရႊီ၏မ်က္နွာထက္ ရွက္ေသြးတုိ ့ ၿဖန္းခနဲ ရဲတက္လာေခ်ၿပီ ။
“ဘာကို အနုပညာရွင္ရမွာလဲဗ်ာ..က်ြန္ေတာ္က ဒီတုိင္း ၿပသနာ လုိက္ေမႊေနတာပါ…”
ရီ၀မ္၀မ္ က ခုိးခုိးခစ္ခစ္ရယ္ေမာလာသည္ ။
“ေရႊသစ္ခြဆုေပးပြဲ အခမ္းအနားမွာ ေတြ ့ခဲ့ပါတယ္ ။ ရွင္က တကယ့္ကို ေလးစားထုိက္တဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ ။ အေကာင္းဆံုး အမ်ိဳးသားသရုပ္ေဆာင္ဆုိတဲ့ ဂုဏ္ပုဒ္နဲ ့ တကယ္ကို ထုိက္တန္ပါတယ္”
တမုဟုတ္ခ်င္းပင္ ကုန္ရႊီ၏မ်က္လံုးတို ့ ေတာက္ပသြားေတာ့သည္ ။
သူ့ကိုယ္တြင္းတြင္ အားအင္တုိ ့ တဟုန္ထုိးေၿပးစီးဆင္းလာေတာ့ကာ…
“တ-တကယ္ၾကီးလား”
ထုိအခုိက္အတန္ ့၊
ထုိဇာတ္လမ္းရုိက္ကူးစဥ္က သူ ခံစားခဲ့ရသည့္ နာက်င္ပင္ပန္းမႈအားလံုးမွာ ထုိက္တန္သည္ဟု ခံစားမိသြား၏ ။ ထုိစဥ္က ရီပုိင္ ေၿပာခဲ့သည့္စကား၏ အနက္ကိုပါ
သူ နားလည္သေဘာေပါက္မိသြားေလၿပီ ။
အရင္တုန္းက သူ ၾကိဳးၾကိဳးစားစား အလုပ္လုပ္ခဲ့မိၿခင္းကုိ အမွန္ပင္ ၀မ္းသာမိသြား၏ ။ ထို ့ေၾကာင့္သာ သူ နွစ္သက္သည့္သူေရွ့တြင္ မားမားမတ္မတ္ ရပ္ေနနုိင္ေလၿပီ မဟုတ္ပါလား ။
ကုန္ရႊီသည္ ေခါင္းကို တဗ်င္းဗ်င္းကုတ္လုိက္ၿပီး…
“အဲ့ဒီေန ့တုန္းက က်ြန္ေတာ္ အရမ္းအလ်င္လုိေနတာနဲ ့ မိန္းကေလးကို ေက်းဇူးတင္စကား ေၿပာဖုိ ့ အခ်ိန္မရလုိက္ဘူး ။ အဲ့ဒီ..အဲ့ဒီေနာက္… က်ြန္ေတာ္ မိန္းကေလးကို ေတာက္ေလ်ွာက္ လုိက္ရွာေနခဲ့တာ…”
ကုန္ရႊီ၏ သူမေလးအား ေ၀့လည္ေၾကာင္ပတ္ တသီၾကီး ေၿပာဆုိေနၿခင္းကုိ ၿမင္ေနရသည့္ ထန္ရွင္းေဟ်ာ္ခမ်ာ
ဆြံ ့အသြားရ၏ ။
“အုိး မိုင္ ေဂါ့…လ်ိဳခ်န္းေရ..ငါ့ကို ဆိတ္ဆြဲစမ္းပါ ။
ငါ အခုၿမင္ေနတာေတြ တကယ္ၾကီးလား ။ အဲ့ဒါက တကယ္ၾကီး ကုန္ရႊီလား ။ စကားသံုးခြန္းထဲမွာ မိန္းကေလးရဲ့ ဖုန္းနံပတ္ကုိလည္း မေတာင္းဘူး၊ ရည္းစားစကားလည္း မေၿပာရေသးဘူး ။ သူက တကယ္ကုိ အပ်ိဳဖ်န္းေလးလုိ စကားေတြ ေတာင္စဥ္ေရမရနဲ ့ ေလ်ွာက္ေၿပာေနပါ ေပါ့လား…”
ကုန္ရႊီသည္ ခ်က္ခ်င္းပင္ သူ၏သူငယ္ခ်င္းဆုိးၾကီးကုိ စုိက္ၾကည့္လုိက္ေခ်ၿပီ ။
“ရွဴး…တိတ္တိတ္ေနစမ္း ။ ဒီသခင္ေလးက အၿမဲတမ္း ၿဖဴၿဖဴစင္စင္ ရွိခဲ့တာပါေနာ္”
လ်ိဳခ်န္းသည္ကေတာ့ ကုန္ရႊီ၏ ၿဖစ္ပ်က္ေနသည့္ အၿပဳအမူေပၚတြင္ လုံး၀ အာရံုစိုက္မိၿခင္း မရွိေပ ။ ထုိမိန္းကေလးကိုသာ စူးစူးစုိက္စုိက္ ၾကည့္ေနေလသည္ ။
ငါ အၿမင္မွားေနတာမ်ားလား ။
ဘာလုိ ့…ဘာလုိ ့ ဒီမိန္းကေလးကို အရမ္းရင္းနွီးေနသလုိမ်ိဳး ခံစားေနရတာပါလိမ့္…
ထုိအခုိက္အတန္ ့၊ ရီမူဖန္သည္ ဖုန္းေၿပာၿပီးသြား၍ ၿမန္ၿမန္ဆန္ဆန္ပင္ ၿပန္ေရာက္လာေခ်ၿပီ ။
“ဘယ္သူ ေခၚတာလဲ”
ရီ၀မ္၀မ္က တန္းေမးလုိက္ၿခင္းပင္ ။
………………………………………………………
T/N : Good night pr.
ဒီေန႔က စာစဥ္ ၄၇ ၿပီးသြားပါၿပီ ။ စာစဥ္ ၄၈ ကိုပါ ေပါင္းတင္လိုက္ရင္ ႐ႈပ္ကုန္မွာစိုးလို႔ ေနာက္အပတ္မွပဲ အမ်ားႀကီးဖတ္ၾကေတာ့ေနာ္ 😍
......
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 47
Chapter. : 21 - 24
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄၇၊ အခန်း ၂၁။ အရမ်းစာဖွဲ့တတ်တယ်
ရီမူဖန်က တဖွဖွပြောလာသည် ။
“သူ့ကို..ဒီတိုင်း ချွေးသိပ်ထားလိုက်လို့ရော မရဘူးလား….”
ရီဝမ်ဝမ်သည် မာထန်သည့်မျက်နှာထား ဖြစ်လာကာ…
“ကလေးတစ်ယောက်ကို သင်ကြားတဲ့အခါ ဘာကတိပေးပေး အဲ့ကတိကို တည်ပြပေးရမယ်တဲ့”
ရီမူဖန်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားရ၏ ။
“ကလေးတစ်ယောက်ကို သင်ကြားတာ…ဟုတ်လား ။
မင်း အမေနေရာကနေ ဟန်ဆောင်တာ စိတ်အရမ်းနစ်ဝင်နေပြီလို့
ငါ ထင်တယ်…”
သို့သော်လည်း ကုန်ရွှီ၏အိုင်ကျူအရဆို သူ့အပေါ် ကလေးကွက်နင်းလျှင်ပင် ဘာပြသနာမှ ရှိလာလိမ့်မည် မဟုတ်ပါချေ ။
ရီမူဖန်သည် ထိုသို့ပြောဆိုပြီးနောက်တွင် စိုးရိမ်တကြီး မေးလာပြန်သည် ။
“ဝမ်ဝမ်…အင်တာနက်ပေါ်က အဲဒီကောလဟလတွေကြောင့်
ညီမလေး ဒါကို လုပ်မှာလား”
ရီဝမ်ဝမ် ပြောသည် ။
“အဲ့ဒီကောလဟလတွေက ဒီတိုင်း တစ်ယောက်စကား တစ်ယောက်နား ကြားလာကြတဲ့ စကားတွေပါ၊ ဘာမှ ထိခိုက်စရာအကြောင်းမရှိဘူး ။ အဲ့ဒါကို ရှင်းလင်းချက်ထုတ်ပြီးတော့ ဖြေရှင်းလိုက်လို့ရတယ် ။ နဲနဲလေးအလုပ်ရှုပ်သွားရရုံပဲ ရှိမှာပါ ။ ဒါပေမယ့် ကိုကို၊ အဲ့ဒီကောလဟလတွေ မထွက်လာဘူးဆိုရင်တောင်မှ ညီမလေးက ညီမလေးရဲ့သရုပ်မှန်ကို ထုတ်ပြဖို့ ကြံနေတာ ။ အဲ့တော့ ဒီနေ့…ဒီနေ့ ဘာလို့ မလုပ်ရမှာလဲ”
သူမလေးသည် ယောကျာ်းလေးလို ဝတ်ဝတ်၊ မိန်းကလေးလိုပင် ဝတ်ဝတ်၊ စီရီဟန်အတွက် ဘာမှမထူးခြားတော့ပါချေ ။
ထို့ကြောင့် ရီ မိသားစုကို သူမအကြောင်း ထုတ်ပြဖို့ အချိန်တန်လေပြီ ။
ဒီနေ့တွင် လူတိုင်းသည် ရှိနေကြသောကြောင့် သူမသည် အားလုံးကို ကိုင်တွယ်လိုက်နိုင်သည် ။ မည်မျှပင် အခန့်သင့်လိုက်လေသည်နည်း ။
ရီမူဖန်သည်လည်း ထိုအချက်ကို နားလည်လိုက်သောကြောင့်
ဘာမှ ပြောမလာတော့ပါချေ ။ သူသည် တဗျစ်တောက်တောက် ပြောဆိုလာရုံမျှသာ ပြုတော့လေသည် ။
“အဲ့ဒီကောင်စုတ်လေး ကုန်ရွှီက ဘာမှမလုပ်ဘဲ အလကားနေပြီး ဆုရဦးမယ်…”
“ကားသော့ ဘယ်မှာလဲ ။ ညီမလေးအဝတ်အစားတွေက ကားနောက်ခန်းထဲမှာ”
“တုံကျိုက်ဆီမှာ ။ ကိုကို ညီမလေးနဲ့ လိုက်ခဲ့မယ်”
…
ပွဲခန်းမအတွင်းတွင် ။
ကုန်ရွှီသည် လျိုချန်းကို ဆွဲခေါ်လိုက်လေပြီ ။
“ငတုံးကောင်…မြန်မြန်လေး၊ ဒီကို လာဦး ။ ငါ့ကို ကြည့်”
လျိုချန်းက မျက်မှောင်ကြုတ်သွား၏ ။
“ဘာဖြစ်လို့လဲ”
“ငါ့ကို ကြည့်ကြည့်စမ်းပါ၊ သေသေချာချာလေး ကြည့် ။ ဘယ်လို ခံစားရလဲ”
လျိုချန်းသည် တခနလောက် တွေဝေနေပြီး မေးလာသည် ။
“မင်း…ထပ်ပြီး အူတိုနေပြန်ပြီလား”
တမုဟုတ်ချင်းပင် ကုန်ရွှီ၏မျက်နှာ မည်းပုတ်သွားတော့၏ ။
“ဟာကွာ…ငါ့ပုံစံ ဘယ်လိုနေလဲလို့ မေးတာကွ ။ ဘယ်လိုလဲ… ငါ့အဝတ်အစားတွေ သပ်သပ်ရပ်ရပ် ရှိရဲ့လား ၊ ငါ့ဆံပင်ကော ရှုပ်ပွနေလား ။ ငါ့အသားအရေရော…ဘယ်လိုလဲ ။ ငါ့မေးစေ့မှာ ဝက်ခြံရှိနေလား”
“…”
ထန်ရှင်းဟျော်က အကျယ်ကြီးဟားတိုက်လာတော့လေပြီ ။
“ဟားဟားဟား…ကုန်ရွှီ…မင်း ဒီတစ်ခေါက်ကော ဘယ်နေရာက ပလပ်ကျွတ်သွားပြန်ပြီလဲ”
ကုန်ရွှီသည် အချစ်နာကျနေသည့်လုံမလေးနှယ်၊
ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလာတော့သည် ။
“ငါ…ငါ…ငါ့နတ်မိမယ်လေးကို တွေ့ရတော့မယ်ကွ”
ထန်ရှင်းဟျော်က မျက်ခုံးပင့်သွားလေပြီ ။
“မင်းရဲ့နတ်မိမယ်လား…မင်း နတ်မိမယ်က ဘယ်သူလဲ”
ကုန်ရွှီက မျက်လုံးလှန်ကြည့်လာသည် ။
“ငါ့နတ်မိမယ် ဘယ်သူလဲ မင်း မသိဘူးလား”
“အာ…မင်း လိုက်ရှာနေတဲ့သူများလား ။
အဲ့ဒီ သကြား…သကြားလုံးလေး ဆိုတာလား…”
“အေးပေါ့ကွ ။ ငါ့ရဲ့သကြားလုံးလေး…ငါ ဆုရရင်
အစ်ကို ရီ က သကြားလုံးလေးနဲ့ တွေ့ခွင့်ပေးမယ်လို့ ကတိပေးထားတယ် ။ ပြီးတော့လည်း ပြောသေးတယ်၊ သကြားလုံးလေး ခနနေရင် ရောက်လာတော့မယ်တဲ့”
ထိုသို့ပြောလိုက်ရင်း ကုန်ရွှီသည် စိုးရိမ်တကြီး တံခါးဝဆီသို့ ကြည့်လိုက်လေသည် ။
ထန်ရှန်းဟျော်၏မျက်လုံးတို့လည်း လင်းထိန်သွားတော့၏ ။ သူ၏စိတ်ဝင်စားမှုတို့ မြင့်တက်လာတော့ကာ..
“မင်း နေ့တိုင်း သူ့အကြောင်း တဖွဖွပြောရလောက်အောင်၊ ပါတီပွဲတက်တာကို တစ်နှစ်လုံးလုံးတောင် နားထားနိုင်ရလောက်အောင် သူက မင်းကို တကယ်ကြီး ဆွဲဆောင်ထားနိုင်တာပဲ ။ နေစမ်းပါဦး..
အဲ့ဒီ သကြားလုံးလေးက ဘယ်လောက်တောင်မှ လှနေလို့လဲ”
ကုန်ရွှီက မှုန်သုန်စွာ သူ့ကို ကြည့်လာလေပြီ ။
“ဘယ်လောက်တောင် လှတာလဲ…ဟုတ်လား ။
စာဖွဲ့လို့မမှီအောင်ကို လှတာကွ ။ မင်း စာမသင်ခဲ့ရဘူးလား ။ င့ါရဲ့သကြားလုံးလေးက ‘လှတယ်’ ဆိုတဲ့စကားနဲ့ သာမန်စာဖွဲ့ပြလို့ကို မရဘူးကွ”
ထန်ရှင်းဟျော်က နှိမ့်နှိမ့်ချချလေး မေးလေသည် ။
“ဒါဆို…ငါ သူ့ကို ဘယ်လိုစာဖွဲ့ရမှာလဲ”
ကုန်ရွှီသည် အလေးအနက်ကြီး စဉ်းစားတွေးတောကြည့်လိုက်လေပြီ ။
“အင်း…အရမ်း…အရမ်း…အရမ်း…အရမ်း…အရမ်းကို လှတယ်”
ထန်ရှင်းဟျော်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားတော့၏ ။
“မင်းကလည်း ဘာမှမထူးဘဲနဲ့၊ တော်တော်စာတတ်တဲ့ကောင်…”
…
ဘတ်စ်ကား အပြင်ဘက်တွင် ၊
ရီမူဖန်သည် ဆေးလိပ်ဖွာရှိုက်ရင်း စိတ်လိုလက်ရ စောင့်ပေးနေလေ သည် ။
ရီဝမ်ဝမ်သည် အဝတ်အစား မြန်မြန်ဆန်ဆန်ပင် လဲပြီးသွားချေပြီ ။ အားလုံးပြင်ဆင်ခြယ်သပြီးသွားသည်မှာ ဆယ်မိနစ်ပင် မကြာလိုက်ပါချေ ။
ရီမူဖန်၏အနောက်ကနေ ကားတံခါးပွင့်သံ ထွက်လာ၏ ။
ရီမူဖန်သည် မြန်မြန်ဆန်ဆန်ပင် လက်ထဲက စီးကရက်ကို ပစ်ချလိုက်တော့ပြီး ခြေထောက်ဖြင့် နင်းခြေပစ်လိုက်ကာ လှည့်ကြည့်လိုက်လေသည် ။
…………………………………………………..
စာစဉ် ၄၇၊ အခန်း ၂၂ ။ မျက်စိကလောစရာ
“ပြီးသွား…”
ပြောနေသည့်စကားတို့မှာ ညီမလေးဖြစ်သူကို မြင်လိုက်သည့်အခိုက် လေထဲရပ်သွားတော့၏ ။
သူသည် သူ့ညီမလေး မိန်းကလေးလို ဝတ်စားသည်ကို သိပ်မမြင်ခဲ့ရပါချေ ။ ထိုစဉ်က စံအိမ်တော်ကြီးက သူတို့အဘိုးနှင့်အဘွားဆီ သွားလည်ဖြစ်တုန်းကလောက်သာလျှင်
မြင်တွေ့ရခြင်းဖြစ်ပါ၏ ။
ရီဝမ်ဝမ်သည် ကိုယ်တိုင်းချုပ်ထားသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင် ထား၏ ။ သူမလေး၏ဘဲငန်းလို ကျော့ရှင်းနေသည့် လည်တိုင်ဖွေးဖွေးတွင် ကြိုးလေးတစ်ကြိုး ပတ်ထားချေသည် ။ သူမလေး၏ နက်မှောင်နေသည့် လှိုင်းတွန့်ဆံပင်လေးတွေသည် သူမလေး ပုခုံးသားပေါ် ဝဲကျနေလေသည် ။ တည်ငြိမ်ရင့်ကျက်သည့်ပုံစံ တမင်ပြင်ထားသည့် ထိုမိတ်ကပ်ကလွဲ၍ မျက်နှာမှာ အရေးအကြောင်းတစ်ခု မရှိ၊ ရှင်းသန့်လွန်းလှချေသည် ။ အသားအရည်မှာ နှင်းပွင့်လေးလို ဖြူစွတ်နေပြီး မျက်ခုံးတို့မှာ စင်ရော်တောင်မျက်ခုံးလားနှယ် ထင်မှတ်မှားရစေကာ၊
ပန်းရောင်ထွေးနေသည့် နှုတ်ခမ်းသားလေးတို့မှာ
မတ်လတွင် ပွင့်လန်းလာသည့် မက်မွန်ပန်းလေးများအလားနှယ် ။ သူမလေး၏ ရွှန်းလက်နေသော မျက်ဝန်းလေးများမှာလည်း ကြယ်စုကြယ်ဝေးကြီးတွေ တစ်လက်လက် တောက်နေသလိုလို…
တိန်ခနဲ… “လုံးဝပြိုင်ဘက်ကင်း အလှဘုရင်မ” ဆိုသည့်စာသားက ရီမူဖန်၏စိတ်ထဲ ပေါ်ထွက်လာချေသည် ။
သူ့အရှေ့မှ ထိုမိန်းကလေးသည် အဘိုးမွေးနေ့ပွဲတုန်းက
တွေ့ခဲ့ရစဉ်ထက်ပင် ပိုလို့ ရှုမငြီးဖွယ်အတိ ဖြစ်နေလေပြီ ။
အဘိုးမွေးနေ့ပွဲက သူမလေး၏ရုတ်တရက်ကြီး ပြောင်းလဲသွားခြင်းကြောင့် သူ အတော်လေးရှော့ရခဲ့ပြီးသားပင် ။
သို့သော်၊ တစ်နှစ်အတွင်းမှာ ဒီကောင်မလေးသည် ပိုလို့ပင်
ဆွံ့အလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားလေပြီ ။
သူမလေး၏ရုပ်ရည်သွင်ပြင်တင် မဟုတ်ပါချေ ၊
သူမလေး၏အရှိန်အဝါ တစ်ခုလုံးကပါ ပြောင်းလဲသွားခြင်း ဖြစ်၏ ။
သူမလေးသည် ပိုတုံးလုံးအဖြစ်ကနေ လိပ်ပြာတစ်ကောင်အဖြစ်သို့ လွင့်လူးလာခဲ့ပြီး လုံးဝအရောင်စုံလှသွေးကြွယ်လှသည့် တောင်ပံတို့ကို လှစ်ဟပြလာလေသည့်အလားပင်…
“ကိုကို…ဘယ်လိုနေလဲ၊ ကြည့်ရတာ အဆင်ပြေရဲ့လား”
ရီဝမ်ဝမ်က သူမလေးလည်တိုင်က ကြိုးလေးကို ညှိလိုက်ရင်း ပြောသည် ။
“ညီမလေး အစတုန်းကတော့ ပန်းရောင်ဝတ်မလို့ပါပဲ ။
ဒါပေမယ့် နေ့တစ်ဝက်လောက် စဉ်းစားပြီးတော့မှ ဒီလောက်လူငယ်ဆန်တဲ့အရောင်မျိုး မဝတ်သင့်ဘူးလို့ ဆုံးဖြတ်လိုက်ပြီး စိတ်ကိုပြောင်းလိုက်တာ…”
သူမသည် အရင်တုန်းက ပန်းရောင်လို အရောင်ဖျော့ဖျော့လေးတွေ ဝတ်ရသည်ကို အရမ်းနှစ်သက်ခဲ့သည်မှန်း အမှတ်ရလိုက်မိ၏ ။ သူမလေး၏ အလုပ်အကိုင်နှင့် အသက်အရွယ်ရလာခြင်းပေကြောင့်ပဲလား ၊ မိန်းကလေးဆန်လွန်းသည့် အရောင်တို့ကို သူမ တစတစ သည်းခံနိုင်ခြင်း မရှိတော့ပါချေ ။ တစထက်တစ အနက်ရောင်ကိုသာ သူမ ပိုနှစ်ခြိုက်လာမိ နေလေပြီ ။
ရီမူဖန်က ခေါင်းကို အကြမ်းပတမ်းရမ်းပြလာသည် ။
“အဆင်မပြေဘူး…အရမ်းပေါ်နေတယ်”
ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွား၏ ။
“ပုခုံးလေးပဲ ပေါ်တာပါ ကိုကိုကလည်း”
“အဲ့တာလည်း အဆင်မပြေဘူး ။ ပြန်သွားပြီး နောက်တစ်ထည် လဲချည် ။ ကိုကို့ကားနောက်ခန်းထဲမှာ အကျီၤအပိုတစ်ထည် ပါလာတာနဲ့ အတော်ပဲ ။ အဲ့ဒါ သွားယူပေးမယ်”
ရီမူဖန်သည် မြန်မြန်ဆန်ဆန်ပင် ကားနောက်ခန်းထဲက အိတ်တစ်အိတ်ကို ထုတ်ယူလာချေပြီ ။
ရီဝမ်ဝမ် သံသယဖြစ်မိသွား၏ ။ သို့သော် ရီမူဖန်၏အလုပ် ဝါရင့်မှုအပေါ် ယုံကြည်ကိုးစားလိုက်ပြီး လက်သင့်ခံလိုက်လေသည် ။
ထို့နောက်တွင် ၊
အိတ်ထဲကနေ သူမလေး ထုတ်ယူလိုက်မိသည်ကား အရောင်စုံအကျီၤတစ်ထည်…
ထိုအကျီၤလေးသည် အရောင်စုံကာ အနည်းဆုံးတော့ ရောင်စုံပါသည့် ပန်းပွင့်များ အပွင့်ရာကျော်ရှိပေလိမ့်မည် ။
ထို့ပြင် လက်ရှည်ဖြစ်ပြီး အကျီၤကော်လံ တပ်ထားကာ ဂါဝန်မှာလည်း ဒေါက်ဖိနပ်ကို ထိလုနီးနီး ရှည်လွန်းလှပေသည်..
ထိုသည်မှာ အရမ်း…မျက်စိကလောစရာပင်…
ထိုပန်းပွင့်အကျီၤမှာ ကုန်ရွှီ၏ အဖြူရောင်ဖဲကြိုးအကျီၤထပ်ပင် ပိုလို့ ကြောက်စရာကောင်းလှချေသည်တကား ။
ရီဝမ်ဝမ်သည် ရှုံ့မဲ့ကာ ထိုဝတ်စုံကို ရီမူဖန်လက်ထဲ ပြန်ထိုးထည့်ပေး လိုက်လေသည် ။
“နတ်ဘုရား ဖီးလစ်…ကိုယ့်ညီမအရင်းခေါက်ခေါက်ကို ဘယ်လိုလုပ် ဒီလိုမျိုး ဆက်ဆံရက်ရတာလဲ”
ရီမူဖန်က ခေါင်းမာစွာ ပြောလေသည် ။
“မဟုတ်ဘူးလေ…ဝမ်ဝမ် ၊ နောက်တစ်ခေါက်လောက် ကြည့်ကြည့်ပါဦး ။ ဒီအကျီၤက အရမ်းကို လှတာနော်…ဖက်ရှင်အရမ်းမိုက်တယ်…ဆန်းလည်း ဆန်းတယ် ။ ညီမလေး နားမလည်ပါဘူး…”
ရီဝမ်ဝမ်က ပုခုံးတွန့်ပြလိုက်လေသည် ။
“ဒါဆိုလည်း ကိုကို့ဘာသာပဲ သိမ်းထားပြီးတော့ ချီးမွမ်းနေတော့”
ပွဲခန်းမထဲတွင် ။
ထန်ရှင်းဟျော်သည် ရင်နာနာဖြင့် ကုန်ရွှီ၏မျက်နှာကို တွန်းပစ်နေကာ…
“ပွစိပွစိပြောနေတာ တော်ပါတော့ကွာ ။ မင်းမေးနေတာ အခေါက်ပေါင်း ၈၀၀ မကတော့ဘူး ။ မင်း အခု အရမ်းကို ချောတယ်၊ အရမ်း ၊ အရမ်း၊ အရမ်း၊ အရမ်း၊ အရမ်းကို ချောတယ်၊ ဟုတ်ပီလား ။ တကယ်ကြီး ပြောတာ…
ငါတို့ရဲ့သခင်လေး ကုန် ကို ဘယ်နတ်မိမယ်လေးကများ ဒီလိုမျိုး ပြုစားသွားနိုင်ရတာလဲကွာ”
စိတ်ဂနာမငြိမ်ဖြစ်နေသည့် ကုန်ရွှီကို ချော့မော့ပြောနေရသည့် ထန်ရှင်းဟျော်သည် မျက်လုံးထောင့်စွန်းကနေ တစ်စုံတစ်ရာကို ရိပ်ကနဲ လှမ်းမြင်လိုက်၏ ။ ရီမူဖန်သည် ဧည့်သည်တော်များ ကြိုဆိုရေးက ဝန်ထမ်း ရှောင်ချန်းကို စကားပြောဆိုနေခြင်းပင် ။ ထို့နောက်တွင် ရှောင်ချန်းသည် ပြုံးပြုံးဖြီးဖြီးကြီးဖြင့် ခေါင်းတညိမ့်ညိမ့် လုပ်လာလေသည် ။
ရီမူဖန်သည် အပြင်ကို ပြန်ထွက်သွားပြီးနောက် တခနအတွင်း မိန်းကလေးတစ်ယောက်နောက်ကနေ လိုက်ပါလာချေသည်…
………………………………………………………
စာစဉ် ၄၇၊ အခန်း ၂၃ ။ ယောက်ဖကြီး
ရီမူဖန်နံဘေးက မိန်းကလေးသည် ခန်းမထဲ ခြေလှမ်းချလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့၏ ။
သူတို့သည် အသစ်တက်လာသည့် သရဖူရှင် မင်းသမီးသရုပ်ဆောင်လေးက ချောမောလွန်းလှသည်ဟု ထင်ထားခဲ့ကြခြင်းဖြစ်၏ ။ သို့သော် သူတို့အရှေ့က ထိုမိန်းကလေးနှင့် ယှဉ်လိုက်ပါလျှင် ထိုသရုပ်ဆောင်လေး မှာ ဆီနှင့်ရေသာ ဗလာအတိ ဖြစ်သွားတော့လေပြီ ။
အနုပညာလောကထဲက “နံပတ် ၁ အလှမယ်” ဘွဲ့ ရထားသည့် လင်းချင်းရန် သည်ပင် ထိုမိန်းကလေးကို တုနှိုင်းမမှီနိုင်ပါချေ ။ လင်းချင်းရန်သည် ပိုးစုန်းကြူးလေး သာသာသာ ဖြစ်ပြီး ထိုမိန်းကလေးသည်ကတော့ မွန်းတည့်ချိန် ထွက်သည့် သူရိန်နေမင်းကြီး အလား အောက်မေ့ရလေသည် ။
အနက်ရောင်ဝတ်ထားသည့်တိုင်အောင်ပင် သူမလေး၏တောက်ပမှုကို နည်းနည်းလေးမှ မှေးမှိန်းသွားစေခြင်းမရှိပါချေ ။ ထိုအနက်ရောင်ဝတ်စုံမှာ သူမလေး၏ မျက်စိပသာဒဖြစ်လှသည့် ဟန်ပန်လေးနှင့် ပလဲပနံသင့် လိုက်ဖက်တင့်တယ်နေကာ မိုးထိုးအောင် လှပချောမောရက်လွန်းလှချေသည်တကား ။
တခနကြာပြီးသည့်နောက်တွင် ခန်းမထဲ ကျွတ်ကျွတ်ညံလာတော့ကာ အားလုံး တိုးတိုးကျိတ်ကျိတ်ဖြင့် သူမလေးအကြောင်း စကားနှိုက်ထုတ်ကုန် ကြလေပြီ ။
“ရီမူဖန်ဘေးက မိန်းကလေးက ဘယ်သူလေးပါလိမ့် ။ အနုပညာလောကထဲကပဲလား…ငါတော့ တစ်ခါမှ မမြင်ဖူးသလိုပဲ”
“အင်မော်တယ်ခေတ်က သရုပ်ဆောင်သစ်များ ဖြစ်နိုင်မလား ။ သူတို့ရဲ့ မျက်နှာတွေက မိုးထိအောင် ချောလွန်းလှလွန်းကြတာမလား”
“အဟမ်း…အင်မော်တယ်ခေတ်က သရုပ်ဆောင်တွေက ဘာလို့ အကုန်လုံး လွှတ်ချောနေကြရတာလဲကွာ ။ အင်မော်တယ်ခေတ်ကို ဝင်မယ်ဆိုရင် ရုပ်ချောမချောကို အဓိကထားကြည့်ပြီး လက်ခံတာများလား”
“ဆင်ကန်းတောတန်း ရမ်းသမ်းမှန်းမနေစမ်းနဲ့။
ရီမူဖန်ရဲ့ သတိကြီးကြီး ထားနေပြီး စိတ်လှုပ်ရှားနေတဲ့ပုံကို ကြည့်ဦး ။ အဲ့ဒီမိန်းကလေးက သူ့အေဂျင်စီက သာမန်သရုပ်ဆောင်တော့ လုံးဝမဖြစ်နိုင်ဘူး ။
သူ့ရဲ့လက်တွဲဖော်ဆို တော်သေးတယ်”
“လက်တွဲဖော်…ဟုတ်လား ။ ဒါပေမယ့် သူတို့နှစ်ယောက် သမီးရည်းစားနဲ့ သိပ်မတူပါဘူး…”
…
အခုချိန်တွင် ကုန်ရွှီသည် ကျောက်ရုပ်ကြီးပမာ တောင့်တောင့်ကြီး ဖြစ်နေပြီး ရီမူဖန်နံဘေးက ထိုမိန်းကလေးကို ငေးကြည့်နေလေသည် ။
“သောက်ကျိုးနဲ…အ-အလှလေးပါလား ။ အဲ့မိန်းကလေး အ-အရမ်း မချော လွန်းဘူးလား”
ကုန်ရွှီကို ပညာမတတ်ဘူးဟု ပြောဆိုနေသည့် ထန်ရှင်းဟျော်မှာ ပထမဦးဆုံးအကြိမ်ဖြင့် သူ ဝေါဟာရကြွယ်ကြွယ် မပြောတတ်သေးမှန်းကို သဘောပေါက်သွားရလေပြီ ။ ထိုမိန်းကလေးကို လှသည်ကလွဲပြီး တခြားစကားလုံး သူ မရှာဖွေတတ်ပါချေ ။
ထန်ရှင်းဟျော်၏မျက်လုံးတို့သည် တောက်ပရွှန်းစားလာပြီး လျိုချန်းနှင့်ကုန်ရွှီကို ကပျာကယာမေးလိုက်တော့သည် ။
“ဟေ့ ဟေ့ ဟေ့…ဖီးလစ်ဘေးက မိန်းကလေးက ဘယ်သူလေးလဲ ။
ငါ ဘာလို့ သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ ။ ငါ့ကို သူနဲ့ မိတ်ဆက်ပေးပြီး ဖုန်းနံပတ် တောင်းပေးကြပါလား”
ထန်ရှင်းဟျော် ပြောပြီးသွားသည့် တခနတွင်းချင်းပင် တွေတွေလေး ငေးမောကြည့်နေသည့် ကုန်ရွှီ သည် ခေါင်းကို ချာကနဲ လှည့်လာတော့ပြီး ထန်ရှင်းဟျော်အား စိမ်းစိမ်းဝါးဝါး ကြည့်လာတော့လေပြီ ။
“ထန်ရှင်းဟျော်…မင်း သေချင်နေတာလား”
သားကောင်ကို ကာကွယ်နေသည့် ဆာလောင်နေသော ဝံပုလွေကြီးလို ပြုကျင့်နေသော ကုန်ရွှီကို ထန်ရှင်းဟျော်က ဆွံ့အစွာဖြင့် လှည့်ကြည့်လိုက် လေသည် ။
“မင်းက ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ ။ ငါက မင်းရဲ့မိန်းမကို လိုက်ကြိုက်နေတာမှ မဟုတ်တာ”
ကုန်ရွှီက သူ့ကို ကြည့်လိုက်ကာ..
“သူက ငါ့ရဲ့ သကြားလုံးလေးကွ”
ထန်ရှင်းဟျော် ထိတ်လန့်တုန်လှုပ်သွား၏ ။
“မင်း ဘာပြောလိုက်တာလဲ ။ သူ…သူက…သူက မင်းရဲ့သကြားလုံးလေး… ဟုတ်လား”
ရီမူဖန်သည် စိတ်မပါလက်မပါဖြင့် ကုန်ရွှီဆီ သွားနေသည့် ရီဝမ်ဝမ်နောက်ကနေ လိုက်ပါလာနေလေသည် ။
သူ့ဆီ ထိုမိန်းကလေး လျှောက်လာနေသည့် ခြေလှမ်းတစ်လှမ်းတိုင်း တစ်လှမ်းတိုင်းတွင် ကုန်ရွှီ၏နှလုံးသားလေးမှာ သိမ့်ခနဲ သိမ့်ခနဲ မြန်ဆန်လာ လေသည် ။ သူမလေးနှင့် ရီမူဖန်တို့သည် သူ့အရှေ့တွင် ရပ်လိုက်ကြသည့် အချိန်တွင် သူ၏နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲကနေ ခုန်ထွက်သွားပြီး သူမလေးဆီ ပျံသွားတော့မည်လားဟု သူ ခံစားနေမိလေသည် ။
ငါ…ငါ…သကြားလုံးလေးအပေါ် ထားတဲ့ ငါ့ခံစားချက်တွေက လျော့မသွားသေးပါလား…
ထိုအချက်ကပင် သူ၏စိတ်ခံစားချက်တို့ လုံးဝပြောင်းလဲသွားခြင်း မရှိမှန်းကို သူ သေချာနားလည်သွားရလေပြီ ။
ရီမူဖန်သည် ရီဝမ်ဝမ်ကို ကုန်ရွှီဆီ ပို့ပေးလိုက်ရင်း စိတ်မရှည်စွာ ပြောလာလေသည် ။
“မင်း လူကို တွေ့ပြီးနေပြီပဲ ။ အခု ပြန်သွားပြီး မင်းအရင်ပုံစံ
ပြန်နေလို့ရပြီ”
ကုန်ရွှီသည် စကားစဖို့ရာ အပြေးအလွှား စဉ်းစားနေစဉ်မှာပင် ရီမူဖန်က ထိုသို့ ဖြတ်ပြောလာလေရာ ချက်ချင်းပင် အမုန်းဟောင်းနှင့် အမုန်းသစ် ပေါင်းစည်းသွားတော့လေပြီ ။
“ရီမူဖန်…ခင်ဗျားက ဖိုက်ချင်နေတာလား”
ရီမူဖန်သည် ပြုံးလိုက်ကာ လက်ကောက်ဝတ်ကို လှည့်လိုက်ရင်း…
“အဟတ်…အစကတော့ ငါလည်း သိပ်စိတ်မပါပါဘူး၊ ဒါပေမယ့် မင်းက ရန်ဖြစ်ချင်နေတယ် ဆိုရင်တော့လည်း
ငါ အဖော်လုပ်ပေးရတာပေါ့”
ရီဝမ်ဝမ်သည် ကူကယ်ရာမဲ့စွာဖြင့် ရီမူဖန်ကို ကြည့်လိုက်ကာ…
“ကိုကို”
ညီမလေး၏သတိပေးချက်ကြောင့် ရီမူဖန်သည် ချက်ချင်းပင် လက်ကို ရုတ်လိုက်ပြီး…
“ဒီကောင်က အရင် ကိုကိုနဲ့ ဖိုက်ချင်နေတာ…”
ရီမူဖန်နှင့် ချမယ်တကဲကဲ လုပ်နေသည့် ကုန်ရွှီ ။
ထိုမိန်းကလေး၏ ရီမူဖန်ကို “ကိုကို” ဟု ခေါ်လိုက်သံကို ကြားလိုက်ရချိန်တွင် လျှပ်စီးတို့ တအုံးအုံးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏ ။ သူသည် သူမလေးကို ကြောင်အမ်းစွာ ငေးကြည့်နေပြီး…
“မင်း…ခုနက...ရီမူဖန်ကို ဘယ်လိုခေါ်လိုက်တာလဲ ။
ကိုကို…ဟုတ်လား”
ရီဝမ်ဝမ်က ပြန်ဖြေသည် ။
“ဟုတ်တယ်…သူက ကျွန်မရဲ့အစ်ကို ပါ”
…………………………………………………….
စာစဉ် ၄၇၊ အခန်း ၂၄ ။ ညီမလေး ဦးနှောက်ကို လဲမထားဘူး
ထိုမိန်းကလေး၏အဖြေကြောင့် ကုန်ရွှီ အံ့အားသင့်သွား၏ ။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုတစ်သိန်း ဖြစ်လို့နေလေပြီ ။
အဲ့ဒီဒေါသအိုးက သကြားလုံးလေးရဲ့အစ်ကို ဖြစ်နေတာလား ။
သကြားလုံးလေးရဲ့အစ်ကို က ရီပိုင် မဟုတ်ဘူးလား ။
မူဖန်က ဘာကိစ္စ ဝင်ပါလာရတာလဲ ။
ကုန်ရွှီသည် ရူးသွပ်စွာဖြင့် ရီမူဖန်ကို စိုက်ကြည့်လိုက်သည် ။
“ခင်ဗျား…ခင်ဗျားက သကြားလုံးလေးရဲ့အစ်ကိုလား…မဖြစ်နိုင်လိုက်တာ”
“တကယ်ကို စိတ်မကောင်းပါဘူး ။ ငါက သူ့ရဲ့အစ်ကို ဟုတ်တယ် ။ အစ်ကိုတောင်မှ တစ်ဖအေ တစ်မအေထဲကနေ မွေးထားတဲ့ အစ်ကိုအရင်းခေါက်ခေါက်”
ရီမူဖန်သည် “အစ်ကိုအရင်းခေါက်ခေါက်” ဆိုတာကြီးကို တမင်ပင် ထည့်ပြောနေခြင်းပင် ။
အစ်ကို အရင်း…ဟုတ်လား ။
ရီမူဖန်တွင် အမှန်ပင် ညီမလေးတစ်ယောက် ရှိနေသည်ကို
ကုန်ရွှီ ဖျတ်ခနဲ အမှတ်ရမိလိုက်၏ ။ သို့သော် သူ တစ်ချိန်လုံး ရှာဖွေနေခဲ့သည့် သကြားလုံးလေးမှာ ရီမူဖန်၏ညီမလေး ဖြစ်နေလိမ့်မည်ကိုတော့ သူ ဘယ်ထင်မိပါလိမ့်မည်နည်း…
ထို့အပြင် ရီပိုင်သည် သကြားလုံးလေးက သူ့ညီမပါဟု ပြောထားခဲ့သော်လည်း သူ၏ ညီမလေးအရင်းလား၊ ဝမ်းကွဲလား ဆိုသည်ကို မပြောခဲ့ဖူးပါချေ…
ချီးပဲ…ရီမူဖန်က ယောက်ဖကြီးဆိုတော့ကော ဘာဖြစ်လဲ ။
ငါ့ကို လာနောက်နေတာလား ။
ဒါကြီးက လုံးဝကို ယုတ္တိမတန်လိုက်တာ ။ သကြားလုံးလေးက ရီပိုင်နဲ့ ဆင်တာ လုံးဝသိသာနေတာကြီးကို…
ရီမူဖန်သည် ကုန်ရွှီနှင့် ပွဲ သုံးရာလောက် နွှဲတော့မည်ပြုလိုက်ချိန်တွင် သူ့ဖုန်းက တတီတီမြည်လာလေသည် ။
ရီမူဖန်သည် စိုးရိမ်စွာဖြင့် ရီဝမ်ဝမ်ရှေ့ကို လျှောက်သွားလိုက်ကာ
ကုန်ရွှီကို သတိကြီးကြီးဖြင့် ကြည့်လိုက်ပြီး ပြောလာလေသည် ။
“ကိုကို ဖုန်းသွားပြောလိုက်ဦးမယ် ။ ဒီကောင်ကို ဂရုစိုက်နေ ။ သူ ပြောတဲ့စကား တစ်ခွန်းလေးမှ မယုံလိုက်နဲ့၊ ကြားလား”
ရီဝမ်ဝမ်က ခြောက်ကပ်စွာဖြင့် ရီမူဖန်ကို ကြည့်လိုက်လေသည် ။
“ကိုကိုရာ…ညီမလေးက အဝတ်အစားပဲ လဲလိုက်တာပါ၊ ဦးနှောက်ကို လဲတာ မဟုတ်ဘူး”
ရီမူဖန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာသည် ။
အဲ..ဟုတ်သားပဲ…
ရီဝမ်ဝမ်က ထိုသို့ပြောလိုက်ချိန်တွင် ကုန်ရွှီ၏မျက်ဝန်းထဲ ဝေခွဲမရမှုတစ်ခု ဖျတ်ခနဲထွက်လာချေသည် ။
သကြားလုံးလေး ခုနက အရမ်းခန့်တယ်လို့ ငါ ဘာလို့ ခံစားမိလိုက်တာ လဲ…
ရီမူဖန် ထွက်သွားပြီဆိုသည်နှင့် ကုန်ရွှီသည် သကြားလုံးလေးနားသို့ တိုးကပ်လာချေပြီ ။
သူ အကြာကြီးကြာအောင် လိုက်ရှာနေခဲ့ရသည့်သူလေးမှာ နောက်ဆုံးတော့ သူ့ရှေ့ကို ပေါ်လာချေပြီ ။
ငါ အိပ်မက်များမက်နေတာလား ။
“မ-မင်္ဂလာပါ…ကျွန်တော့်ကို မှတ်မိသေးလား ။ မိန်းကလေး ကျွန်တော့်ကို အဲ့ဒီနေ့က မုန့်ဆိုင်ရှေ့မှာ သကြားလုံးတစ်ဘူး ပေးခဲ့တယ်လေ”
ရီဝမ်ဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
“မှတ်မိပါတယ် ။ အဲ့ဒီတုန်းက ရှင်က အနုပညာရှင်တစ်ယောက်မှန်း မသိခဲ့မိဘူး”
ကုန်ရွှီ၏မျက်နှာထက် ရှက်သွေးတို့ ဖြန်းခနဲ ရဲတက်လာချေပြီ ။
“ဘာကို အနုပညာရှင်ရမှာလဲဗျာ..ကျွန်တော်က ဒီတိုင်း ပြသနာ လိုက်မွှေနေတာပါ…”
ရီဝမ်ဝမ် က ခိုးခိုးခစ်ခစ်ရယ်မောလာသည် ။
“ရွှေသစ်ခွဆုပေးပွဲ အခမ်းအနားမှာ တွေ့ခဲ့ပါတယ် ။ ရှင်က တကယ့်ကို လေးစားထိုက်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ ။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”
တမုဟုတ်ချင်းပင် ကုန်ရွှီ၏မျက်လုံးတို့ တောက်ပသွားတော့သည် ။
သူ့ကိုယ်တွင်းတွင် အားအင်တို့ တဟုန်ထိုးပြေးစီးဆင်းလာတော့ကာ…
“တ-တကယ်ကြီးလား”
ထိုအခိုက်အတန့်၊
ထိုဇာတ်လမ်းရိုက်ကူးစဉ်က သူ ခံစားခဲ့ရသည့် နာကျင်ပင်ပန်းမှုအားလုံးမှာ ထိုက်တန်သည်ဟု ခံစားမိသွား၏ ။ ထိုစဉ်က ရီပိုင် ပြောခဲ့သည့်စကား၏ အနက်ကိုပါ
သူ နားလည်သဘောပေါက်မိသွားလေပြီ ။
အရင်တုန်းက သူ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့မိခြင်းကို အမှန်ပင် ဝမ်းသာမိသွား၏ ။ ထို့ကြောင့်သာ သူ နှစ်သက်သည့်သူရှေ့တွင် မားမားမတ်မတ် ရပ်နေနိုင်လေပြီ မဟုတ်ပါလား ။
ကုန်ရွှီသည် ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်ပြီး…
“အဲ့ဒီနေ့တုန်းက ကျွန်တော် အရမ်းအလျင်လိုနေတာနဲ့ မိန်းကလေးကို ကျေးဇူးတင်စကား ပြောဖို့ အချိန်မရလိုက်ဘူး ။ အဲ့ဒီ..အဲ့ဒီနောက်… ကျွန်တော် မိန်းကလေးကို တောက်လျှောက် လိုက်ရှာနေခဲ့တာ…”
ကုန်ရွှီ၏ သူမလေးအား ဝေ့လည်ကြောင်ပတ် တသီကြီး ပြောဆိုနေခြင်းကို မြင်နေရသည့် ထန်ရှင်းဟျော်ခမျာ
ဆွံ့အသွားရ၏ ။
“အိုး မိုင် ဂေါ့…လျိုချန်းရေ..ငါ့ကို ဆိတ်ဆွဲစမ်းပါ ။
ငါ အခုမြင်နေတာတွေ တကယ်ကြီးလား ။ အဲ့ဒါက တကယ်ကြီး ကုန်ရွှီလား ။ စကားသုံးခွန်းထဲမှာ မိန်းကလေးရဲ့ ဖုန်းနံပတ်ကိုလည်း မတောင်းဘူး၊ ရည်းစားစကားလည်း မပြောရသေးဘူး ။ သူက တကယ်ကို အပျိုဖျန်းလေးလို စကားတွေ တောင်စဉ်ရေမရနဲ့ လျှောက်ပြောနေပါ ပေါ့လား…”
ကုန်ရွှီသည် ချက်ချင်းပင် သူ၏သူငယ်ချင်းဆိုးကြီးကို စိုက်ကြည့်လိုက်ချေပြီ ။
“ရှူး…တိတ်တိတ်နေစမ်း ။ ဒီသခင်လေးက အမြဲတမ်း ဖြူဖြူစင်စင် ရှိခဲ့တာပါနော်”
လျိုချန်းသည်ကတော့ ကုန်ရွှီ၏ ဖြစ်ပျက်နေသည့် အပြုအမူပေါ်တွင် လုံး၀ အာရုံစိုက်မိခြင်း မရှိပေ ။ ထိုမိန်းကလေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေသည် ။
ငါ အမြင်မှားနေတာများလား ။
ဘာလို့…ဘာလို့ ဒီမိန်းကလေးကို အရမ်းရင်းနှီးနေသလိုမျိုး ခံစားနေရတာပါလိမ့်…
ထိုအခိုက်အတန့်၊ ရီမူဖန်သည် ဖုန်းပြောပြီးသွား၍ မြန်မြန်ဆန်ဆန်ပင် ပြန်ရောက်လာချေပြီ ။
“ဘယ်သူ ခေါ်တာလဲ”
ရီဝမ်ဝမ်က တန်းမေးလိုက်ခြင်းပင် ။
………………………………………………………
T/N : Good night pr.
ဒီနေ့က စာစဉ် ၄၇ ပြီးသွားပါပြီ ။ စာစဉ် ၄၈ ကိုပါ ပေါင်းတင်လိုက်ရင် ရှုပ်ကုန်မှာစိုးလို့ နောက်အပတ်မှပဲ အများကြီးဖတ်ကြတော့နော် 😍