(Zawgyi)🍀🍀🍀🍀🍀
Part-34
(ကိုယ္...ခ်စ္ေသာ clover..!!..)
Yၿမိဳ႕ေတာ္၏ စားေသာက္ဆိုင္ေရာက္ေတာ့...
ေခါင္းမာေသာ ႏိုင္းက ဆိုင္အျပင္တြင္ ေစာင့္ေန
သည္။ မိုင္း ဆူပူစကားေျပာေတာ့ ရယ္ေနေသး
သည္။ မိုင္း ေခါင္းသာခါမိသည္။
အဆင့္ျမင့္စားေသာက္ဆိုင္ထဲတြင္ေတာ့ အျပင္
ႏွင့္မတူ ေအးစိမ့္မေနဘဲ ေႏြးေထြးေနသည္..။
ျပင္ဆင္ပံုကို ၾကည့္ယံုျဖင့္ Y ၿမိဳ႕ေတာ္တြင္...
နာမည္ႀကီး စားေသာက္ဆိုင္ျဖစ္ေနသည္မွာ
မဆန္း..။
"ႏွစ္ေယာက္စာ..."
မိုင္း..ခပ္ျပတ္ျပတ္ေျပာလိုက္ေတာ့ ဝန္ထမ္းမ
ေလးက နားမလည္သလို ေမာ့ၾကည့္လာသည္။
မိုင္း မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္ေတာ့မွ
ျမန္ျမန္ဆန္ဆန္ပင္ လမ္းျပေပးကာ သူ႔ေနာက္မွ
လိုက္ခ့ဲရန္ ေျပာလာသည္။
အျမဲတမ္းေဖာ္ေရြတတ္ေသာ ႏိုင္း ကေတာ့
စိတ္မ႐ွည္တတ္ေသာ မိုင္းကို ခိုးရယ္ေနသည္။
မိုင္း..ႏိုင္းႀကိဳက္ေသာအစားအစာတစ္ခ်ိဳ႕ႏွင့္..
ဝိုင္ ကိုမွာလိုက္သည္...။
လူကုံထန္အသိုင္းအဝိုင္းအတြက္ ရည္ရြယ္ေသာ
ဆိုင္ျဖစ္ေသာေၾကာင့္ မနီးမေဝး ျပင္ဆင္ထား
ေသာ စားပြဲဝိုင္းမ်ားတြင္ သူ႔အဖြဲ႔ႏွင့္သူသာစကား
စျမည္ေျပာေနၾကသည္။ ဆိုင္၏ ဒုတိယထပ္တြင္
ေတာ့ သီးသန္႔ခန္းမ်ား ဖြဲ႔ထားသည္။
မိုင္းသာ ဆိုပါက သီးသန္႔ခန္းသာေရြးမည္ျဖစ္
ေသာ္လည္း သီးသန္႔ခန္းမ်ားက အထီးက်န္ဖို႔
ေကာင္းသည္ဆိုေသာ ႏိုင္းေၾကာင့္ အျပင္စားပြဲ
တြင္သာ စားရန္ျဖစ္သြားျခင္းျဖစ္သည္...။
မွာထားေသာ အစားအေသာက္မ်ား ေရာက္လာ
ေသာအခါ ႏွစ္ေယာက္သား စကားတေျပာေျပာ
ျဖင့္ စားျဖစ္ၾကသည္။ ႏိုင္းက ေျပာသူျဖစ္ကာ
မိုင္း ကေတာ့ ႏိုင္းေမးသမ်ွကို ျပန္ေျဖျခင္းႏွင့္
နားေထာင္ျခင္းကို လုပ္သည္။ ႏိုင္း ကိုလည္း
ေသခ်ာဂ႐ုစိုက္ေပးေသးသည္...။
"ပန္းခ်ီဆရာ ဦးေသာ္ထက္လားခင္ဗ်ာ..။
ဟုတ္တယ္ မလား..."
အနားသို႔ေရာက္လာေသာသူေၾကာင့္ ၾကည့္လိုက္
ေတာ့ ေဖာ္ေရြပံုရေသာ အမ်ိဳးသားတစ္ဦး။ မိုင္းက အလိုမက်စြာ မ်က္ေမွာင္မ်ားတြန္႔ခ်ိဳးျပစ္
လိုက္ေသာ္လည္း ႏိုင္း သို႔မဟုတ္ ဦးေသာ္ထက္
ကေတာ့ ေဖာ္ေရြေသာ အျပံဳးျဖင့္ ေခါင္းၿငိမ့္ျပ
သည္။
ထိုသူသည္ လက္ဆြဲႏႈတ္ဆက္လာကာ သူ၏
ဇနီးျဖစ္သူသည္ ဦးေသာ္ထက္ဆြဲေသာ ပန္းခ်ီ
ကားမ်ားကို အလြန္သေဘာက်ေၾကာင္း ေျပာျပ
လာသည္။ ဒီေန႔သည္ သူတို႔ဇနီးေမာင္ႏွံ၏
မဂၤလာႏွစ္ပတ္လည္ျဖစ္ေသာေၾကာင့္ ညစာတူတူ လာစားျကျခင္းျဖစ္သည္။ ဒီေန႔ေလးတြင္ သူ႔ဇနီး
အလြန္သေဘာက်ေသာ ပန္းခ်ီဆရာ၏ အမွတ္
တရလက္မွတ္ေလးျဖင့္ ေပ်ာ္ေအာင္လုပ္ေပးခ်င္
သည္။ ထို႔ေၾကာင့္ ဦးေသာ္ထက္ကို လာေရာက္
မိတ္ဆက္ကာ ေတာင္းဆိုလာျခင္းျဖစ္သည္။
အပန္းမႀကီးေသာ ကိစၥျဖစ္ေသာေၾကာင့္...
ဦးေသာ္ထက္ ကူညီရန္ သေဘာတူလိုက္သည္။
အမ်ိဳးသား ေပးလာေသာ စာအုပ္ေလးေပၚတြင္
အမွတ္တရ စာေလးတစ္ခ်ိဳ႕ႏွင့္အတူ လက္မွတ္
ေရးထိုးေပးလိုက္သည္...။ ထိုအမ်ိဳးသား သည္
အႀကိမ္ႀကိမ္ ေက်းဇူးတင္စကားေျပာကာျပန္သြား
ေလသည္..။
တိတ္ေနေသာ မိုင္းေၾကာင့္ ၾကည့္လိုက္ေတာ့...
ေနရာတြင္ မ႐ွိေတာ့..။ တစ္ခဏေနေတာ့...
သန္႔စင္ခန္းဘက္မွ ျပန္လာေသာ မိုင္း..။
"မိုင္း... ဘာလို႔ငါ့ကိုမေျပာသြားတာလဲ..
ငါမင္းေပ်ာက္သြားလို႔ဆိုျပီး စိတ္ပူေနတာ.."
"အာ sorry ႏိုင္း ငါသန္႔စင္ခန္း ခဏသြားတာ
ပါ..။ မင္းက မိတ္ေဆြန႔ဲ စကားေျပာေနေတာ့..
ငါမေျပာသြားေတာ့တာပါ..."
ႏွစ္ေယာက္သား ညစာစားၿပီးေနာက္ ႏိုင္း လို
ခ်င္ေသာ အသံုးအေဆာင္ ပစၥည္းတစ္ခ်ိဳ႕ကို
သြားဝယ္ျဖစ္သည္။ ၿပီးမွ မိုင္း၏ ကားျဖဴေလး
ျဖင့္ပင္ ၿမိဳ႕ျပင္နား႐ွိ ျခံဝန္းငယ္ေလးဆီသို႔
ျပန္လာလိုက္သည္...။
______________
ခန္းနားေသာ အိမ္ေတာ္ႀကီးတစ္ခုထဲ႐ွိ...
အခန္းထဲတြင္မူ အရာဝတၳဳပစၥည္းမ်ား၏
က်ကြဲပ်က္စီးသံမ်ားသာ ျပည့္ေနသည္..။
အိမ္၏ ေအာက္ထပ္မွ အလုပ္သမားမ်ားကေတာ့
ဆူည့ံသံမ်ားကို လစ္လ်ဴ႐ႈကာ သူတို႔အလုပ္မ်ား
ကို ဆက္လုပ္ေနၾကသည္။ တစ္လတစ္ခါ ၾကား
ရတတ္ေသာ ထိုအသံမ်ားသည္ အိမ္ေတာ္
သခင္ေလး၏ ေဒါသေျဖေဖ်ာက္မႈမ်ား ျဖစ္ကာ
M ႏိုင္ငံတြင္႐ွိေသာ သခင္ေလး၏ လူယံုဆီမွ
သတင္း ေရာက္လာခ်ိန္တိုင္း ထိုသို႔ုျဖစ္ေနၾက
ျဖစ္သည္..။
တစ္ခဏအၾကာ ပစၥည္းက်ကြဲသံမ်ား တိတ္ဆိတ္
သြားေသာ္လည္း တဒုတ္ဒုတ္ႏွင့္စည္းခ်က္ညီ
ေသာအသံကေတာ့ အခန္းထဲတြင္ ထြက္ေပၚေန
ေသးသည္။ ထိုအသံမွာ တစ္ျခားအသံေတာ့
မဟုတ္ နံရံတြင္ခ်ိတ္ထားေသာ ျပစ္မွတ္ပံုစံအဝိုင္း
ေလးကို ျမႇားတိုေလးမ်ားျဖင့္ ရည္ရြက္ခ်က္႐ွိ႐ွိ
ျပစ္ေနေသာေၾကာင့္ ထြက္ေပၚေနေသာ အသံ
ျဖစ္သည္..။
ျပစ္မွတ္ပံုစံ အဝိုင္းေနရာတြင္ေတာ့ ၾကည့္ေကာင္း
ေသာ စံုတြဲေလးတစ္တြဲပံုကို ကပ္ထားသည္...။
ခပ္ဖြာဖြာငွက္ေမႊးေလးမ်ား တပ္ဆင္ထာသည့္
ျမႇားတိုေလးမ်ားကေတာ့ ခပ္ေခ်ာေခ်ာေကာင္ေလး
၏ လက္ေမာင္းမ်ားၾကားတြင္ ဖက္ထားခံရေသာ ႐ွက္ျပံဳးေလးျဖင့္ ေကာင္မေလး၏ မ်က္ႏွာလွလွ
ေလးတြင္ စုျပံဳကာ စိုက္ဝင္ေန သည္။
တိတ္ဆိတ္ေသာ အခန္းထဲ႐ွိ ဆိုဖာခံုတြင္
ထိုင္ေနေသာ တည္႐ွိမႈသည္ ဓာတ္ပံုထဲတြင္
သြားညီညီေလးမ်ားေပၚေအာင္ျပံဳးေနေသာ
လူေခ်ာေလးကို ၾကည့္ကာ မ်က္ခံုးမ်ားကို
ပို၍တြန္႔ေကြးလိုက္သည္။ ၿပီးသည္ႏွင့္ လက္
ထဲမွ ေနာက္ဆံုးလက္က်န္ျမႇားေလးကို
လ်ွင္ျမန္ ေသာ အ႐ွိန္ျဖင့္ျပစ္လိုက္သည္။
႐ွက္ျပံဳးေလးျဖင့္ ေကာင္မေလး၏ မ်က္ႏွာ
သည္ ျမႇားတိုေခ်ာင္းေလးမ်ားေၾကာင့္ အလံုးစံု
ဖံုးကြယ္ျခင္းကို ခံလိုက္ရသည္။ ထိုအခါမွ
အခန္း ထဲမွ တည္႐ွိမႈသည္ ေက်နပ္သလိုျပံဳး
ကာ ခပ္တိုးတိုး ေရရြတ္သည္...။
" အျပံဳးေတြက လွတယ္..."
အၾကည့္စူးစူးမ်ားကေတာ့ သြားညီညီေလးမ်ား
ေပၚေအာင္ ရီေနေသာ လူေခ်ာေလးဆီတြင္သာ
ျမဲျမ့ံေနေလသည္။
____________
"ဒီေရလိႈင္း...သူငယ္ခ်င္းႀကီး...
တိမ္ငယ္ကို ေက်ာင္းပို႔ေပးဦး..."
"ရတယ္ေလ မင္းမပို႔ေပးန႔ဲ Taxi န့ဲဘဲ သြားခိုင္း
လိုက္ေတာ့မယ္။ တစ္ခါမွမသြားဖူးေပမယ့္..
အဆင္ေျပေလာက္မွာပါ..."
"ဟားဟား... အေစာႀကီးထဲ လိုက္ပို႔ရင္ ၿပီးေနၿပီ။
ဒါဆို မနက္က် တိမ္ငယ္ကို မင္းဘဲလိုက္ပို႔လိုက္
ေတာ့ေနာ္.. ဒါဘဲ ..."
လင္းေန ဖုန္းေခၚဆိုမႈကို အဆံုးသတ္ၿပီး
ဖုန္းကို စားပြဲေပၚတင္လိုက္သည္။ ၿပီးသည္
ႏွင့္ အိမ္စာလုပ္ေနေသာ တိမ္ငယ္၏ ေခါင္း
ေလးကို ဖြဖြပုတ္ေပးလိုက္သည္..။
"အိမ္စာ ၿပီးေတာ့မွာလား... ကိုႀကီး ခရမ္းခ်ဥ္သီး
ေလးႀကိဳက္တ့ဲ မုန္႔ေတြ ထပ္ဝယ္ေပးထားတယ္။
စာလုပ္ၿပီးသြားရင္ စားလိုက္ဦးေနာ္.."
"ဟုတ္က့ဲ ကိုႀကီး..။ ကိုႀကီး.."
"ဗ်ာ.."
"မနက္က်ရင္ တိမ္ငယ့္ကို ေက်ာင္းလိုက္မပို႔တာ အလုပ္႐ွိလို႔လားဟင္..."
လင္းေန ညီငယ္ေလး၏ ပါးေဖာင္းေဖာင္း တစ္
ဖက္ကို အသာဖ်စ္ညစ္လိုက္သည္။ ဒီကေလးက
လင္းေနတို႔ တစ္အိမ္လံုး၏ အသည္းအသက္
ေလးျဖစ္သည္။ ဒီကေလးအတြက္ဆိုရင္....
အလုပ္ဘယ္ေလာက္မ်ားမ်ား အခ်ိန္သီးသန္႔
ေပးမည္ျဖစ္သည္..။
လင္းေန..တိမ္ငယ္ ကိစၥရပ္မ်ားတြင္ ဒီေရလိႈင္း
ကို သက္သက္တြယ္ကပ္ေနရျခင္းမွာ အေၾကာင္း
႐ွိသည္..။ တစ္ဦးတည္းေသာသား ဒီေရလိႈင္းက
တစ္ေယာက္ထဲေနရသည္ကို ႀကိဳက္သည္ဟု
ေျပာေလ့႐ွိေသာ္လည္း သူ၏တစ္ဖက္ျခမ္းသည္
တစ္ေယာက္ထဲ႐ွိေနမည္ကို စိုးရြံ႔ေနတတ္သည္
ကို လင္းေနက ေကာင္းေကာင္းသိသည္..။
ဒီေရလိႈင္းက ကေလးခ်စ္တတ္ကာ လင္းေန
ထက္ပင္ ပိုဂ႐ုစိုက္ေပးတတ္ေသးသည္။ သို႔ေသာ္
ထိုသခင္ေလး ကိုယ္တိုင္ကေတာ့ ဘယ္ေတာ့မွ
သတိထားမိမည္မဟုတ္..။ တိမ္ငယ္ အနား႐ွိေန
ခ်ိန္တိုင္း ဒီေရလိႈင္း၏ မ်က္ဝန္းမ်ားက ေတာက္ပ
ေနတတ္သည္။ တစ္ခါတစ္ေလ တိမ္ငယ္၏ ခ်စ္
စရာေကာင္းေသာ အျပဳအမူေလးမ်ားကို ျမင္တိုင္း သူကိုယ္တိုင္ပင္ မသိဘဲ ျပံဳးသြားတတ္
ေသးသည္..။
အခုလည္း မနက္က်ရင္ တိမ္ငယ္ကို Taxi
ျဖင့္သြားခိုင္းမည္ဟု ေျပာလိုက္သည္ႏွင့္...
လိုက္ပို႔ေပးရင္ ၿပီးေရာမလားဟု ဆိုကာ...
ေစာင့္ေအာင့္ကာ ဖုန္းခ်သြားသည္။ ထိုအခ်ိန္
က မ်က္ခံုးမ်ားကို angry bird လို တြန္႔ေကြး
ထားမည္မွာ အမွန္ပင္...။
လင္းေန ေတြးမိသည္ကိုသေဘာက်ကာ...
ထရီမိသည္..။ မ်က္လံုးျပဴးေလးျဖင့္ တိမ္ငယ္
က ေမာ့ၾကည့္လာသည္...။
"ခရမ္းခ်ဥ္သီးေလး... ကိုႀကီးသူငယ္ခ်င္းကို
ေလ ရင္းရင္းႏွီးႏွီး ဆက္ဆံရမယ္ေနာ္...။
ေဖေဖ ေမေမန႔ဲ ကိုႀကီးတို႔ကို ဆက္ဆံသလို
မ်ိဳးေပါ့..။ ကိုႀကီးသူငယ္ခ်င္းကလည္း...
ခရမ္းခ်ဥ္သီးေလးအတြက္ မိသားစုဝင္ဘဲ
ကိုႀကီးေျပာတာ နားလည္လား..."
"ဟုတ္က့ဲ ကိုႀကီး.."
လင္းေန တိမ္ငယ္၏ ပါးႏွစ္ဖက္လံုးကို...
ႏွာေခါင္းႏွစ္ျပစ္လိုက္ၿပီး ပါးျပင္တစ္ဖက္
ကို ထိုးေပးလိုက္ေတာ့ ႏႈတ္ခမ္းေလးေထာ္ကာ
ျပန္နမ္းလာသည္..။
"Goodnight ခရမ္းခ်ဥ္သီးေလး..."
လင္းေန.. တိမ္ငယ္ကို ေခါင္းေလးပုတ္ေပးကာ
မိမိအခန္းသို႔ ျပန္လာလိုက္သည္..။ ေရေအး
ႀကိဳက္ေသာ လင္းေနက အိပ္ရာမဝင္ခင္ ေရခ်ိဳး
ရန္ ေရခ်ိဳးခန္းသို႔ ဦးတည္လိုက္သည္...။
"ဟက္...ဟက္ခ်ိဳး~~!!.."
လင္းေန ႏွာေခါင္းေလးကို အသာပြတ္ရင္း
ေရျမန္ျမန္ခ်ိဳးရန္ ျပင္လိုက္သည္။ ထိုုအခ်ိန္
တစ္ေနရာမွ သူတစ္ဦးကေတာ့ ခန္းလံုးျပည့္
ကပ္ထားေသာ ဓာတ္ပံုမ်ားကို ၾကည့္ကာ
ေရရြတ္သည္။
"သတိရတယ္..."
____________
သစ္မိုးအိမ္ အိပ္ရာေပၚတြင္ ေစာင္ပံုျကားထဲ
ႏွာတ႐ွံဳ႕႐ွံဳ႕ျဖစ္ေနေသာ ရြက္စိမ္းကို စာအုပ္
တစ္အုပ္ကို ဖတ္ေနရာမွ လွမ္းၾကည့္သည္..။
မေန႔က ေရခ်ိဳးရင္း ၾကည္စယ္မႈ အနည္းငယ္
ေၾကာင့္ ေရခ်ိဳးခ်ိန္ၾကာသြားေသာ ရြက္စိမ္းက
အိပ္ရာနုိးလာထဲက ႏွာေလးတ႐ွံဳ႕႐ွံဳ႕ျဖစ္ေန
သည္..။ သစ္မိုးအိမ္ ဖတ္လက္စ စာအုပ္ကို..
ခ်လိုက္ကာ အခန္းေထာင့္ဗီဒိုထဲ႐ွိ ႏူးည့ံေသာ
သားေမႊးေစာင္တစ္ထည္ကို ယူလိုက္သည္..။
ၿပီးသည္ႏွင့္ ရြက္စိမ္းကိုယ္ေလးကို မိမိ
လက္ေမာင္းမ်ားၾကား ဆြဲယူကာ သားေမႊးေစာင္
ျဖင့္ အထုပ္ကေလးျဖစ္ေအာင္ ထုပ္ထားလိုက္
သည္..။ ပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ေလးျဖစ္ေသာ
သားေမႊးေစာင္ထဲမွ ရြက္စိမ္းက သူ႔ကိုေထြးပိုက္
ကာ စာအုပ္ျပန္ဖတ္ေနေသာ သစ္မိုးအိမ္ ကို
ႏႈတ္ခမ္းေထာ္ကာေမာ့ၾကည့္သည္..။
သစ္မိုးအိမ္က ငံု႔ၾကည့္ကာ ႏႈတ္ခမ္းေထာင့္မ်ား
ေကာ့တက္ယံုျပံဳးသည္။ ေခါင္းလံုးလံုးေလးကို
သက္ေတာင့္သက္သာ ငံု႔နမ္းလိုက္ၿပီး...
"လိမၼာတယ္ ခဏထပ္အိပ္လိုက္ဦး..."
ကေလးငယ္က ျငင္းဆန္လိုဟန္႐ွိေသာ္လည္း
အခ်ိန္တစ္ခဏတြင္းပင္ ေႏြးေထြးေသာ
သစ္မိုးအိမ္၏ လက္ေမာင္းမ်ားျကားတြင္
မ်က္လံုးေလးမ်ား စင္းကာ ျပန္အိပ္ေပ်ာ္
သြားေလ သည္...။
အသက္႐ွဴသံ မွန္မွန္ေလးကို ခံစားမိေသာ
အခါမွ သစ္မိုးအိမ္က ျပံဳးကာ ဖတ္လက္စ
စာအုပ္ကို ပိတ္လိုက္သည္..။
မ်က္ခံုးတန္းတန္းေလးႏွင့္ မ်က္ခြံမို႔မို႔ေလး...
ႏွာေစးေနေသာေၾကာင့္ အနည္းငယ္ နီျမန္း
ေနေသာ ႏွာေခါင္းထိပ္ေလးမ်ားကို လက္ေခ်ာင္း
႐ွည္မ်ားျဖင့္ ခပ္ဖြဖြလိုက္ထိသည္..။
ပန္းေသြးေရာင္ ႏႈတ္ခမ္းေလးကိုေတာ့ သူ၏
နီျမန္းေေသာ ႏႈတ္ခမ္းမ်ားအစံုျဖင့္ ခပ္ဖြဖြေလး ထိလိုက္သည္..။ စကၠန္႔ပိုင္းသာ ၾကာျမင့္ေသာ
ထိေတြ႔မႈေလးအၿပီး သစ္မိုးအိမ္က သူ၏ရင္ဘက္
ကို ပါးေလးအပ္ကာ အိပ္ေနေသာ ရြက္စိမ္းကို
တိတ္တိတ္ေလးသာ ေငးၾကည့္ေနေလသည္..။
ၿပီးမွ ရြက္စိမ္း၏ မ်က္ခံုးႏွစ္ခု ဆံုရာေလးကို
လက္ညိဳးေလးျဖင့္ အသာထိရင္း....
"clover... က ကိုကို တစ္ေယာက္ထဲ အပိုင္..
ဟုတ္တယ္မလား clover..."
သစ္မိုးအိမ္က ခပ္တိုးတိုးဆိုရင္း ကိုယ္လံုးေလး
ကို ဖ်စ္ညစ္လိုက္ေတာ့ မ်က္ႏွာေလးမ့ဲကာ...
"အဟင့္..~ကိုကို...."
"အဟက္ ! အ႐ူးေလး.. ခ်စ္စရာေကာင္း
လိုက္တာ"
ထိုစဥ္ စားပြဲေပၚတင္ထားေသာ ဖုန္းမ်က္ႏွာျပင္
လင္းကာ ဝင္လာေသာ message ကို ၾကည့္
လိုက္သည္..။ မိမိ၏ ဂိုဏ္းကို ေစာင့္ၾကည့္
ေနေသာ သူ႐ွိသည္ဟူေသာ message ကို
ဖတ္ၿပီး ဖုန္းcontact ထဲမွ နာမည္တစ္ခုကို
ေရြးကာ message ပို႔လိုက္သည္..။
~~ဦးေလး ထမင္းတူတူစားရေအာင္ ~~
"တစ္ဖက္ကို သဲလြန္စ နည္းနည္းေပးၿပီး
ကစားခိုင္းလိုက္.."
သစ္မိုးအိမ္ ၏ တည္ၿငိမ္ေသာ မတိုးမက်ယ္
စကားသံအဆံုး အခန္း၏ ေမွာင္ရိပ္ထဲမွ...
အရိပ္တစ္ခုသည္ အမိန္႔နာခံကာ တာဝန္
အတိုင္းေဆာင္ရြက္ရန္ ထြက္သြားေလသည္။
သစ္မိုးအိမ္ ဖုန္းကိုစားပြဲေပၚျပန္တင္လိုက္
သည္။ အေနအထားပ်က္သြားေသာေၾကာင့္
အနည္းငယ္လႈပ္လာေသာ ရြက္စိမ္းကို...
ပို၍ေထြးေပြးကာ ထားလိုက္မွ ၿငိမ္ကာျပန္အိပ္
သြားသည္..။
သစ္မိုးအိမ္ မ်က္ဝန္းမ်ားတြင္ ေလးနက္မႈမ်ား
အစားထိုးဝင္လာေလသည္။ ၁၀ႏွစ္ေက်ာ္..
လွည့္္စားခံခ့ဲရေသာ ေလ်ာ္ေၾကးအတြက္...
နည္းနည္းခ်င္းျပန္ရယူရန္ အခ်ိန္ေရာက္လာ
ေလၿပီ..။
နည္းနည္းခ်င္းျပန္ေတာင္းယူမယ္..
ေပးဆပ္ရမွာ ၾကာသလို နာက်င္ရတာလဲ
ၾကာေစရမယ္..။ ခပ္ျဖည္းျဖည္းျခင္း မီးစာကုန္
သြားမယ့္ ဖေယာင္းတိုင္တစ္ခုလိုေပါ့...။
ရင္ခြင္ထဲမွ တည္႐ွိမႈေလးကို ငံု႔ၾကည့္ခ်ိန္
တြင္ေတာ့ ခက္ထန္ေသာ သစ္မိုးအိမ္၏..
မ်က္ဝန္းမ်ားက ေပ်ာ့ေျပာင္းသြားရသည္။
ဒီတစ္ပတ္ ေက်ာင္းပိတ္ရက္ေလးတြင္ေတာ့
ကေလးငယ္ ပူဆာထားသည့္အတိုင္း
ကစားကြင္းကို လိုက္ပို႔ရဦးမည္...။
___________
JM(9.12.2020)
Next >>>>>>
(Unicode)🍀🍀🍀🍀🍀
Part-34
(ကိုယ်...ချစ်သော clover..!!..)
Yမြို့တော်၏ စားသောက်ဆိုင်ရောက်တော့...
ခေါင်းမာသော နိုင်းက ဆိုင်အပြင်တွင် စောင့်နေ
သည်။ မိုင်း ဆူပူစကားပြောတော့ ရယ်နေသေး
သည်။ မိုင်း ခေါင်းသာခါမိသည်။
အဆင့်မြင့်စားသောက်ဆိုင်ထဲတွင်တော့ အပြင်
နှင့်မတူ အေးစိမ့်မနေဘဲ နွေးထွေးနေသည်..။
ပြင်ဆင်ပုံကို ကြည့်ယုံဖြင့် Y မြို့တော်တွင်...
နာမည်ကြီး စားသောက်ဆိုင်ဖြစ်နေသည်မှာ
မဆန်း..။
"နှစ်ယောက်စာ..."
မိုင်း..ခပ်ပြတ်ပြတ်ပြောလိုက်တော့ ဝန်ထမ်းမ
လေးက နားမလည်သလို မော့ကြည့်လာသည်။
မိုင်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့မှ
မြန်မြန်ဆန်ဆန်ပင် လမ်းပြပေးကာ သူ့နောက်မှ
လိုက်ခဲ့ရန် ပြောလာသည်။
အမြဲတမ်းဖော်ရွေတတ်သော နိုင်း ကတော့
စိတ်မရှည်တတ်သော မိုင်းကို ခိုးရယ်နေသည်။
မိုင်း..နိုင်းကြိုက်သောအစားအစာတစ်ချို့နှင့်..
ဝိုင် ကိုမှာလိုက်သည်...။
လူကုံထန်အသိုင်းအဝိုင်းအတွက် ရည်ရွယ်သော
ဆိုင်ဖြစ်သောကြောင့် မနီးမဝေး ပြင်ဆင်ထား
သော စားပွဲဝိုင်းများတွင် သူ့အဖွဲ့နှင့်သူသာစကား
စမြည်ပြောနေကြသည်။ ဆိုင်၏ ဒုတိယထပ်တွင်
တော့ သီးသန့်ခန်းများ ဖွဲ့ထားသည်။
မိုင်းသာ ဆိုပါက သီးသန့်ခန်းသာရွေးမည်ဖြစ်
သော်လည်း သီးသန့်ခန်းများက အထီးကျန်ဖို့
ကောင်းသည်ဆိုသော နိုင်းကြောင့် အပြင်စားပွဲ
တွင်သာ စားရန်ဖြစ်သွားခြင်းဖြစ်သည်...။
မှာထားသော အစားအသောက်များ ရောက်လာ
သောအခါ နှစ်ယောက်သား စကားတပြောပြော
ဖြင့် စားဖြစ်ကြသည်။ နိုင်းက ပြောသူဖြစ်ကာ
မိုင်း ကတော့ နိုင်းမေးသမျှကို ပြန်ဖြေခြင်းနှင့်
နားထောင်ခြင်းကို လုပ်သည်။ နိုင်း ကိုလည်း
သေချာဂရုစိုက်ပေးသေးသည်...။
"ပန်းချီဆရာ ဦးသော်ထက်လားခင်ဗျာ..။
ဟုတ်တယ် မလား..."
အနားသို့ရောက်လာသောသူကြောင့် ကြည့်လိုက်
တော့ ဖော်ရွေပုံရသော အမျိုးသားတစ်ဦး။ မိုင်းက အလိုမကျစွာ မျက်မှောင်များတွန့်ချိုးပြစ်
လိုက်သော်လည်း နိုင်း သို့မဟုတ် ဦးသော်ထက်
ကတော့ ဖော်ရွေသော အပြုံးဖြင့် ခေါင်းငြိမ့်ပြ
သည်။
ထိုသူသည် လက်ဆွဲနှုတ်ဆက်လာကာ သူ၏
ဇနီးဖြစ်သူသည် ဦးသော်ထက်ဆွဲသော ပန်းချီ
ကားများကို အလွန်သဘောကျကြောင်း ပြောပြ
လာသည်။ ဒီနေ့သည် သူတို့ဇနီးမောင်နှံ၏
မင်္ဂလာနှစ်ပတ်လည်ဖြစ်သောကြောင့် ညစာတူတူ လာစားကြခြင်းဖြစ်သည်။ ဒီနေ့လေးတွင် သူ့ဇနီး
အလွန်သဘောကျသော ပန်းချီဆရာ၏ အမှတ်
တရလက်မှတ်လေးဖြင့် ပျော်အောင်လုပ်ပေးချင်
သည်။ ထို့ကြောင့် ဦးသော်ထက်ကို လာရောက်
မိတ်ဆက်ကာ တောင်းဆိုလာခြင်းဖြစ်သည်။
အပန်းမကြီးသော ကိစ္စဖြစ်သောကြောင့်...
ဦးသော်ထက် ကူညီရန် သဘောတူလိုက်သည်။
အမျိုးသား ပေးလာသော စာအုပ်လေးပေါ်တွင်
အမှတ်တရ စာလေးတစ်ချို့နှင့်အတူ လက်မှတ်
ရေးထိုးပေးလိုက်သည်...။ ထိုအမျိုးသား သည်
အကြိမ်ကြိမ် ကျေးဇူးတင်စကားပြောကာပြန်သွား
လေသည်..။
တိတ်နေသော မိုင်းကြောင့် ကြည့်လိုက်တော့...
နေရာတွင် မရှိတော့..။ တစ်ခဏနေတော့...
သန့်စင်ခန်းဘက်မှ ပြန်လာသော မိုင်း..။
"မိုင်း... ဘာလို့ငါ့ကိုမပြောသွားတာလဲ..
ငါမင်းပျောက်သွားလို့ဆိုပြီး စိတ်ပူနေတာ.."
"အာ sorry နိုင်း ငါသန့်စင်ခန်း ခဏသွားတာ
ပါ..။ မင်းက မိတ်ဆွေနဲ့ စကားပြောနေတော့..
ငါမပြောသွားတော့တာပါ..."
နှစ်ယောက်သား ညစာစားပြီးနောက် နိုင်း လို
ချင်သော အသုံးအဆောင် ပစ္စည်းတစ်ချို့ကို
သွားဝယ်ဖြစ်သည်။ ပြီးမှ မိုင်း၏ ကားဖြူလေး
ဖြင့်ပင် မြို့ပြင်နားရှိ ခြံဝန်းငယ်လေးဆီသို့
ပြန်လာလိုက်သည်...။
______________
ခန်းနားသော အိမ်တော်ကြီးတစ်ခုထဲရှိ...
အခန်းထဲတွင်မူ အရာဝတ္ထုပစ္စည်းများ၏
ကျကွဲပျက်စီးသံများသာ ပြည့်နေသည်..။
အိမ်၏ အောက်ထပ်မှ အလုပ်သမားများကတော့
ဆူညံ့သံများကို လစ်လျူရှုကာ သူတို့အလုပ်များ
ကို ဆက်လုပ်နေကြသည်။ တစ်လတစ်ခါ ကြား
ရတတ်သော ထိုအသံများသည် အိမ်တော်
သခင်လေး၏ ဒေါသဖြေဖျောက်မှုများ ဖြစ်ကာ
M နိုင်ငံတွင်ရှိသော သခင်လေး၏ လူယုံဆီမှ
သတင်း ရောက်လာချိန်တိုင်း ထိုသို့ဖြစ်နေကြ
ဖြစ်သည်..။
တစ်ခဏအကြာ ပစ္စည်းကျကွဲသံများ တိတ်ဆိတ်
သွားသော်လည်း တဒုတ်ဒုတ်နှင့်စည်းချက်ညီ
သောအသံကတော့ အခန်းထဲတွင် ထွက်ပေါ်နေ
သေးသည်။ ထိုအသံမှာ တစ်ခြားအသံတော့
မဟုတ် နံရံတွင်ချိတ်ထားသော ပြစ်မှတ်ပုံစံအဝိုင်း
လေးကို မြှားတိုလေးများဖြင့် ရည်ရွက်ချက်ရှိရှိ
ပြစ်နေသောကြောင့် ထွက်ပေါ်နေသော အသံ
ဖြစ်သည်..။
ပြစ်မှတ်ပုံစံ အဝိုင်းနေရာတွင်တော့ ကြည့်ကောင်း
သော စုံတွဲလေးတစ်တွဲပုံကို ကပ်ထားသည်...။
ခပ်ဖွာဖွာငှက်မွှေးလေးများ တပ်ဆင်ထာသည့်
မြှားတိုလေးများကတော့ ခပ်ချောချောကောင်လေး
၏ လက်မောင်းများကြားတွင် ဖက်ထားခံရသော ရှက်ပြုံးလေးဖြင့် ကောင်မလေး၏ မျက်နှာလှလှ
လေးတွင် စုပြုံကာ စိုက်ဝင်နေ သည်။
တိတ်ဆိတ်သော အခန်းထဲရှိ ဆိုဖာခုံတွင်
ထိုင်နေသော တည်ရှိမှုသည် ဓာတ်ပုံထဲတွင်
သွားညီညီလေးများပေါ်အောင်ပြုံးနေသော
လူချောလေးကို ကြည့်ကာ မျက်ခုံးများကို
ပို၍တွန့်ကွေးလိုက်သည်။ ပြီးသည်နှင့် လက်
ထဲမှ နောက်ဆုံးလက်ကျန်မြှားလေးကို
လျှင်မြန် သော အရှိန်ဖြင့်ပြစ်လိုက်သည်။
ရှက်ပြုံးလေးဖြင့် ကောင်မလေး၏ မျက်နှာ
သည် မြှားတိုချောင်းလေးများကြောင့် အလုံးစုံ
ဖုံးကွယ်ခြင်းကို ခံလိုက်ရသည်။ ထိုအခါမှ
အခန်း ထဲမှ တည်ရှိမှုသည် ကျေနပ်သလိုပြုံး
ကာ ခပ်တိုးတိုး ရေရွတ်သည်...။
" အပြုံးတွေက လှတယ်..."
အကြည့်စူးစူးများကတော့ သွားညီညီလေးများ
ပေါ်အောင် ရီနေသော လူချောလေးဆီတွင်သာ
မြဲမြံ့နေလေသည်။
____________
"ဒီရေလှိုင်း...သူငယ်ချင်းကြီး...
တိမ်ငယ်ကို ကျောင်းပို့ပေးဦး..."
"ရတယ်လေ မင်းမပို့ပေးနဲ့ Taxi နဲ့ဘဲ သွားခိုင်း
လိုက်တော့မယ်။ တစ်ခါမှမသွားဖူးပေမယ့်..
အဆင်ပြေလောက်မှာပါ..."
"ဟားဟား... အစောကြီးထဲ လိုက်ပို့ရင် ပြီးနေပြီ။
ဒါဆို မနက်ကျ တိမ်ငယ်ကို မင်းဘဲလိုက်ပို့လိုက်
တော့နော်.. ဒါဘဲ ..."
လင်းနေ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီး
ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။ ပြီးသည်
နှင့် အိမ်စာလုပ်နေသော တိမ်ငယ်၏ ခေါင်း
လေးကို ဖွဖွပုတ်ပေးလိုက်သည်..။
"အိမ်စာ ပြီးတော့မှာလား... ကိုကြီး ခရမ်းချဉ်သီး
လေးကြိုက်တဲ့ မုန့်တွေ ထပ်ဝယ်ပေးထားတယ်။
စာလုပ်ပြီးသွားရင် စားလိုက်ဦးနော်.."
"ဟုတ်ကဲ့ ကိုကြီး..။ ကိုကြီး.."
"ဗျာ.."
"မနက်ကျရင် တိမ်ငယ့်ကို ကျောင်းလိုက်မပို့တာ အလုပ်ရှိလို့လားဟင်..."
လင်းနေ ညီငယ်လေး၏ ပါးဖောင်းဖောင်း တစ်
ဖက်ကို အသာဖျစ်ညစ်လိုက်သည်။ ဒီကလေးက
လင်းနေတို့ တစ်အိမ်လုံး၏ အသည်းအသက်
လေးဖြစ်သည်။ ဒီကလေးအတွက်ဆိုရင်....
အလုပ်ဘယ်လောက်များများ အချိန်သီးသန့်
ပေးမည်ဖြစ်သည်..။
လင်းနေ..တိမ်ငယ် ကိစ္စရပ်များတွင် ဒီရေလှိုင်း
ကို သက်သက်တွယ်ကပ်နေရခြင်းမှာ အကြောင်း
ရှိသည်..။ တစ်ဦးတည်းသောသား ဒီရေလှိုင်းက
တစ်ယောက်ထဲနေရသည်ကို ကြိုက်သည်ဟု
ပြောလေ့ရှိသော်လည်း သူ၏တစ်ဖက်ခြမ်းသည်
တစ်ယောက်ထဲရှိနေမည်ကို စိုးရွံ့နေတတ်သည်
ကို လင်းနေက ကောင်းကောင်းသိသည်..။
ဒီရေလှိုင်းက ကလေးချစ်တတ်ကာ လင်းနေ
ထက်ပင် ပိုဂရုစိုက်ပေးတတ်သေးသည်။ သို့သော်
ထိုသခင်လေး ကိုယ်တိုင်ကတော့ ဘယ်တော့မှ
သတိထားမိမည်မဟုတ်..။ တိမ်ငယ် အနားရှိနေ
ချိန်တိုင်း ဒီရေလှိုင်း၏ မျက်ဝန်းများက တောက်ပ
နေတတ်သည်။ တစ်ခါတစ်လေ တိမ်ငယ်၏ ချစ်
စရာကောင်းသော အပြုအမူလေးများကို မြင်တိုင်း သူကိုယ်တိုင်ပင် မသိဘဲ ပြုံးသွားတတ်
သေးသည်..။
အခုလည်း မနက်ကျရင် တိမ်ငယ်ကို Taxi
ဖြင့်သွားခိုင်းမည်ဟု ပြောလိုက်သည်နှင့်...
လိုက်ပို့ပေးရင် ပြီးရောမလားဟု ဆိုကာ...
စောင့်အောင့်ကာ ဖုန်းချသွားသည်။ ထိုအချိန်
က မျက်ခုံးများကို angry bird လို တွန့်ကွေး
ထားမည်မှာ အမှန်ပင်...။
လင်းနေ တွေးမိသည်ကိုသဘောကျကာ...
ထရီမိသည်..။ မျက်လုံးပြူးလေးဖြင့် တိမ်ငယ်
က မော့ကြည့်လာသည်...။
"ခရမ်းချဉ်သီးလေး... ကိုကြီးသူငယ်ချင်းကို
လေ ရင်းရင်းနှီးနှီး ဆက်ဆံရမယ်နော်...။
ဖေဖေ မေမေနဲ့ ကိုကြီးတို့ကို ဆက်ဆံသလို
မျိုးပေါ့..။ ကိုကြီးသူငယ်ချင်းကလည်း...
ခရမ်းချဉ်သီးလေးအတွက် မိသားစုဝင်ဘဲ
ကိုကြီးပြောတာ နားလည်လား..."
"ဟုတ်ကဲ့ ကိုကြီး.."
လင်းနေ တိမ်ငယ်၏ ပါးနှစ်ဖက်လုံးကို...
နှာခေါင်းနှစ်ပြစ်လိုက်ပြီး ပါးပြင်တစ်ဖက်
ကို ထိုးပေးလိုက်တော့ နှုတ်ခမ်းလေးထော်ကာ
ပြန်နမ်းလာသည်..။
"Goodnight ခရမ်းချဉ်သီးလေး..."
လင်းနေ.. တိမ်ငယ်ကို ခေါင်းလေးပုတ်ပေးကာ
မိမိအခန်းသို့ ပြန်လာလိုက်သည်..။ ရေအေး
ကြိုက်သော လင်းနေက အိပ်ရာမဝင်ခင် ရေချိုး
ရန် ရေချိုးခန်းသို့ ဦးတည်လိုက်သည်...။
"ဟက်...ဟက်ချိုး~~!!.."
လင်းနေ နှာခေါင်းလေးကို အသာပွတ်ရင်း
ရေမြန်မြန်ချိုးရန် ပြင်လိုက်သည်။ ထိုုအချိန်
တစ်နေရာမှ သူတစ်ဦးကတော့ ခန်းလုံးပြည့်
ကပ်ထားသော ဓာတ်ပုံများကို ကြည့်ကာ
ရေရွတ်သည်။
"သတိရတယ်..."
____________
သစ်မိုးအိမ် အိပ်ရာပေါ်တွင် စောင်ပုံကြားထဲ
နှာတရှုံ့ရှုံ့ဖြစ်နေသော ရွက်စိမ်းကို စာအုပ်
တစ်အုပ်ကို ဖတ်နေရာမှ လှမ်းကြည့်သည်..။
မနေ့က ရေချိုးရင်း ကြည်စယ်မှု အနည်းငယ်
ကြောင့် ရေချိုးချိန်ကြာသွားသော ရွက်စိမ်းက
အိပ်ရာနိုးလာထဲက နှာလေးတရှုံ့ရှုံ့ဖြစ်နေ
သည်..။ သစ်မိုးအိမ် ဖတ်လက်စ စာအုပ်ကို..
ချလိုက်ကာ အခန်းထောင့်ဗီဒိုထဲရှိ နူးညံ့သော
သားမွှေးစောင်တစ်ထည်ကို ယူလိုက်သည်..။
ပြီးသည်နှင့် ရွက်စိမ်းကိုယ်လေးကို မိမိ
လက်မောင်းများကြား ဆွဲယူကာ သားမွှေးစောင်
ဖြင့် အထုပ်ကလေးဖြစ်အောင် ထုပ်ထားလိုက်
သည်..။ ပန်းနုရောင်ဖျော့ဖျော့လေးဖြစ်သော
သားမွှေးစောင်ထဲမှ ရွက်စိမ်းက သူ့ကိုထွေးပိုက်
ကာ စာအုပ်ပြန်ဖတ်နေသော သစ်မိုးအိမ် ကို
နှုတ်ခမ်းထော်ကာမော့ကြည့်သည်..။
သစ်မိုးအိမ်က ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်များ
ကော့တက်ယုံပြုံးသည်။ ခေါင်းလုံးလုံးလေးကို
သက်တောင့်သက်သာ ငုံ့နမ်းလိုက်ပြီး...
"လိမ္မာတယ် ခဏထပ်အိပ်လိုက်ဦး..."
ကလေးငယ်က ငြင်းဆန်လိုဟန်ရှိသော်လည်း
အချိန်တစ်ခဏတွင်းပင် နွေးထွေးသော
သစ်မိုးအိမ်၏ လက်မောင်းများကြားတွင်
မျက်လုံးလေးများ စင်းကာ ပြန်အိပ်ပျော်
သွားလေ သည်...။
အသက်ရှူသံ မှန်မှန်လေးကို ခံစားမိသော
အခါမှ သစ်မိုးအိမ်က ပြုံးကာ ဖတ်လက်စ
စာအုပ်ကို ပိတ်လိုက်သည်..။
မျက်ခုံးတန်းတန်းလေးနှင့် မျက်ခွံမို့မို့လေး...
နှာစေးနေသောကြောင့် အနည်းငယ် နီမြန်း
နေသော နှာခေါင်းထိပ်လေးများကို လက်ချောင်း
ရှည်များဖြင့် ခပ်ဖွဖွလိုက်ထိသည်..။
ပန်းသွေးရောင် နှုတ်ခမ်းလေးကိုတော့ သူ၏
နီမြန်းေသော နှုတ်ခမ်းများအစုံဖြင့် ခပ်ဖွဖွလေး ထိလိုက်သည်..။ စက္ကန့်ပိုင်းသာ ကြာမြင့်သော
ထိတွေ့မှုလေးအပြီး သစ်မိုးအိမ်က သူ၏ရင်ဘက်
ကို ပါးလေးအပ်ကာ အိပ်နေသော ရွက်စိမ်းကို
တိတ်တိတ်လေးသာ ငေးကြည့်နေလေသည်..။
ပြီးမှ ရွက်စိမ်း၏ မျက်ခုံးနှစ်ခု ဆုံရာလေးကို
လက်ညိုးလေးဖြင့် အသာထိရင်း....
"clover... က ကိုကို တစ်ယောက်ထဲ အပိုင်..
ဟုတ်တယ်မလား clover..."
သစ်မိုးအိမ်က ခပ်တိုးတိုးဆိုရင်း ကိုယ်လုံးလေး
ကို ဖျစ်ညစ်လိုက်တော့ မျက်နှာလေးမဲ့ကာ...
"အဟင့်..~ကိုကို...."
"အဟက် ! အရူးလေး.. ချစ်စရာကောင်း
လိုက်တာ"
ထိုစဉ် စားပွဲပေါ်တင်ထားသော ဖုန်းမျက်နှာပြင်
လင်းကာ ဝင်လာသော message ကို ကြည့်
လိုက်သည်..။ မိမိ၏ ဂိုဏ်းကို စောင့်ကြည့်
နေသော သူရှိသည်ဟူသော message ကို
ဖတ်ပြီး ဖုန်းcontact ထဲမှ နာမည်တစ်ခုကို
ရွေးကာ message ပို့လိုက်သည်..။
~~ဦးလေး ထမင်းတူတူစားရအောင် ~~
"တစ်ဖက်ကို သဲလွန်စ နည်းနည်းပေးပြီး
ကစားခိုင်းလိုက်.."
သစ်မိုးအိမ် ၏ တည်ငြိမ်သော မတိုးမကျယ်
စကားသံအဆုံး အခန်း၏ မှောင်ရိပ်ထဲမှ...
အရိပ်တစ်ခုသည် အမိန့်နာခံကာ တာဝန်
အတိုင်းဆောင်ရွက်ရန် ထွက်သွားလေသည်။
သစ်မိုးအိမ် ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်
သည်။ အနေအထားပျက်သွားသောကြောင့်
အနည်းငယ်လှုပ်လာသော ရွက်စိမ်းကို...
ပို၍ထွေးပွေးကာ ထားလိုက်မှ ငြိမ်ကာပြန်အိပ်
သွားသည်..။
သစ်မိုးအိမ် မျက်ဝန်းများတွင် လေးနက်မှုများ
အစားထိုးဝင်လာလေသည်။ ၁၀နှစ်ကျော်..
လှည့််စားခံခဲ့ရသော လျော်ကြေးအတွက်...
နည်းနည်းချင်းပြန်ရယူရန် အချိန်ရောက်လာ
လေပြီ..။
နည်းနည်းချင်းပြန်တောင်းယူမယ်..
ပေးဆပ်ရမှာ ကြာသလို နာကျင်ရတာလဲ
ကြာစေရမယ်..။ ခပ်ဖြည်းဖြည်းခြင်း မီးစာကုန်
သွားမယ့် ဖယောင်းတိုင်တစ်ခုလိုပေါ့...။
ရင်ခွင်ထဲမှ တည်ရှိမှုလေးကို ငုံ့ကြည့်ချိန်
တွင်တော့ ခက်ထန်သော သစ်မိုးအိမ်၏..
မျက်ဝန်းများက ပျော့ပြောင်းသွားရသည်။
ဒီတစ်ပတ် ကျောင်းပိတ်ရက်လေးတွင်တော့
ကလေးငယ် ပူဆာထားသည့်အတိုင်း
ကစားကွင်းကို လိုက်ပို့ရဦးမည်...။
___________
JM(9.12.2020)
Next >>>>>>