Copper Coins《铜钱龛世》

By OSH-love

214K 38.2K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၈[ရွှေချောင်းများ ၄]

3.7K 779 35
By OSH-love

Unicode

မြည်နေသောအသံရပ်တန့်သွားပြီး အမှောင်ထုသည် မှိန်ကျသွား၏။ တစ်ခုခုတော့လွဲနေပြီဖြစ်ကြောင်း ရွှဲရှန့်ရိပ်စားမိလိုက်သည်။

သူ၏အောက်ဘက်ရှိကြမ်းပြင်ထက် ကျောက်တုံးများဖြင့် ခင်းကျင်းထားပြီး အစိမ်းရောင်ရေညှိများက ဖုံးလွှမ်းနေ၏။ ကြမ်းပြင်ပေါ်ပြုတ်ကျမလာခင် ရွှဲရှန့်အားလက်ဖြင့်ကိုင်ထားသော ကတုံးကိုတော့ ဘယ်မှာမှမတွေ့တော့။

ကတုံးတင်မက ၊ ဘေးဘီဝဲယာကိုတချက်ကြည့်ရာ အကြံပေးလျိုလည်းရှိမနေ။ အနည်းဆုံးတော့ နောက်ကျောဘက်က အဆောင်ငယ်ကျန်ရှိနေသေးသည်။ သို့ပေမဲ့ ရွှဲရှန့်မြင်နေရသောအဆောင်သည် သင့်တင့်လျောက်ပတ်သောမျက်နှာစာနှင့် အကွေးအကောက်ပုံဖော်ထားသောတံခါးရှိ၏။ လျိုချုံနေသောအခန်းတော့မဟုတ် ၊ အခန်းအတွင်းမှ ကျန်းရှီနင်နှင့်အခြားသူများ ထွက်လာလိမ့်မည်မထင်။

သူရောက်နေသောနေရာသည် အမှန်ပင် အလွန်အမင်း တိတ်ဆိတ်နေ၏။ တိုးညှင်းလှသောအသံပင်မကြားရ။ လူသူမရှိကျယ်ပျောသော စံအိမ်တော်တစ်ဆောင်ရှိရာသို့ ပို့ဆောင်ခြင်းခံလိုက်ရပုံပေါ်သည်။

"ဒါဘယ်နေရာလဲ"

သူ၏မှန်းဆချက်များသည် စိုးရိမ်စရာတော့ရှိ၏။ ဘယ်သူမဆို ဤနေရာသို့ရောက်လာလျှင် အဘယ်နေရာဖြစ်ကြောင်း သိရှိနိုင်ရန် ဟေဠိဆန်သောစံအိမ်အနှံ့ စူးစမ်းရှာဖွေပေလိမ့်မည်။ ဒါပေမဲ့ရွှဲရှန့်သည် အောက်ပိုင်းသေနေသောသူဖြစ်တာကြောင့် လမ်းလျှောက်၍မရ။

စက္ကူလူသားအနေနဲ့ရှိနေဆဲရွှဲရှန့်သည် တွန့်ကျေနေသောစက္ကူကို ပြန့်သွားအောင်ဆွဲဖြန့်လိုက်၏။ လက်နှစ်ဖက်ဖြင့် ကြမ်းပြင်ကိုထောက်ကာ ခေါင်းငဲ့စောင်းရင်း တွေ့မြင်ရသောရူခင်းအား လှည့်ပတ်ကြည့်တော့သည်။

ဘယ်ဘက်ခြမ်းရှိနံရံပေါ်တွင် နွယ်ပင်အိုများ ဖုံးကာထားသည်။ သစ်ပင်ကြီးတစ်ပင်ရှိပြီး ခြံဝန်းအတွင်းကော အပြင်ကောပါ အရိပ်ပေးလျက်။ ညာဘက်ခြမ်းတွင် စင်္ကြံလမ်းတစ်လမ်း၊ ခြံဝန်းကိုခွဲထားသောနံရံနှင့် နံရံတွင်ကျဥ်းမြောင်းသောတံခါးငယ်တစ်ခုရှိသည်။ တံခါးကိုဖြတ်သွားလျှင် ဥယျာဥ်ငယ်တစ်ခုဆီကိုတော့ ရောက်မည်ထင်သည်။

သာမန်ကာလျှံကာကြည့်တာတောင် လှပသောခြံဝန်းသည် အမြင်ရှိရှိပုံစံချထားကြောင်းသိသာ၏။ သို့ပေမဲ့လည်း ထိုလှပမှုကိုချီးမွမ်းခန်းဖွင့်ရန် တစ်ဦးတစ်ယောက်မှရှိမနေ။ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုနှယ်ပင်။

ရွှဲရှန့်သည် ကောင်းကင်ယံထက်ကျက်စားခဲ့သော ဒဏ္ဋာရီလာသတ္တဝါတစ်ကောင်ဖြစ်၏။ ထို့ကြောင့်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်းဆိုတာဟာ သူ့အဘိဓာန်တွင်ပါမလာခဲ့။ နည်းနည်းသာသတိထားရုံနှင့်ပင် လုံလောက်သည်။

"ငါ့အရှေ့မှာကမြောက်ဘက် ငါ့အနောက်မှာကတောင်ဘက်"

ရွှဲရှန့်သည် မြင်ကွင်းကိုသာ ရူစားနေခြင်းမဟုတ်။ ကျောက်တုံးအက်ကြောင်းတစ်လျှောက် ရေညှိနှင့်နွယ်ပင်များ ကြီးထွားရာလမ်းကြောင်းကို အခြေခံပြီး ဤအဆောင်ဝန်းသည် ဘယ်အရပ်ကို မျက်နှာမူနေကြောင်း ရွှဲရှန့်ကောက်ချက်ချနိုင်သည်။

သူတွတ်ချက်တာသာမှန်လျှင် ယခုရောက်ရှိနေသောနေရာသည် အိမ်ဝန်း၏အရှေ့မြောက်ဘက်ခြမ်း ဖြစ်ရမည်။

အရှေ့မြောက်ဘက်!

"ကြားဖူးသလိုပဲ"

အကြံပေးလျိုခြံဝန်းအတွင်း ရှိနေဆဲဆိုလျှင် အရှေ့မြောက်ဘက်အခြမ်းသည် ရေတွင်းထဲပြုတ်ကျခဲ့သော အကြံပေး၏သားငယ်လျိုကျင်းအဆောင်ရှိရာဘက် ဖြစ်ရမည်။
စောနကတုန်းကကြားခဲ့သော မြည်သံသည် ဤနေရာမှလာခဲ့ဟန်တူသည်။

ရှာနေခဲ့တဲ့အရာက.........ဒီမှာလား?

အသိနှင့်အတူ ရွှဲရှန့်ထထိုင်လိုက်သည်။ အသက်အောင့်ရင်း ထိုင်မြဲထိုင်ကာ အာရုံစိုက်ပြီးနားထောင်ကြည့်သည်။ အမာထည်ပစ္စည်းများ ထိခတ်သံကို မကြားရသည့်အပြင် ဘာသံမှတောင်မကြားရ။

ရွံရှာသောမျက်နှာထားနှင့် ရေညှိများကိုဖယ်ရှားပြီး ကျောက်သားကြမ်းပြင်ထက်မျက်နှာအပ်ကာ နားနှင့်ကြမ်းပြင်နဲ့ ဖိကပ်ထားလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ လှုပ်ရှားမှုစိုးစိမျှကို သူကြားရ၏။ ထူးဆန်းတာက အသံများသည် တစ်ခါကျနီးလာသလို တစ်ခါကျဝေးသွားသည်။ တိကျသောတစ်နေရာတည်းမှ လာတာမျိုးမဟုတ်။

အသံသည် တိုးညှင်းလှတာကြောင့် ကြာကြာနားထောင်ဖို့ရန်တောင်ခက်ခဲ၏။ နား၌ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည်။ နောက်ပြောင်နေသလို ပြောင်းလဲနေသောအသံကြောင့် ရွှဲရှန့်စိတ်မရှည်တော့။ တစ်အိမ်လုံးကိုသာ မြေကြီးပေါ်မှမြှောက်ပြီး ဓားနှင့်ထိုးမွှေလို့ရရင်ကောင်းမည်ဟု ရွှဲရှန့်ဆန္ဒရှိမိသည်။

ဒါပေမဲ့ အခုလိုစက္ကူခန္ဓာကိုယ်နှင့် လုပ်လို့ရတာဘာမှမရှိ။

ဒေါသပုန်ထရန် ရွှဲရှန့်နီးကပ်လာနေတုန်း နံရံထက်တန်ဆာဆင်ထားသော ပြတင်းပေါက်ဆီိမှ လေနုအေးက တိုး၍ဝင်ရောက်လာသည်။ ပါးလျသော ဆောင်းတွင်းလေပြေဖြစ်ပေမဲ့လည်း အားအင်အချို့တော့ပါ၏။ ရောက်ရှိလာသောအခွင့်အရေးကို ရွှဲရှန့်လက်လွတ်ခံမည်မဟုတ်။
လေ၏သယ်ဆောင်ခြင်း ခံလိုက်ရပြီးနောက် မျက်တောင်တစ်ခတ်အချိန်မှာ သူပျံသန်းနေပြီဖြစ်သည်။

နွယ်ပင်ရိုးတံတစ်ချောင်းကို ဆုပ်ကိုင်ကာ အားယူလွှဲခုန်ပြီးနောက် အရိပ်ပေးနေသောသစ်ပင်ထက်သို့ ရောက်ရှိသွားသည်။

ကိုယ်ထည်သည် မားမားမတ်မတ်ရှိနေဆဲဖြစ်ပေမဲ့ အကိုင်းအခတ်များကိုတော့ ချိုင်ထားသည်ဖြစ်ရာ နံရံနောက်ကျော်ထွက်နေသော အကိုင်းတစ်ကိုင်းသာကျန်၏။ ရွှဲရှန့်သည် အသုံးမကျသောလေနောက် လိုက်ပါစီးနင်းမိပုံရ၏။

စက္ကူသည် ပေါ့ပါးသလို ပါးလွှာ၏။မှုတ်ထုတ်လိုက်ဖို့ လွယ်ကူသလို သစ်ပင်ပေါ်ကလည်း မြင်ကွင်းကောင်းကောင်းမပေး။

ထို့ကြောင့် လွှင့်ထုတ်ရန်ကြိုးပမ်းနေသော လေညင်းတိုက်ခတ်နေသည့်ကြားတွင် လူအဖြစ်သို့ ရွှဲရှန့်ပြန်ပြောင်းလိုက်သည်။ သစ်ပင်ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့်ဖက်ပြီး ကျန်လက်တစ်ဖက်က သစ်ကိုင်းကိုဆွဲကာ နံရံပေါ်၌ နေရာယူလိုက်သည်။

စူးရှသောနေရောင်ခြည်ကြောင့် မျက်မှောင်ကျုံ့သွားရာ ပို၍ပင်ချောမောကြည့်ကောင်းနေသေးသည်။ ရေအိုင်အသွင် ရောင်ပြန်ဟပ်နေသော နက်မှောင်သောမျက်ဝန်းအစုံတွင် မြူခိုးမြူမှုန် စိုးစဥ်မျှမရှိ။ ရေခဲအလွှာခပ်ပါးပါးအောက်၌ စိတ်အားထက်သန်မှုများက ရောင်ပြန်ဟပ်နေသည်။

ထိုင်ချပြီးသည်နှင့် နံရံနောက်ဘက်အား ကြည့်လိုက်၏။ ကြည့်ပြီးသည်နှင့် နောက်ပြန်လှည့်ပြီး နံရံအတွင်းခြံဝန်းအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တဖန်အပြင်သို့ပြန်ကြည့်၏။

အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက် အပြန်ပြန်လုပ်ရင်း သူ့အမူအရာသည် ဖိအားအောက်၌ အက်ကြောင်းထလာပုံရ၏။ ကြွေထည်သည် အအေးဒဏ်မခံနိုင်၍ ကွဲရာပေါ်လာသည့်ဟန်။

ရွှဲရှန့် ; ".........."
နံရံရဲ့နှစ်ဖက်လုံးက ဘာလို့တစ်ထေရာတည်းဖြစ်နေတာလဲ?

ရွှဲရှန့်ကတော့ စိတ်ဝင်စားစရာကောင်းသည်ဟုမြင်၏။ လမ်းကြောင်းမှ သွေဖယ်နေသော သရဲလက်ချက် မိခဲ့ဟန်တူသည်။ တစ္ဆေသရဲများ၏ဝင်္ကပါ၌ ပိတ်မိသွားသူသည် စက်ဝိုင်းအတွင်း လမ်းလျှောက်ရသလို ဖြစ်နေလိမ့်မည်။

သို့ပေမဲ့ အကြောင်းပြချက်မရှိပဲနဲ့ ဖြစ်မည်မဟုတ်။ ဖြစ်ရသောအကြောင်းရင်းကတော့ရှိမည်။ ရွှဲရှန့်မှတ်ဥာဏ်တွေကိုပြန်လှန်ရင်း သူတွေးမိတာက ကတုံးပြောခဲ့ဖူးသော "ပင်လယ်အတွင်းမြစ်စီးဝင်ခြင်း" အစီအရင် တစ်ခုတည်းရှိ၏။

ဖုန်းရွှေအစီအရင်သည် တစ်စုံတစ်ရာကြောင့် ရှုပ်ထွေးသွားပြီး အဆိုးများဖြစ်ကာ ဤနေရာသို့ အကုန်လုံးရောက်ရှိလာကြတယ်ထင်သည်။

ဝန်းတံတိုင်းတစ်ခုလုံး တိတ်ဆိတ်နေတာက တစ္ဆေသရဲနဲ့ဆိုင်တဲ့ဖြစ်စဥ်တွေကြောင့်လား? ဒါမှမဟုတ် သူတစ်ဦးတည်းရောက်လာတာလား?

နံရံပေါ်ကမြင်ကွင်းသည် မြေကြီးပေါ်က ကြည့်ရတာထက်တော့သာပေမဲ့ အကောင်းကြီးတော့မဟုတ်။ အိမ်တော်တစ်ဝိုက် ကာရံထားသော မီးကာသည့်နံရံများကြောင့် ရွှဲရှန့်သေချာမမြင်ရ။ ကျောက်သားမြေကွက်လပ်နှင့် တံခါးငယ်များသာတွေ့သည်။ ဖြတ်သွားလို့ရမရတော့ သူသေချာမသိ။

လေးမျက်နှာလုံးမှာရှိနေသော တံခါးငယ်များနှင့် အနိမ့်အမြင့်မညီသောနံရံများကို ကြည့်ကာ ရွှဲရှန့်ဆုံးဖြတ်ချက်ချလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော စံအိမ်တော်အတွင်းတွင် တစ္ဆေသရဲ၏ပြုစားခြင်းခံလိုက်ရသောသူသည် ဤအစီအရင်ကို ချေဖြတ်လိုလျှင် ဇီဝကမ္မဂိတ်ပေါက်ရှစ်ခုအား ရှာတွေ့ရန်လိုအပ်၏။

စတင်ခြင်းဂိတ်ဝ၊ အနားယူခြင်းဂိတ်ဝ၊ ရှင်သန်ခြင်းဂိတ်ဝ၊ နာကျင်ခြင်းဂိတ်ဝ၊ ရပ်တန့်ခြင်းဂိတ်ဝ၊ အလင်းပေးသောဂိတ်ဝ၊ ကြောက်ရွံ့ခြင်းဂိတ်ဝ၊ သေဆုံးခြင်းဂိတ်ဝတို့ဖြစ်၏။ ဂိတ်ဝတစ်ခုခြင်းဆီတွင် ကွာခြားမှုရှိ၏။ ဂိတ်ဝမှားပြီးထွက်မိလျှင် ကံအကောင်းဆုံးဖြစ်ရပ်မှာ ဤအခြေအနေ၌ တစ်သက်လုံးပိတ်မိနေမှာဖြစ်သည်။ အဆိုးဆုံးဖြစ်နိုင်ချေမှာတော့ သေဆုံးသွားသည်သာ။

အိမ်တော်ဝန်း၏တည်ဆောက်ပုံအရ ဂိတ်ဝတံခါးပေါက်မှာ ရှာတွေ့ရန်ခက်ခဲမည်ဖြစ်ကြောင်း သံသယဝင်စရာတောင်မရှိ။ ကြိုးစားပြီးတော့ အားစိုက်ထုတ်ရတော့မည်ထင်သည်။

ရွှဲရှန့်သည် သာမန်လူသားတစ်ဦးမဟုတ်သလို တစ်ခုခုကိုချိုးဖေါက်ရန် လုံ့လဝီရိယထုတ်ခဲ့ရသည်ဆိုတာ သမိုင်းမှာမရှိခဲ့။ ဟိုးယခင်တုန်းက ဤသို့အရာတွေအပေါ် စိတ်အနှောင့်အယှက်ဖြစ်ခံသည်မဟုတ်။ တစ်ရက်တွင်တော့ ဒီလိုသရဲခြောက်ခံရမည်ဟူ၍လည်း စိတ်ကူးထဲပင် တွေးထင်ခဲ့သည်မဟုတ်။

သူ့အတွက်ကတော့ ဘယ်ဟာကရှင်သန်ခြင်းတံခါးဝလည်း ဘယ်ဟာကသေဆုံးခြင်းတံခါးဝလည်းဆိုတာ ထိုင်ရင်းရှာဖွေတွေးတောနေတာထက်စာရင် ဓားယူပြီးကိုယ့်ကိုယ်ကိုအဆုံးသတ်လိုက်တာမှ တော်ဦးမည်။

"သုံးစားမရတဲ့ခြေထောက်နှစ်ချောင်းကိုပဲတရွတ်တိုက်ဆွဲပြီးလိုက်ရှာသင့်လား"

ရွှဲရှန့် ; ငါ့ကိုငါဘာလို့အဲ့လောက်တောင်မုန်းနေရတာလဲ

ရွှဲရှန့်သည် လွန်စွာဂုဏ်ယူဝံ့ကြွားတတ်သူဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုဆင်းရဲဒုက္ခခံပြီး ဂုဏ်ကျရာကျကြောင်း ကိစ္စရပ်များ လုပ်မည့်သူမဟုတ်။ ရွေးချယ်စရာမရှိလျှင်.......သေတာကမှပိုကောင်းဦးမည်။

လေပြေလေညင်းသာသာရှိသော စံအိမ်အနှံ့ပတ်တိုက်နေသောလေသည် အားပျော့လှတာကြောင့် ရွှဲရှန့်တစ်နေရာမှတစ်နေရာသွားဖို့ရာ အကူအညီမဖြစ်။ ထွက်ရမည့်တံခါးဝတွေ့ခဲ့သည်ထားဦး၊ ဘယ်လိုသွားရမလဲ?တွားသွား သွားရမှာလား?

အတွေးနှင့်တောင် သွားတွေကျဥ်တတ်လာသည်။

အိမ်မက်မက်နေလိုက်၊ အခြားသူတော့သွားလိမ့်မယ်၊ ငါတော့ဖြစ်မှာမဟုတ်ဘူး။

ရွှဲရှန့်သစ်ပင်ကိုမှီပြီး စိတ်ရှုတ်မှုနှင့်အတူ လျှာထိပ်ဖျားကို လှိမ့်ဝါးရင်းဖြင့် တွေးတောနေ၏။ ဝတ်ရုံရှိအိတ်ကပ်အတွင်းမှ အဝါရောင်စာရွက်ကိုဆွဲထုတ်လိုက်သည်။

အဘက်ဘက်မှကောက်ကွေးပြီး တွန့်ကျေနေပုံအရ ရွှဲရှန့်သေချာမသိမ်းထားသည်မှာ သိသာလှ၏။ မနှစ်သက်သောမျက်နှာထားနှင့် အစွန်းမှကိုင်ကာ ပြန့်ကျလာအောင် လှုပ်ခါနေ၏။ စာရွက်သည် အဓိပ္ပာယ်ဖော်မရသောစုတ်ချက်များနှင့် ရှုပ်ထွေးလှ၏။ ဘယ်သူမှပင်နားလည်နိုင်မည်မဟုတ်။

ဒါပေမဲ့ ရွှဲရှန့်ကတော့ နားလည်သည်။

ရာကျိုးစီရင်စုနယ်မြေကို ဖြတ်သွားခဲ့စဥ်က တာအိုဆရာတော်တစ်ဦးထံမှ ခိုးယူခဲ့ခြင်းဖြစ်သည်။

တွန့်ကွေးနေသော နှုတ်ခမ်းမွေးရှည်နှစ်ခုနှင့် မသေသပ်သောမုတ်ဆိတ်မွှေးများရှိပြီး ပိပြားနေသောအဝတ်ခေါင်းဆောင်းကို ဝတ်ဆင်ထားသည်။ မျက်လုံးနားတွင် အစိမ်းရောင်အမာရွတ်တစ်ခုရှိပြီး မွေးရာပါလည်းဖြစ်နိုင်သလို ဒဏ်ရာရတာလည်းဖြစ်နိုင်သည်။ သူ့ပိုင်နက်သည် တံတားဘေးတွင်ဖြစ်ပြီး တစ်နေ့လုံးထိုင်ကာ မျက်လှည့်လည်းပြသလို ကိုယ်တိုင်လုပ်အင်းစာရွက်များလည်းရောင်း၏။ အနှီလူသားသည် ထူးဆန်းတယ်ဆိုလို့ရ၏။ အင်းစာရွက်ရောင်းရလိုလျှင် တကယ့်ဟာနှင့်တူအောင်တော့ ရေးသင့်သည်။ ကြုံရာကျပန်း ဆွဲလိုက်ရင်တောင်ရသည်။ သို့ပေမဲ့ ထိုမိမစစ်ဖမစစ် ရေးဆွဲထားသောအမှိုက်သည် အင်းစာရွက်လို့ ယုံနိုင်စရာတောင်မရှိ။ အလိမ်အညာတွေကို ဝယ်သူများမြင်သွားလေမလား စိုးရိမ်ပူပန်ပုံလည်းမရ။

ရွှဲရှန့်လည်း ထိုသူ့ဆိုင်အတွင်း ရက်အတော်ကြာအချိန်ဖြုန်းရင်း အင်းစာရွက်တွေကို လျှောက်ကြည့်နေခဲ့၏။ အများစုမှာပုံပြသက်သက်ဖြစ်ပေမဲ့ အသုံးဝင်တာ တစ်ရွက်နှစ်ရွက်တော့ရှိသည်။

အရမ်းကြီးအသုံးဝင်လှသည်တော့မဟုတ်၊

မကောင်းသောဝိညာဥ်များကို မောင်းထုတ်ပေးနိုင်သောအင်းစာရွက်သည် ကြမ်းပိုးသာသာအကောင်သာ နှင်နိုင်လိမ့်မည်။ အသက်ရှည်စေနိုင်သောအင်းစာရွက်သည် နှာစေးချောင်းဆိုးအအေးမိတာလောက်သာ ကုပေးနိုင်လိမ့်မည်။

ရွှဲရှန့်ဝတ်ရုံတွင်း သိမ်းထားသောအင်းစာရွက်သည် တာအိုဆရာတော်အနုစိတ်ရေးဆွဲထားသောလက်ဖွဲ့ဖြစ်၏။

"မိုးကြိုးတိမ်တိုက်များအတွင်းနေထိုင်ပါသောတောင်အရပ်နဂါးမင်းအတွက်"

ရွှဲရှန့်မျက်ဝန်းတွေ ကျဥ်းမြောင်းလာပြီး ပျင်းရိစွာရေရွတ်လိုက်သည်။

အခေါက်ခေါက်အခါခါ ရေးသားထားတာဖြစ်ပြီး တီကောင်များသဖွယ်စာရွက်ထက် တွန့်လိမ်နေသည်။ ဘာရေးထားမှန်း ရွှဲရှန့်သိနေတာက အံ့သြဖွယ်ဖြစ်ရပ်ပင်။

စာသားအရ မိုးကျရန်ရည်ရွယ်ထားသော အင်းစာရွက်ဖြစ်ကြောင်းသိသာ၏။ သို့ပေမဲ့လည်း ထိုတာအိုဆရာတော်သည် ဘာကြောင့်များရေးခဲ့လေသလဲတော့မရှင်းလှ။

မုန်တိုင်းအားလိုလျှင် အင်းစာရွက်လေးလောက်နဲ့တော့ ဆုတောင်းသံများကို နဂါးမင်းကြားမည်မဟုတ်။ နေကာရန်တိမ်မည်းအချို့သာ ရောက်လာလိမ့်မည်။ ဒါပေမဲ့ ဤအင်းစာရွက်သည် ရွှဲရှန့်လက်ထဲရောက်နေပြီဖြစ်၍.......

အင်းစာရွက်ဦးတည်နေသော တောင်ဘက်နဂါးမင်းသည် ရွှဲရှန့်မှလွဲ၍အခြားမရှိ။

ဝတ်ရုံအတွင်း လက်ထပ်ထည့်ကာ မြေအိုးငယ်တစ်အိုးကို ထုတ်ယူလိုက်၏။ အဖုံးကိုဖွင့်လိုက်ချိန်တွင် မွန်ထူလှသောညှီနံ့က လေထုအတွင်းပျံ့နှံ့သွားသည်။

ရွှဲရှန့်မျက်မှောင်ကျုံ့မိ၏။ တကယ့်ကိုသူ့သွေးဖြစ်သော်ငြားလည်း အနံ့မကောင်းတာကတော့အမှန်ပင်။

လက်ဖဝါးထက်တွင် အင်းစာရွက်ကို ပြန့်သွားအောင်ဖြန့်ကာ ပုလင်းအတွင်းမှ သွေးစက်ချလိုက်သည်။ သွေးစက်သည် အဝါရောင်စာရွက်အတွင်းသို့ စိမ့်ဝင်သွား၏။

ပုလင်းကိုပြန်သိမ်းပြီး စာရွက်အားလက်ဖြင့်တောက်လိုက်သည်။ လက်ပေါ်မှမြောက်တတ်သွားသော စာရွက်ပေါ်ရှိ သွေးစက်သည် စတင်မီးလောင်ကျွမ်းလာ၏။ ရုတ်ချင်းပင်စာရွက်သည်လည်း မီးတောက်၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ချက်ချင်းဆိုသလို လေပြင်းများတိုက်ခတ်လာပြီး မိုးသတ်မုန်တိုင်းဆင်မည့် တိမ်စိုင်တို့သည် ကောင်းကင်ယံထက်လိမ့်တတ်လာကြသည်။ မင်အိုးပြုတ်ကျခဲ့သလို ကောင်းကင်တစ်ခုလုံးလည်း မည်းမှောင်သွားပြီဖြစ်သည်။ ကောင်းကင်ယံထက် ပင့်ကူအိမ်ဖြာကျဲသကဲ့သို့ ပြိုးပြိုးပျက်ပျက်ဖြစ်နေသော လျှပ်စီးတန်းတို့သည် မိုးခြိမ်းသံတို့အား အဖော်ပြုလျက်ရှိ၏။

မိုးကြိုးသည် အိမ်တော်၏အစွန်အဖျားကိုပစ်လိုက်သလို အိမ်တော်သည်လည်း လှုပ်ခါသွား၏။

ကြီးမားသော ကမ္ဘာမြေအား ထပ်ခြမ်းခွဲနိုင်သော အသံနှင့်အတူ လျှပ်စီးတန်းသည် ကွေးကွေးကောက်ကောက်နှင့် ကောင်းကင်ယံမှ ဆင်းသက်လာ၏။

နံရံပေါ်တွင်ထိုင်နေဆဲဖြစ်သောရွှဲရှန့်သည် မိုးကြိုးပစ်သွားခြင်းကြောင့် တစ်စစီကွဲကြေသွားသော ကျောက်သားကြမ်းပြင်ကို ပျင်းရိစွာကြည့်နေမိ၏။

အိမ်ဝင်းတစ်ခုလုံးသည် အတော်ကြာတဲ့အထိ တုန်ခါနေပြီး ပြန်လည်ရပ်တန့်သွား၏။

ရွှဲရှန့်လည်း ကောင်းကင်ယံအား စိတ်ပျက်လက်ပျက်အမူအရာဖြင့် ကြည့်လိုက်သည်။ အင်းစာရွက်သုံးတာတောင် လျှပ်စီးတန်းအချို့သာ လုပ်နိုင်သည်။

ဒါပေမဲ့လည်း မိုးချုန်းပြီးဆူဆူညံညံဖြစ်ခဲ့ရာမှ အသုံးဝင်တာအချို့တော့ ပေါ်လာပုံရသည်။ တစ္ဆေကျက်စားသောစံအိမ်ဝင်းသည် အက်ကြောင်းထင်သွားခဲ့၏။ နဂိုကတိိတ်ဆိတ်မှုသည် သေးငယ်သောအက်ကြောင်းလောက်နှင့် ပြိုကွဲသွား၏။

အက်ကြောင်းကိုဖြတ်၍လာသော မှိန်ပြပြအသံသည် အိမ်ဝင်းအတွင်းလွှမ်းခြုံသွား၏။

သူတစ်ယောက်တည်းရှိနေသည်မဟုတ်တာကတော့သေချာပြီ။

ဤအစီအရင်အတွင်း ပိတ်မိနေသော အခြားသူတစ်ဦးလည်းရှိနေသည်။ ထောင့်တစ်နေရာစီ ကျသွားခဲ့သည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ဘယ်မှာရှိနေမှန်းမသိခဲ့ကြ။

နံရံပေါ်ကပ်တွယ်နေသောနွယ်ပင်မှ တွန့်လိမ်နေသောအကိုင်းတစ်ကိုင်းကို ရွှဲရှန့်ဆွဲဖြုတ်လိုက်သည်။ သစ်ကိုင်းအားမှီပြီး နွယ်ပင်ကိုအကြောင်းမဲ့သတ်သတ် လက်ချောင်းများ၌ ရစ်ပတ်နေ၏။ မျက်လုံးများကိုမှိတ်ကာ သူရှိရာသို့တဖြည်းဖြည်းရွေ့လာသောအသံကို အာရုံစိုက်နားထောင်လိုက်သည်။ ရှုပ်ထွေးလှသောအသံလှိုင်းများကြားမှ ထူးခြားသောတစ်စုံတစ်ရာကို ကြားလိုက်ရသည်။

အချိန်အတော်ကြာတဲ့အထိ နားထောင်ပြီးနောက် ထိုအသံအားသူသိသလိုရှိသွား၏။

ခေါင်းလောင်းသံ?

"မဟုတ်လောက်ဘူး"

ရွှဲရှန့်ချောင်းဟပ်ရင်း မျက်မှောင်ကျုံ့သွားသည်။

အသံသည်လေထုအတွင်းမှာတော့ တီးတိုးလှ၏။ အဝေးမှလာသောအသံဖြစ်တာကြောင့်ပဲလား ဒါမှမဟုတ် သေးငယ်သောအက်ကြောင်းရာသည် အသံကိုဆွဲဆန့်လိုက်တာကြောင့်ပဲလား။

ကြေးခေါင်းလောင်း...

ကြေးနီဒင်္ဂါးပြား?

ရုတ်တရက်ဆိုသလို အသံ၏အသွင်အပြင်သည် ပို၍ပင်ကြည်လင်လာ၏။ အမှန်ပင်ကြေးနီဒင်္ဂါးပြားများ တစ်ပြားနှင့်တစ်ပြား ဖြည်းညင်းစွာတိုက်မိသော အသံဖြစ်သည်။

နွယ်ပင်သည် လက်တွင်း၌ထက်ပိုင်းကျိုးသွားသလို ရွှဲရှန့်မျက်လုံးများလည်း ပြန်ပွင့်လာသည်။

တကယ်ပင် တမဟုတ်ချင်းအချိန်အတွင်းမှာ ကြေးနီဒင်္ဂါးပြားများအသံက ပို၍နီး နီးလာသည်။

ကြားရသလောက်တော့ အသံသည်တံတိုင်းဝန်းနောက်ကွယ်မှ လာပုံရသည်။

စင်္ကြန်လမ်းအဆုံး၌ရှိသော တံခါးငယ်ထံမှ ကျိကနဲအသံ ကြားလိုက်ရသည်။ ဖျက်ဆီးခံလိုက်ရသောနွယ်ပင်ကို ကိုင်ထားဆဲဖြစ်သည့် ရွှဲရှန့် မော့ကြည့်လာ၏။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးသည် သူရှိရာသို့လှမ်းလျှောက်လာ၏။

ရေခဲမတတ်ချမ်းနေတဲ့ဆောင်းကာလကြီးမှာဘာလို့ဝတ်ရုံအပါးလေးဝတ်ထားတာလဲ?

ထိုသူ၏ပုံစံသည် အေးစက်လှသည်ဟု မြင်ရသည့်အပြင် ဆီးနှင်းတစ်ထပ်ဖုံးအုပ်ထားသည်လို့တောင်ထင်ရ၏။
ကြေးနီဒင်္ဂါးပြားများကို ခါးထက်ပြန်ချိတ်ဆွဲလိုက်ပြီး နံရံအောက်ခြေနားသို့ ရွှမ်းမင်လျှောက်လာတော့မှ ရွှဲရှန့်သတိထားမိသွားသည်။ ဤကတုံးသည် လမ်းလျှောက်လျှင် အသံစိုးစဥ်မှမထွက်ဘူးဆိုတာ။

ဒါဆိုခုနကကြားရတဲ့ဒင်္ဂါးပြားသံကတမင်အသံပေးတာလား?

ရွှမ်းမင်သည် နံရံနားတွင်ရပ်ပြီး ရွှဲရှန့်ကိုစိတ်မဝင်စားသောအကြည့်နှင့် ခေါင်းအစခြေအဆုံး ကြည့်လာ၏။

နံရံပေါ်တွင်ထိုင်နေသောအမျိုးသားသည် ပင်ကိုယ်သဘာဝကျသော ကြည့်ကောင်းသည့်အသွင်ရှိ၏။ ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သောဓားရှည်တစ်ချောင်းနှယ် ဖြစ်သည်။ သို့ပေမဲ့ ပိန်ပါးလှတဲ့အပြင် ဝတ်ထားသောအမည်းရောင်ဝတ်ရုံသည် သူ့အားဖြူရော်ရော်နိုင်စေတာကြောင့် မမာသောအသွင်ပေါ်နေ၏။ ရှင်းလင်းပြတ်သားသောအသွင်ပါ ထပ်ပေါင်းလိုက်လျှင် မြင်ရသူအပေါင်း ဝီရောဓိဖြစ်စေကာ ပဟေဠိဆန်လှသည်။

ရွှဲရှန့်၏ မယုတ်မလွန်သောမျက်နှာအမူအရာသည် ပုံပန်းအားဖြင့် လွန်စွာတည်ငြိမ်သောပုံစံကိုပေး၏။
ထိုအမူအရာအတိုင်းနှင့်ပင် ရွှမ်းမင်နှင့်အကြည့်ချင်းဆုံသွားသည်။ ပြီးနောက်မျက်ဆံလည်သွားပြီး

"ဘာလို့မင်းဖြစ်နေတာလဲ"

စကားဆုံးသည်နှင့် လက်တွင်းမှကျိုးပြတ်နေသောနွယ်ပင်ကို ဒေါသတကြီးလုံးချေလိုက်သည်။

ဤပုဂ္ဂိုလ်သည် ကောင်းကောင်းလေးအရိုက်အနှက်ခံဖို့ရာ ထိုက်တန်လှ၏။ နံရံပေါ်ထိုင်နေတာကိုပင် ဣန္ဒြေရရမရှိ။ ရွှမ်းမင်ကိုစိုက်ကြည့်ပြီး လက်တွင်းရှိလုံးချေထားသောနွယ်ပင်ကို ရွှမ်းမင်ရှိရာသို့ပစ်လိုက်၏။

ရွှမ်းမင်ခေါင်းခါရင်း လမ်းတစ်ဝက်မှာတင် အနှီလက်နက်ကို ဖမ်းယူလိုက်သည်။

"ခုနကမိုးခြိမ်းတာဘာအတွက်လဲ"

ရွှဲရှန့်မျက်ခုံးများတွန့်လာပြီး

"ငါဘယ်သူလဲလို့မမေးတော့ဘူးလား"

ကတုံးဖမ်းမိစဥ်အခါက မြေကြီးပေါ်ကရေညှိအနေနှင့်ဖြစ်ပြီး စက္ကူအဖြစ် နောက်ပိုင်းပြောင်းသွားခဲ့သည်။ အစကနေအဆုံးအထိ လူသားပုံစံနှင့် ပြဖူးခဲ့သည်မဟုတ်။

ရွှမ်းမင်လက်ဖဝါးဖြန့်လိုက်၏။ သွယ်လျသောလက်ချောင်းများကြားတွင် ရွှဲရှန့်ဆိုးသွမ်းမှု၏ သက်သေပြချက်ဖြစ်သော နွယ်ပင်အလုံးကရှိနေသည်။ သူသည် ဘယ်တော့မှ စကားပြောရခြင်းအပေါ် နှစ်သက်သောသူမဟုတ်သလို အမြဲတမ်းရေခဲတစ်မျှအေးစက်သော မျက်နှာအမူအရာသာရှိ၏။ လက်အတွင်းရှိသောပစ္စည်းသည် စကားမဆိုသော်လည်း ရှင်းလင်းသောအဖြေကိုပေး၏။ ဤမျှလောက်ထိ ဆိုးသွမ်းရိုင်းစိုင်းသောသူသည် တစ်ဦးတည်းသာရှိ၏။ ပြာဖြစ်သွားရင်တောင် ရွှမ်းမင် ထိုသူမှန်းမှတ်မိနိုင်သည်။

ရွှဲရှန့် ; "........."

လက်တွင်းမှနွယ်ပင်ကိုလွှတ်ပစ်ပြီး ရွှမ်းမင်စကားထပ်ဆိုလာ၏။

"မိုးခြိမ်းသံနဲ့ပတ်သတ်ပြီးမဖြေလာသေးဘူး"

"ဪ..ဘာမှတော့မဟုတ်ပါဘူး..ငါဒီမှာဆိုတာအခြားသူတွေကိုသိစေချင်လို့..အဲ့ဒါမှလဲတစ်ယောက်ယောက်ငါ့ကိုလာရှာမှာပေါ့"

ရွှမ်းမင် ; "..........."

မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီးအား ထက်ခြမ်းခွဲလုမတတ် ပြင်းထန်ပြီး လျိုအိမ်တော်ကို ပြာအဖြစ်ပင်ပြောင်းသွားစေနိုင်သည်။

ထိုအခြင်းအရာအားလုံးသည် သူဒီမှာရှိနေသည်ကို အခြားသူများသိသွားရုံသတ်သတ်သာဖြစ်၏။

ကြားရသောစကားကြောင့် မပြောင်းလဲသောရွှမ်းမင်မျက်နှာပင် ပထမဆုံးအနေနှင့် အံ့သြသင့်သောအသွင်ပေါ်လာ၏။

ရွှဲရှန့်အနေဖြင့် ထိုအမူအရာကိုသဘောကျလှတာကြောင့် ပြုံးရယ်ရင်း

"ဟမ်?မိုးခြိမ်းသံနောက်လိုက်လာတာလား?ငါလုပ်ခဲ့တာတွေအချိန်ဖြုန်းရာသတ်သတ်မဟုတ်တော့ဘူးပေါ့..အမြန်ရောက်လာလို့တော်သေးတယ်..ငါကနောက်တစ်ခါထပ်လုပ်ဖို့စဥ်းစားနေတာ"

ပြောစရာစကားတောင်မရှိ။ အတော်ကြာသည်အထိ ရွှမ်းမင်ကြည့်နေပြီး အေးတိအေးစက်နှင့် စကားဆိုလာပြန်၏။

"ဒီလိုဆိုရင်လည်းအပြင်ထွက်ဖို့ဂိတ်ဝရှစ်ခုရှာနေစရာတောင်မလိုတော့ဘူး..ပြာဖြစ်သွားတော့လည်းအခေါင်းဖိုးမလိုတော့ဘူးပေါ့"

"ဘုန်းတော်ကြီးကဘယ်လိုဖြစ်ပြီးအလွယ်လေးငွေစကားပြောနေတာလဲ...က-"

မျက်နှာရှုံ့မဲ့သွားကာ ကတုံးလို့ထွက်လာတော့မည့်စာသားကို မြိုချလိုက်ရသည်။

"မင်းတို့ဘုရားကိုစော်ကားရာမကျဘူးလား"

ရွှမ်းမင် ; "........"
မောက်မာသောသတ္တဝါသည် ထိုစကားမျိုးဆိုလာရဲသေးသည်။

"ခုနကပြောတဲ့ရှစ်နေရာကရှာတွေ့သွားပြီးလား?တွေ့ပြီးသွားရင်တော့အဆင်ပြေတာပဲ..ငါ့ကိုခေါ်သွားပါလား?မတွေ့သေးဘူးဆိုရင်လည်းနောက်ထပ်မိုးကြိုးတွေငါထပ်ဆင့်ခေါ်လိုက်မယ်..ဒီတစ်ခါတော့အစီအရင်ကိုထပ်ခြမ်းကွဲအောင်ပစ်နိုင်လောက်မှာ"

ပါးစပ်က ထိုသို့ပြောသော်လည်း အတွင်းထဲမှာတော့ "ကတုံးရယ်၊တွေ့ပြီးသွားပြီပြောစမ်းပါ..ငါ့မှာမိုးကြိုးဆင့်ခေါ်တဲ့အင်းစာရွက်ကတစ်ခုတည်းရှိတာ..သုံးလည်းသုံးပြီးသွားပြီ"

ကံကောင်းလှစွာ ရွှမ်းမင်သည် သူစိတ်ပျက်သွားအောင်မလုပ်။ ခေါင်းငြိမ့်ပြပြီး

"နံရံပေါ်ကဆင်းလို့ရပြီ"

ပြောပြီးသည်နှင့် လှည့်ထွက်သွား၏။ တိမ်စိုင်တွေကဲ့သို့ လွင့်ပြန်နေသော အဖြူရောင်ဝတ်ရုံရှည်နှင့်အတူ ခြေလှမ်းအနည်းငယ်မျှနဲ့ အဝေးသို့ရောက်သွားသည်။

သို့သော်လည်း ရွှမ်းမင်ခြေလှမ်းများရပ်တန့်သွားပြီး တစ်လက်မတောင်မရွေ့သေးသော ရွှဲရှန့်ထံသို့လှည်ကြည့်လာ၏။

အေးဆေးတည်ငြိမ်သောအသွင်နှင့် ခြေထောက်များကိုရိုက်ပြပြီး

"အောက်ပိုင်းသေနေတာ..လှုပ်လို့မရဘူး"

တမင်ဟန်ဆောင်နေပြန်ပြီထင်ပြီး ရွှမ်းမင်မျက်မှောင်ကျုံ့သွားသည်။

"အရင်တုန်းကတော့နှေးကွေးမနေပါဘူး..ရွံစရာသတ္တဝါ"

အစေခံလည်ထောင်ပေါ်ကို သုံးလေးခါလိမ့်ပြီး ရောက်သွားသေးသည်။ အတော်ကိုလျင်မြန်ဖျတ်လတ်နေတာများ။

"ကတုံး..မင်းကန်းနေတယ်ထင်တယ်..ငါ့ခြေထောက်နဲ့ငါရွေ့တာတွေ့ဖူးလား?အစေခံရဲ့ခြေထောက်ကိုငါငှားသွားတာလေ"

သနားဂရုဏာစိတ်မရှိသော ကိုယ်တော်နှင့် ယဥ်ကျေးမှုမရှိသော ရွံစရာသတ္တဝါတို့ အတော်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်နေကြ၏။ နောက်ဆုံးတော့ အရင်လူပဲအရှုံးပေးကာ နံရံရှိရာသို့ပြန်လျှောက်လာသည်။

အမည်းရောင်ဝတ်ရုံအောက်တွင် ဒူးခေါင်းအစုံ၏ကောက်ကြောင်းသည် ငေါ၍ထွက်နေ၏။ အိပ်ရာထက်တွင် အချိန်အတော်ကြာသည်အထိ လဲနေသူအများစုတွင် သေးသွယ်ပိန်လျသော ခြေထောက်များရှိတတ်ကြသည်။ ဒါပေမဲ့ ရွှဲရှန့်ကတော့ကွာခြား၏။ အကြမ်းဖျဥ်း အပေါ်ကကြည့်လျှင် သာမန်သူခြေထောက်များနှင့် အတူပင်ဖြစ်ပြီး အောက်ပိုင်းသေနေသောသူဟုထင်ဖွယ်ရာမရှိ။

ရွှမ်းမင်တစ်ချက်ကြည့်ပြီး ခြေကျင်းဝတ်ရှိရာသို့ လက်လှမ်းလိုက်၏။

မမျှော်လင့်ထားသောရွှဲရှန့်အဖို့ ဆတ်ကနဲ ထိတ်လန့်သွား၏။ အောက်ပိုင်းသေနေတာမဟုတ်လျှင် ရွှမ်းမင်ကို ကန်ပြီးနေပြီ။

ပြောစမ်းပါဦး?နဂါးလက်သည်းဆိုတာမင်းအလွယ်တကူကိုင်လို့ရတဲ့အရာလား?ဟမ်?သေချင်နေပြီလား?

ရွှဲရှန့်တုံ့ပြန်မှုကို ရွှမ်းမင်မှတ်သားလိုက်သည်။ အောက်ပိုင်းသေနေသည်ဟု ဟန်ဆောင်နေလျှင် အပေါ်ပိုင်းခန္ဓာကိုယ်ပဲ တုန့်ပြန်မည်မဟုတ်၊ ထိတ်လန့်သွားလျှင် အောက်ပိုင်းကပါတုံ့ပြန်လိမ့်မည်။

အနှီရွံစရာသတ္တဝါဆိုလာသည့်အတိုင်းအမှန်ပင် အောက်ပိုင်းသေနေလေ၏။

ရွှမ်းမင်မျက်လုံးများမော့ကြည့်လာပြီး လက်တစ်ဖက်ဖြင့် ဗုဒ္ဓနည်းအတိုင်း အရိုအသေပေးဟန်ပြသည်။ အခြားလက်တစ်ဖက်သည် ရွှဲရှန့်ရှိရာသို့ဆန့်တန်းလာကာ

"ဆင်းလာခဲ့"

•••••••

Zawgyi

ျမည္ေနေသာအသံရပ္တန႔္သြားၿပီး အေမွာင္ထုသည္ မိွန္က်သြား၏။ တစ္ခုခုေတာ့လဲြေနၿပီျဖစ္ေၾကာင္း ရႊဲရွန႔္ရိပ္စားမိလိုက္သည္။

သူ၏ေအာက္ဘက္ရိွၾကမ္းျပင္ထက္ ေက်ာက္တံုးမ်ားျဖင့္ ခင္းက်င္းထားၿပီး အစိမ္းေရာင္ေရၫွိမ်ားက ဖံုးလႊမ္းေန၏။ ၾကမ္းျပင္ေပၚျပဳတ္က်မလာခင္ ရႊဲရွန႔္အားလက္ျဖင့္ကိုင္ထားေသာ ကတံုးကိုေတာ့ ဘယ္မွာမွမေတြ့ေတာ့။

ကတံုးတင္မက ၊ ေဘးဘီဝဲယာကိုတခ်က္ၾကၫ့္ရာ အႀကံေပးလ်ိဳလည္းရိွမေန။ အနည္းဆံုးေတာ့ ေနာက္ေက်ာဘက္က အေဆာင္ငယ္က်န္ရိွေနေသးသည္။ သို႔ေပမဲ့ ရႊဲရွန႔္ျမင္ေနရေသာအေဆာင္သည္ သင့္တင့္ေလ်ာက္ပတ္ေသာမ်က္ႏွာစာႏွင့္ အေကြးအေကာက္ပံုေဖာ္ထားေသာတံခါးရိွ၏။ လ်ိဳခ်ဳံေနေသာအခန္းေတာ့မဟုတ္ ၊ အခန္းအတြင္းမွ က်န္းရွီနင္ႏွင့္အျခားသူမ်ား ထြက္လာလိမ့္မည္မထင္။

သူေရာက္ေနေသာေနရာသည္ အမွန္ပင္ အလြန္အမင္း တိတ္ဆိတ္ေန၏။ တိုးၫွင္းလွေသာအသံပင္မၾကားရ။ လူသူမရိွက်ယ္ေပ်ာေသာ စံအိမ္ေတာ္တစ္ေဆာင္ရိွရာသို႔ ပို႔ေဆာင္ျခင္းခံလိုက္ရပံုေပၚသည္။

"ဒါဘယ္ေနရာလဲ"

သူ၏မွန္းဆခ်က္မ်ားသည္ စိုးရိမ္စရာေတာ့ရိွ၏။ ဘယ္သူမဆို ဤေနရာသို႔ေရာက္လာလ်ွင္ အဘယ္ေနရာျဖစ္ေၾကာင္း သိရိွႏိုင္ရန္ ေဟဠိဆန္ေသာစံအိမ္အႏွံ႔ စူးစမ္းရွာေဖြေပလိမ့္မည္။ ဒါေပမဲ့ရႊဲရွန႔္သည္ ေအာက္ပိုင္းေသေနေသာသူျဖစ္တာေၾကာင့္ လမ္းေလ်ွာက္၍မရ။

စကၠူလူသားအေနနဲ႔ရိွေနဆဲရႊဲရွန႔္သည္ တြန႔္ေက်ေနေသာစကၠူကို ျပန႔္သြားေအာင္ဆဲြျဖန႔္လိုက္၏။ လက္ႏွစ္ဖက္ျဖင့္ ၾကမ္းျပင္ကိုေထာက္ကာ ေခါင္းငဲ့ေစာင္းရင္း ေတြ့ျမင္ရေသာရူခင္းအား လွၫ့္ပတ္ၾကၫ့္ေတာ့သည္။

ဘယ္ဘက္ျခမ္းရိွနံရံေပၚတြင္ ႏြယ္ပင္အိုမ်ား ဖံုးကာထားသည္။ သစ္ပင္ႀကီးတစ္ပင္ရိွၿပီး ၿခံဝန္းအတြင္းေကာ အျပင္ေကာပါ အရိပ္ေပးလ်က္။ ညာဘက္ျခမ္းတြင္ စႀကၤံလမ္းတစ္လမ္း၊ ၿခံဝန္းကိုခဲြထားေသာနံရံႏွင့္ နံရံတြင္က်ဥ္းေျမာင္းေသာတံခါးငယ္တစ္ခုရိွသည္။ တံခါးကိုျဖတ္သြားလ်ွင္ ဥယ်ာဥ္ငယ္တစ္ခုဆီကိုေတာ့ ေရာက္မည္ထင္သည္။

သာမန္ကာလ်ွံကာၾကၫ့္တာေတာင္ လွပေသာၿခံဝန္းသည္ အျမင္ရိွရိွပံုစံခ်ထားေၾကာင္းသိသာ၏။ သို႔ေပမဲ့လည္း ထိုလွပမႈကိုခ်ီးမြမ္းခန္းဖြင့္ရန္ တစ္ၪီးတစ္ေယာက္မွရိွမေန။ ထိတ္လန႔္ဖြယ္ျမင္ကြင္းတစ္ခုႏွယ္ပင္။

ရႊဲရွန႔္သည္ ေကာင္းကင္ယံထက္က်က္စားခဲ့ေသာ ဒဏၬာရီလာသတၲဝါတစ္ေကာင္ျဖစ္၏။ ထို႔ေၾကာင့္လည္း ေၾကာက္ရြံ႔ထိတ္လန႔္ျခင္းဆိုတာဟာ သူ႔အဘိဓာန္တြင္ပါမလာခဲ့။ နည္းနည္းသာသတိထားရံုႏွင့္ပင္ လံုေလာက္သည္။

"ငါ့အေရ႔ွမွာကေျမာက္ဘက္ ငါ့အေနာက္မွာကေတာင္ဘက္"

ရႊဲရွန႔္သည္ ျမင္ကြင္းကိုသာ ရူစားေနျခင္းမဟုတ္။ ေက်ာက္တံုးအက္ေၾကာင္းတစ္ေလ်ွာက္ ေရၫွိႏွင့္ႏြယ္ပင္မ်ား ႀကီးထြားရာလမ္းေၾကာင္းကို အေျခခံၿပီး ဤအေဆာင္ဝန္းသည္ ဘယ္အရပ္ကို မ်က္ႏွာမူေနေၾကာင္း ရႊဲရွန႔္ေကာက္ခ်က္ခ်ႏိုင္သည္။

သူတြတ္ခ်က္တာသာမွန္လ်ွင္ ယခုေရာက္ရိွေနေသာေနရာသည္ အိမ္ဝန္း၏အေရ႔ွေျမာက္ဘက္ျခမ္း ျဖစ္ရမည္။

အေရ႔ွေျမာက္ဘက္!

"ၾကားဖူးသလိုပဲ"

အႀကံေပးလ်ိဳၿခံဝန္းအတြင္း ရိွေနဆဲဆိုလ်ွင္ အေရ႔ွေျမာက္ဘက္အျခမ္းသည္ ေရတြင္းထဲျပဳတ္က်ခဲ့ေသာ အႀကံေပး၏သားငယ္လ်ိဳက်င္းအေဆာင္ရိွရာဘက္ ျဖစ္ရမည္။
ေစာနကတုန္းကၾကားခဲ့ေသာ ျမည္သံသည္ ဤေနရာမွလာခဲ့ဟန္တူသည္။

ရွာေနခဲ့တဲ့အရာက.........ဒီမွာလား?

အသိႏွင့္အတူ ရႊဲရွန႔္ထထိုင္လိုက္သည္။ အသက္ေအာင့္ရင္း ထိုင္ၿမဲထိုင္ကာ အာရံုစိုက္ၿပီးနားေထာင္ၾကၫ့္သည္။ အမာထည္ပစၥည္းမ်ား ထိခတ္သံကို မၾကားရသၫ့္အျပင္ ဘာသံမွေတာင္မၾကားရ။

ရြံရွာေသာမ်က္ႏွာထားႏွင့္ ေရၫွိမ်ားကိုဖယ္ရွားၿပီး ေက်ာက္သားၾကမ္းျပင္ထက္မ်က္ႏွာအပ္ကာ နားႏွင့္ၾကမ္းျပင္နဲ႔ ဖိကပ္ထားလိုက္သည္။ ဒီတစ္ႀကိမ္မွာေတာ့ လႈပ္ရွားမႈစိုးစိမ်ွကို သူၾကားရ၏။ ထူးဆန္းတာက အသံမ်ားသည္ တစ္ခါက်နီးလာသလို တစ္ခါက်ေဝးသြားသည္။ တိက်ေသာတစ္ေနရာတည္းမွ လာတာမ်ိဳးမဟုတ္။

အသံသည္ တိုးၫွင္းလွတာေၾကာင့္ ၾကာၾကာနားေထာင္ဖို႔ရန္ေတာင္ခက္ခဲ၏။ နား၌ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ျဖစ္ေနသည္။ ေနာက္ေျပာင္ေနသလို ေျပာင္းလဲေနေသာအသံေၾကာင့္ ရႊဲရွန႔္စိတ္မရွည္ေတာ့။ တစ္အိမ္လံုးကိုသာ ေျမၾကီးေပၚမွၿမွောက္ၿပီး ဓားႏွင့္ထိုးေမႊလို႔ရရင္ေကာင္းမည္ဟု ရႊဲရွန႔္ဆႏၵရိွမိသည္။

ဒါေပမဲ့ အခုလိုစကၠူခႏၶာကိုယ္ႏွင့္ လုပ္လို႔ရတာဘာမွမရိွ။

ေဒါသပုန္ထရန္ ရႊဲရွန႔္နီးကပ္လာေနတုန္း နံရံထက္တန္ဆာဆင္ထားေသာ ျပတင္းေပါက္ဆီိမွ ေလႏုေအးက တိုး၍ဝင္ေရာက္လာသည္။ ပါးလ်ေသာ ေဆာင္းတြင္းေလေျပျဖစ္ေပမဲ့လည္း အားအင္အခ်ိဳ႕ေတာ့ပါ၏။ ေရာက္ရိွလာေသာအခြင့္အေရးကို ရႊဲရွန႔္လက္လြတ္ခံမည္မဟုတ္။
ေလ၏သယ္ေဆာင္ျခင္း ခံလိုက္ရၿပီးေနာက္ မ်က္ေတာင္တစ္ခတ္အခ်ိန္မွာ သူပ်ံသန္းေနၿပီျဖစ္သည္။

ႏြယ္ပင္ရိုးတံတစ္ေခ်ာင္းကို ဆုပ္ကိုင္ကာ အားယူလႊဲခုန္ၿပီးေနာက္ အရိပ္ေပးေနေသာသစ္ပင္ထက္သို႔ ေရာက္ရိွသြားသည္။

ကိုယ္ထည္သည္ မားမားမတ္မတ္ရိွေနဆဲျဖစ္ေပမဲ့ အကိုင္းအခတ္မ်ားကိုေတာ့ ခ်ိဳင္ထားသည္ျဖစ္ရာ နံရံေနာက္ေက်ာ္ထြက္ေနေသာ အကိုင္းတစ္ကိုင္းသာက်န္၏။ ရႊဲရွန႔္သည္ အသံုးမက်ေသာေလေနာက္ လိုက္ပါစီးနင္းမိပံုရ၏။

စကၠူသည္ ေပါ့ပါးသလို ပါးလႊာ၏။မႈတ္ထုတ္လိုက္ဖို႔ လြယ္ကူသလို သစ္ပင္ေပၚကလည္း ျမင္ကြင္းေကာင္းေကာင္းမေပး။

ထို႔ေၾကာင့္ လႊင့္ထုတ္ရန္ႀကိဳးပမ္းေနေသာ ေလညင္းတိုက္ခတ္ေနသၫ့္ၾကားတြင္ လူအျဖစ္သို႔ ရႊဲရွန႔္ျပန္ေျပာင္းလိုက္သည္။ သစ္ပင္ကိုယ္ထည္ကို လက္တစ္ဖက္ျဖင့္ဖက္ၿပီး က်န္လက္တစ္ဖက္က သစ္ကိုင္းကိုဆဲြကာ နံရံေပၚ၌ ေနရာယူလိုက္သည္။

စူးရွေသာေနေရာင္ျခည္ေၾကာင့္ မ်က္ေမွာင္က်ဳံ႔သြားရာ ပို၍ပင္ေခ်ာေမာၾကၫ့္ေကာင္းေနေသးသည္။ ေရအိုင္အသြင္ ေရာင္ျပန္ဟပ္ေနေသာ နက္ေမွာင္ေသာမ်က္ဝန္းအစံုတြင္ ျမဴခိုးျမဴမႈန္ စိုးစဥ္မ်ွမရိွ။ ေရခဲအလႊာခပ္ပါးပါးေအာက္၌ စိတ္အားထက္သန္မႈမ်ားက ေရာင္ျပန္ဟပ္ေနသည္။

ထိုင္ခ်ၿပီးသည္ႏွင့္ နံရံေနာက္ဘက္အား ၾကၫ့္လိုက္၏။ ၾကၫ့္ၿပီးသည္ႏွင့္ ေနာက္ျပန္လွၫ့္ၿပီး နံရံအတြင္းၿခံဝန္းအား တစ္ခ်က္ၾကၫ့္လိုက္သည္။ ထို႔ေနာက္ တဖန္အျပင္သို႔ျပန္ၾကၫ့္၏။

အေရ႔ွၾကၫ့္လိုက္ အေနာက္ၾကၫ့္လိုက္ အျပန္ျပန္လုပ္ရင္း သူ႔အမူအရာသည္ ဖိအားေအာက္၌ အက္ေၾကာင္းထလာပံုရ၏။ ႂကြေထည္သည္ အေအးဒဏ္မခံႏိုင္၍ ကဲြရာေပၚလာသၫ့္ဟန္။

ရႊဲရွန႔္ ; ".........."
နံရံရဲ့ႏွစ္ဖက္လံုးက ဘာလို႔တစ္ေထရာတည္းျဖစ္ေနတာလဲ?

ရႊဲရွန႔္ကေတာ့ စိတ္ဝင္စားစရာေကာင္းသည္ဟုျမင္၏။ လမ္းေၾကာင္းမွ ေသြဖယ္ေနေသာ သရဲလက္ခ်က္ မိခဲ့ဟန္တူသည္။ တစၧေသရဲမ်ား၏ဝကၤပါ၌ ပိတ္မိသြားသူသည္ စက္ဝိုင္းအတြင္း လမ္းေလ်ွာက္ရသလို ျဖစ္ေနလိမ့္မည္။

သို႔ေပမဲ့ အေၾကာင္းျပခ်က္မရိွပဲနဲ႔ ျဖစ္မည္မဟုတ္။ ျဖစ္ရေသာအေၾကာင္းရင္းကေတာ့ရိွမည္။ ရႊဲရွန႔္မွတ္ဥာဏ္ေတြကိုျပန္လွန္ရင္း သူေတြးမိတာက ကတံုးေျပာခဲ့ဖူးေသာ "ပင္လယ္အတြင္းျမစ္စီးဝင္ျခင္း" အစီအရင္ တစ္ခုတည္းရိွ၏။

ဖုန္းေရႊအစီအရင္သည္ တစ္စံုတစ္ရာေၾကာင့္ ရႈပ္ေထြးသြားၿပီး အဆိုးမ်ားျဖစ္ကာ ဤေနရာသို႔ အကုန္လံုးေရာက္ရိွလာၾကတယ္ထင္သည္။

ဝန္းတံတိုင္းတစ္ခုလံုး တိတ္ဆိတ္ေနတာက တစၧေသရဲနဲ႔ဆိုင္တဲ့ျဖစ္စဥ္ေတြေၾကာင့္လား? ဒါမွမဟုတ္ သူတစ္ၪီးတည္းေရာက္လာတာလား?

နံရံေပၚကျမင္ကြင္းသည္ ေျမၾကီးေပၚက ၾကၫ့္ရတာထက္ေတာ့သာေပမဲ့ အေကာင္းႀကီးေတာ့မဟုတ္။ အိမ္ေတာ္တစ္ဝိုက္ ကာရံထားေသာ မီးကာသၫ့္နံရံမ်ားေၾကာင့္ ရႊဲရွန႔္ေသခ်ာမျမင္ရ။ ေက်ာက္သားေျမကြက္လပ္ႏွင့္ တံခါးငယ္မ်ားသာေတြ့သည္။ ျဖတ္သြားလို႔ရမရေတာ့ သူေသခ်ာမသိ။

ေလးမ်က္ႏွာလံုးမွာရိွေနေသာ တံခါးငယ္မ်ားႏွင့္ အနိမ့္အျမင့္မညီေသာနံရံမ်ားကို ၾကၫ့္ကာ ရႊဲရွန႔္ဆံုးျဖတ္ခ်က္ခ်လိုက္သည္။

တိတ္ဆိတ္ၿငိမ္သက္ေနေသာ စံအိမ္ေတာ္အတြင္းတြင္ တစၧေသရဲ၏ျပဳစားျခင္းခံလိုက္ရေသာသူသည္ ဤအစီအရင္ကို ေခ်ျဖတ္လိုလ်ွင္ ဇီဝကမၼဂိတ္ေပါက္ရွစ္ခုအား ရွာေတြ့ရန္လိုအပ္၏။

စတင္ျခင္းဂိတ္ဝ၊ အနားယူျခင္းဂိတ္ဝ၊ ရွင္သန္ျခင္းဂိတ္ဝ၊ နာက်င္ျခင္းဂိတ္ဝ၊ ရပ္တန႔္ျခင္းဂိတ္ဝ၊ အလင္းေပးေသာဂိတ္ဝ၊ ေၾကာက္ရြံ႔ျခင္းဂိတ္ဝ၊ ေသဆံုးျခင္းဂိတ္ဝတို႔ျဖစ္၏။ ဂိတ္ဝတစ္ခုျခင္းဆီတြင္ ကြာျခားမႈရိွ၏။ ဂိတ္ဝမွားၿပီးထြက္မိလ်ွင္ ကံအေကာင္းဆံုးျဖစ္ရပ္မွာ ဤအေျခအေန၌ တစ္သက္လံုးပိတ္မိေနမွာျဖစ္သည္။ အဆိုးဆံုးျဖစ္ႏိုင္ေခ်မွာေတာ့ ေသဆံုးသြားသည္သာ။

အိမ္ေတာ္ဝန္း၏တည္ေဆာက္ပံုအရ ဂိတ္ဝတံခါးေပါက္မွာ ရွာေတြ့ရန္ခက္ခဲမည္ျဖစ္ေၾကာင္း သံသယဝင္စရာေတာင္မရိွ။ ႀကိဳးစားၿပီးေတာ့ အားစိုက္ထုတ္ရေတာ့မည္ထင္သည္။

ရႊဲရွန႔္သည္ သာမန္လူသားတစ္ၪီးမဟုတ္သလို တစ္ခုခုကိုခ်ိဳးေဖါက္ရန္ လံု႔လဝီရိယထုတ္ခဲ့ရသည္ဆိုတာ သမိုင္းမွာမရိွခဲ့။ ဟိုးယခင္တုန္းက ဤသို႔အရာေတြအေပၚ စိတ္အေနွာင့္အယွက္ျဖစ္ခံသည္မဟုတ္။ တစ္ရက္တြင္ေတာ့ ဒီလိုသရဲေျခာက္ခံရမည္ဟူ၍လည္း စိတ္ကူးထဲပင္ ေတြးထင္ခဲ့သည္မဟုတ္။

သူ႔အတြက္ကေတာ့ ဘယ္ဟာကရွင္သန္ျခင္းတံခါးဝလည္း ဘယ္ဟာကေသဆံုးျခင္းတံခါးဝလည္းဆိုတာ ထိုင္ရင္းရွာေဖြေတြးေတာေနတာထက္စာရင္ ဓားယူၿပီးကိုယ့္ကိုယ္ကိုအဆံုးသတ္လိုက္တာမွ ေတာ္ၪီးမည္။

"သံုးစားမရတဲ့ေျခေထာက္ႏွစ္ေခ်ာင္းကိုပဲတရြတ္တိုက္ဆဲြၿပီးလိုက္ရွာသင့္လား"

ရႊဲရွန႔္ ; ငါ့ကိုငါဘာလို႔အဲ့ေလာက္ေတာင္မုန္းေနရတာလဲ

ရႊဲရွန႔္သည္ လြန္စြာဂုဏ္ယူဝံ့ႂကြားတတ္သူျဖစ္တာေၾကာင့္ ကိုယ့္ကိုယ္ကိုဆင္းရဲဒုကၡခံၿပီး ဂုဏ္က်ရာက်ေၾကာင္း ကိစၥရပ္မ်ား လုပ္မည့္သူမဟုတ္။ ေရြးခ်ယ္စရာမရိွလ်ွင္.......ေသတာကမွပိုေကာင္းၪီးမည္။

ေလေျပေလညင္းသာသာရိွေသာ စံအိမ္အႏွံ႔ပတ္တိုက္ေနေသာေလသည္ အားေပ်ာ့လွတာေၾကာင့္ ရႊဲရွန႔္တစ္ေနရာမွတစ္ေနရာသြားဖို႔ရာ အကူအညီမျဖစ္။ ထြက္ရမၫ့္တံခါးဝေတြ့ခဲ့သည္ထားၪီး၊ ဘယ္လိုသြားရမလဲ?တြားသြား သြားရမွာလား?

အေတြးႏွင့္ေတာင္ သြားေတြက်ဥ္တတ္လာသည္။

အိမ္မက္မက္ေနလိုက္၊ အျခားသူေတာ့သြားလိမ့္မယ္၊ ငါေတာ့ျဖစ္မွာမဟုတ္ဘူး။

ရႊဲရွန႔္သစ္ပင္ကိုမွီၿပီး စိတ္ရႈတ္မႈႏွင့္အတူ လ်ွာထိပ္ဖ်ားကို လိွမ့္ဝါးရင္းျဖင့္ ေတြးေတာေန၏။ ဝတ္ရံုရိွအိတ္ကပ္အတြင္းမွ အဝါေရာင္စာရြက္ကိုဆဲြထုတ္လိုက္သည္။

အဘက္ဘက္မွေကာက္ေကြးၿပီး တြန႔္ေက်ေနပံုအရ ရႊဲရွန႔္ေသခ်ာမသိမ္းထားသည္မွာ သိသာလွ၏။ မႏွစ္သက္ေသာမ်က္ႏွာထားႏွင့္ အစြန္းမွကိုင္ကာ ျပန႔္က်လာေအာင္ လႈပ္ခါေန၏။ စာရြက္သည္ အဓိပၸာယ္ေဖာ္မရေသာစုတ္ခ်က္မ်ားႏွင့္ ရႈပ္ေထြးလွ၏။ ဘယ္သူမွပင္နားလည္ႏိုင္မည္မဟုတ္။

ဒါေပမဲ့ ရႊဲရွန႔္ကေတာ့ နားလည္သည္။

ရာက်ိဳးစီရင္စုနယ္ေျမကို ျဖတ္သြားခဲ့စဥ္က တာအိုဆရာေတာ္တစ္ၪီးထံမွ ခိုးယူခဲ့ျခင္းျဖစ္သည္။

တြန႔္ေကြးေနေသာ ႏႈတ္ခမ္းေမြးရွည္ႏွစ္ခုႏွင့္ မေသသပ္ေသာမုတ္ဆိတ္ေမႊးမ်ားရိွၿပီး ပိျပားေနေသာအဝတ္ေခါင္းေဆာင္းကို ဝတ္ဆင္ထားသည္။ မ်က္လံုးနားတြင္ အစိမ္းေရာင္အမာရြတ္တစ္ခုရိွၿပီး ေမြးရာပါလည္းျဖစ္ႏိုင္သလို ဒဏ္ရာရတာလည္းျဖစ္ႏိုင္သည္။ သူ႔ပိုင္နက္သည္ တံတားေဘးတြင္ျဖစ္ၿပီး တစ္ေန့လံုးထိုင္ကာ မ်က္လွၫ့္လည္းျပသလို ကိုယ္တိုင္လုပ္အင္းစာရြက္မ်ားလည္းေရာင္း၏။ အႏွီလူသားသည္ ထူးဆန္းတယ္ဆိုလို႔ရ၏။ အင္းစာရြက္ေရာင္းရလိုလ်ွင္ တကယ့္ဟာႏွင့္တူေအာင္ေတာ့ ေရးသင့္သည္။ ႄကံုရာက်ပန္း ဆဲြလိုက္ရင္ေတာင္ရသည္။ သို႔ေပမဲ့ ထိုမိမစစ္ဖမစစ္ ေရးဆဲြထားေသာအမိႈက္သည္ အင္းစာရြက္လို႔ ယံုႏိုင္စရာေတာင္မရိွ။ အလိမ္အညာေတြကို ဝယ္သူမ်ားျမင္သြားေလမလား စိုးရိမ္ပူပန္ပံုလည္းမရ။

ရႊဲရွန႔္လည္း ထိုသူ႔ဆိုင္အတြင္း ရက္အေတာ္ၾကာအခ်ိန္ျဖဳန္းရင္း အင္းစာရြက္ေတြကို ေလ်ွာက္ၾကၫ့္ေနခဲ့၏။ အမ်ားစုမွာပံုျပသက္သက္ျဖစ္ေပမဲ့ အသံုးဝင္တာ တစ္ရြက္ႏွစ္ရြက္ေတာ့ရိွသည္။

အရမ္းႀကီးအသံုးဝင္လွသည္ေတာ့မဟုတ္၊

မေကာင္းေသာဝိညာဥ္မ်ားကို ေမာင္းထုတ္ေပးႏိုင္ေသာအင္းစာရြက္သည္ ၾကမ္းပိုးသာသာအေကာင္သာ ႏွင္ႏိုင္လိမ့္မည္။ အသက္ရွည္ေစႏိုင္ေသာအင္းစာရြက္သည္ ႏွာေစးေခ်ာင္းဆိုးအေအးမိတာေလာက္သာ ကုေပးႏိုင္လိမ့္မည္။

ရႊဲရွန႔္ဝတ္ရံုတြင္း သိမ္းထားေသာအင္းစာရြက္သည္ တာအိုဆရာေတာ္အႏုစိတ္ေရးဆဲြထားေသာလက္ဖဲြ႔ျဖစ္၏။

"မိုးႀကိဳးတိမ္တိုက္မ်ားအတြင္းေနထိုင္ပါေသာေတာင္အရပ္နဂါးမင္းအတြက္"

ရႊဲရွန႔္မ်က္ဝန္းေတြ က်ဥ္းေျမာင္းလာၿပီး ပ်င္းရိစြာေရရြတ္လိုက္သည္။

အေခါက္ေခါက္အခါခါ ေရးသားထားတာျဖစ္ၿပီး တီေကာင္မ်ားသဖြယ္စာရြက္ထက္ တြန႔္လိမ္ေနသည္။ ဘာေရးထားမွန္း ရႊဲရွန႔္သိေနတာက အံ့ၾသဖြယ္ျဖစ္ရပ္ပင္။

စာသားအရ မိုးက်ရန္ရည္ရြယ္ထားေသာ အင္းစာရြက္ျဖစ္ေၾကာင္းသိသာ၏။ သို႔ေပမဲ့လည္း ထိုတာအိုဆရာေတာ္သည္ ဘာေၾကာင့္မ်ားေရးခဲ့ေလသလဲေတာ့မရွင္းလွ။

မုန္တိုင္းအားလိုလ်ွင္ အင္းစာရြက္ေလးေလာက္နဲ႔ေတာ့ ဆုေတာင္းသံမ်ားကို နဂါးမင္းၾကားမည္မဟုတ္။ ေနကာရန္တိမ္မည္းအခ်ိဳ႕သာ ေရာက္လာလိမ့္မည္။ ဒါေပမဲ့ ဤအင္းစာရြက္သည္ ရႊဲရွန႔္လက္ထဲေရာက္ေနၿပီျဖစ္၍.......

အင္းစာရြက္ၪီးတည္ေနေသာ ေတာင္ဘက္နဂါးမင္းသည္ ရႊဲရွန႔္မွလဲြ၍အျခားမရိွ။

ဝတ္ရံုအတြင္း လက္ထပ္ထၫ့္ကာ ေျမအိုးငယ္တစ္အိုးကို ထုတ္ယူလိုက္၏။ အဖံုးကိုဖြင့္လိုက္ခ်ိန္တြင္ မြန္ထူလွေသာၫွီနံ႔က ေလထုအတြင္းပ်ံ႔ႏွံ႔သြားသည္။

ရႊဲရွန႔္မ်က္ေမွာင္က်ဳံ႔မိ၏။ တကယ့္ကိုသူ႔ေသြးျဖစ္ေသာ္ျငားလည္း အနံ႔မေကာင္းတာကေတာ့အမွန္ပင္။

လက္ဖဝါးထက္တြင္ အင္းစာရြက္ကို ျပန႔္သြားေအာင္ျဖန္႔ကာ ပုလင္းအတြင္းမွ ေသြးစက္ခ်လိုက္သည္။ ေသြးစက္သည္ အဝါေရာင္စာရြက္အတြင္းသို႔ စိမ့္ဝင္သြား၏။

ပုလင္းကိုျပန္သိမ္းၿပီး စာရြက္အားလက္ျဖင့္ေတာက္လိုက္သည္။ လက္ေပၚမွေျမာက္တတ္သြားေသာ စာရြက္ေပၚရိွ ေသြးစက္သည္ စတင္မီးေလာင္ကၽြမ္းလာ၏။ ရုတ္ခ်င္းပင္စာရြက္သည္လည္း မီးေတာက္၏ဝါးၿမိဳျခင္းကို ခံလိုက္ရ၏။

ခ်က္ခ်င္းဆိုသလို ေလျပင္းမ်ားတိုက္ခတ္လာၿပီး မိုးသတ္မုန္တိုင္းဆင္မၫ့္ တိမ္စိုင္တို႔သည္ ေကာင္းကင္ယံထက္လိမ့္တတ္လာၾကသည္။ မင္အိုးျပဳတ္က်ခဲ့သလို ေကာင္းကင္တစ္ခုလံုးလည္း မည္းေမွာင္သြားၿပီျဖစ္သည္။ ေကာင္းကင္ယံထက္ ပင့္ကူအိမ္ျဖာက်ဲသကဲ့သို႔ ၿပိဳးၿပိဳးပ်က္ပ်က္ျဖစ္ေနေသာ လ်ွပ္စီးတန္းတို႔သည္ မိုးၿခိမ္းသံတို႔အား အေဖာ္ျပဳလ်က္ရိွ၏။

မိုးႀကိဳးသည္ အိမ္ေတာ္၏အစြန္အဖ်ားကိုပစ္လိုက္သလို အိမ္ေတာ္သည္လည္း လႈပ္ခါသြား၏။

ႀကီးမားေသာ ကမ႓ာေျမအား ထပ္ျခမ္းခဲြႏိုင္ေသာ အသံႏွင့္အတူ လ်ွပ္စီးတန္းသည္ ေကြးေကြးေကာက္ေကာက္ႏွင့္ ေကာင္းကင္ယံမွ ဆင္းသက္လာ၏။

နံရံေပၚတြင္ထိုင္ေနဆဲျဖစ္ေသာရႊဲရွန႔္သည္ မိုးႀကိဳးပစ္သြားျခင္းေၾကာင့္ တစ္စစီကဲြေၾကသြားေသာ ေက်ာက္သားၾကမ္းျပင္ကို ပ်င္းရိစြာၾကၫ့္ေနမိ၏။

အိမ္ဝင္းတစ္ခုလံုးသည္ အေတာ္ၾကာတဲ့အထိ တုန္ခါေနၿပီး ျပန္လည္ရပ္တန႔္သြား၏။

ရႊဲရွန႔္လည္း ေကာင္းကင္ယံအား စိတ္ပ်က္လက္ပ်က္အမူအရာျဖင့္ ၾကၫ့္လိုက္သည္။ အင္းစာရြက္သံုးတာေတာင္ လ်ွပ္စီးတန္းအခ်ိဳ႕သာ လုပ္ႏိုင္သည္။

ဒါေပမဲ့လည္း မိုးခ်ဳန္းၿပီးဆူဆူညံညံျဖစ္ခဲ့ရာမွ အသံုးဝင္တာအခ်ိဳ႕ေတာ့ ေပၚလာပံုရသည္။ တစၧေက်က္စားေသာစံအိမ္ဝင္းသည္ အက္ေၾကာင္းထင္သြားခဲ့၏။ နဂိုကတိတ္ဆိတ္မႈသည္ ေသးငယ္ေသာအက္ေၾကာင္းေလာက္ႏွင့္ ၿပိဳကဲြသြား၏။

အက္ေၾကာင္းကိုျဖတ္၍လာေသာ မိွန္ျပျပအသံသည္ အိမ္ဝင္းအတြင္းလႊမ္းႃခံုသြား၏။

သူတစ္ေယာက္တည္းရိွေနသည္မဟုတ္တာကေတာ့ေသခ်ာၿပီ။

ဤအစီအရင္အတြင္း ပိတ္မိေနေသာ အျခားသူတစ္ၪီးလည္းရိွေနသည္။ ေထာင့္တစ္ေနရာစီ က်သြားခဲ့သည္ျဖစ္၍ တစ္ေယာက္ႏွင့္တစ္ေယာက္ ဘယ္မွာရိွေနမွန္းမသိခဲ့ၾက။

နံရံေပၚကပ္တြယ္ေနေသာႏြယ္ပင္မွ တြန႔္လိမ္ေနေသာအကိုင္းတစ္ကိုင္းကို ရႊဲရွန႔္ဆဲြျဖဳတ္လိုက္သည္။ သစ္ကိုင္းအားမွီၿပီး ႏြယ္ပင္ကိုအေၾကာင္းမဲ့သတ္သတ္ လက္ေခ်ာင္းမ်ား၌ ရစ္ပတ္ေန၏။ မ်က္လံုးမ်ားကိုမိွတ္ကာ သူရိွရာသို႔တျဖည္းျဖည္းေရြ့လာေသာအသံကို အာရံုစိုက္နားေထာင္လိုက္သည္။ ရႈပ္ေထြးလွေသာအသံလိႈင္းမ်ားၾကားမွ ထူးျခားေသာတစ္စံုတစ္ရာကို ၾကားလိုက္ရသည္။

အခ်ိန္အေတာ္ၾကာတဲ့အထိ နားေထာင္ၿပီးေနာက္ ထိုအသံအားသူသိသလိုရိွသြား၏။

ေခါင္းေလာင္းသံ?

"မဟုတ္ေလာက္ဘူး"

ရႊဲရွန႔္ေခ်ာင္းဟပ္ရင္း မ်က္ေမွာင္က်ဳံ႔သြားသည္။

အသံသည္ေလထုအတြင္းမွာေတာ့ တီးတိုးလွ၏။ အေဝးမွလာေသာအသံျဖစ္တာေၾကာင့္ပဲလား ဒါမွမဟုတ္ ေသးငယ္ေသာအက္ေၾကာင္းရာသည္ အသံကိုဆဲြဆန႔္လိုက္တာေၾကာင့္ပဲလား။

ေၾကးေခါင္းေလာင္း...

ေၾကးနီဒဂၤါးျပား?

ရုတ္တရက္ဆိုသလို အသံ၏အသြင္အျပင္သည္ ပို၍ပင္ၾကည္လင္လာ၏။ အမွန္ပင္ေၾကးနီဒဂၤါးျပားမ်ား တစ္ျပားႏွင့္တစ္ျပား ျဖည္းညင္းစြာတိုက္မိေသာ အသံျဖစ္သည္။

ႏြယ္ပင္သည္ လက္တြင္း၌ထက္ပိုင္းက်ိဳးသြားသလို ရႊဲရွန႔္မ်က္လံုးမ်ားလည္း ျပန္ပြင့္လာသည္။

တကယ္ပင္ တမဟုတ္ခ်င္းအခ်ိန္အတြင္းမွာ ေၾကးနီဒဂၤါးျပားမ်ားအသံက ပို၍နီး နီးလာသည္။

ၾကားရသေလာက္ေတာ့ အသံသည္တံတိုင္းဝန္းေနာက္ကြယ္မွ လာပံုရသည္။

စႀကၤန္လမ္းအဆံုး၌ရိွေသာ တံခါးငယ္ထံမွ က်ိကနဲအသံ ၾကားလိုက္ရသည္။ ဖ်က္ဆီးခံလိုက္ရေသာႏြယ္ပင္ကို ကိုင္ထားဆဲျဖစ္သၫ့္ ရႊဲရွန႔္ ေမာ့ၾကၫ့္လာ၏။

အျဖဴေရာင္ဝတ္ရံုဝတ္ဆင္ထားေသာ ဘုန္းေတာ္ႀကီးတစ္ပါးသည္ သူရိွရာသို႔လွမ္းေလ်ွာက္လာ၏။

ေရခဲမတတ္ခ်မ္းေနတဲ့ေဆာင္းကာလႀကီးမွာဘာလို႔ဝတ္ရံုအပါးေလးဝတ္ထားတာလဲ?

ထိုသူ၏ပံုစံသည္ ေအးစက္လွသည္ဟု ျမင္ရသၫ့္အျပင္ ဆီးႏွင္းတစ္ထပ္ဖံုးအုပ္ထားသည္လို႔ေတာင္ထင္ရ၏။
ေၾကးနီဒဂၤါးျပားမ်ားကို ခါးထက္ျပန္ခ်ိတ္ဆဲြလိုက္ၿပီး နံရံေအာက္ေျခနားသို႔ ရႊမ္းမင္ေလ်ွာက္လာေတာ့မွ ရႊဲရွန႔္သတိထားမိသြားသည္။ ဤကတံုးသည္ လမ္းေလ်ွာက္လ်ွင္ အသံစိုးစဥ္မွမထြက္ဘူးဆိုတာ။

ဒါဆိုခုနကၾကားရတဲ့ဒဂၤါးျပားသံကတမင္အသံေပးတာလား?

ရႊမ္းမင္သည္ နံရံနားတြင္ရပ္ၿပီး ရႊဲရွန္႔ကိုစိတ္မဝင္စားေသာအၾကၫ့္ႏွင့္ ေခါင္းအစေျခအဆံုး ၾကၫ့္လာ၏။

နံရံေပၚတြင္ထိုင္ေနေသာအမ်ိဳးသားသည္ ပင္ကိုယ္သဘာဝက်ေသာ ၾကၫ့္ေကာင္းသၫ့္အသြင္ရိွ၏။ ဓားအိမ္အတြင္းမွ ဆဲြထုတ္လိုက္ေသာဓားရွည္တစ္ေခ်ာင္းႏွယ္ ျဖစ္သည္။ သို႔ေပမဲ့ ပိန္ပါးလွတဲ့အျပင္ ဝတ္ထားေသာအမည္းေရာင္ဝတ္ရံုသည္ သူ႔အားျဖဴေရာ္ေရာ္ႏိုင္ေစတာေၾကာင့္ မမာေသာအသြင္ေပၚေန၏။ ရွင္းလင္းျပတ္သားေသာအသြင္ပါ ထပ္ေပါင္းလိုက္လ်ွင္ ျမင္ရသူအေပါင္း ဝီေရာဓိျဖစ္ေစကာ ပေဟဠိဆန္လွသည္။

ရႊဲရွန႔္၏ မယုတ္မလြန္ေသာမ်က္ႏွာအမူအရာသည္ ပံုပန္းအားျဖင့္ လြန္စြာတည္ၿငိမ္ေသာပံုစံကိုေပး၏။
ထိုအမူအရာအတိုင္းႏွင့္ပင္ ရႊမ္းမင္ႏွင့္အၾကၫ့္ခ်င္းဆံုသြားသည္။ ၿပီးေနာက္မ်က္ဆံလည္သြားၿပီး

"ဘာလို႔မင္းျဖစ္ေနတာလဲ"

စကားဆံုးသည္ႏွင့္ လက္တြင္းမွက်ိဳးျပတ္ေနေသာႏြယ္ပင္ကို ေဒါသတႀကီးလံုးေခ်လိုက္သည္။

ဤပုဂၢိုလ္သည္ ေကာင္းေကာင္းေလးအရိုက္အႏွက္ခံဖို႔ရာ ထိုက္တန္လွ၏။ နံရံေပၚထိုင္ေနတာကိုပင္ ဣႁႏၵေရရမရိွ။ ရႊမ္းမင္ကိုစိုက္ၾကၫ့္ၿပီး လက္တြင္းရိွလံုးေခ်ထားေသာႏြယ္ပင္ကို ရႊမ္းမင္ရိွရာသို႔ပစ္လိုက္၏။

ရႊမ္းမင္ေခါင္းခါရင္း လမ္းတစ္ဝက္မွာတင္ အႏွီလက္နက္ကို ဖမ္းယူလိုက္သည္။

"ခုနကမိုးၿခိမ္းတာဘာအတြက္လဲ"

ရႊဲရွန႔္မ်က္ခံုးမ်ားတြန႔္လာၿပီး

"ငါဘယ္သူလဲလို႔မေမးေတာ့ဘူးလား"

ကတံုးဖမ္းမိစဥ္အခါက ေျမၾကီးေပၚကေရၫွိအေနႏွင့္ျဖစ္ၿပီး စကၠူအျဖစ္ ေနာက္ပိုင္းေျပာင္းသြားခဲ့သည္။ အစကေနအဆံုးအထိ လူသားပံုစံႏွင့္ ျပဖူးခဲ့သည္မဟုတ္။

ရႊမ္းမင္လက္ဖဝါးျဖန႔္လိုက္၏။ သြယ္လ်ေသာလက္ေခ်ာင္းမ်ားၾကားတြင္ ရႊဲရွန႔္ဆိုးသြမ္းမႈ၏ သက္ေသျပခ်က္ျဖစ္ေသာ ႏြယ္ပင္အလံုးကရိွေနသည္။ သူသည္ ဘယ္ေတာ့မွ စကားေျပာရျခင္းအေပၚ ႏွစ္သက္ေသာသူမဟုတ္သလို အၿမဲတမ္းေရခဲတစ္မ်ွေအးစက္ေသာ မ်က္ႏွာအမူအရာသာရိွ၏။ လက္အတြင္းရိွေသာပစၥည္းသည္ စကားမဆိုေသာ္လည္း ရွင္းလင္းေသာအေျဖကိုေပး၏။ ဤမ်ွေလာက္ထိ ဆိုးသြမ္းရိုင္းစိုင္းေသာသူသည္ တစ္ၪီးတည္းသာရိွ၏။ ျပာျဖစ္သြားရင္ေတာင္ ရႊမ္းမင္ ထိုသူမွန္းမွတ္မိႏိုင္သည္။

ရႊဲရွန႔္ ; "........."

လက္တြင္းမွႏြယ္ပင္ကိုလႊတ္ပစ္ၿပီး ရႊမ္းမင္စကားထပ္ဆိုလာ၏။

"မိုးၿခိမ္းသံနဲ႔ပတ္သတ္ၿပီးမေျဖလာေသးဘူး"

"ဪ..ဘာမွေတာ့မဟုတ္ပါဘူး..ငါဒီမွာဆိုတာအျခားသူေတြကိုသိေစခ်င္လို႔..အဲ့ဒါမွလဲတစ္ေယာက္ေယာက္ငါ့ကိုလာရွာမွာေပါ့"

ရႊမ္းမင္ ; "..........."

မိုးႀကိဳးသည္ ေကာင္းကင္ႏွင့္ေျမၾကီးအား ထက္ျခမ္းခဲြလုမတတ္ ျပင္းထန္ၿပီး လ်ိဳအိမ္ေတာ္ကို ျပာအျဖစ္ပင္ေျပာင္းသြားေစႏိုင္သည္။

ထိုအျခင္းအရာအားလံုးသည္ သူဒီမွာရိွေနသည္ကို အျခားသူမ်ားသိသြားရံုသတ္သတ္သာျဖစ္၏။

ၾကားရေသာစကားေၾကာင့္ မေျပာင္းလဲေသာရႊမ္းမင္မ်က္ႏွာပင္ ပထမဆံုးအေနႏွင့္ အံ့ၾသသင့္ေသာအသြင္ေပၚလာ၏။

ရႊဲရွန႔္အေနျဖင့္ ထိုအမူအရာကိုသေဘာက်လွတာေၾကာင့္ ႃပံုးရယ္ရင္း

"ဟမ္?မိုးၿခိမ္းသံေနာက္လိုက္လာတာလား?ငါလုပ္ခဲ့တာေတြအခ်ိန္ျဖဳန္းရာသတ္သတ္မဟုတ္ေတာ့ဘူးေပါ့..အျမန္ေရာက္လာလို႔ေတာ္ေသးတယ္..ငါကေနာက္တစ္ခါထပ္လုပ္ဖို႔စဥ္းစားေနတာ"

ေျပာစရာစကားေတာင္မရိွ။ အေတာ္ၾကာသည္အထိ ရႊမ္းမင္ၾကၫ့္ေနၿပီး ေအးတိေအးစက္ႏွင့္ စကားဆိုလာျပန္၏။

"ဒီလိုဆိုရင္လည္းအျပင္ထြက္ဖို႔ဂိတ္ဝရွစ္ခုရွာေနစရာေတာင္မလိုေတာ့ဘူး..ျပာျဖစ္သြားေတာ့လည္းအေခါင္းဖိုးမလိုေတာ့ဘူးေပါ့"

"ဘုန္းေတာ္ႀကီးကဘယ္လိုျဖစ္ၿပီးအလြယ္ေလးေငြစကားေျပာေနတာလဲ...က-"

မ်က္ႏွာရႈံ႔မဲ့သြားကာ ကတံုးလို႔ထြက္လာေတာ့မၫ့္စာသားကို ၿမိဳခ်လိုက္ရသည္။

"မင္းတို႔ဘုရားကိုေစာ္ကားရာမက်ဘူးလား"

ရႊမ္းမင္ ; "........"
ေမာက္မာေသာသတၲဝါသည္ ထိုစကားမ်ိဳးဆိုလာရဲေသးသည္။

"ခုနကေျပာတဲ့ရွစ္ေနရာကရွာေတြ့သြားၿပီးလား?ေတြ့ၿပီးသြားရင္ေတာ့အဆင္ေျပတာပဲ..ငါ့ကိုေခၚသြားပါလား?မေတြ့ေသးဘူးဆိုရင္လည္းေနာက္ထပ္မိုးႀကိဳးေတြငါထပ္ဆင့္ေခၚလိုက္မယ္..ဒီတစ္ခါေတာ့အစီအရင္ကိုထပ္ျခမ္းကဲြေအာင္ပစ္ႏိုင္ေလာက္မွာ"

ပါးစပ္က ထိုသို႔ေျပာေသာ္လည္း အတြင္းထဲမွာေတာ့ "ကတံုးရယ္၊ေတြ့ၿပီးသြားၿပီေျပာစမ္းပါ..ငါ့မွာမိုးႀကိဳးဆင့္ေခၚတဲ့အင္းစာရြက္ကတစ္ခုတည္းရိွတာ..သံုးလည္းသံုးၿပီးသြားၿပီ"

ကံေကာင္းလွစြာ ရႊမ္းမင္သည္ သူစိတ္ပ်က္သြားေအာင္မလုပ္။ ေခါင္းၿငိမ့္ျပၿပီး

"နံရံေပၚကဆင္းလို႔ရၿပီ"

ေျပာၿပီးသည္ႏွင့္ လွၫ့္ထြက္သြား၏။ တိမ္စိုင္ေတြကဲ့သို႔ လြင့္ျပန္ေနေသာ အျဖဴေရာင္ဝတ္ရံုရွည္ႏွင့္အတူ ေျခလွမ္းအနည္းငယ္မ်ွနဲ႔ အေဝးသို႔ေရာက္သြားသည္။

သို႔ေသာ္လည္း ရႊမ္းမင္ေျခလွမ္းမ်ားရပ္တန႔္သြားၿပီး တစ္လက္မေတာင္မေရြ့ေသးေသာ ရႊဲရွန႔္ထံသို႔လွည္ၾကၫ့္လာ၏။

ေအးေဆးတည္ၿငိမ္ေသာအသြင္ႏွင့္ ေျခေထာက္မ်ားကိုရိုက္ျပၿပီး

"ေအာက္ပိုင္းေသေနတာ..လႈပ္လို႔မရဘူး"

တမင္ဟန္ေဆာင္ေနျပန္ၿပီထင္ၿပီး ရႊမ္းမင္မ်က္ေမွာင္က်ဳံ႔သြားသည္။

"အရင္တုန္းကေတာ့ေနွးေကြးမေနပါဘူး..ရြံစရာသတၲဝါ"

အေစခံလည္ေထာင္ေပၚကို သံုးေလးခါလိမ့္ၿပီး ေရာက္သြားေသးသည္။ အေတာ္ကိုလ်င္ျမန္ဖ်တ္လတ္ေနတာမ်ား။

"ကတံုး..မင္းကန္းေနတယ္ထင္တယ္..ငါ့ေျခေထာက္နဲ႔ငါေရြ့တာေတြ့ဖူးလား?အေစခံရဲ့ေျခေထာက္ကိုငါငွားသြားတာေလ"

သနားဂရုဏာစိတ္မရိွေသာ ကိုယ္ေတာ္ႏွင့္ ယဥ္ေက်းမႈမရိွေသာ ရြံစရာသတၲဝါတို႔ အေတာ္ၾကာသည္အထိ တစ္ၪီးႏွင့္တစ္ၪီး အၾကၫ့္ခ်င္းဖလွယ္ေနၾက၏။ ေနာက္ဆံုးေတာ့ အရင္လူပဲအရႈံးေပးကာ နံရံရိွရာသို႔ျပန္ေလ်ွာက္လာသည္။

အမည္းေရာင္ဝတ္ရံုေအာက္တြင္ ဒူးေခါင္းအစံု၏ေကာက္ေၾကာင္းသည္ ေငါ၍ထြက္ေန၏။ အိပ္ရာထက္တြင္ အခ်ိန္အေတာ္ၾကာသည္အထိ လဲေနသူအမ်ားစုတြင္ ေသးသြယ္ပိန္လ်ေသာ ေျခေထာက္မ်ားရိွတတ္ၾကသည္။ ဒါေပမဲ့ ရႊဲရွန႔္ကေတာ့ကြာျခား၏။ အၾကမ္းဖ်ဥ္း အေပၚကၾကၫ့္လ်ွင္ သာမန္သူေျခေထာက္မ်ားႏွင့္ အတူပင္ျဖစ္ၿပီး ေအာက္ပိုင္းေသေနေသာသူဟုထင္ဖြယ္ရာမရိွ။

ရႊမ္းမင္တစ္ခ်က္ၾကၫ့္ၿပီး ေျခက်င္းဝတ္ရိွရာသို႔ လက္လွမ္းလိုက္၏။

မေမ်ွာ္လင့္ထားေသာရႊဲရွန႔္အဖို႔ ဆတ္ကနဲ ထိတ္လန႔္သြား၏။ ေအာက္ပိုင္းေသေနတာမဟုတ္လ်ွင္ ရႊမ္းမင္ကို ကန္ၿပီးေနၿပီ။

ေျပာစမ္းပါၪီး?နဂါးလက္သည္းဆိုတာမင္းအလြယ္တကူကိုင္လို႔ရတဲ့အရာလား?ဟမ္?ေသခ်င္ေနၿပီလား?

ရႊဲရွန႔္တံု႔ျပန္မႈကို ရႊမ္းမင္မွတ္သားလိုက္သည္။ ေအာက္ပိုင္းေသေနသည္ဟု ဟန္ေဆာင္ေနလ်ွင္ အေပၚပိုင္းခႏၶာကိုယ္ပဲ တုန႔္ျပန္မည္မဟုတ္၊ ထိတ္လန႔္သြားလ်ွင္ ေအာက္ပိုင္းကပါတံု႔ျပန္လိမ့္မည္။

အႏွီရြံစရာသတၲဝါဆိုလာသၫ့္အတိုင္းအမွန္ပင္ ေအာက္ပိုင္းေသေနေလ၏။

ရႊမ္းမင္မ်က္လံုးမ်ားေမာ့ၾကၫ့္လာၿပီး လက္တစ္ဖက္ျဖင့္ ဗုဒၶနည္းအတိုင္း အရိုအေသေပးဟန္ျပသည္။ အျခားလက္တစ္ဖက္သည္ ရႊဲရွန႔္ရိွရာသို႔ဆန႔္တန္းလာကာ

"ဆင္းလာခဲ့"

•••••••

Continue Reading

You'll Also Like

83.3K 7.5K 62
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
1.5M 184K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
102K 12.8K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
95.9K 13.1K 54
Back To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extr...