แ€žแ€แ€„แ€บ...๐Ÿ”ฅ[[ COMPLETED ]]โœ”

By Sanay_Moe_Swe

237K 16.1K 835

## ZSWW ## Fan fic --------Zhanyi team๐Ÿ”ž [[ Unicode + Zawgyi ]] Kid แ€žแ€ฌ แ€žแ€แ€„แ€บแ€†แ€ญแ€ฏ...แ€˜แ€แ€กแ€†แ€€แ€บแ€†แ€€แ€บ แ€’แ€ฎแ€€แ€ฑแ€ฌแ€„แ€บแ€€ แ€กแ€…แ€ฑแ€แ€ถแ€–แ€ผแ€…... More

Chapter (1)๐Ÿ”ž Uni
Chapter (2)๐Ÿ”ž
Chapter (3)
Chapter (4)๐Ÿ”ž
Chapter (5)
Chapter (6) ๐Ÿ”ž
Chapter (7)
Chapter (8) ๐Ÿ”ž
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) ๐Ÿ”ž
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) ๐Ÿ”ž
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)โ™ฅ๐Ÿ’š Ending
Chapter (1)๐Ÿ”ž Zawgyi
Chapter (2)๐Ÿ”žZawgyi
Chapter (3) Zawgyi
Chapter (4)๐Ÿ”žZawgyi
Chapter (5) Zawgyi
Chapter (6)๐Ÿ”ž Zawgyi
Chapter (7) Zawgyi
Chapter (8)๐Ÿ”ž Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)๐Ÿ”žZawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)๐Ÿ”žZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)โ™ฅ๐Ÿ’šZawgyi
Side Couple (Ray + Robot)๐Ÿพ๐Ÿธ

Chapter (11) Zawgyi

1.4K 136 2
By Sanay_Moe_Swe

သခင် 🔥
----------

ကျွန်တော့် အသက် ၁၄ နှစ်..
နွရောသီရဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာ ဝူချန် ဆိုတဲ့လူရွယ်တစ်ယောက်ဟာ နှလုံးသားထဲ တံခါးမခေါက် အသံမပေးဘဲ ဝင်ရောက်လာခဲ့တယ်..။

"ပါးး ဒီကောက ဘယ်သူလဲ? "

"ဪ...ပါးထောက်ပံ့ပေးနေတဲ့ မိဘမဲ့ကျောင်းက ကောင်လေးပဲ..နာမည်က ဝူချန်တဲ့..သားကိုစာသင်ဖို့အတွက် ခေါ်လာတာလေ..နောက်ပြီး သားအတွက်အစ်ကိုတစ်ယောက်ရတာပေါ့ ဝူချန်က ဒီအိမ်မှာနေလိမ့်မယ်.."

အဲ့ဒီတုန်းက ကလေးအတွေးနဲ့ ရိုးရှင်းစွာပဲ တွေးခဲ့တယ်..။ ဪ..အစ်ကိုတစ်ယောက်ရပြီပဲ ပျော်စရာကောင်းလိုက်တာလို့..

"..နိဟောင်..ဝူချန်ကော ကျွန်တော်က ဝမ်ရီပေါ်ပါ.."

အပြုံးလေးနဲ့ ခေါင်းညိမ့်ပြလာသော ထိုလူသားက ချစ်စဖွယ်ပင်..။ ကြည်တောက်တောက်မျက်ဝန်းများနှင့် မျက်အိမ်ကျယ်တို့က အပြုံးတို့ကိုပို၍ အရောင်တောက်စေသည်..။ နှုတ်ခမ်းအောက်က မှဲ့နီလေးက စစတွေ့တုန်းကဆို တတ်တူးထိုးပြီး ပုံဖော်ထားတယ်လို့ထင်ခဲ့တာ..။ နောက်ပိုင်းသိလိုက်ရတာ တကယ့် အစစ်တဲ့လေ..။

နှလုံးရောဂါရှိတဲ့ မားက ကိုယ့်ကိုမွေးပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေးက ပိုဆိုးလာပြီး..နောက်ဆုံးတော့ ၅ နှစ်အရွယ် လူမမယ်ကလေးလေးကို ဖခင်လက်ထဲ၌ စိတ်ချလက်ချပင်ထားရစ်ခဲ့သည်..။

ကလေးငယ်တစ်ယောက် ငိုယိုနေခြင်းကို လူကြီးတွေက ကျောကိုပုတ်ပြီး ချော့မြူလိမ့်မည်..။ တစ်ချို့ကမူ မငိုနဲ့တော့ ကလေးမှာ အဖေတစ်ယောက်လုံးရှိသေးတာပဲလို့ နားချလိမ့်မည်..။ ဒါပေမယ့်..ဆုံးရှုံးသွားသည်က ကိုယ့်ကိုနားအလည်ဆုံးသောသူ..မဟုတ်လား?

ထိုအချိန်မှစ၍ လူတစ်ယောက်ကိုချစ်ရမှာ ရီပေါ်ကြောက်လာကာ တော်ရုံလူကို သံယောဇဉ်မထားတော့..။ ခွဲခွာခြင်းရဲ့ သဘောတရားကို သူ မခံစားနိုင်ပေ..။

သို့ပေမယ့်..တစ်ယောက်သောသူရဲ့ အပြုံးချိုချိုနှင့် အပြောညက်ညက်တို့ကို ရူးမိုက်စွာနဲ့ သူတွယ်တာမိခဲ့သည်..။ အသက်တစ်နှစ်ကြီးလာတိုင်း ဝူချန် ဆိုတယ့်လူသားဆီမှာ ပျော်ဝင်မှန်းမသိ ပျော်ဝင်လာခဲ့တယ်..။ နောက်မှသိလိုက်ရတာက..ထိုအရာဟာ နွအေိပ်မက်ရှည်ကြီးတစ်ခုဖြစ်နေမှန်း..

"တိတိလေး..ကောမှာချစ်သူရှိတယ် သူနဲ့မကြာခင်လက်ထပ်တော့မှာ.."

ဘာ လို့တောင် မအော်နိုင်အောင် သူဆွံ့အသွားခဲ့တယ်..။ ထိုသူကတော့ အညှာအတာမရှိပဲ ပြောချင်တယ့် စကားစုတို့ကိုသာ ဆက်ပြောလာခဲ့တယ်..။ ပါးလျပ်လျပ်နှုတ်ခမ်းပါးက ဓားသွားလိုစကားများက သူ့နှလုံးသားထဲသို့ လှလှပပကို ပစ်ခွင်းသွားခဲ့သည်..။

"ကော အသက်လဲ ၃၀ ထဲရောက်နေပြီလေ အိမ်ထောင်ပြုသင့်ပြီ မဟုတ်ဘူးလား? "

အရိပ်ရော အကောင်ပါ ပြကာ မိမိဘက်က ချစ်ခဲ့သမျှ ထိုစကားတစ်ခွန်းနဲ့သင်ပုန်းချေခြင်း ခံလိုက်ရသည်..။ ဘာ့မှပြန်မဖြေပဲ..နောက်နေ့မှာ ရီပေါ် နယ်စပ်ဘက်သို့ စိတ်ပြေလက်ပျောက်ခရီးထွက်လာလိုက်တယ်..။

"Devil Hell"

ယူနန်နယ်စပ်မှာ နာမည်ကြီး Club ဖြစ်ပုံရသည်..။ ရိုးရိုး Gay Bar လို့သာထင်ရပေမယ့် Bar အဝမှာစောင့်နေတယ့် ရဲသားများကိုကြည့်ပြီး ဒီ Bar ဟာတော်ရုံမဟုတ်မှန်း သူသိလိုက်တယ်..။ Bar ထဲဝင်ကြေးတောင် ယွမ် ၂၀၀၀ ပေးရကာ..အစားအသောက်တွေကလဲ ပေကျင်းထက်တောင်ဈေးကြီးနေသေးသည်..။

အတွင်းပိုင်း အပြင်အဆင်ကတော့ ပြောစရာမလိုအောင် ပြည့်စုံသည်..။ ကာစီနိုဝိုင်းနဲ့ ဂျင်ဝိုင်သာမက မူးယစ်ဆေးများကိုပါ ပေါ်တင်ကြီးသုံးစွဲနိုင်သည့် Bar ဖြစ်ကာ လူမျိုးခြားတွေကိုသာ ပိုတွေ့ရသည်..။

နောက်ပြီး သူတောင်ခုမှမြင်ဖူးတဲ့ Rainbow Candle ဆိုသော ပစ္စည်းတစ်မျိုးက ထိုBar ၌ အတော်ကလေးကိုခေတ်စားသည်..။ ထို ဖယောင်းတိုင်က ဘိန်းလိုပင် မူးယစ်ဆေးတစ်မျိုးဖြစ်ကာ..ဖယောင်တိုင်းထွန်းပြီး အလုံပိတ်အခန်းထဲမှာ နှပ်နေရုံနဲ့ ထိုလူဟာ သက်တန့်ပေါ်လက်လျှောက်သလိုခံစားရမည်ဟု..အပြတ်အသတ်ကိုညွှန်းထားသည်..။

ထိုဖယောင်းတိုင်က ထွက်တဲ့အနံဟာပြင်းပြပြီး မူးဝေစေကာ လိင်စိတ်ကိုလဲ ပြင်းထန်စေသည်တဲ့..။ ဒါက ပြည်မကြီးမှာတောင်မရနိုင်တဲ့ ရှားပါးပစ္စည်းလို့ Waiter လေးက ရှင်းပြလာသည်..။

စိတ်ညစ်နေချိန်မှာ ဆေးသုံးတာက ထွက်ပေါက်တစ်ခုလို့ တစ်ချို့လူတွေက ပြောကြတယ်..။ ထိုပစ္စည်းကို သူစမ်းသပ်ကြည့်သင့်တယ် မဟုတ်လား?

"Rainbow Candle...ကို ငါသုံးကြည့်ချင်တယ်.. "

" ဧည့်သည့်အတွက် ပါတနာလိုသေးလား? 0 လား! 1 လား! ကြိုက်ရာရွေးချယ်လို့ရပါတယ်..၊ အသက်အရွယ်အပိုင်းအခြားကိုကြည့်ပြီး ဈေးအပြောင်းအလဲရှိပါတယ်.."

ညစ်ညမ်းတယ့်..လိင်ကျွန်တွေကို သူစိတ်မဝင်စားပေ..။ သူလိုချင်တာ စိတ်ထွက်ပေါက်..

"မလိုဘူး ငါတစ်ယောက်တည်းပဲ အခန်းတစ်ခန်းယူမယ်..ဒါနဲ့အိမ်သာက ဘယ်မှာလဲ? "

Waiter လေးညွှန်ပြရာ Bar အနောက်ဘက်ကို လျှောက်လာပြီး ပတ်ဝန်းကျင်ကိုလဲအကဲခတ်မိသည်..။ Tiolet လို့မြှားထိုးထားသည့် နေရာကိုတွေ့လိုက်သော်လည်း ရီပေါ့်စိတ်အာရုံတို့က တစ်ဖက်အခန်းထောင့်က အလင်းရောင်သဲ့သဲ့ကိုသာအာရုံရောက်သည်..။ မှန်ပြတင်းပေါက်က မြင်နေရသော ဝိုးတဝါးပုံရိပ်များ..

သက်တန့်ရောင် ဖယောင်းတိုင်တို့က ကြီးစဉ်ငယ်လိုက်နဲ့ ခြံရံထားကာ..ကြမ်းခင်ပေါ်မှာပဲ ချစ်တင်းနှောနေသောလူနှစ်ယောက်..။ အသံမကြားရသော်လည်း နှစ်ယောက်လုံးက အပေးအယူတည့်နေပုံပင်..။

သို့ပေမဲ့ မီးရောင်အောက်မှာ လျပ်တပြတ်မြင်လိုက်ရသော ကြည်တောက်တောက်မျက်ဝန်းများက အနည်းငယ်မှိုင်းဖျော့နေသလို..၊ အောက်က လူကို မညှာမတာဆက်ဆံနေသော ထိုသူ့နှုတ်ခမ်းပါးတို့က နာကြည်းရိပ်တွေလား? မဲ့ပြုံးလေလား? ဒါက သိပ်ကိုပဟေဠိဆန်တာပဲ..

အောက်က အော်သည်းနေသူမှာ ဖြူဖြူသေးသေး အနောက်တိုင်းသားလေးဖြစ်ကာ အပေါ်က သူကတော့ အသားအနည်းငယ်ညိုပြီး မျက်နှာကျက အာရှသားရုပ်ရည်မျိုးပင်..။

" ဆင်တယ်..ဝူချန်ကောနဲ့ ဆင်လိုက်တာ...ဘာလို့ဒီလိုညစ်ညမ်းတယ့်ကောင်ရဲ့မျက်နှာက..ကောနဲ့ဆင်ရတာလဲ? "

မကောင်းတယ့်အကြံတစ်ခုက ခေါင်းထဲရောက်လာပြီး မရရတယ့်နည်းနဲ့ ထိုလူသားကိုဝယ်ဖို့ဆုံးဖြတ်လိုက်တယ်..။ သူနဲ့တွဲပြရင် ဝူချန်ကောက ကိုယ့်ဆီကိုပြန်လာလိမ့်မယ်လို့ ရူးမိုက်စွာထင်ခဲ့ဖူးတယ်..။

ဒါပေမဲ့..အားလုံးဟာ အပေါစားပြဇာတ်တစ်ခုသာသာပဲ..။ အခုအချိန်မှာ အဖြစ်မှန်တွေက ရှင်းလင်းစွာပေါ်ပေါက်လာခဲ့ပြီ..။ သူ ဘာဆက်လုပ်ရမှာလဲ?

ကောက ဒီအိမ်ကို မရောက်ခင်ကတည်းက ပါးနဲ့ငြိစွန်းခဲ့ပြီးသားလား? ဒါမှမဟုတ်..ဒီအိမ်ထဲရောက်မှ အနေနီးပြီး တွယ်ငြိကုန်တာလား? ဘယ်အချိန်ကတည်းကလဲ? ဘာလို့ ဝမ်ရီပေါ်ဆိုတယ့် ဒီကောင်က မသိခဲ့ရတာလဲ?

အသက်14 နှစ် ကတည်းက ခု 23 နှစ်ရောက်သည့်တိုင် 9 နှစ်တောင်တိတ်တခိုး ချစ်ခဲ့တယ့်အချစ်ဦးက ပါးးနဲ့ချစ်နေကြသည်တဲ့..။ ဒါက အရမ်းကို ရယ်စရာကောင်းတာပဲ..။ ကိုယ်ကပဲ မရိပ်မိတာလား? သူတို့ကပဲ အနေအထိုင် ပိရိတာလား?

"**Sob..."

"Kid တော်ပြီလေကွာ..မင်းငိုနေတာ နှစ်ရက်တောင်ရှိပြီမဟုတ်လား? "

နှစ်ရက်မပြောနဲ့ ရက် ၂၀ ငိုရင်တောင် ရင်ထဲကဝမ်းနည်းမှုက တိမ်ကောသွားမည်မဟုတ်..။ ခုလဲ ဝရန်တာမှာ ငုတ်တုတ်ထိုင်ရင်းငိုနေခြင်းပင်..။ ထိုစဉ် မျက်နှာရှေ့ရောက်လာသော ပုဇွန်ဆန်ပြုတ်ပန်းကန်ကြောင့် ခေါင်းခါလိုက်ပြီး..

"ငါ မစားချင်ဘူး.."

"ကိုယ်ခွံ့ကျွေးမယ်လေ..နည်းနည်းလောက်တော့စားလိုက်နော်..ဒါမှ ပိုငိုနိုင်မှာပေါ့..အာ.."

အရွှန်းဖောက်လာပေမယ့် ဒီအချိန်မှာရီပေါ်မရယ်နိုင်..။

"ဟင့်အင်း..မစားဘူး..ဖယ်စမ်းပါ ငါအနားကိုမလာနဲ့ မင်းနဲ့သံယောဇဉ်မတွယ်ချင်တော့ဘူး..အချိန်တန်ရင်မင်းက ငါ့အနားကထွက်သွားမှာ.."

ရှောင်းကျန့်မှာ ဆန်ပြုတ်ပန်းကန်ကို ဘေးချလိုက်ပြီး Brown ရောင်ဆံပင်အုပ်အုပ်လေးကို ဆွဲဖွပစ်လိုက်ကာ ခပ်ဖွဖွနမ်းရှိုက်မိတယ်..။ Shampoo ရနံ့လေးက သင်းနေတာပဲ..

"မင်း..ဘာလုပ်တာလဲ?"

" Kid အနားက ဘယ်တော့မှထွက်မသွားဘူး..၊ ရှောင်းကျန့်ဆိုတာ Kid ပိုင်တယ့်သူပဲ.."

"တကယ်လား? ငါက မင်းကိုနှိပ်စက်တယ်လေ..ထွက်ပြေးဖို့မစဉ်းစားမိဘူးလား? "

"ဟင့်အင်း.."

"ဒါဆို ငါ့ကိုကတိပေး..ဘယ်တော့မှ ငါ့ကိုထားမသွားဘူးလို့.."

လက်သန်းလေးထောင်ပြပြီး ကလေးလိုကတိစကားတောင်းနေသော ကောင်လေးက ရူးနှမ်းနေလို့တော့မဟုတ်..။ နောက်ဆုံးကြိုးတစ်ချောင်းကို အတင်းကျပ်ဆုံးနည်းနဲ့ တုပ်နှောင်နေခြင်းပင်..။

"အင်း..ကတိ..."

လက်သန်းနှစ်ခုချိတ်ပြီး လက်မနှစ်ခုကိုပါ ပူးကပ်ပစ်လိုက်တယ်..။ ပါးပြင်ဖောင်းဖောင်းလေးကိုပါ လျပ်တပြတ်တို့ထိလိုက်တော့..

"အသားမယူနဲ့..."

"Kid ရဲ့အသွေးရောအသားရော ဒီကောင်ကြီးက လိုချင်နေတာ ဘယ်လိုလုပ်ရမလဲ? ညစ်ညမ်းတယ့်ကောင်ရဲ့ တောင်းဆိုမှုတွေက သိပ်ကိုများသွားပြီလား? "

ရီပေါ်က ထိုစကားများကိုမျက်ကွယ်ပြုရင်း ဆန်ပြုတ်ပန်းကန်ကို လှမ်းဆွဲလိုက်တယ်..။ ခုမှ အစားစားချင်စိတ်ပေါက်လာသလိုပဲ..ကတိတစ်ခုက ငါ့အတွက်တော့ အရမ်းကိုအရေးပါတယ်..ေရှာင်းကျန့်..။

*****

"Daddy..ကျွန်တော်တစ်ယောက်တည်းပဲ ပေကျင်းကို သွားမှာနော် Bodyguard တွေမထည့်လိုက်နဲ့.."

"အင်း.."

"ပြော Light ရဲ့လိပ်စာ.."

သောမတ်မှာ.ဘေးက လူရွယ်တစ်ယောက်ကို မျက်စပစ်ပြလိုက်တာမို့ ထိုလူဟာ အပိုအလိုမရှိစွာနှင့်..

"Light ရှိနေတဲ့ နေရာက ပေကျင်းမြို့ရဲ့.........၊ ဝယ်သွားတယ့် ကောင်လေးနာမည်က ဝမ်ရီပေါ်..၊ သူ့အဖေ ဝမ်ကျင်းလုံက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်..၊ မွေးစားသား ဝူချန်က တက္ကသိုလ်က ဆရာတစ်ယောက်ဖြစ်ပြီး ဝမ်မိသားစုက ချမ်းသာတဲ့ လူကုံထံအသိုင်းအဝိုင်းထဲမှာ ပါဝင်ပါတယ် သခင်လေး.."

Ray က ခေါင်းညိမ့်ပြီး..

"အင်း..ဒါနဲ့Daddy က Light နောက်ကို Stalking လိုက်မယ့်သူတွေ ထားတာလား? "

သောမက်မှာ ကျောပိုးလွယ်အိပ်လွယ်ပြီး အဆင့်သင့်ဖြစ်နေသော သားဖြစ်သူကိုကြည့်ကာ..

"အပိုတွေ မမေးနဲ့..မင်းအဖေက ဘာကောင်လဲဆိုတာ မသိဘူးလား? ဒါနဲ့ ပြောပါဦး Light ကိုတွေ့ပြီးဘာလုပ်မှာလဲ?"

"ပြန်ဝယ်မှာပေါ့..Light က အစကတည်းက ကျွန်တော့်လူ..Daddy လဲသိပါတယ် .."

"ဝယ်လို့ရပြီပဲထား သူကပြန်မလိုက်ရင်ရော.."

Ray ကတော့ ထိုစကားကြောင့် ဟက်ခနဲပင်ရယ်သည်..။ ဘာလို့ Light က သူ့နောက်ကိုပြန်မလိုက်ရမှာလဲ? ခုလို တစ်ခြားသူနောက် လိုက်သွားရတာကလဲ Daddy တွန်းအားပေးလို့ဆိုတာ အသိသာကြီးကို..။

" Light က ကျွန်တော်နဲ့ကျိန်းသေပြန်လိုက်လာမှာ"

" Ok လေ မသွားခင် ဒါလေးတွေလာကြည့်ပါဦး.."

နံရံကပ် TV ကြီးပေါ်ကြည်လင်စွာ ပေါ်လာသော ပုံရိပ်တို့်ကြောင့် Ray မျက်လုံးအစုံဟာ အပြင်ကိုပြုတ်ထွက်လုမတတ်ပြူးကျယ်နေခဲ့ပြီး..

"ဒါက..."

"အဲ့ကောင်လေးက ဝမ်ရီပေါ်ပဲ..မင်းကြည့်စမ်း..Lightရဲ့ အပြုံးတွေက သိပ်ကိုလှတယ်လို့မထင်ဘူးလား မျက်ဝန်းတွေက Dad ပဲစိတ်ထင်လို့လားမသိ လက်လက်ကို ထနေရောပဲ ဟားးဟားး"

အပြုံး...
ဟုတ်တယ်..Light အပြုံးတွေကို သူမြင်ဖူးပေမယ့် ဒီလိုလင်းလက်တယ့်မျက်ဝန်းတွေကိုတော့ သူမမြင်ဖူးတာ ကျိန်းသေသည်..။

ဝရန်တာမှာ အတူယှဉ်တွဲထိုင်နေပြီး ဘေးကကောင်လေးကိုသာ မမှိတ်မသုန်ကြည့်နေသော ထိုလူသားက Light ရောဟုတ်ရဲ့လား?

ဆံပင်ကို တိုးဝှေ့ပြီး နမ်းတယ်..။
လက်သန်းချင်းချိတ်ပြီး ပြုံးရယ်နေကြသေးတယ်..။ Light မင်းအပြုံးတွေတောက်ပလွန်းလို့ ငါ့မျက်လုံးတောင် ကန်းကုန်ပြီထင်တာ..အဟက်!

"ဝမ်ရိပေါ်..!!"

"ဟုတ်တယ် ဘယ်လိုပဲပြောပြော ခုချိန်မှာ Light ကိုပိုင်တာ ဝမ်ရိပေါ်ပဲ..၊ ဒီပုံတွေကြည့်ပြီး My Son တော့မသိဘူး Dad ကတော့ တစ်ခုခုတော့ခံစားနေရတယ်.."

ဘာလဲလို့ပြန်မမေးမိ..။ သို့ပေမဲ့ ဖြေလာတာက မကြားချင်သောစကားစု..

"အချစ်ဆိုတယ့် အရသာကိုလေ.."

ထိုစကားလဲ အဆုံး Ray မှာ အားးခနဲထအော်ပြီး သောမတ်ခါးမှာ ထိုးထားတယ့် သေနတ်ကို ရုတ်တရတ်ဆွဲလုလာတာမို့ အခန်းထဲက လူများမှာ ရုတ်ရုတ်သဲသဲပင်ဖြစ်ကုန်သည်..။

" Ray! "

"သခင်လေး.."

"ဒိုင်း! ဒိုင်း! ဒိုင်း! "

သို့သော်များလည်း ကျည်ဆံတို့သည် အငြိုးတကြီးနဲ့ 65-inches ရှိတယ့် TV ကြီးဆီသို့ပြေးအောင်းသွားခဲ့သည်..။ ဖလက်ဖလက်နဲ့ Electric Shock ဖြစ်ကာ TV ပေါ်က ပုံရိပ်တွေမှာလဲ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့တယ်..။ ပြီးနောက် မိုးခြိမ်းသံလို ကျယ်လောင်တဲ့ Ray ရဲ့ ကြိမ်းဝါးသံက ကြောက်ခမန်းလိလိပင်..

" မရ ရတယ့်နည်းနဲ့ Light ကိုပြန်ခေါ်လာမှာ...တောက်.."

သွေးဆာနေသော ဝံပုလွေတစ်ကောင်လို Ray ပုံစံကခက်ထန်မှုအပြည့်နှင့်..။ထို မြင်ကွင်းကို သောမတ် ဘဝမှာအမြင်ချင်ဆုံးပင်..။ နောက်ဆုံးတော့ Ray က စိတ်လိုလက်ရနဲ့ သေနတ်ကို ဆွဲကိုင်ခဲ့ပြီမဟုတ်လား? ဟုတ်တယ်..သောမတ်ရဲ့ သား Rayက ဒီလိုပဲဖြစ်နေရမှာ..။

"Dad ကျွန်တော်ဒီသေနတ်ကိုလိုချင်တယ်.."

"Ok..ကျည်အလုံအလောက်ပါထည့်ပေးလိုက်မယ်..My son ကြိုက်တာလုပ်.."

ဘော်ငွေရောင်ဆံပင်တို့ကို ဆွဲဖွပြီး အခန်းထဲက ကမူးကရူးပြေးထွက်သွားသော Ray ကျောပြင်ကိုကြည့်ကာ သောမတ်မှာ..တစ်ဝါးဝါးပင်အော်ရယ်ပစ်လိုက်တယ်..။

" ဒါက ဇာတ်လမ်းအစပဲ ရှိသေးတယ် My Son နူးညံ့တယ့်မင်းကို ပြောင်းလဲဖို့အတွက် ဒီနည်းလမ်းကအထိရောက်ဆုံးပဲ..အချစ်ကိုတိုက်ယူပြီး သန်မာအောင်လုပ်လိုက်စမ်းပါ..ဟားးဟားး"

လည်ချောင်းကွဲမတတ် အော်ရယ်နေသော သောမတ်ပုံစံက ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဆိုသည့် သဘောတရားကိုပြောပြနေသယောင်..။

အချစ်ဆိုတဲ့ စိတ္တဇနာမ်က...
လူသားတွေရဲ့စိတ်ဝိညာဉ်ကိုလဲ စိတ္တဇဆန်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ..

__________________________သခင်🔥

2414 Words (5.12.2020) 1:20AM
Thanks you for Reading

#Sanaymoeswe (စနေမိုးဆွေ)📝



Continue Reading

You'll Also Like

234K 13.3K 37
Taekook โš ๏ธ แžšแžฟแž„แž—แžถแž‚แžแŸ’แž›แžธแ•ฆโ เผผโ โœฉโ ู„อœโ โœฉโ เผฝโ แ•ค
86.6K 2.5K 10
(+)แ€˜แ€€แ€บแ€€แ€ญแ€ฏแ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€›แ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€•แ€ซแ€™แ€€แ€ผแ€ญแ€ฏแ€€แ€บแ€›แ€„แ€บแ€™แ€–แ€แ€บแ€•แ€ซแ€”แ€ฒแ€ท
179K 5.9K 19
warningแ€•แ€ฑแ€ธแ€‘แ€ฌแ€ธแ€แ€ฒแ€ทficแ€œแ€ฑแ€ธแ€•แ€ซแ‹
320K 8.1K 18
แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท WangXian แ€”แ‚”แ€ฒ YiZhan (bjyx)แ€€แ€ญแ€ฏแ€แ€ญแ€ฏแ€„แ€นแ€ธ ship แพแ€€แ€แ€ทแ€ฒแ€žแ€ฐแ€ฑแ€แ€ผแ€กแ€แ€ผแ€€แ€นแ€•แ€ซแ‹แ€€แ€ญแ€ฏแ€šแ€นแ€€แ€ฑแ€แ€ฌแ€ท ship แ€แ€ฌแ€กแ€ฌแ€ธแ€™แ€›แ€œแ€ญแ€ฏแ‚” แ€€แ€ญแ€ฏแ€šแ€นแ€แ€ญแ€ฏแ€„แ€นแ€•แ€ถแ€ฏแ€ฑแ€–แ€ฌแ€นแ€œแ€ญแ€ฏแ€€แ€นแ€•แ€ซแฟแ€•แ€ฎ แ€Ÿแ€ฎแ€ธ๐Ÿคฃแ€’แ€ซแ€€ แ€…แ€ญแ€แ€นแ€€แ€ฐแ€ธแ€‘แ€ฌแ€ธแ€แ€ทแ€ฒ fa...