Chapter (17) Zawgyi

1.5K 125 6
                                    

သခင်🔥
----------

"တီ.... တောင်.."

Sofa ပေါ်မှာ ခွေခေါက်အိပ်နေတယ့် ရှောင်းကျန့်ကိုယ်လုံးကြီးဟာ Bell သံကြောင့် အနည်းငယ်လွန့်လူးလာပြီး မျက်လုံးကိုအားယူဖွင့်သည်..။ မနက် ခြောက် နာရီစွန်းစွန်းပဲ ရှိသေးတာကို ဘယ် က ဧည့်သည်လဲ?

ကိုယ်ပေါ်က စောင်လေးကို ဖယ်ချပြီး တစ်ဝါးဝါးသန်းဝေကာ အိမ်တံခါးကိုဖွင့်ကြည့်လိုက်ပေမယ့်..

"ဟင်..ဘယ်သူမှလဲမရှိဘူး.."

အခန်းထဲပြန်ဝင်ရန် လုပ်လိုက်ပြီးမှ ခြေထောက်နားက ပြောင်လက်လက်အရာတစ်ခု ကိုသတိပြုမိသည်..။အစိမ်းရောင်စက္ကူတို့နှင့် လှလှပပထုတ်ပိုးထားသော ဘူးလေးတစ်ဘူးပင်..၊ ဘေးဘီဝဲယာကို ချောင်းကြည့်ပြီးမှ ထိုဘူးလေးကို အိမ်ထဲသို့ယူလာလိုက်တယ်..။ ဘာလဲ? Yeti လာထားသွားတာလား? ပြောတော့ ဟိုတစ်နေ့ကပဲ ညပိုင်းခရီးစဉ်နဲ့ပြန်တော့မယ်ဆိုပြီး..

အိပ်ချင်မူတူးနဲ့ ဘူးကိုနာရီဝတ်လောက် အကဲခတ်ပြီးမှ ဖဲကြိုးဝါပေါ်က ရှည်မျောမျောလက်ရေးများကိုတွေ့လိုက်ရသည်..။

ထိုစာသားများသည် ရိုးရှင်းစွာပင်...Happy Birthday Di Di..ဟုသာ

" Happy Birthday တိတိဆိုတော့ ဒီနေ့ Kid မွေးနေ့လို့ပြောတာလား ပို့လိုက်တဲ့သူက ဝူချန် ပေါ့.."

လက်ချောင်းများကို ချိုးပြီး အလျင်တဆော ရေတွက်လိုက်စဉ် မျက်ခုံးတွေကအလိုမကျမှုကြောင့် တွန့်ကျိုးကုန်သည်..။

" ရှစ်လပိုင်း ငါးရက်နေ့က Kid မွေးနေ့ပေါ့..နောက်ပြီး ရှစ်လပိုင်းရှစ်ရက်နေ့က.."

စကားသံတွေကို တိခနဲဖြတ်ချပစ်ရင်း ခေါင်းခါမိတယ်..၊ နောက်သုံးရက်နေရင် Yeti မွေးနေ့ရောက်ပြီပဲ.. သူပတ်သတ်ခဲ့ဖူးတဲ့ ထိုလူသားနှစ်ယောက်က ခုလိုတစ်လထဲမှာမွေးတာတဲ့လား?

"ကျွီ..."

တံခါးဖွင့်သံ သဲ့သဲ့နဲ့အတူ အသံကလဲတစ်ပြိုင်တည်း..

"မင်း..အဲ့ဒါကို မဖွင့်ကြည့်လိုက်နဲ့.."

အခန်းထဲက ထွက်ထွက်ချင်း အော်ဟစ်လိုက်သည်က ထိုသို့..။ သေလောက်အောင် သူအပြင်ခေါ်ထုတ်တိုင်း ထွက်မလာသော ထိုလူသားက ခုတော့ အလျင်အမြန်ပြေးထွက်လာပြီး သူ့လက်ထဲက ဘူးကိုဆွဲလုသွားကာ..

သခင်...🔥[[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora