Chapter (23)

4.8K 436 27
                                    


သခင်🔥
------------

ရိပေါ့်Condo က ပေကျင်းမြို့လယ်မှာရှိတာကြောင့် သွားရလာရတာ အဆင်ပြေသည်..။ Kid က သူ မ ရောက်ဖူးသော နေရာတိုင်းကို လိုက်ပို့ပေးကာ တစ်ခါတလေကျတော့လည်း ဝူချန် စာသင်ရာကျောင်းကို ရောက်သွားတတ်သည်..။

နောက်ပိုင်း Kid က ဝူချန်ကျောင်းကို သူ့ကိုခေါ်မသွားတော့..။ နှုတ်ခမ်းတစ်ထော်ထော်နဲ့ သူ့ကို ရန်တွေ့လို့လာတယ်..။ တစ်နေ့တစ်မျိုးမရိုးနိုင်တာအမှန်..

🐷 ကျန့်..မင်းပြောတော့ ကျောင်းမတတ်ခဲ့ရဘူးဆို..ဘာလို့ ဘာသာစကား 6 မျိုးလောက်တတ်နေရတာလဲ ဟမ်..

🐰 [[_________!..]]

🐷 ေန့ခင်းတုန်းက မင်းနဲ့ဝူချန်ကော ပြင်သစ်လို ငါအတင်းပြောနေတာမလား? ဘာပြောတာလဲ ဘာအကြောင်းပြောတာလဲလို့..

🐰 [[_______...?]]

🐷 ကျန့် မင်းဘာလို့ချဥ်စပ်ဟင်းရည် ချက်တာလဲ? ဘာတုန်း နှင်းလူ နမ်းတာကို လွမ်းနေတာလား တော်ပြီညကျ Sofa ပေါ်မှာအိပ်.. ငါအကြီးကြီးစိတ်ဆိုးသွားပြီ..ဟွန်း

🐰 [[_______..?]]

🐷 ဆိုင်ကယ်ဘီးပေါက်တာ မင်းမလဲနိုင်ဘူးမလား? အေးလေ ဒါတော့ ငါကမင်းထက် ကျွမ်းတာပေါ့ ဟားးဟားး..ဖယ်ပေး ငါ ဘီးလဲလိုက်မယ်..

🐰 [[ အင်း..ဒါတော့ ကိုယ်မလုပ်တတ်ဘူး..Kid ပဲလုပ်လိုက်နော် Ok**လက်မှာ ဆိုင်ကယ်ဘီးဖြုတ်ရန်ကိုင်ထားသော ကိရိယာကိုနောက်မှာ ဝှက်ရင်းပြော]]

🐷 ငါက သရဲကြောက်တာမဟုတ်ပါဘူး..ဘဝချင်းမတူလို့ ခပ်စိမ်းစိမ်းဆက်ဆံရုံလေးပါ ၊ နောက်တစ်ခါ Kid က သရဲကြောက်တယ်လို့ လာမပြောနဲ့..

🐰 [[_______...? ]]

ထိုသို့မရိုးရအောင် သူ့အား နေ့စဥ်နေ့တိုင်း စကားနာထိုး​ေလ့ရှိသည်..။အရာအားလုံးက ထိုသို့ အဆင်ပြေပြေဘဲ ရှိနေခဲ့ပါတယ်..။ သို့ပေမဲ့ သူ့ဆီကို Yeti ရဲ့သတင်းအစအနလေးက သေးသေးလေးတောင် ရောက်မလာခဲ့ပါဘူး..။

ကိုယ်ကလည်း မဆက်သွယ်ခဲ့ဘူး..၊ သူ့ဘေးနားမှာမှ မနေပေးနိုင်တာ ဘာလို့ မျှော်လင့်ချက်တွေ ပေးနေဦးမှာလဲ?

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now