Chapter (16) Zawgyi

1.4K 140 8
                                    

သခင်🔥
_______

Condo က ထွက်ထွက်ချင်း ဘယ်ကိုလာခဲ့ရမှာလဲဆိုပြီး ရိပေါ်မက်ဆေ့လှမ်းပို့လိုက်တယ်..။

**Genius Hotel 26 လွှာ Room.no 34**

မဝေးတဲ့အကွာအဝေးမို့ ဆိုင်ကယ်နဲ့သွားရန်သာ ဆုံးဖြတ်လိုက်သည်..၊ ရိပေါ်ထွက်သွားပြီးတာနဲ့ ဘော်ငွေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်ဟာ အမှောင်ထဲကထွက်လာပြီး နှုတ်ခမ်းတွန့်ရုံပြုံးသည်..။ ပြီးနောက်ဓာတ်လှေကားကို တစ်ချက်ကြည့်ရင်း..

ငါက မင်းနဲ့ ဘာကိုများဆွေးနွေးနေရဦးမှာလဲ? မင်းကြောင့် Light နဲ့တောင် အေးအေးလူလူစကားမပြောလိုက်ရဘူးလေ..၊ ခုလိုပိန်းတိန်းနေလို့ Light ပြောပြတဲ့ဇာတ်လမ်းတွဲမှာ ဝူချန်ရဲ့ကာရိုက်တာ အမှန်ကိုမင်းမသိတာပေါ့..အဟက်!!!

"တီ..တောင်.."

"အာ..ပြန်လာတာမြန်လာချည်လား? တစ်ခုခုကျန်ခဲ့လို့လားမသိဘူး.."

တံခါးဖွင့်ပေးလိုက်ခါမှ ရှောင်းကျန့်မှာ အံသြရသည်..။ သူ့ကိုစူးစိုက်ကြည့်လာတဲ့ အဖြူကောင်လေးမျက်ဝန်းများ နာကျည်းရိပ်တွေစွန်းထင်လို့ပါလား?

"Yeti...မင်း..ဘယ်လိုလုပ်"

"ဘာလဲ? ဝမ်ရိပေါ်မဟုတ်လို့ဆို့နင့်သွားတာလား အပေါက်ဝ ကဖယ်ပေး၊ မင်းမဝင်ခိုင်းလဲ ငါကအတင်းဝင်မှာပဲ.."

Kid ထွက်သွားပြီးပြီးချင်း Yeti ရောက်လာတာဆိုတော့ ဒါကတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး..။ မိမိကိုတွန်းကာ အထဲဝင်သွားတဲ့ သူနောက်ကိုသာ ပွေးလိုကျရငျး..

"Yeti..မင်း Kid ကို တစ်ခုခုလုပ်လိုက်တာလား? သူ တစ်ခုခုဖြစ်ရင် မင်းကို ငါခွင့်လွှတ်မှာမဟုတ်ဘူး.."

"အဟက်..!ဘာတဲ့ ခွင့်လွတ်မှာမဟုတ်ဘူး ဟုတ်လား? အဲ့စကားက မင်းနဲ့ထိုက်တန်လို့လားLight ရဲ့..ငါ့ရင်တွေစုတ်ပြတ်သတ်နေတာ ဘယ်သူကြောင့်လဲ? ဂျပန်က ပြန်လာရင် Devil heel နဲ့အဝေးဆုံးကိုထွက်သွားပြီး Yeti နဲ့ သေတဲ့အထိအတူနေပါ့မယ်လို့ ဘယ်သူက ကတိပေးခဲ့တာလဲ? "

ဟုတ်တယ်..
တကယ်ကြီး အဲ့လိုကတိတွေသူပေးခဲ့တယ်..၊ ဒါပေမဲ့ ခုချိန်မှာ သူ့ပယောဂကြောင့် Kid တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်မိတယ်..။

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now