Chapter (21)

4.7K 412 28
                                    

သခင်🔥
_______

"ငါစောင့်ကြည့်ခိုင်းထားတာ ဘယ်လိုလဲ? "

သောမက်စ် အသံကအလုံပိတ်အခန်းထဲမှ အက်ရှရှနှင့်လွင့်ပျံ့လို့လာတယ်..၊ ဘေးမှာ ရှိသော လူရွယ်က သော့မက်စ်ဘေးမှာ တွေ့နေကျလူမျိုးနဲ့ မတူပဲ အနည်းငယ် ကွဲထွက်နေသည်..။ ထိုသူ့မျက်နှာပေါ်တွင် ရက်စက်သည့် အငွေ့အသက်အချို့ကလည်း တွဲလဲခိုလို့..။

" ပေကျင်းက ပြန်လာပြီးတဲ့နောက်ပိုင်းမှာ သခင်လေးက Light ကိုမဆက်သွယ်တော့ပါဘူး.."

လွန်ခဲ့သော ရက်တွေကို သောမတ်​ပြန်တွေးမိသည်..။ Ray ရဲ့အညှာဟာ Light မှန်းသိ​ေနတာမို့ ဒီတစ်ခေါက်နှစ်ယောက်သား ဆက်သွယ်လာခဲ့ရင် ...

Ray ကို ကိုင်ရတွယ်ရလွယ်သွားအောင် Light ကိုသတ်ပစ်ဖို့ သူအမိန့်ပေးခဲ့သည်..။ သို့ပေမဲ့ မိမိသားက တကယ်ကြီး Light နဲ့မဆက်သွယ်ခဲ့ဘူးလား? နည်းနည်းတော့ အံသြမိတာအမှန်ပဲ..။ ထို့ကြောင့်..

"သေချာလို့လား? ပြန်လာတုန်းက တစ်ငိုငို တစ်ရယ်ရယ်နဲ့ဖြစ်နေခဲ့တာလေ My son က လွယ်လွယ်ကူကူနဲ့ Light ကို လက်လွှတ်လိုက်​တယ်တဲ့လား?.."

"ကျွန်တော်စောင့်ကြည့်နေတယ့် ဒီတစ်လအတွင်းမှာ သူတို့နှစ်ယောက်က ဆက်သွယ်မှုမရှိပါဘူး ၊ Light နဲ့ ဝမ်ရိပေါ်ကလည်း သူတို့ပြသာနာနဲ့တောင် ရှုပ်နေတာ.."

ဘာပြသာနာလဲဆိုတာ သောမတ်စ်မသိချင်..၊ Ray အနားမှာ Light မရှိဖို့က သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်သည်..။ ထိုလူရွယ်က သူ့ကို ထပ်ပြောလို့လာတယ်..

"ဒါဆို Light ကို သတ်ပစ်ဖို့ကရော.."

"Ray နဲ့ ပတ်သတ်မှုမရှိရင် သူ့ကိုသတ်စရာမလိုဘူး..ဒါပေမဲ့စောင့်ကြည့်နေဦး "

"ဟုတ်ကဲ့.."

သူ့ဘေးက လှစ်ခနဲပင်ပြေးထွက်သွားသော ထိုလူရွယ်က သူလျှိုလုပ်သည့်နေရာတွင် အရမ်းတော်သည်လေ..။ ဒီလောက်ခိုင်လုံတယ့် သတင်းက နှစ်နှစ်ဆယ်ကျော် ထမ်းထားတယ့် သူ့ပုခုံးဝန်ထုပ်တစ်ခုကို လွှတ်ချလိုက်သလိုပါပဲလား? ရင်ထဲ ပေါ့ပါးသွားတာအမှန်..

Light က တွေးနေလိမ့်မည်..ငယ်ငယ်ရွယ်ရွယ်နဲ့ Devil heel ကိုရောက်လာ၍ သူ့ဘဝက သိပ်ကိုကံဆိုးသည်ဟု..

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now