သခင်...🔥[[ COMPLETED ]]✔

By Sanay_Moe_Swe

237K 16.1K 835

## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ... More

Chapter (1)🔞 Uni
Chapter (2)🔞
Chapter (3)
Chapter (4)🔞
Chapter (5)
Chapter (6) 🔞
Chapter (7)
Chapter (8) 🔞
Chapter (9)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) 🔞
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) 🔞
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)♥💚 Ending
Chapter (1)🔞 Zawgyi
Chapter (2)🔞Zawgyi
Chapter (3) Zawgyi
Chapter (4)🔞Zawgyi
Chapter (5) Zawgyi
Chapter (6)🔞 Zawgyi
Chapter (7) Zawgyi
Chapter (8)🔞 Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (11) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)🔞Zawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)🔞ZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)♥💚Zawgyi
Side Couple (Ray + Robot)🍾🍸

Chapter (10)

5.3K 460 20
By Sanay_Moe_Swe

သခင် 🔥
-------------

"Light... မင်းဘယ်မှာလဲ? "

"Light..."

"Light..."

​မီးခိုးငွေ့တွေကြား ဖျော့တော့စွာရပ်နေတယ့် ပုံရိပ်လေး..။ ဖြူဖွေးသော အသားအရေနှင့် ဘော်ငွေရောင် ဆံပင်ကိုမှအားမနာ ဖြူလွလွဝတ်စုံကို ဝတ်ထားသေးသည်..။ ဒါက Yeti ကြိုက်သော ပုံစံမျိုးမဟုတ်..။ ထိုလူသားက Dark ဘက်သွားသော ကာလာများကိုသာနှစ်သက်သည်မဟုတ်လား?

ခု သူ့ပုံစံကအရမ်းကို စိတ္တဇဆန်နေကာ ပါးပြင်ပေါ်မှာ ​မျက်ရည်ဥတို့က လှုပ်လီလှုပ်လဲ့နဲ့သနားစဖွယ်ကောင်းနေသည်..။ Yeti က ငိုခဲတယ်လေ..ဘာလို့များ သူကငိုနေရတာလဲ?

"Yeti..."

"Yeti...မင်းဘယ်သွားမလို့လဲ?.."

"ဟင့်အင်း..ငါ့ကို​ပြော..Yeti.."

တိုးသဲ့သဲ့ညည်းညူသံတို့ကြောင့် ရိပေါ်မှာခဲရာခဲဆစ်နဲ့ မျက်လုံးပါဖွင့်ကြည့်လိုက်ရသည်..။ ရင်နှီးနေသော နာမ်စားက မိမိဘေးကထွက်လာနေသည်မဟုတ်လား?

"ကျစ်! "

ထင်တယ့်အတိုင်းပဲ..၊ ကုတင်စွန်းမှာ အိပ်ပျော်နေသော ရှောင်းကျန့်က တစ်ခုခုကိုအသည်းအသန် တားဆီးနေပုံပင်..။ Yeti..တဲ့လာပြန်ပြီလား ဒီနှင်းလူသား!

"ေစာစောစီးစီး Yeti နေလိုက်.."

ရင်ဘတ်ကို လက်နဲ့ပိတ်တွန်းလိုက်ပေမို့ ရှောင်းကျန့်မှာ ကူရာကယ်ရာမဲ့စွာနှင့်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွွားသည်..။

"အ..သေပါပြီ.."

ခန္ဓာကိုယ်က နာကျင်မှုကိုသတိမမူမိပဲ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးမှ..

"နိုးပြီလား သခင်.."

"ကန်းနေလား? ဒါနဲ့နေပါဦး Yeti က ဘယ်သူလဲ? မင်းကိုငါဝယ်လာကတည်းက ငါ့အတွက်ပဲ ရှင်သန်ရမယ်လို့ ပြောထားတယ်လေ.."

"ဟုတ်..ကျွန်တော်အဲ့လိုပဲ ရှင်သန်နေတာပါ.."

ရိပေါ်မှာ မျက်မှောင်ကျုံ့လိုက်ပြီး..

"​ပြော မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ? ငါ့ကို လိမ်မယ်မကြံနဲ့နော်.."

ကြမ်းပြင်ပေါ်က အိပ်ယာခင်းတွေကိုလိုက်လံသိမ်းဆည်းရင်း...ရှောင်းကျန့်မှာပြန်မဖြေ..။ သို့ပေမယ့်..လက်တစ်ဖက်က ဆတ်ခနဲပင်ဖြစ်သွားကာ ကြမ်းပြင်နဲ့မိတ်ဆတ်သည်..။

"အ...နာ..တယ်.."

"နာ အောင်ကိုလုပ်တာလေ..ဘယ်လိုလဲ ခုတော့ ဖြေလို့ရပြီလား?.."

လက်ချောင်းတွေပေါ် ခြေဖနောင့်နဲ့အကျိတ်ခံလိုက်ရတာမို့ ရှောင်းကျန့်မှာ ေခါင်းမော့ကြည့်မိတယ်..။ ကိုယ့်ကိုနှိပ်စက်ရမှ မင်းပျော်တာလား Kid..

"ဖြေ..Yeti က ဘယ်သူလဲ? "

မဖြေမချင်း အားစိုက်ကာ ဖိချေနေသည်မို့ ရှောင်းကျန့် လက်ထိပ်တို့မှာ နာကျင်မှုကြောင့်ထုံထိုင်းနေပြီး သွေးပင်မစီးတော့.. သို့ပေမယ့် ထိုမေးခွန်းကို သူ မဖြေချင်..

"ဖြေလို့ပြောနေတယ်.."

" ကျွန် တော့် ကို ချစ် တယ့် သူ.."

"Oh! အဲ့လိုလား? အစကတည်းက မေးတာဖြေမှပေါ့ကွာ..ငါက သိချင်ရုံလေးပါ.."

"-------------"

"Oh..Sorry ဖယ်ပေးလိုက်ပြီနော်..အဟက်! "

ရိပေါ်မှာ ထိုသို့အသံပြုပြီး ကုတင်ပေါ်ထိိုင်ချလိုက်တယ်..။ ခြေထောက်ကို ခပ်သာသာလေး ကြွပေးလိုက်တော့ ကြမ်းပြင်ပေါ်ပြားပြားဝပ်နေတယ့် လက်တစ်ဖက်မှာ နီရဲလျက်ရှိကာ ခြေဖနောင့်ရာကြီးကလဲ အတိုင်းသားပင်..။ သေချာကြည့်ရင် သွေးခြေဥနေသော လက်ချောင်းထိပ်များကိုမြင်တွေ့ရလိမ့်မည်..။

"နုလိုက်တာ..ဒါနဲ့များငါ့ကိုကာကွယ်ချင်သေးတယ်..၊ ဟိုအဖိုးကြီးက ငါ့ကိုဂျင်းထည့်လိုက်တာနေမှာ..ဘယ်နေရာမှ စောက်သုံးကိုမကျဘူး..ဘာကိစ္စမှလဲ မစုံစမ်းနိုင်ဘူး..ခန္ဓာကိုယ်ကလဲ အထိမခံနိုင်အောင်နိုင် နုသေးတယ် တကယ့်ကိုချီးထုတ်ပဲ.."

မြည်းတွန်းတောက်တီးနေသော ကောင်ငယ်လေးကိုကြည့်ပြီး ရှောင့်ကျန့်အတွေးတွေက အတိတ်ဆီသို့ပြေးသည်..။

သောမက် က သူ့ကိုကောင်လေးတစ်ယောက်ထံ ရောင်းစားလိုက်တာကို စသိလိုက်တုန်းကဆို..သူသေလောက်အောင်ဒေါသထွက်ခဲ့သည်..။ သို့ပေမယ့် အခန်းထဲဝင်လာတယ့် ကျွတ်ဆတ်ဆတ်ကောင်လေးကို တွေ့လိုက်မှ သူ့ဒေါသတွေငြိမ်းအေးသွားခြင်း..။

ဘာကိစ္စရှိရှိ Yeti ကို စောင့်နေပါ့မယ်ဆိုတယ့် ကတိကို သူလွယ်လင့်တကူပဲ ချိုးဖောက်ပစ်ခဲ့သည်..။ ဒီကောင်လေးရဲ့ မဲ့ပြုံးတစ်ချက်နဲ့ စကားတစ်ခွန်းက သူ့နှလုံးသားကို သွေးတိုးအောင်လုပ်ခဲ့သည်မဟုတ်လား?

" Oh...တကယ့်ကိုမယုံနိုင်စရာပဲ.."

ထိုစကားလုံးရဲ့ အဓိပ္ပါယ်ကိုသူမသိခဲ့..၊ ဒီအိမ်ရောက်မှ သိလိုက်ရသည်က သူက ဝူချန်နဲ့ ရုပ်နည်းနည်းဆင်နေလို့ပင်..။

" ဘယ်လိုမျက်လုံးတွေနဲ့ ငါ့ကိုကြည့်နေတာလဲ? ဒါနဲ့စုံစမ်းထားတဲ့ ကိစ္စကရော.."

" အာ....ကျွန်တော်သိရပါပြီ.."

ကြမ်းပြင်ပေါ်က လူးလဲထပြီး နာနေတဲ့လက်ကို နောက်သို့ပစ်ထားလိုက်တယ်..။စိတ်အားထက်သန်မှုကြောင့် လင်းလက်နေသော မျက်ဝန်းများက အာရုံဦးရဲ့အလင်းရောင်တွေလို တောက်ပနေလိုက်တာ..။ မင်း အဲ့လူကိုအရမ်းကို သိချင်တာပဲလား Kid..

"ပြော..အဲ့မိန်းမက ဘယ်သူလဲ? "

"သူက မိန်းကလေးမဟုတ်ဘူး.."

"ဘာ! ! ! "

ဒါက အရမ်းကိုရယ်ရတာပဲ..
ကော က Gay ဖြစ်နေရဲ့သားနဲ့ သူ့ကိုဘာလို့မရွေးချယ်ခဲ့ရတာလဲ? ဘယ်နေရာကများ ချို့ယွင်းချက်ရှိနေလို့လဲ? ဒါကသူ့ကို သက်သက်ကြောတာ..၊ ဘာလို့ အဲ့ကောင်နဲ့ ကောကို ပျော်ခိုင်းရမှာလဲ? တောက်တစ်ချက်ခေါက်လိုက်ပြီး..

"သတ် ပစ် လိုက် ! "

"ဟင်! "

နီတစ်လှည့် ပြာတစ်လှည့်ဖြစ်နေသော မျက်နှာလှလှလေးက အသားဖြူလို့ထင် အကျည်းမတန်ပဲ စွဲမက်ဖို့တောင် ကောင်းနေသည်..။ မျက်ခမ်းစပ်တို့က ရဲရဲနီနေကာ နှုတ်ခမ်းပါးတို့က တစ်ဆတ်ဆတ်တုန်နေသေးသည်..။ မျက်နှာမသစ်ရသေးပဲ ဒီလောက်ထိလှစရာလိုလို့လား?

သို့ပေမဲ့..ပါးစပ်ကထွက်ကျလာသော စကားစုတို့သည် ရုပ်ရည်နဲ့တစ်ခြားစီ..

"အရက်စက်ဆုံးနည်းနဲ့ သတ်ပစ်လိုက် "

ရှောင်းကျန့်မှာ လေပူတစ်ချက်မှုတ်ထုတ်ပြီး စကားကိုဆက်သည်..။

"သူ့ကိုသတ်လို့မဖြစ်ပါဘူး.."

"ဘာလို့ မသတ်ရမှာလဲ? ငါပြောတယ့်အတိုင်းလုပ်.."

" ကျွန်တော်ကိုပေးထားတဲ့ အချိန်က ဒီည ၁၂ နာရီထိ အကျုံးဝင်တယ်မလား? "

"မင်းဘာပြောချင်တာလဲ?.."

"ကျွန်တော် ဘာပြောချင်လဲဆိုတာ ညရောက်ရင် သခင်သိရမှာပါ.."


*********



"မင်း ပြောတာက ဘာ..ဘာဖြစ်တယ်.."

"ဝူချန် ရဲ့ ချစ်သူက သခင့်ရဲ့အဖေပါ "

မကြားချင်သောစကားကိုသာ ဒုတိယအကြိမ်ကြားလိုက်ရသည်..။ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ?

ယုတ္တမတန်လိုက်တာ..ရှောင်းကျန့်က ကိစ္စတစ်ခုကိုမစုံစမ်းနိုင်တယ့်အပြင် ခုလိုလဲသူတစ်ပါးအပေါ်ကို ချောက်ချတတ်တာလား? နောက်ပြီးတစ်ခြားသူလဲမဟုတ်ဘူး ထိုလူက ကိုယ့်ရဲ့အဖေဖြစ်နေသည်လေ..။

"အရူးကောင်..မင်း​ပြောတဲ့စကား ဘယ်အထိ ရောက်သွားလဲဆိုတာကို သိရဲ့လား?"

"သိပါတယ် ဒါ က အမှန်ပါ.."

"မင်းက စောက်ရူးပဲ ရှောင်းကျန့်! "

ရိပေါ် မှာတဟက်ဟက်အော်ရယ်ပြီး ရှောင်းကျန့်မျက်နှာကို ထိုးလိုက်သည်..။ သို့ပေမယ့် လက်ကဖမ်းချုပ်ခံလိုက်ရပြီး..

"သခင် ကျွန်တော်​ပြောတာတကယ်ပါ.."

"ငါ မယုံဘူး.."

သူတကယ်မယုံခြင်းပင်..။ ရင်ထဲမှာ ထုထည်ကြီးမားစွာကိန်းအောင်းနေသည်က ဒေါသတရားများသာ..။ ဖြစ်နိုင်ရင်ရှောင်းကျန့်ဆိုတယ့်ကောင်ကို အာဖြဲပြီး အရေခွံဆုတ်ပစ်လိုက်ချင်သည်..။

ပါးစပ်ထဲကို ရေနွေးပူတွေလောင်းထည့်ပြီး မျက်နှာကို ဓားနဲ့မွှန်းပစ်လိုက်ချင်သည်..။ သို့ပေမယ့် လက်တွေ့တွင်တော့ ခန္ဓာကိုယ်က တစ်ဆတ်ဆတ်တုန်နေရုံမှအပ..

"သခင် စိတ်လျော့ပါ.. ကျွန်တော်ပြောတာကို မယုံရင် သက်သေပြပါ့မယ်.."

"မင်း.."

ခွင့်ပြုမိန့်ကိုမစောင့် လက်ကိုဆဲွဲပြီး အခန်းထဲကအလျင်တဆော ပြေးထွက်မိသည်..။ နောက်က ကောင်လေးကတော့ ဝူးဝူးဝါးဝါးနဲ့ အော်ဟစ်လို့..

"ဖယ်စမ်း..ဘယ်ကိုခေါ်နေတာလဲ?"

"သခင့်ကို သက်သေပြမလို့.."

"မလိုက်ဘူး..ငါမလိုက်ချင်ဘူး.."

ပြောတော့ ရှောင်းကျန့်ပြောတာမယုံဘူးဆို..ဒါပေမဲ့ ဘာလို့များစိတ်တွေက လေးပင်လာရတာလဲ? မဖြစ်နိုင်တာ..အမြင်အာရုံတွေဝေဝါးလာခြင်းက မျက်ရည်ကြောင့်သာဖြစ်လိမ့်မည်..။ ရင်ဘတ်ထဲက နှလုံးသားကိုတစ်ယောက်ယောက်များ ဆွဲညှစ်လိုက်လေသလား? ဘာမဟုတ်တဲ့ အလိမ်အညာစကားတွေကို ငါမယုံဘူး..။

"သခင်.."

သူ အသိဝင်လာချိန်မှာတော့ ပါးးအခန်းထဲကိုတောင် ရောက်နေပြီ..။ ၁၀ နာရီစွန်းစွန်းဖြစ်နေသော်လည်း ပါးးရော ဝူချန်ကောပါ ခုတလော ညဥ့်နက်မှပြန်ရောက်လာတတ်သည်မဟုတ်လား? ထမင်းချက်အဒေါ်ကြီးကလဲ ည 8 နာရီဆိုအိမ်ပြန်နေကျမို့ ခြံစောင့်ဦးလေးကြီးတစ်ယောက်သာ ခြံထဲမှာရှိလိမ့်မည်..။

" သခင်..ကုတင်အောက်ကိုဝင်ကြရအောင်.."

"ဟင့်အင်း..ငါမဝင်ဘူး..သွားမယ်.."

"မသွားနဲ့.."

အငြင်းအခုန်ဖြစ်နေစဥ်မှာပင် ကားဟွန်းသံကိုကြားလိုက်ရတယ်..။ ဘယ်သူပြန်လာတာလဲ? ပါးးလား? ဝူချန်ကောလား?

ဒီအချိန်အခန်းထဲက ထွက်သွားဖို့က နောက်ကျသွားခဲ့ပြီ..။ ရှောင်းကျန့်မှာ ကုတင်အောက်သို့ လျောတိုက်ဝင်လိုက်ပြီး ရီပေါ်ကိုပါဆွဲသွင်းလိုက်သည်..။

တစ်တောင်လောက်လွတ်နေသည့် ကုတင်အောက်ဘက်သည် လူနှစ်ယောက် အသာလေးဝင်လို့ရသည်..။ ထို့အပြင်အိပ်ယာခင်းမှ တွဲလောင်းကျနေသော ဇာအပါးလေးတွေမှာ ကြမ်းပြင်နဲ့ ထိစပ်လုနီးပါး ဖြစ်နေတာမို့..

ကုတင်အောက်မှာ လူရှိနေခြင်းကိုမည်သူမျှသံသယဝင်မည်မဟုတ်..။ နောက်ပြီး ဘယ်သူကရော သူများအခန်းထဲက ကုတင်အောက်ကိုဝင်မှာလဲ?

"ကျွီ..."

တံခါးဖွင့်သံသဲ့သဲ့က မိုးခြိမ်းသံလို..ရိပေါ့်နားထဲအုန်းခနဲမြည်သည်..။ ဟင့်အင်း သူကဘာကိုကြောက်နေတာလဲ?

ပါးး..ပြန်လာပြီ..
ဘာ့မှထူးဆန်းထွေလီခြင်းမရှိ..။ အခန်းထဲမှာသမာရိုးကျလျောက်သွားနေကာ..

လုပ်စရာရှိတာများကို လုပ်နေပြီး မကြာခင်မှာဖုန်းဆတ်သံကိုကြားလိုက်ရသည်..။

"ဟဲလို အဒေါ်ကြီးကျွန်တော်ပါ.."

"-----------"

"ရိပေါ် အစားစားရဲ့လား? အာ..အဲ့လိုလား? အင်း..ညစာရောစားတယ်မလား?"

"-------------"

"ဟုတ်ပြီ..သူ ထမင်းလာမစားရင် အပေါ်ထပ်ကိုသွားပို့ပေးဖို့ မမေ့နဲ့..၊ နောက်ပြီး ရှောင်းကျန့်ဆိုတဲ့ ကောင်လေးကိုပါစောင့်ကြည့်ထားပါ "

"------------"

" အဲ့ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်.."

ထို့နောက်ရေချိုးခန်းထဲ ဝင်သွားတာမို့ တောင့်တင်းနေသော ရိပေါ့်ခန္ဓာကိုယ်ဟာ ခုမှပြေလျော့သွားပြီး..

"တွေ့လား? ပါးးက ငါ့ကိုအရမ်းချစ်တာ..ခုချက်ချင်းကုတင်အောက်က ထွက်မယ်.."

"မထွက်ရဘူး.."

" မင်းမထွက်ရင် ငါထွက်မယ်.."

ရိပေါ်မှာ ကုန်းကုန်းကွကွနဲ့ ထွက်ရန်အလုပ် ကျွီခနဲ တံခါးဖွင့်သံကြောင့် ရင်ထဲတုန်တတ်သွားတယ်..။ သို့ပေမဲ့ ကံကောင်းစွာပင် လက်မောင်းတစ်ဖက်ကြား နစ်ဝင်သွားပြီး လေပြေလေးက နားထဲတသိမ့်သိမ့်နှင့်..

" Kid ကျေးဇူးပြုပြီး ငြိမ်ငြိမ်​ေန​ေပးပါလား?"

တော်တော်လေး တိုးသဲ့သောအသံပင်..။ နီးကပ်လွန်းသော အခြေအနေကြောင့် ရှောင်းကျန့်ရဲ့ ဝင်သက်ထွက်သက်တို့ဟာ ရိပေါ်ပါးပြင်ထက်သို့ ရှပ်ပြေးကုန်သည်..။ ကုတင်အောက်မှာမို့သာပဲ မဟုတ်ရင်ရဲတတ်နေသော နားရွက်ဖျားတို့က သိက္ခာမဲ့စွာအရောင်ပြောင်းနေလိမ့်မည်..။

"Daddy! "

ဟင်..! ဒါက ကောအသံပဲ..
ခုနက ရေချိုးခန်းတံခါးပွင့်ပြီး ပါးးထွက်လာတာလို့ ထင်လိုက်တာလေ..၊ အမှန်တော့ ဝူချန်ကောက ပါးအခန်းထဲဝင်လာတာတဲ့လား?

ယိုင်တိယိုင်တိုင် ခြေလှမ်းများကိုကြည့်ပြီး ထိုသူဟာ မူးဝေနေမှန်းသိလိုက်ရသည်..။ ထို့နောက် ကုတင်စွန်းမှာထိုင်ပြီး ခြေထောက်နှစ်ဖက်ကို လှုပ်လီလှုပ်လဲ့နဲ့ ကစားနေကာ...

"Daddy...ရေချိုးတာကလဲ ကြာလိုက်တာ.."

ဆယ်မိနစ်လောက်ကြာမှ..Towel စကိုခါးမှာပတ်ရင်း ရေချိုးခန်းထဲကထွက်လာသော လူ..။ ထိုသူက တိုးသဲ့စွာရေရွတ်လိုက်တယ်..

"ဝူချန်..."

"Daddy! ကို Baby စောင့်နေတာ.."

"ခုတလော အနေအထိုင်ဆင်ခြင်ဖို့ပြောထားတယ်လေ..ဒီနေ့တော့ကိုယ့်အခန်းကို ပြန်အိပ်လိုက်နော်.."

ေအးအေးလူလူ နားချခြင်းကို အမူးသမားကလက်မခံပေ..။ ဝူချန် မှာ ယိမ်းကာယိုင်ကာနဲ့ ရေချိုးခန်းရှေ့လျောက်သွားပြီး..အတင်းအကျပ်ပင်..

"Daddy..စိတ်မပါပဲနဲ့ Baby ကိုနှင်ထုတ်မနေပါနဲ့.."

"မင်း..ဖယ်စမ်း! "

"Daddy..ဟင့်! "

ရုတ်တရတ်တိတ်ကျသွားသော စကားသံများက အကြောင်းတရားမဲ့စွာ..၊ တစ်ပြွတ်​ပြွတ်မြည်သံပေး၍ မောဟိုက်စွာထွက်ပေါ်လာသော..အသက်ရှူသံများက အခြေအနေတစ်ခုကို ဖော်ပြနေသယောင်..။

ခန္ဓာကိုယ်နှစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ပွတ်သတ်နေပြီးအဝတ်အစားများသည် လျပ်စီးအလျင်ဖြင့်..ကုတင်ဘေးသို့ပြုတ်ကျလာသလို..ထိုလူသားနှစ်ယောက်ဟာလဲ တွန်းကာတိုက်ကာနှင့်..

ရင်ခွင်ထဲက တစ်ဆတ်ဆတ်တုန်နေသော ကောင်လေးက ငိုဖို့တောင်မေ့လျော့နေပုံပင်..။ မျက်နှာလုံးလုံးလေးကို သူ့ရင်ခွင်ထဲသွင်းလိုက်ပြီး ကျောကိုဖွဖွပုတ်ပေးလိုက်သည်..။ ကိုယ်သက်သေပြတာကြီးက အရမ်းကြီးကို ပြင်းထန်သွားပြီလား Kid ရယ်..။

ဒီလိုလုပ်မှ မင်းကယုံမှာမို့လို့ပါ..နောက်ပြီးခုလို အခြေအနေကြီးနဲ့ တွေ့ရလိမ့်မယ်လို့လဲ မထင်ထားမိဘူး..။ သူတို့နှစ်ယောက်က နေ့တိုင်းလုပ်နေကြတာလား? ဘယ်အချိန်ကတည်းကလဲ? မင်းကို လိမ်ထားတာ ဘယ်လောက်တောင်များကြာပြီလဲ Kid ရယ်..။

သိမ့်ခနဲ တုန်သွားသောကုတင်ကြီးနှင့်အတူ ရိပေါ့်ခန္ဓာကိုယ်က ဆတ်ခနဲဖြစ်သည်..။ ကျယ်လောင်စွာအော်ဟစ် လိုက်ချင်ပေမယ့် လက်တွေ့မှာတောင် အသံတောင်မထွက်နိုင်ခဲ့..။ အနီးကပ်မြင်နေရသည့် ရင်အုပ်ကျယ်ကြီးကသာ ခုချိန်မှာသူ့အတွက်အားကိုးရာ..

"*Sob...ဟင့်.."

ရှိုက်သံတိုးတိုးလေးကို ညစ်ညမ်းစွာထွက်ပေါ်နေသော အော်ညည်းသံတို့က ဖုံးကွယ်ပစ်လိုက်သည်..။ တစ်ကျီကျီမြည်နေသော ကုတင်တိုင်ကြီးက ပြိုကျသွားမှာတောင်ကြောက်ရသည်..။

Daddy လို့ ထပ်ခါတလဲလဲအော်ညည်းသံများက နာကျင်လို့တော့ဟုတ်ဟန်မတူ..။

Baby ဆိုပြီးခပ်ရှရှ ပြန်ခေါ်သံလေးမှာ အလိုရမ္မာက်တို့်ပျော်ဝင်နေမှန်း ရိပေါ်သိသည်..။

" Kid... "

နားနှစ်ဖက်ကိုပိတ်ပြီး ရှောင်းကျန့်ရင်ခွင်ထဲသို့ တိုးဝင်မိသည်..။ မျက်ဝန်းတွေကို မှေးမှိတ်ထားပြီး ဒီအဖြစ်အပျက်ကို အိပ်မက်ဖြစ်ဖို့သာ ဆုတောင်းလိုက်ပေမယ့် ဆုတောင်းတိုင်းက ပြည့်သည်မဟုတ်..

ကုတင်ပေါ်က လှုပ်ရှားမှုများငြိမ်သက်သွားချိန်မှာ ခပ်ပြင်းပြင်းအနံ့တစ်ချို့က နှာခေါင်းထဲသို့ လူးကာလိမ့်ကာနှင့်..

ဪ..ပြီးမြောက်ခြင်းရဲ့ သဘောတရားမဟုတ်လား? ဝမ်ရိပေါ့် ကောင်းကင်ကြီးဟာ ရုတ်တရတ်ကြီး ပြိုကျသွားခဲ့သည်..။ မားး..ကျွန်တော်ဘက်မှာဘယ်သူမ​ှ မရှိတော့ဘူး..။ မိုးပြိုရင်တောင် လက်ဆွဲပြီးပြေးမယ့်သူမရှိတော့ဘူး..မားးရဲ့..။

ထိုအချိန်..နဖူးပေါ်ပြုတ်ကျလာတယ့် လေပူတစ်ချက်ကြောင့် ခေါင်းမော့ကြည့်မိသည်..။ အမှောင်ထဲမှာတောင် ကြည်လဲ့လဲ့မျက်ဝန်းများက ကြယ်လေးလိုတစ်လက်လက်ဖြစ်နေကာ..သူ့ပါးပြင်ကမျက်ရည်များကို နမ်းရှိုက်ရင်းဖြင့် ခြောက်သွေ့အောင်ပြုမူသည်..။

ထို့အပြင် တုန်ယင်နေသော နှုတ်ခမ်းလွှာများမှာလဲ ရုတ်တရတ် ငုံထွေးခံလိုက်ရတယ်..။ အော်လို့လဲမရ လှုပ်လို့လဲမရတဲ့မိမိအဖြစ်က ထိုရင်ခွင်ထဲမှာ နစ်ပြီးရင်းနစ်သည်..။ သူတကယ်ပဲ ဒီအနမ်းတွေနဲ့ စိမ်းသက်လွန်းတယ်..။ ဒီလူသားက ညစ်ညမ်းတယ်လို့ပဲ တစ်ချိန်လုံး တွေးနေခဲ့တာလေ..။


"Daddy!
Babyခန္ဓာကိုယ်က စေးကပ်နေတာပဲ ရေအတူသွားချိုးရအောင်နော်.."

"ရေချိုးပြီး ကိုယ့်အခန်းကိုသွားတော့ ရိပေါ်တွေ့သွားရင် မကောင်းဘူး.."

"ဟွင်း..အားအားရှိ ဒါပဲပြောနေလိုက်.."

ရေချိုးခန်းထဲ ထိုလူသားနှစ်ယောက်ဝင်သွားခါမှ..ရှောင်းကျန့်မှာကုတင်အောက်မှ ကုန်းထွက်ပြီး တစ်သိမ့်သိမ့်တုန်နေသော ကောင်လေးကို ပွေ့ချီလိုက်ကာ အခန်းထဲမှအမြန်ထွက်လာလိုက်သည်..။

" Kid...! ငိုလိုက်နော်..အားရပါးရငိုလို့ရပြီ.."

ရိပေါ့်မှာ အိခနဲတစ်ချက်ရှိုက်ရင်း..

" ရင်နာတယ်ဆိုတာ...ဒါမျိုးလား?..ငါ..ငိုလို့တောင်မရဘူး..ရှိုက်လိုက်တိုင်း ရင်ဘတ်က အောင့်လာတယ်..**Sob "

" မငိုပါနဲ့ကွာ..ငိုမယ့်အစား ဒေါသပြေအောင် ကိုယ့်ကို တစ်ခုခုလုပ်လိုက်ပါ့လား..? မင်းမျက်ရည်တွေက ကိုယ့်ကိုနာကျင်စေတယ်.."

ရှောင်းကျန့်!
မင်းက ငါ့ဘက်မှာအမြဲရှိနေမယ်မလား?
မင်းကလွဲပြီး ငါ့ဆီမှာ ဘာ့မှမရှိတော့ဘူး..။


*********

"သူဘာလို့ သတိမရသေးတာလဲ? "

သော့မတ် အသံကဒေါသတကြီးနှင့် ထွက်လာတာကြောင့် Drip ချိတ်နေသော ဆရာဝန်မှာ လက်တုန်သွားကာ..

"ဒဏ်ရာက စိုးရိမ်စရာမရှိတော့ဘူး..သွေးအားနည်းပြီးပင်ပန်းနေလို့ပါ မကြာခင် သတိရလာပါလိမ့်မယ်.."

ဖြူဖျော့နေသော ကောင်လေးက အညိုရောင်မွေ့ယာ ပေါ်မှာမို့ ပို၍ထင်းလင်းစွာ ရှိနေသည်..။ ဘော်ငွေရောင် ဆံပင်ပျော့ပျော့လေးမှာ ခေါင်းအုံးပေါ်တွင် ရှုပ်ပွစွာဖြင့် ဖေးတင်လျက်နေပြီး လက်ကောက်ဝတ်တွင် ပတ်တီးထူထူတို့က မိမိရရကိုကုတ်တွယ်လို့..။

Ray ခုလိုလုပ်ချတာက သောမတ် အတွက်အကြံအိုက်စေသည်..။ ဒါက အရမ်းကြီးရူးမိုက်ရာကျမနေဘူးလာ..?

အခန်းထဲက လူများကိုမျက်ရိပ်ပြပြီး နှင်လွှတ်လိုက်ကာ Ray ဘေးမှာငေါင်ငေါင်ကြီးထိုင်နေမိသည်..။ ထိုအချိန် Rayမှာ လွန့်လူးလာပြီး..

"L~~~i ~~~ght..."

"Ray...Ray သတိရလာပြီလား? "

နှုတ်ခမ်းပါးတို့က ခြောက်သွေ့နေကာ တုန်ယင်စွာနှင့်ခက်ခက်ခဲခဲ ထွက်လာသည်က Light ဆိုသည့်နာမ်စားတဲ့..။ ထို်နောက်သူ့ကိုစောင်းကြည့်လာပြီး..

"Light..ကို တွေ့ချင်တယ်.."

"အဲ့ဒီအကြောင်းကို ..နေကောင်းမှဆက်ပြောရအောင်.."

"ဟင့်အင်း..ကျွန်တော် ေပကျင်းကိုသွားချင်တယ်..Daddy..ကျေးဇူးပြုပြီး ဒီတစ်ခါပဲ...ဒီတစ်ခါလေးပဲ ခွင့်ပြုပေးပါလား.."

​မျှော်လင့်ချက်များနှင့် လင်းလက်နေသော ကြည်ပြာရောင် မျက်ဝန်းများက Light အ​ကြောင်းပြောမှ လှပစွာနဲ့တောက်ပ သတဲ့လား? ခက်ခဲစွာပင် ခေါင်းညိမ့်လိုက်ရသည်..။ မိမိလက်ကို ဆုပ်ကိုင်ပြီး လှိုက်လှဲစွာ ပြနမပြောလာသည်က..

"ကျေးဇူးပါ Daddy "တဲ့..

ခဏလေးပဲစောင့်ပေးပါ Light..
ပြင်းရှတယ့် မင်းအနမ်းတွေနဲ့ Yeti ဆိုတဲ့ခေါ်သံချိုချိုလေးကို ငါလွမ်းလှပြီ..။

___________________________သခင်🔥

3155 Words (2.12.2020) 10:05PM
Thanks you for Reading

#Sanaymoeswe🐉(စနေမိုးဆွေ)📝




Continue Reading

You'll Also Like

314K 16.5K 34
ခပ်ရူပ်ရူပ် ဇာတ်လမ်းလေးတစ်ပုဒ် ကိုယ့်ဖခင်ရဲ့နောက်ခင်ပွန်းဖြစ် လာတဲ့လူကိုမှ ချစ်မိသွားတဲ့ကောင်လေး တစ်ယောက် သူတို့ဘာတွေဆက်ဖြစ်လာ မှာလဲ လူ့ကျင့်ဝတ်ဖောက်...
17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
68.2K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...