แ€žแ€แ€„แ€บ...๐Ÿ”ฅ[[ COMPLETED ]]โœ”

By Sanay_Moe_Swe

237K 16.1K 835

## ZSWW ## Fan fic --------Zhanyi team๐Ÿ”ž [[ Unicode + Zawgyi ]] Kid แ€žแ€ฌ แ€žแ€แ€„แ€บแ€†แ€ญแ€ฏ...แ€˜แ€แ€กแ€†แ€€แ€บแ€†แ€€แ€บ แ€’แ€ฎแ€€แ€ฑแ€ฌแ€„แ€บแ€€ แ€กแ€…แ€ฑแ€แ€ถแ€–แ€ผแ€…... More

Chapter (1)๐Ÿ”ž Uni
Chapter (2)๐Ÿ”ž
Chapter (3)
Chapter (4)๐Ÿ”ž
Chapter (5)
Chapter (6) ๐Ÿ”ž
Chapter (7)
Chapter (8) ๐Ÿ”ž
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) ๐Ÿ”ž
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) ๐Ÿ”ž
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)โ™ฅ๐Ÿ’š Ending
Chapter (1)๐Ÿ”ž Zawgyi
Chapter (2)๐Ÿ”žZawgyi
Chapter (3) Zawgyi
Chapter (4)๐Ÿ”žZawgyi
Chapter (5) Zawgyi
Chapter (6)๐Ÿ”ž Zawgyi
Chapter (7) Zawgyi
Chapter (8)๐Ÿ”ž Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (11) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)๐Ÿ”žZawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)๐Ÿ”žZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)โ™ฅ๐Ÿ’šZawgyi
Side Couple (Ray + Robot)๐Ÿพ๐Ÿธ

Chapter (15)

5.2K 454 17
By Sanay_Moe_Swe

သခင်🔥
----------

"ကျွန်တော် ဒီအိမ်မှာမနေချင်တော့ဘူး..မားချန်ခဲ့တယ့် Condo မှာရှောင်းကျန့်နဲ့အတူ သွားနေမယ် "

ခွင့်တောင်းတာမဟုတ်ပဲ အသိပေးရုံမျှသာ..၊ ရှားရှားပါးပါး Breakfast ဝိုင်းဟာ.လူစုံနေပေမယ့် ရိပေါ့်စကားတစ်ခွန်းကြောင့် အရာအားလုံးဟာတိတ်ဆိတ်ကုန်သည်..။

ဝမ်ပါးးက သက်ပြင်းသာဖွဖွချပြီး..

" ရိပေါ်...ပါးကိုစိတ်ဆိုးနေမှန်းသိပါတယ်..ဒါပေမဲ့.."

"ကျွန်တော်စိတ်မဆိုးဘူး..မားးနေရာမှာဘယ်သူမဆို ပါးးအစားထိုးလို့ရတယ်..၊ ဒါပေမဲ့ အဲ့လူက ဘာလို့ ဝူချန်ကောဖြစ်နေခဲ့တာလဲ? "

ရှောင်းကျန့် နဲ့ ဝူချန်မှာ နားထောင်သူသက်သက်သာ လုပ်နေပြီး ဝင်ပြောခြင်းမရှိ..၊ သားအဖနှစ်ယောက်ရဲ့ ရင်ထဲက ပဋိပက္ခကို အဆုံးစွန်းထိဖြေရှင်းခွင့် ပေးထားပုံပေါ်သည်..။

"ပါးးတောင်းပန်ပါတယ်.."

"အဟက်..! ဒါဆို ကျွန်တော်လဲပြောလိုက်မယ် ပါးးကိုခွင့်မလွှတ်ဘူး..အစကတည်းက ဝူချန်ကောကိုချစ်ရင် လက်ထပ်ပြီးမှ အိမ်ထဲခေါ်ခဲ့ပါလား? နုနယ်လွန်းတဲ့ ကျွန်တော့်နှလုံးသားမှာ ၉ နှစ်တောင် ဝူချန်ဆိုတဲ့ ရောဂါဆိုးကြီးက တွယ်ကပ်လာခဲ့တာ ဘယ်သူ့ကြောင့်လဲ..?အဲ့ဒါကို တောင်းပန်တယ်ဆိုတဲ့ စကားနဲ့သင်ပုန်းချေမလို့လား?"

ဝမ်ပါးမှာ ပြောစရာစကားကုန်ဆုံးသွားသည့်နှယ်..ထိုစကားစုကိုသာ ထပ်တလဲလဲနှင့်..

"ပါးးတောင်းပန်ပါတယ်..."

"တိတိ...ကျေးဇူးပြုပြီးတော့ ကောရှင်းပြတာနားထောင်ပေးပါ "

တိုးသဲ့သော အသံလေးက အားတုံ့အားနာဖြစ်နေပုံပင်...၊ ရိပေါ်မှာ အရမ်းကိုသနားစရာကောင်းသော ထိုစုံတွဲကြောင့် မိမိမှာ ဗီလိန်နေရာသို့ ရောက်ရှိသွားသလိုခံစားရသည်...။

"မရှင်းပြနဲ့ ကောကိုလဲ ခွင့်မလွှတ်ဘူး ဒီအိမ်ကြီးက ကျွန်တော်ထွက်သွားတာနဲ့ နှစ်ယောက်လုံးက ဘာကိစ္စနဲ့မှ မဆက်သွယ်နဲ့..၊ ဝမ်အိမ်ရဲ့ သားဝမ်ရိပေါ် က သေဆုံးသွားပြီ.."

"ဝမ် ရိ ပေါ်! "

ဝမ်ပါးအသံက ဆို့နင်နေသော်လည်း..ရိပေါ်က ဟက်ခနဲရယ်ချလိုက်ကာ..

"သွားမယ်..ရှောင်းကျန့် အပေါ်ထပ်မှာ အဝတ်တွေသွားသိမ်းရအောင်.."

ထမင်းစားခန်းထဲမှ ထွက်ရန်ပြင်နေခါမှ ဝူချန် အသံက ကောက်ကာငင်ကာနဲ့..

"အဲ့ကောင်ကို ယုံပြီး တိတိက ဒီအိမ်ထဲက ထွက်သွားဖို့ပြင်နေတယ်ပေါ့..အရမ်းကြီးမိုက်မဲရာမကျဘူးလားဟမ်! သူ့မှာ Ray ရှိတယ်ဆိုတာ တိတိမသိဘူးလို့မပြောနဲ့နော်.."

ရှောင်းကျန့် က တစ်ခုခုဝင်ပြောရန်ပြင်လိုက်သော်လည်း ရိပေါ်အသံက ကြားဖြတ်ထွက်လာပြီး..

"ခုချိန်မှာ ကျွန်တော့်က ဘယ်သူ့ကိုသွားယုံကြည်ရမှာလဲ? ပါးးကိုလား.ဒါမှမဟုတ် ကော ကိုလား? အဟက် နှစ်ယောက်စလုံးကို ယုံရမှာလန့်နေပြီ..၊ ဒါကြောင့် အပြင်လူကိုပဲ အားကိုးလိုက်တော့မယ် "

ရိပေါ်က အလျင်တဆောနဲ့ လှေကားထစ်တွေပေါ် တစ်ဒုန်းဒုန်းပြေးတတ်သွားသော်လည်း ရှောင်းကျန့်က အနည်းငယ် နောက်ချန်ရစ်ခဲ့ကာ ဝမ်ပါးအား ကြည့်လိုက်ပြီး..

"စိတ်မပူပါနဲ့ Uncle ကျွန်တော် Kid ကို သေချာစောင့်ရှောက်မှာပါ "

သူ့စကားအဆုံးမှာ

"မင်းက..ဘာကောင်မို့လို့.."

"တော်တော့ ဝူချန်..ရှောင်းကျန့်လဲသွားတော့ ရိပေါ့်ကိုဒီနေ့ကစပြီး မင်းလက်ထဲအပ်လိုက်ပြီ၊ အဖေတစ်ယောက်တာဝန်မကျေခဲ့လို့ Uncle က တောင်းပန်ပါတယ် "

ဝမ်ပါးးနဲ့အဆင်ပြေသလောက် ဘေးက ဝူချန်ကတော့ သူ့ကိုစောင်းကြည့်နေတာကြောင့် ရှောင်းကျန့်မှာ စိတ်ညစ်ရပြန်သည်..။ သူ့အပေါ် ဘာအမှားလဲ မလုပ်မိပါပဲနဲ့ ဘာလို့ငါ့ကိုအဲ့လောက်ထိ အမြင်မကြည်ရတာလဲ?

****






"ဘယ်လိုလဲ My son "

ဖုန်းထဲက Daddy အသံက လှောင်ရိပ်လွှမ်းနေမှန်း Ray သိသည်..၊ မနေ့က မိုးမိသွားတာမို့ လူကမလန်းမဆန်းဖြစ်နေပါတယ်ဆို..ခုလို ဖုန်းဆတ်ပြီး Pressure လာပေးတော့ ခေါင်းတောင်ကိုက်ချင်လာတယ်..။

"Dad ဒီကိစ္စကို ကိုယ့်ဘာသာကိုယ်ရှင်းမှာနော်..ကျေးဇူးပြုပြီး Dad က ဝင်မပါပါနဲ့.."

"Ok မင်းမွေးနေ့ Light ကို ပြန်ခေါ်လို့ရရင်ခေါ်ခဲ့..ဒါမှမဟုတ် My son မှာအဖြစ်ရှိဘူးဆိုရင် ဝမ်ရိပေါ်ရင်ခွင်ထဲထားပြီး တစ်ခါတည်းနှုတ်ဆတ်ခဲ့လိုက်..၊ Dad က အခွင့်အရေးပေးပြီးပြီမို့ ပြန်လာရင် စီးပွားရေးကို လက်လွှဲယူဖို့အသင့်ပြင်ထား.."

ဘာတစ်ခုမှပြန်မပြောမိ..အားလုံးကိုချုပ်ပြီး တုပ်ပြီးလုပ်ကာ နောက်ဆုံးတော့ဒီဘူတာကိုသာဆိုက်သည်..။သို့ပေမဲ့ Dad ဘက်က တစ်ဝါးဝါးအော်ရယ်သံကြီးက ကြောက်ခမန်းလိလိ ထွက်လာကာ..

"Good Luck My son "

Good Luck တဲ့...
အဲ့စကားလုံးက ကျွန်တော့်အတွက် မဖြစ်နိုင်တော့ဘူး ထင်ပါတယ်..။



******

Condo ခန်းလို့သာဆိုပေမယ့် အတော်ကလေးကိုကောင်းမွန်တဲ့ အမျိုးအစားထဲမှာပါဝင်သည်..၊ ဖုန်အနည်းငယ် ထူနေတာက လူမနေတာကြာလို့ထင်ပါရဲ့..

ရှောင်းကျန့်မှာ Suitcase နှစ်ခုကိုဧည့်ခန်းထဲအသာချပြီး..Sofa ပေါ် လျော့တိလျော့ရဲထိုင်နေသော ရိပေါ့်ကိုကြည့်ကာ..

" တစ်ခုခုချက်ပေးရမလား? Minimark နဲ့ နီးနီးလေး..လိုအပ်တာတွေသွားဝယ်လိုက်မယ်.."

" မဝယ်နဲ့ ငါအိပ်ချင်နေတာမို့ အခန်းသွားရှင်းပေး"

"အင်း..ခဏပဲစောင့် "

ရိပေါ်မှာ မျက်လုံးမှိတ်ရက်ပင်..

" အခန်းက နှစ်ခန်းရှိပေမယ့် တစ်ခန်းပဲရှင်းနော် ဘာလို့လဲလို့မမေးနဲ့ မင်းကငါ့နဲ့အတူတူအိပ်ရမှာ"

Sofa ပေါ်က လူသားလေးကို နောက်တစ်ကြိမ်ပြန်စောင်းကြည့်မိသွားတယ်..၊ မျက်လုံးမှိတ်ထားပေမယ့် နှုတ်ခမ်းကလေးထော်ကာ ပါးနှစ်ဖက်က ရဲနေသေးသည်..။ ကျစ်! အသဲယားလို့သေတော့မှာ..

" ရှောင်းကျန့်..ငါ့ကိုထားခဲ့လို့မရဘူးနော် မင်းကိုယုံပြီး အိမ်ကထွက်လာတာ.."

"ကိုယ် သိပါတယ်.."

"သွားတော့ ငါ့ကိုလာကြည့်မနေနဲ့.."

ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး မျက်နှာကိုSofa နဲ့ဖိကပ်ပြီး ဝှက်ထားပစ်လိုက်ပေမယ့် နှာခေါင်းထဲအလုံးအရင်းဝင်လာတဲ့ ဖုန်မှုန့်တွေကြောင့်..

"အဟွတ်..ဟွတ်..ဖူး..! "

"Kid အဆင်ပြေရဲ့လား? "

"Ya!ငါ့အနားကိုမလာခဲ့နဲ့..သွား.."

"အမ်!"

ကမူးကရူးနဲ့ ဝရန်တာကို ပြေးထွက်သွားသော ကောင်ငယ်လေးကြောင့် ရှောက်းကျန့်မှာ တုံဏှိဘာဝေးနဲ့..

"Kid က ရုတ်တရတ်ကြီးဘာထဖြစ်တာလဲ? "

ဝရန်တာတံခါးကို ဝုန်းခနဲပိတ်ချလိုက်ပြီး ရိပေါ်ပြုံးလိုက်မိပြန်တယ်..၊ ကျစ်! ဘာလို့ အိမ်အသစ်ပြောင်းလာတဲ့ စုံတွဲတွေလိုမျိုးခံစားနေရတာပါလိမ့်..၊ ငါတကယ်ပဲ ရှောင်းကျန့်ကိုကြိုက်နေမိပြီလား?

*****




**Light နဲ့ပတ်သတ်ပြီး ငါဆွေးနွေးချင်တယ်**

Unknown Contact ဖြစ်ပေမယ့် ဘယ်သူလဲဆိုတာ ရိပေါ်သိပြီးသား..၊ သူ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားလဲ မသိပေမယ့် Rayက ေရှာင်းကျန့်နဲ့ဆက်သွယ်၍ မရတာတော့ ကျိန်းသေသည်..။

နယ်စပ်က ဝယ်လာကတည်းက ရှောင်းကျန့်ဆိုတာ အဝတ်တစ်ထည်ကိုယ်တစ်တစ်ခုနဲ့ မဟုတ်ဘူးလား? အရူးကောင် Ray က ဘာကိုများဆွေးနွေးချင်တာလဲ?

"Kid...ညစာစားတော့မလား? "

ဖုန်း စ ခရင်ကို တစ်တောက်တောက်ခေါက်ရင်း မီးဖိုခန်းဘက်ကို စောင်းကြည့်မိတယ်..။ အရပ်မြင့်မြင့်လူရွယ်တစ်ယောက်က ညစာစားဖို့ဆော်သြနေသော်လည်း ရိပေါ်က ဟက်ခနဲရယ်ရင်း..

"မဆာသေးဘူး.."

ထိုအချိန်မှာပဲ ဖုန်းထဲနောက်ထပ်စာတစ်စောင်က အချိန်ကိုက်ပင်..

**ဆယ်မိနစ်ပဲ အချိန်ရမယ် အမြန်ထွက်လာခဲ့..ဆွေးနွေးလို့မရရင် ငါကလုယူမှာ..**

လုယူမှာတဲ့လား?
ဟင့်အင်း ပြန်မပေးနိုင်ဘူး..
အလျင်တဆောနဲ့ စာပြန်မိတာက..

^^ ငါ ခုချက်ချင်းထွက်လာပြီ^^

"Kid ဘယ်သွားမလို့လဲ? "

အေပရွန်ကြီးဝတ်ကာ.ကလန့်ကလားအရပ်ကြီးနဲ့ သူ့ဆီပြေးလာသော ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်မှာ မပြုံးချင်ပေမယ့် ပြုံးလိုက်ရင်း..

"အိမ်ထဲကနေ အိမ်အပြင်ကိုမထွက်နဲ့.."

"ကိုယ် လဲ လိုက် မယ် လေ "

" မ လို ဘူး.."

မင်းကို ငါ့ဆီကမှ ဘယ်တော့မှထွက်သွားခွင့်မပြုနိုင်ဘူး..ရှောင်းကျန့် ။

________________________သခင်🔥

1441 Words (18.12.2020) 9:45PM
Thanks you fir Reading

#Sanaymoeswe🐉 (စနေမိုးဆွေ)📝


Continue Reading

You'll Also Like

86.4K 2.5K 10
(+)แ€˜แ€€แ€บแ€€แ€ญแ€ฏแ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€›แ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€•แ€ซแ€™แ€€แ€ผแ€ญแ€ฏแ€€แ€บแ€›แ€„แ€บแ€™แ€–แ€แ€บแ€•แ€ซแ€”แ€ฒแ€ท
43.5K 3.1K 72
แ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€”แ€ฑแ€ฌแ€บ๐Ÿ˜‰๐Ÿ˜‰
177K 26.6K 21
"แ€”แ€ฝแ€ฑแ€กแ€›แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€Ÿแ€ฌ แ€แ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€•แ€ฒ..."
320K 8.1K 18
แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท WangXian แ€”แ‚”แ€ฒ YiZhan (bjyx)แ€€แ€ญแ€ฏแ€แ€ญแ€ฏแ€„แ€นแ€ธ ship แพแ€€แ€แ€ทแ€ฒแ€žแ€ฐแ€ฑแ€แ€ผแ€กแ€แ€ผแ€€แ€นแ€•แ€ซแ‹แ€€แ€ญแ€ฏแ€šแ€นแ€€แ€ฑแ€แ€ฌแ€ท ship แ€แ€ฌแ€กแ€ฌแ€ธแ€™แ€›แ€œแ€ญแ€ฏแ‚” แ€€แ€ญแ€ฏแ€šแ€นแ€แ€ญแ€ฏแ€„แ€นแ€•แ€ถแ€ฏแ€ฑแ€–แ€ฌแ€นแ€œแ€ญแ€ฏแ€€แ€นแ€•แ€ซแฟแ€•แ€ฎ แ€Ÿแ€ฎแ€ธ๐Ÿคฃแ€’แ€ซแ€€ แ€…แ€ญแ€แ€นแ€€แ€ฐแ€ธแ€‘แ€ฌแ€ธแ€แ€ทแ€ฒ fa...