သခင်...🔥[[ COMPLETED ]]✔

By Sanay_Moe_Swe

237K 16.1K 835

## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ... More

Chapter (1)🔞 Uni
Chapter (2)🔞
Chapter (3)
Chapter (4)🔞
Chapter (5)
Chapter (6) 🔞
Chapter (7)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) 🔞
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) 🔞
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)♥💚 Ending
Chapter (1)🔞 Zawgyi
Chapter (2)🔞Zawgyi
Chapter (3) Zawgyi
Chapter (4)🔞Zawgyi
Chapter (5) Zawgyi
Chapter (6)🔞 Zawgyi
Chapter (7) Zawgyi
Chapter (8)🔞 Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (11) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)🔞Zawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)🔞ZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)♥💚Zawgyi
Side Couple (Ray + Robot)🍾🍸

Chapter (8) 🔞

7.3K 494 32
By Sanay_Moe_Swe

သခင် 🔥
-----------

ညနေစောင်းချိန် အနောက်ဘက် ဝရန်တာတွင်ဖြစ်သည်..။

"အို..."

စားပွဲပေါ်က ဓာတ်ပုံတစ်ထပ်ကိုကြည့်ပြီး ရီပေါ်နှုတ်ခမ်းက ထော်သွားကာ အို ဟုအသံထွက်၏..။ ပြီးမှ..

"မင်း က ဒီပုံတွေပြပြီးဘာကိုဆိုလိုချင်တာလဲ? "

"ဒါက ခုတလော ဝူချန်နဲ့ အနေနီးတဲ့လူတွေပါ သူကအနေအထိုင်ပိရိတော့ ဘယ်သူကသူလက်ထပ်ရမယ့်သူလဲ ဆိုတာဝေခွဲရခက်တယ်.."

ပုံထဲက အရွယ်အစားစုံလင်သော မိန်းကလေးပုံများကိုကြည့်ပြီး ရိပေါ်ကနှာခေါင်းရှုံ့ကာ..ရှောင်းကျန့်ကို ကြည့်လိုက်တယ်..။ဒဏ်ရာတွေပျောက်ကင်းနေပြီဖြစ်ပေမယ့် နှုတ်ခမ်းထောင့်နဲ့ နားထင်မှာ ပလာစတာနှစ်ခုကမူ သံယောဇဥ်ကြီးကြီးနဲ့ဖက်တွယ်လို့..

"သခင်..ဘာဖြစ်လို့လဲ? "

"ဘာ့မှမဖြစ်ဘူး စောက်သုံးမကျတဲ့မင်းကိုကြည့်နေတာလေ..အဟက်.. စုံစမ်းတာ တစ်ပတ်ကျော်နေပြီ..၊ တိတိကျကျအဖြေမရပဲ ခုလိုဓာတ်ပုံတစ်ထပ်ကြီး ရိုက်တာကတော့ ငါလဲလုပ်တတ်တာပေါ့..ပိန်းဥကောင်ရ.."

" နောက် 3 ရက်ပဲအချိန်ပေးပါ.."

"ကောင်းပြီ 3 ရက်ဆိုလဲ 3 ရက်ပေါ့..သွားတော့ ဒီမှာလေကောင်းလေသန့် ရှူနေတယ် မင်းကြောင့်အာရုံမရဘူး.."

ကုလားထိုင်ပေါ်မှာ ခပ်လျောလျောမှီထိုင်ရင်း မျက်ဝန်းအစုံကကောင်းကင်ပြာကြီးကိုသာ ငေးမောနေမိတယ်..၊ သို့ပေမဲ့ ေဘးမှာမလှုပ်မယှက် ရပ်နေသူကြောင့်..

"ဘာလို့ မသွားသေးတာလဲ အသုံးစရိတ်ထပ်လိုသေးလို့လား? မင်းကို ငါ့ Black ကတ်ပေးထားတယ်လေ.."

" ဒီအတိုင်းသိချင်တာလေး ရှိလို့ပါ.."

"မေး.."

" ဝူချန်ချစ်တဲ့သူကို ကျွန်တော်သတ်လိုက်ပြီးရင် သခင်ကဘာဆက်လုပ်မှာလဲ? "

"ဘာဆက်လုပ်ရမှာလဲ ကောကို ငါ့ဆီလာအောင်လုပ်ရမှာပေါ့..မင်းသိလား *Attachment is the mother of Love *ဆိုတဲ့စကားစုရဲ့ အဓိပ္ပါယ်ကို.."

ထိုစကားအဆုံးမှာ ရှောင်းကျန့်အဆုတ်ထဲ လေတွေကသောင်းကနင်း ဝင်သွားကာ ရိပေါ်အား ပြူးကြည့်မိသွားတယ်..။ ဒါက သူ့ကို Yeti ပြောနေကျစကားတစ်ခွန်းမဟုတ်လား?ဒါပေမဲ့ ကိုယ့်အတွက် ဒီစကားစုဟာ မမှန်ကန်ပေဘူး..။

"ပြောလေကွာ.."

"သံယောဇဥ်ဆိုတာ အချစ်ဖြစ်ပေါ်ဖို့အကောင်းဆုံးအရာလို့ ပြောချင်တာမလား?"

"အင်း ကောနဲ့ငါက ငယ်ငယ်ကတည်းကအတူကြီးပြင်းလာတာ..သူဝမ်းနည်းနေချိန်မှာ ငါဖေးမပေးမယ် နောက်ဆုံးတော့ ကျောက်တုံးကြီးဖြစ်ရင်တောင် ငါ့ဆီယိမ်းယိုင်လာမှာပဲ.."

"ကျောက်တုံးကြီးက ယိုင်ရုံနဲ့အားမရပဲ  သခင့်အပေါ်လာပိရင်ရော.."

မရှင်းမရှင်းစကားလုံးများက အဓိပ္ပါယ်နှစ်ခွထွက်လာမို့ ​ရိပေါ်နားမလည်ပေ..။ ထို့ကြောင့် ရှောင်းကျန့်ကို စောင်းငဲ့ကြည့်ပြီး..

"မင်းစကားက ဘာအဓိပ္ပါယ်လဲ? "

" ဝူချန်ရဲ့စရိုက်အရဆိုရင် သူ့ချစ်သူသေသွားရင်တောင် သခင့်ကိုလှည့်ကြည့်မှာမဟုတ်ပါဘူး..၊ သူ့ရင်ထဲမှာ သခင်က ထာဝရအတွက် ညီလေးတစ်ယောက်ဖြစ်နေလို့..၊ ဒုတိယအချက်က သူ့ချစ်သူသေတာသခင်ကြောင့်ဆိုတာ နောက်ပိုင်းသူသိလာမှာကျိန်းသေပဲ ကျန်ရှိနေတဲ့ သခင့်ဘဝတစ်ခုလုံးမှာ သူ့ရဲ့အမုန်းနဲ့ဥပေက္ခာတွေကိုပဲ ရရှိလိမ့်မယ်.."

သူ့စကားကြောင့် မျက်နှာလုံးလုံးလေးက အနည်းငယ် မှိုင်းဖျော့သွားသော်လည်း နှုတ်ခမ်းပါးတို့က ကောက်ကျစ်စွာတွန့်ကွေးလာတာကို ရှောင်းကျန့်မြင်နေရသည်..။

" အဲ့လိုဆိုရင်လဲဘာဖြစ်လဲ? ငါမရတယ့် သူ့အချစ်တွေကို တစ်ခြားသူလဲမရစေရဘူး..၊ တစ်ပါးသူရင်ခွင်မှာ ပျော်နေတာကို ငါမကြည့်နိုင်ဘူး..တစ်သက်လုံးမပျော်ရွှင်ပဲနဲ့ သူရင်ထဲမှာလောင်မြိုက်ပြီး ငါနဲ့ထပ်တူခံစားနေစေရမယ်..၊ အဲ့ဒါ ငါ့ကိုမရွေးချယ်လို့ ခံစားရမယ့်အပြစ်ဒဏ်ပဲ.."

" ကျွန်တော်နားလည်ပါပြီ သခင်..သွားခွင့်ပြုပါဦး.."

ကျောခိုင်းလိုက်ပြီးမှ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်..။ Kid..မင်းကတကယ်တော့ အချစ်ဆိုတာကို မသိသေးတာပဲ..။

ဝူချန် ကို ချစ်တာမဟုတ်ဘူး..
ငယ်စဥ်ကတည်းက ကိုယ်နဲ့လက်ပွန်းတတီးနေလာသူက ကိုယ့်ကိုကျော်ပြီး တစ်ခြားတစ်ယောက်ကို ရင်ထဲထည့်ထားလို့ မခံမရပ်နိုင်ဖြစ်နေတာ..

အချစ်နဲ့ စွဲလန်းမှုနဲ့က မတူဘူးဆိုတာ မင်းသိအောင် ကိုယ်ဘယ်လိုရှင်းပြရမလဲ? မင်းပိုင်တယ့် အရုပ်ကလေးပေမယ့် စွန့်ပစ်ချိန်တန်ရင်စွန့်ပစ်လိုက်ပါ..။ ဒါကိုဖက်တွယ်ထားတဲ့ မင်းက တော်တော်လေးကိုမိုက်ရူးရဲဆန်တာပဲ..။



*********





" သခင် အိပ်ပြီလား? "

" ဝူချန်ကော သတင်းတွေ ရသေးလား? "

မေးတာတစ်ခြား ဖြေတာတခြားမို့ ေရှာင်းကျန့်မှာ စိတ်ဘဝင်မကျသော်လည်း ကုတင်ပေါ်က ကျောပြင်လေးကို လှမ်းငေးကာ..

"ကျွန်တော့်အိပ်ချိန်လေ အဲ့တာတွေကို ခဏလောက်မေ့ထားခွင့် ပေးပါလား? "

" Ok! "

"မအိပ်သေးရင် ကျွန်တော်ပုံပြင်ပြောပြမယ် နားထောင်မလား? "

" ပြောခွင့်ပေးမယ် ထောင်တာ မထောင်တာ ငါ့သဘော.."

ရှောင်းကျန့်မှာ အဟမ်းခနဲလည်ချောင်းရှင်းလိုက်ပြီး..

"ခေါင်းစဥ်တွေပြောပြမယ် ကြိုက်တာတစ်ခုရွေးလိုက်..
1. လုလင်ပျိုနဲ့ခေါင်းပြတ်သရဲမ..
2.စဥ့်အိုးထဲက ခြေထောက်နှစ်ချောင်း
3. မမေ့နိုင်တဲ့လူသားစွပ်ပြုတ်..
4. ပေါက်စီထဲက လောက်ကောင်များ
5. ...

"ပါးစပ်ပိတ်ထားစမ်း..! အိပ်ခါနီးအဲ့လိုပုံပြင်တွေပြောရမယ်လို့ မင်းကိုဘယ်သူပြောလဲ?"

ရိပေါ်မှာ သည်းမခံနိုင်တယ့်အဆုံး ထအော်ရုံသာမက လူကလဲကုတင်ပေါ်မှာ ငေါက်ခနဲထထိုင်ပြီးသား..

ကုတင်အောက်က ရှောင်းကျန့်မှာလဲ ငူတူတူနဲ့ထထိုင်ကာ..

"အဲ့လိုပုံပြင်တွေပြောပြမှ ကြောက်ကြောက်နဲ့အိပ်ပျော်သွားမှာလေ.."

" ယိ့ကိုကြောက်ကြောက်နဲ့ အိပ်ပျော်မှာလား? မင်းဦးနှောက်က အခန်းပျက်နေတာလား? ငါကသရဲကြောက်လို့ အိပ်ရင်တောင် မီးဖွင့်အိပ်တာလေ..မင်းအလုံးတွေကန်းမနေရင် သတိထားဖို့ကောင်းတယ်.."

"ဪ...ကျွန်တော်မသိလို့ပါ.."

ရိပေါ်မှာ လက်နှစ်ဖက်ကိုပိုက်ပြီးတစ်ခန်းလုံး ဝေ့ဝိုက်ကြည့်ကာ မျက်လုံးတွေက ဂနာမငြိမ်..။ ပြန်အိပ်ရန်ပြင်နေသော ရှောင်းကျန့်ကိုသာ စိတ်ဆိုးမာန်ဆိုးနဲ့ကြည့်လိုက်ပြီး..

" ကုတင်ပေါ်လာအိပ်.."

"ဟမ်! "

" အမြန်လာ.."

ရှောင်းကျန့်မှာ တုံဏှိဘာဝေနဲ့ကုတင်ပေါ်တတ်ထိုင်လိုက်တော့ ရိပေါ့်လက်သီးတစ်ချက်က သူ့ရင်ဘတ်ကို မညှာမတာနဲ့ဝင်အောင်းသည်..။

"အ! "

"နောက်တစ်ခါ အဲ့လိုပေါက်ကရတွေ ပြောရင် မင်းလျှာကိုဖျက်ပစ်မှာ.."

နောက်ဆုံးတော့ နှစ်ယောက်သားကုတင်ပေါ်လှဲအိပ်လိုက်ကာ ရင်ထဲမှာလဲအတွေးကိုယ်စီနဲ့..

ရှောင်းကျန့်မှာတော့ ပျော်ရွှင်မှုကိုဖုံးဖိနေရသလို ရိပေါ်ကတော့အကြောက်တရားကို အန်တုပြီး ခြေထောက်တောင်ဆန့်ပြီး မအိပ်ရဲ..။ ကုတင်ပေါ်က ဆွဲချရင် ဘယ်လိုလုပ်မလဲ? Aircom ခန်းထဲမှာချွေးစို့နေကာ နောက်ဆုံးတော့ တိုးသဲ့စွာနှင့်..

"ငါ့ အသားကိုထိထားပေး.."

"ဘယ်နားကို ထိရမှာလဲ သခင်.."

"ဘယ်နားပဲထိထိ ငါ့စိတ်ထဲမှာလုံခြုံတယ်လို့ထင်ရအောင်လုပ်ပေး.."

သိမ့်ခနဲအိကျသွားသော မွေ့ယာနဲ့အတူ ကျောနောက်ကလှုပ်ရှားမှုကို ရိပေါ်ခံစားမိသည်..။ ခြေတွေလက်တွေကိုကုပ်ကွေးပြီး စောင်ခြုံထားတာမို့ သူ့ပုံစံက ချမ်းနေတာနဲ့တောင်တူလိမ့်မည်..။

ရှောင်းကျန့်မှာ ခြုံစောင်အောက်တိုးဝင်လိုက်ပြီး ကိုယ်လုံးသေးသေးလေးကို နောက်ကနေပွေ့ဖက်လိုက်တော့ အနည်းငယ်တုန်တတ်သွားကာ..

"မင်း.."

"ဖက်ထားမှ လုံခြုံမှာပေါ့..၊ ခြေတွေလက်တွေကိုအဲ့လို ကုပ်မထားနဲ့..အိပ်ရာကနိုးရင် အညောင်းမိလိမ့်မယ်.."

ဝင်သက်ထွက်သံတို့က လည်ကုတ်ပေါ်ဖြတ်ပြေးလာသလို မိမိလက်ကိုဆုပ်ညှစ်လာရုံမကပဲ..ခြေထောက်နှစ်ဖက်ကိုပါ သူ့ခြေထောက်တွေနဲ့ လိမ်ကျစ်ပြီး..ခန္ဓာကိုယ်နှစ်ခုကို တတ်နိုင်သမျှပူးကပ်ပစ်သည်..။

"ဘာ့မှမကြောက်ပါနဲ့..သခင့်ကိုကျွန်တော်က ကာကွယ်ပေးမှာပါ.."

စိတ်သက်သာရာရသွားတယ်လို့ ဆိုရမလား? မျက်ဝန်းတွေမှေးမှိတ်ပြီး အိပ်ချင်လာခါမှ..

" အင်း..ဟင်း.."

ညည်းသံပဲ..

"ဖျပ် ဖျပ် ဖျပ်..."

ခြေသံတွေ..

မျက်နှာမူထားတဲ့ ပြတင်းပေါက်က လူရိပ်ကြီးလား? ရိပေါ်မှာ ကမန်းကတန်းပင် ခန္ဓာကိုယ်က တစ်ပတ်လှည့်ကာ..

"ရှောင်းကျန့်..မင်းကြားလား? "

"ဘာကိုလဲ? မကြားပါဘူး..ကျွန်တော်တရားမှတ်နေတာ.."

"ဘာရယ်.."

" သခင့်ကိုခုလိုဖက်ထားရတာ..လွယ်တယ်ထင်လို့လား? ခုလိုလှုပ်ရှားနေတော့ စိတ်ကိုဘယ်လိုများ ထိန်းရတော့မလဲ? တကယ်ကြီးပင်ပန်းတယ်.."

မိမိပေါင်နားက ပူကျစ်ကျစ်နဲ့အသားစိုင်နဲ့ ဒီစကားများကို ဆက်စပ်လိုက်ပြီး ရီပိါ်မှာဟက်ခနဲရယ်သည်..။ လက်စသတ်တော့..ဒင်းက..

"မင်း..ထန်နေတာလား? "

"အင်း..ဒါကြောင့်သခင်က ခွင့်ပြုပါဦး ကျွန်တော်အိမ်သာခဏသွားချင်တယ်.."

"ဘာ..!!မသွားနဲ့..ငါကြောက်တယ် "

"မသွားလို့မရဘူး..ကျွန်တော်..ကျစ်! "

ရိပေါ့်စိတ်ထဲ ဘေးပတ်ပတ်လည်မှာ သရဲတွေဝိုင်းနေသလို ခံစားလာရရင်း ကုတင်အောက်က အလောင်းကောင်ကြီးရှိနေသလို..၊ အမွှေးအမျှင်တွေနဲ့ လက်ပြတ်ကြီးက ကုတင်ပေါ်တတ်လာသလို..

"အား..! "

"ဘာဖြစ်ပြန်ပြီလဲ? ခဏလေးပဲ ၅ မိနစ်လောက်ပဲကြာမှာပါ.."

"မရဘူး..မသွားနဲ့.."

မျက်နှာနှစ်ခုက ရဲရဲနီနေပေမယ့် တစ်ယောက်ကကြောက်စိတ်ကြောင့်ဖြစ်ကာ တစ်ယောက်က နီးကပ်လွန်းတဲ့ အခြေအနေမှာတောင် ဘာ့မှလုပ်လို့မရတာကြောင့်..

" သခင်.."

"ပါးစပ်ပိတ်ထား.."

"တောင်းပန်ပါတယ် "

"ဘာ..ကိုလဲ?"

"ကျွန်တော် မထိန်းချုပ်နိုင်တော့ဘူး.."

"မင်း..ငါ့ကိုလုပ်ဖို့တွေး....."

"ဟုတ်တယ်..လုပ်ပြီးမှ သခင့်စိတ်တိုင်းကျ အပြစ်ပေးလိုက်ပါ.."

ပူပြင်းစွာထိကပ်လာသော နှုတ်ခမ်းလွှာများက အချိန်ကြာမြင့်စွာ..။ ရိပေါ်မှာမျက်ဝန်းများကိုမှေးစင်းလိုက်ပြီးမှ ပြန်လည်တုုံပြန်လိုက်တယ်..။ သို့ပေမယ့် ဖယ်ခွာသွားချိန်မှာတော့..

"ကော.."

"ဟင်! "

ရီဝေဝေ အကြည့်များနဲ့ လည်ပင်းကိုပွေ့ဖက်လာတဲ့ လက်ချောင်းသွယ်သွယ်လေးများ..။ နောက်တစ်ဖန်ထိကပ်သွားသော နှုတ်ခမ်းချင်းစီးချင်တိုက်ပွဲမှာ ရှောင်ကျန့်ဟာ ဦးဆောင်သူမဟုတ်ခဲ့..။

ရင်တွေက နာပြီးရင်းနာသည်..။
ဝူချန် လို့ သတ်မှတ်ပြီးသူ့အနမ်းတွေကို တုန့်ပြန်တာတဲ့လား?

" သခင်..ကျွန်တော့်ကိုအိမ်သာကိုပဲ သွားခွင့်ပြုလိုက်ပါလား? "

"------------"

"ကျွန်တော် အိမ်သာပဲအသုံးပြုလိုက်တော့မယ်.."

အသံတွေက တုန်ခါနေသော်လည်း ရိပေါ်ဆီက ဥပေက္ခာပြုခြင်းခံလိုက်ရကာ..

" မရဘူး..ငါလဲ မထိန်းချုပ်နိုင်တော့ဘူး..မင်းအရင် စ တာ လေ ငါသရဲကြောက်တာကိုနင်းပြီး သက်သက်မြှူဆွယ်တာ.."

မဟုတ်ဘူး..
သူတော်တော်လေး ထိန်းချုပ်ခဲ့တာပါ..
ဂနာမငြိမ်ဖြစ်ပြီး ဘယ်သူက ဗွေဖောက်တာလဲ?

" သခင်..အင့်.."

တတိယ အကြိမ်မြောက်ပူးကပ်သွားသော နှုတ်ခမ်းများမှာ နှစ်ယောက်စလုံးရဲ့စိတ်ဆန္ဒတို့ပါဝင်နေခဲ့သည်..။

"ဟင့်..ကော.."

"ကျစ်! "

ရှောင်းကျန့်မှာ သေချင်စိတ်သာ ပေါက်လာသည်..။ ဒါကဘယ်လို အကုသိုလ်မျိုးလဲ? ကိုယ့်အောက်မှာ နေပြီးတစ်ခြားသူကို အော်ညည်းနေတာက..အရမ်းကိုတရားလွန်လွန်းတယ်မလား? ပါး တွေ နားတွေရိုက်ပစ်လိုက်ရမလား? အဲ့ဒီနာမ်စား မထွက်လာအောင် ပါးစပ်ကို တစ်ခုခုနဲ့ပိတ်လိုက်ရမလား?

တကယ်တော့ အတွေးသက်သက်ရယ်ပါ..

"ကော..မြန်မြန်..ကျွန်တော့်ကိုချစ်တယ်မလား..အ..အ.."

"ကော...ဒီကိုကြည့်လေ..အ..အ.."

သူ့ခါးမှာ ချိတ်တွယ်လာတယ့် ခြေထောက်နှစ်ဖက်ကိုကြည့်ပြီး..စိတ်တိုပေမယ့် ဆောင့်ချက်တွေပိုမြန်ပေးလိုက်တယ်..။ မင်းလေး သာယာဖို့ပဲ ဒီကောင်က ပိုလိုလားတာပါ..။

"အ..အ..ကော..မြန်..မြန်.."

"အ..အဲ့နား..လေး..ကျွန်တော့်..ကို နမ်း..ဟင့်"

"ကော...အ.."

အမိန့်တွေကို လွန်ဆန်ခြင်းမပြုနိုင်..။ သခင့် အလိုတော်အတိုင်းသာ တစ်သွေမတိမ်းအားလုံးကို သူလိုက်နာသည်..။ ရမ္မာဇောကြောင့် ရဲတွတ်နေသောမျက်နှာလှလှလေး..မျက်ရည်ဥတွေတွဲလဲခိုနေပုံက သနားဖို့တောင် ကောင်းနေသေးသည်..။ အရမ်းကိုခံစားလို့ကောင်းနေတယ်ပေါ့ Kid ရယ်..။

"ကော.....ကော...အ...."

နောက်ဆုံးတော့ သရဲကြောက်သော သခင်ဖြစ်သူမှာ ဆန့်ငင်ဆန့်ငင် ပြီးမြောက်သွားပြီး တစ်ဖက်လှည့်ကာ အိပ်ပျော်သွားတော့တယ်..။

မပြီးမြောက်နိုင်သူမှာ ရှောင်းကျန့်ကလွဲပြီးဘယ်သူရှိမှာလဲ? ခုထိ တင်းမာနေဆဲဖြစ်သော်လည်း ရေချိုးခန်းထဲသွားမနေတော့..

"K~~id ဟင့်...K~~~i~~d အ..အ.."

ဖြူဖွေးဖွေးခန္ဓာကိုယ်လေးကိုနောက်ကနေ ကြည့်ကာ တစ်ယောက်တည်းဖြေလျော့ပစ်လိုက်သည်..။ ဒီလောက်တော့ သူလုပ်ခွင့်ရှိတယ်မလား?

"K~~d...shit....အ.."

တစ်ဖက်လှည့်နေသော ကောင်လေးရဲ့ မျက်ဝန်းအစုံက ရုတ်တရတ်ပွင့်လာတာကိုတော့ မျက်လုံးစုံမှိတ်ပြီး ညည်းညူနေသူက သိနိုင်မည်မဟုတ်..။

_________________________သခင်🔥

**********************************

ထပ်ပြီးတော့ လျှာရှည်လိုက်ဦးမယ်😊
🔞 Fic ဆိုပြီး အမှောင်တွေချည်းပဲလို့တော့ မတွေးစေချင်ဘူး..၊ အားအားရှိကုတင်ပေါ်တတ်ခိုင်းဖို့လဲ ကိုယ်က အစီအစဥ်မရှိပါဘူး..Plot အရမို့လို့ပါ၊ (+)ခန်းတွေရေးတာ သာမန်အခန်းတွေထက်အချိန်ပိုပေးရပါတယ်..(ကိုယ့်ရေးရင်ပြောတာနော် တစ်ခြားသူအတွက်တော့မသိဘူး..)၊ မရေးခင်တော်တော်လေးစဥ်းစားခဲ့ပြီးမှ ရေးခဲ့တာမို့မနှစ်သက်ရင် မဖတ်ပါနဲ့..Your Choice.

Vote
Comment ပေးတဲ့Reader တွေကိုတော့ တကယ့်ကို  စိတ်ရင်းနဲ့ကျေးဇူးတင်တယ်သိလား..။

ဒီ သခင် ဆိုတဲ့ Fic ဟာ Viewer တတ်ပြီး Vote မရတဲ့ ကိုယ့်ရဲ့ ပထမဆုံး Fic ပါပဲ..။ ဒါကိုကိုယ်နားလည်တယ်ရော်..။

Fic ကို မီးနီပြလိုက်ကတည်းက Vote နဲ့ Ment က ကိုယ်နဲ့အဝေးဆုံးမှာဆိုတာ သိနေတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လဲအဲ့လိုလုပ်ဖူးလို့..၊ (+)Fic တွေဖတ်ရင်တစ်ခါမှ Vote မပေးပါဘူး Comment ဆိုရင်တော့အဝေးကြီးပါ ။ ဒါကြောင့် Reader တို့ကို ကိုယ်က အပြစ်မတင်ပါဘူး..အကျင့်ချင်းတူနေလို့ ပိုတောင်ပျော်မိသေး 🤣 [[ လာပါ လက်ဝါးချင်းရိုက်ရအောင်ကွာ]]

အဲ့ဒါ အရင်တုန်းက..ခုတော့ +ခန်းတွေကို ဦးဆုံးမန့်လိုက်ရမှ ကျေနပ်နေတော့တာ..😝😆

2124 Words (1.12.2020) 3:10AM
Thanks you for Reading

#Sanaymoeswe❄(စနေမိုးဆွေ)📝

Continue Reading

You'll Also Like

17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
*CAGE* By KHWBYH

Fanfiction

184K 7.9K 17
Yes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တ...
597K 38.9K 78
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
2.5K 271 7
"မင်းက ငါ့ရဲ့နှင်းဆီနီလေး ငါ့အပိုင်ဘဲ....ဘယ်သူ့မှ..မင်းကိုမဖျက်ဆီးစေရဘူး ဟတ် ငါကလွဲလို့ပေါ့ ...ငါ့လှောင်အိမ်ကနေ မင်းကို ထွက်သွားခွင့်မပြုနိုင်ဘူး..."