แ€žแ€แ€„แ€บ...๐Ÿ”ฅ[[ COMPLETED ]]โœ”

By Sanay_Moe_Swe

237K 16.1K 835

## ZSWW ## Fan fic --------Zhanyi team๐Ÿ”ž [[ Unicode + Zawgyi ]] Kid แ€žแ€ฌ แ€žแ€แ€„แ€บแ€†แ€ญแ€ฏ...แ€˜แ€แ€กแ€†แ€€แ€บแ€†แ€€แ€บ แ€’แ€ฎแ€€แ€ฑแ€ฌแ€„แ€บแ€€ แ€กแ€…แ€ฑแ€แ€ถแ€–แ€ผแ€…... More

Chapter (1)๐Ÿ”ž Uni
Chapter (2)๐Ÿ”ž
Chapter (3)
Chapter (4)๐Ÿ”ž
Chapter (5)
Chapter (6) ๐Ÿ”ž
Chapter (8) ๐Ÿ”ž
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) ๐Ÿ”ž
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) ๐Ÿ”ž
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)โ™ฅ๐Ÿ’š Ending
Chapter (1)๐Ÿ”ž Zawgyi
Chapter (2)๐Ÿ”žZawgyi
Chapter (3) Zawgyi
Chapter (4)๐Ÿ”žZawgyi
Chapter (5) Zawgyi
Chapter (6)๐Ÿ”ž Zawgyi
Chapter (7) Zawgyi
Chapter (8)๐Ÿ”ž Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (11) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)๐Ÿ”žZawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)๐Ÿ”žZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)โ™ฅ๐Ÿ’šZawgyi
Side Couple (Ray + Robot)๐Ÿพ๐Ÿธ

Chapter (7)

5.5K 444 19
By Sanay_Moe_Swe

သခင်🔥
----------

ခေါင်းထဲ တစ်ဒိတ်ဒိတ်သွေးတိုးနေသံက နှလုံးခုန်သံထက်တောင် မြန်သေးသည်..။ ကျစ် ခနဲ စုပ်သတ်ရင်းမျက်လုံးကို အားယူဖွင့်ကြည့်တော့ မိုးပြာရောင်မျက်နှာကြက်နဲ့ အဖြူရောင် ခန်းစီးလိုက်ကာစများ..

" တိတိ..အခန်းမဟုတ်လား? "

ကုတင်အောက်ကိုကြည့်လိုက်ခါမှ မျက်ဝန်းတို့က ဆတ်ခနဲတွန့်ကျိုးသွားသည်..။ မနေ့က သူမူးမူးရူးရူးနဲ့ တိတိဆီကိုရောက်လာသည်..။ နောက်ပြီးဘာဆက်ဖြစ်လဲမသိတော့..

ဖူးယောင်နေသော မျက်နှာ..၊အကျည်းတန်လွန်းသော ဒဏ်ရာတို့နဲ့ထိုလူသားက တိတိတစ်ကိုယ်လုံးကို နစ်မြုပ်နေအောင်ဖိဖက်ထားကာ နှစ်ယောက်လုံးကလဲ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်လို့..။

နားထဲမဖိတ်ခေါ်ပဲ ဝင်လာသော စကားသံတစ်ချို့က ရှိုက်သံစွက်ကာနှင့်..

**ရှောင်းကျန့် က ကောနဲ့တူလို့ဝယ်လာတာ..သေချာကြည့်လေ မတူဘူးလားလို့..**

** သူ့မှာ ကောလိုမှဲ့လေးလဲပါတယ်..၊ ညာဘက်နဲ့ဘယ်ဘက်ပဲကွဲတာ..**

** အတောင်စုံတော့ အိမ်ထောင်ပြုတော့မယ်ပေါ့လေ.. အဟက် အဲ့ဒီအိမ်ထောင်ဖက်ဟာ ကျွန်တော်ပဲဖြစ်ရမှာ..မဟုတ်ဘူးလား? "

** ဘယ်သူက..ကောရဲ့ညီလဲ ကျွန်တော်တို့က ဘာ့မှမတော်တာ သိရက်သားနဲ့..**

** ဝူချန်ကော ဟာ ကျွန်တော့်အပိုင်ပဲ ငယ်ငယ်ကရော..အခုအချိန်မှာရော တသက်လုံးအတွက် ဝမ်ရိပေါ် တစ်ယောက်တည်းပိုင်တာ**

**ကောလက်ထပ်မယ့် သူကဘယ်သူလဲ? သူ့ကိုကျွန်တော်တွေ့ချင်တယ်..ဝမ်ရိပေါ်ထက်ဘာများသာမလဲလို့...အဟက် **

အတွေးတွေကြောင့် ခေါင်းကပိုနောက်လာသည်..။ ကုတင်ပေါ်က ခြေဖော့နင်းကာ အခန်းထဲက ထွက်လာလိုက်တယ်..။

ဒီအချိန်မှာ တိတိကိုရင်ဆိုင်ရမှာသူကြောက်သည်..။ ဘာကိစ္စပဲဖြစ်ဖြစ် တိတိလေးကို အလျော့ပေးနိုင်ပေမယ့် ဒီတစ်ခါကတော့မရဘူး..။ ဒါကိုရူးကြောင်ကြောင်နဲ့ ယောကျာ်းတစ်ယောက်ကို ဝယ်လာတာက မိုက်မဲလွန်းသည်..။ တိတိ ကိုမချစ်ပေမယ့် မိမိမျက်စိအောက်မှာ ကြီးပြင်းလာသောကောင်လေးကို အခြေအမြစ်မရှိတဲ့ ပိုင်လုံးကောင်နဲ့မဖြစ်စေလို..။

"တိတိရယ်..ငယ်ငယ်ကမင်းကိုအလိုလိုက်ခဲ့မိတာ မှားပြီထင်ပါတယ်.."

အောက်ထပ်ဆင်းလာခါမှ မနက်စောစောရုံးသွားရန်ပြင်နေသော ဝမ်ပါးပါးနဲ့တွေ့တော့သည်..။ မနက်ဆိုစောစောသွား ညဆိုမိုးချုပ်မှပြန်နဲ့ ခုတလောဝမ်ပါးးနဲ တိတိ က လုံးဝကိုမျက်နှာချင်းမဆိုင်..။

" Daddy! အစောကြီးရှိသေးတယ် အလုပ်သွားတော့မလို့လား "

"အင်း..ရိပေါ်နဲ့မျက်နှာချင်းမဆိုင်နိုင်သေးလို့.."

လှည့်ထွက်ရန်ပြင်သော ဝမ်ပါးးကိုဝူချန်မှာ ဆွဲထားလိုက်ပြီး..

"Daddy ! "

"အင်း.."

"ဘာကိစ္စပဲရှိရှိ ကျွန်တော့်မဂ်လာပွဲကိုမဖျက်ပေးနိုင်ဘူး.."

"ဝူချန်...မင်း.."

"ဟင့်အင်း ကျွန်တော်မှတိတိကို မချစ်တာ Daddy သိရက်သားနဲ့.."

မျက်ရည်ကြည်များ ရစ်ဝိုင်းလျက် အပြေးတပိုင်းထွက်သွားသော ဝူချန်ကိုကြည့်ပြီး ဝမ်ပါးးရင်ထဲပူလောင်လာသည်..။ ဘာလို့ တစ်ယောက်မှ စိတ်မချမ်းသာကြတာလဲ?




*********




အညိုရောင်ဆံပင်အုပ်အုပ်လေးကို ခေါင်းတိုးဝင်ပြီးရင်း တိုးဝင်ကာ ခါးတစ်ခွင်ရစ်ကာသိုင်းဖက်တော့ အင့်ခနဲညည်းညူသံ ခပ်လွန့်လွန့်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသည်..။ Kid မင်းက ဘာလို့ကိုယ်ရင်ခွင်ထဲ ရောက်နေရတာပါလိမ့်..။

မနေ့က သူ့အတိတ်တွေဆီ အလည်ရောက်ကာ အိပ်မက်ထဲတွင် Yeti က ပါလာပြန်သည်..။ ဒီအချိန်ဆို သူဂျပန်ကပြန်ရောက်ပြီလား?

**Light ငါ မင်းကိုချစ်တယ်နော်..မင်းရောငါကိုချစ်လား**

ထိုအချိန်က ပြုံးသာပြုံးနေခဲ့ပြီး သူဘာမှမတုန့်ပြန်မိခဲ့..။ ဂျပန်မသွားခင်ထိုညမှာ Yeti နဲ့ သူ ညလုံးပေါက်စကား ပြောခဲ့ကြပြီး သူ့ရင်ဘတ်မှာ Yeti မျက်ရည်စက်များ စိုလူးခဲ့သည်..။ သူ့ကျောပြင်မှာ Yeti လက်သည်းများက စိုက်ဝင်ခဲ့ကာ ခန္ဓာကိုယ်နှစ်ခုဟာလဲ လိမ်ယှက်နေခဲ့သည်..။

**Light ငါပြန်လာရင် လက်ထပ်ကြမယ်နော်..Daddy သာသိသွားရင် ငါတို့နှစ်ယောက်ကို ခွဲပစ်မှာကျိန်းသေတယ် သဘောမတူရင် ငါတို့ထွက်ပြေးကြမယ်သိလား**

Daddy သိရင်တဲ့..
မင်းအဖေက သိနေတာကြာပြီလို့ပြောပြလိုက်ချင်ရဲ့..။ နာမည်နဲ့လိုက်တဲ့ နှင်းလူလေးက သိပ်ကိုဖြူစင်လွန်းခဲ့တယ်..ဒါပေမယ့် ကိုယ်မှ သူ့ကိုမချစ်ခဲ့တာ..

" ကျစ်! သေပြီ သေပြီ တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ..အမ်..ကော က ထွက်သွားပြီလား? "

အရိုးကြေတော့မည့်အလား အဖက်ခံနေရတယ့်အပြင် ကုတင်ပေါ်က လူသားပျောက်သွားတာကြောင့် ရိပေါ့်ဒေါသတို့သည်..နောက်က လူသားဆီသို့သာ..

"ရှောင်းကျန့်..ဖယ်စမ်း..ကျစ်! ဘာလို့ငါ့ကိုဖက်ထားတာလဲ? "

ထိုအခါမှ အသက်ရှူချောင်တော့တယ်..။ပြီးနောက်တောင်းပန်သံ တိုးသဲ့သဲ့..

" ဆောရီးပါ ဖက်လုံးမှတ်လို့.."

"အေ...ဖက်လုံးလဲမဟုတ်ဘူး မင်းရဲ့ Yeti လဲမဟုတ်ဘူး..ဘယ်ကအပျက်ကောင်တွေနဲ့ ငါ့ကိုလာမှားနေတာလဲ? "

စကားတစ်ပြောပြောနဲ့ ရိပေါ်မှာကုန်းရုန်းထလိုက်ပြီး ကုတင်စွန်းမှာသွားထိုင်ကာ..

" မနက်ဖြန်ကျရင် ကိစ္စတစ်ခုစုံစမ်းပေး.."

"ဘာကိစ္စလဲ? "

"ဝူချန်ကော လက်ထပ်မယ့်မိန်းကလေးကို ငါသိချင်တယ်.."

" သိရင် ဘာလုပ်မလို့လဲ? "

ပြန်ဖြေသေူ စကားလုံးတွေသည် အညှာအတာကင်းမဲ့လွန်းကာ ပြောသူရုပ်ရည်နဲ့တောင်မလိုက်ဖက်..

"သတ်ပစ်မလို့..ပြီးရင်အလောင်းဖျောက်မယ်..၊ အကယ်၍ အဲ့အမှုပေါ်သွားရင် မင်းက အပြစ်အားလုံးကိုခံယူပြီး ေထာင်ထဲဝင်ရမယ်.."

"----------"

"ဘာလဲ? ကြောက်နေပြီလား? ဒါမှမဟုတ် လူမသတ်ရဲတာလား? "

ရှောင်းကျန့်ပြုံးလိုက်မိတယ်..
နယ်စပ်မှာ ကြီးပြင်လာသောသူ့အတွက်တော့ လူသတ်ရတာ အဆန်းတကြယ်မဟုတ်..။ ဒါပေမဲ့ အလောင်းဖျောက်တာက ထင်သလောက်လွယ်ကူပါ့မလား?

"ဟေးး..ရှောင်းကျန့်..ငါမေးနေတယ်လေ.."

" Kid အတွက်ဆိုမလုပ်နိုင်တာမရှိ..အ.."

"ခွပ်! ! "

စကားတောင်မဆုံးလိုက်..ဝိုက်ခနဲဝင်လာသော လက်သီးတစ်ချက်ကြောင့် ရှောင်းကျန့်မျက်နှာမှာ ချာခနဲပင်လည်ထွက်သွားတော့သည်..။ ဒဏ်ရာဟောင်းပေါ် လက်သီးတစ်ချက်ရောက်လာတာမို့..တော်တော်နဲ့ခေါင်းက ပြန် မဖော်နိုင်..၊ သူ ဘာအမှားများလုပ်မိလို့လဲ?

ကြမ်းပြင်ပေါ် တတောက်တောက်စီးကျသွားသော သွေးစက်တို့ကိုကြည့်ပြီး ရိပေါ့်မှာ အားရနေဟန်ဖြင့်..

"အဟက်..မင်းအပြစ်မင်းသိလား? "

ဆိတ်ဆိတ်နေရုံမှအပ..

" အခန်းထဲမှာ ဘယ်သူရှိလို့ Kid ဆိုတဲ့နာမ်စားကို သုံးရဲရတာလဲ? "

"----------"

"ရောင့်တတ်မလာနဲ့..ငါကမင်းရဲ့ဘာလဲ? "

ခေါင်းမော့ပြီး မျက်နှာလှလှလေးကိုမော်ဖူးကာ..

"ကျွန်တော့် ရဲ့ သခင်ပါ "

"A...ကိုယ့်အဆင့်ကိုယ်သိ "

ဝုန်းခနဲပိတ်ကျသွားသော တံခါးချပ်နောက်မှာ ရှောင်းကျန့်တစ်ယောက်တည်းသာ ငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့သည်..။ ဒဏ်ရာက မျက်နှာမှာလေ..ဘာလို့ရင်ဘတ်ကနာတာလဲ?

____________________________သခင်🔥

1209 Words (30.11.2020) 6:55PM
Thanks you for Reading

#Sanaymoeswe🐉(စနေမိုးဆွေ)📝





Continue Reading

You'll Also Like

68.2K 5K 65
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...
148K 12.2K 22
แ€…แ€…แ€บแ€™แ€พแ€”แ€บแ€แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€แ€…แ€บแ€แ€ฏแ€–แ€ผแ€…แ€บแ€•แ€ฑแ€ซแ€บแ€–แ€ญแ€ฏแ€ทแ€†แ€ญแ€ฏแ€แ€ฌ แ€›แ€ฏแ€•แ€บแ€†แ€ญแ€ฏแ€ธแ€แ€ฌ...แ€›แ€ฏแ€•แ€บแ€แ€ปแ€ฑแ€ฌแ€แ€ฌแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€žแ€€แ€บแ€†แ€ญแ€ฏแ€„แ€บแ€•แ€ซแ€žแ€œแ€ฌแ€ธ??? Start Date~17.11.2022 End Date ~12.1.2023 _____________________...
2.5K 271 7
"แ€™แ€„แ€บแ€ธแ€€ แ€„แ€ซแ€ทแ€›แ€ฒแ€ทแ€”แ€พแ€„แ€บแ€ธแ€†แ€ฎแ€”แ€ฎแ€œแ€ฑแ€ธ แ€„แ€ซแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บแ€˜แ€ฒ....แ€˜แ€šแ€บแ€žแ€ฐแ€ทแ€™แ€พ..แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€™แ€–แ€ปแ€€แ€บแ€†แ€ฎแ€ธแ€…แ€ฑแ€›แ€˜แ€ฐแ€ธ แ€Ÿแ€แ€บ แ€„แ€ซแ€€แ€œแ€ฝแ€ฒแ€œแ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€ท ...แ€„แ€ซแ€ทแ€œแ€พแ€ฑแ€ฌแ€„แ€บแ€กแ€ญแ€™แ€บแ€€แ€”แ€ฑ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€‘แ€ฝแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฝแ€„แ€ทแ€บแ€™แ€•แ€ผแ€ฏแ€”แ€ญแ€ฏแ€„แ€บแ€˜แ€ฐแ€ธ..."
*CAGE* By KHWBYH

Fanfiction

184K 7.9K 17
Yes,My Lord... (warning: Chanyeol uke Read at your own risk ) แ€’แ€ซแ€€แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€แ€ญแ€ฏแ‚”แ€›แ€ฒแ‚•แ€•แ€‘แ€™แ€†แ€ถแ€ฏแ€ธ Fic แ€ฑแ€œแ€ธแ€ปแ€–แ€…แ€นแ€แ€ฒแ€ทแ€กแ€แ€ผแ€€แ€น แ€กแ€ฑแ€›แ€ธแ€กแ€žแ€ฌแ€ธแ€กแ€แ€ผแ€€แ€นแ€ฑแ€แ€ฌแ€„แ€นแ€ธแ€•แ€”แ€นแ€แ€บแ€„แ€นแ€•แ€ซแ€แ€šแ€น แ€กแ€™แ€ฝแ€แ€นแ€...