Unicode
ကောင်းကင်ထက်ခြမ်းခွဲကာ ကမ္ဘာမြေကြီးကိုကိုင်လှုပ်လာသော သမုဒ္ဒရာခုနှစ်စင်း၏အရှင်သခင် ရွှဲရှန်သည် အဆင်းသာရှိပြီးအချင်းမရှိသော အနှီဘုန်းတော်ကြီး၏ ကော်ယူခြင်းခံလိုက်ရသည်။ ကော်ယူသည်မှာလည်း ကျပန်းကောက်လာသော ကြေးနီစနှင့်။
ဘုန်းတော်ကြီးကော်ယူလိုက်သည်နှင့် ရေညှိပြားနှစ်ချပ်လည်း အစီအရင်ပယ်ပျောက်သွားကာ စက္ကူလူသားအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။ ပုံစံမတူသော စက္ကူလူသားများမျက်နှာကို တစ်ချက်ကြည့်ပြီး သေးငယ်သွားအောင်ခေါက်ကာ ခါးထက်က အိတ်အတွင်းသို့ ထည့်လိုက်သည်။
မျက်နှာပေါ်သို့ တိုက်ရိုက်သွေးအန်ချချင်နေသော ရွှဲရှန်တစ်ယောက် လှုပ်ရှား၍ပင်မရ ကျပ်ညှပ်နေသော အိတ်အတွင်း မတင့်တယ်လှစွာ ထည့်ပိတ်ခံလိုက်ရသည်။
ဒေါသပုန်ထခြင်းကြောင့် သေရမည်ဆိုလျှင် ရွှဲရှန်အဖို့ အိတ်ထဲမှာ အကြိမ်နှစ်ရာလောက်တောင် သေနေလောက်ပြီ။ နဂိုကတည်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတတ်သောသူဖြစ်ပြီး သူတစ်ပါးအား ရန်စတတ်ပေမဲ့ အခြားသူမှပြန်ပြီး ရန်စလာသည်ကို လက်ခံတတ်သူမဟုတ်။ မမျှတသည်မှာ အမှန်ပင်ဖြစ်သော်လည်း ကိုယ်ခံယူထားသည်များသာဖြစ်၍ မျှတစရာမလို။
ယခုအခါမှာတော့ အချိန်အခါမကိုက် ရေဆိုးမြောင်းထဲကျပြီထင်ပါရဲ့။ အစဦးစရည်ရွယ်ချက်မှာ ဘာပဲဖြစ်ဖြစ် ထိုဘုန်းတော်ကြီးနှင့် ရွှဲရှန်အကြားရှိ အာဃာတများမှာ ယခုတွင်တော့ စတင်ပြီဖြစ်သည်။
ရွှဲရှန်သည် သောင်းကျန်းတတ်သောသူ တစ်ယောက်ဖြစ်ပြီး ရိုးကျိုးလှသော ချဥ်းကပ်မှုကို လက်ခံတတ်ပေမဲ့ အတင်းအကျပ် အင်အားသုံးသည့်အခါတွင်လည်း ကြောက်တတ်သူမဟုတ်။ အခုအချိန်မှာ လက်ထဲ၌ဓားသာရှိလျှင် ဘုန်းတော်ကြီး၏ ခါးညှပ်ရိုးများအား တုံ့ဆိုင်းခြင်းမရှိ ထိုးစိုက်ပြီးနှင့်နေပြီ။ သို့ပေမဲ့ ဓားမဆောင်တတ်သော အကျင့်ကရှိနေသည်။
မည်သူကိုမှစကားမဆို မျက်နှာထားပြောင်းလဲခြင်းမရှိ ရေခဲထုတမျှတည်ငြိမ်အေးစက်လှသော ထိုသူ၏ခန္ဓာကိုယ်ကတော့ နွေးလျက်ရှိသည်။ ထိုပူနွေးမှုသည် ပါးလွှာသောအဝတ်စကိုဖြတ်ကာ စက္ကူလူသားခန္ဓာကိုယ်အား အနွေးဓာတ်လွှမ်းခြုံစေသည်။
စိတ်တိုစရာကောင်းလိုက်တာ!
ဝေဒနာကိုသယ်ဆောင်ထားသူအဖို့ အေးစက်လှသည့် ဆောင်းတွင်း၌ရရှိသောအနွေးဓာတ်သည် ဒေါသဖြစ်ဖွယ်ကောင်းလှ၏။ အောက်ပိုင်းသေနေသောကြောင့် သွေးလမ်းကြောင်းများပိတ်ဆို့နေပြီး သွေးများလည်းမစီးဆင်းနိုင်ခဲ့။ အပူဓာတ်မပေးသောခန္ဓာကိုယ်သည် ဆောင်းတွင်းတစ်တွင်းလုံး မခံမရပ်နိုင်အောင် ရေခဲတမျှအေးစက်နေရာမှ ရုတ်တရက်စီးဝင်လာသော အနွေးဓာတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုံ့ဆိုင်းသွားသည်။ ခန္ဓာကိုယ်သည် စိတ်နှင့်ဆန့်ကျင်ပြီး ရရှိလာသောအနွေးဓာတ်ကြောင့် ပျော်ရွှင်မြူးတူးသာယာလျက်ရှိ၏။
နှစ်ခေါက်ခေါက်ခံထားသောရွှဲရှန်သည် ဒေါသဖြစ်လျက် လဲလျောင်းနေရာမှ နောက်ဆုံးတော့ ဘုန်းတော်ကြီး၏အိတ်ကပ်အတွင်း ဘာတွေများရှိနေမလဲ စစ်ဆေးရန် ကြံရွယ်လိုက်သည်။
ငယ်ရွယ်သော ဘုန်းတော်ကြီးနှင့် ပတ်သတ်၍ ရွှဲရှန်ဘာအကြောင်းမှသိသေးသည်မဟုတ်။
တကယ်ပဲအစွမ်းရှိနေတယ်ဆိုရင်တောင် အဝတ်စဖြဲပြီး ကြေးနီစနှင့် ရေညှိပြားတွေ ကော်ထုတ်တာဟာ အစွမ်းဟုမဆိုနိုင်။ ဖင်ပြောင်နဲ့လျှောက်သွားနေတတ်သော လမ်းလျှောက်တတ်စကလေးတောင် ရေညှိပြားကော်တတ်သည်။ တကယ့်အစွမ်းရှိသူဆိုလျှင် ကြမ်းပြင်မှတစ်ခုခုကောက်လိုပါက လက်ယမ်းလိုက်ရုံနှင့်ရသည်။ လက်တစ်ချက်ဝှေ့ရုံဖြင့် ဤခြံဝင်းကို မြေလှန်နိုင်သည်။
အခုတွင်တော့ ကိုယ့်လက်ကိုယ်သုံးကာ ဘယ်ကရမှန်းမသိတဲ့ကြေးနီစနှင့် ကော်ထုတ်တယ်တဲ့လား။ သို့ပေမဲ့လည်း အစွမ်းမရှိပဲနဲ့ ရွှဲရှန်ချထားသော အစီအရင်တွေကို မြင်နိုင်မည်မဟုတ်။
ရွှဲရှန်သည် ဂရုစိုက်လျက် ဘုန်းတော်ကြီးသတိမထားမိအောင် ပါးလွှာသောစက္ကူခန္ဓာကိုယ်ကို အသုံးချရင်း ပစ္စည်းများအားစစ်ကြည့်နေသည်။
သို့ပေမဲ့လည်း ဘုန်းတော်ကြီးမှ အာရုံထားသောပုံမပေါ်သည့်အတွက် သတိမထားတော့ပဲ ပစ္စည်းများကို လှန်လျောကြည့်နေလိုက်သည်။ နှစ်ထပ်ထပ်ထားသောအိတ်ကိုဖြတ်ကာ ခြံဝန်းအပြင်ကလာသောအသံများကို ရွှဲရှန်ဝိုးတဝါးကြားလိုက်ရသည်။ တစ်စုံတစ်ရာသောအကြောင်းကြောင့် ခြံဝန်းအပြင်၌ လူများစုလာပုံရသည်။
"မျက်နှာကိုဘာလို့ရိုက်တာလဲ?"
တစ်လျှောက်လုံးသည်းခံလာသော ကျန်းရှီနင်သည် ယခုတွင်တော့ သည်းခံနိုင်သည့် အဆုံးစွန်သို့ ရောက်နေဟန်တူ၏။
မတော်တဆထိမိလိုက်တာဖြစ်ကြောင်း ရှင်းပြလိုစိတ်မရှိသည့်အတွက် တိုးတိုးနေရန်သာ စာကြမ်းပိုးကို အချက်ပြလိုက်သည်။
လွန်ခဲ့သောနှစ်ဝက်ကတည်းက ရွှဲရှန်သည် အဆင်မပြေလှသော ခန္ဓာကိုယ်ကြောင့် တစ်နေရာသွားဖို့ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ပဲလိုလို အရှေ့အရပ်မှတိုက်ခတ်လာမည့်လေကို စောင့်တာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ဆွဲ၍ပဲဖြစ်ဖြစ်သွားရသည်။ ယခုတွေ့သောဘုန်းတော်ကြီးသည် ဆရာယောင်ယောင်ဖြစ်နေရင်တောင် အများအားအရူးလုပ်ဖို့ အစီအရင်အချို့ကို အနည်းနဲ့အများတော့ ဆောင်ထားလောက်မည်။ အခြေအနေပေးသည်နှင့် အသုံးဝင်သည်များဆွဲကာ ထွက်ပြေးမယ်ဟု ရွှဲရှန့်ကြံရွယ်ထားလိုက်သည်။
တစ်ယောက်တည်း အကြံများနေတုန်း ဘုန်းတော်ကြီးကတော့ ကျန်းဆေးဆိုင်တံခါးဝသို့ ရောက်နှင့်ပြီဖြစ်သည်။
ထူထဲလှသောတံခါးမသည် ပျက်စီးယိုယွင်းလျက် ကြေးတံခါးပတ္တာများက ပုံပန်းပျက်လို့နေ၏။ ပိတ်ထားတာဖြစ်ပေမယ့်လည်း သေချာမစိနိုင်ဘဲ ကြားတွင်ဟလျက်ရှိသည်။ ဘုန်းတော်ကြီးသည် တံခါးရှေ့တွင်ရပ်တန့်ကာ ဟနေသောကွဲကြောင်းကြားမှ ကြည့်လိုက်၏။
ပြိုကျယိုယွင်းနေသော တံခါးမအပြင်တွင် လူများစုဝေးနေသည်ကို မြင်လိုက်ရသည်။ စွန့်ပစ်ထားသောနေရာဖြစ်သည့်အတွက် တံခါးမထက်ကမီးအိမ်အား ထွန်းညှိပေးမည့်သူမရှိ။ သို့ပေမဲ့လည်း တစ်ဦးချင်းဆီသယ်လာကြသော မီးအိမ်များကြောင့် ထိုသူများမျက်နှာကို သေချာမြင်နိုင်ပြီး ကောင်းသောလာခြင်း မဟုတ်ကြောင်းက မျက်နှာထက်၌ ပေါ်လွင်လျက်ရှိသည်။
တစ္ဆေသရဲလာဖမ်းတာ မဟုတ်တာကတော့သေချာသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လာဖမ်းတာကတော့ ဖြစ်နိုင်သည်။
အမှားမလုပ်ထားလျှင် တံခါးလာခေါက်သောသရဲအား ကြောက်စရာမလိုဟုဆိုသော ဆိုရိုးစကားရှိပေမယ့်လည်း အခုလိုရုတ်တရက် ရောက်လာသောလူအုပ်ကြောင့် ဘယ်သူမဆို လန့်သွားမှာကတော့မလွဲပေ။ သို့ပေမဲ့လည်း ဘုန်းတော်ကြီးသည် လူအုပ်ဆီသို့အကြည့်အား ပြန်ရုတ်သိမ်းကာ တံခါးမှတစ်ဆင့် ထိုလူအုပ်ကြီးမရှိသည့်နှယ် ဖြတ်သွားသည်။
ကျန်းဆေးဆိုင်ရှေ့ လာစုသောသူများသည် ဖြတ်သွားဖြတ်လာများမဟုတ်။ ခဲပြာရောင်တူညီဝတ်စုံကို ဝတ်ဆင်ထားသော ရုံးတော်မှလူများဖြစ်ပြီး ခါး၌လည်းနှစ်ပေရှည်သောဓားရှည်က နေရာယူထားသည်။ ဆယ်ယောက်မျှရှိပြီး ဘုန်းတော်ကြီးဖြတ်သွားသည်နှင့် ခါးထက်ဓားကို တင်းတင်းဆုပ်ကိုင်ကာ သွားရာလမ်းကို ဖြတ်တားလိုက်ကြသည်။
ဘုန်းတော်ကြီးလည်း ဘာကြောင့်တားဆီးထားကြောင်း မသိသောမျက်နှာထားနှင့် လျှောက်လက်စခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"မင်းပြောတာသူ့ကိုလား?"
အသံလာရာကိုကြည့်လိုက်သောအခါ အရပ်ပုပုသတ်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ဖြစ်ပြီး မုတ်ဆိတ်မွှေးများရှိကာ အကြံပေးခေါင်းဆောင်းလည်း ဆောင်းထားသည်။ ပိန်သောပုံပေါ်ပေမဲ့လည်း ဗိုက်ကမသိမသာပူနေသည်။ နင်ရမ်းနယ်သားဖြစ်ပါက ထိုသူသည် နင်ရမ်းတိုင်းပြည်အကြံပေးလျိုရူ ဖြစ်ကြောင်း တပ်အပ်သိနိုင်သည်။
ဘုန်းတော်ကြီးမှာ နယ်ခံမဟုတ်တာကြောင့်လည်းပါသည်။ ထို့အပြင် နယ်ခံဖြစ်နေရင်တောင် သူ့စိတ်နေစိတ်ထားနှင့် အကြံပေးဆိုသူအား ဂရုပင်ထားမိမည်မဟုတ်သလို အများနှင့်တန်းမတူ ကွဲပြားခြားနားစွာ အလေးပေးဆက်ဆံမည်လည်းမဟုတ်၊
သို့ပေမဲ့ အကြံပေးမေးနေသောသူသည် ရသာကိုးပါးစားတော်ဆက်မှ စားပွဲထိုးဖြစ်ကြောင်း ဘုန်းတော်ကြီးမှတ်မိလိုက်သည်။
စားပွဲထိုးသည် အလိုရှိကြောင်းကပ်ထားသော စာရွက်အားကြည့်လျက် ကြာရှည်စွာစဥ်းစားခဲ့ပြီးနောက် နယ်မြေခံတရားရုံးသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရမည့်ဆုလာဒ်မှာ များလွန်းတာကြောင့် လုပ်ခဲ့သောလုပ်ရပ်များမှာ ကွင်းဆက်လူသတ်မှုများ ဖြစ်နိုင်သည်ဟု ထိုသူယုံကြည်ထားသည်။ ထို့ကြောင့်မဆိုင်းမတွပင် ဘုန်းတော်ကြီးအား တိုင်ကြားခဲ့ပြီး ရုံးတော်မှသူများကလည်း ဘာမေးခွန်းမှမဆို ချက်ချင်းပင်ထလိုက်လာကြသည်။
ဘုန်းတော်ကြီးမှကြည့်နေသဖြင့် စားပွဲထိုးလည်း လိပ်ပြာမသန့်လှတာကြောင့် နောက်သို့တိုးဝင်သွားပြီး
"ဆ..ဆရာတော်..ကျွန်တော်က"
စကားပင်မဆုံးလိုက် ဘုန်းတော်ကြီးသည် ဆက်မကြည့်တော့ပဲ နက်မှောင်သောအရာတစ်ခုကို လက်ထဲပစ်ပေးလိုက်တာကြောင့် စားပွဲထိုးလည်း အန္တရာယ်ရှိသောအရာဖြစ်မယ်ထင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ကြေးပြားများ တစ်ချွင်ချွင်မြည်သောအသံကြောင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်ရာ
ပိုက်ဆံအိတ်!
ဘုန်းတော်ကြီးပစ်လိုက်သောအရာသည် အစကသူပေးထားခဲ့သော ပိုက်ဆံအိတ်ဖြစ်နေသည်။
အစကတည်းက ပြန်ပေးလိုက်ချင်သောအရာအား ပြန်ပေးပြီးပြီဖြစ်တာကြောင့် စိတ်သက်သာရသွားဟန်နှင့် ဆက်သွားရန်ပြင်တော့သည်။ ဤတစ်ခါတွင် ပိတ်ထားသောလူအုပ်အား စိတ်မရှည်တော့။
"လမ်းဖယ်ပေးပါ"
ပိတ်ထားသောသူများသည် ဘုန်းတော်ကြီးအားကြည့်လိုက် အကြံပေးအားကြည့်လိုက်နှင့်
"ဆရာ..ဒါက"
"နေဦး"
အကြံပေးသည် အိတ်အတွင်းမှ ပါးလွှာလှသောစာရွက်တစ်ရွက်ကို ထုတ်ကာ
"ကိုယ်တော်ဘယ်ကလာတာလည်းမသိဘူး?ဘယ်ကျောင်းဆောင်ကပါလဲ?ဘွဲ့အမည်လည်းသိပါရစေ"
ဘုန်းတော်ကြီးသည် ပြန်မဖြေချင်သောပုံစံနှင့် တစ်ခုခုအားတွေးတောကာ မျက်မှောင်ကျုံ့လျက်ရှိသည်။
သံသယဝင်ဖွယ်ကောင်းတာကြောင့် အကြံပေးအသံသည် အရင်ထက်ပိုမာလာပြီး
"တစ်စုံတစ်ယောက်ကကိုယ်တော်ဟာအလိုရှိကြောင်းထုတ်ထားတဲ့ပုံကသူနှင့်တူကြောင်းအကြောင်းကြားလာလို့ပါ..ဒီလိုမျိုးသာမဖြေပဲဆက်နေမယ်ဆိုရင်ရုံးတော်ခေါ်သွားပြီးစစ်မေးရုံပဲရှိပါတော့တယ်"
အေးစက်လှသောအသွင်နှင့် ဘုန်းတော်ကြီးသည် အတော်ကြာတော့မှ
"ဘွဲ့အမည်ရွှမ်းမင်..ကျောင်းဆောင်မရှိ..တစ်ဦးတည်းလှည့်လည်သွားလာတယ်"
ပုံမှန်ဆိုလျှင် အဘယ်ဘုန်းတော်ကြီးကမှ ကျောင်းဆောင်အား ကွယ်ဝှက်လေ့မရှိ။ ကွယ်ဝှက်စရာ အကြောင်းလည်းမရှိ။ အကယ်၍ ကျောင်းဆောင်မရှိဘူးဆိုလျှင်လည်း ဆယ်ယောက်မှာ ကိုးယောက်က ဘုန်းတော်ကြီးအယောင်ဆောင်သူများသာ။
အကြံပေးလည်း သရော်သည့်မျက်လုံးများနှင့် ဘုန်းတော်ကြီးအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ လက်မှာကိုင်ထားသော ကြော်ငြာစာရွက်အား တမင်ပင်ရှေ့ဆန့်ကာ ငယ်သားတစ်ဦးအား လက်ဆွဲမီးအိမ်ယူလာခိုင်းပြီး ရွှမ်းမင်နှင့်တိုက်စစ်တော့သည်။
အထဲတွင် အလုပ်များနေသော ရွှဲရှန်တစ်ယောက် အဖြစ်အပျက်များကိုကြည့်ရင်း အားရဝမ်းသာဖြစ်နေတော့သည်။ သူများတကာပုန်းအောင်းနေတဲ့နေရာကိုမွှေနှောက်ချင်ဦးလေ..အခုတော့ကိုယ်ဒုက္ခများနေရပြီ
အိတ်ကပ်ထဲတွင်တော့ ရွှဲရှန်အသုံးပြုလို့ရမည့်ဟာ ရေရေရာရာမရှိ။ မက်မွန်ကိုင်းတစ်ကိုင်း၊ မီးခတ်ကျောက်နှစ်ခုနှင့် အရွယ်အစားစုံသောအပ်များပါသည့် အိတ်ငယ်တစ်ခုကိုသာ တွေ့သည်။ ဘာပဲဖြစ်ဖြစ် လိုချင်တာများ ဟုတ်မနေသည့်အတွက် စောင့်ရတာပျင်းရိလာသောရွှဲရှန်သည် ဘုန်းတော်ကြီးအာရုံမထားသောအချိန်တွင် ထွက်ပြေးရန်ကြံရွယ်လိုက်သည်။
ထွက်ပြေးခြင်းအတွက် အနည်းနှင့်အများတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသည်။ သူသာသတိမပြုမိစေချင်လျှင် သာမန်သူဆိုမြင်နိုင်မည်မဟုတ်။ ထိုအကြံပေးစကားပြောနေဆဲမှာပင် ခန္ဓာကိုယ်အား ကျုံ့နိုင်သလောက်ကိုကျုံ့စေပြီး အိတ်ဝသို့ဦးတည်လိုက်သည်။
အချိန်ကိုက်ပဲ ရောက်ရှီလာသောလက်ညိုးကြောင့် ပြူထွက်လာသောခေါင်းလဲ တဖန်ပင် အိတ်ထဲပြန်ကျသွားတော့သည်။
နဂိုသဘောကိုက ဆိုးသွမ်းသောမိစ္ဆာသည် မထင်မှတ်ထားသောလုပ်ရပ်ကြောင့် ဒေါသပုန်ထလျက် အိတ်အတွင်း လူးလိမ့်နေတော့သည်။ ထို့နောက်အိတ်အတွင်းမှ အပ်တစ်ချောင်းဆွဲထုတ်ကာ ရှိသမျှအားအင်များစုစည်းပြီး ဘုန်းတော်ကြီး၏ခါးညှပ်ရိုးရှိရာသို့ စိုက်ထည့်လိုက်သည်။
ရွှမ်းမင် ; "…"
ထိုအချိန်မှာပဲ ကြော်ငြာစာနှင့် ယှဥ်တိုက်နေသော အကြံပေးသည် ခေါင်းခါယမ်းရင်း
"တစ်ခုခုတော့မှားနေပြီ"
"ဘာများမှားလို့လဲ?"
ရဲမက်များလည်း အလိုရှိကြောင်းကြော်ငြာစာကို အကြံပေးနည်းတူ ကဲကြည့်လိုက်ကြသည်။
"အသက်ကကွာနေတယ်..တခြားဆီပဲ..ပြီးတော့တူတာလည်းမဟုတ်ဘူး..အဝေးကကြည့်ရင်တော့ဆင်တူပုံပေါ်ပေမဲ့မီးအိမ်နဲ့အနီးကပ်ကြည့်လိုက်တော့အရမ်းငယ်လွန်းနေတယ်..ပြီးတော့ငါတို့ရှာနေတဲ့ဘုန်းတော်ကြီးကဘုန်းတန်ခိုးကြီးတယ်လို့ထင်ရှားကျော်ကြားတဲ့သူ..ဒီကိုယ်တော်ကျ.."
ပြောရင်းနှင့်ပင် ရွှမ်းမင်၏ခါးထက်ရှိ ကြေးနီဒင်္ဂါးပြားများကို ကြည့်လာသည်။ ပါးစပ်ကထုတ်မပြောပင်မဲ့လည်း မျက်နှာအမူအရာကတော့ သိသာလွန်းလှသည်။ အရောင်ပင်မရှိသော ကြေးနီဒင်္ဂါးပြားများနှင့် အနှီဘုန်းတော်ကြီးသည် ဘာအစွမ်းများရှိမှာတဲ့လဲ? လာနောက်နေတယ်!
တစ်ချက်ကြည့်လိုက်တာနဲ့တင် ဆရာယောင်သမားယောင်ဖြစ်နေသူအား ဘယ်သူမှမလေးစားကြ။
ကြေးနီဒင်္ဂါးပြားများအား ကြည့်ပြီးနောက် အကြံပေးသည် အထင်သေးသောအမူအရာနှင့် ရွှမ်းမင်အား
"ဘာမှမဟုတ်တော့ဘူး..သွားလို့ရပြီ"
သစ်ပင်မှကြွေကျလာသော သစ်ရွက်ကဲ့သို့ပင် ဖယ်လိုက်လျှင်ခန္ဓာကိုယ်နှင့် ဆက်နွယ်ခြင်းမရှိဟု သဘောထားရင်း ရွှမ်းမင်ဆက်သွားရန် ပြင်လိုက်သည်။ သို့ပေမဲ့လည်း နှစ်လှမ်းမျှလှမ်းပြီးနောက် အကြံပေးရှိရာသို့လှည့်ကာ
"ကြာကြာမနေရတော့ဘူး"
အိတ်အတွင်းမှရွှဲရှန်ကတော့ အကြံဥာဏ်အသစ်များထုတ်ကာ ခန္ဓာကိုယ်ထက်ပိုင်းပြတ်မတတ် တွန့်လိမ်သွားနေရာမှ ဘုန်းတော်ကြီးဆိုလိုက်သည့် စကားကြောင့် ရပ်တန့်သွားသည်။
ငါတောင်မသတ်ရသေးဘူး..သူကကိုယ့်ကိုယ်ကိုသေကြောင်းကြံနေပြီ!
ဝမ်းသာအားရ ပျော်ရွှင်မြူးတူးနေရာမှ ချော်ကျသွားတာကြောင့် ဘုန်းတော်ကြီး၏ခါးရိုးနှင့် ရိုက်ခတ်မိသွားသည်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်မှ ရိုက်ခတ်လိုက်သကဲ့သို့ ဝမ်ဆိုသော ကျယ်လောင်စွာမြည်ဟီးသံအား တန်ပြန်ခံစားလိုက်ရသည်။
•••••
Zawgyi
ေကာင္းကင္ထက္ျခမ္းခဲြကာ ကမ႓ာေျမၾကီးကိုကိုင္လႈပ္လာေသာ သမုဒၵရာခုႏွစ္စင္း၏အရွင္သခင္ ရႊဲရွန္သည္ အဆင္းသာရိွၿပီးအခ်င္းမရိွေသာ အႏွီဘုန္းေတာ္ႀကီး၏ ေကာ္ယူျခင္းခံလိုက္ရသည္။ ေကာ္ယူသည္မွာလည္း က်ပန္းေကာက္လာေသာ ေၾကးနီစႏွင့္။
ဘုန္းေတာ္ႀကီးေကာ္ယူလိုက္သည္ႏွင့္ ေရၫွိျပားႏွစ္ခ်ပ္လည္း အစီအရင္ပယ္ေပ်ာက္သြားကာ စကၠူလူသားအျဖစ္ ျပန္လည္ေျပာင္းလဲသြားေတာ့သည္။ ပံုစံမတူေသာ စကၠူလူသားမ်ားမ်က္ႏွာကို တစ္ခ်က္ၾကၫ့္ၿပီး ေသးငယ္သြားေအာင္ေခါက္ကာ ခါးထက္က အိတ္အတြင္းသို႔ ထၫ့္လိုက္သည္။
မ်က္ႏွာေပၚသို႔ တိုက္ရိုက္ေသြးအန္ခ်ခ်င္ေနေသာ ရႊဲရွန္တစ္ေယာက္ လႈပ္ရွား၍ပင္မရ က်ပ္ၫွပ္ေနေသာ အိတ္အတြင္း မတင့္တယ္လွစြာ ထၫ့္ပိတ္ခံလိုက္ရသည္။
ေဒါသပုန္ထျခင္းေၾကာင့္ ေသရမည္ဆိုလ်ွင္ ရႊဲရွန္အဖို႔ အိတ္ထဲမွာ အႀကိမ္ႏွစ္ရာေလာက္ေတာင္ ေသေနေလာက္ၿပီ။ နဂိုကတည္းက ကိုယ့္ကိုယ္ကို ဂုဏ္ယူေနတတ္ေသာသူျဖစ္ၿပီး သူတစ္ပါးအား ရန္စတတ္ေပမဲ့ အျခားသူမျွပန္ၿပီး ရန္စလာသည္ကို လက္ခံတတ္သူမဟုတ္။ မမ်ွတသည္မွာ အမွန္ပင္ျဖစ္ေသာ္လည္း ကိုယ္ခံယူထားသည္မ်ားသာျဖစ္၍ မ်ွတစရာမလို။
ယခုအခါမွာေတာ့ အခ်ိန္အခါမကိုက္ ေရဆိုးေျမာင္းထဲက်ၿပီထင္ပါရဲ့။ အစၪီးစရည္ရြယ္ခ်က္မွာ ဘာပဲျဖစ္ျဖစ္ ထိုဘုန္းေတာ္ႀကီးႏွင့္ ရႊဲရွန္အၾကားရိွ အာဃာတမ်ားမွာ ယခုတြင္ေတာ့ စတင္ၿပီျဖစ္သည္။
ရႊဲရွန္သည္ ေသာင္းက်န္းတတ္ေသာသူ တစ္ေယာက္ျဖစ္ၿပီး ရိုးက်ိဳးလွေသာ ခ်ဥ္းကပ္မႈကို လက္ခံတတ္ေပမဲ့ အတင္းအက်ပ္ အင္အားသံုးသၫ့္အခါတြင္လည္း ေၾကာက္တတ္သူမဟုတ္။ အခုအခ်ိန္မွာ လက္ထဲ၌ဓားသာရိွလ်ွင္ ဘုန္းေတာ္ႀကီး၏ ခါးၫွပ္ရိုးမ်ားအား တံု႔ဆိုင္းျခင္းမရိွ ထိုးစိုက္ၿပီးႏွင့္ေနၿပီ။ သို႔ေပမဲ့ ဓားမေဆာင္တတ္ေသာ အက်င့္ကရိွေနသည္။
မည္သူကိုမွစကားမဆို မ်က္ႏွာထားေျပာင္းလဲျခင္းမရိွ ေရခဲထုတမ်ွတည္ၿငိမ္ေအးစက္လွေသာ ထိုသူ၏ခႏၶာကိုယ္ကေတာ့ ေနြးလ်က္ရိွသည္။ ထိုပူေနြးမႈသည္ ပါးလႊာေသာအဝတ္စကိုျဖတ္ကာ စကၠူလူသားခႏၶာကိုယ္အား အေနြးဓာတ္လႊမ္းႃခံုေစသည္။
စိတ္တိုစရာေကာင္းလိုက္တာ!
ေဝဒနာကိုသယ္ေဆာင္ထားသူအဖို႔ ေအးစက္လွသၫ့္ ေဆာင္းတြင္း၌ရရိွေသာအေနြးဓာတ္သည္ ေဒါသျဖစ္ဖြယ္ေကာင္းလွ၏။ ေအာက္ပိုင္းေသေနေသာေၾကာင့္ ေသြးလမ္းေၾကာင္းမ်ားပိတ္ဆို႔ေနၿပီး ေသြးမ်ားလည္းမစီးဆင္းႏိုင္ခဲ့။ အပူဓာတ္မေပးေသာခႏၶာကိုယ္သည္ ေဆာင္းတြင္းတစ္တြင္းလံုး မခံမရပ္ႏိုင္ေအာင္ ေရခဲတမ်ွေအးစက္ေနရာမွ ရုတ္တရက္စီးဝင္လာေသာ အေနြးဓာတ္ေၾကာင့္ ခႏၶာကိုယ္တစ္ခုလံုးတံု႔ဆိုင္းသြားသည္။ ခႏၶာကိုယ္သည္ စိတ္ႏွင့္ဆန႔္က်င္ၿပီး ရရိွလာေသာအေနြးဓာတ္ေၾကာင့္ ေပ်ာ္ရႊင္ျမဴးတူးသာယာလ်က္ရိွ၏။
ႏွစ္ေခါက္ေခါက္ခံထားေသာရႊဲရွန္သည္ ေဒါသျဖစ္လ်က္ လဲေလ်ာင္းေနရာမွ ေနာက္ဆံုးေတာ့ ဘုန္းေတာ္ႀကီး၏အိတ္ကပ္အတြင္း ဘာေတြမ်ားရိွေနမလဲ စစ္ေဆးရန္ ႀကံရြယ္လိုက္သည္။
ငယ္ရြယ္ေသာ ဘုန္းေတာ္ႀကီးႏွင့္ ပတ္သတ္၍ ရႊဲရွန္ဘာအေၾကာင္းမွသိေသးသည္မဟုတ္။
တကယ္ပဲအစြမ္းရိွေနတယ္ဆိုရင္ေတာင္ အဝတ္စၿဖဲျပီး ေၾကးနီစႏွင့္ ေရၫွိျပားေတြ ေကာ္ထုတ္တာဟာ အစြမ္းဟုမဆိုႏိုင္။ ဖင္ေျပာင္နဲ႔ေလ်ွာက္သြားေနတတ္ေသာ လမ္းေလ်ွာက္တတ္စကေလးေတာင္ ေရၫွိျပားေကာ္တတ္သည္။ တကယ့္အစြမ္းရိွသူဆိုလ်ွင္ ၾကမ္းျပင္မွတစ္ခုခုေကာက္လိုပါက လက္ယမ္းလိုက္ရံုႏွင့္ရသည္။ လက္တစ္ခ်က္ေဝ႔ွရံုျဖင့္ ဤၿခံဝင္းကို ေျမလွန္ႏိုင္သည္။
အခုတြင္ေတာ့ ကိုယ့္လက္ကိုယ္သံုးကာ ဘယ္ကရမွန္းမသိတဲ့ေၾကးနီစႏွင့္ ေကာ္ထုတ္တယ္တဲ့လား။ သို႔ေပမဲ့လည္း အစြမ္းမရိွပဲနဲ႔ ရႊဲရွန္ခ်ထားေသာ အစီအရင္ေတြကို ျမင္ႏိုင္မည္မဟုတ္။
ရႊဲရွန္သည္ ဂရုစိုက္လ်က္ ဘုန္းေတာ္ႀကီးသတိမထားမိေအာင္ ပါးလႊာေသာစကၠူခႏၶာကိုယ္ကို အသံုးခ်ရင္း ပစၥည္းမ်ားအားစစ္ၾကၫ့္ေနသည္။
သို႔ေပမဲ့လည္း ဘုန္းေတာ္ႀကီးမွ အာရံုထားေသာပံုမေပၚသၫ့္အတြက္ သတိမထားေတာ့ပဲ ပစၥည္းမ်ားကို လွန္ေလ်ာၾကၫ့္ေနလိုက္သည္။ ႏွစ္ထပ္ထပ္ထားေသာအိတ္ကိုျဖတ္ကာ ၿခံဝန္းအျပင္ကလာေသာအသံမ်ားကို ရႊဲရွန္ဝိုးတဝါးၾကားလိုက္ရသည္။ တစ္စံုတစ္ရာေသာအေၾကာင္းေၾကာင့္ ၿခံဝန္းအျပင္၌ လူမ်ားစုလာပံုရသည္။
"မ်က္ႏွာကိုဘာလို႔ရိုက္တာလဲ?"
တစ္ေလ်ွာက္လံုးသည္းခံလာေသာ က်န္းရွီနင္သည္ ယခုတြင္ေတာ့ သည္းခံႏိုင္သၫ့္ အဆံုးစြန္သို႔ ေရာက္ေနဟန္တူ၏။
မေတာ္တဆထိမိလိုက္တာျဖစ္ေၾကာင္း ရွင္းျပလိုစိတ္မရိွသၫ့္အတြက္ တိုးတိုးေနရန္သာ စာၾကမ္းပိုးကို အခ်က္ျပလိုက္သည္။
လြန္ခဲ့ေသာႏွစ္ဝက္ကတည္းက ရႊဲရွန္သည္ အဆင္မေျပလွေသာ ခႏၶာကိုယ္ေၾကာင့္ တစ္ေနရာသြားဖို႔ပဲျဖစ္ျဖစ္ တစ္ခုခုလုပ္ဖို႔ပဲလိုလို အေရ႔ွအရပ္မွတိုက္ခတ္လာမၫ့္ေလကို ေစာင့္တာပဲျဖစ္ျဖစ္ အျခားတစ္ေယာက္ကို ဆဲြ၍ပဲျဖစ္ျဖစ္သြားရသည္။ ယခုေတြ့ေသာဘုန္းေတာ္ႀကီးသည္ ဆရာေယာင္ေယာင္ျဖစ္ေနရင္ေတာင္ အမ်ားအားအရူးလုပ္ဖို႔ အစီအရင္အခ်ိဳ႕ကို အနည္းနဲ႔အမ်ားေတာ့ ေဆာင္ထားေလာက္မည္။ အေျခအေနေပးသည္ႏွင့္ အသံုးဝင္သည္မ်ားဆဲြကာ ထြက္ေျပးမယ္ဟု ရႊဲရွန္႔ႀကံရြယ္ထားလိုက္သည္။
တစ္ေယာက္တည္း အႀကံမ်ားေနတုန္း ဘုန္းေတာ္ႀကီးကေတာ့ က်န္းေဆးဆိုင္တံခါးဝသို႔ ေရာက္ႏွင့္ၿပီျဖစ္သည္။
ထူထဲလွေသာတံခါးမသည္ ပ်က္စီးယိုယြင္းလ်က္ ေၾကးတံခါးပတၲာမ်ားက ပံုပန္းပ်က္လို႔ေန၏။ ပိတ္ထားတာျဖစ္ေပမယ့္လည္း ေသခ်ာမစိႏိုင္ဘဲ ၾကားတြင္ဟလ်က္ရိွသည္။ ဘုန္းေတာ္ႀကီးသည္ တံခါးေရ႔ွတြင္ရပ္တန႔္ကာ ဟေနေသာကဲြေၾကာင္းၾကားမွ ၾကၫ့္လိုက္၏။
ၿပိဳက်ယိုယြင္းေနေသာ တံခါးမအျပင္တြင္ လူမ်ားစုေဝးေနသည္ကို ျမင္လိုက္ရသည္။ စြန႔္ပစ္ထားေသာေနရာျဖစ္သၫ့္အတြက္ တံခါးမထက္ကမီးအိမ္အား ထြန္းၫွိေပးမၫ့္သူမရိွ။ သို႔ေပမဲ့လည္း တစ္ၪီးခ်င္းဆီသယ္လာၾကေသာ မီးအိမ္မ်ားေၾကာင့္ ထိုသူမ်ားမ်က္ႏွာကို ေသခ်ာျမင္ႏိုင္ၿပီး ေကာင္းေသာလာျခင္း မဟုတ္ေၾကာင္းက မ်က္ႏွာထက္၌ ေပၚလြင္လ်က္ရိွသည္။
တစၧေသရဲလာဖမ္းတာ မဟုတ္တာကေတာ့ေသခ်ာသည္။ လူပုဂၢိုလ္တစ္ၪီးတစ္ေယာက္ကို လာဖမ္းတာကေတာ့ ျဖစ္ႏိုင္သည္။
အမွားမလုပ္ထားလ်ွင္ တံခါးလာေခါက္ေသာသရဲအား ေၾကာက္စရာမလိုဟုဆိုေသာ ဆိုရိုးစကားရိွေပမယ့္လည္း အခုလိုရုတ္တရက္ ေရာက္လာေသာလူအုပ္ေၾကာင့္ ဘယ္သူမဆို လန႔္သြားမွာကေတာ့မလဲြေပ။ သို႔ေပမဲ့လည္း ဘုန္းေတာ္ႀကီးသည္ လူအုပ္ဆီသို႔အၾကၫ့္အား ျပန္ရုတ္သိမ္းကာ တံခါးမွတစ္ဆင့္ ထိုလူအုပ္ႀကီးမရိွသၫ့္ႏွယ္ ျဖတ္သြားသည္။
က်န္းေဆးဆိုင္ေရ႔ွ လာစုေသာသူမ်ားသည္ ျဖတ္သြားျဖတ္လာမ်ားမဟုတ္။ ခဲျပာေရာင္တူညီဝတ္စံုကို ဝတ္ဆင္ထားေသာ ရံုးေတာ္မွလူမ်ားျဖစ္ၿပီး ခါး၌လည္းႏွစ္ေပရွည္ေသာဓားရွည္က ေနရာယူထားသည္။ ဆယ္ေယာက္မ်ွရိွၿပီး ဘုန္းေတာ္ႀကီးျဖတ္သြားသည္ႏွင့္ ခါးထက္ဓားကို တင္းတင္းဆုပ္ကိုင္ကာ သြားရာလမ္းကို ျဖတ္တားလိုက္ၾကသည္။
ဘုန္းေတာ္ႀကီးလည္း ဘာေၾကာင့္တားဆီးထားေၾကာင္း မသိေသာမ်က္ႏွာထားႏွင့္ ေလ်ွာက္လက္စေျခလွမ္းမ်ားကို ရပ္တန႔္လိုက္သည္။
"မင္းေျပာတာသူ႔ကိုလား?"
အသံလာရာကိုၾကၫ့္လိုက္ေသာအခါ အရပ္ပုပုသတ္လတ္ပိုင္းအရြယ္ ေယာက်္ားတစ္ေယာက္ျဖစ္ၿပီး မုတ္ဆိတ္ေမႊးမ်ားရိွကာ အႀကံေပးေခါင္းေဆာင္းလည္း ေဆာင္းထားသည္။ ပိန္ေသာပံုေပၚေပမဲ့လည္း ဗိုက္ကမသိမသာပူေနသည္။ နင္ရမ္းနယ္သားျဖစ္ပါက ထိုသူသည္ နင္ရမ္းတိုင္းျပည္အႀကံေပးလ်ိဳရူ ျဖစ္ေၾကာင္း တပ္အပ္သိႏိုင္သည္။
ဘုန္းေတာ္ႀကီးမွာ နယ္ခံမဟုတ္တာေၾကာင့္လည္းပါသည္။ ထို႔အျပင္ နယ္ခံျဖစ္ေနရင္ေတာင္ သူ႔စိတ္ေနစိတ္ထားႏွင့္ အႀကံေပးဆိုသူအား ဂရုပင္ထားမိမည္မဟုတ္သလို အမ်ားႏွင့္တန္းမတူ ကဲြျပားျခားနားစြာ အေလးေပးဆက္ဆံမည္လည္းမဟုတ္၊
သို႔ေပမဲ့ အႀကံေပးေမးေနေသာသူသည္ ရသာကိုးပါးစားေတာ္ဆက္မွ စားပဲြထိုးျဖစ္ေၾကာင္း ဘုန္းေတာ္ႀကီးမွတ္မိလိုက္သည္။
စားပဲြထိုးသည္ အလိုရိွေၾကာင္းကပ္ထားေသာ စာရြက္အားၾကၫ့္လ်က္ ၾကာရွည္စြာစဥ္းစားခဲ့ၿပီးေနာက္ နယ္ေျမခံတရားရံုးသို႔ သြားေရာက္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။ ရမၫ့္ဆုလာဒ္မွာ မ်ားလြန္းတာေၾကာင့္ လုပ္ခဲ့ေသာလုပ္ရပ္မ်ားမွာ ကြင္းဆက္လူသတ္မႈမ်ား ျဖစ္ႏိုင္သည္ဟု ထိုသူယံုၾကည္ထားသည္။ ထို႔ေၾကာင့္မဆိုင္းမတြပင္ ဘုန္းေတာ္ႀကီးအား တိုင္ၾကားခဲ့ၿပီး ရံုးေတာ္မွသူမ်ားကလည္း ဘာေမးခြန္းမွမဆို ခ်က္ခ်င္းပင္ထလိုက္လာၾကသည္။
ဘုန္းေတာ္ႀကီးမွၾကၫ့္ေနသျဖင့္ စားပဲြထိုးလည္း လိပ္ျပာမသန႔္လွတာေၾကာင့္ ေနာက္သို႔တိုးဝင္သြားၿပီး
"ဆ..ဆရာေတာ္..ကၽြန္ေတာ္က"
စကားပင္မဆံုးလိုက္ ဘုန္းေတာ္ႀကီးသည္ ဆက္မၾကၫ့္ေတာ့ပဲ နက္ေမွာင္ေသာအရာတစ္ခုကို လက္ထဲပစ္ေပးလိုက္တာေၾကာင့္ စားပဲြထိုးလည္း အႏၲရာယ္ရိွေသာအရာျဖစ္မယ္ထင္ၿပီး မ်က္လံုးမိွတ္ထားလိုက္သည္။ ေၾကးျပားမ်ား တစ္ခၽြင္ခၽြင္ျမည္ေသာအသံေၾကာင့္ မ်က္လံုးျပန္ဖြင့္ၾကၫ့္လိုက္ရာ
ပိုက္ဆံအိတ္!
ဘုန္းေတာ္ႀကီးပစ္လိုက္ေသာအရာသည္ အစကသူေပးထားခဲ့ေသာ ပိုက္ဆံအိတ္ျဖစ္ေနသည္။
အစကတည္းက ျပန္ေပးလိုက္ခ်င္ေသာအရာအား ျပန္ေပးၿပီးၿပီျဖစ္တာေၾကာင့္ စိတ္သက္သာရသြားဟန္ႏွင့္ ဆက္သြားရန္ျပင္ေတာ့သည္။ ဤတစ္ခါတြင္ ပိတ္ထားေသာလူအုပ္အား စိတ္မရွည္ေတာ့။
"လမ္းဖယ္ေပးပါ"
ပိတ္ထားေသာသူမ်ားသည္ ဘုန္းေတာ္ႀကီးအားၾကၫ့္လိုက္ အႀကံေပးအားၾကၫ့္လိုက္ႏွင့္
"ဆရာ..ဒါက"
"ေနၪီး"
အႀကံေပးသည္ အိတ္အတြင္းမွ ပါးလႊာလွေသာစာရြက္တစ္ရြက္ကို ထုတ္ကာ
"ကိုယ္ေတာ္ဘယ္ကလာတာလည္းမသိဘူး?ဘယ္ေက်ာင္းေဆာင္ကပါလဲ?ဘဲြ႔အမည္လည္းသိပါရေစ"
ဘုန္းေတာ္ႀကီးသည္ ျပန္မေျဖခ်င္ေသာပံုစံႏွင့္ တစ္ခုခုအားေတြးေတာကာ မ်က္ေမွာင္က်ဳံ႔လ်က္ရိွသည္။
သံသယဝင္ဖြယ္ေကာင္းတာေၾကာင့္ အႀကံေပးအသံသည္ အရင္ထက္ပိုမာလာၿပီး
"တစ္စံုတစ္ေယာက္ကကိုယ္ေတာ္ဟာအလိုရိွေၾကာင္းထုတ္ထားတဲ့ပံုကသူႏွင့္တူေၾကာင္းအေၾကာင္းၾကားလာလို႔ပါ..ဒီလိုမ်ိဳးသာမေျဖပဲဆက္ေနမယ္ဆိုရင္ရံုးေတာ္ေခၚသြားၿပီးစစ္ေမးရံုပဲရိွပါေတာ့တယ္"
ေအးစက္လွေသာအသြင္ႏွင့္ ဘုန္းေတာ္ႀကီးသည္ အေတာ္ၾကာေတာ့မွ
"ဘဲြ႔အမည္ရႊမ္းမင္..ေက်ာင္းေဆာင္မရိွ..တစ္ၪီးတည္းလွၫ့္လည္သြားလာတယ္"
ပံုမွန္ဆိုလ်ွင္ အဘယ္ဘုန္းေတာ္ႀကီးကမွ ေက်ာင္းေဆာင္အား ကြယ္ဝွက္ေလ့မရိွ။ ကြယ္ဝွက္စရာ အေၾကာင္းလည္းမရိွ။ အကယ္၍ ေက်ာင္းေဆာင္မရိွဘူးဆိုလ်ွင္လည္း ဆယ္ေယာက္မွာ ကိုးေယာက္က ဘုန္းေတာ္ႀကီးအေယာင္ေဆာင္သူမ်ားသာ။
အႀကံေပးလည္း သေရာ္သၫ့္မ်က္လံုးမ်ားႏွင့္ ဘုန္းေတာ္ႀကီးအား ေခါင္းအစေျခအဆံုး ၾကၫ့္လိုက္သည္။ လက္မွာကိုင္ထားေသာ ေၾကာ္ျငာစာရြက္အား တမင္ပင္ေရ႔ွဆန႔္ကာ ငယ္သားတစ္ၪီးအား လက္ဆဲြမီးအိမ္ယူလာခိုင္းၿပီး ရႊမ္းမင္ႏွင့္တိုက္စစ္ေတာ့သည္။
အထဲတြင္ အလုပ္မ်ားေနေသာ ရႊဲရွန္တစ္ေယာက္ အျဖစ္အပ်က္မ်ားကိုၾကၫ့္ရင္း အားရဝမ္းသာျဖစ္ေနေတာ့သည္။ သူမ်ားတကာပုန္းေအာင္းေနတဲ့ေနရာကိုေမႊေနွာက္ခ်င္ၪီးေလ..အခုေတာ့ကိုယ္ဒုကၡမ်ားေနရၿပီ
အိတ္ကပ္ထဲတြင္ေတာ့ ရႊဲရွန္အသံုးျပဳလို႔ရမၫ့္ဟာ ေရေရရာရာမရိွ။ မက္မြန္ကိုင္းတစ္ကိုင္း၊ မီးခတ္ေက်ာက္ႏွစ္ခုႏွင့္ အရြယ္အစားစံုေသာအပ္မ်ားပါသၫ့္ အိတ္ငယ္တစ္ခုကိုသာ ေတြ့သည္။ ဘာပဲျဖစ္ျဖစ္ လိုခ်င္တာမ်ား ဟုတ္မေနသၫ့္အတြက္ ေစာင့္ရတာပ်င္းရိလာေသာရႊဲရွန္သည္ ဘုန္းေတာ္ႀကီးအာရံုမထားေသာအခ်ိန္တြင္ ထြက္ေျပးရန္ႀကံရြယ္လိုက္သည္။
ထြက္ေျပးျခင္းအတြက္ အနည္းႏွင့္အမ်ားေတာ့ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရိွသည္။ သူသာသတိမျပဳမိေစခ်င္လ်ွင္ သာမန္သူဆိုျမင္ႏိုင္မည္မဟုတ္။ ထိုအႀကံေပးစကားေျပာေနဆဲမွာပင္ ခႏၶာကိုယ္အား က်ဳံ႔ႏိုင္သေလာက္ကိုက်ဳံ႔ေစၿပီး အိတ္ဝသို႔ၪီးတည္လိုက္သည္။
အခ်ိန္ကိုက္ပဲ ေရာက္ရွီလာေသာလက္ညိုးေၾကာင့္ ျပဴထြက္လာေသာေခါင္းလဲ တဖန္ပင္ အိတ္ထဲျပန္က်သြားေတာ့သည္။
နဂိုသေဘာကိုက ဆိုးသြမ္းေသာမိစၧာသည္ မထင္မွတ္ထားေသာလုပ္ရပ္ေၾကာင့္ ေဒါသပုန္ထလ်က္ အိတ္အတြင္း လူးလိမ့္ေနေတာ့သည္။ ထို႔ေနာက္အိတ္အတြင္းမွ အပ္တစ္ေခ်ာင္းဆဲြထုတ္ကာ ရိွသမ်ွအားအင္မ်ားစုစည္းၿပီး ဘုန္းေတာ္ႀကီး၏ခါးၫွပ္ရိုးရိွရာသို႔ စိုက္ထၫ့္လိုက္သည္။
ရႊမ္းမင္ ; "…"
ထိုအခ်ိန္မွာပဲ ေၾကာ္ျငာစာႏွင့္ ယွဥ္တိုက္ေနေသာ အႀကံေပးသည္ ေခါင္းခါယမ္းရင္း
"တစ္ခုခုေတာ့မွားေနၿပီ"
"ဘာမ်ားမွားလို႔လဲ?"
ရဲမက္မ်ားလည္း အလိုရိွေၾကာင္းေၾကာ္ျငာစာကို အႀကံေပးနည္းတူ ကဲၾကၫ့္လိုက္ၾကသည္။
"အသက္ကကြာေနတယ္..တျခားဆီပဲ..ၿပီးေတာ့တူတာလည္းမဟုတ္ဘူး..အေဝးကၾကၫ့္ရင္ေတာ့ဆင္တူပံုေပၚေပမဲ့မီးအိမ္နဲ႔အနီးကပ္ၾကၫ့္လိုက္ေတာ့အရမ္းငယ္လြန္းေနတယ္..ၿပီးေတာ့ငါတို႔ရွာေနတဲ့ဘုန္းေတာ္ႀကီးကဘုန္းတန္ခိုးႀကီးတယ္လို႔ထင္ရွားေက်ာ္ၾကားတဲ့သူ..ဒီကိုယ္ေတာ္က်.."
ေျပာရင္းႏွင့္ပင္ ရႊမ္းမင္၏ခါးထက္ရိွ ေၾကးနီဒဂၤါးျပားမ်ားကို ၾကၫ့္လာသည္။ ပါးစပ္ကထုတ္မေျပာပင္မဲ့လည္း မ်က္ႏွာအမူအရာကေတာ့ သိသာလြန္းလွသည္။ အေရာင္ပင္မရိွေသာ ေၾကးနီဒဂၤါးျပားမ်ားႏွင့္ အႏွီဘုန္းေတာ္ႀကီးသည္ ဘာအစြမ္းမ်ားရိွမွာတဲ့လဲ? လာေနာက္ေနတယ္!
တစ္ခ်က္ၾကၫ့္လိုက္တာနဲ႔တင္ ဆရာေယာင္သမားေယာင္ျဖစ္ေနသူအား ဘယ္သူမွမေလးစားၾက။
ေၾကးနီဒဂၤါးျပားမ်ားအား ၾကၫ့္ၿပီးေနာက္ အႀကံေပးသည္ အထင္ေသးေသာအမူအရာႏွင့္ ရႊမ္းမင္အား
"ဘာမွမဟုတ္ေတာ့ဘူး..သြားလို႔ရၿပီ"
သစ္ပင္မွႂကြေက်လာေသာ သစ္ရြက္ကဲ့သို႔ပင္ ဖယ္လိုက္လ်ွင္ခႏၶာကိုယ္ႏွင့္ ဆက္ႏြယ္ျခင္းမရိွဟု သေဘာထားရင္း ရႊမ္းမင္ဆက္သြားရန္ ျပင္လိုက္သည္။ သို႔ေပမဲ့လည္း ႏွစ္လွမ္းမ်ွလွမ္းၿပီးေနာက္ အႀကံေပးရိွရာသို႔လွၫ့္ကာ
"ၾကာၾကာမေနရေတာ့ဘူး"
အိတ္အတြင္းမွရႊဲရွန္ကေတာ့ အႀကံဥာဏ္အသစ္မ်ားထုတ္ကာ ခႏၶာကိုယ္ထက္ပိုင္းျပတ္မတတ္ တြန႔္လိမ္သြားေနရာမွ ဘုန္းေတာ္ႀကီးဆိုလိုက္သၫ့္ စကားေၾကာင့္ ရပ္တန႔္သြားသည္။
ငါေတာင္မသတ္ရေသးဘူး..သူကကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံေနၿပီ!
ဝမ္းသာအားရ ေပ်ာ္ရႊင္ျမဴးတူးေနရာမွ ေခ်ာ္က်သြားတာေၾကာင့္ ဘုန္းေတာ္ႀကီး၏ခါးရိုးႏွင့္ ရိုက္ခတ္မိသြားသည္။ ထိုအခ်ိန္မွာပဲ တစ္စံုတစ္ေယာက္မွ ရိုက္ခတ္လိုက္သကဲ့သို႔ ဝမ္ဆိုေသာ က်ယ္ေလာင္စြာျမည္ဟီးသံအား တန္ျပန္ခံစားလိုက္ရသည္။
•••••