Zawgyi ver
" Daddy ကြၽန္ေတာ့္ကို ေခၚတယ္ဆို?"
အခုတေလာ ေႂကြ Daddy နဲ႔ မဆံုျဖစ္...
အခုလို Daddy က တကူးတက ေခၚေတြ႕တာ
ေၾကာင့္ ေႂကြ ဧည့္ခန္းထဲ ဝင္လာလိုက္သည္။
Daddy ပံုစံက ေနမေကာင္းျဖစ္ေနတဲ့
လူမမာဟန္ တစ္စက္ေလးမွ မေပါက္။
ႏုပ်ိဳဆဲ.....
ၾကည့္ေကာင္းဆဲ......
Daddy က ေႂကြ႕ေရွ႕ကို စာအိတ္ရွည္ တစ္အိတ္
တင္ေပးလာတာမို႔
ေႂကြ Daddy ကို ျပန္ၾကည့္ေတာ့
Daddy က ဖြင့္ၾကည့္ဖို႔ အမူအယာ ျပေလသည္။
ေႂကြ ယူၾကည့္လိုက္မိေတာ့..
ပိုင္ဆိုင္မႈ စာခ်ဳပ္ေတြ
ေႂကြ အနည္းငယ္ အံ့အားသင့္သြားရတာကိုေတာ့
ဝန္ခံပါရဲ႕...
ဒါ ဘာသေဘာလဲ?
ေႂကြ႕အေတြးကို သိသည့္အလား Daddy က စကားစေလသည္။
" မဂၤလာလက္ဖြဲ႕ "
" မယူခ်င္ဘူး Daddy "
" မယူရင္ လက္မထပ္ရဘူး ေႂကြ "
" Daddy!"
ေႂကြ တစ္ခ်က္ ထေအာ္လိုက္မိၿပီးမွ စိတ္ကို
ျပန္ထိန္းၿပီး ျပန္ထိုင္လိုက္ရသည္။
" Daddy ေႂကြ႕ကို တားလို႔မရဘူး "
" ငါလည္း အဲ့ကိစၥနဲ႔ ပတ္သတ္ၿပီး တားဖို႔
အစီစဥ္မရွိဘူး ေႂကြ
မင္းနဲ႔ သူရဲ႕ သတင္းက အကုန္သိေနၾကၿပီ
မယူျဖစ္ခဲ့ရင္ ဘယ္ေလာက္ အရွက္ရ ရမလဲ "
" အဲ့တာနဲ႔ပဲ ကြၽန္ေတာ့္ကို သေဘာတူ
လိုက္တာေပါ့ေလ ?"
" စကားနိုင္လုတာေတြ ေတာ္ေတာ့ ေႂကြ
အခု လိုရင္းပဲ ေျပာမယ္ မင္းနဲ႔ သြန္းမာန္သစ္
ယူဖို႔ ငါခြင့္ျပဳတယ္.... "
ေႂကြ ဘာမွ ခြန္းတံု႔မျပန္မိခဲ့ .....
" Daddy ေမြးျမဴလာခဲ့တဲ့ ေႂကြ႕ကို
အမ်ားအျမင္မွာ ပစ္စလတ္ခတ္ ျဖစ္သြားဖို႔ Daddy ခြင့္မျပဳနိုင္ဘူး... အဲ့ေတာ့
အခမ္းနားဆံုး မဂၤလာေဆာင္ပါ ေႂကြ
Daddy သိကၡာမက်ခ်င္ဘူး "
.
.
.
" ငါမင္းအခန္းထဲက အိပ္ေဆးပုလင္းကို
လႊင့္ပစ္ခိုင္းလိုက္ၿပီ "
What?
သတ္ေသမလို႔မဟုတ္ဘူး
တကယ္လိုအပ္လို႔ပါ ဆိုတာ ဘာလို႔ မသိၾကတာလဲ????
အိပ္ေဆးျမင္တာနဲ႔ သတ္ေသဖို႔ ပဲ ေတြးတတ္တဲ့
ေၾကာင္လြန္းတဲ့ ေခတ္ေဟာင္း drama ထဲက
လုပ္ကြက္ေတြကို ေႂကြႀကိဳးက စဥ္းေတာင္
မစဥ္းစားဘူး
" Daddy ကို ဆန္႔က်င္ဖို႔ မႀကိဳးစားနဲ႔ ေႂကြ
ေႂကြ႕အတြက္ Daddy ေပးဆပ္ခဲ့တာ အမ်ားႀကီး
အဲ့တာကိုပဲ သိထားေပး "
ေျပာၿပီး ထြက္သြားတဲ့ Daddy ရဲ႕
အခန္းတံခါး ပိတ္သံ အဆံုးမွာ ေႂကြ သေဘာက်စြာ ခပ္ဟဟရယ္လိုက္မိသည္။
အသိုင္းဝိုင္းၾကား မ်က္နွာမပ်က္ရဖို႔ ခြင့္ျပဳေပးတဲ့အျပင္ မဂၤလာလက္ဖြဲ႕ပါေပးတဲ့ Daddy ...
ကိုးမာန္ နဲ႔ လက္မထပ္ရလို႔ အရာအားလံုးကို
ပတ္ရမ္းေနတယ္လို႔ ထင္ေနတဲ့ Mommy
ေႂကြ႕ရင္ထဲက အစိုင္အခဲေတြက ကိုးမာန္ နဲ႔မွ
ေပၚလာတာလို႔ ထင္ေနၾကတာပဲကိုး...
တစ္ေလွ်ာက္လံုး ေႂကြ ခံစားခဲ့ရသမွ်က
အားလံုးအတြက္ ဘာမွကို မဟုတ္သလို.....
အဟား......
မထူးဇာတ္ခင္းတာလည္း အတိုင္းအတာ
ရွိတယ္ေလ
.
.
.
အေတာမသပ္နိုင္စြာ ေႂကြ အက်ယ္ႀကီး
ေအာ္ရယ္ေနမိသည္။
တကယ္ ရယ္ရတယ္
ဒီေလာက္ ရယ္ရတဲ့ ဘဝ ႀကီးကို တကယ္ပဲ
သေဘာက်လို႔ ေသေတာ့မွာပဲ....
ငါ့နွယ္....
~~~~~~~~~~~~~~~~~~
" ရက္နီးလာေလ အလုပ္ေတြ ရႈပ္ေလပဲ ႀကိဳးေလးရယ္ "
ေႂကြ ၿပံဳးၿပံဳးေလး နားေထာင္ရင္း လက္ကလည္း
Coffee အေမႊမပ်က္ခဲ့....
" ဒီရက္ထဲ ေဖေဖ နဲ႔ ေမေမကို ကိုယ္
ထပ္ဆက္သြယ္ပါဦးမယ္ ..... ဒီရက္က်မွပဲ
အဆက္သြယ္ ျပတ္ရတယ္လို႔ "
ရယ္သံက်ဲက်ဲ နဲ႔ ကိုးမာန္ ေျပာေနပံုက
ဟန္ေဆာင္ လိမ္ညာေနမွန္း အသိသာႀကီး....
ကိုးမာန္ မိဘေတြက ေႂကြ႕ကို ဘယ္လိုလား
ပါ့မလဲ....
ေႂကြႀကိဳးတို႔က ဒီေလာက္ေတာ့ အကင္းပါးပါးေသးတယ္....
" ႀကိဳးေလး စိတ္မေကာင္းမျဖစ္ပါနဲ႔ေနာ္ "
" မျဖစ္ပါဘူး.... ဘယ္လိုမွကို မေနတာ"
ကိုးမာန္က စိတ္ေအးသြားဟန္နဲ႔ သူ႔စကားကို
ဆက္ေလသည္။
" မဂၤလာေဆာင္ ၿပီးတာနဲ႔ ႀကိဳးေလး ကိုယ့္အိမ္ လာေနမွာမလား "
" ဟင့္အင္း..."
ကိုးမာန္ အနည္းငယ္ ေၾကာင္အမ္းအမ္း
ျဖစ္သြားေပမယ့္ ခ်က္ခ်င္း ဆိုသလို...
" ဒါဆို အိမ္တစ္လံုး သီးသန္႔ဝယ္ၿပီးေနၾကမလား
ကိုယ္ အဲ့ဒါကို စီစဥ္ဖို႔ တကယ္ေမ့ေနတာ "
" ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ လိုက္မေနဘူး ကိုးမာန္
မဟုတ္ဘူး.... ခင္ဗ်ားနဲ႔ အတူေနဖို႔ စိတ္ကူး
မရွိဘူး "
" ဘာေျပာခ်င္တာလဲ ႀကိဳးေလး ?"
ေႂကြ ေမႊလက္စ ဇြန္းကို ေဘး အသာခ်ကာ
black coffee တစ္ငံု အရသာခံ ေသာက္လိုက္
ၿပီးမွ ....
" ကိုးမာန္.... ကြၽန္ေတာ္နဲ႔ စေတြ႕တဲ့ ေန႔ကို
မွတ္မိလား ?"
အရင္းမရွိ အဖ်ားမရွိ ေျပာလာတဲ့ ႀကိဳးေလးစကားကို သြန္းမာန္ မွတ္ဉာဏ္ ျပန္ေခၚၿပီး
စဥ္းစားလိုက္သည္။
" အင္း... အဲ့သည္ေန႔က သမိုင္းေဆာင္မွာ
တျခား ေက်ာင္းသားေတြကို စြာေတးလန္ ေနတဲ့ ပံုေလးကို အခုထိ အမွတ္ရေနတုန္းပဲ...."
ေႂကြ ေခါင္းေလးငံု႔ၿပီး ႀကိတ္ရယ္လိုက္မိသည္။
တကယ္က မိုးေရထဲမွာ စ ေတြ႕တာေလ ကိုးမာန္
ရယ္.....
ထပ္တူမက်လိုက္တာ.....
" ႀကိဳးေလးက အရင္က စကားအရမ္းတတ္ၿပီး
အရမ္းသြက္တာ...."
" အခုကေရာ?"
" အေနေအးၿပီး စကားနည္းလာတယ္ ....
အရင္လို ေပ်ာ္႐ႊင္တဲ့ ႀကိဳးေလး ျဖစ္ေစခ်င္တယ္ "
အဟက္.....
ေႂကြက အရင္ကေရာ ေပ်ာ္ခဲ့လို႔လား.....
" ႀကိဳးေလး နဲ႔ အတူ သြားခဲ့တဲ့ ပုဂံဘုရားေတြကို
လည္း သတိရတယ္.... "
ကြၽန္ေတာ္ကေတာ့ ပုဂံမွာ ခင္ဗ်ားကို ခ်စ္ေနမွန္း
သိခဲ့ရတာ ကိုးမာန္....
" Jay Chou သီခ်င္းေတြေရာ အခုထိ
နားေထာင္တုန္းပဲလား ?"
သီခ်င္းနားေထာင္တတ္ေအာင္ ခင္ဗ်ားပဲ
အက်င့္လုပ္ခဲ့တာေလ
" ပိုက္ဆံမပါဘူးဆိုၿပီး ပိုက္ဆံအိတ္လႊတ္ပစ္တုန္း
က ႀကိဳးေလးကိုေလ တကယ္မလြယ္ေၾကာေလး
ဆိုၿပီး .... "
" ေနာက္တစ္ခါ ထပ္မေတြ႕ဖို႔ ဆုေတာင္းခဲ့တာ
မလား..... ခင္ဗ်ားအေၾကာင္း သိသားပဲ "
" အဲ့တာကေတာ့ ႀကိဳးေလးက ဆိုးတာကိုး "
အၿပံဳးမ်က္နွာနဲ႔ ကိုးမာန္က တကယ္
ၾကည့္ေကာင္းလိုက္တာ....
" အာ ဒါနဲ႔ ဒီတစ္ေခါက္ Christmas က်ရင္
ႀကိဳးေလးကို snow ball ေလး တစ္ခု
လက္ေဆာင္ ထပ္ေပးရမယ္..."
" Snow ball မႀကိဳက္ပါဘူး "
" မႀကိဳက္လို႔ပဲ ဟိုတေလာက snow ball ေလးကြဲသြားလို႔ ငိုတာ ဘယ္သူလဲ ေျပာ "
ေႂကြ ဘာမွ ဆက္မေျပာပဲ ဆိုင္အျပင္ဘက္
ျပတင္းတံခါးေလးကို ေငးေနလိုက္သည္။
သြန္းမာန္ လည္း စကားေတြ အမ်ားႀကီး
ေျပာလိုက္ရတာေၾကာင့္ Latte ကိုသာ
ငံု႔ေသာက္ေနလိုက္မိသည္။
ဒီေန႔ တကယ္ကို ေနလို႔ေကာင္းတယ္....
" ကြၽန္ေတာ့္ကို ေျပာျပစရာ တစ္ခုခု မရွိဘူးလား
ကိုးမာန္...."
ဟင္?
ရုတ္တရက္ ထေမးေသာ ႀကိဳးေလး အေမးေၾကာင့္
သြန္းမာန္ ေမာ့ၾကည့္ေတာ့ ႀကိဳးေလးက သူ႔ကို
ၾကည့္မေနပဲ ျပတင္း အျပင္ကိုသာ ေငးေနဆဲ...
" ကြၽန္ေတာ့္ကို မသိေစခ်င္တဲ့ တစ္ခုခုမ်ား
ရွိေနမလားလို႔ "
" အဟမ္း,, မရွိပါဘူး ဘာလို႔ေမးတာလဲ?"
ေဖ်ာ့ေတာ့ေတာ့ အၿပံဳးေလးနဲ႔
ႀကိဳးေလးျပန္ေျဖတဲ့ အေျဖ ခပ္တိုးတိုးက...
" ဒီလိုပါပဲ...."
.
.
.
ေအးစက္စက္ Black coffee တစ္ခြက္ရယ္
အခ်ိဳလြန္တဲ့ Latte တစ္ခြက္ရယ္
မိုးရာသီရဲ႕ ေလညႇင္းသဲ့သဲ့ရယ္
မလိမ္တက္ပဲ လိမ္ေနတဲ့သူတစ္ေယာက္ရယ္
ၿပီးေတာ့....
ထိုေနရာမွာ....
အမွန္ကိုသိေနလ်က္နဲ႔ လက္ခံဖို႔ ခဲယဥ္းစြာ
ႀကိဳးစားေနရတဲ့ ကြၽန္ေတာ္ရယ္....
~~~~~~~~~~~~~~~~~
" မနက္ျဖန္ သဘက္ခါ မဂၤလာေဆာင္မယ့္
ေကာင္က ဒါဘာလုပ္ဖို႔လဲ ေႂကြႀကိဳး "
ေသခ်ာေတာ့ မသိေပမယ့္ Roy သိသေလာက္
ဒီၿပိဳင္ကားအနီေလးက ေႂကြႀကိဳးရဲ႕ fav မလား
ရုတ္တရက္ ရ ရာေစ်းနဲ႔ ေရာင္းၿပီး
ပိုက္ဆံထိုင္ေရေနတဲ့ ေႂကြႀကိဳး ကေတာ့
စိတ္မေကာင္းျဖစ္ဟန္ နည္းနည္းမွ မေပၚ
" တစ္ခုခု ရွိေနတာမလား ေႂကြ?"
" ငါ အလုပ္ခန္႔ထားတဲ့ေနရာမွာသာ
ေျခၿငိမ္ၿငိမ္နဲ႔ သစၥာရွိရွိလုပ္စမ္းပါ..
က်န္တာ ငါ့ကိစၥ "
" ၿပီးတာပဲေလ ... မသိေစခ်င္လည္း မေမးေတာ့ဘူး.... ဒါနဲ႔ မင္း မဂၤလာေဆာင္ ငါ့ကို မဖိတ္ေတာ့
ဘူးလား ?"
ေႂကြ ပိုက္ဆံ ေတြ သိမ္းကာ ပိုက္ဆံ တစ္အုပ္ကို
စားပြဲေပၚတင္ၿပီး...
" ဖိတ္စာမရတာ မဖိတ္လို႔ေပါ့ကြာ
ဒီမွာ မင္းအတြက္ Bonus
သူေဌး ျပန္ေတာ့မွာမို႔ လိုက္မပို႔နဲ႔ေတာ့
တပည့္ေလး ... "
ျပန္ခါနီး မ်က္နွာေျပာင္သြားတဲ့ ေႂကြက တစ္ခုခု
ေတာ့ တစ္ခုခုပဲ....
ထားပါေလ.....
ငါ့အလုပ္က သူခန္႔ထားတဲ့ေနရာမွာ ေနဖို႔ပဲေလ
အလုပ္ေနရာကလည္း ဘာလို႔ Pinky Cafe လဲ
???????
~~~~~~~~~~~~~~~~~
ကေနဒါနိုင္ငံ....
" ဒီမွာ စာလာတယ္ကြ "
သြန္းမာန္ေမေမ အနည္းငယ္
ထူးဆန္းသလိုျဖစ္သြားရသည္။
ပံုမွန္ အားလံုးက email , social network ေတြ ကေနပဲ ဆက္သြယ္ၾကတာမလား...
အခုလို စာတကူးတက ေပးတဲ့သူက
မရွိသေလာက္ရွားသည္ေလ...
လိပ္စာကိုၾကည့္မိေတာ့ ပိုအံ့ၾသရျပန္သည္။
From Myanmar တဲ့ေလ
သိခ်င္စိတ္က ေလာေနတာေၾကာင့္
စာအိတ္ကို အျမန္ ဆြဲေဖာက္ၾကည့္လိုက္ေတာ့
အထဲမွာ စာေလး တစ္ေစာင္.....
.
.
.
.
စာ ဖတ္ၿပီးခ်ိန္မွာေတာ့ အံ့ၾသျခင္း
နားမလည္နိုင္ျခင္းေတြ ျပည့္နွက္လ်က္ ....
သြန္းမာန္ ဆီ Ph ေခၚဖို႔သာ ျပင္လိုက္မိသည္။
ဟုတ္တယ္ .....
ဒီစာကို သား သိမွ ရမွာေပါ့.....
စာပို႔သူနာမည္မပါေပမယ့္ ဘယ္သူပို႔လဲ
အသိသာခ်ည္း
စာထဲမွာပါတာကလည္း တိုတိုေလး....
.
.
.
.
.
📜 ကြၽန္ေတာ္က လူလိမ္ေတြနဲ႔ လက္မထပ္ဘူး
အဲ့တာေၾကာင့္ စိတ္မပူပဲ ေအးေအးခ်မ္းခ်မ္းေနပါ
ေနာက္ၿပီး.
.
.
.
သြန္းမာန္သစ္ကို ဒီေလာက္ပဲ စိတ္ဆိုးပါ 📜
~~~~~~~~~~~~~~~~~~~~~
tbc.
25.11.2020
9:00 P.M
N.S.P
Notice****
အရင္ဆံုး အပိုင္းတိုသြားပါတယ္
ဒီအပိုင္းကို pre-ending part 1 အျဖစ္
သေဘာထားေပးပါေနာ္
တကယ္က အရွည္ႀကီးေရးထားတာပါ
ရုတ္တရက္ ေခါင္းထဲေပၚလာတဲ့ အခန္းေလးတစ္ခု
ကို ေႂကြ႕အတြက္ ဖန္တီးေပးခ်င္လို႔
ေနာက္တစ္ပိုင္းေလာက္ ထပ္ေရးခ်င္ပါတယ္
နားလည္ေပးၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္
ဒီအပိုင္းေလးဖတ္ၿပီး feedback တစ္ခုခုေတာ့
ေပးခဲ့ေပးပါ
ဆြဲဆန္႔ထားတာ လို႔မျမင္ပဲ
အဆံုးသတ္ခါနီး Tempo တစ္ခုလို႔သာ ျမင္ေပးပါ
Thanks All
Zawgyi ver
" Daddy ကျွန်တော့်ကို ခေါ်တယ်ဆို?"
အခုတလော ကြွေ Daddy နဲ့ မဆုံဖြစ်...
အခုလို Daddy က တကူးတက ခေါ်တွေ့တာ
ကြောင့် ကြွေ ဧည့်ခန်းထဲ ဝင်လာလိုက်သည်။
Daddy ပုံစံက နေမကောင်းဖြစ်နေတဲ့
လူမမာဟန် တစ်စက်လေးမှ မပေါက်။
နုပျိုဆဲ.....
ကြည့်ကောင်းဆဲ......
Daddy က ကြွေ့ရှေ့ကို စာအိတ်ရှည် တစ်အိတ်
တင်ပေးလာတာမို့
ကြွေ Daddy ကို ပြန်ကြည့်တော့
Daddy က ဖွင့်ကြည့်ဖို့ အမူအယာ ပြလေသည်။
ကြွေ ယူကြည့်လိုက်မိတော့..
ပိုင်ဆိုင်မှု စာချုပ်တွေ
ကြွေ အနည်းငယ် အံ့အားသင့်သွားရတာကိုတော့
ဝန်ခံပါရဲ့...
ဒါ ဘာသဘောလဲ?
ကြွေ့အတွေးကို သိသည့်အလား Daddy က စကားစလေသည်။
" မင်္ဂလာလက်ဖွဲ့ "
" မယူချင်ဘူး Daddy "
" မယူရင် လက်မထပ်ရဘူး ကြွေ "
" Daddy!"
ကြွေ တစ်ချက် ထအော်လိုက်မိပြီးမှ စိတ်ကို
ပြန်ထိန်းပြီး ပြန်ထိုင်လိုက်ရသည်။
" Daddy ကြွေ့ကို တားလို့မရဘူး "
" ငါလည်း အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တားဖို့
အစီစဉ်မရှိဘူး ကြွေ
မင်းနဲ့ သူရဲ့ သတင်းက အကုန်သိနေကြပြီ
မယူဖြစ်ခဲ့ရင် ဘယ်လောက် အရှက်ရ ရမလဲ "
" အဲ့တာနဲ့ပဲ ကျွန်တော့်ကို သဘောတူ
လိုက်တာပေါ့လေ ?"
" စကားနိုင်လုတာတွေ တော်တော့ ကြွေ
အခု လိုရင်းပဲ ပြောမယ် မင်းနဲ့ သွန်းမာန်သစ်
ယူဖို့ ငါခွင့်ပြုတယ်.... "
ကြွေ ဘာမှ ခွန်းတုံ့မပြန်မိခဲ့ .....
" Daddy မွေးမြူလာခဲ့တဲ့ ကြွေ့ကို
အများအမြင်မှာ ပစ်စလတ်ခတ် ဖြစ်သွားဖို့ Daddy ခွင့်မပြုနိုင်ဘူး... အဲ့တော့
အခမ်းနားဆုံး မင်္ဂလာဆောင်ပါ ကြွေ
Daddy သိက္ခာမကျချင်ဘူး "
.
.
.
" ငါမင်းအခန်းထဲက အိပ်ဆေးပုလင်းကို
လွှင့်ပစ်ခိုင်းလိုက်ပြီ "
What?
သတ်သေမလို့မဟုတ်ဘူး
တကယ်လိုအပ်လို့ပါ ဆိုတာ ဘာလို့ မသိကြတာလဲ????
အိပ်ဆေးမြင်တာနဲ့ သတ်သေဖို့ ပဲ တွေးတတ်တဲ့
ကြောင်လွန်းတဲ့ ခေတ်ဟောင်း drama ထဲက
လုပ်ကွက်တွေကို ကြွေကြိုးက စဉ်းတောင်
မစဉ်းစားဘူး
" Daddy ကို ဆန့်ကျင်ဖို့ မကြိုးစားနဲ့ ကြွေ
ကြွေ့အတွက် Daddy ပေးဆပ်ခဲ့တာ အများကြီး
အဲ့တာကိုပဲ သိထားပေး "
ပြောပြီး ထွက်သွားတဲ့ Daddy ရဲ့
အခန်းတံခါး ပိတ်သံ အဆုံးမှာ ကြွေ သဘောကျစွာ ခပ်ဟဟရယ်လိုက်မိသည်။
အသိုင်းဝိုင်းကြား မျက်နှာမပျက်ရဖို့ ခွင့်ပြုပေးတဲ့အပြင် မင်္ဂလာလက်ဖွဲ့ပါပေးတဲ့ Daddy ...
ကိုးမာန် နဲ့ လက်မထပ်ရလို့ အရာအားလုံးကို
ပတ်ရမ်းနေတယ်လို့ ထင်နေတဲ့ Mommy
ကြွေ့ရင်ထဲက အစိုင်အခဲတွေက ကိုးမာန် နဲ့မှ
ပေါ်လာတာလို့ ထင်နေကြတာပဲကိုး...
တစ်လျှောက်လုံး ကြွေ ခံစားခဲ့ရသမျှက
အားလုံးအတွက် ဘာမှကို မဟုတ်သလို.....
အဟား......
မထူးဇာတ်ခင်းတာလည်း အတိုင်းအတာ
ရှိတယ်လေ
.
.
.
အတောမသပ်နိုင်စွာ ကြွေ အကျယ်ကြီး
အော်ရယ်နေမိသည်။
တကယ် ရယ်ရတယ်
ဒီလောက် ရယ်ရတဲ့ ဘဝ ကြီးကို တကယ်ပဲ
သဘောကျလို့ သေတော့မှာပဲ....
ငါ့နှယ်....
~~~~~~~~~~~~~~~~~~
" ရက်နီးလာလေ အလုပ်တွေ ရှုပ်လေပဲ ကြိုးလေးရယ် "
ကြွေ ပြုံးပြုံးလေး နားထောင်ရင်း လက်ကလည်း
Coffee အမွှေမပျက်ခဲ့....
" ဒီရက်ထဲ ဖေဖေ နဲ့ မေမေကို ကိုယ်
ထပ်ဆက်သွယ်ပါဦးမယ် ..... ဒီရက်ကျမှပဲ
အဆက်သွယ် ပြတ်ရတယ်လို့ "
ရယ်သံကျဲကျဲ နဲ့ ကိုးမာန် ပြောနေပုံက
ဟန်ဆောင် လိမ်ညာနေမှန်း အသိသာကြီး....
ကိုးမာန် မိဘတွေက ကြွေ့ကို ဘယ်လိုလား
ပါ့မလဲ....
ကြွေကြိုးတို့က ဒီလောက်တော့ အကင်းပါးပါးသေးတယ်....
" ကြိုးလေး စိတ်မကောင်းမဖြစ်ပါနဲ့နော် "
" မဖြစ်ပါဘူး.... ဘယ်လိုမှကို မနေတာ"
ကိုးမာန်က စိတ်အေးသွားဟန်နဲ့ သူ့စကားကို
ဆက်လေသည်။
" မင်္ဂလာဆောင် ပြီးတာနဲ့ ကြိုးလေး ကိုယ့်အိမ် လာနေမှာမလား "
" ဟင့်အင်း..."
ကိုးမာန် အနည်းငယ် ကြောင်အမ်းအမ်း
ဖြစ်သွားပေမယ့် ချက်ချင်း ဆိုသလို...
" ဒါဆို အိမ်တစ်လုံး သီးသန့်ဝယ်ပြီးနေကြမလား
ကိုယ် အဲ့ဒါကို စီစဉ်ဖို့ တကယ်မေ့နေတာ "
" ကျွန်တော် ခင်ဗျားနဲ့ လိုက်မနေဘူး ကိုးမာန်
မဟုတ်ဘူး.... ခင်ဗျားနဲ့ အတူနေဖို့ စိတ်ကူး
မရှိဘူး "
" ဘာပြောချင်တာလဲ ကြိုးလေး ?"
ကြွေ မွှေလက်စ ဇွန်းကို ဘေး အသာချကာ
black coffee တစ်ငုံ အရသာခံ သောက်လိုက်
ပြီးမှ ....
" ကိုးမာန်.... ကျွန်တော်နဲ့ စတွေ့တဲ့ နေ့ကို
မှတ်မိလား ?"
အရင်းမရှိ အဖျားမရှိ ပြောလာတဲ့ ကြိုးလေးစကားကို သွန်းမာန် မှတ်ဉာဏ် ပြန်ခေါ်ပြီး
စဉ်းစားလိုက်သည်။
" အင်း... အဲ့သည်နေ့က သမိုင်းဆောင်မှာ
တခြား ကျောင်းသားတွေကို စွာတေးလန် နေတဲ့ ပုံလေးကို အခုထိ အမှတ်ရနေတုန်းပဲ...."
ကြွေ ခေါင်းလေးငုံ့ပြီး ကြိတ်ရယ်လိုက်မိသည်။
တကယ်က မိုးရေထဲမှာ စ တွေ့တာလေ ကိုးမာန်
ရယ်.....
ထပ်တူမကျလိုက်တာ.....
" ကြိုးလေးက အရင်က စကားအရမ်းတတ်ပြီး
အရမ်းသွက်တာ...."
" အခုကရော?"
" အနေအေးပြီး စကားနည်းလာတယ် ....
အရင်လို ပျော်ရွှင်တဲ့ ကြိုးလေး ဖြစ်စေချင်တယ် "
အဟက်.....
ကြွေက အရင်ကရော ပျော်ခဲ့လို့လား.....
" ကြိုးလေး နဲ့ အတူ သွားခဲ့တဲ့ ပုဂံဘုရားတွေကို
လည်း သတိရတယ်.... "
ကျွန်တော်ကတော့ ပုဂံမှာ ခင်ဗျားကို ချစ်နေမှန်း
သိခဲ့ရတာ ကိုးမာန်....
" Jay Chou သီချင်းတွေရော အခုထိ
နားထောင်တုန်းပဲလား ?"
သီချင်းနားထောင်တတ်အောင် ခင်ဗျားပဲ
အကျင့်လုပ်ခဲ့တာလေ
" ပိုက်ဆံမပါဘူးဆိုပြီး ပိုက်ဆံအိတ်လွှတ်ပစ်တုန်း
က ကြိုးလေးကိုလေ တကယ်မလွယ်ကြောလေး
ဆိုပြီး .... "
" နောက်တစ်ခါ ထပ်မတွေ့ဖို့ ဆုတောင်းခဲ့တာ
မလား..... ခင်ဗျားအကြောင်း သိသားပဲ "
" အဲ့တာကတော့ ကြိုးလေးက ဆိုးတာကိုး "
အပြုံးမျက်နှာနဲ့ ကိုးမာန်က တကယ်
ကြည့်ကောင်းလိုက်တာ....
" အာ ဒါနဲ့ ဒီတစ်ခေါက် Christmas ကျရင်
ကြိုးလေးကို snow ball လေး တစ်ခု
လက်ဆောင် ထပ်ပေးရမယ်..."
" Snow ball မကြိုက်ပါဘူး "
" မကြိုက်လို့ပဲ ဟိုတလောက snow ball လေးကွဲသွားလို့ ငိုတာ ဘယ်သူလဲ ပြော "
ကြွေ ဘာမှ ဆက်မပြောပဲ ဆိုင်အပြင်ဘက်
ပြတင်းတံခါးလေးကို ငေးနေလိုက်သည်။
သွန်းမာန် လည်း စကားတွေ အများကြီး
ပြောလိုက်ရတာကြောင့် Latte ကိုသာ
ငုံ့သောက်နေလိုက်မိသည်။
ဒီနေ့ တကယ်ကို နေလို့ကောင်းတယ်....
" ကျွန်တော့်ကို ပြောပြစရာ တစ်ခုခု မရှိဘူးလား
ကိုးမာန်...."
ဟင်?
ရုတ်တရက် ထမေးသော ကြိုးလေး အမေးကြောင့်
သွန်းမာန် မော့ကြည့်တော့ ကြိုးလေးက သူ့ကို
ကြည့်မနေပဲ ပြတင်း အပြင်ကိုသာ ငေးနေဆဲ...
" ကျွန်တော့်ကို မသိစေချင်တဲ့ တစ်ခုခုများ
ရှိနေမလားလို့ "
" အဟမ်း,, မရှိပါဘူး ဘာလို့မေးတာလဲ?"
ဖျော့တော့တော့ အပြုံးလေးနဲ့
ကြိုးလေးပြန်ဖြေတဲ့ အဖြေ ခပ်တိုးတိုးက...
" ဒီလိုပါပဲ...."
.
.
.
အေးစက်စက် Black coffee တစ်ခွက်ရယ်
အချိုလွန်တဲ့ Latte တစ်ခွက်ရယ်
မိုးရာသီရဲ့ လေညှင်းသဲ့သဲ့ရယ်
မလိမ်တက်ပဲ လိမ်နေတဲ့သူတစ်ယောက်ရယ်
ပြီးတော့....
ထိုနေရာမှာ....
အမှန်ကိုသိနေလျက်နဲ့ လက်ခံဖို့ ခဲယဉ်းစွာ
ကြိုးစားနေရတဲ့ ကျွန်တော်ရယ်....
~~~~~~~~~~~~~~~~~
" မနက်ဖြန် သဘက်ခါ မင်္ဂလာဆောင်မယ့်
ကောင်က ဒါဘာလုပ်ဖို့လဲ ကြွေကြိုး "
သေချာတော့ မသိပေမယ့် Roy သိသလောက်
ဒီပြိုင်ကားအနီလေးက ကြွေကြိုးရဲ့ fav မလား
ရုတ်တရက် ရ ရာဈေးနဲ့ ရောင်းပြီး
ပိုက်ဆံထိုင်ရေနေတဲ့ ကြွေကြိုး ကတော့
စိတ်မကောင်းဖြစ်ဟန် နည်းနည်းမှ မပေါ်
" တစ်ခုခု ရှိနေတာမလား ကြွေ?"
" ငါ အလုပ်ခန့်ထားတဲ့နေရာမှာသာ
ခြေငြိမ်ငြိမ်နဲ့ သစ္စာရှိရှိလုပ်စမ်းပါ..
ကျန်တာ ငါ့ကိစ္စ "
" ပြီးတာပဲလေ ... မသိစေချင်လည်း မမေးတော့ဘူး.... ဒါနဲ့ မင်း မင်္ဂလာဆောင် ငါ့ကို မဖိတ်တော့
ဘူးလား ?"
ကြွေ ပိုက်ဆံ တွေ သိမ်းကာ ပိုက်ဆံ တစ်အုပ်ကို
စားပွဲပေါ်တင်ပြီး...
" ဖိတ်စာမရတာ မဖိတ်လို့ပေါ့ကွာ
ဒီမှာ မင်းအတွက် Bonus
သူဌေး ပြန်တော့မှာမို့ လိုက်မပို့နဲ့တော့
တပည့်လေး ... "
ပြန်ခါနီး မျက်နှာပြောင်သွားတဲ့ ကြွေက တစ်ခုခု
တော့ တစ်ခုခုပဲ....
ထားပါလေ.....
ငါ့အလုပ်က သူခန့်ထားတဲ့နေရာမှာ နေဖို့ပဲလေ
အလုပ်နေရာကလည်း ဘာလို့ Pinky Cafe လဲ
???????
~~~~~~~~~~~~~~~~~
ကနေဒါနိုင်ငံ....
" ဒီမှာ စာလာတယ်ကွ "
သွန်းမာန်မေမေ အနည်းငယ်
ထူးဆန်းသလိုဖြစ်သွားရသည်။
ပုံမှန် အားလုံးက email , social network တွေ ကနေပဲ ဆက်သွယ်ကြတာမလား...
အခုလို စာတကူးတက ပေးတဲ့သူက
မရှိသလောက်ရှားသည်လေ...
လိပ်စာကိုကြည့်မိတော့ ပိုအံ့သြရပြန်သည်။
From Myanmar တဲ့လေ
သိချင်စိတ်က လောနေတာကြောင့်
စာအိတ်ကို အမြန် ဆွဲဖောက်ကြည့်လိုက်တော့
အထဲမှာ စာလေး တစ်စောင်.....
.
.
.
.
စာ ဖတ်ပြီးချိန်မှာတော့ အံ့သြခြင်း
နားမလည်နိုင်ခြင်းတွေ ပြည့်နှက်လျက် ....
သွန်းမာန် ဆီ Ph ခေါ်ဖို့သာ ပြင်လိုက်မိသည်။
ဟုတ်တယ် .....
ဒီစာကို သား သိမှ ရမှာပေါ့.....
စာပို့သူနာမည်မပါပေမယ့် ဘယ်သူပို့လဲ
အသိသာချည်း
စာထဲမှာပါတာကလည်း တိုတိုလေး....
.
.
.
.
.
📜 ကျွန်တော်က လူလိမ်တွေနဲ့ လက်မထပ်ဘူး
အဲ့တာကြောင့် စိတ်မပူပဲ အေးအေးချမ်းချမ်းနေပါ
နောက်ပြီး.
.
.
.
သွန်းမာန်သစ်ကို ဒီလောက်ပဲ စိတ်ဆိုးပါ 📜
~~~~~~~~~~~~~~~~~~~~~
tbc.
25.11.2020
9:00 P.M
N.S.P
Notice****
အရင်ဆုံး အပိုင်းတိုသွားပါတယ်
ဒီအပိုင်းကို pre-ending part 1 အဖြစ်
သဘောထားပေးပါနော်
တကယ်က အရှည်ကြီးရေးထားတာပါ
ရုတ်တရက် ခေါင်းထဲပေါ်လာတဲ့ အခန်းလေးတစ်ခု
ကို ကြွေ့အတွက် ဖန်တီးပေးချင်လို့
နောက်တစ်ပိုင်းလောက် ထပ်ရေးချင်ပါတယ်
နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်
ဒီအပိုင်းဖတ်ပြီး feedback တစ်ခုခုတော့ ပေးခဲ့ပေးပါ
ဆွဲဆန့်ထားတာ လို့မမြင်ပဲ
အဆုံးသတ်ခါနီး Tempo တစ်ခုလို့သာ မြင်ပေးပါ
Thanks All