မောင်ထူးနဲ့ပေါင်းပြီး ကျွန်တေ...
By KattKatt962
879K 98.6K 16.2K
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြော... More
P_1(Zawgyi)
P_1(Uni)
P_2 (Zawgyi)
P_2 (Uni)
P_3 (Zawgyi)
P_3 (Uni)
P_4 (Zawgyi)
P_4 (Uni)
P_5 (Zawgyi)
P_5 (Uni)
P_6 (Zawgyi)
P_6 (Uni)
P_7 (Uni)
P_7 (Zawgyi)
P_8 (Zawgyi)
P_8 (Uni)
P_9 (Zawgyi)
P_9 (Uni)
P_10 (Zawgyi)
P_11 (Zawgyi)
P_11 (Uni)
P_12 (Zawgyi)
P_12 (Uni)
P_13 (Zawgyi)
P_13 (Uni)
P_14 (Zawgyi)
P_14 (Uni)
P_15 (Zawgyi)
P_15 (Uni)
P_16 (Zawgyi)
P_16 (Uni)
P_17 (Zawgyi)
P_17 (Uni)
P_18 (Zawgyi)
P_18 (Uni)
P_19 (Zawgyi)
P_19 (Uni)
P_20 (Zawgyi)
P_20 (Uni)
P_21 (Zawgyi)
P_21 (Uni)
P_22 (Zawgyi)
P_22 (Uni)
P_23 (Zawgyi)
P_23 (Uni)
P_24 (Zawgyi)🚨
P_24 (Uni)🚨
P_25 (Zawgyi)
P_25 (Uni)
P_26 (Zawgyi)
P_26 (Uni)
P_27 (Zawgyi)
P_27 (Uni)
P_28 (Zawgyi)
P_28 (Uni)
P_29 (Zawgyi)
P_29 (Uni)
P_30 (Zawgyi)
P_30 (Uni)
ဇာတ္သိမ္း
ဇာတ်သိမ်း
Extra P_1
Extra P_1 (Uni)
Extra_2 (zawgyi)
Extra_2 (Uni)
Extra_3 (uni)
Extra_3 (zawgyi)
Extra_4 (uni)
Extra_4 (zawgyi)
Extra_5 (uni)
Extra_5 (zawgyi)
Extra_6 (uni)
Extra_6 (zawgyi)
extra_7(uni)
extra_7(zawgyi)
P_10 (Uni)
15.3K 2.4K 498
By KattKatt962
ကျွန်တော်ရွာပြန်နေတာ။ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှာအခု။ ညဘက်ကြီးဆိုတော့ တိတ်ဆိတ်နေတယ်။ ဘေးမှာမောင်ထူးကအိပ်လို့။ ကျွန်တော်အိပ်မပျော်ဘူး။ လွန်ခဲ့တဲ့နေ့တွေတုန်းက အကြောင်းတွေကို ပြန်စဉ်းစားမိနေတယ်။ ကျွန်တော်က မောင်ထူးကို ရှလူးခဲ့တယ်။ ဘယ်လိုပဲ မဖြစ်နိုင်ဘူးဆိုဆို အဲ့တာကအမှန်တရားပဲ။ သက်သေတွေလည်းရှိတယ်ဆိုတော့။
နောက်နေ့ရောက်တော့ ကျွန်တော်တို့ နှစ်ယောက် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြတယ်။ (၃၇၇) ရှိနေတာကို ဒီလိုမျိုးလက်ထပ်လို့ရတယ်ပေါ့ ကျွန်တော်မေးတော့ နားလည်မှုနဲ့လုပ်ပေးတယ်တဲ့ မောင်ထူးကပြန်ဖြေတယ်။ ကျွန်တော်မောင်ထူးနဲ့ လက်ထပ်လိုက်တာကို ဘယ်သူမှမသိဘူး။ မောင်ထူးမိသားစုနဲ့ ကိုဇော်ဇော်ပဲသိတယ်။ အဲ့ဒါလည်းကောင်းပါတယ်။ နို့မို့ဆို ရှက်တာနဲ့ ကျွန်တော်သေမှာ။
နောက်တော့ ကျွန်တော် မောင်ထူးအိမ်ပြောင်းပြီး မောင်ထူးနဲ့အတူနေရတယ်။ ဘာမှတော့ထပ်မဖြစ်ပါဘူး။ ညဘက်အိပ်ရင်တော့ မောင်ထူးလက်မောင်းပေါ်ကို ခေါင်းအုံးပြီး အိပ်ပေးရတယ်။ မင်းလက်မောင်းတွေ နားနေမယ်လို့ပြောလည်းမရဘူး။ ညတိုင်း သူ့လက်မောင်းပေါ်မှာအိပ်ပေးတဲ့။ အိပ်ပေးဆိုတော့လည်း အိပ်ပေးလိုက်တာပေါ့။ မနက်ခင်း ကျွန်တော်နိုးလာတိုင်းတော့ မောင်ထူးကဖက်ထားတာပဲ။ စိတ်ကျဉ်းကျပ်ပေမယ့် မောင်ထူးအိပ်ရာက သက်သောင့်သက်သာရှိလို့ ခွင့်လွှတ်လိုက်ပါတယ်။ လက်ထပ်ထားတယ်မလား ဒီလောက်တော့ရှိမှာပေါ့လေ။
နားထဲမှာ အမေပြောခဲ့တဲ့စကားသံကို ပြန်ကြားယောင်မိတယ်။ ငါ့သားကြီးလာရင် ချမ်းသာမှာတဲ့။ ကိုယ်တိုင်မချမ်းသာရင်တောင် ချမ်းသာတဲ့လူနဲ့ရမှာတဲ့။ မှန်လိုက်တာ။ အခုကျွန်တော်ချမ်းသာနေပြီ။ ချမ်းသာတဲ့လူနဲ့လည်း ညားနေပြီ။ မိန်းမ မဟုတ်တာလေးတစ်ခုပဲ။ ကျွန်တော်ယောက်ျားရသွားတာကို အမေသိရင်ဘယ်လိုနေမလဲ။ သွေးတက်ပြီး မေ့လဲသွားမလား။ မိဘကိုအရှက်ခွဲတဲ့အကောင် အိမ်မလာခဲ့နဲ့ဆိုပြီး နှင်ထုတ်မလား။ ဘာလုပ်မလဲမသိဘူး။ သိလည်းမသိချင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် မောင်ထူးနဲ့ယူထားတယ်ဆိုတာကို ပြောဖို့လည်းအစီစဉ်မရှိဘူး။ မောင်ထူးကိုလည်း မပြောဖို့မှာထားတယ်။ ဒီတိုင်း ကျွန်တော့်သူငယ်ချင်းတွေ အလည်လိုက်လာမယ်လို့ပဲ ပြောထားတယ်။
မောင်ထူးက ကျွန်တော်နဲ့ရှိနေရင် သူ့ကိုယ်သူထိခိုက်အောင် ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော့်ကို စိတ်မချလို့ထင်ပါတယ် ကိုဇော်ဇော်ပါ ကျွန်တော်တို့နဲ့လိုက်လာတယ်။ ကားပေါ်မှာ နှစ်ယောက်တစ်တွဲထိုင်ရတာမို့ ကျွန်တော်နဲ့မောင်ထူးက အတူတူထိုင်ပြီး ကိုဇော်ဇော်ကတော့ ဟိုဘက်ခုံမှာ။ ကျွန်တော်တို့ကို လှမ်းလှမ်းပြီး အကဲခတ်နေတယ်။ တကယ်ကတော့ မောင်ထူးကိုလှမ်းကြည့်တာနေမှာပါ။ မောင်ထူးကမှန်ဘက်မှာမို့ ကျွန်တော်နဲ့ကွယ်နေတာ။
ကျွန်တော်က ကားစီးရင်ဘယ်တော့မှ မှန်ဘက်မှာမထိုင်ဘူး။ အခုလိုညဘက် ကားစီးရမယ်ဆို ပိုစိုးတာပေါ့။ မတော်လို့ အပြင်ဘက်ကနေ စိမ်းစိမ်းကြီး ကျွန်တော့်ကိုစိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်ယောက်က အပြင်ကနေ ကားမှန်ကို ခဲနဲ့ထုလိုက်ရင်ရော။ မှန်ကွဲပြီး ကျွန်တော့်ကိုလာထိနေရင်ဒုက္ခ။  အဲ့ဒါကြောင့် ဘယ်တော့မှ မှန်ဘက်မှာမထိုင်ဘူး။ မောင်ထူးပါလာတာကောင်းတယ်။ မောင်ထူးက သရဲလည်းမကြောက်သလို ခဲမှန်မှာလည်းမကြောက်ဘူးလေ။ ပျော်တောင်ပျော်နေဦးမှာ။
မောင်ထူးကိုကြည့်လိုက်တော့ အိပ်နေတုန်းပဲ။ နားကြပ်ကြီးကလည်း တန်းလန်းနဲ့။ ဘာတွေများ နားထောင်ပြီး အိပ်နေတာလဲဆိုပြီး မောင်ထူးနားကြပ်ကိုယူပြီး ကျွန်တော် နားထောင်ကြည့်လိုက်တယ်။
"မနက်ခင်းလေးအိပ်ရာနိုးရင်...
နင့်အပြုံးလေးနဲ့အတူနိုးချင်...
အလှဆုံးသောမင်းကို ငေးကြည့်ရင်း...
နင်ပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တစ်နေ့တာများကိုအစပြုချင်..."
ဘန်နီဖြိုးရဲ့ ချစ်သူအနားဆိုတဲ့သီးချင်းကို နားထောင်နေတာပဲ။ စိတ်ကူးယဉ်ဆန်လိုက်တာ။ ကျွန်တော် သူ့နားကြပ်ကိုဖြုတ်ပြီး သီချင်းကိုပိတ်ပေးလိုက်တယ်။ တစ်ညလုံးနားထောင်နေရင် နားတွေထိခိုက်ကုန်မှာမို့...
မောင်ထူးနဲ့အတူတူ ရွာပြန်ရတော့ ဟိုသီချင်းကိုတောင် သွားသတိရမိတယ်။ ဘာတဲ့။
"မောင့်လက်ကိုတွဲ.... မောင်နဲ့မခွဲ... စိတ်ချပါအမြဲ... မောင်နဲ့မခွဲ... ဆွေပြမျိုးပြ မျက်နှာပန်းလှလှ သွားကြမယ်... သွားကြမယ် မောင်တို့နှစ်ယောက်တည်း"
ကျွန်တော်တို့က နှစ်ယောက်တည်းတော့မဟုတ်ဘူး။ ကိုဇော်ဇော်ပါ ပါတယ်။
ဟိုတွေးဒီတွေးနဲ့နောက်ဆုံးတော့ ကျွန်တော်အိပ်ချင်လာပြီ။
တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားတာထင်တယ် တစ်ယောက်ယောက်က ကြည့်နေတယ်လို့ခံစားရမှ ကျွန်တော်ပြန်နိုးလာခဲ့တယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မောင်ထူး။ သူကျွန်တော့်ကိုကြည့်နေတယ်။ ကျွန်တော်မျက်လုံးပွင့်လာတာမြင်တော့ ပြုံးပြတယ်။ ကျွန်တော်မျက်မှောင်ကုတ်လိုက်တယ်။ အခုတလောမောင်ထူးက ဘာလို့ဒီလောက်တောင် ပြုံးရယ်လာရတာလဲ။
အခုမှသေချာစဉ်းစားမိတယ်။ မောင်ထူးက ကျွန်တော့်ကိုချစ်နေတာမလား။ ကိုယ်ချစ်ရတဲ့သူနဲ့ မခွဲမခွာအတူတူနေ,နေရမှတော့ ပြုံးပြီပေါ့။ ပြီးတော့ မောင်ထူးက ခရီးတစ်ခါမှမထွက်ဖူးဘူး။ မောင်ထူးကခရီးတစ်ခါမှမသွားဖူးလို့ ဂရုစိုက်ပေးပါဦးနော်တဲ့ အန်တီကမှာလိုက်တယ်။ မောင်ထူးရဲ့ပထမဆုံးခရီးက ကြည်နူးစရာကောင်းမှာသေချာတယ်။ ဘာလို့ဆို ဘေးမှာ သူအရမ်းချစ်တဲ့ ကျွန်တော်ပါနေတာမို့။ ဘေးမှာပါလာတဲ့ ကျွန်တော့်ကိုကြည့်ပြီး တစိမ့်စိမ့်နဲ့ကြည်နူးနေမှာ သေချာတယ်။
"ဟားဟား...."
ကျွန်တော်ယောင်ယမ်းပြီး အပြင်မှာပါရယ်မိသွားတယ်။ မောင်ထူးကတော့ ကျွန်တော့်ကိုအရူးလို့ထင်တော့မှာပဲ။ သူကျွန်တော့်ကို အခုထိကြည့်နေသေးလာလို့ မျက်လုံးထောင့်ကပ်ပြီး မသိမသာနဲ့ ခိုးကြည့်လိုက်တယ်။ မောင်ထူးက အခုထိ ကြည့်နေတုန်းပဲမို့ ကျွန်တော်မျက်နှာမြန်မြန်ပြန်လွှဲလိုက်ရတယ်။
သို့ပေမဲ့ အဲ့ဒီအချိန်မှာပဲ နွေးကနဲဖြစ်သွားတဲ့ ပါးပြင်တစ်ဖက်နဲ့အတူ အရမ်းချစ်တာပဲဆိုတဲ့ မောင်ထူးအသံကိုပါ ကြားလိုက်ရတယ်။ ကျွန်တော့်ကိုယ်လေး တောင့်ခနဲဖြစ်သွားတယ်။ မျက်နှာတွေပူလာတယ်။ အခုမောင်ထူးဘာလုပ်လိုက်တာလဲ။ ကျွန်တော့်ပါးကိုနမ်းပြီး ချစ်တယ်လို့ပြောလိုက်တာလား။
အမှန်တိုင်းပြောရရင် ကျွန်တော်တစ်ခါမှ ရည်းစားမထားဖူးဘူး။ အဲ့ဒါကြောင့် ချစ်တယ်ဆိုတဲ့စကားကို ပြောလည်းမပြောဖူးသလို ကြားလည်းမကြားဖူးခဲ့ဘူး။ အရင်က မောင်ထူးတစ်ခါပြောတာကြားဖူးပေမယ့် ကျွန်တော်နားကြားမှားတယ်လို့ပဲ ထင်နေခဲ့တာ။
အခုလိုရုတ်တရက်ကြီး ချစ်တယ်အပြောခံလိုက်ရတော့ လူကဘယ်လိုနေရမယ်မှန်း မသိတော့ဘူး။ ရှက်နေတာတော့မဖြစ်နိုင်လောက်ဘူး။ ရှက်ရအောင် ကျွန်တော်က အပျိုဖြန်းလေးလည်းမဟုတ်ဘူးလေ။ ဒါဆိုဘာဖြစ်နေတာလဲ။
ရည်းစားမထားခဲ့ဖူးတာနာတာပဲ။ ရည်းစားထားရင် ပိုက်ဆံကုန်မှာစိုးတာနဲ့ တစ်ခါမှာမထားဖြစ်ခဲ့ဘူး။ ကပ်စေးနှဲလို့တော့မဟုတ်ပါဘူး။ ယောက်ျားလေးတွေအတွက် မတရားလို့ပါ။ ရုပ်ရှင်လက်မှတ်ကိုလည်းဝယ်ရတယ်။ ရုပ်ရှင်ကြည့်ရင်းစားဖို့ မုန့်တွေ၊ အအေးတွေကိုလည်းဝယ်ရတယ်။ တကယ်ဆို နှစ်ယောက်အတူတူကြည့်တာပဲ။ နှစ်ယောက်မျှခံပေါ့။ အခုတော့ နေရာတကာ ယောက်ျားလေးဘက်ကချည်းပဲ။ လျှောက်လည်ရင်လည်း ယောက်ျားလေးကပဲ အကုန်ခံရတယ်။ ဆိုင်မှာချိန်းလို့ သွားတွေ့ရင်လည်း သူစားထားတာကိုပါ ရှင်းပေးရသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ မကြာမကြာ လက်ဆောင်ကဝယ်ပေးရသေးတယ်။ လက်ဆောင်ပေးပြန်တော့လည်း ဈေးနည်းတာလေးပေးရင် ကောက်တော်မူသေးတယ်။ ကိုယ့်ချစ်သူတောင် မသဒ္ဓါထာဘူးဘာညာနဲ့။
ကျွန်တော်တောင် ပိုက်ဆံချွေတာတဲ့အနေနဲ့ ကော်ဖီအရောင်လေးပါရင်ပြီးရောဆိုပြီး ကော်ဖီမစ်ထုပ် တစ်ရာတန်ကို ငါးရက်ခွဲသောက်နေရတာ။ အလကားနေပိုက်ဆံကုန်ပေါက်ဖြစ်တဲ့ ရည်းစားမထားတာက သဘာဝတော့ကျပါတယ်။ မယားတွက်စိန်နားကပ် အမေ့တွက် ပဲကြီးလှော်တော့ မဖြစ်မခံနိုင်ပါဘူး။ ဒါနဲ့ မောင်ထူးတို့လို gay အတွဲတွေကျတော့ရော ဘယ်သူကပိုက်ဆံရှင်းတာပါလိမ့်။ နှစ်ယောက်စလုံးက ယောက်ျားလေးတွေဆိုတော့။ ကျွန်တော်နဲ့ဆိုရင်တော့ မောင်ထူးကရှင်းတာပဲအကုန်။ သူကချမ်းသာတာကိုး။
မောင်ထူးက ကျွန်တော့်ကို သူ့ဘက်ဆွဲပြီးဖက်လိုက်တယ်။ ကျွန်တော်သူ့ရင်ခွင်ထဲ ရောက်သွားတယ်။ ရုန်းတော့လည်း ငြိမ်ငြိမ်နေတဲ့။ မျက်မှောင်ကုတ်ပြီး ဘာတွေများတွေးနေတာလဲတဲ့ မောင်ထူးကမေးတယ်။ ဘာမှမတွေးပါဘူးလို့ ကျွန်တော်ပြန်ပြောလိုက်တယ်။
မောင်ထူးရဲ့ လက်တစ်ဖက်က ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်နေတယ်။ ယောက်ျားတို့ဘုန်းလက်ရုံးဆိုပေမယ့် ကျွန်တော့်ခေါင်းကို တစ်ယောက်ယောက်က လာထိရင်လည်း ကျွန်တော် မကြိုက်ဘူး။ ဦးခေါင်းဆိုတာ အမြင့်မြတ်ဆုံးအရာလို့ လက်ခံထားတာမို့။ လူတစ်ယောက်မှာ ဘုန်းတန်ခိုးဆိုတာရှိတယ်တဲ့။ အဲ့ဘုန်းတန်ခိုးဆိုတာက ဦးခေါင်းမှာနေတာလားမသိဘူး။
အဲ့ဒါကြောင့် ထဘီအောက်တွေဘာတွေမဝင်ရဘူး။ ဝင်ရင်ဘုန်းနိမ့်တယ်တဲ့။ အမေပြောနေကျစကား။
ကျွန်တော်ကတော့ မမြင်ဖူးလို့မယုံပါဘူး။ ထဘီအောက်တွေဘာတွေ လိုက်ဝင်နေမှာစိုးလို့ ပြောတာလို့ပဲထင်တယ်။ ထဘီအောက်တွေတော့ ဘယ်သူကလိုက်ဝင်နေမှာလဲလေ။ ရှက်စရာကောင်းအောင်။
ဘုန်းတန်ခိုးဆိုတာ ဘယ်လိုပုံစံလဲ ကျွန်တော်တွေးမိသေးတယ်။ ကျွန်တော်တို့လို လူပုံသဏ္ဌာန်ပဲလား။ ဒါမှမဟုတ် အရောင်တစ်မျိုးမျိုးလား။ မျက်စိနဲ့မမြင်ရဘူးလို့တော့ ပြောတာပဲ။ နတ်တွေဘာတွေကတော့ မြင်ရလောက်တယ်။ ကျွန်တော်ကတော့ ဘုန်းတန်ခိုးဆိုတာ အရပ်ရှည်ရှည်နဲ့ တစ်ခုခုလို့တော့ထင်တာပဲ။ သူက အဲ့လူနောက်ကိုကပ်လိုက်နေမယ်။ ဟိုလူက ထဘီအောက်ဝင်တော့ သူကပါလိုက်ဝင်မယ်။ ထဘီနဲ့ဘုန်းတန်ခိုးက မတည့်လောက်ဘူး။ ထဘီအောက်ရောက်သွားတော့ အရပ်ကပုသွားတာထင်တယ်။ အဲ့မှာပဲ ဘုန်းနိမ့်တယ်ဆိုတာဖြစ်လာရော။
ရှေးရှေးတုန်းကတော့ ဘုန်းတန်ခိုးအရမ်းကြီးရင် ဘုရင်ဖြစ်တယ်တဲ့။ ဘုရင်တွေရဲ့ဘုန်းတန်ခိုးကတော့ ဝဝရှည်ရှည်ကြီးနေမှာ အကြီးကြီးဆိုတော့လေ။ အထင်မကြီးပါဘူး။ ဘုရင်တွေအားလုံးက နှာဘူးတွေချည်းပဲ။ ယူလိုက်တဲ့မိန်းမ။ ထားလိုက်တဲ့ ကိုယ်လုပ်တော်။ အကျင့်ကလည်းမကောင်းကြဘူး။ ပြည်သူတွေကျတော့ တစ်လင်တစ်မယားစနစ်လုပ်ခိုင်းပြီး သူတို့ကျတော့ ပိုးဆိုးပက်စက်ယူ။ မိန်းမတွေအများကြီးယူချင်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့အမျိုးက တစ်လင်တစ်မယားစနစ်ကို တန်ဖိုးထားတဲ့အမျိုးပါ။ သာမန်လူတွေကျတော့ ဆွေမျိုးအချင်းချင်းယူရင် ခွေးဇာတ်ခင်းတယ်တဲ့။ သူတို့ဘုရင့်အမျိုးတွေကျတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တို့ ဘာတို့။ စိတ်ဓာတ်ပဲ...
ဒါနဲ့ ရှေးရှေးတုန်းကရော အခုလို gayကြလားမသိဘူး။
Gay ရင်လည်း gay ကြမှာပေါ့။ ဘုရင်တွေကရော။ မင်းတုန်းမင်းကတော့ မဂေးတာသေချာတယ်။ သူသာဂေးနေရင် မန်းလေးသူတွေရဲ့ ကျွန်တော် ကျွန်တော်ဆိုပြီး ပြောတတ်တဲ့အကျင့်က ရှိလာမှာမဟုတ်ဘူး။
"အူယားလို့သေတော့မယ်"
ကျွန်တော့်ကိုဖျစ်ညှစ်ပြီး ပြောလိုက်တဲ့မောင်ထူးကြောင့် ကျွန်တော်သူ့ကိုမော့ကြည့်လိုက်တော့ ပါးကိုလာပြီးနမ်းပြန်တယ်။
"ဘယ်လိုဖြစ်နေတာလဲ..."
စိတ်မကြည်စွာနဲ့ ကျွန်တော်ပြောလိုက်တယ်။
"ချစ်လို့..."တဲ့မောင်ထူးကပြန်ဖြေတယ်။ မင်းရောငါ့အပေါ် ဘယ်လိုလဲတဲ့။ အကွက်ချပြီး ရအောင်ယူလိုက်တဲ့အတွက် စိတ်ဆိုးလားတဲ့ သူကမေးတယ်။
"ဒီလိုပါပဲ... အဖေမသေခင်တုန်းက ခဏခဏပြောဖူးတယ်။ ယောက်ျားဆိုတာ တာဝန်ယူမှုရှိရတယ်။ လုပ်ရဲရင် ခံရဲရမယ်တဲ့။ မင်းက အကွက်ချပြီးယူတာမှန်ပေမယ့် ငါမှားတာက မှားတာပဲလေ။ မင်းကိုမုန်းလားဆိုတော့ မမုန်းပါဘူး။ ချစ်လားဆိုတော့လည်း မချစ်ဘူး။ ဒီတိုင်းပဲ
ငါ့အမှားအတွက် ငါတာဝန်ယူတာ။ ငါ့ဖူးစာပေါ့။ ငါ့ဖူးစာကိုက မင်းနဲ့ညားဖို့ပါလာတာ ထင်ပါတယ်"
----------***----------
မောင်ထူးဖတ်ပြီး ကိုယ်ပါထူးသွားပြီဆိုတဲ့ reading list လေးတွေ့လိုက်တယ်။ လူကပျော်လွန်းလို့ ထခုန်မတက်ဘဲ😅။ မောင်ထူးကိုနေရာတစ်နေရာပေးတဲ့အတွက် တကယ်ကျေးဇူးပါနော်။
ပြီးတော့ အပိုင်းတိုင်း ဝင်မန့်တဲ့သူတွေ။ အပိုဒ်တိုင်းလိုလို မန့်ပေးတဲ့သူတွေရော။ wp cb မှာ စကားလာပြောတဲ့သူတွေရော။ review ရေးပေးတဲ့သူတွေရော။ အရမ်းကိုကျေးဇူးတင်ပြီး ချစ်ပါတယ်လို့😘။
Edit~ မောင်ထူးတို့အတွက် သီးသန့် RL လေးတွေ အများကြီးတွေ့ရတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပြီးချစ်နေပါပြီ❤
Continue Reading
You'll Also Like
3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
410K 16.8K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
1.7M 206K 163
3.6M 284K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...