P_30 (Uni)

12.5K 1.8K 194
                                    

"ကျွန်တော် မောင်ထူးကိုချစ်တယ် မမ"

ကျွန်တော်ပြောလိုက်တော့ ငိုနေတဲ့မမက တိခနဲအငိုရပ်သွားသလို ကားကပါ ကျွီးခနဲရပ်တန့်တယ်။ ပြီးတော့ နှစ်ယောက်လုံး ကျွန်တော့်ကို လှည့်ကြည့်ကြတယ်။ ကျွန်တော် မောင်ထူးကိုကြည့်ပြီး ထပ်ပြောလိုက်တယ်။

"သူနဲ့နေရတာ ကျွန်တော်ပျော်တယ်"

ကျွန်တော့်စကားဆုံးတော့ မမက တစ်ဖက်ကိုလှည့်သွားတယ်။ ကျွန်တော့်ကို ဘာဆိုဘာမှပြန်မပြော။ မောင်ထူးကတော့ အရမ်းအံ့သြသွားတယ်ထင်။ ကျွန်တော့်ကိုပဲ မျက်တောင်မခတ် စိုက်ကြည့်နေတယ်။ အင်းပေါ့ ကျွန်တော်သူ့ကိုချစ်နေတယ်လို့မှ မထင်ထားတာကို။ အံ့သြနေမှာပေါ့။

"ကားဆက်မောင်းလို့ အဆင်ပြေလား"

ကျွန်တော်သူ့ကို မေးလိုက်တော့ ခေါင်းညိတ်ပြတယ်။

"ဒါဆို အိမ်ပြန်ကြရအောင်"

အိမ်ရောက်တဲ့အထိ မမက စကားမပြောပါ။ ရောက်တာနဲ့ ကားပေါ်ကဆင်းပြီး အိမ်ထဲကိုဝင်သွားတယ်။ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိဘူး။ အမေ့ကိုတော့ မပြောရလောက်သေးဘူး ထင်တာပဲ။ မပြောပါစေနဲ့ဦး။ အမေသိရင် ဘယ်လိုလာမလဲ မသိသေးတာမို့ ကျွန်တော်နည်းနည်းတော့ ကြောက်တယ်။ စိတ်ကိုလည်း ဘာမှမပြင်ဆင်ရသေးဘူး။ ကျောင်းပြီးရင်တော့ ကျွန်တော်ကိုယ်တိုင်ပြောမှာပါ။ အဲ့အချိန်ကျ ဘယ်လိုဖြစ်ဖြစ်။

အခန်းထဲရောက်တော့ မောင်ထူးကကျွန်တော့်ကို တင်းတင်းကျပ်ကျပ်လာဖက်တယ်။ သူ့ကိုချစ်တယ်ဆိုတာ တကယ်လားလို့ မေးတယ်။ ငါညာဖူးလို့လားလို့ ပြန်ပြောလိုက်တော့ ကျွန်တော့်နှုတ်ခမ်းတွေကို လာရောက်နမ်းရှိုက်တယ်။ မွတ်မွတ်သိပ်သိပ်နဲ့။ ပြီးတော့ အကြာကြီးဖက်ထားတယ်။ ကျေးဇူးတင်ပါတယ်တဲ့ ပါးစပ်ကနေလည်း တဖွဖွပြောနေတယ်။ ဒီကောင်ကတော့လေ။

-----***-----

ကျွန်တော့်ဆီက ချစ်တယ်ဆိုတဲ့စကားကို ကြားပြီးကတည်းက မောင်ထူးတစ်ယောက် ပျော်နေတာများ မဖုံးနိုင် မဖိနိုင်နဲ့။ အရမ်းကိုလန်းဆန်းတက်ကြွလို့။ အခွင့်အရေးကလည်း ယူတတ်ပ။ ကျောင်းဆိုလည်းကျောင်း၊ အိမ်ဆိုလည်းအိမ်မို့ လူလစ်တိုင်းဖက်၊ လူလစ်တိုင်းနမ်း။ ကြာတော့ ကျွန်တော်တောင် အမြင်ကတ်လာပြီ။ ချစ်တယ်လို့ မပြောခဲ့မိရင်အကောင်းသား။ အခုတော့ သူ့ကိုဘယ်လိုမှ မနိုင်တော့ဘူး။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now