Extra_6 (uni)

10K 1.6K 419
                                    

ရုံးမှာ အလုပ်လုပ်နေရင်း ဘေးနားက ကောင်မလေးတွေ ပြောနေတာကို ကြားနေရတယ်။ ဘာတဲ့။ ငှက်ပျောပေါင်းလုပ်နည်းတဲ့။ တစ်ယောက်နဲ့တစ်ယောက် မျှဝေနေကြတယ်။ ငှက်ပျောသီးတွေကို အခွံခွာပြီး အိုးထဲကိုအလုံးလိုက်ထည့်။ ပြီးရင် နွားနို့၊ သကြား ဘာညာသာရကာထည့်။ အားလုံးထည့်ပြီးရင် မီးဖိုပေါ်တင်ပြီး ပေါင်းရတာတဲ့။ ရှုပ်နေတာပဲ။

အဲ့ထက်ရှင်းတဲ့နည်း ကျွန်တော့်မှာရှိတယ်။ ဘာမှထည့်စရာ မလိုဘူး။ အရသာလည်း ရှိတယ်။ သူတို့ပြောတဲ့ ငှက်ပျောပေါင်းထက်တောင် ပိုစားကောင်းဦးမယ်။

ပထမဆုံး ငှက်ပျောသီးတွေကို အခွံမခွာဘဲ အလုံးလိုက်ထည့်ပြီး ရေနည်းနည်းနဲ့ အရင်ပြုတ်။ ပြုတ်ပြီးရင် အလုံးလိုက်လေးတွေဆယ်ပြီး မီးသွေးဖိုပေါ်တင်ပြီး ပြန်ကင်။ ပြီးရင် အခွံခွာပြီး စာရုံပဲ။ အနံ့လေးကလည်း မွှေးပြီး အရသာကလည်း ရှယ်ပဲ။ ကဲ ဘယ်လောက်တောင်လွယ်ကူပြီး ကုန်ကျစရိတ် သပ်သာလိုက်လဲ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်။ သကြားတွေဘာတွေမပါတော့ ချောင်းဆိုးမှာလည်း မပူရတော့ဘူး။

နေဦး နောက်နေ့မှ မောင်ထူးအားရှိအောင် လုပ်ကျွေးပစ်ဦးမယ်။ ပြီးတော့ အကြံတစ်ခုလည်း ထပ်ရလိုက်သေးတယ်။ နောက်တစ်ခါ စာသင်ကျောင်းတွေဘာတွေမှာ အာဟာရဒါနအဖြစ် သွားရောက်ကျွေးမွေးမယ်ဆိုရင် ငှက်ပျောသီးပြုတ်ကင်ပဲ ကျွေးလိုက်တော့မယ်။ ဒါမှ ကျောင်းသားတွေ အားရှိပြီး စာလုပ်နိုင်မှာ။

တော်လိုက်တဲ့ငါ... ဟာဟာ

အစားအသောက်အကြောင်းပြောတော့ တစ်ခုကို သွားပြီး သတိရပြန်တယ်။ ဘာမှတော့မဟုတ်ဘူး။ အဲ့ဒါက တကယ်လို့ ကျွန်တော်သာ မလွှဲသာမရှောင်သာပဲ နတ်သားဖြစ်သွားခဲ့မယ်ဆိုရင်။ ကျွန်တော် နတ်သားဖြစ်သွားပြီးပဲ ထားပါတော့ နတ်ပြည့်ရောက်ရင် ဘာစားရမှာလဲ။ တရားတွေထဲမှာတော့ နတ်တွေက နတ်သုတ်ဒါစားရတာတဲ့။ အဲ့ နတ်သုတ်ဒါဆိုတာက ဘယ်လိုဟာမျိုးလဲ။ လူ့ပြည်မှာ ရောင်းနေတဲ့ နတ်သုတ်ဒါနဲ့ တူတူပဲလား။ တူတူပဲဆိုရင်တော့ သွားပြီပဲ။ ကျွန်တော်က အဲ့နတ်သုတ်ဒါကို လုံးဝမကြိုက်တာမို့။ သူက အရမ်းကို ချိုအီလွန်းနေတယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now