P_21 (Uni)

13.2K 2K 339
                                    

မမကဖုန်းဆက်တယ်။ အမေနေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်တဲ့။ ပြန်လို့ရရင် ခဏပြန်ခဲ့ပါဦးတဲ့ ကျွန်တော့်ကိုခေါ်တယ်။ ကျွန်တော်လည်း စိတ်ပူတာမို့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ မောင်ထူးကလိုက်ချင်ပေမယ့် ကျွန်တော်ခေါ်မသွားခဲ့ဘူး။ အမေ့ကျန်းမာရေးမို့ထင်ပါတယ် မောင်ထူးကလည်း ဇွတ်တော့မလိုက်ဘူး။ အဲ့ဒါနဲ့ ကျွန်တော်တစ်ယောက်တည်း သွားဖြစ်တယ်။

စစ်ကိုင်းရောက်တော့ အမေက ဆေးရုံမှာ။ တော်သေးတာက ကင်ဆာတွေဘာတွေတော့ မဟုတ်ဘူးတဲ့။ အအေးခံပါများလို့ အဆုတ်ထဲကိုရေဝင်သွားတာ။ ကင်ဆာမဟုတ်ပေမယ့် စိုးတော့စိုးရိမ်ရတယ်။ အမေက မထနိုင်ဘူး။ မန်းလေးဆေးရုံကြီးကိုသွားပြီး အဆုတ်ထဲကနေ ရေထုတ်ရမှာတဲ့။ နောက်ကျောဘက်ကနေ အပ်နဲ့ထိုးပြီးတော့ဆိုလား။ ဆရာဝန်ကတော့ပြောတာပဲ။ အဆုတ်ထဲကရေတွေကုန်မှ ပြန်ကောင်းမှာတဲ့။ မမကလည်း တစ်ယောက်တည်းဆိုတော့ အကြောက်လွန်ပြီး ကျွန်တော့်ကိုခေါ်လိုက်တာ။ တကယ်လည်းဟုတ်တယ်။ မမတစ်ယောက်တည်ဆို မလွယ်ဘူး။ အမေကတစ်ဖက် လယ်ယာတွေကတစ်ဖက်နဲ့။ ရွာကအမျိုးတွေကတော့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ ကိုယ့်သွေသားအရင်းအချာနဲ့တော့ ဘယ်တူမှာလဲလေ။

ကျွန်တော်ရောက်လာတော့ မမက ဆေးရုံမှာ အမေ့ကိုစောင့်ရှောက်။ ကျွန်တော်ကတော့ အမေ့အတွက်လိုအပ်တာတွေ ဝယ်ပေးလိုက်၊ တချို့လည်းအိမ်ပြန်ပြီး သွားယူလိုက်နဲ့ နည်းနည်းမှမနားရ။ ဒီကြားထဲ မောင်ထူးက ဖုန်းတဂွမ်ဂွမ်ဆက်နေတာ။ လူက စိတ်မောလူမော ဖြစ်နေရတဲ့ကြားထဲ ဖုန်းကတဂွမ်ဂွမ်လာနေတော့ မကြည်တော့ဘူး။ အဲ့ဒါကြောင့် "ပင်ပန်းရတဲ့ကြားထဲ မင်းကတမျိုး... ဘာကိစ္စ ဖုန်းက တဂွမ်ဂွမ်ဆက်နေရတာလဲ" ဆိုပြီးပြောမိသွားတယ်။

အဲ့နောက်ပိုင်းကစပြီး မောင်ထူးဆီက ဖုန်းမလာတော့ဘူး။
မလာဆို တစ်ခါမှကိုမလာတော့တာ။ ကျွန်တော့်ဘက်ကနေလည်း စမခေါ်ချင်တာမို့ ဒီတိုင်းပဲထားလိုက်တယ်။ တစ်လလောက် ကြာသွားတယ်ထင်တယ်။ အမေအတော်လေးနေကောင်းမှ ကျွန်တော်ပြန်လာခဲ့တယ်။

ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ မောင်ထူးရုပ်က အတော်လေးကျနေတယ်။ မျက်နှာလေးကိုချောင်လို့။ ကျွန်တော့်ကိုလည်း စကားသိပ်မပြောဘူး။ နေရတာအဆင်ပြေခဲ့တယ်မလားတဲ့ အဲ့တစ်ခွန်းပဲပြောတယ်။ အစကတော့ ကျွန်တော့်ကိုရွဲ့ပြောတယ်ထင်ပြီး "မင်းမရှိလို့လားမသိဘူး... တအားနေလို့ကောင်းတာပဲ"လို့ ပြန်ဖြေပစ်လိုက်တာ။ နောက်ပိုင်း ပြန်စဉ်းစားကြည့်မှ ကျွန်တော်လွန်သွားခဲ့တယ်။ တော်တော်ကြီးကို။ မောင်ထူးက ကျွန်တော့်ကို ဘယ်တုန်းကများ ရွဲ့ဖူးလို့လဲ။
ကျွန်တော် တော်တော်ကြီးကို နောင်တရပါတယ်။ အဲ့နောက်ပိုင်းကစပြီး မောင်ထူးက ကျွန်တော့်အပေါ်ကို ပြောင်းလဲလာတယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Onde histórias criam vida. Descubra agora