Systemက ကြၽန္ေတာ့္ကို Novelထဲ...
By Neko_san_ZP
1.1M 153K 8.5K
Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More
Chapter -1
Chapter -2
Chapter - 3
အကြောင်းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက်နက်(12)မျိုး-လကျနကျ(12)မြိုး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2
Chapter -31
13.6K 2K 68
By Neko_san_ZP
Zawgyi
လုဝေ့ကျီဟာ နူတ်ခမ်းများအပေါ်ကိုကော့ညွှတ်စွာ ပြုံးလိုက်ပြီး သူရဲ့အသုံးတော်ခံယပ်တောင်ကို ဖြန့်ချလိုက်ပြီး တစ်ဖျပ်ဖျပ်နဲ့ခတ်လိုက်သည်၊
ဝမ်ဖေးရန်: ...
အခြားသူများ:...
[System: သတ်လေ...]
"အမိန့်တိုင်းပါဗျ"
လုဝေ့ကျီဟာ ဒီထက်မက ပြစ်ဒဏ်ပေးချင်ပေမယ့် သူ့အကန့်နဲ့သူရှိတာကြောင့် သူ့ကိုယ်သူအားမရစွာဖြစ်နေမိသည်၊တကယ်လို့ သူသာ ချွင့်လွီ့ချွမ်းရဲ့ဆက်ခံသူဖြစ်လာပြီဆိုရင် ဒီနေရာမှာတင် ထိုချင်ဟွာချန်ကို သတ်ပစ်လို့ရသည်၊သူဟာ စိတ်ပျက်စွာဖြင့် အင်္ကျီလက်ကိုခါလိုက်ပြီးထွက်သွားတော့သည်၊
-----------------------------
Chapter -32 မျှော်.....
-*-*-*-*-*-*-*
Unicode
Zawgyi
ချင်ဟွာချန်ဟာ ရောက်လာသည့် အမျိုးသားကိုတွေ့သည့်အချိန်မှာ အရမ်းကိုအံ့အားသင့်သွားတော့သည်၊ဘာလို့လဲဆိုတော့ အခုရောက်ရှိလာသည့် ယောကျားပျိုသည် အခြားသူတွေရဲ့ စကားအရ ဒီချွင့်လွီ့ချွမ်းလေလံရုံခွဲရဲ့ခန်းမဆောင်သခင်လေးမှန်း သိလိုက်ရတော့သည်၊ ပထမက သူထင်ခဲ့တာ အသက်ကြီးကြီးအဘိုးအိုအရွယ်လိုက်ပေါ့၊အခုတော့ ရှောင်ဝေ့ရန်ဆိုတဲ့ကောင်ကို ကြင်နာစွာပြုံးပြနေတာမြင်တော့ သူ့စိတ်ထဲအလိုမကျဖြစ်လာတော့သည်၊ ရှောင်ဝေ့ရန်က သူ့လိုအင်ပါယာမင်းသားတစ်ပါးထက် ဘာများသာနေလို့လဲ၊ ပြီးတော့ နိုင်ငံတစ်နိုင်ငံရဲ့မင်းသားလည်းမဟုတ်ပဲ စစ်သူကြီးတစ်ဦးရဲ့အနွယ်အနှောင်းထဲက သားတစ်ယောက်သာသာ၊ အဲ့ကောင်ဆီမှာ လက်ရှိသုံးစားရတာဆိုလို့ ရုပ်ရည်ပဲရှိသည်၊
'အဟက်... ချင်းလင် ပြောတာအမှန်ပဲနေမယ် ယောကျာ်းတကာကို ရုပ်ပြ မြူဆွယ်နေတဲ့နိမ့်ပါးတဲ့မျိုးနွယ်ပဲ'လို့ စိတ်ထဲပြောလိုက်ပြီး လျစ်လျူရှုရန်ကြိုးစားနေပေမယ့်၊ချင်ဟွာချန်လို မင်းသားတစ်ပါးဟာ ရောက်လေရာနေရာမှာ လူတကာရဲ့ဦးစားပေးမှုကိုခံခဲ့ရပြီး ဘယ်နေရာရောက်ရောက် ယောကျာ်းပျိုတို့ရဲ့ဝန်းရံမှုကို ခံခဲ့ရသူဖြစ်သည်၊ဒါပေမယ့် အခုတော့ သာမန်နိုင်ငံတစ်နိုင်ငံရဲ့စစ်သူကြီး၏သားတစ်ယောက်ဟာ ချွင့်လွီ့ချွမ်းရဲ့ခန်းမဆောင်သခင်လေးရဲ့ ဦးစားပေးမှုကို ခံနေရသည်ကို မြင်တော့ သူ့စိတ်ထဲ ထူးဆန်းသည့်ခံစားချက်ကြီး ခံစားနေရသည်၊ထိုသို့ခံစားနေရသည်ကို ချင်ဟွာချန် မနှစ်မြို့ပေ၊ဒါ အခြားသူတွေဆီမှာ ကြားဖူးတဲ့ မနာလိုတဲ့ခံစားချက်ဆိုတာလား၊ချင်ဟွာချန်ရဲ့မျက်ခုံးများဟာ အလိုမကျသလို အလယ်ကိုစုကျုံသွားပေမယ့်
'ဟုတ်သားပဲ ခန်းမဆောင်သခင်လေးက ရုပ်ချောတဲ့သူတွေကို သဘောကျတာဖြစ်လောက်တယ်...ငါကလည်း လှပပြီးထက်မြက်တဲ့အိုမီဂါဖြစ်တဲ့အပြင် ချင်အင်ပါယာရဲ့မင်းသားတစ်ပါးလေ...ငါ့ကို မမြင်သေးလို့ ရှောင်ဝေ့ရန်ကို ဂရုစိုက်နေတာဖြစ်ရမယ်'လို့ တွေးတောမိလိုက်ပြီး သူရဲ့အဝတ်အစားများကို သေသပ်စွာပြင်ဆင်လိုက်သည်၊ဒဏ်ရာအတွက်လား စိတ်ပူစရာမလိုဘူး၊သူရဲ့သိုင်းဝိညာဉ်တွင် ပြန်လည်ကုသနိုင်သည့်အစွမ်းရှိတာကြောင့် လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပင် သူ့ဒဏ်ရာများဟာ အရှင်းကုသပြီးသွားပြီ ဖြစ်သည်၊
လုဝေ့ကျီဟာ သူရှေ့ရှိ အဖြူရောင်ဆံနွယ်လေးရှည်များနဲ့ သူ့အမှားကိုထောက်ပြနေသည့်အမျိုးသားလေးပြောသမျှကို ခေါင်းညိတ်ကာ နားထောင်နေပေမယ့် သူရဲ့အစိမ်းရောင်မျက်ဝန်းတစ်စုံကတော့ အမျိုးသားလေးရဲ့နူတ်ခမ်းဖူးလေးနဲ့လည်စလုတ်လေးပေါ်၌သာ၊
နှင်းဆီပွင့်ဖက်လေးလို ထိုနူတ်ခမ်းနူးနူးအိအိလေးဟာ ဟလိုက်တိုင်း ပန်းရောင်လျှာလေးကိုမြင်နေရပြီး ညီညာတဲ့သွားတန်းလေးရဲ့အစွန်းမှာအစွယ်လေးတွေဟာ ခန့်ညားသင့်တယ်စွာတည်ရှိနေသည်၊ အထက်အောက်ရွေ့လျားသွားသော လည်စလုပ်လေးဟာလည်း အနာဆာကင်းမဲ့သည့် ကျောက်စိမ်းလိုဖြူဖွေးချောမွေ့မည့်လည်ပင်းလေးပေါ်မှာ ကျက်သရေရှိစွာ ရှိနေပြန်သေးသည်၊
'ထိုအနာဆာကင်းမဲ့သည့်လည်ပင်းသားလေးကို တစ်ချက်လောက် မြည်းချင်လိုက်တာ'
ဒါပေမယ့် သူရဲ့ထိုလှပသောအတွေးများနဲ့ သူရဲ့ချစ်ရစွာရှောင်ဝေ့ရန်လေး၏လှုပ်ရှားမှုအစုံကို အနောက်ကနေထွက်ပေါ်လာသည့် ချွဲ့ပျစ်ပျစ်လုပ်ယူထားသည့်အမျိုးသားငယ်တစ်ဦး၏ အသံကြောင့် ရပ်တန့်သွားတော့သည်၊
"ခန်းမဆောင်သခင်ကို ချင်အင်ပါယာရဲ့မင်းသားချင်ဟွာချန် ဂါဝရပြုနူတ်ဆက်ပါတယ်"လို့ ချင်ဟွာချန်ဟာ သူ့အသံကို အတတ်နိုင်ဆုံး နူးညံ့ချိုသာစွာပြောလိုက်ပြီး တစ်ဖက်လူပျော်ဝင်သွားနိုင်စေသည့် အကြည့်လေးနဲ့တစ်ချက်ကြည့်ကာ ဂါဝရပြုလိုက်သည်၊ သူရဲ့နောက်ခံကိုသိလို့ကတော့ ခန်းမဆောင်သခင်ဟာ သူ့ကိုအလေးထားဆက်ဆံမည်ဟု ချင်ဟွာချန်ဟာ ယုံကြည်နေတော့သည်၊ဒါပေမယ့် ထင်ထားသလိုမဟုတ်ပေ၊
"မင်းလား ရန်လေးရဲ့ဓားကို လုတာ"လို့ လုဝေ့ကျီဟာ မာဆတ်ဆတ်မေးလိုက်တော့ ချင်ဟွာချန်ဟာ လန့်သွားပေမယ့်
'ရန်လေး...ရန်လေးဆိုတာ ရှောင်ဝေ့ရန်ကို ခေါ်တာလား...သူတို့က တော်တော်ရင်းနှီးနေကြပြီပေါ့...ဒီအချိန်တိုလေးအတွင်းမှာ'ဟု တွေးလိုက်ပြီး မြူဆွယ်တာတော်လိုက်တာဟုအကြည့်များဖြင့် ရှောင်ဝေ့ရန်ကိုအထင်သေးသလိုတစ်ချက်ကြည့်လိုက်ပေမယ့် ချက်ချင်းဖုံးကွယ်လိုက်ပြီး
"ခန်းမဆောင်သခင်လေး... ဟွာချန်က ရှောင်ဝေ့ရန်လက်ထဲက ဓားကို သဘောကျသွားပြီး နှစ်ဖက်လုံးအကျိုးမြတ်ဖြစ်အောင် ဝယ်ချင်ရုံသက်သက်လေးပါ" လို့ ပြောလိုက်ပြီး မတရားခံလိုက်ရသည့်မျက်နှာဖြင့် ဆက်ပြောလာသည်၊
"ဒါပေမယ့် သူက ဟွာချန်ကို မတရားဈေးတင်တောင်းတဲ့အပြင် ဒီနေရာကို သူ့အပိုင်လိုမျိုး ပြုမူနေသေးတယ်... ဒါပေမယ့် ဒီနေရာရဲ့တကယ့်ပိုင်ရှင်က ခန်းမဆောင်သခင်လေ သူက ခန်းမဆောင်သခင်လေးရဲ့မျက်နှာပေးမှုကြောင့် ယောက်တက်နေတာ ...ခန်းမဆောင်သခင် အဲ့လိုလူမျိုးနဲ့မိတ်ဆွေအနေနဲ့ အနားမှာမထားမိစေနဲ့"လို့ တကယ့်ကို လုပ်ကွက်ကြီးကို မျက်နှာတစ်ချက်တောင်မပြတ်ပဲ ပြောသွားသည့် ချင်ဟွာချန်အား ဝမ်ဖေးရန် အလေးပြုမတတ်ပေ၊အော် နောက်ဆုံးပြောသွားသေးသည်၊
"ဟွာချန်က ခန်းမဆောင်သခင်ကို တကယ်လေးစားကြည်ညိုမိတာကြောင့် စိုးရိမ်ပူပန်ပြီးသတိပေးတာပါ..."တဲ့ တတ်လည်းတတ်နိုင်တဲ့သူ၊
လုဝေ့ကျီဟာ ဘေးရှိ သူ့လူများရဲ့ ရှုပ်မဲ့သွားတဲ့အမူအရာရယ် ယုံချင်ယုံ၊မယုံချင်မယုံနဲ့ ငါ့ကိစ္စမဟုတ်ဘူးဆိုသည့်မျက်နှာထားဖြင့် လက်ပိုက်ကာရပ်နေသည့် သူရဲ့ရန်လေး၊အဖြေဟာ မေးစရာမလိုအောင် ရှင်းနေတာပဲလေ၊
လုဝေ့ကျီဟာ နူတ်ခမ်းများအပေါ်ကိုကော့ညွှတ်စွာ ပြုံးလိုက်ပြီး သူရဲ့အသုံးတော်ခံယပ်တောင်ကို ဖြန့်ချလိုက်ပြီး တစ်ဖျပ်ဖျပ်နဲ့ဲ့ခတ်လိုက်သည်၊
"ရန်လေးကော ဘယ်လိုထင်လဲ သူက ဘယ်လောက်ဈေးနူန်းနဲ့ကမ်းလှမ်းလို့ မရောင်းချင်ရတာလဲ"ဟု လုဝေ့ကျီဟာ စနောက်သည့်အသံနဲ့မေးလိုက်တော့ ဝမ်ဖေးရန်ဟာမကျေမနပ်နဲ့ကြည့်လိုက်ပြီး
'တကယ်ဈေးနူန်းအများကြီးနဲ့ကမ်းလှမ်းလာရင် ရောင်းပြီးတာဖြင့် ကြာနေပြီ'ဟု ပြောလိုက်တော့ ဥမရဲ့ငှက်ဆိုးထိုးသံကြီးဟာထွက်လာတော့သည်
[System: ငါ ဓားတစ်ချောင်းရဲ့နှလုံးကြေကွဲသွားတဲ့အသံကြားလိုက်သလိုပဲ]
"ကြေးပြား တစ်ပြား"ဟု ချင်ဟွာချန်အား မင်းတစ်ယောက်ထဲ လည်တယ်ထင်နေတယ်ပေါ့၊ ဒီပါးပါးရဲ့ခြေထောက်ကို မှီဖို့ကြိုးစားလိုက်စမ်းပါဟု အကြည့်များဖြင့် ကြည့်ကာ ဝမ်ဖေးရန်ဟာ ဈေးနှုန်းကိုပြောလိုက်သည်၊
"မင်း... !" ချင်ဟွာချန်ဟာ ထိုသို့မျက်နှာပြောင်တိုက်ကာပြောရဲသည့်လူမျိုးကို သူ့ဘဝတွေမကြုံဖူးခဲ့ချေ၊! အကုန်လုံးဟာ သူပါးစပ်ဟလိုက်တာနဲ့ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ လက်ခံကြခဲ့တာတွေကြီးပဲ၊
"ခန်းမဆောင်သခင် သူလိမ်လည်နေတာ... ချင်ဟွာချန် အဲ့ဈေးနဲ့မကမ်းလှမ်းခဲ့ပါဘူး"ချင်ဟွာချန်ဟာ မျက်ရည်အဝဲသားလေးနဲ့ကြည့်ကာ ပြောလိုက်ပေမယ့် လုဝေ့ကျီရဲ့အမူအရာဟာ မပြောင်းလဲသွားချေ၊သူဟာ ဝမ်ဖေးရန်ရဲ့ အဖြူရောင်ဆံနွယ်ရှည်အစွန်းဖျားလေးကို အမြတ်တနိုးကိုင်တွယ်လိုက်ပေမယ့် နာကျင်သွားသည့်ဟန်နဲ့ အမူအရာပိုစွာဖြင့်
"အ"အော်သံကြောင့် ဝမ်ဖေးရန်ဟာမျက်လုံးလေးပြူးသွားပြီး
"အကိုဝေ့ကျီ ဘာဖြစ်တာလဲ??" လို့ စိုးရိမ်စွာမေးမိလိုက်သည်၊မစိုးရိမ်လို့မှမရတာ၊ ဒါဟာ ဇာတ်လိုက်ခုနှစ်ယောက်ထဲက တစ်ယောက်ကိုး၊တော်ကြာ စိတ်ဆိုးပြီး ငါ့ကို သတ်သွားမှဖြင့်၊
"လှပတဲ့အိုမီဂါအမျိုးသားလေးတွေဆီမှာ တကယ်ပဲ အဆူးတွေရှိနေပါလား..."
ဝမ်ဖေးရန်: ...
အခြားသူများ:...
'ဥမ... ငါ ဇာတ်လိုက်တစ်ယောက်ပဲ သတ်မယ်လေ...ငါ့ကို ပြစ်ဒဏ်မပေးနဲ့လေ'
[System: သတ်လေ...]
'တကယ်လား!!!!'ဝမ်ဖေးရန်ဟာ ပျော်ရွှင်သွားပေမယ့်  နောက်ထက်စကားတစ်ခွန်းကြောင့် သူရဲ့ပျော်ရွှင်နေသည့် စိတ်များနင်သွားတော့သည်၊
[System:ပြီးရင် နင်ပါ သေလိုက်]
ချင်ဟွာချန်ဟာ သူရဲ့စကားများကိုအရေးမလုပ်သည့် ခန်းမဆောင်သခင်အား မကျေနပ်ဖြစ်ရမည့်အစား သူရသင့်အာရုံစူးစိုက်မှုအစုံကို ယူသွားသည့် ရှောင်ဝေ့ရန်ကိုသာ မုန်းတီးစွာစိုက်ကြည့်လိုက်ပြီး
"ခန်းမဆောင်သခင်... အရှိကိုအရှိတိုင်း မကြည့်ပါနဲ့ အချို့အရာတွေက အတုအယောင်တွေဖြစ်နိုင်တယ်"လို့ ရှောင်ဝေ့ရန်ကို ဒဲ့ကြည့်ကာ ပြောလိုက်ပြီး ရှောင်ဝေ့ရန်ရဲ့ပျက်ယွင်းသွားမည့်မျက်နှာထားကို အားရစွာကြည့်မည်ဟု မျှော်လင့်ထားပေမယ့် သူ့ကို အလေးမစိုက်သည့် ပုံစံဖြင့် အနားရှိ အလုပ်သမားအား
"ဒီမှာ ဆေးမြစ်တွေပါ လေလံတင်လား"လို့မေးနေသည့် ထိုရှောင်ဝေ့ရန်ဆိုသည့် နိမ့်ပါးသည့်လူအား! သုံးလေးငါးချက်လောက် ရိုက်ပစ်ချင်စိတ်ပေါက်သွားသည်၊
ဝမ်ဖေးရန်သည် ချင်ဟွာချန်ဟာ သူ့ကို ရွဲ့စောင်းပြောဆိုနေသည်ကို မသိချင်ချေ၊ဘာလို့လဲဆိုတော့ သူက အတုအယောင်မှမဟုတ်တာ၊ဒါကြောင့် ဆေးမြစ်တွေကော လေလံတင်လို့ရမရ သိချင်ပေမယ့် အကိုဝေ့ကျီကို တိုက်ရိုက်မေးရင်မသင့်တော်တာကြောင့် အနားရှိအလုပ်သမားတစ်ဦးကိုသာ မေးလိုက်တော့သည်၊
ထိုစကားကိုကြားတော့ လုဝေ့ကျီဟာ ဝမ်ဖေးရန်အနားကပ်လာပြီး
"ရန်လေးက ဆေးမြစ်တွေကို လေလံတင်ချင်လို့လား"လို့ မေးလိုက်တော့ ဝမ်ဖေးရန်ဟာ ခေါင်းညိတ်လိုက်ပြီး
"ဟိုတစ်ခါ အကိုဝေ့ကျီကို လက်ဆောင်ပြန်ပေးကမ်းလိုက်တဲ့ ဆေးမြစ်ထက် အနည်းငယ်ပိုအဆင့်မြှင့်တယ်"လို့ ပြောလိုက်သည်နှင့် လုဝေ့ကျီရဲ့မျက်နှာဟာ ခုနကလိုမဟုတ်တော့ပဲ၊လေးနက်တည်ငြိမ်သွားသည့် ပုံစံဖြင့်
"ကိုယ်တို့ ဧည့်တွေ့ခန်းမှာ ဆက်ဆွေးနွေးကြရအောင်..."လို့ လေးနက်စွာပြောလိုက်ပြီး ဘေးရှိအလုပ်သမားတစ်ဦးကို ခေါ်လိုက်ကာ
"သခင်လေးရှောင်ဝေ့ရန်ကို ဧည့်တွေ့ခန်းကို လိုက်ပြလိုက်" လို့ပြောလိုက်သည်၊ဝမ်ဖေးရန်ဟာ ခေါင်းညိတ်လိုက်ပြီး အလုပ်သမားရဲ့နောက်ကို လိုက်သွားသည်၊သူဟာ သူ့အပေါ် ရိုင်းစိုင်းစွာဆက်ဆံခဲ့သည့် သူတွေကို လုဝေ့ကျီအကူအညီဖြင့် ပြန်ကလဲ့စားမချေဘူးလား၊
ဟုတ်ကဲ့ ဝမ်ဖေးရန်ရဲ့စိတ်ဓာတ်ဟာ ထူးဆန်းလွန်းသည်၊သူဟာ ကလဲ့စားချေသည့်ကိစ္စတွေကို သူတစ်ပါးရဲ့နောက်ခံကိုအသုံးပြုပြီး မလိုချင်သည့်လူမျိုးဖြစ်သည်၊ ချင်ဟွာချန်ကို သူရဲ့စိတ်ထဲတစ်နေရာတွင် မှတ်သားထားသည်ကိုတော့ သူကိုယ်တိုင်ကလွဲ၍ ဘယ်သူမှမသိစေ၊လက်ရှိအချိန်မှာ သူရဲ့နောက်ခံကော၊အင်အားကောဟာ သေးငယ်သေးလွန်းတာကြောင့် သူအလျင်မလိုချေ၊ ယွမ်ရှန့်ရဲ့နောက်ခံနဲ့လော့ကောကော နောက်ခံတွေပါရှိနေတာသိပေမယ့် ထိုသို့ ဘဝတစ်လျှောက်လုံးအားကိုးနေရင် အသုံးမကျတဲ့သူတစ်ဦးဖြစ်သွားလိမ့်မည်၊ ဒါကြောင့် ဒီနေ့ကိစ္စနဲ့ပတ်သတ်ပြီး ဝမ်ဖေးရမ်ဟာ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ခြင်းဖြစ်သည်၊
ဒါပေမယ့် သူရဲ့အလိုလိုစောင့်ရှောက်မည့်နောက်ခံကြီးတွေကတော့ ထိုသို့လွယ်လွယ်ပြီးဆုံးသွားမည်ကို ကြိုက်ကြမည်မထင်၊ဟုတ်သည် လုဝေ့ကျီဟာ ရှောင်ဝေ့ရန်ထွက်သွားပြီးနောက် အကြီးအကဲရန်ဘက်လှည့်ကာ
"မင်း ငါ့ကို လိမ်ညာမှုမရှိ တစ်လုံးမကျန်ပြောပြမယ်လို့ မျှော်လင့်တယ် ရန်ထိုက်"လို့ ပြောလိုက်သည်နှင့် ရန်ထိုက်ဟာ ချက်ချင်းကြမ်းပြင်ပေါ် ဒူးထောက်ကာ သူရဲ့ကြောက်ရွံ့နေသည့်အမူအရာကို ထိန်းလိုက်ပြီး အမှန်အတိုင်းပြောလိုက်တော့သည်၊
"အဟက်... မင်းက ရန်လေးကို ဒီကနေ မောင်းထုတ်ချင်တဲ့အပြင် ငါကိုယ်တိုင်လက်ဆောင်ပေးထားတဲ့ဓားကိုပါ လိုချင်တပ်မက်တယ်ပေါ့"လို့ ချင်ဟွာချန်ဘက်လှည့်ကာ မေးလိုက်တော့ ချင်ဟွာချန်ဟာ တကိုယ်လုံးတုန်တက်သွားပြီး ရန်ထိုက်ကို စိတ်ပျက်စွာကြည့်မိလိုက်သည်။
'ပြောတော့ ငါ့ကို ချစ်တယ်တဲ့!အခု ယောကျာ်းဖြစ်ပြီး ကြောက်ဒူးတုန်ပြီး! ငါ့ကိုတောင်လွဲချပစ်တယ် '
"ခန်းမဆောင်သခင်... ထင်သလို... မဟုတ်ပါဘူး... ဟွာချန်က... "
"ဘာတွေ ဗလောင်းဗလဲပြောဦးမှာလဲ... ထွက်သွား!!ငါ ဒီထျန့်လျန့်နယ်မှာ တော်ဝင်မျိုးနွယ်ကို အပြစ်ပေးပိုင်ခွင့်မရှိတာ မင်းသက်သာသွားတယ်မှတ်...မင်းတို့ ချင်တော်ဝင်မျိုးနွယ်ကို လေလံရုံကို လာခွင့်ပိတ်ပင်တယ်!" လို့ ကျယ်လောင်ပြီး အာဏာပြည့်ဝလွန်းသည့်အသံအဆုံးမှာ ချင်ဟွာချန်ရဲမျက်နှာဟာ ထိန်းသိမ်းလို့မရအောင်ပျက်ယွင်းပြီး
"မ...မဖြစ်နိုင်တာ...ခန်းမဆောင်သခင်... ဟွာချန်မှာ တကယ် အပြစ်...မရှိပါဘူး ဟင့်..."မျက်ရည်များ ပိုးစိုးပက်စက်ကျလိုက်ပေမယ့် လုဝေ့ကျီဟာမသနားသည့်အပြင် ရက်စက်စွာ အမိန့်ပေးလိုက်သည်၊
"အစောင့်တွေ ဒီကောင်ကို လွင့်ပစ်လိုက်..."
"အမိန့်တိုင်းပါဗျ"
"ပြီးတော့ ရန်ထိုက် မင်းအကြီးအကဲရာထူးကနေ သုံးလအနားယူပြီး မင်းအပြစ်အတွက ပြန်ဆင်ခြင်သုံးသပ်"
"ဟုတ်ကဲ့ ခန်းမဆောင်သခင်လေး"ရန်ထိုက်ဟာ ဒူးထောက်ကာပြောလိုက်ပြီး အော်ဟစ်ဆဲဆိုထွက်သွားသည့် ချင်ဟွာချန်ကိုပင် လှည့်ပင်မကြည့်သွားချေ၊လှပတဲ့သူတွေဆိုတာ သူ့မှာပိုက်ဆံရှိသ၍ အလွယ်တကူရနိုင်သည့်အရာကိုး၊ဒီလိုလူမျိုးကြောင့် သူရဲ့ရှေ့ရေး အပိတ်ပင်မခံနိုင်ချေ၊
လုဝေ့ကျီဟာ ဒီထက်မက ပြစ်ဒဏ်ပေးချင်ပေမယ့် သူ့အကန့်နဲ့သူရှိတာကြောင့် သူ့ကိုယ်သူအားမရစွာဖြစ်နေမိသည်၊တကယ်လို့ သူသာ ချွင့်လွီ့ချွမ်းရဲ့ဆက်ခံသူဖြစ်လာပြီဆိုရင် ဒီနေရာမှာတင် ထိုချင်ဟွာချန်ကို သတ်ပစ်လို့ရသည်၊သူဟာ စိတ်ပျက်စွာဖြင့် အကျႌလက်ကိုခါလိုက်ပြီးထွက်သွားတော့သည်၊
လုဝေ့ကျီဟာ ရှောင်ချင်းလင်ကို ဘာလို့ပြစ်ဒဏ်မပေးသွားရတာလဲ၊ဘာလို့လဲဆိုတော့ ရှောင်ချင်းလင်လိုသေးငယ်တဲ့ဖြစ်တည်မှုကို သူဟာသတိမထားမိတာကြောင့်ဖြစ်သည်၊သူပင်မက ရန်ထိုက်ပင်သတိမထားမိချေ၊ရှောင်ချင်းလင်းဟာလည်း ခပ်ဝေးဝေးတွင်သာ အခြေအနေကိုကြည့်နေတဲ့အပြင် တစ်ချိန်လုံးဝင်ပါပြောဆိုခြင်းလည်းမရှိခဲ့ပေ၊သူဟာ ချင်ဟွာချန်မောင်းထုတ်ခံရသည်ကိုပင် ပြုံးကာကြည့်နေလိုက်သေးသည်၊သူ့ရှိနေသည်ကို မသိသည့်အချိန်အခါရောက်မှ အေးဆေးစွာထွက်သွားတော့သည်၊
-----------------------------
Chapter -32 မျှော်.....
ရှည်ရှည်လေး ရေးပေးထားတယ် ၊နည်းနည်း Updateကြာသွားလို့ တောင်းပန်ပါတရ်ခင်ဗျ
-*-*-*-*-*-*-*
Continue Reading
You'll Also Like
16.6K 2K 16
Uni 'ငါ့မှာစွမ်းအားသာရှိရင် လတစ်လရဲ့ ဒုတိယမြောက်အပတ်ကို ဖြုတ်ထားလိုက်ချင်တယ်' 'ဘာလို့လဲ' 'အဲ့ဒီအပတ်ရဲ့ တနင်္လာနေ့ကို ကြောက်လို့လေ' Cover by Pinterest...
3.6K 315 5
[ရော့...စာချုပ်မှာလက်မှတ်ထိုး ပြီးရင် missionလုပ်ဖို့ သွားမယ်] 'ငါလက်မခံရင်ရော...' [ရှည်လိုက်တာ....သေချင်နေတာလား ထိုးဆိုထိုးလိုက်ပေါ့] 'မင်းလို အရိုင...
1.4M 225K 140
661K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...