Unicode
Ran Feng Geသည် အိပ်ယာပေါ်မှ ရေချိုးခန်းဝတ်စုံကို အလိုအလျောက်တုန့်ပြန်မှုသဖွယ် ကုန်း၍ကောက်ကာ ကိုယ်တွင်စွပ်လိုက်သည်။ သူ မျက်လွှာပင့်၍ မေး၏။
"ကိစ္စတစ်ခုခုရှိလို့လားမသိဘူး"
"စောနက ကိစ္စနဲ့ ပတ်သတ်ပြီး....
ငါတောင်းပန်ပါတယ်.... ပြီးတော့
ကျေးဇူးလည်းတင်တယ်"
Su Yi Mo သည် သူ၏အကြည့်ကို ယခုထက်တိုင်မရုတ်သိမ်းသေးဘဲ Ran Feng Ge ကို တည်ငြိမ်ပြီး ခံစားချက်မရှိသည့်အကြည့်ဖြင့် ဆက်လက်စိုက်ကြည့်နေသည်။
မီးဖိုခန်းတွင်ဖြစ်ခဲ့သည့်ကိစ္စအတွက် တောင်းပန်ခြင်းလား? သည်လိုဆို ဗုံးကိစ္စနှင့် ပတ်သတ်ပြီး ကျေးဇူးတင်သည်ပေါ့။
သို့သော် မည်သည့်အတွက် သူ့စကားက ဟက်ဟက်ပက်ပက်မရှိရပါသနည်း။ တောင်းပန်ရာမှာရော ကျေးဇူးတင်ရာမှာပါ နှလုံးသားထဲက လာသည်ဟု Ran Feng Ge မခံစားရ။ သို့သော် ထူးထူးဆန်းဆန်း Su Yi Mo က လာတောင်းပန်သည်ကို ကြည့်၍ ယာယီခွင့်လွှတ်ပေးလိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။ အနှစ်ချုပ်လျှင် သူသည် မိမိ၏ သူဌေးဖြစ်ပေသည်။
ပုခုံးနှစ်ဖက်ကိုတွန့်ကာ ဤကိစ္စ မြန်မြန်ရှင်းထုတ်လိုက်ရန်သာ Ran Feng Ge တွေးမိသည်။
" ကိစ္စမရှိဘူး...ရပါတယ်"
" မင်း အမာရွတ် ဆွဲနေတာလား?"
Su Yi Mo အနေခက်စွာ နှာခေါင်းကို ပွတ်သည်။ စကားနည်းသည့် ရေခဲတုံးအတွက် စကားစ၍ပြောရသည်မှာ အတော်ခက်၏။
"ခင်ဗျားလည်း မြင်တာပဲလေ...ကျွန်တော်ထပ်ပြောနေဖို့မလိုပါဘူး ဟုတ်တယ်မလား?"
မျှော်လင့်ထားသည့်အတိုင်း ရေခဲလူသားရွေးသည့် စကားခေါင်းစဥ်ကပင် ကိုးရိုးကားယားနိုင်သည်။
"ငါ မင်းကို ကူညီမယ်လေ"
Su Yi Mo၏ အကြည့်က ပို၍ ရဲတင်းစပြုလာ၏။ လျော့လျဲစွာပတ်ထားသည့်ဝတ်စုံကြောင့် အကုန်အစင်ဖော်ပြလုနီးပါးဖြစ်နေသော Ran Feng Ge ၏ ရင်ဘတ်ကို စိုက်ကြည့်နေသည်။ မတတ်နိုင်ပဲ Su Yi Mo
သူ့ကိုယ်သူသက်ပြင်းချမိသည်။ သူနှင့်အတူ နေ့နေ့ ညည ကုန်ဆုံးရန် ဤ 'မျက်နှာတစ်ထောင်နတ်ဆိုး' ကို ငှားရမ်းခဲ့သည်မှာ မှန်ကန်ရဲ့လားဟု သူ သိချင်မိသည်။ အထူးသဖြင့် သူ့ချစ်သူ၏ မျက်နှာကိုဝတ်ဆင်ထားစဥ် Ran Feng Ge က ထိုထိုသောအမူအယာများကို အမှုအမှတ်မဲ့ဖော်ပြသောအခါ
....ထိုသို့သော အပြုအမူကို ပြုလုပ်သောအခါ....သူ့မှာ ဆက်တိုက်အဆွခံနေရသောကြောင့်။
"ဟမ်?"
သူပြောလိုက်သည့်စကားတွင် Ran Feng Ge အတန်ငယ်ထိတ်လန့်သွားသည်။ သူက Su Yi Mo ကို မသင်္ကာသလိုကြည့်လိုက်ပြီး ပြုံး၏။ တောင်းဆိုမှုကို သူက စိမ်းသက်သောလေသံဖြင့် ယဥ်ယဥ်ကျေးကျေးငြင်းဆိုသည်။
" ကျွန်တော် လုပ်လို့ပြီးသွားပါပြီ"
"ဒါပေမဲ့ မင်း နောက်ကျောကို မဆွဲရသေးဘူးမဟုတ်လား"
Su Yi Mo က သူ့အကြောင်းပြချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည်။
"Qiu Han..သူ့မှာ...သူ့ရဲ့ လည်ကုတ်နားမှာ ပျံသန်းနေတဲ့ သိန်းငှက်ပုံ တက်တူးရှိတယ်.. "
ခေတ္တရပ်လိုက်ပြီး သူက ဆက်ရှင်းပြ၏။
" အဲဒီသိန်းငှက်ကို ငါက ခဏခဏမြင်ဖူးတယ်လေ....အဲဒါကြောင့်မလို့ အတိအကျပြန်ဆွဲနိုင်တယ်....ကိုယ့်နောက်ကျောကို ကိုယ်ပြန်ဆွဲဖို့တာ တအားခက်မှာ ပြောနေစရာတောင်မလိုဘူး...ဟုတ်တယ်မလား"
ထိုစကားကို Ran Feng Ge ဤသို့ပြန်လည်ချေပလိုက်ချင်သည်။
"မခက်ပါဘူး.. ကျွန်တော်သာလုပ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်တယ်" ဟု။
တစ်ယောက်တည်း အလုပ်လုပ်နေစဥ်ကလည်း သူ့ဘာသာ အမြဲဆွဲခဲ့ရသည်ပဲ မဟုတ်ပါသလော။
သူ ပါးစပ်ကိုဟ၍ ပြန်ဖြေချင်သော်လည်း နောက်ဆုံးတွင်မဖြေဖြစ်ခဲ့ပါ။ သူ့ကိုယ်အထက်ပိုင်းကို ပေါ်အောင် ရေချိုးခန်းဝတ်စုံကို ဖြည်လိုက်ကာ နောက်ကျောလှည့်ပေးလိုက်သည်။
မသင်္ကာမှုကိုရှောင်ရန် Su Yi Mo တွင် သတိရှိပုံမရဟုထင်ရသည်။
ရေချိုးခန်းဝတ်စုံကို လျော့ရိလျော့ရဲစည်း၍ သူ လုပ်ကိုင်နေတုန်းကမူ ထိုသူက မခံချင်အောင်ပြော၍ သူ့အပြုအမူကို အထင်လွဲခဲ့သေးသည်။
ယခု ထိုသူကိုယ်တိုင် ချွတ်ချဖို့ တောင်းဆိုနေပြန်သည်။ထိုသူ ဘာတွေးနေသနည်း။
"တက်တူးက အရမ်းရှုပ်တယ်...ငါတောင်အချိန်ယူရမယ်"
Su Yi Mo က ပျော့ပျောင်းစွာပြော၏။
" အိပ်ယာပေါ်လှဲလိုက်...အဲဒီလိုမှ ပိုသက်သောင့်သက်သာရှိမှာ"
"မထင်ထားဘူး...ခင်ဗျားက တော်တော်လေးတွေးပေးတတ်မှန်း"
Ran Feng Ge က တီးတိုးရေရွတ်၍ လက်ခုံပေါ်မေးတင်ပြီး...မျက်လုံးကိုမှိတ်ကာ အိပ်ယာပေါ်တွင် လိမ်လိမ်မာမာလှဲလိုက်သည်။
ပထမစကားဝိုင်းတွင် အတော်လေးကတောက်ကဆဖြစ်ခဲ့သည်ကို Su Yi Mo သတိပြုမိ၍ ယခု သူနှင့်စကားပြောရန် ဆင်ခြေရှာဖို့ကြိုးစားနေခြင်း ဖြစ်ကောင်းဖြစ်မည်။ သူတို့ အမြဲတမ်း သွေးအေးစစ်ပွဲ နွှဲနေလို့မှမရဘဲ နော့။ Su Yi Mo က မိမိ၏ အလုပ်ရှင်၊ ငွေအရင်းအမြစ် ဖြစ်ကာ...မိမိကလည်း သူ့ချစ်သူ၏ လူစားထိုး၊ သူ့ဝှက်ဖဲသာ ဖြစ်သည်မို့။
မိမိတို့ကို ကျွန်းကိုင်းမှီ၊ ကိုင်း ကျွန်းမှီ ဟု ပြော၍ရပါသည်။
တစ်ဦးနှင့် တစ်ဦး ခွာပြဲ၍မဖြစ်။ ငြင်းခုန်၊ ရန်ဖြစ်နေပါလျှင် မည်သူ့မည်သူမှ အကျိုးရှိမည်မဟုတ်ပေ။
အေးစက်သည့် တစ်စုံတစ်ရာ၏ အထိအတွေ့က သူ့ကျောပေါ်တွင် ပြေးလွှားနေပါသည်။ တောင်ပံတစ်စုံနှင့် မျက်လုံး၊ နှုတ်သီး ၊ ခြေသည်းတို့ကို ပုံဖော်ပါရန်....။
ရုတ်တရက်
Ran Feng Ge ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စူးရှသည့်အလင်းတစ်စ သူ့မျက်ဝန်းပေါ် ဖြတ်ပြေးသွား၏။ ဤ တက်တူးသည်.........!
>>>>>>>>>>>>>
Zawgyi
Ran Feng Geသည္ အိပ္ယာေပၚမွ ေရခ်ိဳးခန္းဝတ္စုံကို အလိုအေလ်ာက္တုန့္ျပန္မႈသဖြယ္ ကုန္း၍ေကာက္ကာ ကိုယ္တြင္စြပ္လိုက္သည္။ သူ မ်က္လႊာပင့္၍ ေမး၏။
"ကိစၥတစ္ခုခုရွိလို႔လားမသိဘူး"
"ေစာနက ကိစၥနဲ႕ ပတ္သတ္ၿပီး....
ငါေတာင္းပန္ပါတယ္.... ၿပီးေတာ့
ေက်းဇူးလည္းတင္တယ္"
Su Yi Mo သည္ သူ၏အၾကည့္ကို ယခုထက္တိုင္မ႐ုတ္သိမ္းေသးဘဲ Ran Feng Ge ကို တည္ၿငိမ္ၿပီး ခံစားခ်က္မရွိသည့္အၾကည့္ျဖင့္ ဆက္လက္စိုက္ၾကည့္ေနသည္။
မီးဖိုခန္းတြင္ျဖစ္ခဲ့သည့္ကိစၥအတြက္ ေတာင္းပန္ျခင္းလား? သည္လိုဆို ဗုံးကိစၥႏွင့္ ပတ္သတ္ၿပီး ေက်းဇူးတင္သည္ေပါ့။
သို႔ေသာ္ မည္သည့္အတြက္ သူ႕စကားက ဟက္ဟက္ပက္ပက္မရွိရပါသနည္း။ ေတာင္းပန္ရာမွာေရာ ေက်းဇူးတင္ရာမွာပါ ႏွလုံးသားထဲက လာသည္ဟု Ran Feng Ge မခံစားရ။ သို႔ေသာ္ ထူးထူးဆန္းဆန္း Su Yi Mo က လာေတာင္းပန္သည္ကို ၾကည့္၍ ယာယီခြင့္လႊတ္ေပးလိုက္ရန္ သူ ဆုံးျဖတ္လိုက္သည္။ အႏွစ္ခ်ဳပ္လွ်င္ သူသည္ မိမိ၏ သူေဌးျဖစ္ေပသည္။
ပုခုံးႏွစ္ဖက္ကိုတြန့္ကာ ဤကိစၥ ျမန္ျမန္ရွင္းထုတ္လိုက္ရန္သာ Ran Feng Ge ေတြးမိသည္။
" ကိစၥမရွိဘူး...ရပါတယ္"
" မင္း အမာ႐ြတ္ ဆြဲေနတာလား?"
Su Yi Mo အေနခက္စြာ ႏွာေခါင္းကို ပြတ္သည္။ စကားနည္းသည့္ ေရခဲတုံးအတြက္ စကားစ၍ေျပာရသည္မွာ အေတာ္ခက္၏။
"ခင္ဗ်ားလည္း ျမင္တာပဲေလ...ကြၽန္ေတာ္ထပ္ေျပာေနဖို႔မလိုပါဘူး ဟုတ္တယ္မလား?"
ေမွ်ာ္လင့္ထားသည့္အတိုင္း ေရခဲလူသားေ႐ြးသည့္ စကားေခါင္းစဥ္ကပင္ ကိုးရိုးကားယားနိုင္သည္။
"ငါ မင္းကို ကူညီမယ္ေလ"
Su Yi Mo၏ အၾကည့္က ပို၍ ရဲတင္းစျပဳလာ၏။ ေလ်ာ့လ်ဲစြာပတ္ထားသည့္ဝတ္စုံေၾကာင့္ အကုန္အစင္ေဖာ္ျပလုနီးပါးျဖစ္ေနေသာ Ran Feng Ge ၏ ရင္ဘတ္ကို စိုက္ၾကည့္ေနသည္။ မတတ္နိုင္ပဲ Su Yi Mo
သူ႕ကိုယ္သူသက္ျပင္းခ်မိသည္။ သူႏွင့္အတူ ေန႕ေန႕ ညည ကုန္ဆုံးရန္ ဤ 'မ်က္ႏွာတစ္ေထာင္နတ္ဆိုး' ကို ငွားရမ္းခဲ့သည္မွာ မွန္ကန္ရဲ႕လားဟု သူ သိခ်င္မိသည္။ အထူးသျဖင့္ သူ႕ခ်စ္သူ၏ မ်က္ႏွာကိုဝတ္ဆင္ထားစဥ္ Ran Feng Ge က ထိုထိုေသာအမူအယာမ်ားကို အမႈအမွတ္မဲ့ေဖာ္ျပေသာအခါ
....ထိုသို႔ေသာ အျပဳအမူကို ျပဳလုပ္ေသာအခါ....သူ႕မွာ ဆက္တိုက္အဆြခံေနရေသာေၾကာင့္။
"ဟမ္?"
သူေျပာလိုက္သည့္စကားတြင္ Ran Feng Ge အတန္ငယ္ထိတ္လန့္သြားသည္။ သူက Su Yi Mo ကို မသကၤာသလိုၾကည့္လိုက္ၿပီး ၿပဳံး၏။ ေတာင္းဆိုမႈကို သူက စိမ္းသက္ေသာေလသံျဖင့္ ယဥ္ယဥ္ေက်းေက်းျငင္းဆိုသည္။
" ကြၽန္ေတာ္ လုပ္လို႔ၿပီးသြားပါၿပီ"
"ဒါေပမဲ့ မင္း ေနာက္ေက်ာကို မဆြဲရေသးဘူးမဟုတ္လား"
Su Yi Mo က သူ႕အေၾကာင္းျပခ်က္ကို ခိုင္ခိုင္မာမာ ဆုပ္ကိုင္ထားသည္။
"Qiu Han..သူ႕မွာ...သူ႕ရဲ႕ လည္ကုတ္နားမွာ ပ်ံသန္းေနတဲ့ သိန္းငွက္ပုံ တက္တူးရွိတယ္.. "
ေခတၱရပ္လိုက္ၿပီး သူက ဆက္ရွင္းျပ၏။
" အဲဒီသိန္းငွက္ကို ငါက ခဏခဏျမင္ဖူးတယ္ေလ....အဲဒါေၾကာင့္မလို႔ အတိအက်ျပန္ဆြဲနိုင္တယ္....ကိုယ့္ေနာက္ေက်ာကို ကိုယ္ျပန္ဆြဲဖို႔တာ တအားခက္မွာ ေျပာေနစရာေတာင္မလိုဘူး...ဟုတ္တယ္မလား"
ထိုစကားကို Ran Feng Ge ဤသို႔ျပန္လည္ေခ်ပလိုက္ခ်င္သည္။
"မခက္ပါဘူး.. ကြၽန္ေတာ္သာလုပ္ခ်င္စိတ္ရွိရင္ ဘာမဆိုျဖစ္တယ္" ဟု။
တစ္ေယာက္တည္း အလုပ္လုပ္ေနစဥ္ကလည္း သူ႕ဘာသာ အၿမဲဆြဲခဲ့ရသည္ပဲ မဟုတ္ပါသေလာ။
သူ ပါးစပ္ကိုဟ၍ ျပန္ေျဖခ်င္ေသာ္လည္း ေနာက္ဆုံးတြင္မေျဖျဖစ္ခဲ့ပါ။ သူ႕ကိုယ္အထက္ပိုင္းကို ေပၚေအာင္ ေရခ်ိဳးခန္းဝတ္စုံကို ျဖည္လိုက္ကာ ေနာက္ေက်ာလွည့္ေပးလိုက္သည္။
မသကၤာမႈကိုေရွာင္ရန္ Su Yi Mo တြင္ သတိရွိပုံမရဟုထင္ရသည္။
ေရခ်ိဳးခန္းဝတ္စုံကို ေလ်ာ့ရိေလ်ာ့ရဲစည္း၍ သူ လုပ္ကိုင္ေနတုန္းကမူ ထိုသူက မခံခ်င္ေအာင္ေျပာ၍ သူ႕အျပဳအမူကို အထင္လြဲခဲ့ေသးသည္။
ယခု ထိုသူကိုယ္တိုင္ ခြၽတ္ခ်ဖိဳ႕ ေတာင္းဆိုေနျပန္သည္။ထိုသူ ဘာေတြးေနသနည္း။
"တက္တူးက အရမ္းရႈပ္တယ္...ငါေတာင္အခ်ိန္ယူရမယ္"
Su Yi Mo က ေပ်ာ့ေပ်ာင္းစြာေျပာ၏။
" အိပ္ယာေပၚလွဲလိုက္...အဲဒီလိုမွ ပိုသက္ေသာင့္သက္သာရွိမွာ"
"မထင္ထားဘူး...ခင္ဗ်ားက ေတာ္ေတာ္ေလးေတြးေပးတတ္မွန္း"
Ran Feng Ge က တီးတိုးေရ႐ြတ္၍ လက္ခုံေပၚေမးတင္ၿပီး...မ်က္လုံးကိုမွိတ္ကာ အိပ္ယာေပၚတြင္ လိမ္လိမ္မာမာလွဲလိုက္သည္။
ပထမစကားဝိုင္းတြင္ အေတာ္ေလးကေတာက္ကဆျဖစ္ခဲ့သည္ကို Su Yi Mo သတိျပဳမိ၍ ယခု သူႏွင့္စကားေျပာရန္ ဆင္ေျခရွာဖို႔ႀကိဳးစားေနျခင္း ျဖစ္ေကာင္းျဖစ္မည္။ သူတို႔ အၿမဲတမ္း ေသြးေအးစစ္ပြဲ ႏႊဲေနလို႔မွမရဘဲ ေနာ့။ Su Yi Mo က မိမိ၏ အလုပ္ရွင္၊ ေငြအရင္းအျမစ္ ျဖစ္ကာ...မိမိကလည္း သူ႕ခ်စ္သူ၏ လူစားထိုး၊ သူ႕ဝွက္ဖဲသာ ျဖစ္သည္မို႔။
မိမိတို႔ကို ကြၽန္းကိုင္းမွီ၊ ကိုင္း ကြၽန္းမွီ ဟု ေျပာ၍ရပါသည္။
တစ္ဦးႏွင့္ တစ္ဦး ခြာၿပဲ၍မျဖစ္။ ျငင္းခုန္၊ ရန္ျဖစ္ေနပါလွ်င္ မည္သူ႕မည္သူမွ အက်ိဳးရွိမည္မဟုတ္ေပ။
ေအးစက္သည့္ တစ္စုံတစ္ရာ၏ အထိအေတြ႕က သူ႕ေက်ာေပၚတြင္ ေျပးလႊားေနပါသည္။ ေတာင္ပံတစ္စုံႏွင့္ မ်က္လုံး၊ ႏႈတ္သီး ၊ ေျခသည္းတို႔ကို ပုံေဖာ္ပါရန္....။
႐ုတ္တရက္
Ran Feng Ge ၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ စူးရွသည့္အလင္းတစ္စ သူ႕မ်က္ဝန္းေပၚ ျဖတ္ေျပးသြား၏။ ဤ တက္တူးသည္.........!
>>>>>>>>>>>>>