[Zawgyi]
The Throne (ရာဇာပုလႅင္)
အပိုင္း-၃၈
ဘတ္ဂ်ယ္ တိုင္းျပည္
ဝမ္အြန္း နဲ႔ ယူေဆာင္း ဘတ္ဂ်ယ္အမတ္ေတြအေၾကာင္းေဆြးေႏြးေနတုန္း သမားေတာ္ႀကီးဝင္လာခဲ့သည္။
'မင္းသား'
'ကိစၥရွိလို႔လား'
ဝမ္အြန္း စာလိပ္ေတြၾကည့္ေနရာမွ သမားေတာ္ႀကီးကိုၾကည့္ၿပီး ေမးလိုက္ေတာ့ ယူေဆာင္း ကပါ သမားေတာ္ႀကီးကိုၾကည့္လာသည္။
'ၾကင္ယာေတာ္က ဘာမွမစားဘူး မင္းသား။ ပို႔ေပးတဲ့အစားအေသာက္ေတြကို မစားတဲ့အျပင္ အတင္းေကြၽးရင္ လြင့္ပါပစ္ေနတယ္'
'ဟုတ္လား'
'ဘယ္လိုလုပ္မလဲ အြန္းေလး'
'မင္းသြားၿပီးေတာ့ ၿခိမ္းေျခာက္တာျဖစ္ျဖစ္လုပ္လိုက္'
'အဲ့ဒါဆို ကိုယ္သြားလိုက္မယ္။ အြန္းေလး က ဒါေတြအရင္ၾကည့္ထားႏွင့္'
'အင္း'
ယူေဆာင္း ႏွင့္ သမားေတာ္ႀကီး ထြက္သြားမွ ဝမ္အြန္း ျပတင္းေပါက္တြင္ နားေနေသာ ငွက္ေလးဆီသြားကာ ေျခေထာက္ထဲထည့္ထားေသာ က်ည္ေလးထဲမွ စာလိပ္ငယ္အား ယူထုတ္လိုက္သည္။
~~~~~~~
ရွီ႐ႊန္း ျပတင္းေပါက္တြင္ရပ္ကာ အျပင္ကိုၾကည့္ေနသည္။ သူေရာက္ေနသည္မွာ ေတာအုပ္ထဲရွိ အပန္းေျဖအိမ္မ်ိဳးျဖစ္မည္ထင္သည္။ ဝါးစိမ္းေတြနဲ႔ေဆာက္ထားေသာ အိမ္ခန္းတြဲပုံစံမ်ိဳးျဖစ္ၿပီး ဥယ်ာဥ္ငယ္ထဲတြင္ ေရတံခြန္ အေသးစားေလးလည္းရွိေနသည္။ ပန္းမ်ိဳးစုံအနံ႔က အိမ္ခန္းထဲေရာက္သည္အထိ ေမႊးပ်ံ႕ေနသည္။ အေနာက္ဘက္တြင္ေတာ့ ေလွ်ာက္လမ္းကို ပန္းႏြယ္ေတြၿခံရံထားၿပီး ေဘးနားတြင္ ေရကန္တစ္ခုႏွင့္ ေက်ာက္ဥယ်ာဥ္တစ္ခုရွိေနသည္။ ေရကန္အလယ္တြင္ ဇရပ္ေလးတစ္ခုရွိၿပီး ရွီလာနန္းေတာ္ထဲက ဝမ္အြန္း ထိုင္ေနတတ္သည့္ ဇရပ္နဲ႔ ဆင္တူပုံစံငယ္ျဖစ္သည္။ ေက်ာက္ဥယ်ာဥ္တြင္ေတာ့ ေက်ာက္စားပြဲတစ္ခုႏွင့္ ထိုင္ခုံသုံးခုရွိေနသည္။ ထိုေနရာကေနဆက္သြားရင္ ေနာက္ထပ္ၿခံတစ္ခုရွိၿပီး သူေနေသာေနရာထက္ပိုၿပီးက်ယ္ဝန္းမည္ထင္သည္။ အေဆာင္ေတာ္ေတြလည္းႀကီးၿပီး ပုံစံကသူေနေနေသာေနရာလို ဝါးစိမ္းေလးေတြႏွင့္ ေဆာက္ထားသည္။ ၾကည့္ရတာ အိမ္ေတာ္တစ္ခုတည္းကိုမွ ႏွစ္ၿခံခြဲထားသည္ထင္သည္။
ရွီ႐ႊန္း အိမ္ေတာ္ဖြဲ႕စည္းပုံကို ေတြးေနတုန္း ယူေဆာင္း ဝင္လာသည္။
'ထြက္ေျပးဖို႔ေတြးေနတာလား'
ယူေဆာင္ ထိုင္ခုံတြင္ ထိုင္လိုက္ၿပီး ေရေႏြးၾကမ္းငွဲ႔ေသာက္ေနသည္။ ရွီ႐ႊန္း မ်က္ႏွာကို တင္းထားလိုက္ၿပီး
'ေျပးလို႔ရရင္ေျပးမွာေပါ့။ ဒီအတိုင္းထိုင္ေနၿပီး ကေလးေပးရမွာထက္စာရင္ ထြက္ေျပးတာမွ ပိုေကာင္းဦးမယ္'
ရွီ႐ႊန္း စကားေၾကာင့္ ယူေဆာင္း ကရယ္သည္။
'မင္းေျပးခ်င္ရင္ေတာင္ အခုအေျခအေနနဲ႔ ၿခံဝန္းအျပင္ေတာင္ေရာက္မွာမဟုတ္ဘူး'
ယူေဆာင္း ရွီ႐ႊန္း ကိုၾကည့္လိုက္ေတာ့ သူ႔ကို ေဒါသထြက္ေနပုံရသည့္ အၾကည့္ေတြနဲ႔ တိုးသည္။ နယ္ႏွင္ဒဏ္ေပးခံရသည္အျပင္ မိသားစုလိုက္ ေသဒဏ္ေပးခံလိုက္ရေသာေၾကာင့္ စိတ္ေထာင္းကိုယ္ေၾကျဖစ္ေနေသာ ရွီ႐ႊန္း သည္ ႏႈတ္ခမ္းေလးေတြျဖဴကာ စကၠဴေလးတစ္႐ြက္လို႔ ေပ်ာ့ဖက္ေနသည္။ ထို႔အျပင္ ေရာက္တာ တစ္ရက္ပဲရွိေသးေပမဲ့ ေခါင္းမာကာ ဘာမွမစားမေသာက္ဘဲေနေနေသာေၾကာင့္ မတ္တပ္ရပ္ေနႏိုင္တာကိုပဲ ေက်းဇူးတင္ရမလိုပင္။
ယူေဆာင္း ေျပာတာကို ရွီ႐ႊန္း နားလည္သည္။ ဒါေပမဲ့ သူ႔မာနကလည္းရွိေသးသည္။ အဖမ္းခံလာရသည့္အျပင္ ရည္႐ြယ္ခ်က္က သူ႔ကေလးလိုခ်င္ေနေတာ့ ရွီ႐ႊန္း ေရေသာက္ရမည္ကိုေတာင္ မသတီေတာ့ေပ။
'အဲ့ဒါငါ့ကိစၥပါ။ မင္းနဲ႔မဆိုင္ဘူး'
'ေကာင္းၿပီေလ သြား....တံခါးဖြင့္ထားတယ္'
ယူေဆာင္း ဖြင့္ထားေသာတံခါးအား လက္ညႇိဳးထိုးျပလိုက္သည္။
'သြားေလ'
ရွီ႐ႊန္း ယူေဆာင္း စကားအား ျပန္ေတာင္မေျပာေတာ့ဘဲ အျပင္ကိုေျပးထြက္သြားသည္။
အေရွ႕ဘက္တံခါးဆီေျပးေပမဲ့ ေနာက္ထပ္ ပုံစံတူ အိမ္ဝန္းကိုထပ္ေတြ႕လိုက္ရေသာေၾကာင့္ ရွီ႐ႊန္း ထိုအိမ္ဝန္းတြင္ေတာ့ အေနာက္ဘက္ကို ဦးတည္ၿပီး ေျပးထြက္သြားလိုက္သည္။ ဒါေပမဲ့ ထပ္ၿပီး ပုံစံတူအိမ္ဝန္းေတြကိုေတြ႕ရျပန္သည္။
ဝမ္အြန္း စာပို႔ငွက္ဆီက စာဖတ္ေနတုန္း ရွီ႐ႊန္း ေျပးထြက္သြားတာကိုျမင္လိုက္ရတာေၾကာင့္
'ယူေဆာင္း ဘာေတြလုပ္ေနတာလဲ'
ဝမ္အြန္း စာ႐ြက္ေခါက္ေလးကိုသိမ္းလိုက္ၿပီး စာတစ္ေစာင္ကို ငွက္ေျခေထာက္ထဲက်ည္ေလးထဲထည့္လိုက္ၿပီး အစာေကြၽးကာ ျပန္လႊတ္ေပးလိုက္သည္။ ၿပီးေတာ့ ဝမ္အြန္း ရွီ႐ႊန္း ေနာက္လိုက္သြားသည္။
ရွီ႐ႊန္း ထြက္ေျပးေနေပမဲ့ ဒီအိမ္ထဲပဲျပန္ျပန္ေရာက္ေနသလိုခံစားရသည္။ အိမ္ဝန္းေတြအမ်ားႀကီးက တစ္ခုနဲ႔တစ္ခုဆက္ေနကာ ဝကၤပါလိုျဖစ္ေနသည္။ တံခါးေပါက္ေတြအမ်ားႀကီးျဖတ္လာၿပီးသည့္တိုင္ သူေနသည့္ အိမ္ဝန္းကိုသာျပန္ေရာက္ေနသည္။ ယူေဆာင္း က သူ႔အိမ္ေလး၏တံခါးေပါက္တြင္ မွီရပ္ေနကာ လက္ပိုက္ၿပီး သူ႔ကိုၾကည့္ေနသည္။ ရွီ႐ႊန္း ၾကည့္ေနမွန္းသိေတာ့ လက္ျပကာ ႏႈတ္ဆက္ေနသည္။ ရွီ႐ႊန္း ႏႈတ္ခမ္းေလးကိုက္ကာ ထပ္ေလွ်ာက္သြားဖို႔ျပင္လိုက္ေပမဲ့ ခႏၶာကိုယ္က မဟန္ေတာ့ကာ သတိလစ္သြားသည္။ ထိုအခါမွ ယူေဆာင္း အသည္းအသန္ေျပးကာ သြားေပြ႕ေတာ့သည္။
ဝမ္အြန္း ေရာက္လာေတာ့ သတိေမ့ေနၿပီျဖစ္ေသာ ရွီ႐ႊန္း ကိုျမင္လိုက္ရေသာေၾကာင့္
'ဒါက ဘယ္လိုျဖစ္တာလဲ'
'အြန္းေလး'
'သူကိုဂ႐ုစိုက္ဖို႔မွာထားတာကို'
'ေတာင္းပန္ပါတယ္'
ယူေဆာင္း မ်က္ႏွာငယ္ေလးနဲ႔ ေတာင္းပန္ၿပီး ရွီ႐ႊန္း ကိုေပြ႕ကာ အခန္းထဲေခၚသြားသည္။ ဝမ္အြန္း က အလုပ္သမားတစ္ေယာက္အား သမားေတာ္ႀကီးကိုေခၚခိုင္းလိုက္ၿပီး သူပါအထဲလိုက္ဝင္သြားသည္။
'ဘယ္လိုျဖစ္တာလဲ ယူေဆာင္း'
'သူက ထြက္ေျပးခ်င္ေနတယ္ေလ။ အဲ့ဒါေၾကာင့္ ဒီေနရာက ဘယ္လိုမ်ိဳးလဲသိေအာင္ ျပလိုက္တာ'
'သူ႔အေျခအေနက လႈပ္လႈပ္ရွားရွားေနလို႔သိပ္မေကာင္းေသးဘူးကို မင္းကေတာ့ေလ'
'အြန္းေလး ကလည္း'
ဝမ္အြန္း ယူေဆာင္း ကိုဆူေနေသာေၾကာင့္ ယူေဆာင္ မ်က္ႏွာႀကီးဆူပုတ္ကာ ကေလးေလးတစ္ေယာက္လို ေနေနသည္။
'အဲ့ႏႈတ္ခမ္းႀကီးကိုျပင္စမ္းပါ။ မင္းက ကေလးလား'
'အြန္းေလး ကဆူေနတာကို'
'အဆူခံရေအာင္လုပ္တာ ဘယ္သူလဲ။ အစားမစားရင္အားပ်က္သြားမွာစိုးလို႔ သူ႔ကိုလႊတ္တာကို ေမ့ေအာင္ပါ လုပ္ရလား'
'အဲ့ဒါက သူက ေခါင္းမာေနတာကို။ ေနာက္မေျပးရဲေအာင္လုပ္ရမွာေပါ့'
'မင္း......'
'မင္းသား ကြၽန္ေတာ္ေရာက္ပါၿပီ'
ဝမ္အြန္း ထပ္ေျပာဖို႔ျပင္လိုက္ေပမဲ့ သမားေတာ္ႀကီး ေရာက္လာေသာေၾကာင့္ ဘာမွဆက္မေျပာေတာ့ဘဲ သမားေတာ္ကိုသာေျပာလိုက္သည္။
'ရွီ႐ႊန္း မူးလဲသြားလို႔'
'ကြၽန္ေတာ္ၾကည့္ေပးပါ့မယ္'
သမားေတာ္ႀကီးက ရွီ႐ႊန္း ကို စမ္းသပ္ေနတုန္း ဝမ္အြန္း က အသံတိတ္ႏွင့္ဆူေနျပန္ေသာေၾကာင့္ ယူေဆာင္း မွာ မ်က္ႏွာေလးငယ္ကာ ေခါင္းေလးငုံ႔ထားသည္။
'စိတ္ပင္ပန္းတာေကာ အစာမစားတာေၾကာင့္ေကာ ေရာၿပီး အားပ်က္သြားတာပါ။ ကြၽန္ေတာ္ အားေဆးျပင္ခိုင္းလိုက္ပါမယ္'
'ႀကီးႀကီးမားမားမျဖစ္ရင္ေတာ္ေသးတာေပါ့။ သူကအေရးႀကီးတယ္။ သမားေတာ္ႀကီးလည္း သူ႔ကိုဂ႐ုစိုက္ေပးပါ'
'ၾကင္ယာေတာ္ကို ဂ႐ုစိုက္လိုက္ပါမယ္။ ေလာေလာဆယ္ မင္းသားလည္း ေဆးေသာက္ရပါမယ္'
'ကြၽန္ေတာ္က?ဘာလို႔လဲ။ ကြၽန္ေတာ္ေနေကာင္းပါတယ္'
'မင္းသားက အလုပ္ေတြပဲတအားလုပ္ေနေတာ့ အစားအေသာက္ပုံမွန္မျဖစ္လို႔ပါ။ ၿပီးေတာ့ အခုအခ်ိန္ကအေရးႀကီးတယ္။ အားေဆးေတြေသာက္ရပါမယ္။ မင္းသားအတြက္ေကာ ၾကင္ယာေတာ္အတြက္ပါ ျပင္ေပးမွာမို႔လို႔ ေသာက္ျဖစ္ေအာင္ေသာက္လိုက္ပါ'
ဝမ္အြန္း ဘာမွျပန္မေျပာေသာၾကာင့္ ယူေဆာင္း ကပဲ
'ကြၽန္ေတာ္ အြန္းေလးကို ေသခ်ာ ေဆးတိုက္လိုက္ပါမယ္'
'ဒါဆို မင္းသားကိုပဲ အားကိုးပါရေစ'
သမားေတာ္ႀကီးထြက္သြားသည္ႏွင့္ ဝမ္အြန္း က ကုတင္ေပၚတြင္ တင္ပလႊဲေလးထိုင္ကာ ရွီ႐ႊန္း ကိုၾကည့္ေနသည္။
ယူေဆာင္း က ဝမ္အြန္း မျပန္ေသးေသာေၾကာင့္
'မျပန္ေသးဘူးလား။ သူႏိုးလာလို႔ အြန္းေလး ကို ေတြ႕သြားဦးမယ္'
'ရတယ္။ တမင္ အသိေပးခ်င္လို႔'
'မေန႔ကေတာ့ ဖုံးထားမယ္ဆို'
ယူေဆာင္း အေျပာေၾကာင့္ ဝမ္အြန္း ရွီ႐ႊန္း ကိုၾကည့္ေနရင္း
'ထပ္ထြက္ေျပးမွာစိုးလို႔'
'အဲ့အတြက္မစိုးရိမ္ပါနဲ႔။ ငါ အေစာင့္ေတြနဲ႔ ေသခ်ာ ထားေပးပါမယ္'
ယူေဆာင္း စကားေၾကာင့္ ဝမ္အြန္း သေဘာက်စြာၿပဳံးလိုက္ၿပီး
'ရွီ႐ႊန္း ကို ဘယ္လိုထင္ေနတာလဲ။ မင္းခမည္းေတာ္ရဲ႕ ကိုယ္လုပ္ေတာ္ေလးေတြလို ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းေလးထင္ေနတာလား'
ဝမ္အြန္း စကားေၾကာင့္ ယူေဆာင္း သူ႔ေမ့ေနတာကိုသတိရသြားသည္။
'မေမ့နဲ႔။ ရွီ႐ႊန္း လက္ထဲမွာေသခဲ့ရတဲ့ မင္းတို႔စစ္သည္ေတြက နည္းတာမဟုတ္ဘူး။ ရွီ႐ႊန္း ရဲ႕ ကိုယ္ခံပညာက ငါ့ထက္မသာေပမဲ့ ညံ့ေတာ့မညံ့ဘူး။ သူအားျပန္ျပည့္တာနဲ႔ မင္းလူေတြက သူ႔ၿပိဳင္ဘက္မဟုတ္ေတာ့ဘူး'
'ဟုတ္သားပဲ။ အဲ့ဒါကိုေမ့သြားတယ္'
'အဲ့ဒါေၾကာင့္ ရွီ႐ႊန္း ကိုငါထိန္းမယ္'
'အြန္းေလး သေဘာပဲေလ။ ငါက အြန္းေလး မသိေစခ်င္ဘူးထင္လို႔ပါ'
'တစ္ခ်ိန္ခ်ိန္ေတာ့ သိရမွာပဲကို။ အေႏွးနဲ႔အျမန္ပဲကြာမွာ။ ၿပီးေတာ့ သူက ငါ့အတြက္အေရးႀကီးတယ္'
'အြန္းေလး သူ႔ကိုမုန္းေနတာမဟုတ္ဘူးလား'
'ငါသူ႔ကိုမုန္းေပမဲ့ မေသေစခ်င္ဘူး'
ဝမ္အြန္း က သူ႔အေပၚသစၥာေဖာက္ခဲ့သည့္ ရွီ႐ႊန္း ႏွင့္ ဂြၽန္ေျမာင္ ကို မုန္းေသာ္လည္း သတ္ေတာ့မသတ္ေပ။ ဒါက သူရဲ႕ စိတ္ေကာင္းေလးျဖစ္မည္ထင္သည္။
ထိုအခ်ိန္တြင္ အလုပ္သမားေလးတစ္ေယာက္ေရာက္လာကာ
'မင္းသား အိမ္ေရွ႕စံဆီမွာ ထားထားတဲ့ သူလွ်ိဳေရာက္လာပါတယ္'
ယူေဆာင္း ဝမ္အြန္း ကိုၾကည့္ေတာ့ ဝမ္အြန္း ကရွီ႐ႊန္း ကိုၾကည့္ကာ
'သူကို ေသခ်ာေစာင့္ေရွာက္ထား'
'ဟုတ္ကဲ့ မင္းသား'
ဝမ္အြန္း ႏွင့္ ယူေဆာင္း ထြက္သြားသည္။
ညေနခင္းေလာက္ေရာက္မွ ရွီ႐ႊန္း ႏိုးလာၿပီး သူအခန္းထဲပဲျပန္ေရာက္ေနတာေတြ႕ေသာအခါ ေသာင္းက်န္းေတာ့သည္။
အေစာင့္ေတြရဲ႕ ဓားကို ဆြဲလုကာ အျပင္ကိုေျပးထြက္သြားေပမဲ့ ေအာင္လာေသာ ဗိုက္ေၾကာင့္ ဗိုက္ကို ကိုင္ထားရင္း အေစာင့္ေတြကိုဓားနဲ႔ခ်ိန္ထားသည္။
ယူေဆာင္း က အရင္ေရာက္လာၿပီး ေတြ႕ေတာ့ ေအာ္ေတာ့သည္၊
'မင္း ထြက္ထြက္ေျပးေနတာကိစၥမရွိဘူး ဗိုက္ျပဳတ္မယ္ေနာ္'
'ျပဳတ္ပါေစ။ ငါ့ကေလးကို မင္းကိုေပးမဲ့အစား အေသပဲခံလိုက္မယ္'
ရွီ႐ႊန္း ဓားကို သူလည္ပင္းတြင္ ထားလိုက္တာေၾကာင့္ ယူေဆာင္း မ်က္လုံးျပဴးကာ
'မင္းဘာလုပ္ေနတာလဲ။ ႐ူးေနတာလား'
'ဟုတ္တယ္။ ငါ႐ူးေနၿပီ။ ငါ့ကိုမလႊတ္ေပးရင္ ဒီမွာငါ့ကိုငါသတ္ေသမွာ'
'မင္း!'
'ေသလိုက္'
ဝမ္အြန္း အေနာက္ကေနေရာက္လာကာ ေျပာလိုက္ေသာေၾကာင့္ ခုနကအထိ ေသာင္းက်န္းေနေသာ ရွီ႐ႊန္း ၿငိမ္က်သြားသည္။ ၿပီးေတာ့ သူ႔အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ခပ္တည္တည္နဲ႔ မ်က္ေမွာင္ႀကဳံ႔ကာၾကည့္ေနေသာ ဝမ္အြန္း ကိုေတြ႕လိုက္ရတာေၾကာင့္ ရွီ႐ႊန္း လန႔္ၿပီး ဓားပါလြတ္က်သြားသည္။
'မင္း...မင္းသား....က ဘယ္လို ျဖစ္ၿပီး'
'အံ့ၾသသြားတာလား'
ဝမ္အြန္း ရွီ႐ႊန္း ေျခေထာက္နားတြင္က်ေနေသာ ဓားကိုေကာက္ကာ ေမးလိုက္သည္။ ၿပီးေတာ့ ရွီ႐ႊန္း လည္ပင္းတြင္ ဓားေထာက္လိုက္ၿပီး
'ငါ့ကို ေယာလ္ေလး က တစ္ကယ္သတ္မယ္ထင္ေနတာလား'
'မျဖစ္ႏိုင္တာ'
'မျဖစ္ႏိုင္ဘူးဆိုရင္ မင္းအေရွ႕မွာငါရွိေနပါ့မလား'
ရွီ႐ႊန္း မ်က္ရည္ေတြဝဲလာသည္။ ဝမ္အြန္း က ရွီ႐ႊန္း မ်က္ရည္ေတြကိုၾကည့္ၿပီး ၿပဳံးကာ
'ငိုေတာင္ငိုေနၿပီလား။ သနားေတာင္သနားသြားၿပီ'
ဝမ္အြန္း ဓားကို အေစာင့္ထဲျပန္ပစ္ေပးလိုက္ၿပီး အခန္းထဲ အရင္ဝင္သြားသည္။ ရွီ႐ႊန္း က လိုက္မသြားဘဲ ရပ္ေနတာေၾကာင့္ ယူေဆာင္း ရွီ႐ႊန္း လက္ကိုဆြဲၿပီး အထဲေခၚသြားသည္။ ရွီ႐ႊန္း က႐ုန္းကန္ရင္းနဲ႔ပဲ ဝမ္အြန္း ေရွ႕ေရာက္သြားသည္။
ဝမ္အြန္း က ထိုင္ခုံတြင္ထိုင္ေနၿပီး ရွီ႐ႊန္း ကိုၾကည့္ေနသည္။
ဝမ္အြန္း အၾကည့္ေတြက ေအးစက္ေနတာေၾကာင့္ ရွီ႐ႊန္း လက္ဖ်ားေတြေတာင္ေအးလာသလို ခံစားလိုက္ရသည္။ သူ ဝမ္အြန္း ကိုအဲ့ေလာက္အထိေၾကာက္ပါသည္။
'ထိုင္ေလ ဘာရပ္လုပ္ေနတာလဲ'
ဝမ္အြန္း ေျပာေတာ့မွ ရွီ႐ႊန္း ထိုင္ခုံတြင္ ဝင္ထိုင္ေတာ့သည္။ ယူေဆာင္း က ရွီ႐ႊန္း ေဘးနားကထိုင္ခုံတြင္မထိုင္ဘဲ စားပြဲေပၚထိုင္တယ္ဆို႐ုံေလးထိုင္ကာ မွီေနသည္။
'ေမးစရာေတြရွိေနမွာကို ဘာလို႔ မေမးတာလဲ။ ေမးေလ'
ဝမ္အြန္း ေျပာေတာ့မွ ရွီ႐ႊန္း ေမးေတာ့သည္။
'မင္းသားက ဘယ္လိုလုပ္ၿပီး ဒီေရာက္ေနတာလဲ'
'ဒီကိစၥကေျပာရရင္ နည္းနည္ေတာ့ရွည္တယ္။ အတိုခ်ဳံ႔ေျပာရရင္ ေယာလ္ေလး က ငါ့ကိုသတ္ဟန္ေဆာင္ၿပီး တစ္ေနရာရာမွာ ဖြက္ထားမွာ။ အဲ့ဲဒါကို ငါသိေနလို႔ ယူေဆာင္း ကို လာေခၚခိုင္းလိုက္တာ'
'ဒါဆို မင္းသား ဒီေရာက္တာၾကာေနၿပီေပါ့'
'ဒါေပါ့'
ရွီ႐ႊန္း ေခါင္းေလးငုံ႔သြားကာ ေအာက္ႏႈတ္ခမ္းေလးကိုက္ၿပီး
'ဒါဆို ဘာလို႔ ကြၽန္ေတာ့္ကိုပါ ဖမ္းလာတာလဲ'
'ဘာလို႔လဲ။ ငါနဲ႔မေနခ်င္ဘူးလား'
ဝမ္အြန္း ေမးလိုက္ေတာ့ ရွီ႐ႊန္း ကေခါင္းခါျပကာ ယူေဆာင္း ကိုေမာ့ၾကည့္လိုက္ၿပီး
'မင္းသားက ကေလးကို ယူမယ္ေျပာေနလို႔'
'ကေလး?'
ဝမ္အြန္း ယူေဆာင္း ကိုၾကည့္လိုက္ေတာ့ ယူေဆာင္း က မ်က္ႏွာလႊဲကာ မသိခ်င္ေယာင္ေဆာင္ေနသည္။
'အဲ့ဒါေၾကာင့္ ထြက္ေျပးတာလား'
'ဘယ္လိုပဲျဖစ္ျဖစ္ အရွင္မင္းႀကီးကေလးေလ။ တျခားတိုင္းျပည္က လူလက္ထဲ မထည့္ေပးခ်င္လို႔ပါ'
'ယူေဆာင္း က ဘာလို႔ ကေလး ေတာင္းေနတာလဲ။ ၾကင္ယာေတာ္ ေျမႇာက္မလို႔လား'
ဝမ္အြန္း ေျပာလိုက္မွ ရွီ႐ႊန္း လန႔္သြားကာ မတ္တပ္ရပ္လိုက္သည္။ ယူေဆာင္း က ရွီ႐ႊန္း ပုခုံးကိုကိုင္ကာ ျပန္ထိုင္ေစလိုက္ၿပီး
'အသက္ေတာ့ ၂၅ႏွစ္ေလာက္ကြာေပမဲ့ အဆင္ေတာ့ေျပပါတယ္။ ငါလည္း ၾကင္ယာေတာ္မရွိဘူးဆိုေတာ့'
'မင္းသား ဘာလို႔ ဒီလိုေျပာရတာလဲ။ မင္းသား မင္းႀကီးကို ဘယ္ေလာက္ပဲမုန္းမုန္း ကေလးက အရွင္မင္းႀကီးရဲ႕ေသြးသားပါ။ လက္လႊတ္စပယ္မေျပာပါနဲ႔'
ရွီ႐ႊန္း ေဒါသထြက္ေနတာကိုၾကည့္ၿပီး ဝမ္အြန္း ရီေနကာ
'ေနာက္ေနတာပါ။ ယူေဆာင္းက ေမြးေတာင္မေမြးေသးတဲ့ ကေလးကို စိတ္ဝင္စားမယ္ထင္ေနတာလား'
'ဒါဆို ဘာလို႔ အဲ့လိုေျပာေနရတာပါလဲ'
'ေပ်ာ္လို႔'
'ဟင္'
'မင္းဘယ္ေလာက္ပဲ ငါနဲ႔ေဝးရာကိုေျပးေနပါေစ ေနာက္ဆုံးေတာ့ ငါ့လက္ထဲျပန္ေရာက္တာပဲေလ။ အဲ့ဒါေၾကာင့္ ၿငိမ္ၿငိမ္ေလးေနၿပီး ျပႆနာမရွာနဲ႔။ ငါဘာလုပ္မိမလဲ မသိဘူးေလ။ ငါ့အေၾကာင္း သိတယ္မို႔လား'
ေနာက္ဆုံးစာေၾကာင္းကိုေတာ့ ဝမ္အြန္း ရွီ႐ႊန္း ကိုေသခ်ာစိုက္ၾကည့္ၿပီး ေမးလိုက္ျခင္းေပ။ ရွီ႐ႊန္း ဝမ္အြန္း ၏ဆိုလိုရင္းကို နားလည္သြားၿပီး ေခါင္းေလးငုံ႔သြားသည္။
'အစားကိုပုံမွန္စား။ ဗိုက္ကသာပူေနတာ လူက အ႐ိုးပဲက်န္ေတာ့တယ္။ ကလန္ကဆန္မလုပ္နဲ႔ေနာ္။ ဒီမွာ ငါရွိေနမွာ'
'ဟုတ္ကဲ့ မင္းသား'
'စားခ်င္တာရွိရင္ ေျပာၿပီး လုပ္ခိုင္း'
'ဟုတ္ကဲ့'
ရွီ႐ႊန္း က်ခ်င္ေနေသာ မ်က္ရည္ေတြကို ႏႈတ္ခမ္းေလးကိုက္ကာ ထိန္းေနရင္း ေျပာလိုက္သည္။
'အဲ့ဒါဆို ငါသြားၿပီ။ ခဏေနရင္ စားစရာနဲ႔ ေဆးလာပို႔လိမ့္မယ္။ ေသခ်ာစားၿပီး ေဆးေသာက္'
'ဟုတ္ကဲ့ နားလည္ပါၿပီ'
'အင္း'
ထို႔ေနာက္ ဝမ္အြန္း အျပင္ကိုထြက္သြားသည္။ ယူေဆာင္း လည္း ဝမ္အြန္း ေနာက္ကို ေျပးလိုက္သြားသည္။
ဝမ္အြန္း နဲ႔ ယူေဆာင္း ထြက္သြားမွ ရွီ႐ႊန္း အားရပါးရငိုခ်ေတာ့သည္။
~~~~~~~~~~~~THE THRONE~~~~~~~~~~~
ရွီလာနန္းေတာ္
ဝမ္ေယာလ္ တစ္ေနကုန္ အားလပ္ခ်ိန္မရွိေအာင္ အလုပ္ေတြလုပ္ၿပီး ညေရာက္ခ်ိန္တြင္ ပန္းခ်ီဆြဲေနတုန္း အထိန္းေတာ္ႀကီးဝင္လာၿပီး
'မင္းႀကီး အိပ္ခ်ိန္ေရာက္ပါၿပီ'
'အခ်ိန္က အဲ့ေလာက္ေတာင္ရွိသြားၿပီလား'
'ဟုတ္ပါတယ္ မင္းႀကီး'
'ဒါဆိုလည္း အိပ္ယာျပင္လိုက္ေတာ့ေလ'
'ဟုတ္ကဲ့မင္းႀကီး။ ဒါနဲ႔ ဒီညေကာ စာၾကည့္ေဆာင္မွာပဲ အိပ္မွာလား မင္းႀကီး'
အထိန္းေတာ္ႀကီး ေမးခြန္းေၾကာင့္ ဝမ္ေယာလ္ တစ္ခုခုကိုေလးေလးနက္နက္စဥ္းစားသြားၿပီး
'ဟုတ္တယ္။ ဒီမွာပဲျပင္လိုက္ပါ'
'ဒါေပမဲ့ မင္းႀကီး ဒီမွာ အိပ္တဲ့ရက္ေတြမ်ားေနပါၿပီ။ ေနထိုင္ရအဆင္မေျပျဖစ္မွာစိုးလို႔ တစ္ရက္ေလာက္ေတာ့ အေဆာင္ေတာ္ကိုျပန္အိပ္ပါလား'
အထိန္းေတာ္ႀကီးစကားေၾကာင့္ ဝမ္ေယာလ္ ပန္းခ်ီထဲကလူကိုၾကည့္ကာ
'မအိပ္ေတာ့ပါဘူး။ အဲ့မွာဆိုရင္ ပိုလြမ္းေနလိမ့္မယ္'
'ဒါေပမဲ့....'
'ကိုယ္ေတာ္ေျပာသလိုပဲလုပ္ပါ'
'ဟုတ္ကဲ့ မင္းႀကီး'
အထိန္းေတာ္ႀကီး မ်က္ႏွာမေကာင္းစြာ ျပန္ေျဖလိုက္ၿပီး ဝမ္ေယာလ္ ဆြဲလက္စ ပန္းခ်ီအားၾကည့္လိုက္သည္။
အၾကည့္စူးစူရဲရဲေတြက အမုန္းေတြဘယ္ေလာက္ထိျပည့္ႏွက္ေနမွန္း သိသာလြန္းေသာ ပန္းခ်ီကားျဖစ္သည္။ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းပါးႏွင့္ မ်က္ခုံးတို႔တြန႔္ခ်ိဳးေနပုံက တစ္ကယ္ကို ဝမ္အြန္း အား အျပင္မွာေတြ႕လိုက္ရသလို ၾကက္သီးေတြပင္ထသြားသည္အထိ ခံစားလိုက္ရသည္။ ဝမ္ေယာလ္ ပန္းခ်ီပညာသည္ ထိုမွ်အထိ ေကာင္းလြန္းသည္။ ညတိုင္း မအိပ္ခင္ ဝမ္ေယာလ္ လုပ္ေသာအလုပ္သည္ ဝမ္အြန္း ပုံကို ပန္းခ်ီဆြဲျခင္းျဖစ္သည္။ ေန႔ခင္ဘက္ေတြအားလွ်င္လည္း ပန္းခ်ီပဲထိုင္ဆြဲေနျပန္သည္။ အနားတြင္ရွိတုန္းကသာ အသားကုန္အႏိုင္ယူေနတာ အေဝးေရာက္ေတာ့မွ အသားကုန္လြမ္းေနၿပီထင္ပါရဲ႕။
အထိန္းေတာ္ႀကီးက အပ်ိဳေတာ္ေတြအား သလြန္ေပၚ
မွာ အိပ္ယာကိုျပင္ခိုင္းၿပီးေနာက္ ဝမ္ေယာလ္ ကိုၾကည့္လိုက္ေတာ့ ဝမ္ေယာလ္ က ပန္းခ်ီေပၚ
ကေဆးေတြေျခာက္ေအာင္ေစာင့္ေနသည္။ ၿပီးမွာ ေ႐ႊေရာင္ ပန္ခ်ီကားလိပ္ထဲထည့္ကာ ဗီ႐ိုထဲတြင္ ထည့္သိမ္းျပန္သည္။
'ၿပီးသြားၿပီလား'
'ဟုတ္ကဲ့ ၿပီးသြားပါၿပီ'
'မအိပ္ခင္လမ္းေလးထြက္ေလွ်ာက္ရေအာင္'
'ဟုတ္ကဲ့ပါ မင္းႀကီး'
ဝမ္ေယာလ္ ႏွင့္ အထိန္းေတာ္ႀကီး ႏွစ္ေယာက္တည္း အျပင္ကို လမ္းေလွ်ာက္ထြက္လာၾကသည္။ လေရာင္ေၾကာင့္ လင္းထိန္ေနေသာေကာင္းကင္ကိုၾကည့္ကာ
'အရင္တုန္းက ရွီ႐ႊန္း နဲ႔အတူ လေရာင္ေအာက္မွာ စကားေျပာရင္း လမ္းေလွ်ာက္ဖူးတယ္။ စစ္ေရးစစ္ရာနဲ႔ပက္သက္ၿပီး ရွီ႐ႊန္း နဲ႔တိုင္ပင္တာက အရမ္းကို အဆင္ေျပတယ္'
'ၾကင္ယာေတာ္ရွီ႐ႊန္း ျဖစ္သြားတာက တစ္ကယ့္ကိုဝမ္နည္းစရာကိစၥပါ။ မဟုတ္ရင္ တစ္ကယ္ကို အရမ္းေတာ္တဲ့ စစ္သူႀကီးျဖစ္ေနမွာပါ'
အထိန္းေတာ္ႀကီးစကားကို ဝမ္ေယာလ္ ကနားလည္သည့္ဟန္ ဝမ္းနည္းစြာၿပဳံးသည္။
'ေဆာႏို ကိုလည္း လျပည့္ညပြဲေတာ္မွာ ပထမဦးဆုံးစေတြ႕ခဲ့တာ'
ဝမ္ေယာလ္ အၾကည့္ေတြက အတိတ္ကိုသတိရသြားဟန္ ဝမ္းနည္းသြားသည္။
'အဲ့တုန္းက အြန္းေလး ကို မုန္းမယ္ဆိုၿပီး မုန္းမရလို႔ စိတ္တိုေနခ်ိန္ ေဆာႏို ကိုစေတြ႕ခဲ့တာ။ အြန္းေလး ကို ခ်စ္တဲ့စိတ္ကို သူ႔ဆီကိုေျပာင္းၿပီး အစားထိုးခဲ့တာ'
ဝမ္ေယာလ္ ကေျပာရင္း နာနာက်င္က်င္ၿပဳံးသည္။
'ျပန္ေတြးၾကည့္ရင္ ကိုယ္ေတာ္က ေတာ္ေတာ္မေကာင္းတဲ့သူပဲ'
'ဒါေတြက အတိတ္ကျဖစ္ရပ္ေတြပါ'
'အတိတ္ကျဖစ္ရပ္ေပမဲ့ အဲ့အမွားေၾကာင့္ပဲ ေဆာႏို ေသခဲ့ရတာ။ အမွန္ဆိုရင္ သူ႔ကို ဆြဲမထည့္ခဲ့သင့္ဘူး'
'မင္းႀကီးက မိဖုရားကို အစားထိုးခ်စ္ခဲ့ေပမဲ့ တစ္ကယ္တမ္းက်ေတာ့ ၾကင္ယာေတာ္မင္းသားကို မေမ့ႏိုင္ဘူးမဟုတ္လား'
'အဲ့တုန္းက အခ်စ္နဲ႔အမုန္း ဒြန္တြဲေနတာ။ ေနာက္ေတာ့ အစ္ကိုေတာ္ေတြက ပုန္ကန္ဖို႔အေၾကာင္းေျပာတယ္။ အြန္းေလး ကို မထိခိုင္ေစခ်င္တာနဲ႔ ကိုယ္ေတာ္ပဲ ထီးနန္းယူဖို႔ေျပာလိုက္ၿပီး ေနာက္မွ အြန္းေလး ကို အပိုင္သိမ္းခဲ့တာ။ အဲ့တုန္းက ေတြးထားတာက အြန္းေလး ဆီကအခ်စ္ကို ကိုယ့္ေတာ္ဆီမွာ က်ရႈံးေစခ်င္တာ။ထီးနန္းေကာ လူေကာ အခ်စ္ေကာ အပိုင္လိုခ်င္ခဲ့တာ။ ဒါေပမဲ့ အခ်ိန္ၾကာလာေတာ့ အြန္းေလး အေပၚမမုန္းေတာ့ဘဲ အခ်စ္ေတြကပဲပိုၿပီး အားသာလာတယ္။ အဲ့ေတာ့ ကာကြယ္ေပးခ်င္လာတယ္ အြန္းေလး ရဲ႕ရန္သူေတြဆီကေန။ ထီးနန္းကိုလည္း အြန္ေလး ကို ျပန္မေပးသည့္တိုင္ေအာင္ အုပ္စိုးေစခ်င္တယ္။ ႏွစ္ေယာက္အတူတူ ရွီလာကို အုပ္ခ်ဳပ္ခ်င္ခဲ့တာ။ ဒါေပမဲ့ ေနာက္က်သြားၿပီ'
ဝမ္ေယာလ္ က ေခါင္းကိုေမာ့ၿပီး မ်က္ရည္ေတြသိမ္းလိုက္သည္။ သူ ဘာလို႔ ဒါေတြကိုေျပေနမိလဲ မသိေပ။
ဝမ္ေယာလ္ အတၱႀကီးမႈေၾကာင့္ ဝမ္အြန္း မုန္းသြားရတာကိုေတာ့ အထိန္းေတာ္ႀကီး မေျပာလိုက္ေပ။
'တစ္ကယ္ကိုပဲ ေနာင္တဆိုတာ ေနာင္မွရတာပဲ'
ညေကာင္းကင္တြင္ ၾကယ္ေတြအမ်ားႀကီးရွိေပမဲ့ တစ္ေယာက္တည္းရွိေနေသာ လမင္းအတြက္ ဝမ္းနည္းစရာေကာင္းလြန္းသည္။ ေကာင္းကင္တြင္ ေနလည္းတစ္စင္းပဲရွိသလို လလည္း တစ္ခုပဲရွိသည္။ ထို႔အတူ ရာဇာပုလႅင္မွာ ထိုင္ရမည့္သူကလည္း တစ္ဦ
းတည္းသာရွိသည္။
အရင္တုန္းက သူ႔ေဘးနားတြင္ အၿမဲရန္လိုေနတတ္ေသာ ဝမ္အြန္း၊ အားလုံးကို နားလည္ေပးတတ္ေသာ ေဆာႏို နဲ႔ သူ႔ကိုကူညီေပးတတ္ေသာ ရွီ႐ႊန္း ရွိသည့္တိုင္ေအာင္ အခုေတာ့ သူတစ္ေယာက္တည္းသာက်န္ေနခဲ့သည္။
အရမ္းကိုအထီးက်န္စရာေကာင္းလြန္းလွသည္။ ဝမ္အြန္း ၏ လက္စားေခ်မႉ
က သိပ္ကို လွပခဲ့ပါသည္။
~~~~~~~~~~~~
ယူေဆာင္း အိမ္ေတာ္
မိုးလင္းေတာ့ ဝမ္အြန္း က သူ႔အတြက္ျပင္ေပးထားေသာ စားစရာေတြကိုၾကည့္ၿပီး အန္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။ စားလို႔မဝင္တဲ့အဆုံး အကုန္လုံးကို ျပန္သိမ္းခိုင္းလိုက္ရသည္။
'အြန္းေလး ဘာမွမစားဘူးဆို'
ယူေဆာင္း ပုံစံၾကည့္ရတာ ဝမ္အြန္း ဘာမွမစားတာကိုၾကားၿပီး ခ်က္ခ်င္းေရာက္လာပုံပင္။
ကုတင္ေပၚတြင္လွဲေနေသာ ဝမ္အြန္း ကို ထိုင္ေစလိုက္ၿပီး ပါးေလးကိုကိုင္ကာ
'ဘယ္လိုျဖစ္တာလဲ အြန္းေလး ရယ္။ တစ္ညတည္းနဲ႔ ပိန္သြားလိုက္တာ'
'ငါ ဘာမွမျဖစ္ပါဘူး'
'မ်က္ႏွာတစ္ခုလုံးဒီေလာက္ထိ ျဖဴေဖ်ာ့ေနတာ ဘာမွမျဖစ္ဘူးတဲ့လား'
ယူေဆာင္း ကေျပာရမွာ အားနာေနဟန္ျဖင့္
'ဟို..ကိုယ္ဝန္ေၾကာင့္လား'
'ဟုတ္မယ္ထင္တယ္'
ဝမ္အြန္း အၾကည့္ေတြက ေတာင္စဥ္ေရမရျဖစ္ေနေသာေၾကာင့္
'တစ္ခုခုအတင္မေျပတာရွိရင္ေျပာေလ။ ငါ အားလုံးလုပ္ေပးမယ္'
'ဒါေပမဲ့...'
ဝမ္အြန္း ၏ အားနာေိေသာအၾကည့္ေၾကာင့္ ယူေဆာင္း ၿပဳံးကာ
'အခုအခ်ိန္မွာ အြန္းေလး အနားမွာ ငါပဲရွိတာေလ။ ၿပီးေတာ ငါတို႔ကသူငယ္ခ်င္းေတြေလ ။ ငါ့ကို မေျပာလို႔ ဘယ္သူ႔ကိုေျပာမွာလဲ'
'မင္းေျပာတာလည္း မွန္ပါတယ္။ ဒါေပမဲ့ ငါ...ငါ ရွက္လို႔'
ဝမ္အြန္း ေခါင္းေလးငုံ႔သြားသည္။
'မရွက္ပါနဲ႔။ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ အြန္းေလးက ကိုယ္ရဲ႕ အခ်စ္ဆုံး......သူငယ္ခ်င္းပါ'
ခက္ခက္ခဲခဲ ေျပာလိုက္ရသည့္ သူငယ္ခ်င္းဆိုသည့္စကား၏ နာက်င္မႈကို ယူေဆာင္း ခံစားလိုက္ရသည့္တိုင္ေအာင္ ဝမ္အြန္း ကိုေတာ့ အလွပဆုံးျပန္ၿပဳံးျပေနခဲ့သည္။
'အင္းပါ။ ငါသိပါတယ္။ အမွန္ေတာ့ ငါ မယ္ေတာ္လုပ္ေကြၽးတဲ့မုန႔္စားခ်င္ေနတာ'
'မယ္ေတာ္လုပ္ေကြၽးတဲ့မုန႔္လား။ ဒီမွာေတာ့ အဲ့မုန႔္လုပ္တတ္တဲ့သူမရွိဘူး'
'ငါလုပ္တတ္တယ္'
'အြန္းေလး ကလား'
'အင္း။ အဲ့ဒါေၾကာင့္ ငါ စားဖိုေဆာင္ဝင္မလို႔'
'အြန္းေလး ပင္ပန္းေနဦးမယ္။ လုပ္နည္းေျပာေလ။ ကိုယ္ အလုပ္သမားေတြကို ခိုင္းလိုက္မယ္'
ယူေဆာင္းအေျပာကို ဝမ္အြန္း ေခါင္းခါျပလိုက္ၿပီး
'ရတယ္ ငါကိုယ္တိုင္ လုပ္စားခ်င္လို႔'
'အဲ့လိုဆိုလည္း ၿပီးေရာေလ။ ဒါေပမဲ့ ငါကေတာ့ ေဘးနားကေနကူမွာေနာ္'
'အင္း'
'သြားမယ္'
ၿပီးေနာက္ ယူေဆာင္း ဝမ္အြန္း ကို ေခၚၿပီး ထြက္သြားသည္။
ၥစားဖိုေဆာင္ထဲေရာက္ေတာ့ ဝမ္အြန္း က ဂ်ဳံမႈန႔္ေတြကို ဇကာေလးနဲ႔ စစ္ခ်ေနသည္။ ယူေဆာင္းက ေဘးနားကေန လိုတာေလးေတြရွာယူေပးရင္း ဂ်ဳံမႈန္ဆီအာ႐ုံစိုက္ေနေသာ ဝမ္အြန္း ကိုၾကည့္ေနသည္။
ေဘးေစာင္းျမင္ေနရေသာ ဝမ္အြန္း ၏ ပါေလးေတြသည္ ပန္းေရာင္ေလးသမ္းေနကာ ဖိနမ္းခ်င္စဖြယ္ေကာင္းလွသည္။ ႏွာေခါင္းလုံးလုံးေလးနဲ႔ မ်က္လုံးေမွးေမွးေလးက ဝမ္အြန္း ၏ ခ်စ္စရာေကာင္းမႈေတြကို ပိုၿပီး ေပၚလြင္ေအာင္ ပံ့ပိုးေပးထားသည္။
ယူေဆာင္း ၾကည့္ေနရင္း ခ်စ္မဝျဖစ္ေနသည္။
႐ုတ္တရက္ ယူေဆာင္းက ေဘးနားက်ေနေသာ ဂ်ဳံမႈန႔္ေတြနဲ႔ ဝမ္အြန္း မ်က္ႏွာကိုသုတ္လိုက္သည္။
'ဘာလုပ္တာလဲ'
ဝမ္အြန္း အစကေၾကာင္ေတာင္ေတာင္ျဖစ္သြားေပမဲ့ စပ္ၿဖဲၿဖဲ ယူေဆာင္း ႐ုပ္ကိုေတြ႕မွ သူ႔ကိုစေနမွန္းသိၿပီး ပါ ျပန္လုပ္ေတာ့သည္။ ႏွစ္ေယာက္သား ဂ်ဳံမႈန႔္ေတြနဲ႔ ေဆာ့ေနတာ ေန႔တစ္ဝက္က်ိဳးေတာ့မွ မုန႔္ကိုစလုပ္ျဖစ္ေတာ့သည္။
ေပလူးေနေသာ ဝမ္အြန္း ကိုၾကည့္ကာ ယူေဆာင္း ၿပဳံးလိုက္သည္။ သူ႔ဆီေရာက္ကတည္းက အရီအၿပဳံးမရွိေတာ့ေသာ ဝမ္အြန္း အား ရယ္ၿပဳံးေစရန္ ဘာလုပ္ရမလဲဟု အမ်ားႀကီးေခါင္းေျခာက္ေအာင္စဥ္းစားခဲ့ရတာ။ အခုေတာ့ စဥ္းစားရက်ိဳးနပ္သြားၿပီ။ ဘာလို႔လဲဆိုေတာ့ ယူေဆာင္း က ဝမ္အြန္း အၿပဳံးေလးကို အရမ္းျမတ္ႏိုးသူ ျဖစ္ေနေသာေၾကာင့္ေပ။
သူ႔အခ်စ္က ပိုင္ဆိုင္ဖို႔ဆိုတာထက္ ခ်စ္ေနတဲ့သူ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေနဖို႔ကိုပဲ လိုလားခဲ့တာ။
သူ႔အခ်စ္က စုံလုံးကမ္းသည္။ ခ်စ္ေသာသူ ဘယ္လိုအေျခအေနပဲေရာက္ေရာက္ ျမတ္ႏိုးမဝခ်စ္ေနတုန္းပင္။
ယူေဆာင္း ပိုင္ဆိုင္ခြင့္မရွိေသာ ဝမ္အြန္း အား ၾကည့္ရင္း နာက်င္စြာၿပဳံးလိုက္သည္။ ခ်စ္ရသူ၏ ဗိုက္ထဲက ကေလးပါ သူ အျပစ္မျမင္ဘဲ ခ်စ္ေနဦးမည္ထင္သည္။
·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·
ဖရန႔္ဇုန္ကေနမထြက္ႏိုင္တဲ့ ယူေဆာင္း ေလး
[Unicode]
The Throne (ရာဇာပုလ္လင်)
အပိုင်း-၃၈
ဘတ်ဂျယ် တိုင်းပြည်
ဝမ်အွန်း နဲ့ ယူဆောင်း ဘတ်ဂျယ်အမတ်တွေအကြောင်းဆွေးနွေးနေတုန်း သမားတော်ကြီးဝင်လာခဲ့သည်။
'မင်းသား'
'ကိစ္စရှိလို့လား'
ဝမ်အွန်း စာလိပ်တွေကြည့်နေရာမှ သမားတော်ကြီးကိုကြည့်ပြီး မေးလိုက်တော့ ယူဆောင်း ကပါ သမားတော်ကြီးကိုကြည့်လာသည်။
'ကြင်ယာတော်က ဘာမှမစားဘူး မင်းသား။ ပို့ပေးတဲ့အစားအသောက်တွေကို မစားတဲ့အပြင် အတင်းကျွေးရင် လွင့်ပါပစ်နေတယ်'
'ဟုတ်လား'
'ဘယ်လိုလုပ်မလဲ အွန်းလေး'
'မင်းသွားပြီးတော့ ခြိမ်းခြောက်တာဖြစ်ဖြစ်လုပ်လိုက်'
'အဲ့ဒါဆို ကိုယ်သွားလိုက်မယ်။ အွန်းလေး က ဒါတွေအရင်ကြည့်ထားနှင့်'
'အင်း'
ယူဆောင်း နှင့် သမားတော်ကြီး ထွက်သွားမှ ဝမ်အွန်း ပြတင်းပေါက်တွင် နားနေသော ငှက်လေးဆီသွားကာ ခြေထောက်ထဲထည့်ထားသော ကျည်လေးထဲမှ စာလိပ်ငယ်အား ယူထုတ်လိုက်သည်။
~~~~~~~
ရှီရွှန်း ပြတင်းပေါက်တွင်ရပ်ကာ အပြင်ကိုကြည့်နေသည်။ သူရောက်နေသည်မှာ တောအုပ်ထဲရှိ အပန်းဖြေအိမ်မျိုးဖြစ်မည်ထင်သည်။ ဝါးစိမ်းတွေနဲ့ဆောက်ထားသော အိမ်ခန်းတွဲပုံစံမျိုးဖြစ်ပြီး ဥယျာဉ်ငယ်ထဲတွင် ရေတံခွန် အသေးစားလေးလည်းရှိနေသည်။ ပန်းမျိုးစုံအနံ့က အိမ်ခန်းထဲရောက်သည်အထိ မွှေးပျံ့နေသည်။ အနောက်ဘက်တွင်တော့ လျှောက်လမ်းကို ပန်းနွယ်တွေခြံရံထားပြီး ဘေးနားတွင် ရေကန်တစ်ခုနှင့် ကျောက်ဥယျာဉ်တစ်ခုရှိနေသည်။ ရေကန်အလယ်တွင် ဇရပ်လေးတစ်ခုရှိပြီး ရှီလာနန်းတော်ထဲက ဝမ်အွန်း ထိုင်နေတတ်သည့် ဇရပ်နဲ့ ဆင်တူပုံစံငယ်ဖြစ်သည်။ ကျောက်ဥယျာဉ်တွင်တော့ ကျောက်စားပွဲတစ်ခုနှင့် ထိုင်ခုံသုံးခုရှိနေသည်။ ထိုနေရာကနေဆက်သွားရင် နောက်ထပ်ခြံတစ်ခုရှိပြီး သူနေသောနေရာထက်ပိုပြီးကျယ်ဝန်းမည်ထင်သည်။ အဆောင်တော်တွေလည်းကြီးပြီး ပုံစံကသူနေနေသောနေရာလို ဝါးစိမ်းလေးတွေနှင့် ဆောက်ထားသည်။ ကြည့်ရတာ အိမ်တော်တစ်ခုတည်းကိုမှ နှစ်ခြံခွဲထားသည်ထင်သည်။
ရှီရွှန်း အိမ်တော်ဖွဲ့စည်းပုံကို တွေးနေတုန်း ယူဆောင်း ဝင်လာသည်။
'ထွက်ပြေးဖို့တွေးနေတာလား'
ယူဆောင် ထိုင်ခုံတွင် ထိုင်လိုက်ပြီး ရေနွေးကြမ်းငှဲ့သောက်နေသည်။ ရှီရွှန်း မျက်နှာကို တင်းထားလိုက်ပြီး
'ပြေးလို့ရရင်ပြေးမှာပေါ့။ ဒီအတိုင်းထိုင်နေပြီး ကလေးပေးရမှာထက်စာရင် ထွက်ပြေးတာမှ ပိုကောင်းဦးမယ်'
ရှီရွှန်း စကားကြောင့် ယူဆောင်း ကရယ်သည်။
'မင်းပြေးချင်ရင်တောင် အခုအခြေအနေနဲ့ ခြံဝန်းအပြင်တောင်ရောက်မှာမဟုတ်ဘူး'
ယူဆောင်း ရှီရွှန်း ကိုကြည့်လိုက်တော့ သူ့ကို ဒေါသထွက်နေပုံရသည့် အကြည့်တွေနဲ့ တိုးသည်။ နယ်နှင်ဒဏ်ပေးခံရသည်အပြင် မိသားစုလိုက် သေဒဏ်ပေးခံလိုက်ရသောကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေသော ရှီရွှန်း သည် နှုတ်ခမ်းလေးတွေဖြူကာ စက္ကူလေးတစ်ရွက်လို့ ပျော့ဖက်နေသည်။ ထို့အပြင် ရောက်တာ တစ်ရက်ပဲရှိသေးပေမဲ့ ခေါင်းမာကာ ဘာမှမစားမသောက်ဘဲနေနေသောကြောင့် မတ်တပ်ရပ်နေနိုင်တာကိုပဲ ကျေးဇူးတင်ရမလိုပင်။
ယူဆောင်း ပြောတာကို ရှီရွှန်း နားလည်သည်။ ဒါပေမဲ့ သူ့မာနကလည်းရှိသေးသည်။ အဖမ်းခံလာရသည့်အပြင် ရည်ရွယ်ချက်က သူ့ကလေးလိုချင်နေတော့ ရှီရွှန်း ရေသောက်ရမည်ကိုတောင် မသတီတော့ပေ။
'အဲ့ဒါငါ့ကိစ္စပါ။ မင်းနဲ့မဆိုင်ဘူး'
'ကောင်းပြီလေ သွား....တံခါးဖွင့်ထားတယ်'
ယူဆောင်း ဖွင့်ထားသောတံခါးအား လက်ညှိုးထိုးပြလိုက်သည်။
'သွားလေ'
ရှီရွှန်း ယူဆောင်း စကားအား ပြန်တောင်မပြောတော့ဘဲ အပြင်ကိုပြေးထွက်သွားသည်။
အရှေ့ဘက်တံခါးဆီပြေးပေမဲ့ နောက်ထပ် ပုံစံတူ အိမ်ဝန်းကိုထပ်တွေ့လိုက်ရသောကြောင့် ရှီရွှန်း ထိုအိမ်ဝန်းတွင်တော့ အနောက်ဘက်ကို ဦးတည်ပြီး ပြေးထွက်သွားလိုက်သည်။ ဒါပေမဲ့ ထပ်ပြီး ပုံစံတူအိမ်ဝန်းတွေကိုတွေ့ရပြန်သည်။
ဝမ်အွန်း စာပို့ငှက်ဆီက စာဖတ်နေတုန်း ရှီရွှန်း ပြေးထွက်သွားတာကိုမြင်လိုက်ရတာကြောင့်
'ယူဆောင်း ဘာတွေလုပ်နေတာလဲ'
ဝမ်အွန်း စာရွက်ခေါက်လေးကိုသိမ်းလိုက်ပြီး စာတစ်စောင်ကို ငှက်ခြေထောက်ထဲကျည်လေးထဲထည့်လိုက်ပြီး အစာကျွေးကာ ပြန်လွှတ်ပေးလိုက်သည်။ ပြီးတော့ ဝမ်အွန်း ရှီရွှန်း နောက်လိုက်သွားသည်။
ရှီရွှန်း ထွက်ပြေးနေပေမဲ့ ဒီအိမ်ထဲပဲပြန်ပြန်ရောက်နေသလိုခံစားရသည်။ အိမ်ဝန်းတွေအများကြီးက တစ်ခုနဲ့တစ်ခုဆက်နေကာ ဝင်္ကပါလိုဖြစ်နေသည်။ တံခါးပေါက်တွေအများကြီးဖြတ်လာပြီးသည့်တိုင် သူနေသည့် အိမ်ဝန်းကိုသာပြန်ရောက်နေသည်။ ယူဆောင်း က သူ့အိမ်လေး၏တံခါးပေါက်တွင် မှီရပ်နေကာ လက်ပိုက်ပြီး သူ့ကိုကြည့်နေသည်။ ရှီရွှန်း ကြည့်နေမှန်းသိတော့ လက်ပြကာ နှုတ်ဆက်နေသည်။ ရှီရွှန်း နှုတ်ခမ်းလေးကိုက်ကာ ထပ်လျှောက်သွားဖို့ပြင်လိုက်ပေမဲ့ ခန္ဓာကိုယ်က မဟန်တော့ကာ သတိလစ်သွားသည်။ ထိုအခါမှ ယူဆောင်း အသည်းအသန်ပြေးကာ သွားပွေ့တော့သည်။
ဝမ်အွန်း ရောက်လာတော့ သတိမေ့နေပြီဖြစ်သော ရှီရွှန်း ကိုမြင်လိုက်ရသောကြောင့်
'ဒါက ဘယ်လိုဖြစ်တာလဲ'
'အွန်းလေး'
'သူကိုဂရုစိုက်ဖို့မှာထားတာကို'
'တောင်းပန်ပါတယ်'
ယူဆောင်း မျက်နှာငယ်လေးနဲ့ တောင်းပန်ပြီး ရှီရွှန်း ကိုပွေ့ကာ အခန်းထဲခေါ်သွားသည်။ ဝမ်အွန်း က အလုပ်သမားတစ်ယောက်အား သမားတော်ကြီးကိုခေါ်ခိုင်းလိုက်ပြီး သူပါအထဲလိုက်ဝင်သွားသည်။
'ဘယ်လိုဖြစ်တာလဲ ယူဆောင်း'
'သူက ထွက်ပြေးချင်နေတယ်လေ။ အဲ့ဒါကြောင့် ဒီနေရာက ဘယ်လိုမျိုးလဲသိအောင် ပြလိုက်တာ'
'သူ့အခြေအနေက လှုပ်လှုပ်ရှားရှားနေလို့သိပ်မကောင်းသေးဘူးကို မင်းကတော့လေ'
'အွန်းလေး ကလည်း'
ဝမ်အွန်း ယူဆောင်း ကိုဆူနေသောကြောင့် ယူဆောင် မျက်နှာကြီးဆူပုတ်ကာ ကလေးလေးတစ်ယောက်လို နေနေသည်။
'အဲ့နှုတ်ခမ်းကြီးကိုပြင်စမ်းပါ။ မင်းက ကလေးလား'
'အွန်းလေး ကဆူနေတာကို'
'အဆူခံရအောင်လုပ်တာ ဘယ်သူလဲ။ အစားမစားရင်အားပျက်သွားမှာစိုးလို့ သူ့ကိုလွှတ်တာကို မေ့အောင်ပါ လုပ်ရလား'
'အဲ့ဒါက သူက ခေါင်းမာနေတာကို။ နောက်မပြေးရဲအောင်လုပ်ရမှာပေါ့'
'မင်း......'
'မင်းသား ကျွန်တော်ရောက်ပါပြီ'
ဝမ်အွန်း ထပ်ပြောဖို့ပြင်လိုက်ပေမဲ့ သမားတော်ကြီး ရောက်လာသောကြောင့် ဘာမှဆက်မပြောတော့ဘဲ သမားတော်ကိုသာပြောလိုက်သည်။
'ရှီရွှန်း မူးလဲသွားလို့'
'ကျွန်တော်ကြည့်ပေးပါ့မယ်'
သမားတော်ကြီးက ရှီရွှန်း ကို စမ်းသပ်နေတုန်း ဝမ်အွန်း က အသံတိတ်နှင့်ဆူနေပြန်သောကြောင့် ယူဆောင်း မှာ မျက်နှာလေးငယ်ကာ ခေါင်းလေးငုံ့ထားသည်။
'စိတ်ပင်ပန်းတာကော အစာမစားတာကြောင့်ကော ရောပြီး အားပျက်သွားတာပါ။ ကျွန်တော် အားဆေးပြင်ခိုင်းလိုက်ပါမယ်'
'ကြီးကြီးမားမားမဖြစ်ရင်တော်သေးတာပေါ့။ သူကအရေးကြီးတယ်။ သမားတော်ကြီးလည်း သူ့ကိုဂရုစိုက်ပေးပါ'
'ကြင်ယာတော်ကို ဂရုစိုက်လိုက်ပါမယ်။ လောလောဆယ် မင်းသားလည်း ဆေးသောက်ရပါမယ်'
'ကျွန်တော်က?ဘာလို့လဲ။ ကျွန်တော်နေကောင်းပါတယ်'
'မင်းသားက အလုပ်တွေပဲတအားလုပ်နေတော့ အစားအသောက်ပုံမှန်မဖြစ်လို့ပါ။ ပြီးတော့ အခုအချိန်ကအရေးကြီးတယ်။ အားဆေးတွေသောက်ရပါမယ်။ မင်းသားအတွက်ကော ကြင်ယာတော်အတွက်ပါ ပြင်ပေးမှာမို့လို့ သောက်ဖြစ်အောင်သောက်လိုက်ပါ'
ဝမ်အွန်း ဘာမှပြန်မပြောသောကြာင့် ယူဆောင်း ကပဲ
'ကျွန်တော် အွန်းလေးကို သေချာ ဆေးတိုက်လိုက်ပါမယ်'
'ဒါဆို မင်းသားကိုပဲ အားကိုးပါရစေ'
သမားတော်ကြီးထွက်သွားသည်နှင့် ဝမ်အွန်း က ကုတင်ပေါ်တွင် တင်ပလွှဲလေးထိုင်ကာ ရှီရွှန်း ကိုကြည့်နေသည်။
ယူဆောင်း က ဝမ်အွန်း မပြန်သေးသောကြောင့်
'မပြန်သေးဘူးလား။ သူနိုးလာလို့ အွန်းလေး ကို တွေ့သွားဦးမယ်'
'ရတယ်။ တမင် အသိပေးချင်လို့'
'မနေ့ကတော့ ဖုံးထားမယ်ဆို'
ယူဆောင်း အပြောကြောင့် ဝမ်အွန်း ရှီရွှန်း ကိုကြည့်နေရင်း
'ထပ်ထွက်ပြေးမှာစိုးလို့'
'အဲ့အတွက်မစိုးရိမ်ပါနဲ့။ ငါ အစောင့်တွေနဲ့ သေချာ ထားပေးပါမယ်'
ယူဆောင်း စကားကြောင့် ဝမ်အွန်း သဘောကျစွာပြုံးလိုက်ပြီး
'ရှီရွှန်း ကို ဘယ်လိုထင်နေတာလဲ။ မင်းခမည်းတော်ရဲ့ ကိုယ်လုပ်တော်လေးတွေလို နွဲ့နွဲ့နှောင်းနှောင်းလေးထင်နေတာလား'
ဝမ်အွန်း စကားကြောင့် ယူဆောင်း သူ့မေ့နေတာကိုသတိရသွားသည်။
'မမေ့နဲ့။ ရှီရွှန်း လက်ထဲမှာသေခဲ့ရတဲ့ မင်းတို့စစ်သည်တွေက နည်းတာမဟုတ်ဘူး။ ရှီရွှန်း ရဲ့ ကိုယ်ခံပညာက ငါ့ထက်မသာပေမဲ့ ညံ့တော့မညံ့ဘူး။ သူအားပြန်ပြည့်တာနဲ့ မင်းလူတွေက သူ့ပြိုင်ဘက်မဟုတ်တော့ဘူး'
'ဟုတ်သားပဲ။ အဲ့ဒါကိုမေ့သွားတယ်'
'အဲ့ဒါကြောင့် ရှီရွှန်း ကိုငါထိန်းမယ်'
'အွန်းလေး သဘောပဲလေ။ ငါက အွန်းလေး မသိစေချင်ဘူးထင်လို့ပါ'
'တစ်ချိန်ချိန်တော့ သိရမှာပဲကို။ အနှေးနဲ့အမြန်ပဲကွာမှာ။ ပြီးတော့ သူက ငါ့အတွက်အရေးကြီးတယ်'
'အွန်းလေး သူ့ကိုမုန်းနေတာမဟုတ်ဘူးလား'
'ငါသူ့ကိုမုန်းပေမဲ့ မသေစေချင်ဘူး'
ဝမ်အွန်း က သူ့အပေါ်သစ္စာဖောက်ခဲ့သည့် ရှီရွှန်း နှင့် ဂျွန်မြောင် ကို မုန်းသော်လည်း သတ်တော့မသတ်ပေ။ ဒါက သူရဲ့ စိတ်ကောင်းလေးဖြစ်မည်ထင်သည်။
ထိုအချိန်တွင် အလုပ်သမားလေးတစ်ယောက်ရောက်လာကာ
'မင်းသား အိမ်ရှေ့စံဆီမှာ ထားထားတဲ့ သူလျှိုရောက်လာပါတယ်'
ယူဆောင်း ဝမ်အွန်း ကိုကြည့်တော့ ဝမ်အွန်း ကရှီရွှန်း ကိုကြည့်ကာ
'သူကို သေချာစောင့်ရှောက်ထား'
'ဟုတ်ကဲ့ မင်းသား'
ဝမ်အွန်း နှင့် ယူဆောင်း ထွက်သွားသည်။
ညနေခင်းလောက်ရောက်မှ ရှီရွှန်း နိုးလာပြီး သူအခန်းထဲပဲပြန်ရောက်နေတာတွေ့သောအခါ သောင်းကျန်းတော့သည်။
အစောင့်တွေရဲ့ ဓားကို ဆွဲလုကာ အပြင်ကိုပြေးထွက်သွားပေမဲ့ အောင်လာသော ဗိုက်ကြောင့် ဗိုက်ကို ကိုင်ထားရင်း အစောင့်တွေကိုဓားနဲ့ချိန်ထားသည်။
ယူဆောင်း က အရင်ရောက်လာပြီး တွေ့တော့ အော်တော့သည်၊
'မင်း ထွက်ထွက်ပြေးနေတာကိစ္စမရှိဘူး ဗိုက်ပြုတ်မယ်နော်'
'ပြုတ်ပါစေ။ ငါ့ကလေးကို မင်းကိုပေးမဲ့အစား အသေပဲခံလိုက်မယ်'
ရှီရွှန်း ဓားကို သူလည်ပင်းတွင် ထားလိုက်တာကြောင့် ယူဆောင်း မျက်လုံးပြူးကာ
'မင်းဘာလုပ်နေတာလဲ။ ရူးနေတာလား'
'ဟုတ်တယ်။ ငါရူးနေပြီ။ ငါ့ကိုမလွှတ်ပေးရင် ဒီမှာငါ့ကိုငါသတ်သေမှာ'
'မင်း!'
'သေလိုက်'
ဝမ်အွန်း အနောက်ကနေရောက်လာကာ ပြောလိုက်သောကြောင့် ခုနကအထိ သောင်းကျန်းနေသော ရှီရွှန်း ငြိမ်ကျသွားသည်။ ပြီးတော့ သူ့အနောက်ကိုလှည့်ကြည့်လိုက်တော့ ခပ်တည်တည်နဲ့ မျက်မှောင်ကြုံ့ကာကြည့်နေသော ဝမ်အွန်း ကိုတွေ့လိုက်ရတာကြောင့် ရှီရွှန်း လန့်ပြီး ဓားပါလွတ်ကျသွားသည်။
'မင်း...မင်းသား....က ဘယ်လို ဖြစ်ပြီး'
'အံ့သြသွားတာလား'
ဝမ်အွန်း ရှီရွှန်း ခြေထောက်နားတွင်ကျနေသော ဓားကိုကောက်ကာ မေးလိုက်သည်။ ပြီးတော့ ရှီရွှန်း လည်ပင်းတွင် ဓားထောက်လိုက်ပြီး
'ငါ့ကို ယောလ်လေး က တစ်ကယ်သတ်မယ်ထင်နေတာလား'
'မဖြစ်နိုင်တာ'
'မဖြစ်နိုင်ဘူးဆိုရင် မင်းအရှေ့မှာငါရှိနေပါ့မလား'
ရှီရွှန်း မျက်ရည်တွေဝဲလာသည်။ ဝမ်အွန်း က ရှီရွှန်း မျက်ရည်တွေကိုကြည့်ပြီး ပြုံးကာ
'ငိုတောင်ငိုနေပြီလား။ သနားတောင်သနားသွားပြီ'
ဝမ်အွန်း ဓားကို အစောင့်ထဲပြန်ပစ်ပေးလိုက်ပြီး အခန်းထဲ အရင်ဝင်သွားသည်။ ရှီရွှန်း က လိုက်မသွားဘဲ ရပ်နေတာကြောင့် ယူဆောင်း ရှီရွှန်း လက်ကိုဆွဲပြီး အထဲခေါ်သွားသည်။ ရှီရွှန်း ကရုန်းကန်ရင်းနဲ့ပဲ ဝမ်အွန်း ရှေ့ရောက်သွားသည်။
ဝမ်အွန်း က ထိုင်ခုံတွင်ထိုင်နေပြီး ရှီရွှန်း ကိုကြည့်နေသည်။
ဝမ်အွန်း အကြည့်တွေက အေးစက်နေတာကြောင့် ရှီရွှန်း လက်ဖျားတွေတောင်အေးလာသလို ခံစားလိုက်ရသည်။ သူ ဝမ်အွန်း ကိုအဲ့လောက်အထိကြောက်ပါသည်။
'ထိုင်လေ ဘာရပ်လုပ်နေတာလဲ'
ဝမ်အွန်း ပြောတော့မှ ရှီရွှန်း ထိုင်ခုံတွင် ဝင်ထိုင်တော့သည်။ ယူဆောင်း က ရှီရွှန်း ဘေးနားကထိုင်ခုံတွင်မထိုင်ဘဲ စားပွဲပေါ်ထိုင်တယ်ဆိုရုံလေးထိုင်ကာ မှီနေသည်။
'မေးစရာတွေရှိနေမှာကို ဘာလို့ မမေးတာလဲ။ မေးလေ'
ဝမ်အွန်း ပြောတော့မှ ရှီရွှန်း မေးတော့သည်။
'မင်းသားက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ'
'ဒီကိစ္စကပြောရရင် နည်းနည်တော့ရှည်တယ်။ အတိုချုံ့ပြောရရင် ယောလ်လေး က ငါ့ကိုသတ်ဟန်ဆောင်ပြီး တစ်နေရာရာမှာ ဖွက်ထားမှာ။ အဲ့ဲဒါကို ငါသိနေလို့ ယူဆောင်း ကို လာခေါ်ခိုင်းလိုက်တာ'
'ဒါဆို မင်းသား ဒီရောက်တာကြာနေပြီပေါ့'
'ဒါပေါ့'
ရှီရွှန်း ခေါင်းလေးငုံ့သွားကာ အောက်နှုတ်ခမ်းလေးကိုက်ပြီး
'ဒါဆို ဘာလို့ ကျွန်တော့်ကိုပါ ဖမ်းလာတာလဲ'
'ဘာလို့လဲ။ ငါနဲ့မနေချင်ဘူးလား'
ဝမ်အွန်း မေးလိုက်တော့ ရှီရွှန်း ကခေါင်းခါပြကာ ယူဆောင်း ကိုမော့ကြည့်လိုက်ပြီး
'မင်းသားက ကလေးကို ယူမယ်ပြောနေလို့'
'ကလေး?'
ဝမ်အွန်း ယူဆောင်း ကိုကြည့်လိုက်တော့ ယူဆောင်း က မျက်နှာလွှဲကာ မသိချင်ယောင်ဆောင်နေသည်။
'အဲ့ဒါကြောင့် ထွက်ပြေးတာလား'
'ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးကလေးလေ။ တခြားတိုင်းပြည်က လူလက်ထဲ မထည့်ပေးချင်လို့ပါ'
'ယူဆောင်း က ဘာလို့ ကလေး တောင်းနေတာလဲ။ ကြင်ယာတော် မြှောက်မလို့လား'
ဝမ်အွန်း ပြောလိုက်မှ ရှီရွှန်း လန့်သွားကာ မတ်တပ်ရပ်လိုက်သည်။ ယူဆောင်း က ရှီရွှန်း ပုခုံးကိုကိုင်ကာ ပြန်ထိုင်စေလိုက်ပြီး
'အသက်တော့ ၂၅နှစ်လောက်ကွာပေမဲ့ အဆင်တော့ပြေပါတယ်။ ငါလည်း ကြင်ယာတော်မရှိဘူးဆိုတော့'
'မင်းသား ဘာလို့ ဒီလိုပြောရတာလဲ။ မင်းသား မင်းကြီးကို ဘယ်လောက်ပဲမုန်းမုန်း ကလေးက အရှင်မင်းကြီးရဲ့သွေးသားပါ။ လက်လွှတ်စပယ်မပြောပါနဲ့'
ရှီရွှန်း ဒေါသထွက်နေတာကိုကြည့်ပြီး ဝမ်အွန်း ရီနေကာ
'နောက်နေတာပါ။ ယူဆောင်းက မွေးတောင်မမွေးသေးတဲ့ ကလေးကို စိတ်ဝင်စားမယ်ထင်နေတာလား'
'ဒါဆို ဘာလို့ အဲ့လိုပြောနေရတာပါလဲ'
'ပျော်လို့'
'ဟင်'
'မင်းဘယ်လောက်ပဲ ငါနဲ့ဝေးရာကိုပြေးနေပါစေ နောက်ဆုံးတော့ ငါ့လက်ထဲပြန်ရောက်တာပဲလေ။ အဲ့ဒါကြောင့် ငြိမ်ငြိမ်လေးနေပြီး ပြဿနာမရှာနဲ့။ ငါဘာလုပ်မိမလဲ မသိဘူးလေ။ ငါ့အကြောင်း သိတယ်မို့လား'
နောက်ဆုံးစာကြောင်းကိုတော့ ဝမ်အွန်း ရှီရွှန်း ကိုသေချာစိုက်ကြည့်ပြီး မေးလိုက်ခြင်းပေ။ ရှီရွှန်း ဝမ်အွန်း ၏ဆိုလိုရင်းကို နားလည်သွားပြီး ခေါင်းလေးငုံ့သွားသည်။
'အစားကိုပုံမှန်စား။ ဗိုက်ကသာပူနေတာ လူက အရိုးပဲကျန်တော့တယ်။ ကလန်ကဆန်မလုပ်နဲ့နော်။ ဒီမှာ ငါရှိနေမှာ'
'ဟုတ်ကဲ့ မင်းသား'
'စားချင်တာရှိရင် ပြောပြီး လုပ်ခိုင်း'
'ဟုတ်ကဲ့'
ရှီရွှန်း ကျချင်နေသော မျက်ရည်တွေကို နှုတ်ခမ်းလေးကိုက်ကာ ထိန်းနေရင်း ပြောလိုက်သည်။
'အဲ့ဒါဆို ငါသွားပြီ။ ခဏနေရင် စားစရာနဲ့ ဆေးလာပို့လိမ့်မယ်။ သေချာစားပြီး ဆေးသောက်'
'ဟုတ်ကဲ့ နားလည်ပါပြီ'
'အင်း'
ထို့နောက် ဝမ်အွန်း အပြင်ကိုထွက်သွားသည်။ ယူဆောင်း လည်း ဝမ်အွန်း နောက်ကို ပြေးလိုက်သွားသည်။
ဝမ်အွန်း နဲ့ ယူဆောင်း ထွက်သွားမှ ရှီရွှန်း အားရပါးရငိုချတော့သည်။
~~~~~~~~~~~~THE THRONE~~~~~~~~~~~
ရှီလာနန်းတော်
ဝမ်ယောလ် တစ်နေကုန် အားလပ်ချိန်မရှိအောင် အလုပ်တွေလုပ်ပြီး ညရောက်ချိန်တွင် ပန်းချီဆွဲနေတုန်း အထိန်းတော်ကြီးဝင်လာပြီး
'မင်းကြီး အိပ်ချိန်ရောက်ပါပြီ'
'အချိန်က အဲ့လောက်တောင်ရှိသွားပြီလား'
'ဟုတ်ပါတယ် မင်းကြီး'
'ဒါဆိုလည်း အိပ်ယာပြင်လိုက်တော့လေ'
'ဟုတ်ကဲ့မင်းကြီး။ ဒါနဲ့ ဒီညကော စာကြည့်ဆောင်မှာပဲ အိပ်မှာလား မင်းကြီး'
အထိန်းတော်ကြီး မေးခွန်းကြောင့် ဝမ်ယောလ် တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားသွားပြီး
'ဟုတ်တယ်။ ဒီမှာပဲပြင်လိုက်ပါ'
'ဒါပေမဲ့ မင်းကြီး ဒီမှာ အိပ်တဲ့ရက်တွေများနေပါပြီ။ နေထိုင်ရအဆင်မပြေဖြစ်မှာစိုးလို့ တစ်ရက်လောက်တော့ အဆောင်တော်ကိုပြန်အိပ်ပါလား'
အထိန်းတော်ကြီးစကားကြောင့် ဝမ်ယောလ် ပန်းချီထဲကလူကိုကြည့်ကာ
'မအိပ်တော့ပါဘူး။ အဲ့မှာဆိုရင် ပိုလွမ်းနေလိမ့်မယ်'
'ဒါပေမဲ့....'
'ကိုယ်တော်ပြောသလိုပဲလုပ်ပါ'
'ဟုတ်ကဲ့ မင်းကြီး'
အထိန်းတော်ကြီး မျက်နှာမကောင်းစွာ ပြန်ဖြေလိုက်ပြီး ဝမ်ယောလ် ဆွဲလက်စ ပန်းချီအားကြည့်လိုက်သည်။
အကြည့်စူးစူရဲရဲတွေက အမုန်းတွေဘယ်လောက်ထိပြည့်နှက်နေမှန်း သိသာလွန်းသော ပန်းချီကားဖြစ်သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးနှင့် မျက်ခုံးတို့တွန့်ချိုးနေပုံက တစ်ကယ်ကို ဝမ်အွန်း အား အပြင်မှာတွေ့လိုက်ရသလို ကြက်သီးတွေပင်ထသွားသည်အထိ ခံစားလိုက်ရသည်။ ဝမ်ယောလ် ပန်းချီပညာသည် ထိုမျှအထိ ကောင်းလွန်းသည်။ ညတိုင်း မအိပ်ခင် ဝမ်ယောလ် လုပ်သောအလုပ်သည် ဝမ်အွန်း ပုံကို ပန်းချီဆွဲခြင်းဖြစ်သည်။ နေ့ခင်ဘက်တွေအားလျှင်လည်း ပန်းချီပဲထိုင်ဆွဲနေပြန်သည်။ အနားတွင်ရှိတုန်းကသာ အသားကုန်အနိုင်ယူနေတာ အဝေးရောက်တော့မှ အသားကုန်လွမ်းနေပြီထင်ပါရဲ့။
အထိန်းတော်ကြီးက အပျိုတော်တွေအား သလွန်ပေါ်
မှာ အိပ်ယာကိုပြင်ခိုင်းပြီးနောက် ဝမ်ယောလ် ကိုကြည့်လိုက်တော့ ဝမ်ယောလ် က ပန်းချီပေါ်
ကဆေးတွေခြောက်အောင်စောင့်နေသည်။ ပြီးမှာ ရွှေရောင် ပန်ချီကားလိပ်ထဲထည့်ကာ ဗီရိုထဲတွင် ထည့်သိမ်းပြန်သည်။
'ပြီးသွားပြီလား'
'ဟုတ်ကဲ့ ပြီးသွားပါပြီ'
'မအိပ်ခင်လမ်းလေးထွက်လျှောက်ရအောင်'
'ဟုတ်ကဲ့ပါ မင်းကြီး'
ဝမ်ယောလ် နှင့် အထိန်းတော်ကြီး နှစ်ယောက်တည်း အပြင်ကို လမ်းလျှောက်ထွက်လာကြသည်။ လရောင်ကြောင့် လင်းထိန်နေသောကောင်းကင်ကိုကြည့်ကာ
'အရင်တုန်းက ရှီရွှန်း နဲ့အတူ လရောင်အောက်မှာ စကားပြောရင်း လမ်းလျှောက်ဖူးတယ်။ စစ်ရေးစစ်ရာနဲ့ပက်သက်ပြီး ရှီရွှန်း နဲ့တိုင်ပင်တာက အရမ်းကို အဆင်ပြေတယ်'
'ကြင်ယာတော်ရှီရွှန်း ဖြစ်သွားတာက တစ်ကယ့်ကိုဝမ်နည်းစရာကိစ္စပါ။ မဟုတ်ရင် တစ်ကယ်ကို အရမ်းတော်တဲ့ စစ်သူကြီးဖြစ်နေမှာပါ'
အထိန်းတော်ကြီးစကားကို ဝမ်ယောလ် ကနားလည်သည့်ဟန် ဝမ်းနည်းစွာပြုံးသည်။
'ဆောနို ကိုလည်း လပြည့်ညပွဲတော်မှာ ပထမဦးဆုံးစတွေ့ခဲ့တာ'
ဝမ်ယောလ် အကြည့်တွေက အတိတ်ကိုသတိရသွားဟန် ဝမ်းနည်းသွားသည်။
'အဲ့တုန်းက အွန်းလေး ကို မုန်းမယ်ဆိုပြီး မုန်းမရလို့ စိတ်တိုနေချိန် ဆောနို ကိုစတွေ့ခဲ့တာ။ အွန်းလေး ကို ချစ်တဲ့စိတ်ကို သူ့ဆီကိုပြောင်းပြီး အစားထိုးခဲ့တာ'
ဝမ်ယောလ် ကပြောရင်း နာနာကျင်ကျင်ပြုံးသည်။
'ပြန်တွေးကြည့်ရင် ကိုယ်တော်က တော်တော်မကောင်းတဲ့သူပဲ'
'ဒါတွေက အတိတ်ကဖြစ်ရပ်တွေပါ'
'အတိတ်ကဖြစ်ရပ်ပေမဲ့ အဲ့အမှားကြောင့်ပဲ ဆောနို သေခဲ့ရတာ။ အမှန်ဆိုရင် သူ့ကို ဆွဲမထည့်ခဲ့သင့်ဘူး'
'မင်းကြီးက မိဖုရားကို အစားထိုးချစ်ခဲ့ပေမဲ့ တစ်ကယ်တမ်းကျတော့ ကြင်ယာတော်မင်းသားကို မမေ့နိုင်ဘူးမဟုတ်လား'
'အဲ့တုန်းက အချစ်နဲ့အမုန်း ဒွန်တွဲနေတာ။ နောက်တော့ အစ်ကိုတော်တွေက ပုန်ကန်ဖို့အကြောင်းပြောတယ်။ အွန်းလေး ကို မထိခိုင်စေချင်တာနဲ့ ကိုယ်တော်ပဲ ထီးနန်းယူဖို့ပြောလိုက်ပြီး နောက်မှ အွန်းလေး ကို အပိုင်သိမ်းခဲ့တာ။ အဲ့တုန်းက တွေးထားတာက အွန်းလေး ဆီကအချစ်ကို ကိုယ့်တော်ဆီမှာ ကျရှုံးစေချင်တာ။ထီးနန်းကော လူကော အချစ်ကော အပိုင်လိုချင်ခဲ့တာ။ ဒါပေမဲ့ အချိန်ကြာလာတော့ အွန်းလေး အပေါ်မမုန်းတော့ဘဲ အချစ်တွေကပဲပိုပြီး အားသာလာတယ်။ အဲ့တော့ ကာကွယ်ပေးချင်လာတယ် အွန်းလေး ရဲ့ရန်သူတွေဆီကနေ။ ထီးနန်းကိုလည်း အွန်လေး ကို ပြန်မပေးသည့်တိုင်အောင် အုပ်စိုးစေချင်တယ်။ နှစ်ယောက်အတူတူ ရှီလာကို အုပ်ချုပ်ချင်ခဲ့တာ။ ဒါပေမဲ့ နောက်ကျသွားပြီ'
ဝမ်ယောလ် က ခေါင်းကိုမော့ပြီး မျက်ရည်တွေသိမ်းလိုက်သည်။ သူ ဘာလို့ ဒါတွေကိုပြေနေမိလဲ မသိပေ။
ဝမ်ယောလ် အတ္တကြီးမှုကြောင့် ဝမ်အွန်း မုန်းသွားရတာကိုတော့ အထိန်းတော်ကြီး မပြောလိုက်ပေ။
'တစ်ကယ်ကိုပဲ နောင်တဆိုတာ နောင်မှရတာပဲ'
ညကောင်းကင်တွင် ကြယ်တွေအများကြီးရှိပေမဲ့ တစ်ယောက်တည်းရှိနေသော လမင်းအတွက် ဝမ်းနည်းစရာကောင်းလွန်းသည်။ ကောင်းကင်တွင် နေလည်းတစ်စင်းပဲရှိသလို လလည်း တစ်ခုပဲရှိသည်။ ထို့အတူ ရာဇာပုလ္လင်မှာ ထိုင်ရမည့်သူကလည်း တစ်ဦ
းတည်းသာရှိသည်။
အရင်တုန်းက သူ့ဘေးနားတွင် အမြဲရန်လိုနေတတ်သော ဝမ်အွန်း၊ အားလုံးကို နားလည်ပေးတတ်သော ဆောနို နဲ့ သူ့ကိုကူညီပေးတတ်သော ရှီရွှန်း ရှိသည့်တိုင်အောင် အခုတော့ သူတစ်ယောက်တည်းသာကျန်နေခဲ့သည်။
အရမ်းကိုအထီးကျန်စရာကောင်းလွန်းလှသည်။ ဝမ်အွန်း ၏ လက်စားချေမှူ
က သိပ်ကို လှပခဲ့ပါသည်။
~~~~~~~~~~~~
ယူဆောင်း အိမ်တော်
မိုးလင်းတော့ ဝမ်အွန်း က သူ့အတွက်ပြင်ပေးထားသော စားစရာတွေကိုကြည့်ပြီး အန်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ စားလို့မဝင်တဲ့အဆုံး အကုန်လုံးကို ပြန်သိမ်းခိုင်းလိုက်ရသည်။
'အွန်းလေး ဘာမှမစားဘူးဆို'
ယူဆောင်း ပုံစံကြည့်ရတာ ဝမ်အွန်း ဘာမှမစားတာကိုကြားပြီး ချက်ချင်းရောက်လာပုံပင်။
ကုတင်ပေါ်တွင်လှဲနေသော ဝမ်အွန်း ကို ထိုင်စေလိုက်ပြီး ပါးလေးကိုကိုင်ကာ
'ဘယ်လိုဖြစ်တာလဲ အွန်းလေး ရယ်။ တစ်ညတည်းနဲ့ ပိန်သွားလိုက်တာ'
'ငါ ဘာမှမဖြစ်ပါဘူး'
'မျက်နှာတစ်ခုလုံးဒီလောက်ထိ ဖြူဖျော့နေတာ ဘာမှမဖြစ်ဘူးတဲ့လား'
ယူဆောင်း ကပြောရမှာ အားနာနေဟန်ဖြင့်
'ဟို..ကိုယ်ဝန်ကြောင့်လား'
'ဟုတ်မယ်ထင်တယ်'
ဝမ်အွန်း အကြည့်တွေက တောင်စဉ်ရေမရဖြစ်နေသောကြောင့်
'တစ်ခုခုအတင်မပြေတာရှိရင်ပြောလေ။ ငါ အားလုံးလုပ်ပေးမယ်'
'ဒါပေမဲ့...'
ဝမ်အွန်း ၏ အားနာေိသောအကြည့်ကြောင့် ယူဆောင်း ပြုံးကာ
'အခုအချိန်မှာ အွန်းလေး အနားမှာ ငါပဲရှိတာလေ။ ပြီးတော ငါတို့ကသူငယ်ချင်းတွေလေ ။ ငါ့ကို မပြောလို့ ဘယ်သူ့ကိုပြောမှာလဲ'
'မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ငါ...ငါ ရှက်လို့'
ဝမ်အွန်း ခေါင်းလေးငုံ့သွားသည်။
'မရှက်ပါနဲ့။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အွန်းလေးက ကိုယ်ရဲ့ အချစ်ဆုံး......သူငယ်ချင်းပါ'
ခက်ခက်ခဲခဲ ပြောလိုက်ရသည့် သူငယ်ချင်းဆိုသည့်စကား၏ နာကျင်မှုကို ယူဆောင်း ခံစားလိုက်ရသည့်တိုင်အောင် ဝမ်အွန်း ကိုတော့ အလှပဆုံးပြန်ပြုံးပြနေခဲ့သည်။
'အင်းပါ။ ငါသိပါတယ်။ အမှန်တော့ ငါ မယ်တော်လုပ်ကျွေးတဲ့မုန့်စားချင်နေတာ'
'မယ်တော်လုပ်ကျွေးတဲ့မုန့်လား။ ဒီမှာတော့ အဲ့မုန့်လုပ်တတ်တဲ့သူမရှိဘူး'
'ငါလုပ်တတ်တယ်'
'အွန်းလေး ကလား'
'အင်း။ အဲ့ဒါကြောင့် ငါ စားဖိုဆောင်ဝင်မလို့'
'အွန်းလေး ပင်ပန်းနေဦးမယ်။ လုပ်နည်းပြောလေ။ ကိုယ် အလုပ်သမားတွေကို ခိုင်းလိုက်မယ်'
ယူဆောင်းအပြောကို ဝမ်အွန်း ခေါင်းခါပြလိုက်ပြီး
'ရတယ် ငါကိုယ်တိုင် လုပ်စားချင်လို့'
'အဲ့လိုဆိုလည်း ပြီးရောလေ။ ဒါပေမဲ့ ငါကတော့ ဘေးနားကနေကူမှာနော်'
'အင်း'
'သွားမယ်'
ပြီးနောက် ယူဆောင်း ဝမ်အွန်း ကို ခေါ်ပြီး ထွက်သွားသည်။
္စစားဖိုဆောင်ထဲရောက်တော့ ဝမ်အွန်း က ဂျုံမှုန့်တွေကို ဇကာလေးနဲ့ စစ်ချနေသည်။ ယူဆောင်းက ဘေးနားကနေ လိုတာလေးတွေရှာယူပေးရင်း ဂျုံမှုန်ဆီအာရုံစိုက်နေသော ဝမ်အွန်း ကိုကြည့်နေသည်။
ဘေးစောင်းမြင်နေရသော ဝမ်အွန်း ၏ ပါလေးတွေသည် ပန်းရောင်လေးသမ်းနေကာ ဖိနမ်းချင်စဖွယ်ကောင်းလှသည်။ နှာခေါင်းလုံးလုံးလေးနဲ့ မျက်လုံးမှေးမှေးလေးက ဝမ်အွန်း ၏ ချစ်စရာကောင်းမှုတွေကို ပိုပြီး ပေါ်လွင်အောင် ပံ့ပိုးပေးထားသည်။
ယူဆောင်း ကြည့်နေရင်း ချစ်မဝဖြစ်နေသည်။
ရုတ်တရက် ယူဆောင်းက ဘေးနားကျနေသော ဂျုံမှုန့်တွေနဲ့ ဝမ်အွန်း မျက်နှာကိုသုတ်လိုက်သည်။
'ဘာလုပ်တာလဲ'
ဝမ်အွန်း အစကကြောင်တောင်တောင်ဖြစ်သွားပေမဲ့ စပ်ဖြဲဖြဲ ယူဆောင်း ရုပ်ကိုတွေ့မှ သူ့ကိုစနေမှန်းသိပြီး ပါ ပြန်လုပ်တော့သည်။ နှစ်ယောက်သား ဂျုံမှုန့်တွေနဲ့ ဆော့နေတာ နေ့တစ်ဝက်ကျိုးတော့မှ မုန့်ကိုစလုပ်ဖြစ်တော့သည်။
ပေလူးနေသော ဝမ်အွန်း ကိုကြည့်ကာ ယူဆောင်း ပြုံးလိုက်သည်။ သူ့ဆီရောက်ကတည်းက အရီအပြုံးမရှိတော့သော ဝမ်အွန်း အား ရယ်ပြုံးစေရန် ဘာလုပ်ရမလဲဟု အများကြီးခေါင်းခြောက်အောင်စဉ်းစားခဲ့ရတာ။ အခုတော့ စဉ်းစားရကျိုးနပ်သွားပြီ။ ဘာလို့လဲဆိုတော့ ယူဆောင်း က ဝမ်အွန်း အပြုံးလေးကို အရမ်းမြတ်နိုးသူ ဖြစ်နေသောကြောင့်ပေ။
သူ့အချစ်က ပိုင်ဆိုင်ဖို့ဆိုတာထက် ချစ်နေတဲ့သူ စိတ်ချမ်းသာပျော်ရွှင်နေဖို့ကိုပဲ လိုလားခဲ့တာ။
သူ့အချစ်က စုံလုံးကမ်းသည်။ ချစ်သောသူ ဘယ်လိုအခြေအနေပဲရောက်ရောက် မြတ်နိုးမဝချစ်နေတုန်းပင်။
ယူဆောင်း ပိုင်ဆိုင်ခွင့်မရှိသော ဝမ်အွန်း အား ကြည့်ရင်း နာကျင်စွာပြုံးလိုက်သည်။ ချစ်ရသူ၏ ဗိုက်ထဲက ကလေးပါ သူ အပြစ်မမြင်ဘဲ ချစ်နေဦးမည်ထင်သည်။
·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·
ဖရန့်ဇုန်ကနေမထွက်နိုင်တဲ့ ယူဆောင်း လေး