လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 12

1K 226 21
By Htoo-6

Unicode

ရေချိုးပြီးနောက် အဖြူရောင်ရေချိုးခန်းဝတ်စုံကို ဝတ်ကာ ခေါင်းကိုခြောက်အောင်သုတ်ရင်း Ran Feng Ge အေးအေးလူလူ ပြန်ထွက်လာသည်။

ဆိုဖာတွင်ထိုင်ရင်း ကော်ဖီစားပွဲပေါ်ရှိ ငွေအချို့နှင့်အတူ မှာစားလို့ရသည့် အစားအသောက်စာရင်းများ တစ်ထပ်ကြီး တွေ့ရသည်။ ဆိုင်းငံ့သွားပြီးမှ Su Yi Mo ပြောခဲ့သည့်စကားများကို သူ အမှတ်ရသွားသည်။

'သြ...သူ့ငါ့ကို ပြောသွားတာ အော်ဒါမှာစားဖို့ကိုး...'

သူက လည်ဆန့်ကာ အခန်းပတ်ပတ်လည်ကိုလိုက်ရှာ၏။ ဝဲဘက်ရှိတံခါးတစ်ချပ်တွင် သူ၏အကြည့်က မြဲမြံသွားသည်။ တံခါး၏ မှန်ကိုကျော်ကြည့်၍ ထိုဟာသည် မီးဖိုခန်းဆီသွားသည့်တံခါးဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်သည်။


Ran Feng Geသည်
စိုနေသည့်
ခေါင်းကို အကြိမ်ရေများများလေး အားစိုက်သုတ်ပြီးနောက် မတ်တပ်ထကာ မီးဖိုခန်းသို့ဝင်ခဲ့သည်။ ဆေးရုံမှာကတည်းက မှာစားရသည့် အရာများကို အားရအောင် သူစားခဲ့ပြီးပါပြီ။ ရှားရှားပါးပါး လွတ်လပ်စွာနေရသည့်အခိုက်လေး ကိုယ်စားချင်တာကို လုပ်စားသင့်ပါ၏။ အကြောင်းမျိုးစုံနှင့် သူ့လွတ်လပ်သည့်နေ့ကလေးများ ဘယ်ချက်ကုန်သွားမည်မသိရာ... သူ့ကိုယ်သူ နည်းနည်းလောက်ပြုစုရန် ဤအခွင့်အရေးကို အသုံးမချစရာအကြောင်းမရှိပေ။ သူက ရွှေအဆင့်လူစားထိုးတစ်ယောက်ဖြစ်ချင်ဖြစ်မည်...သို့သော် မလိုအပ်ဘဲနှင့် သူ့ကိုယ်သူ ဇွတ်ချုပ်တည်းနေ
မည်ဟု မဆိုလိုပါ။

ရေခဲသေတ္တာကို ဖွင့်လိုက်သည့်အချိန်တွင် သူမမျှော်လင့်ထားသည့်အရာက သူ့ကိုစောင့်ကြိုနေသည်။ ရှေးမဆွတွင် သူတွေးထားသည်မှာ ရေခဲသေတ္တာထဲ၌ အလွတ်နီးပါးဖြစ်နေလောက်မည်ဟု။

အခုနက ကိုယ်ဘာသာချက်စားရန် ရုတ်တရက်သူစိတ်ကူးပေါ်ခဲ့ သည်။ သို့သော် မီးဖိုခန်းရှိရာသို့ ဝင်လာစဥ် ကိစ္စတစ်ခုကို တွေးမိသွား၏။ အေးစက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသည့် Su Yi Mo လိုလူတစ်ဦးအတွက် သူဘာသာချက်စားရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ရေခဲသေတ္တာဆွဲဖွင့်ရင်းက မိမိ၏
မိုက်မဲမှုကို Ran Feng Ge ပြန်ရယ်မိသည်။

တံခါးဖွင့်အပြီးတွင် သူမြင်လိုက်ရသည်မှာ အပြည့်ထုပ်ပိုးထည့်သို ထားပါသော အရောင်အသွေးရွှန်းစိုသည့် အရွက်အသီးများ...။ သူ မတတ်နိုင်ဘဲ အံ့အားသင့်သွားသည်။

'ဒီလူက.. ချက်တတ်တယ်?'

မယုံမကြည်နှင့် Ran Feng Geသည် ခေါင်းသုတ်ပုဝါကို ပုခုံးပေါ်သို့ ဖြစ်သလိုလွှားတင်လိုက်သည်။ ထို့နောက် လက်ဆေး၊ အရွက်အသီးများကိုယူဆေး၊ လှီးဖြတ်၊ ချက်ပြုတ် အဆင့်ဆင့်လုပ်ကိုင်သွား၏။

တစ်နာရီကြာပြီးနောက်.....

Ran Feng Geလည်း ဟင်းလျာသုံးမျိုး ချက်၍ပြီးသွားသည်။ ဟင်းသုံးပွဲစလုံးကို သာမန်ပါဝင်ပစ္စည်းအများစုနှင့်သာ ချက်ပြုတ်ထားသော်လည်း ၄င်းတို့မှာ အဆင်းလှ၊ အနံ့ကောင်း၊ အရသာရှိနေလျက်ပင်။ သူက လက်ဆန့်ကာ ကြွပ်ရွအောင်ကြော်ထားသည့် ဝက်သားတစ်ဖက်ယူ၍ ခံတွင်းထဲသို့ထည့်လိုက်သည်။ အနည်းငယ်ဝါးလိုက်ပြီး စိတ်ကျေနပ်သည့်အမူအယာဖြင့် သူ့မျက်ခွံများ ပိတ်ကျသွားပါ၏။


'ဟင်းဟင်း....ငါ မချက်ပြုတ်ရတာ ကြာပြီဆိုပေမဲ့ ငါ့လက်ရာကတော့ ကောင်းမြဲကောင်းနေဆဲပါပဲလား..."

သူ့ဘေးက ထမင်းပေါင်းအိုး၏ အဖုံးကို ဖွင့်လိုက်လျှင် ထမင်း၏ သင်းပျံ့သောရနံ့က သူ့နှာဝသို့လှိုင်ဝင်လာသည်။ ပလက်စတစ်ယောက်မကိုသုံးကာ ပန်းကန်းလုံးနှစ်လုံးထဲသို့ ထမင်းခူးထည့်ပြီး ထမင်း စားပွဲပေါ်တင်လိုက်၏။ ထို့နောက် Su Yi Mo ကို အောက်ဆင်းပြီးစားဖို့ခေါ်
ချင်သောကြောင့် သူလှည့်ကာ မီးဖိုးခန်းမှထွက်ဖို့လုပ်သည်။

သူ မီးဖိုခန်းမှထွက်ရုံရှိသေးသည်။ ဒုတိယထပ်၏ အကွေ့တစ်ခုမှနေ၍ ခေါင်းတစ်လုံးပြူထွက်လာသည်ကို မြင်လိုက်ရသည်။ Su Yi Mo က နှာခေါင်းစွင့်၍ သူ ရသည့်ရနံ့ကို ဘာမှန်းသိရအောင် ခပ်ပြင်းပြင်းရှူသွင်းသည်။ ထိုအခိုက်တွင် သူ၏ အမူအယာမှာ ချစ်ဖို့လည်းကောင်းနေပါသည့်တိုင်...
အမှန်ရယ်ဖွယ်ကောင်း၏။

"ခင်ဗျားက အနံ့ခံတော်တော်ကောင်းတာပဲ"

Ran Feng Ge သည် လက်နှစ်ဖက်ကိုပိုက်ကာ မီးဖိုခန်း၏တံခါးကျည်းပေါင်ကို ပျင်းတွဲ့စွာ မှီထားပြီး သူ့မျက်နှာတွင် ကျီစယ်လိုသော အမူအယာဖြင့် တစ်ဖက်လူကို ကြည့်နေသည်။

" ကျွန်တော် အခုတင် ချက်ပြီးတာ။ အတူစားကြတာပေါ့"

ပထမထပ်မှ အမျိုးသားကို Su Yi Mo ဗလာကြည့် ကြည့်နေရာမှ သူ၏မျက်လုံးက အောက်သို့အနည်းငယ်ကျသွားပြီး တစ်ဖက်သူ၏ ဟနေသော ရေချိုးခန်းဝတ်အင်္ကျီ၏ကော်လံဆီ ရောက်သွားသည်။ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ သူ၏ နှလုံးခုန်နှုန်းက
မြန်သွား၏။ သို့သော် သူက ခံစားချက်ကို အမြန်ထိန်းချုပ်လိုက်ပြီး ပုံမှန်အမူအယာအတိုင်း အလျင်အမြန်ပြန်ဖြစ်သွားသည်။ တည်ငြိမ်သော ခြေလှမ်းများဖြင့် Su Yi Mo လှေကားကနေဆင်းလာသည်။

"မင်းကတော့ စေ့စပ်ချက်ပဲ...Qiu Han လည်း ဟင်းချက်တအားကောင်းတာ"

"ဒါပေမဲ့ မင်းက ဒီလို မလုံ့တလုံဝတ်ထားတာ ငါ့ကို ဖြားယောင်းချင်လို့လား...ဒါဆိုရင်တော့ ဆောရီးပဲ မင်းရဲ့ကြိုးစားမှုက အလုပ်မဖြစ်ဘူး။ ဥကနေမှမပေါက်သေးဘူး ကြက်ဘယ်နှကောင်လဲလို့ရေ မနေနဲ့။ Qiu Han ကလွဲရင် ဘယ်တစ်ယောက်ကိုမှ ငါ ချစ်လာမှာမဟုတ်ဘူး။ "

"မင်းမှ မဟုတ်ဘူး...အခြားဘယ်သူမှလည်း သူ့နေရာမှာအစားမထိုးနုင်ဘူး"

"မင်းမှာ ပြောင်မြောက်တဲ့
ကျွမ်းကျင်မှုတွေရှိနေတာနဲ့ပဲ ငါရှေ့မှာ လှည့်ကွက်လေးတွေ လုပ်နိုင်မယ်ထင်နေတာလား....အဲဒီလို ထင်မနေနဲ့ မင်းဘာပဲလုပ်လုပ် Qiu Han ရဲ့နေရာကို အစားမထိုးနိုင်ဘူး"

လတ်စသတ်တော့... 'အိမ်မှာဆိုရင် မင်းလွတ်လွတ်လပ်လပ်နေလို့ရပါတယ်' ဟု ပြောခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်ကို Su Yu Mo မေ့သွားသည်ပဲ။ Ran Feng Ge လို လူတစ်ယောက်အတွက် အိမ်ထဲမှာသာ လုပ်ချင်ရာလုပ်နိုင်သည့်လွတ်လပ်မှုကို ခံစားရနိုင်တာဖြစ်သည်။ အိမ်ထဲတွင် မည်သူကများ ရေချိုးပြီးနောက် ခြေဆုံးခေါင်းဖျား လုံအောင်ဖုံးကြပါသနည်း။ စိတ်ကူးပေါက်ရာ လုပ်တတ်သည့်အကျင့်ကြောင့် သူ များများစားစားမစဥ်းစားမိခဲ့။ ရေချိုးပြီးနောက် ဗိုက်ဆာလာသဖြင့် သူ ချက်ပြုတ်လိုက်ခြင်းပေ။ သူ ဝတ်ဆင်ထားသည့် အနေအထားက Su Yi Mo၏ မျက်လုံးထဲတွင် 'သူ့ကို ဖြားယောင်းရန် တမင်အကွက်ချထားခြင်း' ဟူသည့် သဘောသက်ရောက်သွားမည်ဟု Ran Feng Ge တွေးမထားဖူးပါ။

Su Yi Mo၏ ထိုစကားတစ်ခွန်းက Ran Feng Ge ၏ မျက်နှာပေါ်က အပြုံးကို ​တောင့်တင်း
သွားစေသည်။

ထိုစကားတစ်ခွန်း၏ နောက်အဓိပ္ပါယ်မှာ.....
'မင်း ဘယ်လောက်ပဲ စေ့စေ့စပ်စပ်နဲ့ အချက်အပြုတ် သင်ထားသင်ထား....အနံ့ ၊အရသာနှင့် ပြည့်စုံအောင် ဘယ်လိုပဲ အားစိုက်အားစိုက်....Jing Qiu Han နှင့် ပိုတူလာခြင်းသာရှိသည်' ဟူ၍ဖြစ်၏။

Ran Feng Geသည် သူ၏မျက်နှာပေါ်က တောင့်တင်းသွားသည့်အပြုံးကို ဖယ်ရှားကာ စိတ်အခြေအနေပိုကောင်းအောင် ညှိယူလိုက်သည်။ သူသည် Su Yi Moကိုမကြည့်တော့ဘဲ " ချီးကျူးတာ ကျေးဇူးပဲ" တိုးတိုးပြတ်ပြတ်ပြောကာ ထမင်းစားပွဲဆီလှည့်လျှောက်သွားပါ၏။ ထို့နောက် တူကို ကောက်ပြီး စားနေတော့သည်။

Su Yi Mo က ပလုတ်ပလောင်းစားနေသည့် တစ်ဖက်လူကိုကြည့်ကာ ပြစ်တင်ပြောလိုက်သည်။

"Qiu Han က  အစားစားတဲ့အချိန်မှာတောင် တအား အေးဆေးသိမ်
မွေ့တာ။ မင်းရဲ့လုပ်ရပ်ကနေ လူတွေရှာမတွေ့အောင်ဆိုရင် မင်းရဲ့အပြုအမူကို နည်းနည်းပိုပြီးဂရုစိုက်သင့်တယ်။ "

Ran Feng Ge ၏ ခံတွင်းအပြည့်ထမင်းလုတ်မှာ လည်မျိုတွင် ရုတ်တရက် နင်သွားတော့သည်။ ထို့ကြောင့် ဘေးတွင်ချထားသည့်ရေခွက် ဆွဲယူပြီး အလောတကြီးမျိုချလိုက်ရ၏။ သို့သော် ရေက အလွန်ပူသည်ဖြစ်ရာ အကုန်လုံး ချက်ချင်းပြန်​ထွေးအန်သည်။ ထိုအချိန်တွင် ထမင်းတစ်စေ့က လည်ချောင်းတွင်ကပ်ပြီး လေပြွန် သို့ စိုက်သွားရာ Ran Feng Ge လည်း မတတ်နိုင်ဘဲ ချောင်းတစ်ဟွတ်ဟွတ်ဆိုးသွားသည်။ ကြိုကြားကြိုကြား နှာချေသေး၏။

တစ်ဖက်အမျိုးသား၏ အမူအယာအဆင့်ဆင့်ကို စောင့်ကြည့်နေရင်း Su Yi Mo၏ မျက်ခုံးများသည် မကျေနပ်မှုကြောင့် ပို၍ပို၍တွန့်ချိုးသွား၏။ Ran Feng Ge လက်ထဲကတူကို အသာချလိုက်သည်။ နောက်ထပ် ပလုတ်ပလောင်းမစားနိုင်တော့ပေ။

"မင်းကို
ကြည့်ရတာ အခုထိ ကာရိုက်တာနဲ့အသားမကျသေးဘူးပဲ"

"တောင်းပန်ပါတယ်..ကျွန်တော်ပေါ့ဆသွားတယ်။ အိမ်မှာဆိုရင် လွတ်လွတ်လပ်လပ်နေလို့ရတယ်လို့ ခင်ဗျားကပြောလို့ ကျွန်တော်နည်နည်း သတိလက်လွတ်ဖြစ်သွားတယ်။ ကျွန်တော့််အမှားပါ။  ကိုယ့်ကဏ္ဍကိုယ် မမေ့လိုက်သင့်ဘူး။ ခင်ဗျား စိတ်အနှောက်အယှက်ဖြစ်သွားရင် စိတ်မကောင်းပါဘူး။ မစိုးရိမ်ပါနဲ့ ကာရိုက်တာနဲ့ အသားကျအောင်မြန်မြန်လုပ်ပါ့မယ်။ ဒါမျိုး နောက်ထပ်မဖြစ်စေရဘူး"

အသက်ရှူကျပ်ပြီး ချောင်းဆိုးထားသောကြောင့် Ran Feng Ge၏ မျက်ဝန်းထောင့်စွန်းများ ရဲတွတ်နေလေသည်။ သို့သော် သူ၏ လေသံတွင် တုန်ခါမှုကို စိုးစဥ်းမျှမကြားရနိုင်ပါ။

Ran Feng Ge အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် နွေးထွေးသောအပြုံးကိုပြု၍...

"ကိစ္စမရှိပါဘူး.. ကျွန်တော်အဆင်ပြေပါတယ်" ဟုပြောလာ၏။

တစ်ဖက်အမျိုးသားက မည်သည့်စကားမျှ ပြန်မပြောတော့ဘဲ ကော်ဖီစားပွဲသို့သာ လျှောက်သွားသည်။ Su Yi Mo သည် မှာစားရသည့်စားဖွယ်စာရင်းများထဲမှ တစ်ခုကိုရွေးကာ သူ၏ဖုန်းကို ထုတ်လိုက်သည်။ စားစရာကိုမှာနေရင်း သူကလှေကားဆီသို့ ပြန်လာသည်။ ဤတစ်ကြိမ်တွင် ဒုတိယထပ်သို့ ဖြစ်ရာ သူတို့၏ စကားဝိုင်းကလည်း နိတ္ထိတံသွား၏။

သူ ပီဇာမှာခဲ့သည်။

Ren Feng Ge အားပြတ်
သက်ပြင်းချမိသည်။ အနည်းငယ်ရှုပ်ပွနေသည့် ထမင်းစားပွဲကို ကြည့်ကာ တူကို ကြိတ်မှိတ်ကောက်ကိုင်ပြီး တစ်ယောက်တည်းဆက်စား၏။

သူ့ဘာသာ ထွေးအန်မိသည်ပဲကို... ဘာအတွက် စိတ်ထဲထားတော့မည်နည်း။

စားနေစဥ်အတွင်း ကိုယ့်ကိုယ်ကိုယ် အနည်းငယ်အပြစ်တင်သည့် အပြုံးမျိုး သူ့မှာရှိနေသည်။

'Ran Feng Geရေ..  ဒီနေ့
မင်း ဘာဖြစ်နေသလဲ...မင်းအလုပ်ရှင်ရဲ့ ဘဝကို ဘာကိစ္စဝင်ပါချင်နေရတာတုန်း...သူဘာသာ စားစား မစားစား မင်းနဲ့ဘာဆိုင်တာလိုက်လို့'

'မင်းဆိုတာ...လူစားထိုးသက်သက်ပဲ...စည်းမကျော်စမ်းနဲ့....

အလုပ်ကို ကျိုးကျိုးနွံနွံ
နဲ့ လုပ် ပြီးရင် လုပ်ခယူ ဒါပဲ'

ပြောကြတဲ့စကားရှိတယ်လေ...."တန်ရင်ဆေး လွန်ရင်ဘေး"တဲ့....

ဒီလောကထဲမှာ ပါးပါးနပ်နပ် ရပ်တည်လာပဲ ကြာ ကြာလှပြီ။ အခုကျမှ ဘာကြောင့် အေးအေးဆေးဆေး မနေနိုင်ဘဲ....အလုပ်ရှင်ကို သွားစိတ်ဝင်စားနေရတာလဲ? မင်းကိုမင်းဟုတ်လှပြီထင်ပြီး သူများရဲ့လျှို့ဝှင်ချက်ကိုတောင် တူးဆွချင်နေသးတယ်'

နားလွဲမှုလွဲသွားပြီးသည့်နောက် Ran Feng Ge ၏စိတ်အခြေအနေမှာ မတတ်နိုင်ဘဲ ထိုးကျသွားရသည်။ စားသောက်နေစဥ် စိတ်ဖိစီးနေပါလျှင် အစာမကြေမှုကြောင့် ဝေဒနာခံစားရနိုင်သည်။ "Jing Qiu Han ပုံစံ" အေးဆေးသိမ်မွေ့စွာ စားရန် သူ သင်ယူနေပြီဖြစ်သော်လည်း သူ၏ စားချင်စိတ်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေပြီ။

'သေစမ်းကွာ... ကောင်းရော...မလိုအပ်ဘဲနဲ့ ရှည်ကြောပြီး
ထချက်ချင်ဦး'

Ran Feng Ge သူ၏ တူကို ထမင်းစားပွဲပေါ်စောင့်ချလိုက်သည်။ ထို့နောက် ဟင်းပွဲများကိုယူ၍ အမှိုက်ပုံးထဲ အကုန်သွန်ပစ်လိုက်၏။ ထိုသို့လုပ်ပြီးမှ သူ အသက်ရှူနည်းနည်းချောင်သွားခဲ့သည်။

'ကောင်းတယ်...စွတ်ရွတ် ဂရုစိုက်ချင်ဦး...နည်းတောင်နည်းသေး'

Ran Feng Ge ဤတစ်ကြိမ်ကို အသည်းစွဲအောင် သင်ခန်းစာယူလိုက်ပြီ။ Jing Qiu Han ၏ လူစားထိုးအဖြစ် ဆောင်ရွက်နေသမျှကာလပတ်လုံး နောက်တစ်ဖန်ဘယ်သော
အခါမျှ မချက်ပြုတ်တော့ဟု သူကျိန်ဆိုသတည်း။

\______>_<______/

Zawgyi

ေရခ်ိဳးၿပီးေနာက္ အျဖဴေရာင္ေရခ်ိဳးခန္းဝတ္စုံကို ဝတ္ကာ ေခါင္းကိုေျခာက္ေအာင္သုတ္ရင္း Ran Feng Ge ေအးေအးလူလူ ျပန္ထြက္လာသည္။

ဆိုဖာတြင္ထိုင္ရင္း ေကာ္ဖီစားပြဲေပၚရွိ ေငြအခ်ိဳ႕ႏွင့္အတူ မွာစားလို႔ရသည့္ အစားအေသာက္စာရင္းမ်ား တစ္ထပ္ႀကီး ေတြ႕ရသည္။ ဆိုင္းငံ့သြားၿပီးမွ Su Yi Mo ေျပာခဲ့သည့္စကားမ်ားကို သူ အမွတ္ရသြားသည္။

'ၾသ...သူ႕ငါ့ကို ေျပာသြားတာ ေအာ္ဒါမွာစားဖို႔ကိုး...'

သူက လည္ဆန့္ကာ အခန္းပတ္ပတ္လည္ကိုလိုက္ရွာ၏။ ဝဲဘက္ရွိတံခါးတစ္ခ်ပ္တြင္ သူ၏အၾကည့္က ၿမဲၿမံသြားသည္။ တံခါး၏ မွန္ကိုေက်ာ္ၾကည့္၍ ထိုဟာသည္ မီးဖိုခန္းဆီသြားသည့္တံခါးျဖစ္ရမည္ဟု သူေကာက္ခ်က္ခ်လိဳက္သည္။


Ran Feng Geသည္
စိုေနသည့္
ေခါင္းကို အႀကိမ္ေရမ်ားမ်ားေလး အားစိုက္သုတ္ၿပီးေနာက္ မတ္တပ္ထကာ မီးဖိုခန္းသို႔ဝင္ခဲ့သည္။ ေဆး႐ုံမွာကတည္းက မွာစားရသည့္ အရာမ်ားကို အားရေအာင္ သူစားခဲ့ၿပီးပါၿပီ။ ရွားရွားပါးပါး လြတ္လပ္စြာေနရသည့္အခိုက္ေလး ကိုယ္စားခ်င္တာကို လုပ္စားသင့္ပါ၏။ အေၾကာင္းမ်ိဳးစုံႏွင့္ သူ႕လြတ္လပ္သည့္ေန႕ကေလးမ်ား ဘယ္ခ်က္ကုန္သြားမည္မသိရာ... သူ႕ကိုယ္သူ နည္းနည္းေလာက္ျပဳစုရန္ ဤအခြင့္အေရးကို အသုံးမခ်စရာအေၾကာင္းမရွိေပ။ သူက ေ႐ႊအဆင့္လူစားထိုးတစ္ေယာက္ျဖစ္ခ်င္ျဖစ္မည္...သို႔ေသာ္ မလိုအပ္ဘဲႏွင့္ သူ႕ကိုယ္သူ ဇြတ္ခ်ဳပ္တည္းေန
မည္ဟု မဆိုလိုပါ။

ေရခဲေသတၱာကို ဖြင့္လိုက္သည့္အခ်ိန္တြင္ သူမေမွ်ာ္လင့္ထားသည့္အရာက သူ႕ကိုေစာင့္ႀကိဳေနသည္။ ေရွးမဆြတြင္ သူေတြးထားသည္မွာ ေရခဲေသတၱာထဲ၌ အလြတ္နီးပါးျဖစ္ေနေလာက္မည္ဟု။

အခုနက ကိုယ္ဘာသာခ်က္စားရန္ ႐ုတ္တရက္သူစိတ္ကူးေပၚခဲ့ သည္။ သို႔ေသာ္ မီးဖိုခန္းရွိရာသို႔ ဝင္လာစဥ္ ကိစၥတစ္ခုကို ေတြးမိသြား၏။ ေအးစက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ထားသည့္ Su Yi Mo လိုလူတစ္ဦးအတြက္ သူဘာသာခ်က္စားရန္ မည္သို႔ျဖစ္နိုင္ပါမည္နည္း။ ေရခဲေသတၱာဆြဲဖြင့္ရင္းက မိမိ၏
မိုက္မဲမႈကို Ran Feng Ge ျပန္ရယ္မိသည္။

တံခါးဖြင့္အၿပီးတြင္ သူျမင္လိုက္ရသည္မွာ အျပည့္ထုပ္ပိုးထည့္သို ထားပါေသာ အေရာင္အေသြး႐ႊန္းစိုသည့္ အ႐ြက္အသီးမ်ား...။ သူ မတတ္နိုင္ဘဲ အံ့အားသင့္သြားသည္။

'ဒီလူက.. ခ်က္တတ္တယ္?'

မယုံမၾကည္ႏွင့္ Ran Feng Geသည္ ေခါင္းသုတ္ပုဝါကို ပုခုံးေပၚသို႔ ျဖစ္သလိုလႊားတင္လိုက္သည္။ ထို႔ေနာက္ လက္ေဆး၊ အ႐ြက္အသီးမ်ားကိုယူေဆး၊ လွီးျဖတ္၊ ခ်က္ျပဳတ္ အဆင့္ဆင့္လုပ္ကိုင္သြား၏။

တစ္နာရီၾကာၿပီးေနာက္.....

Ran Feng Geလည္း ဟင္းလ်ာသုံးမ်ိဳး ခ်က္၍ၿပီးသြားသည္။ ဟင္းသုံးပြဲစလုံးကို သာမန္ပါဝင္ပစၥည္းအမ်ားစုႏွင့္သာ ခ်က္ျပဳတ္ထားေသာ္လည္း ၄င္းတို႔မွာ အဆင္းလွ၊ အနံ႕ေကာင္း၊ အရသာရွိေနလ်က္ပင္။ သူက လက္ဆန့္ကာ ႂကြပ္႐ြေအာင္ေၾကာ္ထားသည့္ ဝက္သားတစ္ဖက္ယူ၍ ခံတြင္းထဲသို႔ထည့္လိုက္သည္။ အနည္းငယ္ဝါးလိုက္ၿပီး စိတ္ေက်နပ္သည့္အမူအယာျဖင့္ သူ႕မ်က္ခြံမ်ား ပိတ္က်သြားပါ၏။


'ဟင္းဟင္း....ငါ မခ်က္ျပဳတ္ရတာ ၾကာၿပီဆိုေပမဲ့ ငါ့လက္ရာကေတာ့ ေကာင္းၿမဲေကာင္းေနဆဲပါပဲလား..."

သူ႕ေဘးက ထမင္းေပါင္းအိုး၏ အဖုံးကို ဖြင့္လိုက္လွ်င္ ထမင္း၏ သင္းပ်ံ့ေသာရနံ႕က သူ႕ႏွာဝသို႔လွိုင္ဝင္လာသည္။ ပလက္စတစ္ေယာက္မကိုသုံးကာ ပန္းကန္းလုံးႏွစ္လုံးထဲသို႔ ထမင္းခူးထည့္ၿပီး ထမင္း စားပြဲေပၚတင္လိုက္၏။ ထို႔ေနာက္ Su Yi Mo ကို ေအာက္ဆင္းၿပီးစားဖို႔ေခၚ
ခ်င္ေသာေၾကာင့္ သူလွည့္ကာ မီးဖိုးခန္းမွထြက္ဖို႔လုပ္သည္။

သူ မီးဖိုခန္းမွထြက္႐ုံရွိေသးသည္။ ဒုတိယထပ္၏ အေကြ႕တစ္ခုမွေန၍ ေခါင္းတစ္လုံးျပဴထြက္လာသည္ကို ျမင္လိုက္ရသည္။ Su Yi Mo က ႏွာေခါင္းစြင့္၍ သူ ရသည့္ရနံ႕ကို ဘာမွန္းသိရေအာင္ ခပ္ျပင္းျပင္းရႉသြင္းသည္။ ထိုအခိုက္တြင္ သူ၏ အမူအယာမွာ ခ်စ္ဖို႔လည္းေကာင္းေနပါသည့္တိုင္...
အမွန္ရယ္ဖြယ္ေကာင္း၏။

"ခင္ဗ်ားက အနံ႕ခံေတာ္ေတာ္ေကာင္းတာပဲ"

Ran Feng Ge သည္ လက္ႏွစ္ဖက္ကိုပိုက္ကာ မီးဖိုခန္း၏တံခါးက်ည္းေပါင္ကို ပ်င္းတြဲ႕စြာ မွီထားၿပီး သူ႕မ်က္ႏွာတြင္ က်ီစယ္လိုေသာ အမူအယာျဖင့္ တစ္ဖက္လူကို ၾကည့္ေနသည္။

" ကြၽန္ေတာ္ အခုတင္ ခ်က္ၿပီးတာ။ အတူစားၾကတာေပါ့"

ပထမထပ္မွ အမ်ိဳးသားကို Su Yi Mo ဗလာၾကည့္ ၾကည့္ေနရာမွ သူ၏မ်က္လုံးက ေအာက္သို႔အနည္းငယ္က်သြားၿပီး တစ္ဖက္သူ၏ ဟေနေသာ ေရခ်ိဳးခန္းဝတ္အကၤ်ီ၏ေကာ္လံဆီ ေရာက္သြားသည္။ အေၾကာင္းျပခ်က္မယ္မယ္ရရမရွိဘဲ သူ၏ ႏွလုံးခုန္ႏႈန္းက
ျမန္သြား၏။ သို႔ေသာ္ သူက ခံစားခ်က္ကို အျမန္ထိန္းခ်ဳပ္လိုက္ၿပီး ပုံမွန္အမူအယာအတိုင္း အလ်င္အျမန္ျပန္ျဖစ္သြားသည္။ တည္ၿငိမ္ေသာ ေျခလွမ္းမ်ားျဖင့္ Su Yi Mo ေလွကားကေနဆင္းလာသည္။

"မင္းကေတာ့ ေစ့စပ္ခ်က္ပဲ...Qiu Han လည္း ဟင္းခ်က္တအားေကာင္းတာ"

"ဒါေပမဲ့ မင္းက ဒီလို မလုံ႕တလုံဝတ္ထားတာ ငါ့ကို ျဖားေယာင္းခ်င္လို႔လား...ဒါဆိုရင္ေတာ့ ေဆာရီးပဲ မင္းရဲ႕ႀကိဳးစားမႈက အလုပ္မျဖစ္ဘူး။ ဥကေနမွမေပါက္ေသးဘူး ၾကက္ဘယ္ႏွေကာင္လဲလို႔ေရ မေနနဲ႕။ Qiu Han ကလြဲရင္ ဘယ္တစ္ေယာက္ကိုမွ ငါ ခ်စ္လာမွာမဟုတ္ဘူး။ "

"မင္းမွ မဟုတ္ဘူး...အျခားဘယ္သူမွလည္း သူ႕ေနရာမွာအစားမထိုးႏုင္ဘူး"

"မင္းမွာ ေျပာင္ေျမာက္တဲ့
ကြၽမ္းက်င္မႈေတြရွိေနတာနဲ႕ပဲ ငါေရွ႕မွာ လွည့္ကြက္ေလးေတြ လုပ္နိုင္မယ္ထင္ေနတာလား....အဲဒီလို ထင္မေနနဲ႕ မင္းဘာပဲလုပ္လုပ္ Qiu Han ရဲ႕ေနရာကို အစားမထိုးနိုင္ဘူး"

လတ္စသတ္ေတာ့... 'အိမ္မွာဆိုရင္ မင္းလြတ္လြတ္လပ္လပ္ေနလို႔ရပါတယ္' ဟု ေျပာခဲ့သူမွာ သူကိုယ္တိုင္ျဖစ္သည္ကို Su Yu Mo ေမ့သြားသည္ပဲ။ Ran Feng Ge လို လူတစ္ေယာက္အတြက္ အိမ္ထဲမွာသာ လုပ္ခ်င္ရာလုပ္နိုင္သည့္လြတ္လပ္မႈကို ခံစားရနိုင္တာျဖစ္သည္။ အိမ္ထဲတြင္ မည္သူကမ်ား ေရခ်ိဳးၿပီးေနာက္ ေျခဆုံးေခါင္းဖ်ား လုံေအာင္ဖုံးၾကပါသနည္း။ စိတ္ကူးေပါက္ရာ လုပ္တတ္သည့္အက်င့္ေၾကာင့္ သူ မ်ားမ်ားစားစားမစဥ္းစားမိခဲ့။ ေရခ်ိဳးၿပီးေနာက္ ဗိုက္ဆာလာသျဖင့္ သူ ခ်က္ျပဳတ္လိုက္ျခင္းေပ။ သူ ဝတ္ဆင္ထားသည့္ အေနအထားက Su Yi Mo၏ မ်က္လုံးထဲတြင္ 'သူ႕ကို ျဖားေယာင္းရန္ တမင္အကြက္ခ်ထားျခင္း' ဟူသည့္ သေဘာသက္ေရာက္သြားမည္ဟု Ran Feng Ge ေတြးမထားဖူးပါ။

Su Yi Mo၏ ထိုစကားတစ္ခြန္းက Ran Feng Ge ၏ မ်က္ႏွာေပၚက အၿပဳံးကို ​ေတာင့္တင္း
သြားေစသည္။

ထိုစကားတစ္ခြန္း၏ ေနာက္အဓိပၸါယ္မွာ.....
'မင္း ဘယ္ေလာက္ပဲ ေစ့ေစ့စပ္စပ္နဲ႕ အခ်က္အျပဳတ္ သင္ထားသင္ထား....အနံ႕ ၊အရသာႏွင့္ ျပည့္စုံေအာင္ ဘယ္လိုပဲ အားစိုက္အားစိုက္....Jing Qiu Han ႏွင့္ ပိုတူလာျခင္းသာရွိသည္' ဟူ၍ျဖစ္၏။

Ran Feng Geသည္ သူ၏မ်က္ႏွာေပၚက ေတာင့္တင္းသြားသည့္အၿပဳံးကို ဖယ္ရွားကာ စိတ္အေျခအေနပိုေကာင္းေအာင္ ညွိယူလိုက္သည္။ သူသည္ Su Yi Moကိုမၾကည့္ေတာ့ဘဲ " ခ်ီးက်ဴးတာ ေက်းဇူးပဲ" တိုးတိုးျပတ္ျပတ္ေျပာကာ ထမင္းစားပြဲဆီလွည့္ေလွ်ာက္သြားပါ၏။ ထို႔ေနာက္ တူကို ေကာက္ၿပီး စားေနေတာ့သည္။

Su Yi Mo က ပလုတ္ပေလာင္းစားေနသည့္ တစ္ဖက္လူကိုၾကည့္ကာ ျပစ္တင္ေျပာလိုက္သည္။

"Qiu Han က  အစားစားတဲ့အခ်ိန္မွာေတာင္ တအား ေအးေဆးသိမ္
ေမြ႕တာ။ မင္းရဲ႕လုပ္ရပ္ကေန လူေတြရွာမေတြ႕ေအာင္ဆိုရင္ မင္းရဲ႕အျပဳအမူကို နည္းနည္းပိုၿပီးဂ႐ုစိုက္သင့္တယ္။ "

Ran Feng Ge ၏ ခံတြင္းအျပည့္ထမင္းလုတ္မွာ လည္မ်ိဳတြင္ ႐ုတ္တရက္ နင္သြားေတာ့သည္။ ထို႔ေၾကာင့္ ေဘးတြင္ခ်ထားသည့္ေရခြက္ ဆြဲယူၿပီး အေလာတႀကီးမ်ိဳခ်လိဳက္ရ၏။ သို႔ေသာ္ ေရက အလြန္ပူသည္ျဖစ္ရာ အကုန္လုံး ခ်က္ခ်င္းျပန္​ေထြးအန္သည္။ ထိုအခ်ိန္တြင္ ထမင္းတစ္ေစ့က လည္ေခ်ာင္းတြင္ကပ္ၿပီး ေလႁပြန္ သို႔ စိုက္သြားရာ Ran Feng Ge လည္း မတတ္နိုင္ဘဲ ေခ်ာင္းတစ္ဟြတ္ဟြတ္ဆိုးသြားသည္။ ႀကိဳၾကားႀကိဳၾကား ႏွာေခ်ေသး၏။

တစ္ဖက္အမ်ိဳးသား၏ အမူအယာအဆင့္ဆင့္ကို ေစာင့္ၾကည့္ေနရင္း Su Yi Mo၏ မ်က္ခုံးမ်ားသည္ မေက်နပ္မႈေၾကာင့္ ပို၍ပို၍တြန့္ခ်ိဳးသြား၏။ Ran Feng Ge လက္ထဲကတူကို အသာခ်လိဳက္သည္။ ေနာက္ထပ္ ပလုတ္ပေလာင္းမစားနိုင္ေတာ့ေပ။

"မင္းကို
ၾကည့္ရတာ အခုထိ ကာရိုက္တာနဲ႕အသားမက်ေသးဘူးပဲ"

"ေတာင္းပန္ပါတယ္..ကြၽန္ေတာ္ေပါ့ဆသြားတယ္။ အိမ္မွာဆိုရင္ လြတ္လြတ္လပ္လပ္ေနလို႔ရတယ္လို႔ ခင္ဗ်ားကေျပာလို႔ ကြၽန္ေတာ္နည္နည္း သတိလက္လြတ္ျဖစ္သြားတယ္။ ကြၽန္ေတာ့္္အမွားပါ။  ကိုယ့္က႑ကိုယ္ မေမ့လိုက္သင့္ဘူး။ ခင္ဗ်ား စိတ္အႏွောက္အယွက္ျဖစ္သြားရင္ စိတ္မေကာင္းပါဘူး။ မစိုးရိမ္ပါနဲ႕ ကာရိုက္တာနဲ႕ အသားက်ေအာင္ျမန္ျမန္လုပ္ပါ့မယ္။ ဒါမ်ိဳး ေနာက္ထပ္မျဖစ္ေစရဘူး"

အသက္ရႉက်ပ္ၿပီး ေခ်ာင္းဆိုးထားေသာေၾကာင့္ Ran Feng Ge၏ မ်က္ဝန္းေထာင့္စြန္းမ်ား ရဲတြတ္ေနေလသည္။ သို႔ေသာ္ သူ၏ ေလသံတြင္ တုန္ခါမႈကို စိုးစဥ္းမွ်မၾကားရနိုင္ပါ။

Ran Feng Ge အသက္ျပင္းျပင္းရႉလိုက္သည္။ ထို႔ေနာက္ ႏြေးေထြးေသာအၿပဳံးကိုျပဳ၍...

"ကိစၥမရွိပါဘူး.. ကြၽန္ေတာ္အဆင္ေျပပါတယ္" ဟုေျပာလာ၏။

တစ္ဖက္အမ်ိဳးသားက မည္သည့္စကားမွ် ျပန္မေျပာေတာ့ဘဲ ေကာ္ဖီစားပြဲသို႔သာ ေလွ်ာက္သြားသည္။ Su Yi Mo သည္ မွာစားရသည့္စားဖြယ္စာရင္းမ်ားထဲမွ တစ္ခုကိုေ႐ြးကာ သူ၏ဖုန္းကို ထုတ္လိုက္သည္။ စားစရာကိုမွာေနရင္း သူကေလွကားဆီသို႔ ျပန္လာသည္။ ဤတစ္ႀကိမ္တြင္ ဒုတိယထပ္သို႔ ျဖစ္ရာ သူတို႔၏ စကားဝိုင္းကလည္း နိတၳိတံသြား၏။

သူ ပီဇာမွာခဲ့သည္။

Ren Feng Ge အားျပတ္
သက္ျပင္းခ်မိသည္။ အနည္းငယ္ရႈပ္ပြေနသည့္ ထမင္းစားပြဲကို ၾကည့္ကာ တူကို ႀကိတ္မွိတ္ေကာက္ကိုင္ၿပီး တစ္ေယာက္တည္းဆက္စား၏။

သူ႕ဘာသာ ေထြးအန္မိသည္ပဲကို... ဘာအတြက္ စိတ္ထဲထားေတာ့မည္နည္း။

စားေနစဥ္အတြင္း ကိုယ့္ကိုယ္ကိုယ္ အနည္းငယ္အျပစ္တင္သည့္ အၿပဳံးမ်ိဳး သူ႕မွာရွိေနသည္။

'Ran Feng Geေရ..  ဒီေန႕
မင္း ဘာျဖစ္ေနသလဲ...မင္းအလုပ္ရွင္ရဲ႕ ဘဝကို ဘာကိစၥဝင္ပါခ်င္ေနရတာတုန္း...သူဘာသာ စားစား မစားစား မင္းနဲ႕ဘာဆိုင္တာလိုက္လို႔'

'မင္းဆိုတာ...လူစားထိုးသက္သက္ပဲ...စည္းမေက်ာ္စမ္းနဲ႕....

အလုပ္ကို က်ိဳးက်ိဳးႏြံႏြံ
နဲ႕ လုပ္ ၿပီးရင္ လုပ္ခယူ ဒါပဲ'

ေျပာၾကတဲ့စကားရွိတယ္ေလ...."တန္ရင္ေဆး လြန္ရင္ေဘး"တဲ့....

ဒီေလာကထဲမွာ ပါးပါးနပ္နပ္ ရပ္တည္လာပဲ ၾကာ ၾကာလွၿပီ။ အခုက်မွ ဘာေၾကာင့္ ေအးေအးေဆးေဆး မေနနိုင္ဘဲ....အလုပ္ရွင္ကို သြားစိတ္ဝင္စားေနရတာလဲ? မင္းကိုမင္းဟုတ္လွၿပီထင္ၿပီး သူမ်ားရဲ႕လွ်ို႔ဝွင္ခ်က္ကိုေတာင္ တူးဆြခ်င္ေနသးတယ္'

နားလြဲမႈလြဲသြားၿပီးသည့္ေနာက္ Ran Feng Ge ၏စိတ္အေျခအေနမွာ မတတ္နိုင္ဘဲ ထိုးက်သြားရသည္။ စားေသာက္ေနစဥ္ စိတ္ဖိစီးေနပါလွ်င္ အစာမေၾကမႈေၾကာင့္ ေဝဒနာခံစားရနိုင္သည္။ "Jing Qiu Han ပုံစံ" ေအးေဆးသိမ္ေမြ႕စြာ စားရန္ သူ သင္ယူေနၿပီျဖစ္ေသာ္လည္း သူ၏ စားခ်င္စိတ္မွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားေလၿပီ။

'ေသစမ္းကြာ... ေကာင္းေရာ...မလိုအပ္ဘဲနဲ႕ ရွည္ေၾကာၿပီး
ထခ်က္ခ်င္ဦး'

Ran Feng Ge သူ၏ တူကို ထမင္းစားပြဲေပၚေစာင့္ခ်လိဳက္သည္။ ထို႔ေနာက္ ဟင္းပြဲမ်ားကိုယူ၍ အမွိုက္ပုံးထဲ အကုန္သြန္ပစ္လိုက္၏။ ထိုသို႔လုပ္ၿပီးမွ သူ အသက္ရႉနည္းနည္းေခ်ာင္သြားခဲ့သည္။

'ေကာင္းတယ္...စြတ္႐ြတ္ ဂ႐ုစိုက္ခ်င္ဦး...နည္းေတာင္နည္းေသး'

Ran Feng Ge ဤတစ္ႀကိမ္ကို အသည္းစြဲေအာင္ သင္ခန္းစာယူလိုက္ၿပီ။ Jing Qiu Han ၏ လူစားထိုးအျဖစ္ ေဆာင္႐ြက္ေနသမွ်ကာလပတ္လုံး ေနာက္တစ္ဖန္ဘယ္ေသာ
အခါမွ် မခ်က္ျပဳတ္ေတာ့ဟု သူက်ိန္ဆိုသတည္း။

\______>_<______/

Continue Reading

You'll Also Like

150K 4.7K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
68K 5.3K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
1.1M 64K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
123K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...