လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 11

1.1K 188 8
By Htoo-6

Unicode

ဖေဇော်ဂျီလေးတွေက ပုံတွေကို အပေါ်မှာကြည့်ပေးသွားပါနော် 😉

__________😘___________

Living Together

Su Yi Mo၏ ပြတ်သားသော ဘေးတိုက်ကောက်ကြောင်းကို လှည့်ကြည့်ရင်း ယခုထက်တိုင် Ran Feng Ge အံသြနေမိသည်။ ဤလိုနည်းဖြင့် သူတို့၏ ပတ်သတ်မှုကို အပြင်လူများထံ Su Yi Mo ကကြေငြာလိုက်သည်။ သူက လုပ်ရဲလျှင် ခံရဲသည့်လူစားဖြစ်သည်မှာ လုံးဝ
သေချာသည်။ သူ့ချစ်သူ တိုက်ခိုက်ခံရသောအခါ တိုက်ခိုက်သူများ ရှုပ်ထွေးသွားစေရန် လူစားထိုးတစ်ယောက်ကို ချက်ချင်းငှားခဲ့သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ်ရောက်လာမည့် အန္တရာယ်များကိုရှောင်ရှားရန် သူ့ချစ်သူကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ခဲ့၏။ ထို့အပြင် လိင်တူစုံတွဲတစ်တွဲ၏အပေါ်ကျရောက်လာမည့် ဖိအားများကိုလည်း သူ့ချစ်သူနှင့်အတူ ပုခုံးထမ်းယူရန် မကြောက်။

ခင်ဗျားတို့ပြောလေ့ရှိသည့်
'တကယ့်ယောက်ျား' ဆိုသည့် လူစားပင်။

ရုတ်တရက် စိတ်လှုပ်ရှားမှုများ တလိပ်လိပ်တက်လာသည်ကို Ran Feng Ge ခံစားလိုက်ရပြီး မတတ်နိုင်ဘဲ သက်မမောကိုချမိသည်။ Su Yi Mo ၏ ချစ်မြတ်နိုးမှုကို
ခံရသည့် Jing Qiu Han... ကျိန်းသေ သိပ်ပျော်မှာပဲနော်?

"သူရော...အဆင်ပြေရဲ့လား?"

မရည်ရွယ်ဘဲ Ran Feng Ge သည် တားမြစ်အကြောင်းအရာကို ချိုးဖောက်လိုက်မိသည်။

စတီယာရင်ပေါ်က Su Yi Mo ၏ လက်နှစ်ဖက်မှာ မသိမသာ တင်းကျပ်သွား၏။ သို့သော် ဦးတည်ရာလမ်းကိုမူ သူ အာရုံစိုက်မောင်းနေ
ဆဲဖြစ်ပါသည်။

တစ်ဖက်လူမှာ ဘယ်အခါမျှ တုန့်​ပြန်
ဖြေမည်မဟုတ်ဟု Ran Feng Ge တွေးနေစဥ်တွင် Su Yi Mo ကပျော့ပျောင်းစွာ ဆိုလာသည်။

"ကျည်ဆန်က သူ့ရင်ဘတ်ကို ဖောက်ဝင်သွားတာဆိုတော့ အတော်လေးပြင်းထန်တယ်။ အဲဒါက နှလုံးရော အဆုတ်တွေရောကို သွားထိခိုက်ပြီး...သူ ပြန်ပြီး နာလန်ထူနိုင်ဖို့ဆို အချိန်အများကြီး လိုလိမ့်မယ်။ အဲဒါကြောင့် မင်းနဲ့ အနည်းဆုံးတစ်နှစ် စာချုပ်ချုပ်ရတာ။ တစ်နှစ်ဆိုတဲ့အချိန်က သူ ပြန်ကောင်းလာဖို့ လုံလောက်မယ် ထင်ရတာပါပဲ"

"သြော်"

Ran Feng Ge ထိုင်ခုံကိုမှီလိုက်သည်။ ဘာမျှထပ်မပြောတော့။ ထိုအစား..တွေဝေမှုအနည်းငယ်နှင့်..ခေါင်းကိုလှည့်ကာ ကားမှန်မှတဆင့် တစ်ရိပ်ရိပ်ကျန်ခဲ့သည့် ပြင်ပရှုခင်းကို ကြည့်နေခဲ့ပါသည်။

Su Yi Mo သည်လည်း ထပ်မံစကားမဆိုတော့ပါ။ ကျန်သည့်ခရီးကို တိတ်တဆိတ်သာ မောင်းလို့လာသည်။ အိမ်ရာစုများရှိရာသို့ သူတို့ရောက်လျှင် ရိုးရှင်းသော်လည်း တန်ဖိုးမနည်းသည့် အဖြူရောင်အိမ်ရာတစ်ခု၏ရှေ့တွင် ကားရပ်သွား၏။

သူ၏ရှေ့တွင် မားမားမတ်မတ်ရှိနေသည့် အဆောက်အဦးကို ငေးကြည့်ရင်း Ran Feng Ge မသိလိုက်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည် ___ဒါ တကယ့်လူချမ်းသာတစ်ယောက်ရဲ့ အိမ်တော်ပဲ။

အဟမ်း...!

သူ့ကိုယ်သူ မူလအနေအထား ပြန်ရောက်သွားမှ Ran Feng Ge ချောင်းတစ်ချက်ဟန့်လိုက်သည်။  ထို့နောက် စိတ်ထဲကနေ တစ်ယောက်တည်းပြောလို့နေ၏။

' မင်းလည်း ချမ်းသာပါတယ်..ဖြစ်ဖြစ်မြောက်မြောက်လုပ်ပြီးရင် ဒီအလုပ်ကထွက်လိုက်တော့ ... အိမ်ရာအသေးလေးတစ်ခုလောက်လည်း ဝယ်နိုင်လိမ့်မယ်...ခွေးအကြီးစားနှစ်ကောင်လောက်ကို အေးဆေးမွေးပြီး ပြိုင်ကားတစ်စင်းနဲ့ နေရာတိုင်းကိုမောင်း။ ကျေနပ်စရာ ပေါ်ကြော့ဘဝလေးနဲ့ နေ..။

" မင်း မဆင်းဘူးလား?"

Su Yi Mo၏ အသံကိုကြားကာမှ Ran Feng Geသည် သူ၏ စိတ်ကူးယဥ်ကမ္ဘာမှ ပြန်လည်နိုးထလာခဲ့သည်။ သူက ခါးပတ်ကိုဖြုတ်၊ တံခါးဖွင့်ပြီး အပြင်သို့ထွက်လိုက်၏။

" အိမ်မှာတော့ ဆေးရုံမှာလောက် မင်း ဂရုစိုက်စရာမလိုပါဘူး။ ငါ အိမ်ကိုစစ်ဆေးပြီးပြီ။ အထဲမှာ ကြားဖြတ်ဖမ်းယူတဲ့ ကိရိယာ တစ်ခုမှမရှိဘူး။ မင်း အဲဒီထဲကို ဝင်သွားရုံပဲ..ပြီးရင် Jing Qiu Hanရဲ့ အိမ်အဖြစ်ထုတ်ပြောလိုက်မယ်။ လိုအပ်ရင် ဇာတ်ညွှန်းအတိုင်း သူ့စကားနည်းနည်း ပြော။ အဲဒါကလွဲရင် မင်းလုပ်ချင်ရာလုပ်လို့ရတယ်"

Su Yi Mo က ခေတ္တနားပြီး ဆက်ပြော၏။

"တကယ်တော့ မင်းရဲ့ဒဏ်ရာတွေ အရှင်းပျောက်သွားပြီဆိုရင် Qiu Han နေရာမှာအစားထိုးပြီး ရွှေ့ဆိုင်းထားတဲ့ ဇာတ်လမ်းတွဲကို ပြီးအောင်ဆက်ရိုက်ရမှာ။ ရိုက်ကူးရေးသမားတွေနဲ့ဆိုရင် မင်းက Jing Qiu Han ဆိုတော့..အရာရာကိုဂရုစိုက်ရမယ်။ သရုပ်ဆောင်ပိုင်းမှာ ဟာကွက်တစ်ခုမှ ချန်ထားလို့မရဘူး.."

နောက်တစ်နည်းဆိုရလျှင် အိမ်မှာနေရမည့်ကာလသည် ဘာပဲဖြစ်လာလာ အလိုက်သင့်နေရမည့် အချိန်ဖြစ်ပါ၏။

Ran Feng Ge ခေါင်းငြိမ့်သည်။ မည့်သည့်ခံစားချက်မျှ မပြသော အပြုံးဖြင့်...

"ကျွန်တော့်ကို သတိပေးတာ ကျေးဇူးအများ​ကြီး
တင်ပါတယ် သူဌေး" ဟု ပြောလိုက်သည်။

တစ်ဖက်သူ၏ နောက်သို့လိုက်ကာ Ran Feng Ge အိမ်အတွင်းသို့ဝင်လိုက်သည်။ ကြမ်းခင်းကို အဖြူရောင်ကော်ဇောဖြင့်ခင်းထား၏။ သူ့အကြည့်က ဆိုဖာ၊ ကော်ဖီစားပွဲ၊ အလွှာပါးတီဗီ များဆီရွေ့လို့သွား၏။ ယခုအိမ်သည် သူတို့စာချုပ်ချုပ်ခဲ့သည့် အေးခဲအိမ်တော်နှင့် လားလားမျှမတူ။ ဤနေရာတွင် နံရံထောင့်တိုင်းသည် နွေးထွေးမှုတို့လွှမ်းခြုံနေပါ၏။

ဖြစ်နိုင်တာက...ဒါသည် Su Yi Moနှင့် Jing Xiu Hanတို့၏ လျှို့ဝှက်ချစ်ရိပ်မြုံလေးများလား?

Su Yi Mo က မိမိကို ဤနေရာသို့ခေါ်တောင်မလာခဲ့ပါ။

ယခု အခိုက်အတန့်မှ Jing Qiu Han ဘဝသို့ရောက်နေပါသောကြောင့်။

"မင်းရဲ့ အခန်းက ဒုတိယထပ် ခန်းမရဲ့ အဆုံးမှာ.... အရင်ဆုံးကြည့်ချင်လား?"

Su Yu Mo သည် လည်စည်းကိုချွတ်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်၏။ တစ်ဖက်လူကို မေးမြန်လိုသော အကြည့်ဖြင့် သူကြည့်သည်။

"ကောင်းပြီ"

Ran Feng Ge က အသင့်တုန့်ပြန်သည်။

ဒုတိယထပ်ရှိ အခန်း၏ အပြင်အဆင်မှာ ပထမထပ်နှင့် လုံးဝလုံးဝမတူ။ သစ်မာသားခင်းထားသည့် ကြမ်းခင်းကြီးနှင့် မျက်နှာကြက်ပြတင်းပေါက်များ (ceiling windows)။

ပြတင်းများ၏ဘေးတစ်ဖက်တွင် စာရေးခုံတွဲလျက်ပါသော မဟော်ဂနီ စာအုပ်စင်တန်းကြီး
(bookshelves with desk)
ရှိ၏။ စာရေးခုံပေါ်တွင် နောက်ဆုံးပေါ် လက်ဆွဲကွန်ပျူတာ တင်ထားပြီး သူ့အနောက်တွင် စာကြည့်မီးအိမ်ရှိ၏။ စာရေးခုံ၊ စာအုပ်စင်များနှင့် မျက်နှာချင်းဆိုင်တွင် စန္ဒယားတစ်လုံး။ သူ့ဘေးတွင်မူ မိုးပြာရောင်အိပ်ယာခင်းများနှင့် ဧရာမကုတင်တစ်လုံးက (king-sized bed) လဲလျောင်းနေပါ၏။ နှစ်ခန်းတွဲဗီရိုတစ်လုံးက (double closet) ကုတင်၏ဘေးတွင် မတ်ရပ်။အခန်းက မြင်မြင်ချင်းမှာပင် Ran Feng Ge ၏ နှစ်သက်မှုကို သိမ်းပိုက်သွားပါသည်။

" မင်း ကြိုက်ရဲ့လား?"

Su Yi Mo က အသာမေးသည်။

" ကျွန်တော် ဒီမှာနေဖို့ အဆင်ပြေပါ့မလား?"

Ran Feng Ge ၏ အကြည့်က စာရေးခုံပေါ်တွင် တင်ထားသော ဘောင်သွင်းဓာတ်ပုံ၌ စွဲစွဲမြဲမြဲ...။ သွင်းထားသည်က Su Yi Mo နှင့် Jing Qiu Han တို့၏ ပုံ...။ပုံထဲ၌ သူတို့မှာ ဆယ့်ရှစ်၊ဆယ့်ကိုး အရွယ်သာရှိဦးမည်။ ကြည့်ရသည်မှာ ငယ်ရွယ်၍ သန့်စင်လှပြီး မျက်နှာတွင် တောက်ရွှန်းသည့်အပြုံးကိုယ်စီနှင့်..။

' အဲဒါ သူတို့ရဲ့ အဖိုးအတန်ဆုံးရတနာ ဖြစ်ရမယ်.. ဟုတ်တယ်မလား?'

"ကိစ္စမရှိပါဘူး...မင်းသရုပ်ဆောင်မှတော့ အဆုံးထိလုပ်ရမှာပေါ့။ ငါ စိတ်မကွက်ပါဘူး။ ဒါ့အပြင်...ရွှေအဆင့်လူစားထိုးက ဒီအထဲက ဘာကိုမှ ဖျက်ဆီးပစ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ငါပြောတာ မှန်လား?"

Su Yi Mo က တစ်ဖက်သူနှင့် မျက်လုံးချင်းဆုံအောင်ကြည့်သည်။ အကြာကြီးကြည့်ပြီးမှ နောက်ထပ်တစ်ကြောင်းကို ထပ်ဖြည့်ပြော၏။

"ဘာရှိရဦးမှာလဲ...အခု မင်းက Jin Qiu Han ပဲဟာ။ မင်းက သူ့အခန်းမှာနေဖို့ တကယ်လိုတာပေါ့"

လူစားထိုးများအနေဖြင့် မူလပုဂ္ဂိုလ်၏ပိုင်ဆိုင်မှု များနှင့် နေသားကျနေရပေမည်။ ထိုဟာများသည် ကောင်းကောင်းဆိုးဆိုး ကိစ္စမရှိ။ အကြောင်းမှာ နောက်ဆုံးတွင် လူစားထိုးအနေဖြင့် သူတို့ကို တကယ်ပိုင်သည်မဟုတ်သောကြောင့်...။

နိဂုံးချုပ်ရပါလျှင် သူတို့သည် အ​ရိပ်များသာ။

"ကောင်းပြီလေ...ယဥ်ယဥ်ကျေးကျေးငြင်းဆိုတာထက်စာရင် လက်ခံလိုက်တာ ပိုကောင်းပါတယ်"

Ran Feng Ge မကြာခင် ဤ အနေအထားကို ကျေနပ်သွားသည်။ သူက ဗီရိုဆီသွား ဖွင့်လိုက်လျှင် အထဲရှိ အထည်အမျိုးမျိုးကြောင့် အံ့အားသင့်သွားရ၏။

"ဒီထဲမှာ ညဝတ်အင်္ကျီတွေရှိလား? ခင်ဗျားက အိမ်ထဲမှာ လွတ်လွတ်လပ်လပ်နေဆိုမှတော့...ကျွန်တော်ရေချိုးလိုက်ဦးမယ်...အဆင်ပြေလား?"

Ran Feng Ge
ဆေးရုံတွင် အကြာကြီးနေခဲ့ရပြီး ထိုအချိန်က ရေချိုးရန်အခွင့်အရေးမရခဲ့။ နေ့စဥ် သူနာပြုတစ်ယောက်က သူ့ကိုယ်ကို ကူညီ ရေပတ်တိုက်ပေးသည်။ သို့သော် ထိုဟာမျိုးက ဘာကောင်းလို့နည်း။ တစ်လနီးပါး ရေမချိုးခဲ့ရသည့်အကြောင်းကို ပြန်တွေးတိုင်း သူ မသတီ။

သူ ထိုနား၌ရှိနေစဥ်ပင် Su Yi Mo အကြောင်းပြန်၏။

"ညဝတ်အင်္ကျီတွေက ဒုတိယအံဆွဲထဲမှာ။ အတွင်းခံတွေက တတိယ။ အကုန်လုံးကအသစ်တွေဆိုတော့..ကြိုက်တာယူဝတ်။ ငါ တချို့အရာတွေဖြေရှင်းဖို့ လုပ်စရာရှိတယ်။ မင်းရေချိုးပြီးရင်..စားဖို့အတွက်ကို ဖုန်းဆက်မှာစားလို့ရတယ်။ မှာလို့ရတဲ့ အစားအသောက်စာရင်းက ပထမထပ်ရဲ့ကော်ဖီ စားပွဲပေါ်မှာ။ ကြိုက်တာကို မှာစား...ငါ့အတွက် စိတ်မပူနဲ့"

"အို့..ကောင်းပြီ"

ထိုသို့ပြောနေစဥ် Ran Feng Geသည်
ဗီရိုရှေ့တွင် ကုန်းပြီး
အံဆွဲများကိုဖွင့် ကာ ညဝတ်အင်္ကျီနှင့် အတွင်းခံများကို ရှာနေတာဖြစ်သည်။ အံဆွဲအပြည့် အဖြူရောင် ညဝတ်များနှင့် အတွင်းခံများကိုကြည့်ကာ သူ၏ နှုတ်ခမ်းထက်၌ မထိန်းနိုင်ဘဲ မဲ့ပြုံးတစ်ခုဖြစ်ပေါ်လာရသည်။သူ ရင်ထဲမှနေ Su Yi Moကို ကျိန်ဆဲနေ၏။ ဤလူ့တွင် အသန့်ကြိုက်ရောဂါ ပြင်းပြင်းထန်ထန်ရှိရမည်။ ခပ်ပွပွ ရေချိုးခန်းအဝင်အထွတ် ဝတ် တစ်ထည်နှင့် ဆင်တူ 'ပြောင်' အဖြူရောင် အတွင်းခံကို သူ ရွေးထုတ်လိုက်သည်။ အခုနက Su Yi Mo စကားပြောနေတုန်း သူ အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလိုက်မိ၏။ အဝတ်များကိုကိုင်၍ အပြီးသတ်  သူ ခါးဆန့်ရပ်လိုက်ချိန်တွင် Su Yi Mo က ထွက်သွားနှင့်ပြီ။

' အဲ...သူ အခုနက ဘာပြောလိုက်တာပါလိမ့် ? ဘာမှန်း မသိလိုက်ဘူး...မှာစားဆိုလား?

ထားလိုက်ပါတော့...ရေပဲ ချိုးလိုက်ပါတော့မယ် '


\_______>_<_______/






Zawgyi

ေဖေဇာ္ဂ်ီေလးေတြက ပုံေတြကို အေပၚမွာၾကည့္ေပးသြားပါေနာ္ 😉

__________😘___________

Living Together

Su Yi Mo၏ ျပတ္သားေသာ ေဘးတိုက္ေကာက္ေၾကာင္းကို လွည့္ၾကည့္ရင္း ယခုထက္တိုင္ Ran Feng Ge အံၾသေနမိသည္။ ဤလိုနည္းျဖင့္ သူတို႔၏ ပတ္သတ္မႈကို အျပင္လူမ်ားထံ Su Yi Mo ကေၾကျငာလိုက္သည္။ သူက လုပ္ရဲလွ်င္ ခံရဲသည့္လူစားျဖစ္သည္မွာ လုံးဝ
ေသခ်ာသည္။ သူ႕ခ်စ္သူ တိုက္ခိုက္ခံရေသာအခါ တိုက္ခိုက္သူမ်ား ရႈပ္ေထြးသြားေစရန္ လူစားထိုးတစ္ေယာက္ကို ခ်က္ခ်င္းငွားခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ေနာက္ထပ္ေရာက္လာမည့္ အႏၱရာယ္မ်ားကိုေရွာင္ရွားရန္ သူ႕ခ်စ္သူကို လုံၿခဳံသည့္ေနရာသို႔ ေျပာင္းေ႐ႊ႕ခဲ့၏။ ထို႔အျပင္ လိင္တူစုံတြဲတစ္တြဲ၏အေပၚက်ေရာက္လာမည့္ ဖိအားမ်ားကိုလည္း သူ႕ခ်စ္သူႏွင့္အတူ ပုခုံးထမ္းယူရန္ မေၾကာက္။

ခင္ဗ်ားတို႔ေျပာေလ့ရွိသည့္
'တကယ့္ေယာက္်ား' ဆိုသည့္ လူစားပင္။

႐ုတ္တရက္ စိတ္လႈပ္ရွားမႈမ်ား တလိပ္လိပ္တက္လာသည္ကို Ran Feng Ge ခံစားလိုက္ရၿပီး မတတ္နိုင္ဘဲ သက္မေမာကိုခ်မိသည္။ Su Yi Mo ၏ ခ်စ္ျမတ္နိုးမႈကို
ခံရသည့္ Jing Qiu Han... က်ိန္းေသ သိပ္ေပ်ာ္မွာပဲေနာ္?

"သူေရာ...အဆင္ေျပရဲ႕လား?"

မရည္႐ြယ္ဘဲ Ran Feng Ge သည္ တားျမစ္အေၾကာင္းအရာကို ခ်ိဳးေဖာက္လိုက္မိသည္။

စတီယာရင္ေပၚက Su Yi Mo ၏ လက္ႏွစ္ဖက္မွာ မသိမသာ တင္းက်ပ္သြား၏။ သို႔ေသာ္ ဦးတည္ရာလမ္းကိုမူ သူ အာ႐ုံစိုက္ေမာင္းေန
ဆဲျဖစ္ပါသည္။

တစ္ဖက္လူမွာ ဘယ္အခါမွ် တုန့္​ျပန္
ေျဖမည္မဟုတ္ဟု Ran Feng Ge ေတြးေနစဥ္တြင္ Su Yi Mo ကေပ်ာ့ေပ်ာင္းစြာ ဆိုလာသည္။

"က်ည္ဆန္က သူ႕ရင္ဘတ္ကို ေဖာက္ဝင္သြားတာဆိုေတာ့ အေတာ္ေလးျပင္းထန္တယ္။ အဲဒါက ႏွလုံးေရာ အဆုတ္ေတြေရာကို သြားထိခိုက္ၿပီး...သူ ျပန္ၿပီး နာလန္ထူနိုင္ဖို႔ဆို အခ်ိန္အမ်ားႀကီး လိုလိမ့္မယ္။ အဲဒါေၾကာင့္ မင္းနဲ႕ အနည္းဆုံးတစ္ႏွစ္ စာခ်ဳပ္ခ်ဳပ္ရတာ။ တစ္ႏွစ္ဆိုတဲ့အခ်ိန္က သူ ျပန္ေကာင္းလာဖို႔ လုံေလာက္မယ္ ထင္ရတာပါပဲ"

"ေၾသာ္"

Ran Feng Ge ထိုင္ခုံကိုမွီလိုက္သည္။ ဘာမွ်ထပ္မေျပာေတာ့။ ထိုအစား..ေတြေဝမႈအနည္းငယ္ႏွင့္..ေခါင္းကိုလွည့္ကာ ကားမွန္မွတဆင့္ တစ္ရိပ္ရိပ္က်န္ခဲ့သည့္ ျပင္ပရႈခင္းကို ၾကည့္ေနခဲ့ပါသည္။

Su Yi Mo သည္လည္း ထပ္မံစကားမဆိုေတာ့ပါ။ က်န္သည့္ခရီးကို တိတ္တဆိတ္သာ ေမာင္းလို႔လာသည္။ အိမ္ရာစုမ်ားရွိရာသို႔ သူတို႔ေရာက္လွ်င္ ရိုးရွင္းေသာ္လည္း တန္ဖိုးမနည္းသည့္ အျဖဴေရာင္အိမ္ရာတစ္ခု၏ေရွ႕တြင္ ကားရပ္သြား၏။

သူ၏ေရွ႕တြင္ မားမားမတ္မတ္ရွိေနသည့္ အေဆာက္အဦးကို ေငးၾကည့္ရင္း Ran Feng Ge မသိလိုက္ဘဲ ပါးစပ္အေဟာင္းသားျဖစ္သြားသည္ ___ဒါ တကယ့္လူခ်မ္းသာတစ္ေယာက္ရဲ႕ အိမ္ေတာ္ပဲ။

အဟမ္း...!

သူ႕ကိုယ္သူ မူလအေနအထား ျပန္ေရာက္သြားမွ Ran Feng Ge ေခ်ာင္းတစ္ခ်က္ဟန့္လိုက္သည္။  ထို႔ေနာက္ စိတ္ထဲကေန တစ္ေယာက္တည္းေျပာလို႔ေန၏။

' မင္းလည္း ခ်မ္းသာပါတယ္..ျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္ၿပီးရင္ ဒီအလုပ္ကထြက္လိုက္ေတာ့ ... အိမ္ရာအေသးေလးတစ္ခုေလာက္လည္း ဝယ္နိုင္လိမ့္မယ္...ေခြးအႀကီးစားႏွစ္ေကာင္ေလာက္ကို ေအးေဆးေမြးၿပီး ၿပိဳင္ကားတစ္စင္းနဲ႕ ေနရာတိုင္းကိုေမာင္း။ ေက်နပ္စရာ ေပၚေၾကာ့ဘဝေလးနဲ႕ ေန..။

" မင္း မဆင္းဘူးလား?"

Su Yi Mo၏ အသံကိုၾကားကာမွ Ran Feng Geသည္ သူ၏ စိတ္ကူးယဥ္ကမၻာမွ ျပန္လည္နိုးထလာခဲ့သည္။ သူက ခါးပတ္ကိုျဖဳတ္၊ တံခါးဖြင့္ၿပီး အျပင္သို႔ထြက္လိုက္၏။

" အိမ္မွာေတာ့ ေဆး႐ုံမွာေလာက္ မင္း ဂ႐ုစိုက္စရာမလိုပါဘူး။ ငါ အိမ္ကိုစစ္ေဆးၿပီးၿပီ။ အထဲမွာ ၾကားျဖတ္ဖမ္းယူတဲ့ ကိရိယာ တစ္ခုမွမရွိဘူး။ မင္း အဲဒီထဲကို ဝင္သြား႐ုံပဲ..ၿပီးရင္ Jing Qiu Hanရဲ႕ အိမ္အျဖစ္ထုတ္ေျပာလိုက္မယ္။ လိုအပ္ရင္ ဇာတ္ၫႊန္းအတိုင္း သူ႕စကားနည္းနည္း ေျပာ။ အဲဒါကလြဲရင္ မင္းလုပ္ခ်င္ရာလုပ္လို႔ရတယ္"

Su Yi Mo က ေခတၱနားၿပီး ဆက္ေျပာ၏။

"တကယ္ေတာ့ မင္းရဲ႕ဒဏ္ရာေတြ အရွင္းေပ်ာက္သြားၿပီဆိုရင္ Qiu Han ေနရာမွာအစားထိုးၿပီး ေ႐ႊ႕ဆိုင္းထားတဲ့ ဇာတ္လမ္းတြဲကို ၿပီးေအာင္ဆက္ရိုက္ရမွာ။ ရိုက္ကူးေရးသမားေတြနဲ႕ဆိုရင္ မင္းက Jing Qiu Han ဆိုေတာ့..အရာရာကိုဂ႐ုစိုက္ရမယ္။ သ႐ုပ္ေဆာင္ပိုင္းမွာ ဟာကြက္တစ္ခုမွ ခ်န္ထားလို႔မရဘူး.."

ေနာက္တစ္နည္းဆိုရလွ်င္ အိမ္မွာေနရမည့္ကာလသည္ ဘာပဲျဖစ္လာလာ အလိုက္သင့္ေနရမည့္ အခ်ိန္ျဖစ္ပါ၏။

Ran Feng Ge ေခါင္းၿငိမ့္သည္။ မည့္သည့္ခံစားခ်က္မွ် မျပေသာ အၿပဳံးျဖင့္...

"ကြၽန္ေတာ့္ကို သတိေပးတာ ေက်းဇူးအမ်ား​ႀကီး
တင္ပါတယ္ သူေဌး" ဟု ေျပာလိုက္သည္။

တစ္ဖက္သူ၏ ေနာက္သို႔လိုက္ကာ Ran Feng Ge အိမ္အတြင္းသို႔ဝင္လိုက္သည္။ ၾကမ္းခင္းကို အျဖဴေရာင္ေကာ္ေဇာျဖင့္ခင္းထား၏။ သူ႕အၾကည့္က ဆိုဖာ၊ ေကာ္ဖီစားပြဲ၊ အလႊာပါးတီဗီ မ်ားဆီေ႐ြ႕လို႔သြား၏။ ယခုအိမ္သည္ သူတို႔စာခ်ဳပ္ခ်ဳပ္ခဲ့သည့္ ေအးခဲအိမ္ေတာ္ႏွင့္ လားလားမွ်မတူ။ ဤေနရာတြင္ နံရံေထာင့္တိုင္းသည္ ႏြေးေထြးမႈတို႔လႊမ္းၿခဳံေနပါ၏။

ျဖစ္နိုင္တာက...ဒါသည္ Su Yi Moႏွင့္ Jing Xiu Hanတို႔၏ လွ်ို႔ဝွက္ခ်စ္ရိပ္ၿမဳံေလးမ်ားလား?

Su Yi Mo က မိမိကို ဤေနရာသို႔ေခၚေတာင္မလာခဲ့ပါ။

ယခု အခိုက္အတန့္မွ Jing Qiu Han ဘဝသို႔ေရာက္ေနပါေသာေၾကာင့္။

"မင္းရဲ႕ အခန္းက ဒုတိယထပ္ ခန္းမရဲ႕ အဆုံးမွာ.... အရင္ဆုံးၾကည့္ခ်င္လား?"

Su Yu Mo သည္ လည္စည္းကိုခြၽတ္ၿပီး ဆိုဖာေပၚပစ္တင္လိုက္၏။ တစ္ဖက္လူကို ေမးျမန္လိုေသာ အၾကည့္ျဖင့္ သူၾကည့္သည္။

"ေကာင္းၿပီ"

Ran Feng Ge က အသင့္တုန့္ျပန္သည္။

ဒုတိယထပ္ရွိ အခန္း၏ အျပင္အဆင္မွာ ပထမထပ္ႏွင့္ လုံးဝလုံးဝမတူ။ သစ္မာသားခင္းထားသည့္ ၾကမ္းခင္းႀကီးႏွင့္ မ်က္ႏွာၾကက္ျပတင္းေပါက္မ်ား (ceiling windows)။

ျပတင္းမ်ား၏ေဘးတစ္ဖက္တြင္ စာေရးခုံတြဲလ်က္ပါေသာ မေဟာ္ဂနီ စာအုပ္စင္တန္းႀကီး
(bookshelves with desk)
ရွိ၏။ စာေရးခုံေပၚတြင္ ေနာက္ဆုံးေပၚ လက္ဆြဲကြန္ပ်ဴတာ တင္ထားၿပီး သူ႕အေနာက္တြင္ စာၾကည့္မီးအိမ္ရွိ၏။ စာေရးခုံ၊ စာအုပ္စင္မ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ စႏၵယားတစ္လုံး။ သူ႕ေဘးတြင္မူ မိုးျပာေရာင္အိပ္ယာခင္းမ်ားႏွင့္ ဧရာမကုတင္တစ္လုံးက (king-sized bed) လဲေလ်ာင္းေနပါ၏။ ႏွစ္ခန္းတြဲဗီရိုတစ္လုံးက (double closet) ကုတင္၏ေဘးတြင္ မတ္ရပ္။အခန္းက ျမင္ျမင္ခ်င္းမွာပင္ Ran Feng Ge ၏ ႏွစ္သက္မႈကို သိမ္းပိုက္သြားပါသည္။

" မင္း ႀကိဳက္ရဲ႕လား?"

Su Yi Mo က အသာေမးသည္။

" ကြၽန္ေတာ္ ဒီမွာေနဖို႔ အဆင္ေျပပါ့မလား?"

Ran Feng Ge ၏ အၾကည့္က စာေရးခုံေပၚတြင္ တင္ထားေသာ ေဘာင္သြင္းဓာတ္ပုံ၌ စြဲစြဲၿမဲၿမဲ...။ သြင္းထားသည္က Su Yi Mo ႏွင့္ Jing Qiu Han တို႔၏ ပုံ...။ပုံထဲ၌ သူတို႔မွာ ဆယ့္ရွစ္၊ဆယ့္ကိုး အ႐ြယ္သာရွိဦးမည္။ ၾကည့္ရသည္မွာ ငယ္႐ြယ္၍ သန့္စင္လွၿပီး မ်က္ႏွာတြင္ ေတာက္႐ႊန္းသည့္အၿပဳံးကိုယ္စီႏွင့္..။

' အဲဒါ သူတို႔ရဲ႕ အဖိုးအတန္ဆုံးရတနာ ျဖစ္ရမယ္.. ဟုတ္တယ္မလား?'

"ကိစၥမရွိပါဘူး...မင္းသ႐ုပ္ေဆာင္မွေတာ့ အဆုံးထိလုပ္ရမွာေပါ့။ ငါ စိတ္မကြက္ပါဘူး။ ဒါ့အျပင္...ေ႐ႊအဆင့္လူစားထိုးက ဒီအထဲက ဘာကိုမွ ဖ်က္ဆီးပစ္မွာမဟုတ္ဘူးလို႔ ငါယုံၾကည္တယ္။ ငါေျပာတာ မွန္လား?"

Su Yi Mo က တစ္ဖက္သူႏွင့္ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္သည္။ အၾကာႀကီးၾကည့္ၿပီးမွ ေနာက္ထပ္တစ္ေၾကာင္းကို ထပ္ျဖည့္ေျပာ၏။

"ဘာရွိရဦးမွာလဲ...အခု မင္းက Jin Qiu Han ပဲဟာ။ မင္းက သူ႕အခန္းမွာေနဖို႔ တကယ္လိုတာေပါ့"

လူစားထိုးမ်ားအေနျဖင့္ မူလပုဂၢိုလ္၏ပိုင္ဆိုင္မႈ မ်ားႏွင့္ ေနသားက်ေနရေပမည္။ ထိုဟာမ်ားသည္ ေကာင္းေကာင္းဆိုးဆိုး ကိစၥမရွိ။ အေၾကာင္းမွာ ေနာက္ဆုံးတြင္ လူစားထိုးအေနျဖင့္ သူတို႔ကို တကယ္ပိုင္သည္မဟုတ္ေသာေၾကာင့္...။

နိဂုံးခ်ဳပ္ရပါလွ်င္ သူတို႔သည္ အ​ရိပ္မ်ားသာ။

"ေကာင္းၿပီေလ...ယဥ္ယဥ္ေက်းေက်းျငင္းဆိုတာထက္စာရင္ လက္ခံလိုက္တာ ပိုေကာင္းပါတယ္"

Ran Feng Ge မၾကာခင္ ဤ အေနအထားကို ေက်နပ္သြားသည္။ သူက ဗီရိုဆီသြား ဖြင့္လိုက္လွ်င္ အထဲရွိ အထည္အမ်ိဳးမ်ိဳးေၾကာင့္ အံ့အားသင့္သြားရ၏။

"ဒီထဲမွာ ညဝတ္အကၤ်ီေတြရွိလား? ခင္ဗ်ားက အိမ္ထဲမွာ လြတ္လြတ္လပ္လပ္ေနဆိုမွေတာ့...ကြၽန္ေတာ္ေရခ်ိဳးလိုက္ဦးမယ္...အဆင္ေျပလား?"

Ran Feng Ge
ေဆး႐ုံတြင္ အၾကာႀကီးေနခဲ့ရၿပီး ထိုအခ်ိန္က ေရခ်ိဳးရန္အခြင့္အေရးမရခဲ့။ ေန႕စဥ္ သူနာျပဳတစ္ေယာက္က သူ႕ကိုယ္ကို ကူညီ ေရပတ္တိုက္ေပးသည္။ သို႔ေသာ္ ထိုဟာမ်ိဳးက ဘာေကာင္းလို႔နည္း။ တစ္လနီးပါး ေရမခ်ိဳးခဲ့ရသည့္အေၾကာင္းကို ျပန္ေတြးတိုင္း သူ မသတီ။

သူ ထိုနား၌ရွိေနစဥ္ပင္ Su Yi Mo အေၾကာင္းျပန္၏။

"ညဝတ္အကၤ်ီေတြက ဒုတိယအံဆြဲထဲမွာ။ အတြင္းခံေတြက တတိယ။ အကုန္လုံးကအသစ္ေတြဆိုေတာ့..ႀကိဳက္တာယူဝတ္။ ငါ တခ်ိဳ႕အရာေတြေျဖရွင္းဖို႔ လုပ္ စရာရွိတယ္။ မင္းေရခ်ိဳးၿပီးရင္..စားဖို႔အတြက္ကို ဖုန္းဆက္မွာစားလို႔ရတယ္။ မွာလို႔ရတဲ့ အစားအေသာက္စာရင္းက ပထမထပ္ရဲ႕ေကာ္ဖီ စားပြဲေပၚမွာ။ ႀကိဳက္တာကို မွာစား...ငါ့အတြက္ စိတ္မပူနဲ႕"

"အို႔..ေကာင္းၿပီ"

ထိုသို႔ေျပာေနစဥ္ Ran Feng Geသည္
ဗီရိုေရွ႕တြင္ ကုန္းၿပီး
အံဆြဲမ်ားကိုဖြင့္ ကာ ညဝတ္အကၤ်ီႏွင့္ အတြင္းခံမ်ားကို ရွာေနတာျဖစ္သည္။ အံဆြဲအျပည့္ အျဖဴေရာင္ ညဝတ္မ်ားႏွင့္ အတြင္းခံမ်ားကိုၾကည့္ကာ သူ၏ ႏႈတ္ခမ္းထက္၌ မထိန္းနိုင္ဘဲ မဲ့ၿပဳံးတစ္ခုျဖစ္ေပၚလာရသည္။သူ ရင္ထဲမွေန Su Yi Moကို က်ိန္ဆဲေန၏။ ဤလူ႕တြင္ အသန့္ႀကိဳက္ေရာဂါ ျပင္းျပင္းထန္ထန္ရွိရမည္။ ခပ္ပြပြ ေရခ်ိဳးခန္းအဝင္အထြတ္ ဝတ္ တစ္ထည္ႏွင့္ ဆင္တူ 'ေျပာင္' အျဖဴေရာင္ အတြင္းခံကို သူ ေ႐ြးထုတ္လိုက္သည္။ အခုနက Su Yi Mo စကားေျပာေနတုန္း သူ အမႈမဲ့အမွတ္မဲ့ ျပန္ေျဖလိုက္မိ၏။ အဝတ္မ်ားကိုကိုင္၍ အၿပီးသတ္  သူ ခါးဆန့္ရပ္လိုက္ခ်ိန္တြင္ Su Yi Mo က ထြက္သြားႏွင့္ၿပီ။

' အဲ...သူ အခုနက ဘာေျပာလိုက္တာပါလိမ့္ ? ဘာမွန္း မသိလိုက္ဘူး...မွာစားဆိုလား?

ထားလိုက္ပါေတာ့...ေရပဲ ခ်ိဳးလိုက္ပါေတာ့မယ္ '


\_______>_<_______/

Continue Reading

You'll Also Like

718K 28.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
1.1M 64K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
367K 68K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...