(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(2.47)

5.3K 953 3
By Xiao_Yiii

Unicode

Arc(2.47) - Saint Magus

အနာဂတ်မှာနတ်ဆိုးသားရဲဧကရာဇ်နောက်တစ်ကြိမ်ထပ်ပေါ်လာခြင်းမှကာကွယ်နိုင်ရန်စိန့်ကတစ်ခြားမေးဂတ်စ်များအားမူလစည်းတံဆိပ်မှာကာကွယ်ရေးအလွှာအထပ်ထပ်ကို,ထပ်တိုးထည့်စေသည်။

ပြီးနောက်မှာတော့ကျန်ရှိတဲ့နတ်ဆိုးသားရဲများနဲ့အရိုးစုမေးဂတ်စ်များအားလုံးလူသားတွေရဲ့သုတ်သင်ဖယ်ရှားခြင်းကိုခံကြရသည်။

အဲလ်ဗစ်ကသူ့ကိုယ်ပိုင်စွမ်းရည်ကိုအပြည့်အဝပြသခဲ့ပြီးနတ်ဆိုးသားရဲဧကရာဇ်ဒီတိုက်ကြီးပေါ်ရောက်လာမည်အားကာကွယ်ပေးခဲ့သည်။မေးဂတ်စ်အဖွဲ့အစည်းကအဲလ်ဗစ်အားထိပ်တန်းအဖွဲ့ဝင်အဖြစ်လက်ခံလိုပြီးအကောင်းဆုံးကုသမှုများကိုပါပေးမည်ဟုကတိပေးသည်။

သို့သော်အဲလ်ဗစ်ကသူတို့ရဲ့ကမ်းလှမ်းမှုအားလိမ္မာပါးနပ်စွာငြင်းဆန်လိုက်ပြီးတစ်ခြားမေးဂတ်စ်တွေစိတ်လှုပ်ရှားမှုကြောင့်အော်ဟစ်နေတဲ့အချိန်မှာလီလျိုနဲ့အတူတူထွက်ခွာသွားကြသည်။

*****

လမ်းနှစ်ဖက်မှာစိမ်းလန်းသောတောင်တန်းမျှော်စင်များနဲ့ဝန်းရံထားသည်။လူနှစ်ယောက်ကခြင်္သေသဏ္ဍာန်မှော်သားရဲကြီးအားစီးနင်း၍ဖြည်းညှင်းစွာပေါ်လာခဲ့၏။

လီလျိုကအဲလ်ဗစ်ရှေ့မှာထိုင်နေပြီးသူတို့ခန္တာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်နီးကပ်နေရင်းဖြင့်အီလိုင်ကပြေပြစ်သောလမ်းမပေါ်မှာသက်တောင့်သက်သာသွားနေသည်။သူတို့အခုချိန်မှာမေးဂတ်စ်အဖွဲ့အစည်း၏မြို့မှထွက်ခွာလာခဲ့ပြီးအခုတော့ရည်ရွယ်ချက်မဲ့စွာဖြင့်တောင်ဘက်သို့ဦးတည်သွားနေကြတာဖြစ်သည်။

လီလျိုကသူ့ကိုယ်ကိုအဲလ်ဗစ်ရဲ့ရင်ဘက်အားမှီထားရင်းဖြင့်ခေါင်းကိုအနည်းငယ်မော့ကာမေးလိုက်သည်။

"အဲလ်ဗစ်ငါတို့အခုဘယ်သွားနေကြတာလဲ?"

"ကိုယ်တို့ဒီလမ်းအတိုင်းလိုက်သွားပြီးဒီတိုက်ကြီးတစ်ခုလုံးကရှုခင်းတွေကိုလှည့်လည်သွားလာပြီးကြည့်ကြမယ်လေမျိုးစုံတဲ့ဓလေ့ထုံးတမ်းတွေနဲ့ဗိသုကာလက်ရာတွေကိုကြည့်ရတာသဘောကျတယ်မှတ်လား?ကိုယ်တို့တိုက်ကြီးရဲ့နေရာတိုင်းကိုတစ်ခုခြင်းဆီသွားလည်ကြမယ်" အဲလ်ဗစ်ကပြောလိုက်ပြီးလီလျိုနဲ့အတူအချိန်ဖြုန်းနိုင်တော့မယ့်နှစ်ပေါင်းများစွာကိုတွေးကြည့်မိကာမနေနိုင်ပဲပြုံးလိုက်မိသည်။

လီလျိုကအဲလ်ဗစ်စကားကိုကြားတဲ့အချိန်မှာခဏမျှဆွံ့အသွားမိ၏။

အများစုကလီလျိုဟာကလေးဘဝကတည်းကအိမ်မှာပဲအချိန်ဖြုန်းခဲ့ပြီးပြည်ပခရီးလည်းမသွားဘူး,ဘူးဖြစ်သည်။အဲ့ဒါကြောင့်လည်းသူကဒီကဗိသုကာလက်ရာများနဲ့ဒီကလူတွေရဲ့ဓလေ့ထုံးတမ်းများအားသိချင်စိတ်ဖြစ်မိသည်။သူဒီနေရာကိုဖြတ်သန်းလာခဲ့ပြီဆိုမှတော့သူတစ်ခုလောက်ပိုပြီးကြည့်ဖို့တွေးမိသည်။သူဒီဝတ္တုရေးတဲ့အချိန်မှာလည်းဒါတွေကိုသူ့စာရေးကုန်ကြမ်းအဖြစ်အသုံးပြုနိုင်လိမ့်မည်။ရလဒ်အရတော့သူကအရာအားလုံးကိုသေသေချာချာဂရုတစိုက်လိုက်ကြည့်မိတာပင်။

တကယ်တော့အဲလ်ဗစ်ရဲ့စိတ်ကူးကတော်တော်လေးကောင်းသည်။နေရာအနှံ့အပြားတွင်ခရီးသွားခြင်း-အခြေချနေထိုင်ခြင်းထက်ခရီးသွားခြင်းသည်သူ့အတွက်အဲလ်ဗစ်နှင့်အချိန်ပေးရန်အချိန်များစွာရှိစေသည်။

လီလျိုကသူ့အကြံပေးချက်ကိုငြင်းဆိုမှမရှိတာကြောင့်အဲလ်ဗစ်ကလီလျိုအားချက်ချင်းခေါ်ပြီးတိုက်ကြီးထဲကသေးသည်ဖြစ်ဖြစ်ကြီးသည်ဖြစ်ဖြစ်နိုင်ငံတိုင်းကမြို့တိုင်းကိုသွားကြည့်ကြတော့သည်။

အဆုံးမှာတော့သူတို့ကသူတို့လည်ပတ်ခဲ့သည့်နေရာတိုင်းကအလှပဆုံးရှုခင်းရှိသည့်တစ်နေရာကိုရွေးချယ်ပြီးတိတ်ဆိတ်အေးဆေးတဲ့ဘဝကိုနေထိုင်ကြသည်။

နှစ်ယောက်သားထိုမြို့မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသည်။

လက်ရှိအဲလ်ဗစ်ကသူ့ကျင့်ကြံဆင့်ကိုဆက်ပြီးတိုးမြှင့်ချင်သည့်ရည်ရွယ်ချက်မရှိတော့ပေ။အဲ့ဒီအစားသူ့ဘဝရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လီလျိုနဲ့ငြိမ်းချမ်းအေးဆေးတဲ့ဘဝကိုသာနေထိုင်လိုက်သည်။

အဲလ်ဗစ်ကသူ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုခက်ခက်ခဲခဲကြိုးစားပြီးဖိနှိပ်ထားခဲ့သော်လည်းစိန့်ဘုံအဆင့်ကိုနှစ်သုံးဆယ်ကြာပြီးနောက်မှာချိုးဖြတ်နိုင်သွားဆဲပင်။

ထိုနည်းလမ်းဖြင့်ပင်နောက်ထပ်နှစ်တစ်ရာကျော်ကုန်လွန်သွားခဲ့ပြန်သည်။

*****

Warning: Mature Content

ရိုးရှင်းသော်လည်းနွေးထွေးစွာအလှဆင်ထားသည့်အခန်းထဲတွင်နူးညံ့ပြီးစိတ်တက်ကြွနေတဲ့အသံများအားသစ်သားကုတင်ထက်မှကြားနေရသည်။

လီလျိုရဲ့အင်အားမဲ့နေသည့်လက်များကသူ့ရှေ့ကအိပ်ယာခင်းစအားဆုပ်ကိုင်ထားပြီးသူကအိပ်ယာပေါ်မှာဒူးထောက်နေသည်။သူ့ရဲ့ပိန်ပါးပြီးခိုင်မာသည့်ခါးကျဉ်ကျဉ်ကအောက်ကျနေသော်လည်းသူ့ရဲ့လုံးဝန်းသည့်တင်ပါးလေးကတော့သူ့နောက်ကလူရဲ့ချစ်မေတ္တာနဲ့ချစ်ခင်နှစ်သက်မှုများကြောင့်အထက်သို့မြင့်မြင့်တက်နေရသည်။

သူ့ရဲ့ပယင်းရောင်မျက်လုံးများကတစ်နည်းနည်းနဲ့အာရုံမရှိသလိုဖြစ်နေပြီးသူ့ရဲ့နှုတ်ခမ်းရောင်ဖျော့ဖျော့ကလူတစ်ယောက်ရဲ့ရှည်လျားသည့်အနမ်းရောင်ကတ္တီပါနီရောင်တောက်ပနေသည်မှာပွင့်လန်းနေသည့်ပန်းလေးတစ်ပွင့်လိုပင်။သူ့ဖြူဖျော့ဖျော့အသားအရေကတော့အချစ်မှတ်များနဲ့ပြည့်နှက်နေသည်။သူကအတော်ကြာကတည်းကချစ်ရည်လူးပြီးအချစ်ခံထား၇သည်မှာထင်ရှားနေသည်။

လီလျိုကသူအဲလ်ဗစ်ဆီကအဖက်ခံရတာဘယ်လောက်ကြာသွားမှန်းမသိသလိုသူပုံစံဘယ်နှစ်မျိုးပြောင်းပြီးပြီလဲဆိုတာကိုလည်းမသိတော့ပေ။ဒီအချိန်အတောအတွင်းမှာအဲလ်ဗစ်ကနည်းနည်းထူးဆန်းနေတယ်လို့သူအမြဲတမ်းခံစားခဲ့ရသည်။သူကတစ်ခါတစ်ရံမှာစိုးရိမ်တဲ့အမူအယာရှိနေသော်လည်းလီလျိုကမေးတဲ့အချိန်တိုင်းခေါင်းစဉ်ပြောင်းပစ်တတ်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကသူစာဖတ်ပြီးအခန်းထဲထိုင်နေတဲ့အချိန်အဲလ်ဗစ်ကသူ့ကိုနောက်မှရုတ်တရက်ဖက်တွယ်လာခဲ့သည်။လီလျိုကသူ့သတိထားမှုကိုပြန်ရတဲ့အချိန်မှာတော့သူကဆိုဖာပေါ်ကိုတွန်းလှဲခံထားရပြီဖြစ်ပြီးအဲလ်ဗစ်ကနှစ်ကြိမ်သိမ်းပိုက်ပြီးနေပြီဖြစ်သည်။ပြီးနောက်မှာအဲလ်ဗစ်ကသူ့ကိုမလွှတ်ပေးတော့ပေ။သူ့ကိုကောက်မကာအိပ်ယာထဲသို့လျှောက်လာ၍သူ့ကိုအိပ်ယာပေါ်ထက်တွန်းလှဲခဲ့သည်။

လီလျိုကသူ့ရဲ့သိမ်းပိုက်မှုအောက်မှာနိုးထာခဲ့ပြီးနောက်တစ်ကြိမ်ထပ်မေ့သွားပြန်သည်။

ဒီတစ်ခေါက်တော့သူဘာမှမတတ်နိုင်တော့ပဲစိတ်လွတ်သလိုဖြစ်သွားကာအသိစိတ်လွတ်သွားတော့သည်။

End of the warning

လီလျိုနောက်တစ်ကြိမ်ပြန်နိုးလာတဲ့အချိန်မှာတော့သူ့ကိုယ်ကသန့်ရှင်းတဲ့ဝတ်ရုံနဲ့ဖုန်းလွှမ်းထားပြီဖြစ်ပြီးလုံးဝညစ်ပတ်နေသည့်အိပ်ယာခင်းသည်လည်းအသစ်တစ်ခုနှင့်လဲလှယ်ပြီးဖြစ်သည်။အဲလ်ဗစ်ရဲ့လက်မောင်းများကတော့သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီးသူ့တစ်ကိုယ်လုံးကတော့သူ့ရင်ဘက်ကိုဖိထားသည်။

အဲလ်ဗစ်ကလီလျိုနဲ့မျက်နှာခြင်းဆိုင်ပြီးလှဲနေတာဖြစ်သည်။သူ့မျက်လုံးများကမှိတ်ထားပြီးသူ့ရဲ့ရွှေရောင်မျက်တောင်များကလိပ်ပြာလေးနှစ်ကောင်လိုတိတ်တဆိတ်လဲလျောင်းနေသည်။သူ့နှဖူးကတော့တစ်နည်းနည်းနဲ့အနည်းငယ်တွန့်ချိုးနေပြီးအိပ်ပျော်နေစဉ်မှာတောင်တစ်စုံတစ်ခုအားစိတ်ပူနေသလိုပင်။

လီလျိုကအဲလ်ဗစ်ကိုစိုက်ကြည့်လိုက်ပြီးသူ့လက်တစ်ဖက်နဲ့အဲလ်ဗစ်ရဲ့မျက်ခုံးပေါ်ကတွန့်ချိုးမှုကိုမနေနိုင်ပဲဖြေလျော့ပေးမိသည်။

အဲလ်ဗစ်ကစိန့်မေးဂတ်စ်အမွေအနှစ်ကိုကျင့်ကြံခဲ့တာဖြစ်သောကြောင့်နှစ်ပေါင်းများစွာကြာပြီးတာတောင်သူ့ရဲ့ငယ်ရွယ်သည့်ပုံပန်းသွင်ပြင်အားဆက်ထိန်းသိမ်းထားနိုင်သည်။လီလျိုကတော့သူ့ရဲ့မှော်သားရဲသွေးကြောများကြောင့်သူ့အရွယ်ငယ်စဉ်မှာပင်ကြီးထွားမှုရပ်သွားခဲ့ပြီဖြစ်သည်။ရလဒ်အရတော့သူတို့နှစ်ယောက်ကနှစ်ဆယ်လောက်သာရှိသေးသည့်လူငယ်လေးများနဲ့တူနေသည်။

ထို့ကြောင်လည်းလွန်ခဲ့တဲ့နှစ်တစ်ရာလုံးနှစ်ယောက်သားမကြာခဏပြောင်းရွှေ့ခဲ့ရသည်။ပြီးတော့လည်းမေးဂတ်စ်တွေကနှစ်ပေါင်းများစွာနေထိုင်နိုင်တယ်ဆိုပေမယ့်ဘယ်သူမှသူတို့ရဲ့ငယ်ရွယ်တဲ့ပုံပန်းသဏ္ဍာန်ကိုဘယ်တော့မှအသက်မကြီးအောင်မထိန်းသိမ်းနိုင်ကြဘူးလေ။

လီလျိုကအဲလ်ဗစ်ရဲ့မျက်ခုံးကိုမိနစ်အနည်းငယ်ဖြေလျော့နေရင်းအဲလ်ဗစ်ရဲ့မျက်တောင်များကတုန်ယင်လာကာသလင်းကျောက်လိုကြည်လင်သည့်အပြာရောင်မျက်လုံးတစ်စုံကပွင့်လာခဲ့သည်။

လီလျိုကသူ့ကိုမိသွားတာကိုတွေ့သောအခါသူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်ချင်သော်လည်းအဲလ်ဗစ်ရဲ့အလျင်အမြန်ဆွဲယူခြင်းကိုခံလိုက်ရသည်။ထို့နောက်အဲလ်ဗစ်ကသူ့လက်ကိုယူလိုက်ပြီးသူ့နှုတ်ခမ်းနားဆွဲယူကာသူ့ရဲ့လက်ဖဝါးမှတစ်ဆင့်လက်ချောင်းများဆီရောက်သွားပြီးလက်တစ်ချောင်းခြင်းဆီထိနမ်းလေသည်။

လီလျိုကသူ့လက်ကိုအကြိမ်အနည်းငယ်ပြန်ဆွဲယူသော်လည်းသူ့ရဲ့ကြိုးစားမှုမအောင်မြင်သည့်နောက်မှာတော့တိတ်တဆိတ်ပဲအဲလ်ဗစ်ကိုဆက်နမ်းခွင့်ပြုလိုက်သော်လည်းဘယ်လိုပဲဖြစ်ဖြစ်နှစ်ပေါင်းများစွာဖြတ်သန်းပြီးသွားပြီဆိုတော့သူလည်းနေသားကျနေပါပြီ။

အဲလ်ဗစ်ကလီလျိုရဲ့လက်တွေကိုနောက်တစ်ကြိမ်ထပ်နမ်းလိုက်ပြီးသူ့လမ်းကြောင်းကိုလီလျိုရဲ့လက်မောင်းအထက်ထိတက်သွားသည်။ထိုသေးငယ်သည့်ကျောက်စိမ်းလိုလက်မောင်းပေါ်မှာအချစ်မှတ်တော်တော်များများလုပ်ပြီးမှသာအဲလ်ဗစ်ကနောက်ဆုံးမှာလီလျိုရဲ့လက်ကိုလွှတ်ပေးလိုက်သည်။

"လဒ်ဝတ်ကိုယ်မင်းကိုချစ်တယ်" အဲလ်ဗစ်ကအသံနိမ့်နိမ့်ဖြင့်ြပောလာပြီးသူ့လက်များကလီလျိုရဲ့ခါးအားဖက်ကာသူ့ကိုသူ့ရင်ဘက်ဆီပိုပြီးဆွဲသွင်းလိုက်သည်။သူ့ရဲ့ကြည်လင်နေသည့်အပြာရောင်မျက်လုံးများကတော့လီလျိုကိုသာတည့်တည့်စိုက်ကြည့်နေသည်။

အဲလ်ဗစ်ရဲ့လေးနက်နေသည့်ပုံစံကိုကြည့်ပြီးလီလျိုမှာမနေနိုင်ပဲသူ့မျက်နှာကိုပိုပြီးနီးနီးကပ်ကပ်တိုးသွားမိသည်။အဲလ်ဗစ်ရဲ့နှုတ်ခမ်းကိုနမ်းလိုက်ပြီးမှသူကပြန်ဖြေလိုက်၏။

"ငါလည်းမင်းကိုချစ်တယ်အဲလ်ဗစ်"

လီလျိုရဲ့ပုံစံလေးကိုကြည့်ပြီးအဲလ်ဗစ်ရဲ့နှုတ်ခမ်းထောင့်စွန်းများကကွေးညွှတ်တက်သွားရသည်။သူကသူ့မျက်တောင်များကိုနှိမ့်ချလိုက်ပြီးသူ့မျက်စံထဲကနက်ရှိုင်းနေသောအရောင်ကိုဖုန်းကွယ်လိုက်သည်။နောက်တစ်ကြိမ်လီလျိုရဲ့နှုတ်ခမ်းများကိုနမ်းပြီးမှသာအိပ်ယာပေါ်ကထိတော့သည်။

"မင်းထပ်အိပ်လိုက်ဦး..ကိုယ်အရင်မနက်စာသွားဆင်းယူလိုက်ဦးမယ်အားလုံးပြီးမှခေါ်လိုက်မယ်နော်"

လီလျိုကလည်းငြင်းပယ်စရာမရှိပေ။သူကမှော်သားရဲဖြစ်တာကြောင့်သူ့မှာသန်မာတဲ့ပြန်လည်ကောင်းမွန်နိုင်သောစွမ်းရည်ရှိသော်လည်းဒီလိုအဲလ်ဗစ်နဲ့ရက်အနည်းငယ်ကြာသည်အထိပူလောင်ပြင်းပြစွာလုပ်ဆောင်ပြီးနောက်မှာရော?သူ့ခန္တာကိုယ်ကမသက်မသာဖြစ်နေတုန်းပဲလေ..ဒီအချိန်မှာသူ့ခါးကကျိုးပြီလို့တောင်ခံစားနေရဆဲဖြစ်သည်။

နာရီဝက်လောက်အကြာမှာအဲလ်ဗစ်သူ့ကိုခေါ်လိုက်မှလီလျိုကအိပ်ယာပေါ်ကအလျင်မလိုစွာထလိုက်သည်။သူကအိပ်ခန်းတံခါးအားဖွင့်ပြီးထွက်သွားတော့သည်။

အိမ်ကနေရာတိုင်းနူးညံ့တဲ့အခင်းတွေခင်းထားတာကြောင့်လီလျိုကကြမ်းပြင်ကိုသူ့ခြေဖဝါးထိတဲ့အချိန်မှာအနည်းငယ်သောအေးစက်မှုကိုပင်မခံစားရပေ။အဲ့ဒီအစားအတော်လေးနူးညံ့ပြီးသက်တောင့်သက်သာရှိလှသည်။

မကြာသေးခင်ကဖြစ်ခဲ့တဲ့ကိစ္စမျိုးပြီးတိုင်းအဲလ်ဗစ်ကလီလျိုကိုမနက်စာအတွက်ကွဲပြားခြားနားသောအရသာရှိသည့်ဂျုံယာဂုသို့မဟုတ်အရသာလေးသည့်စွပ်ပြုတ်မျိုးပေးတတ်သည်။

လီလျိုကအစားအစာများကိုကျေနပ်အောင်စားသောက်လို့လှည့်ကြည့်လိုက်တဲ့အခါအဲလ်ဗစ်မစားကြောင်းသူတွေ့သွားသည်။အဲ့ဒီအစားထိုလူကခေါင်းကိုလက်နဲ့ထောက်ပြီးသူ့ကိုသာအာရုံစုးစိုက်ပြီးကြည့်နေသည်။

လီလျိုကအဲလ်ဗစ်နဲ့နေထိုင်တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်သော်လည်းထိုလူရဲ့ရှည်လျားတဲ့အကြည့်အောက်မှာဘာမှမတတ်နိုင်ပဲနီမြန်းရဆဲပင်။အဲလ်ဗစ်သူ့ကိုအဲ့ဒီလိုကြည့်တဲ့အချိန်တိုင်းသူကမီးပေါ်မှာလိုခံစားရပြီးလီလျိုကသူ့ဘဝတစ်လျှောက်လုံးထွန်းလင်းနေမည့်အလင်းရောင်လိုပင်

"အဲလ်ဗစ်ဘာဖြစ်လို့လဲ?ငါ့မျက်နှာမှာတစ်ခုခုရှိနေလို့လား?" လီလျိုကမနေနိုင်ပဲလက်ထုတ်ပြီးသူ့မျက်နှာသာထိကြည့်မိတော့သည်။

"လဒ်ဝတ်,ကိုယ်မင်းကိုချစ်တယ်"

"ကိုယ်မင်းကိုချစ်တယ်"

"ကိုယ်မင်းကိုချစ်တယ်"

အဲလ်ဗစ်ကအဲ့ဒီလိုမျိုးထပ်ခါထပ်ခါပြောနေတဲ့အချိန်မှာသူ့အကြည့်ကလီလျိုတစ်ယောက်တည်းကိုသာအာရုံစိုက်ထားသည်။

လီလျိုမှာအဲလ်ဗစ်ရဲ့စကားလုံးကြောင့်သူ့မျက်နှာတစ်ခုလုံးရဲရဲနီလာရပြီးသူချစ်ရတဲ့ချစ်သူဆီကဝန်ခံစကားကြောင့်သူ့နှလုံးသားထဲကပျော်ရွှင်လာမှုအားမထိန်းသိမ်းနိုင်တော့ပေ။သူကချက်ချင်းအဲလ်ဗစ်ဆီသွားကာသူ့နှုတ်ခမ်းကိုနမ်းလိုက်ပြီးပြန်ဖြေလိုက်သည်။

"ငါသိတယ်,ငါလည်းမင်းကိုချစ်တယ်"

အဲလ်ဗစ်ကလီလျိုရဲ့မျက်နှာကိုသူ့လက်နှစ်ဖက်လုံးဖြင့်ကိုင်လိုက်ပြီးလီလျိုအားနက်နက်ရှိင်းရှိုင်းနမ်းတော့သည်။လဒ်ဝတ်လည်းသူ့ကိုချစ်တယ်ဆိုတာသိတယ်ဒါပေမဲ့အချိန်အတိုင်းအတာတော့မတူဘူး။သူ့အပေါ်မှာရှိတဲ့သူ့အချစ်ကဟိုးတုန်းကတည်းကကြီးထွားနေခဲ့တာ..

လီလျိုရဲ့ခွဲခွာမယ့်အခြေအနေကိုသူသိလို့အဲလ်ဗစ်ကသူ့ကိုယ်ပိုင်ကျင့်ကြံမှုကိုဖိနှိပ်ထားခဲ့ပေမဲ့သူကဖြေးညှင်းစွာကကျင့်ကြံနေခဲ့ရတယ်..သူလဒ်ဝတ်ကိုချစ်တယ်ပြီးတော့လဒ်ဝတ်ကသူ့ဘေးမှာအမြဲတမ်းနေသွားနိုင်ဖို့မျှော်လင့်ပေမယ့်အကယ်၍အဲလ်ဗစ်သာထက်ပြီးမတိုးတက်ဘူးဆိုရင်သူ့ရဲ့အသက်တစ်ရာမွေးနေ့ကတည်းကသေသွားလောက်ပြီ။

အဲလ်ဗစ်အနေနဲ့လီလျိုကိုဒီကမ္ဘာမှာသူနဲ့အတူချည်နှောင်ပြီးသူ့ကိုအဖော်ပြလို့အတူတူမသေစေချင်ဘူး

လွန်ခဲ့တဲ့တစ်ပတ်တုန်းကသူ့ခန္တာကိုယ်ကပြောင်းလဲမှုကိုသူအာရုံရခဲ့ပြီးသူချက်ချင်းချိုးဖြတ်နိုင်တော့မှာကိုသိလိုက်ရတယ်...ပျော်ရွှင်ဖို့ထက်သူ့နှလုံးသားအရမ်းလေးလံနေရပြီ။

ခိုးယူထားတဲ့ကာလစုကနှစ်တစ်ရာကျော်ခဲ့ပြီဆိုတော့အခုနောက်ဆုံးအဆုံးသတ်ရတော့မှာပဲ...

..................................................
Zawgyi

Arc(2.47) - Saint Magus

အနာဂတ္မွာနတ္ဆိုးသားရဲဧကရာဇ္ေနာက္တစ္ႀကိမ္ထပ္ေပၚလာျခင္းမွကာကြယ္ႏိုင္ရန္စိန္႔ကတစ္ျခားေမးဂတ္စ္မ်ားအားမူလစည္းတံဆိပ္မွာကာကြယ္ေရးအလႊာအထပ္ထပ္ကို,ထပ္တိုးထည့္ေစသည္။

ၿပီးေနာက္မွာေတာ့က်န္ရွိတဲ့နတ္ဆိုးသားရဲမ်ားနဲ႔အ႐ိုးစုေမးဂတ္စ္မ်ားအားလံုးလူသားေတြရဲ႔သုတ္သင္ဖယ္ရွားျခင္းကိုခံၾကရသည္။

အဲလ္ဗစ္ကသူ႔ကိုယ္ပိုင္စြမ္းရည္ကိုအျပည့္အဝျပသခဲ့ၿပီးနတ္ဆိုးသားရဲဧကရာဇ္ဒီတိုက္ႀကီးေပၚေရာက္လာမည္အားကာကြယ္ေပးခဲ့သည္။ေမးဂတ္စ္အဖြဲ႔အစည္းကအဲလ္ဗစ္အားထိပ္တန္းအဖြဲ႔ဝင္အျဖစ္လက္ခံလိ္ုၿပီးအေကာင္းဆံုးကုသမွဳမ်ားကိုပါေပးမည္ဟုကတိေပးသည္။

သို႔ေသာ္အဲလ္ဗစ္ကသူတို႔ရဲ႔ကမ္းလွမ္းမႈအားလိမၼာပါးနပ္စြာျငင္းဆန္လိုက္ၿပီးတစ္ျခားေမးဂတ္စ္ေတြစိတ္လႈပ္ရွားမႈေၾကာင့္ေအာ္ဟစ္ေနတဲ့အခ်ိန္မွာလီလ်ိဳနဲ႔အတူတူထြက္ခြာသြားၾကသည္။

*****

လမ္းႏွစ္ဖက္မွာစိမ္းလန္းေသာေတာင္တန္းေမွ်ာ္စင္မ်ားနဲ႔ဝန္းရံထားသည္။လူႏွစ္ေယာက္ကျခေသၤသ႑ာန္ေမွာ္သားရဲႀကီးအားစီးနင္း၍ျဖည္းၫွင္းစြာေပၚလာခဲ့၏။

လီလ်ိဳကအဲလ္ဗစ္ေရွ႕မွာထိုင္ေနၿပီးသူတို႔ခႏာၱကိုယ္ကတစ္ေယာက္နဲ႔တစ္ေယာက္နီးကပ္ေနရင္းျဖင့္အီလိုင္ကေျပျပစ္ေသာလမ္းမေပၚမွာသက္ေတာင့္သက္သာသြားေနသည္။သူတို႔အခုခ်ိန္မွာေမးဂတ္စ္အဖြဲ႔အစည္း၏ၿမိဳ႔မွထြက္ခြာလာခဲ့ၿပီးအခုေတာ့ရည္ရြယ္ခ်က္မဲ့စြာျဖင့္ေတာင္ဘက္သို႔ဦးတည္သြားေနၾကတာျဖစ္သည္။

လီလ်ိဳကသူ႔ကိုယ္ကိုအဲလ္ဗစ္ရဲ႔ရင္ဘက္အားမွီထားရင္းျဖင့္ေခါင္းကိုအနည္းငယ္ေမာ့ကာေမးလိုက္သည္။

"အဲလ္ဗစ္ငါတို႔အခုဘယ္သြားေနၾကတာလဲ?"

"ကိုယ္တို႔ဒီလမ္းအတိုင္းလိုက္သြားၿပီးဒီတိုက္ႀကီးတစ္ခုလံုးကရႈခင္းေတြကိုလွည့္လည္သြားလာၿပီးၾကည့္ၾကမယ္ေလမ်ိဳးစံုတဲ့ဓေလ့ထံုးတမ္းေတြနဲ႔ဗိသုကာလက္ရာေတြကိုၾကည့္ရတာသေဘာက်တယ္မွတ္လား?ကိုယ္တို႔တိုက္ႀကီးရဲ႔ေနရာတိုင္းကိုတစ္ခုျခင္းဆီသြားလည္ၾကမယ္" အဲလ္ဗစ္ကေျပာလိုက္ၿပီးလီလ်ိဳနဲ႔အတူအခ်ိန္ျဖဳန္းႏိုင္ေတာ့မယ့္ႏွစ္ေပါင္းမ်ားစြာကိုေတြးၾကည့္မိကာမေနႏိုင္ပဲျပံဳးလိုက္မိသည္။

လီလ်ိဳကအဲလ္ဗစ္စကားကိုၾကားတဲ့အခ်ိန္မွာခဏမွ်ဆြံ႔အသြားမိ၏။

အမ်ားစုကလီလ်ိဳဟာကေလးဘဝကတည္းကအိမ္မွာပဲအခ်ိန္ျဖဳန္းခဲ့ၿပီးျပည္ပခရီးလည္းမသြားဘူး,ဘူးျဖစ္သည္။အဲ့ဒါေၾကာင့္လည္းသူကဒီကဗိသုကာလက္ရာမ်ားနဲ႔ဒီကလူေတြရဲ႔ဓေလ့ထံုးတမ္းမ်ားအားသိခ်င္စိတ္ျဖစ္မိသည္။သူဒီေနရာကိုျဖတ္သန္းလာခဲ့ၿပီဆိုမွေတာ့သူတစ္ခုေလာက္ပိုၿပီးၾကည့္ဖို႔ေတြးမိသည္။သူဒီဝတၱဳေရးတဲ့အခ်ိန္မွာလည္းဒါေတြကိုသူ႔စာေရးကုန္ၾကမ္းအျဖစ္အသံုးျပဳႏိုင္လိမ့္မည္။ရလဒ္အရေတာ့သူကအရာအားလံုးကိုေသေသခ်ာခ်ာဂ႐ုတစိုက္လိုက္ၾကည့္မိတာပင္။

တကယ္ေတာ့အဲလ္ဗစ္ရဲ႔စိတ္ကူးကေတာ္ေတာ္ေလးေကာင္းသည္။ေနရာအႏွံ႔အျပားတြင္ခရီးသြားျခင္း-အေျခခ်ေနထိုင္ျခင္းထက္ခရီးသြားျခင္းသည္သူ႔အတြက္အဲလ္ဗစ္ႏွင့္အခ်ိန္ေပးရန္အခ်ိန္မ်ားစြာရွိေစသည္။

လီလ်ိဳကသူ႔အၾကံေပးခ်က္ကိုျငင္းဆိုမွမရွိတာေၾကာင့္အဲလ္ဗစ္ကလီလ်ိဳအားခ်က္ခ်င္းေခၚၿပီးတိုက္ႀကီးထဲကေသးသည္ျဖစ္ျဖစ္ႀကီးသည္ျဖစ္ျဖစ္ႏိုင္ငံတိုင္းကၿမိဳ႔တိုင္းကိုသြားၾကည့္ၾကေတာ့သည္။

အဆံုးမွာေတာ့သူတို႔ကသူတို႔လည္ပတ္ခဲ့သည့္ေနရာတိုင္းကအလွပဆံုးရွဳခင္းရွိသည့္တစ္ေနရာကိုေရြးခ်ယ္ျပီးတိတ္ဆိတ္ေအးေဆးတဲ့ဘဝကိုေနထိုင္ၾကသည္။

ႏွစ္ေယာက္သားထိုၿမိဳ႔မွာႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၾကသည္။

လက္ရွိအဲလ္ဗစ္ကသူ႔က်င့္ၾကံဆင့္ကိုဆက္ၿပီးတိုးႁမွင့္ခ်င္သည့္ရည္ရြယ္ခ်က္မရွိေတာ့ေပ။အဲ့ဒီအစားသူ႔ဘဝရဲ႔က်န္တဲ့သက္တမ္းတစ္ေလွ်ာက္လီလ်ိဳနဲ႔ၿငိမ္းခ်မ္းေအးေဆးတဲ့ဘဝကိုသာေနထိုင္လိုက္သည္။

အဲလ္ဗစ္ကသူ႔ကိုယ္ပိုင္က်င့္ၾကံဆင့္ကိုခက္ခက္ခဲခဲႀကိဳးစားၿပီးဖိႏွိပ္ထားခဲ့ေသာ္လည္းစိန္႔ဘံုအဆင့္ကိုႏွစ္သံုးဆယ္ၾကာၿပီးေနာက္မွာခ်ိဳးျဖတ္ႏိုင္သြားဆဲပင္။

ထိုနည္းလမ္းျဖင့္ပင္ေနာက္ထပ္ႏွစ္တစ္ရာေက်ာ္ကုန္လြန္သြားခဲ့ျပန္သည္။

*****

Warning: Mature Content

႐ိုးရွင္းေသာ္လည္းေႏြးေထြးစြာအလွဆင္ထားသည့္အခန္းထဲတြင္ႏူးညံ့ၿပီးစိတ္တက္ႂကြေနတဲ့အသံမ်ားအားသစ္သားကုတင္ထက္မွၾကားေနရသည္။

လီလ်ိဳရဲ႔အင္အားမဲ့ေနသည့္လက္မ်ားကသူ႔ေရွ႕ကအိပ္ယာခင္းစအားဆုပ္ကိုင္ထားၿပီးသူကအိပ္ယာေပၚမွာဒူးေထာက္ေနသည္။သူ႔ရဲ႔ပိန္ပါးၿပီးခိုင္မာသည့္ခါးက်ဥ္က်ဥ္ကေအာက္က်ေနေသာ္လည္းသူ႔ရဲ႔လံုးဝန္းသည့္တင္ပါးေလးကေတာ့သူ႔ေနာက္ကလူရဲ႔ခ်စ္ေမတၱာနဲ႔ခ်စ္ခင္ႏွစ္သက္မွဳမ်ားေၾကာင့္အထက္သို႔ျမင့္ျမင့္တက္ေနရသည္။

သူ႔ရဲ႔ပယင္းေရာင္မ်က္လံုးမ်ားကတစ္နည္းနည္းနဲ႔အာရံုမရွိသလိုျဖစ္ေနၿပီးသူ႔ရဲ႔ႏႈတ္ခမ္းေရာင္ေဖ်ာ့ေဖ်ာ့ကလူတစ္ေယာက္ရဲ႔ရွည္လ်ားသည့္အနမ္းေရာင္ကတၱီပါနီေရာင္ေတာက္ပေနသည္မွာပြင့္လန္းေနသည့္ပန္းေလးတစ္ပြင့္လိုပင္။သူ႔ျဖဴေဖ်ာ့ေဖ်ာ့အသားအေရကေတာ့အခ်စ္မွတ္မ်ားနဲ႔ျပည့္ႏွက္ေနသည္။သူကအေတာ္ၾကာကတည္းကခ်စ္ရည္လူးၿပီးအခ်စ္ခံထား၇သည္မွာထင္ရွားေနသည္။

လီလ်ိဳကသူအဲလ္ဗစ္ဆီကအဖက္ခံရတာဘယ္ေလာက္ၾကာသြားမွန္းမသိသလိုသူပံုစံဘယ္ႏွစ္မ်ိဳးေျပာင္းၿပီးၿပီလဲဆိုတာကိုလည္းမသိေတာ့ေပ။ဒီအခ်ိန္အေတာအတြင္းမွာအဲလ္ဗစ္ကနည္းနည္းထူးဆန္းေနတယ္လို႔သူအၿမဲတမ္းခံစားခဲ့ရသည္။သူကတစ္ခါတစ္ရံမွာစိုးရိမ္တဲ့အမူအယာရွိေနေသာ္လည္းလီလ်ိဳကေမးတဲ့အခ်ိန္တိုင္းေခါင္းစဥ္ေျပာင္းပစ္တတ္သည္။

လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းကသူစာဖတ္ၿပီးအခန္းထဲထိုင္ေနတဲ့အခ်ိန္အဲလ္ဗစ္ကသူ႔ကိုေနာက္မွ႐ုတ္တရက္ဖက္တြယ္လာခဲ့သည္။လီလ်ိဳကသူ႔သတိထားမႈကိုျပန္ရတဲ့အခ်ိန္မွာေတာ့သူကဆိုဖာေပၚကိုတြန္းလွဲခံထားရၿပီျဖစ္ၿပီးအဲလ္ဗစ္ကႏွစ္ႀကိမ္သိမ္းပိုက္ၿပီးေနၿပီျဖစ္သည္။ၿပီးေနာက္မွာအဲလ္ဗစ္ကသူ႔ကိုမလႊတ္ေပးေတာ့ေပ။သူ႔ကိုေကာက္မကာအိပ္ယာထဲသို႔ေလွ်ာက္လာ၍သူ႔ကိုအိပ္ယာေပၚထက္တြန္းလွဲခဲ့သည္။

လီလ်ိဳကသူ႔ရဲ႔သိမ္းပိုက္မႈေအာက္မွာႏိုးထာခဲ့ၿပီးေနာက္တစ္ႀကိမ္ထပ္ေမ့သြားျပန္သည္။

ဒီတစ္ေခါက္ေတာ့သူဘာမွမတတ္ႏိုင္ေတာ့ပဲစိတ္လြတ္သလိုျဖစ္သြားကာအသိစိတ္လြတ္သြားေတာ့သည္။

End of the warning

လီလ်ိဳေနာက္တစ္ႀကိမ္ျပန္ႏိုးလာတဲ့အခ်ိန္မွာေတာ့သူ႔ကိုယ္ကသန္႔ရွင္းတဲ့ဝတ္ရံုနဲ႔ဖုန္းလႊမ္းထားၿပီျဖစ္ၿပီးလံုးဝညစ္ပတ္ေနသည့္အိပ္ယာခင္းသည္လည္းအသစ္တစ္ခုႏွင့္လဲလွယ္ၿပီးျဖစ္သည္။အဲလ္ဗစ္ရဲ႔လက္ေမာင္းမ်ားကေတာ့သူ႔ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားၿပီးသူ႔တစ္ကိုယ္လံုးကေတာ့သူ႔ရင္ဘက္ကိုဖိထားသည္။

အဲလ္ဗစ္ကလီလ်ိဳနဲ႔မ်က္ႏွာျခင္းဆိုင္ၿပီးလွဲေနတာျဖစ္သည္။သူ႔မ်က္လံုးမ်ားကမွိတ္ထားၿပီးသူ႔ရဲ႔ေရႊေရာင္မ်က္ေတာင္မ်ားကလိပ္ျပာေလးႏွစ္ေကာင္လိုတိတ္တဆိတ္လဲေလ်ာင္းေနသည္။သူ႔ႏွဖူးကေတာ့တစ္နည္းနည္းနဲ႔အနည္းငယ္တြန္႔ခ်ိဳးေနၿပီးအိပ္ေပ်ာ္ေနစဥ္မွာေတာင္တစ္စံုတစ္ခုအားစိတ္ပူေနသလိုပင္။

လီလ်ိဳကအဲလ္ဗစ္ကိုစိုက္ၾကည့္လိုက္ၿပီးသူ႔လက္တစ္ဖက္နဲ႔အဲလ္ဗစ္ရဲ႔မ်က္ခံုးေပၚကတြန္႔ခ်ိဳးမႈကိုမေနႏိုင္ပဲေျဖေလ်ာ့ေပးမိသည္။

အဲလ္ဗစ္ကစိန္႔ေမးဂတ္စ္အေမြအႏွစ္ကိုက်င့္ၾကံခဲ့တာျဖစ္ေသာေၾကာင့္ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတာေတာင္သူ႔ရဲ႔ငယ္ရြယ္သည့္ပံုပန္းသြင္ျပင္အားဆက္ထိန္းသိမ္းထားႏိုင္သည္။လီလ်ိဳကေတာ့သူ႔ရဲ႔ေမွာ္သားရဲေသြးေၾကာမ်ားေၾကာင့္သူ႔အရြယ္ငယ္စဥ္မွာပင္ႀကီးထြားမႈရပ္သြားခဲ့ၿပီျဖစ္သည္။ရလဒ္အရေတာ့သူတို႔ႏွစ္ေယာက္ကႏွစ္ဆယ္ေလာက္သာရွိေသးသည့္လူငယ္ေလးမ်ားနဲ႔တူေနသည္။

ထို႔ေၾကာင္လည္းလြန္ခဲ့တဲ့ႏွစ္တစ္ရာလံုးႏွစ္ေယာက္သားမၾကာခဏေျပာင္းေရႊ႕ခဲ့ရသည္။ၿပီးေတာ့လည္းေမးဂတ္စ္ေတြကႏွစ္ေပါင္းမ်ားစြာေနထိုင္ႏိုင္တယ္ဆိုေပမယ့္ဘယ္သူမွသူတို႔ရဲ႔ငယ္ရြယ္တဲ့ပံုပန္းသ႑ာန္ကိုဘယ္ေတာ့မွအသက္မႀကီးေအာင္မထိန္းသိမ္းႏိုင္ၾကဘူးေလ။

လီလ်ိဳကအဲလ္ဗစ္ရဲ႔မ်က္ခံုးကိုမိနစ္အနည္းငယ္ေျဖေလ်ာ့ေနရင္းအဲလ္ဗစ္ရဲ႔မ်က္ေတာင္မ်ားကတုန္ယင္လာကာသလင္းေက်ာက္လိုၾကည္လင္သည့္အျပာေရာင္မ်က္လံုးတစ္စံုကပြင့္လာခဲ့သည္။

လီလ်ိဳကသူ႔ကိုမိသြားတာကိုေတြ႕ေသာအခါသူ႔လက္ကိုခ်က္ခ်င္းျပန္႐ုတ္လိုက္ခ်င္ေသာ္လည္းအဲလ္ဗစ္ရဲ႔အလ်င္အျမန္ဆြဲယူျခင္းကိုခံလိုက္ရသည္။ထို႔ေနာက္အဲလ္ဗစ္ကသူ႔လက္ကိုယူလိုက္ၿပီးသူ႔ႏႈတ္ခမ္းနားဆြဲယူကာသူ႔ရဲ႔လက္ဖဝါးမွတစ္ဆင့္လက္ေခ်ာင္းမ်ားဆီေရာက္သြားၿပီးလက္တစ္ေခ်ာင္းျခင္းဆီထိနမ္းေလသည္။

လီလ်ိဳကသူ႔လက္ကိုအႀကိမ္အနည္းငယ္ျပန္ဆြဲယူေသာ္လည္းသူ႔ရဲ႔ႀကိဳးစားမွဳမေအာင္ျမင္သည့္ေနာက္မွာေတာ့တိတ္တဆိတ္ပဲအဲလ္ဗစ္ကိုဆက္နမ္းခြင့္ျပဳလိုက္ေသာ္လည္းဘယ္လိုပဲျဖစ္ျဖစ္ႏွစ္ေပါင္းမ်ားစြာျဖတ္သန္းၿပီးသြားၿပီဆိုေတာ့သူလည္းေနသားက်ေနပါၿပီ။

အဲလ္ဗစ္ကလီလ်ိဳရဲ႔လက္ေတြကိုေနာက္တစ္ႀကိမ္ထပ္နမ္းလိုက္ၿပီးသူ႔လမ္းေၾကာင္းကိုလီလ်ိဳရဲ႔လက္ေမာင္းအထက္ထိတက္သြားသည္။ထိုေသးငယ္သည့္ေက်ာက္စိမ္းလိုလက္ေမာင္းေပၚမွာအခ်စ္မွတ္ေတာ္ေတာ္မ်ားမ်ားလုပ္ၿပီးမွသာအဲလ္ဗစ္ကေနာက္ဆံုးမွာလီလ်ိဳရဲ႔လက္ကိုလႊတ္ေပးလိုက္သည္။

"လဒ္ဝတ္ကိုယ္မင္းကိုခ်စ္တယ္" အဲလ္ဗစ္ကအသံနိမ့္နိမ့္ျဖင့္ျေပာလာၿပီးသူ႔လက္မ်ားကလီလ်ိဳရဲ႔ခါးအားဖက္ကာသူ႔ကိုသူ႔ရင္ဘက္ဆီပိုၿပီးဆြဲသြင္းလိုက္သည္။သူ႔ရဲ႔ၾကည္လင္ေနသည့္အျပာေရာင္မ်က္လံုးမ်ားကေတာ့လီလ်ိဳကိုသာတည့္တည့္စိုက္ၾကည့္ေနသည္။

အဲလ္ဗစ္ရဲ႔ေလးနက္ေနသည့္ပံုစံကိုၾကည့္ၿပီးလီလိ်ဳမွာမေနႏိုင္ပဲသူ႔မ်က္ႏွာကိုပိုၿပီးနီးနီးကပ္ကပ္တိုးသြားမိသည္။အဲလ္ဗစ္ရဲ႔ႏႈတ္ခမ္းကိုနမ္းလိုက္ၿပီးမွသူကျပန္ေျဖလိုက္၏။

"ငါလည္းမင္းကိုခ်စ္တယ္အဲလ္ဗစ္"

လီလ်ိဳရဲ႔ပံုစံေလးကိုၾကည့္ၿပီးအဲလ္ဗစ္ရဲ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ားကေကြးၫႊတ္တက္သြားရသည္။သူကသူ႔မ်က္ေတာင္မ်ားကိုႏွိမ့္ခ်လိ္ုက္ၿပီးသူ႔မ်က္စံထဲကနက္႐ွိဳင္းေနေသာအေရာင္ကိုဖုန္းကြယ္လိုက္သည္။ေနာက္တစ္ႀကိမ္လီလိ်ဳရဲ႔ႏႈတ္ခမ္းမ်ားကိုနမ္းၿပီးမွသာအိပ္ယာေပၚကထိေတာ့သည္။

"မင္းထပ္အိပ္လိုက္ဦး..ကိုယ္အရင္မနက္စာသြားဆင္းယူလိုက္ဦးမယ္အားလံုးၿပီးမွေခၚလိုက္မယ္ေနာ္"

လီလ်ိဳကလည္းျငင္းပယ္စရာမရွိေပ။သူကေမွာ္သားရဲျဖစ္တာေၾကာင့္သူ႔မွာသန္မာတဲ့ျပန္လည္ေကာင္းမြန္ႏိုင္ေသာစြမ္းရည္ရွိေသာ္လည္းဒီလိုအဲလ္ဗစ္နဲ႔ရက္အနည္းငယ္ၾကာသည္အထိပူေလာင္ျပင္းျပစြာလုပ္ေဆာင္ၿပီးေနာက္မွာေရာ?သူ႔ခႏာၱကိုယ္ကမသက္မသာျဖစ္ေနတုန္းပဲေလ..ဒီအခ်ိန္မွာသူ႔ခါးကက်ိဳးၿပီလို႔ေတာင္ခံစားေနရဆဲျဖစ္သည္။

နာရီဝက္ေလာက္အၾကာမွာအဲလ္ဗစ္သူ႔ကိုေခၚလိုက္မွလီလ်ိဳကအိပ္ယာေပၚကအလ်င္မလိုစြာထလိုက္သည္။သူကအိပ္ခန္းတံခါးအားဖြင့္ၿပီးထြက္သြားေတာ့သည္။

အိမ္ကေနရာတိုင္းႏူးညံ့တဲ့အခင္းေတြခင္းထားတာေၾကာင့္လီလ်ိဳကၾကမ္းျပင္ကိုသူ႔ေျခဖဝါးထိတဲ့အခ်ိန္မွာအနည္းငယ္ေသာေအးစက္မႈကိုပင္မခံစားရေပ။အဲ့ဒီအစားအေတာ္ေလးႏူးညံ့ၿပီးသက္ေတာင့္သက္သာရွိလွသည္။

မၾကာေသးခင္ကျဖစ္ခဲ့တဲ့ကိစၥမိ်ဳးၿပီးတိုင္းအဲလ္ဗစ္ကလီလ်ိဳကိုမနက္စာအတြက္ကြဲျပားျခားနားေသာအရသာရွိသည့္ဂ်ံဳယာဂုသို႔မဟုတ္အရသာေလးသည့္စြပ္ျပဳတ္မ်ိဳးေပးတတ္သည္။

လီလ်ိဳကအစားအစာမ်ားကိုေက်နပ္ေအာင္စားေသာက္လို႔လွည့္ၾကည့္လိုက္တဲ့အခါအဲလ္ဗစ္မစားေၾကာင္းသူေတြ႕သြားသည္။အဲ့ဒီအစားထိုလူကေခါင္းကိုလက္နဲ႔ေထာက္ၿပီးသူ႔ကိုသာအာရံုစုးစိုက္ၿပီးၾကည့္ေနသည္။

လီလ်ိဳကအဲလ္ဗစ္နဲ႔ေနထိုင္တာႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္ေသာ္လည္းထိုလူရဲ႔ရွည္လ်ားတဲ့အၾကည့္ေအာက္မွာဘာမွမတတ္ႏိုင္ပဲနီျမန္းရဆဲပင္။အဲလ္ဗစ္သူ႔ကိုအဲ့ဒီလိုၾကည့္တဲ့အခ်ိန္တိုင္းသူကမီးေပၚမွာလိုခံစားရၿပီးလီလ်ိဳကသူ႔ဘဝတစ္ေလွ်ာက္လံုးထြန္းလင္းေနမည့္အလင္းေရာင္လိုပင္

"အဲလ္ဗစ္ဘာျဖစ္လို႔လဲ?ငါ့မ်က္ႏွာမွာတစ္ခုခုရွိေနလို႔လား?" လီလိ်ဳကမေနႏိုင္ပဲလက္ထုတ္ၿပီးသူ႔မ်က္ႏွာသာထိၾကည့္မိေတာ့သည္။

"လဒ္ဝတ္,ကိုယ္မင္းကိုခ်စ္တယ္"

"ကိုယ္မင္းကိုခ်စ္တယ္"

"ကိုယ္မင္းကိုခ်စ္တယ္"

အဲလ္ဗစ္ကအဲ့ဒီလိုမ်ိဳးထပ္ခါထပ္ခါေျပာေနတဲ့အခ်ိန္မွာသူ႔အၾကည့္ကလီလ်ိဳတစ္ေယာက္တည္းကိုသာအာရံုစိုက္ထားသည္။

လီလ်ိဳမွာအဲလ္ဗစ္ရဲ႔စကားလံုးေၾကာင့္သူ႔မ်က္ႏွာတစ္ခုလံုးရဲရဲနီလာရၿပီးသူခ်စ္ရတဲ့ခ်စ္သူဆီကဝန္ခံစကားေၾကာင့္သူ႔ႏွလံုးသားထဲကေပ်ာ္ရႊင္လာမႈအားမထိန္းသိမ္းႏိုင္ေတာ့ေပ။သူကခ်က္ခ်င္းအဲလ္ဗစ္ဆီသြားကာသူ႔ႏႈတ္ခမ္းကိုနမ္းလိုက္ၿပီးျပန္ေျဖလိုက္သည္။

"ငါသိတယ္,ငါလည္းမင္းကိုခ်စ္တယ္"

အဲလ္ဗစ္ကလီလ်ိဳရဲ႔မ်က္ႏွာကိုသူ႔လက္ႏွစ္ဖက္လံုးျဖင့္ကိုင္လိုက္ၿပီးလီလ်ိဳအားနက္နက္ရွိင္း႐ွိဳင္းနမ္းေတာ့သည္။လဒ္ဝတ္လည္းသူ႔ကိုခ်စ္တယ္ဆိုတာသိတယ္ဒါေပမဲ့အခ်ိန္အတိုင္းအတာေတာ့မတူဘူး။သူ႔အေပၚမွာရွိတဲ့သူ႔အခ်စ္ကဟိုးတုန္းကတည္းကႀကီးထြားေနခဲ့တာ..

လီလ်ိဳရဲ႔ခြဲခြာမယ့္အေျခအေနကိုသူသိလို႔အဲလ္ဗစ္ကသူ႔ကိုယ္ပိုင္က်င့္ၾကံမွဳကိုဖိႏွိပ္ထားခဲ့ေပမဲ့သူကေျဖးၫွင္းစြာကက်င့္ၾကံေနခဲ့ရတယ္..သူလဒ္ဝတ္ကိုခ်စ္တယ္ၿပီးေတာ့လဒ္ဝတ္ကသူ႔ေဘးမွာအၿမဲတမ္းေနသြားႏိုင္ဖို႔ေမွ်ာ္လင့္ေပမယ့္အကယ္၍အဲလ္ဗစ္သာထက္ၿပီးမတိုးတက္ဘူးဆိုရင္သူ႔ရဲ႔အသက္တစ္ရာေမြးေန႔ကတည္းကေသသြားေလာက္ၿပီ။

အဲလ္ဗစ္အေနနဲ႔လီလ်ိဳကိုဒီကမာၻမွာသူနဲ႔အတူခ်ည္ေႏွာင္ၿပီးသူ႔ကိုအေဖာ္ျပလို႔အတူတူမေသေစခ်င္ဘူး

လြန္ခဲ့တဲ့တစ္ပတ္တုန္းကသူ႔ခႏာၱကိုယ္ကေျပာင္းလဲမႈကိုသူအာရံုရခဲ့ၿပီးသူခ်က္ခ်င္းခ်ိဳးျဖတ္ႏိုင္ေတာ့မွာကိုသိလိုက္ရတယ္...ေပ်ာ္ရႊင္ဖို႔ထက္သူ႔ႏွလံုးသားအရမ္းေလးလံေနရၿပီ။

ခိုးယူထားတဲ့ကာလစုကႏွစ္တစ္ရာေက်ာ္ခဲ့ၿပီဆိုေတာ့အခုေနာက္ဆံုးအဆံုးသတ္ရေတာ့မွာပဲ...

..................................................

Continue Reading

You'll Also Like

1.9M 298K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...
13.5K 691 15
Title : 🧡Dinghai Fusheng Lu 定海浮生录🧡 Author(s) : Fei Tian Ye Xiang Artist(s) : 千二百 Myanmar Translator : SSMAWW Aira & 小云 crd_to_original_author_arti...
24.7K 3.2K 89
Novel name - Spring Breeze in winter {ဆောင်းရာသီမှနွေဦးလေ‌‌ပြေလေး} ရေနှင့် မီးသည်ဘယ်သောအခါမှ၊ ပေါင်းစပ်နိုင်ခြင်းမရှိသလို မတူညီသည့်ဆုံချက်များ‌သည် မ...
80.8K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.