(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(2.45)

5.1K 907 8
By Xiao_Yiii

Unicode

Arc(2.45) - Saint Magus

ခရီးစဉ်တစ်လျှောက်လုံးမှာအဲလ်ဗစ်နဲ့လီလျိုတို့မြို့လေးခုငါးခုကိုဖြတ်သန်းလာကြသည်။သူတို့ရှေးဟောင်းနယ်မြေကထွက်ထွက်ခြင်းတွေ့ခဲ့ရတဲ့မာရ်မြို့မှာလိုပင်မြို့တိုင်းနတ်ဆိုးသားရဲအုပ်စုများရဲ့တိုက်ခိုက်မှုကိုခံနေကြရသည်။

တစ်ချို့ကခေါင်းမာစွာခုခံတွန်းလှံဆဲဖြစ်ပြီးတစ်ချို့ကတော့အစောကြီးကတည်းကပျက်ဆီးသွားခဲ့ပြီဖြစ်သည်။

တိုက်ကြီးတစ်ခုလုံးရဲ့အထက်ကောင်းကင်မှာတော့အနက်ရောင်မြူအလွှာပါးတစ်ခုကိုမြင်နေရပြီးနေရာတစ်နေရာသို့ဖြည်းညှင်းစွာရွေ့လျားနေကြသည်။

*****

လီလျိုကအဲလ်ဗစ်ရှေ့မှာထိုင်နေပြီးသူ့ကိုယ်ကအနည်းငယ်နောက်သို့မှီနေကာလက်ကတော့အီလိုင်ရဲ့ခေါင်းထက်ကဦးချိုကိုကိုင်ထားသည်။ပြီးခဲ့သည့်မြို့မှထွက်ခွာသွားပြီးနောက်သူတို့သည်ယခုလမ်းပေါ်မှာရှိနေတာတစ်ပတ်ကျော်ကျော်ဖြစ်နေပြီဖြစ်သည်။

သူတို့ရဲ့လက်ရှိအရှိန်နှုန်းနဲ့ဆိုရင်ပတ်ဝန်းကျင်ရှိအကြီးမားဆုံးမြို့ဖြစ်သောအီဒါမြို့သို့ညနေလောက်ရောက်လိမ့်မည်။

သေချာပေါက်ပင်နေကအနောက်အရပ်သို့မေးတင်တဲ့အချိန်မြင့်မားသောမြို့ရိုးရဲ့အရိပ်ကလီလျိုရဲ့မြင်ကွင်းထဲဝင်လာခဲ့သည်။သို့သော်ဒီမြို့ကတော့အရင်ဖြတ်သန်းခဲ့တဲ့နေရာများလိုနတ်ဆိုးသားရဲများဝန်းရံထားခြင်းမခံရပေ။သူတို့ရဲ့ခရီးစဉ်မှာပထမဆုံးအဖြစ်ဒီလိုရှင်းလင်းပြီးသန့်ရှင်းသပ်ရပ်နေသောပတ်ဝန်းကျင်ရှိသည့်မြို့ကိုမြင်ရတာပထမဆုံးဖြစ်သည်။

တင်းတင်းကျပ်ကျပ်ပိတ်ထားသည့်မြို့တံခါးများအပြင်ဘက်ရှိမြေပြင်ပေါ်တွင်သာပိုမိုနက်ရှိုင်းသောမြေဆီလွှာအရောင်ရှိသောရေအိုင်များကိုတွေ့မြင်နိုင်သည်။

သားရဲပေါ်ကလူနှစ်ယောက်အီဒါမြို့သို့ချဉ်းကပ်လာသောအခါမှော်မီးတောက်လောင်နေသည့်မြားတစ်စင်းကချက်ချင်းပင်မူလဘာမှမရှိသည့်မြို့ရိုးမှထွက်ပေါ်လာသည်။ထိုမြှားကအဲလ်ဗစ်နဲ့လီလျိုရှိရာသို့တည့်တည့်ပင်ဦးတည်နေသည်။မြို့ရိုးထိပ်မှာတော့အမျိုးသားတစ်ယောက်ပေါ်လာပြီးအခြေအနေအားစစ်ဆေးနေပုံရသည်။

မြို့ရိုးပေါ်ကအမျိုးသားကခြင်္သေသဏ္ဍာန်သားရဲကိုစီးလာသည့်လူနှစ်ယောက်ကိုမြင်သည်နှင့်ချက်ချင်းသူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ထိုမီးတောက်မြားချက်ချင်းပင်ပျောက်ကွယ်သွားတော့လေသည်။

လီလျိုနဲ့အဲလ်ဗစ်တို့မြို့တံခါးရှေ့သို့ရောက်သည့်အချိန်မှာထိုလူကကျယ်လောင်စွာအော်လိုက်သည်

"မင်းတို့နှစ်ယောက်...ငါတို့အီဒါမြို့ကဒုက္ခသည်တွေလက်မခံဘူး!ငါမင်းကိုတံခါးဖွင့်ပြီးဝင်ခွင့်ပေးလို့ရတယ်ဒါပေမဲ့မင်းတို့ငါ့ရဲ့လက်ခံမှုကိုရဖို့တော့အရည်အချင်းရှိမှဖြစ်မယ်"

ဒီနှစ်ယောက်ကကြီးမားတဲ့သားရဲကြီးကိုစီးနင်းလာသည်ကိုသာသူမတွေ့ဘူးဆိုရင်အစောကြီးကတည်းကမောင်းထုတ်လိုက်ပြီးနေပြီဖြစ်သည်။

အဲလ်ဗစ်ကစကားမပြောပေ။တိတ်တဆိတ်ပင်သူ့မင်ရှီဝိဉာဏ်လက်နက်အားထုတ်လိုက်ပြီးမှော်စာလုံးတစ်ချို့စတင်ရေရွတ်လိုက်သောအခါကောင်းကင်တွင်ထင်ရှားသောနဂါးကြီးတစ်ကောင်ပေါ်လာသည်။နဂါးကြီးရဲ့ကိုယ်ပေါ်ကအကြေးခွံတိုင်းကပင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးပြုလုပ်သူရဲ့နက်ရှိုင်းလှသည့်ကျွမ်းကျင်မှုကိုသက်သေပြနေသည်။

ထိုလူရဲ့မျက်လုံးများကချက်ချင်းတောက်ပသွားတော့၏။သူကအနောက်သို့လှည့်လိုက်ပြီးအလောတကြီးထပ်ခါထပ်ခါပြောလိုက်သည်။

"မြန်မြန်...မြန်မြန်လေးသူတို့ကိုတံခါးဖွင့်ပေးလိုက်"

သူ့အမိန့်ကိုကြားသည်နှင့်အဲလ်ဗစ်နှင့်လီလျိုတို့ရှေ့ကကြီးမားသောဂိတ်တံခါးကြီးမှာချက်ချင်းပင်ပွင့်သွားပြီးနှစ်ယောက်သားအီဒါမြို့ထဲသို့အီလိုင်အားစီးပြီးဝင်လာကြသည်။

အီဒါမြို့သည်ပတ် ၀ န်းကျင်မြို့ကြီးများ၏ကုန်သွယ်ရေးဗဟိုချက်ဖြစ်သော်လည်းယခင်ကသာယာဝပြောသောမြို့သည်ယခုလူသူကင်းမဲ့နေပုံရသည်။လမ်းမပေါ်တွင်လမ်းလျှောက်နေသူအနည်းငယ်နှင့်ဆိုင်ခန်းဖွင့်ထားသည့်သူများသည်လည်းသူတို့မျက်နှာပေါ်မှာထိတ်လန့်တုန်လှုပ်မှုများမြင်နေရသည်။

လီလျိုနဲ့အဲလ်ဗစ်တို့မြို့ထဲဝင်လာပြီးသိပ်မကြာခင်ပဲထိုလူကသူတို့ကိုနှုတ်ဆက်ရန်နှစ်ယောက်သားဆီလမ်းလျှောက်လာသည်။ထိုလူကအီလိုင်ရဲ့ရှေ့မှာရပ်လိုက်၍လီလျိုနဲ့အဲလ်ဗစ်အားပြုံးကာကြည့်လိုက်ပြီးပြောလိုက်၏။

"နှစ်ယောက်လုံးမြို့ထဲဝင်လာပြီဆိုတော့ကျုပ်တို့ရဲ့အစီအစဉ်တွေကိုနားထောင်မယ်လို့မျှော်လင့်ပါတယ်..ကျေးဇူးပြုပြီးကျုပ်နောက်လိုက်ခဲ့ပါ"

ပြောလို့ပြီးသွားသည်နှင့်ထိုလူကညာဘက်သို့လှည့်ထွက်သွားသည်။

အဖြေစကားမရှိပဲအဲလ်ဗစ်ကအီလိုင်အားနောက်သို့လိုက်သွားရန်ညွှန်ကြားလိုက်သည်။

ထိုလူသည်ခရီးသွားနှစ် ဦး အားစပျစ်နွယ်ပင်များဖြင့်ဖုံးအုပ်ထားသောခြံဝင်းတံခါးနှင့်ကြီးမားသောအိမ်တစ်လုံးရှေ့သို့ခေါ်ဆောင်သွားသည်။ သူကတံခါးကိုဖွင့်တော့မယ့်အချိန်မှာပဲအတွင်းထဲမှဖွင့်ကာထွက်လာ၏။

အညိုရောင်ဆံနွယ်ရှည်ကောက်ကောက်များနှင့်လှပသောပုံသဏ္ဍာန်ရှိသည့်မိန်းကလေးတစ်ယောက်ကသုံးယောက်သားရဲ့ရှေ့မှာပေါ်လာသည်။သူမကအီလိုင်ကိုစီးနင်းလာသည့်အဲလ်ဗစ်ကိုမြင်သောအခါသူမရဲ့နက်မှောင်သောအစိမ်းရောင်မျက်ဝန်းများကကြည်လင်နေသောပျော်ရွှင်မှုနှင့်အတူတစ်လက်လက်တောက်ပလာသည်။

"အဲလ်ဗစ်နင်လား?!"

လီလျိုကအခုလေးတင်ပေါ်လာသည့်ထိုအညိုရောင်ဆံနွယ်များနှင့်မိန်းကလေးကိုကြည့်နေရင်းသူမကရင်းနှီးနေတယ်လို့တွေးနေတဲ့အချိန်မှာပဲအဲလ်ဗစ်ကိုခေါ်လိုက်သည်အားကြားသောအခါမှာတော့လီလျိုကချက်ချင်းပင်ထိုမိန်းကလေးရဲ့အကြောင်းကိုသတိပြုလိုက်မိသည်။သူမကသူမူလရေးခဲ့တဲ့ဝတ္ထုထဲကအမျိုးသမီးဇာတ်လိုက်ထဲကတစ်ယောက်ဖြစ်သည့်ခရစ်ဖြစ်သည်။

ခရစ်ရဲ့အသံကိုကြားလိုက်သောလည်းအဲလ်ဗစ်ကသူမကိုအာရုံစိုက်ခြင်းမရှိပေ။သူကသူမအားတစ်ချက်သာလှည့်ကြည့်လိုက်ပြီးလျစ်လျုုရှုထားသည့်ဟန်ဖြင့်ခေါင်းပြန်လှည့်သွားသည်မှာသူမအားတစ်ခါမှမတွေ့ဘူးသလိုပင်။

အဲလ်ဗစ်ကအီလိုင်ရဲ့ကျောပေါ်မှခုန်ဆင်းလိုက်ပြီးသူ့လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။သူကလီလျိုကိုညင်သာနူးညံ့စွာကြည့်နေပြီးသူ့လက်မောင်းကြားထဲတိုက်ရိုက်ခုန်ချနိင်ရန်ညွှန်ပြနေသည်။

သူ့ရှေ့ကလှပတဲ့မိန်းကလေးအားရှက်ရွံ့စွာကြည့်လိုက်ပြီးလီလျိုကခြောက်ကပ်ကပ်ချောင်းတစ်ချက်ဟန့်ကာစကားတစ်ခွန်းမဆိုပဲအီလိုင်ကျောပေါ်ကခုန်ဆင်းလိုက်သည်။

သူမရှေ့ကမြင်ကွင်းကိုကြည့်ရင်းခရစ်မှာသူမရဲ့နှလုံးသားအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ဖြစ်ညှစ်လိုက်သလိုအသက်ရှုမရဖြစ်သွားရသည်။

လွန်ခဲ့တဲ့အတိတ်ငါးနှစ်လုံးသူမအမြဲတမ်းအဲလ်ဗစ်ကိုပဲတွေးနေခဲ့မိတာဖြစ်ပြီးတစ်ခါမှသူ့ကိုမမေ့ဘူးပေ။နိုင်ငံရဲ့မင်းသမီးတစ်ယောက်အနေနဲ့သူမဘယ်တုန်းကမှတစ်စုံတစ်ယောက်ကိုဒီလိုဂရုစိုက်မိခြင်းမျိုးမရှိခဲ့ပဲသူမဘယ်တုန်းကမှမစဉ်းစားခဲ့မိတာကအဲလ်ဗစ်ပြန်ပေါ်လာတဲ့အချိန်မှာတစ်ခြားတစ်ယောက်နဲ့အတူဖြစ်နေမှာကိုပဲဖြစ်သည်။

ဒီမြင်ကွင်းကသူမရှေ့ပေါ်လာမှသာအဲ့ဒါကိုသူမလက်ခံနိုင်ရန်မည်မျှခက်ခဲကြောင်းသိသွားရသည်။

ခရစ်ကတူညီတဲ့နေရာမှာသာဆက်ရပ်နေပြီးငွေရောင်ဆံပင်နှင့်လူငယ်လေးရဲ့ဆံနွယ်ကိုနူးညံ့စွာသပ်ပေးနေသည့်အဲလ်ဗစ်အားဗလာဖြစ်စွာကြည့်နေမိသည်။ဒါဟာခရစ်မှတ်ဉာဏ်ထဲမှအမြဲတမ်းလျစ်လျူရှုထားတတ်သည့်အမူအယာသာရှိသည့်အဲလ်ဗစ်နှင့်လုံးဝခြားနားနေသည်။သူကလုံးဝတစ်ခြားသူတစ်ယောက်ဖြစ်သွားသလိုပင်။

သူမ,ဘာမှမတတ်နိုင်ပဲနောက်သို့ခြေလှမ်းပြန်ဆုတ်မိသည်။အဲလ်ဗစ်နှင့်လီလျိုတို့ကိုခေါ်လာသည့်လူကတော့သူမကိုသိချင်စိတ်နှင့်မေးခွန်းထုတ်သောအကြည့်များဖြင့်ကြည့်နေ၏။ခရစ်ကကိုယ့်ကိုကိုယ်ခက်ခက်ခဲခဲပြန်တည်ငြိမ်အောင်ထိန်းလိုက်ကာအတင်းဖိအားပေးပြုံးလိုက်ပြီးအဲလ်ဗစ်အားမေးလိုက်သည်။

"နင်ငါ့ကိုမေ့သွားပြီလား?ငါတို့လွန်ခဲ့တဲ့ငါးနှစ်တုန်းကအတန်းဖော်တွေလေ"

လွန်ခဲ့တဲ့ငါးနှစ်လုံးသူမအဲလ်ဗစ်ကိုနောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါကျေနပ်အားရမှုအရှိဆုံးအပြုံးကိုဘယ်လိုပြုံးပြရမလဲလို့ခရစ်အမြဲတမ်းတွေးခဲ့မိသည်။သို့သော်ဒီခဏမှာတော့ထိုဆန္ဒအားလုံးသဲလွန်စတစ်စုံတစ်ရာမကျန်ပဲလွင့်ပျယ်သွားရလေပြီ။

သူမအဲလ်ဗစ်ကိုထိုကဲ့သို့သောအပြုံးမျိုးပြနိုင်မယ်ဆိုရင်တောင်သူကသူနှစ်သက်တဲ့တစ်စုံတစ်ယောက်ကိုတွေ့ဆုံပြီးသွားပြီဖြစ်ပြီးထိုလူကိုဘယ်လောက်တောင်ချစ်ခင်နှစ်သက်လဲဆိုတာကိုလည်းမြင်ပြီးပြီဖြစ်သည်။သူမနားမလည်တာဘာများရှိမှာလဲ?

"အိုး,မင်္ဂလာပါ" အဲလ်ဗစ်ကသူမကိုအသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းတစ်ချက်ငြိမ့်ပြပြီးသူမကိုဖြတ်ကျော်ကာလီလျိုလက်ကိုကိုင်၍ခြံဝင်းထဲဝင်သွားသည်။

ခရစ်ကခြံဝင်းတံခါးဝမှာမတ်တပ်ရပ်မိနေဆဲပင်။သူမကထွက်ခွာသွားသည့်အဲလ်ဗစ်နှင့်လီလျိုတို့ရဲ့နောက်ကျောအားလှည့်ကြည့်လိုက်မိသည်။သူမကသူမရဲ့လက်ကိုမြှောက်လိုက်ပြီးသူမနှဖူးကလေအဝှေ့ကြောင့်ဝဲကျနေသည့်ဆံနွယ်များအားသပ်တင်လိုက်သည်။သူမအခုအချိန်မှာလက်မခံချင်ပေမယ့်ထိုငွေရောင်ဆံနွယ်များနှင့်လူငယ်လေးအပေါ်အဲလ်ဗစ်ဆက်ဆံပုံနှင့်ထိုလူငယ်လေးရဲ့နူးညံ့သည့်အသွင်အပြင်ကိုကြည့်ပြီးသူမအဲလ်ဗစ်နဲ့အတူတူရှိနိုင်မယ့်အခွင့်အရေးကလုံးဝမဖြစ်နိုင်တော့ဘူးဆိုတာနားလည်သွားရသည်။သူကသူမကိုအမြဲတမ်းခံစားချက်အနည်းငယ်တောင်မရှိတဲ့သက်ဆိုင်မှုမရှိသောသူစိမ်းတစ်ယောက်လိုသာဆက်ဆံတာလေ။

အဲ့ဒါကြောင့်သူမလွှတ်ပေးရမယ်..သူမရဲ့ငါးနှစ်တာစိတ်ကူးယဉ်မှုများနဲ့မဖြစ်နိုင်တဲ့အိမ်မက်တွေကိုအဆုံးသတ်ရတော့မယ်

*****

လီလျိုကနေရောင်အပြည့်ဖြည့်ထားသည့်ခြံဝင်းအပြင်ဘက်မှာထိုင်နေပြီးခြံထဲမှလတ်လတ်ဆတ်ဆတ်ခူးထားသောစပျစ်သီးများကိုစားနေရင်းဖြင့်ကောင်းကင်မှအနက်ရောင်တိမ်တိုက်များအားကြည့်နေသည်။

လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကအနက်ရောင်တိမ်တိုက်များကပိုထင်ရှားလာပြီးတစ်နေ့တာကုန်ဆုံးသည်နှင့်ထိုတိမ်တိုက်များကပိုပြီးကြီးထွားလာသည်။ထိုအထဲမှာမိုးရိပ်မိုးယောင်လုံးဝမရှိပဲတိမ်တိုက်ကသာဆက်လက်ကြီးထွားနေတာဖြစ်သည်။

လီလျိုကကောင်းကင်ပေါ်ကပုံမှန်မဟုတ်သည့်အခြေအနေကိုစိုက်ကြည့်နေမိသည်။ထိုမုန်တိုင်းချဉ်းကပ်လာသည့်ခံစားချက်ကိုသူရင်းနှီးနေသည်။သို့သော်ဒီအချိန်ကာလမှာဘာဖြစ်လဲဆိုတာသူမမှတ်မိဘူးဖြစ်နေတာကြောင့်သူ့မျက်လုံးများကိုမှိတ်ပြီးအတွေးများထဲဝင်သွားရင်းဇာတ်ကြောင်းရဲ့အနှစ်ချုပ်ကိုကြည့်နေမိ၏။

ခဏမျှအတွေးထဲပျောက်ဆုံးနေပြီးနောက်ရေးထားတဲ့အထဲမှာရှိသည့်ဆင်တူသောဇာတ်ကြောင်းကိုအမှတ်ရသွားသည်။ဇာတ်လိုက်ကတစ်ခြားကမ္ဘာကသတ္တဝါကြီးများရဲ့ခေါင်းဆောင်ဖြစ်သည့်နတ်ဆိုးသားရဲဧကရာဇ်နဲ့ရင်ဆိုင်တိုက်ခိုက်ခန်း-

ထိုအကြောင်းကိုပြန်စဉ်းစားမိသောအခါလီလျိုကချက်ချင်းထိတ်လန့်တကြားထရပ်မိသည်။အကယ်၍သူမမှားဘူးဆိုရင်အဲ့ဒီအနက်ရောင်တိမ်တိုက်တွေကသူတို့ရဲ့အနက်ရှိုင်းဆုံးအရောင်ဖြစ်တဲ့အထိအခြေချပြီးရင်တိုက်ကြီးရဲ့အလယ်ဗဟိုတည့်တည့်ကောင်းကင်မှာတံခါးပေါက်ကြီးတစ်ခုဖြစ်ပေါ်လာပြီးနတ်ဆိုးသားရဲဧကရာဇ်ကဒီတိုက်ကြီးကိုဆင်းသက်လာလိမ့်မယ်...

အကယ်၍အဲလ်ဗစ်သာနတ်ဆိုးသားရဲဧကရာဇ်ရဲ့ရောက်ရှိလာမှုကိုတားဆီးနိုင်ရန်ဒီကမ္ဘာပေါ်မှာကျန်ရှိတဲ့နတ်ဆိုးသားရဲတွေကဖြေရှင်းဖို့လွယ်ကူသွားပြီ...ပြီးတော့သူလည်းသူ့အစွမ်းကိုမြှင့်ဖို့ကြိုးကြိုးစားစားလုပ်နေစရာမလိုတော့ဘူး....

*****

ပင်မလမ်းမကြီးပေါ်တွင်လူအုပ်စုတစ်စုကတစ်နေရာရာမှချဉ်းကပ်လာသည်။သူတို့ကိုဦးဆောင်လာသည့်သူကကြီးမားသည့်ခြင်္သေသဏ္ဍာန်သားရဲကြီးအားစီးနင်းလာသောလူနှစ်ယောက်ဖြစ်ပြီးတစ်ခြားသူများကသူတို့နောက်မှမြင်းနဲ့လိုက်လာကြသည်။ခြင်္သေသားရဲကြီးနောက်ကမြဲမြန်စွာလိုက်ပါလာတာကတော့ရထားလုံးတစ်ခုဖြစ်သည်။

ကောင်းကင်မှာသိပ်သည်းလာသည့်အနက်ရောင်တိမ်တိုက်သည်လည်းထူထဲနေပြီဖြစ်ပြီးမှင်နက်ရောင်စည်ပိုင်းကြီးတစ်ခုလိုဖြစ်နေပြီ

အနက်ရောင်တိမ်တိုက်များရဲ့အလည်ခေါင်မှာတော့လှိုင်းများစတင်နေပြီဖြစ်ပြီးချောမွေ့သောမျက်နှာပြင်ကိုစတင်ချိုးဖြတ်နေသည်။ထိုခဏလောက်မှာပဲသေးငယ်သည့်ရေဝဲလိုအရာတစ်ခုကစတင်အကောင်အထည်ပေါ်လာ၏။

လီလျိုကကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနတ်ဆိုးသားရဲဧကရာဇ်ဘယ်အချိန်လောက်ဆင်းလာမလဲဆိုတာကိုတွက်ဆနေသည်။

ယခင်ကဘာဖြစ်မလဲဆိုတာပြန်သတိရပြီးနောက်သူကအဲလ်ဗစ်ဆီအလျင်အမြန်ပြေးသွားပြီးအဲလ်ဗစ်အားဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့သတင်းပေးဖို့ကြိုးစားခဲ့သည်။

အဲလ်ဗစ်ကနာရီအနည်းငယ်ကြာစဉ်းစားပြီးနောက်မေးဂတ်စ်အဖွဲ့အစည်းအားအကူအညီတောင်းရန်ဆုံးဖြတ်လိုက်တော့သည်။အစကတော့ဘယ်သူမှသူ့ကိုမယုံကြည်ကြပေ။သိုပသော်ကြယ်ကိုးပွင့်နည်းပြအဆင့်မေးဂတ်စ်တစ်ယောက်ဆိုတဲ့အဲလ်ဗစ်ရဲ့စွမ်းရည်နှင့်နိုင်ငံရဲ့မင်းသမီးဖြစ်ောခရစ်ရဲ့ထောက်ပံမှုကိုထပ်ပေါင်းလိုက်သည့်အခါနောက်ဆုံးမေးဂတ်စ်အဖွဲ့အစည်းကိုဖျောင်းဖျနိုင်သွားခဲ့သည်။

အဲလ်ဗစ်နဲ့လီလျိုတို့နော်ကကနေလူအုပ်စုတစ်စုလိုက်လာသော်လည်းစိန့်အဆင့်မှမေးဂတ်စ်တစ်ဦးသာရှိသည်။သူ့ရဲ့အိုမင်းနေသောအသက်အရွယ်ကြောင့်သူကထိုနေရာထိရောက်လာရန်ရထားလုံးထဲကသာလိုက်လာခဲ့ခြင်းပင်။ထပ်ပေါင်းအနေနဲ့တစ်ခြားကြယ်ကိုးပွင့်နည်းပြအဆင့်မေးဂတ်များကစိန့်နောက်ကလိုက်လာကြသည်။

ဒါ့အပြင်စိန့်ဘုံအဆင့်ကိုရောက်နေတဲ့သူရဲကောင်းစစ်သည်ဒါဇင်လောက်နှင့်သိုင်းဘုရင်သုံးဆယ်လေးဆယ်လောက်သည်လည်းသူတို့နဲ့အတူလိုက်လာသည်။

"အဲလ်ဗစ်"

နက်မှောင်ပြီးရှည်လျားသည့်အစိမ်းရောင်ဆံနွယ်များရှိသောချောမောသည့်လူငယ်လေးတစ်ယောက်ကသူရဲ့ကြီးမားသောမြင်းကိုရှေ့တိုးလာပြီးအဲလ်ဗစ်ဘေးကိုရောက်လာကာသူ့မျက်ဝန်းစိမ်းများကတော့ပတ်ဝန်းကျင်ကိုလျှောက်ပတ်ကြည့်နေသည်။

"ငါတို့ပတ်ဝန်းကျင်မှာနတ်ဆိုးသားရဲတော်တော်များများရှိနေတယ်ဒီမှာအရင်နားပြီးသူတို့ကိုဖြေရှင်းပြီးမှငါတို့ခရီးကိုဆက်ကြတာပေါ့"

ထိုလူကကြယ်ခုနှစ်ပွင့်နည်းပြအဆင့်မေးဂတ်စ်တစ်ယောက်ဖြစ်သည့်ဆိုက်ဇယ်ဖြစ်ပြီးသူ့ဆရာနောက်ကလိုက်၍အဲလ်ဗစ်တို့အုပ်စုကိုဝင်ပူးပေါင်းခြင်းပင်။

..................................................
Zawgyi

Arc(2.45) - Saint Magus

ခရီးစဥ္တစ္ေလွ်ာက္လံုးမွာအဲလ္ဗစ္နဲ႔လီလ်ိဳတို႔ၿမိဳ႔ေလးခုငါးခုကိုျဖတ္သန္းလာၾကသည္။သူတို႔ေရွးေဟာင္းနယ္ေျမကထြက္ထြက္ျခင္းေတြ႕ခဲ့ရတဲ့မာရ္ၿမိဳ႔မွာလိုပင္ၿမိဳ႔တိုင္းနတ္ဆိုးသားရဲအုပ္စုမ်ားရဲ႔တိုက္ခိုက္မႈကိုခံေနၾကရသည္။

တစ္ခ်ိဳ႔ကေခါင္းမာစြာခုခံတြန္းလွံဆဲျဖစ္ၿပီးတစ္ခ်ိဳ႔ကေတာ့အေစာႀကီးကတည္းကပ်က္ဆီးသြားခဲ့ၿပီျဖစ္သည္။

တိုက္ႀကီးတစ္ခုလံုးရဲ႔အထက္ေကာင္းကင္မွာေတာ့အနက္ေရာင္ျမဴအလႊာပါးတစ္ခုကိုျမင္ေနရၿပီးေနရာတစ္ေနရာသို႔ျဖည္းၫွင္းစြာေရြ႕လ်ားေနၾကသည္။

*****

လီလိ်ဳကအဲလ္ဗစ္ေရွ႕မွာထိုင္ေနၿပီးသူ႔ကိုယ္ကအနည္းငယ္ေနာက္သို႔မွီေနကာလက္ကေတာ့အီလိုင္ရဲ႔ေခါင္းထက္ကဦးခ်ိဳကိုကိုင္ထားသည္။ၿပီးခဲ့သည့္ၿမိဳ႕မွထြက္ခြာသြားၿပီးေနာက္သူတို႔သည္ယခုလမ္းေပၚမွာရွိေနတာတစ္ပတ္ေက်ာ္ေက်ာ္ျဖစ္ေနၿပီျဖစ္သည္။

သူတို႔ရဲ႔လက္ရွိအရွိန္ႏႈန္းနဲ႔ဆိုရင္ပတ္ဝန္းက်င္ရွိအႀကီးမားဆံုးၿမိဳ႔ျဖစ္ေသာအီဒါၿမိဳ႔သို႔ညေနေလာက္ေရာက္လိမ့္မည္။

ေသခ်ာေပါက္ပင္ေနကအေနာက္အရပ္သို႔ေမးတင္တဲ့အခ်ိ္န္ျမင့္မားေသာၿမိဳ႔႐ိုးရဲ႔အရိပ္ကလီလ်ိဳရဲ႔ျမင္ကြင္းထဲဝင္လာခဲ့သည္။သို႔ေသာ္ဒီၿမိဳ႔ကေတာ့အရင္ျဖတ္သန္းခဲ့တဲ့ေနရာမ်ားလိုနတ္ဆိုးသားရဲမ်ားဝန္းရံထားျခင္းမခံရေပ။သူတို႔ရဲ႔ခရီးစဥ္မွာပထမဆံုးအျဖစ္ဒီလိုရွင္းလင္းၿပီးသန္႔ရွင္းသပ္ရပ္ေနေသာပတ္ဝန္းက်င္ရွိသည့္ၿမိဳ႔ကိုျမင္ရတာပထမဆံုးျဖစ္သည္။

တင္းတင္းက်ပ္က်ပ္ပိတ္ထားသည့္ၿမိဳ႕တံခါးမ်ားအျပင္ဘက္ရွိေျမျပင္ေပၚတြင္သာပိုမိုနက္ရႈိင္းေသာေျမဆီလႊာအေရာင္ရွိေသာေရအိုင္မ်ားကိုေတြ႕ျမင္ႏိုင္သည္။

သားရဲေပၚကလူႏွစ္ေယာက္အီဒါၿမိဳ႔သို႔ခ်ဥ္းကပ္လာေသာအခါေမွာ္မီးေတာက္ေလာင္ေနသည့္ျမားတစ္စင္းကခ်က္ခ်င္းပင္မူလဘာမွမရွိသည့္ၿမိဳ႔႐ိုးမွထြက္ေပၚလာသည္။ထိုႁမွားကအဲလ္ဗစ္နဲ႔လီလ်ိဳရွိရာသို႔တည့္တည့္ပင္ဦးတည္ေနသည္။ၿမိဳ႔႐ိုးထိပ္မွာေတာ့အမ်ိဳးသားတစ္ေယာက္ေပၚလာၿပီးအေျခအေနအားစစ္ေဆးေနပံုရသည္။

ၿမိဳ႔႐ိုးေပၚကအမ်ိဳးသားကျခေသၤသ႑ာန္သားရဲကိုစီးလာသည့္လူႏွစ္ေယာက္ကိုျမင္သည္ႏွင့္ခ်က္ခ်င္းသူ႔လက္ကိုေဝွ႕ယမ္းလိုက္သည္။ထိုမီးေတာက္ျမားခ်က္ခ်င္းပင္ေပ်ာက္ကြယ္သြားေတာ့ေလသည္။

လီလ်ိဳနဲ႔အဲလ္ဗစ္တို႔ၿမိဳ႔တံခါးေရွ႕သို႔ေရာက္သည့္အခ်ိန္မွာထိုလူကက်ယ္ေလာင္စြာေအာ္လိုက္သည္

"မင္းတို႔ႏွစ္ေယာက္...ငါတို႔အီဒါၿမိဳ႔ကဒုကၡသည္ေတြလက္မခံဘူး!ငါမင္းကိုတံခါးဖြင့္ၿပီးဝင္ခြင့္ေပးလို႔ရတယ္ဒါေပမဲ့မင္းတို႔ငါ့ရဲ႔လက္ခံမႈကိုရဖို႔ေတာ့အရည္အခ်င္းရွိမွျဖစ္မယ္"

ဒီႏွစ္ေယာက္ကႀကီးမားတဲ့သားရဲႀကီးကိုစီးနင္းလာသည္ကိုသာသူမေတြ႕ဘူးဆိုရင္အေစာႀကီးကတည္းကေမာင္းထုတ္လိုက္ၿပီးေနၿပီျဖစ္သည္။

အဲလ္ဗစ္ကစကားမေျပာေပ။တိတ္တဆိတ္ပင္သူ႔မင္ရွီဝိဉာဏ္လက္နက္အားထုတ္လိုက္ၿပီးေမွာ္စာလံုးတစ္ခ်ဳိ႔စတင္ေရရြတ္လိုက္ေသာအခါေကာင္းကင္တြင္ထင္ရွားေသာနဂါးႀကီးတစ္ေကာင္ေပၚလာသည္။နဂါးႀကီးရဲ႔ကိုယ္ေပၚကအေၾကးခြံတိုင္းကပင္ရွင္းရွင္းလင္းလင္းျမင္ႏိုင္ၿပီးျပဳလုပ္သူရဲ႔နက္႐ွိဳင္းလွသည့္ကၽြမ္းက်င္မႈကိုသက္ေသျပေနသည္။

ထိုလူရဲ႔မ်က္လံုးမ်ားကခ်က္ခ်င္းေတာက္ပသြားေတာ့၏။သူကအေနာက္သို႔လွည့္လိုက္ၿပီးအေလာတႀကီးထပ္ခါထပ္ခါေျပာလိုက္သည္။

"ျမန္ျမန္...ျမန္ျမန္ေလးသူတို႔ကိုတံခါးဖြင့္ေပးလိုက္"

သူ႔အမိန္႔ကိုၾကားသည္ႏွင့္အဲလ္ဗစ္ႏွင့္လီလ်ိဳတို႔ေရွ႕ကႀကီးမားေသာဂိတ္တံခါးႀကီးမွာခ်က္ခ်င္းပင္ပြင့္သြားၿပီးႏွစ္ေယာက္သားအီဒါၿမိဳ႔ထဲသို႔အီလိုင္အားစီးၿပီးဝင္လာၾကသည္။

အီဒါၿမိဳ႔သည္ပတ္ ၀ န္းက်င္ၿမိဳ႕ႀကီးမ်ား၏ကုန္သြယ္ေရးဗဟိုခ်က္ျဖစ္ေသာ္လည္းယခင္ကသာယာဝေျပာေသာၿမိဳ႕သည္ယခုလူသူကင္းမဲ့ေနပုံရသည္။လမ္းမေပၚတြင္လမ္းေလွ်ာက္ေနသူအနည္းငယ္ႏွင့္ဆိုင္ခန္းဖြင့္ထားသည့္သူမ်ားသည္လည္းသူတို႔မ်က္ႏွာေပၚမွာထိတ္လန္႔တုန္လွဳပ္မႈမ်ားျမင္ေနရသည္။

လီလ်ိဳနဲ႔အဲလ္ဗစ္တို႔ၿမိဳ႔ထဲဝင္လာၿပီးသိပ္မၾကာခင္ပဲထိုလူကသူတို႔ကိုႏႈတ္ဆက္ရန္ႏွစ္ေယာက္သားဆီလမ္းေလွ်ာက္လာသည္။ထိုလူကအီလိုင္ရဲ႔ေရွ႕မွာရပ္လိုက္၍လီလ်ိဳနဲ႔အဲလ္ဗစ္အားျပံဳးကာၾကည့္လိုက္ၿပီးေျပာလိုက္၏။

"ႏွစ္ေယာက္လံုးၿမိဳ႔ထဲဝင္လာၿပီဆိုေတာ့က်ဳပ္တို႔ရဲ႔အစီအစဥ္ေတြကိုနားေထာင္မယ္လို႔ေမွ်ာ္လင့္ပါတယ္..ေက်းဇူးျပဳၿပီးက်ဳပ္ေနာက္လိုက္ခဲ့ပါ"

ေျပာလို႔ၿပီးသြားသည္ႏွင့္ထိုလူကညာဘက္သို႔လွည့္ထြက္သြားသည္။

အေျဖစကားမရွိပဲအဲလ္ဗစ္ကအီလိုင္အားေနာက္သို႔လိုက္သြားရန္ၫႊန္ၾကားလိုက္သည္။

ထိုလူသည္ခရီးသြားႏွစ္ ဦး အားစပ်စ္ႏြယ္ပင္မ်ားျဖင့္ဖုံးအုပ္ထားေသာၿခံဝင္းတံခါးႏွင့္ႀကီးမားေသာအိမ္တစ္လံုးေရွ႕သို႔ေခၚေဆာင္သြားသည္။ သူကတံခါးကိုဖြင့္ေတာ့မယ့္အခ်ိန္မွာပဲအတြင္းထဲမွဖြင့္ကာထြက္လာ၏။

အညိဳေရာင္ဆံႏြယ္ရွည္ေကာက္ေကာက္မ်ားႏွင့္လွပေသာပံုသ႑ာန္ရွိသည့္မိန္းကေလးတစ္ေယာက္ကသံုးေယာက္သားရဲ႔ေရွ႕မွာေပၚလာသည္။သူမကအီလိုင္ကိုစီးနင္းလာသည့္အဲလ္ဗစ္ကိုျမင္ေသာအခါသူမရဲ႔နက္ေမွာင္ေသာအစိမ္းေရာင္မ်က္ဝန္းမ်ားကၾကည္လင္ေနေသာေပ်ာ္ရႊင္မႈႏွင့္အတူတစ္လက္လက္ေတာက္ပလာသည္။

"အဲလ္ဗစ္နင္လား?!"

လီလ်ိဳကအခုေလးတင္ေပၚလာသည့္ထိုအညိဳေရာင္ဆံႏြယ္မ်ားႏွင့္မိန္းကေလးကိုၾကည့္ေနရင္းသူမကရင္းနွီးေနတယ္လို႔ေတြးေနတဲ့အခ်ိန္မွာပဲအဲလ္ဗစ္ကိုေခၚလိုက္သည္အားၾကားေသာအခါမွာေတာ့လီလ်ိဳကခ်က္ခ်င္းပင္ထိုမိန္းကေလးရဲ႔အေၾကာင္းကိုသတိျပဳလိုက္မိသည္။သူမကသူမူလေရးခဲ့တဲ့ဝတၳဳထဲကအမ်ိဳးသမီးဇာတ္လိုက္ထဲကတစ္ေယာက္ျဖစ္သည့္ခရစ္ျဖစ္သည္။

ခရစ္ရဲ႔အသံကိုၾကားလိုက္ေသာလည္းအဲလ္ဗစ္ကသူမကိုအာရံုစိုက္ျခင္းမရွိေပ။သူကသူမအားတစ္ခ်က္သာလွည့္ၾကည့္လိုက္ၿပီးလ်စ္လ်ဳဳရွဳထားသည့္ဟန္ျဖင့္ေခါင္းျပန္လွည့္သြားသည္မွာသူမအားတစ္ခါမွမေတြ႕ဘူးသလိုပင္။

အဲလ္ဗစ္ကအီလိုင္ရဲ႔ေက်ာေပၚမွခုန္ဆင္းလိုက္ၿပီးသူ႔လက္ႏွစ္ဖက္ကိုဆန္႔ထုတ္လိုက္သည္။သူကလီလ်ိဳကိုညင္သာႏူးညံ့စြာၾကည့္ေနၿပီးသူ႔လက္ေမာင္းၾကားထဲတိုက္႐ိုက္ခုန္ခ်နိင္ရန္ၫႊန္ျပေနသည္။

သူ႔ေရွ႕ကလွပတဲ့မိန္းကေလးအားရွက္ရြ႕ံစြာၾကည့္လိုက္ၿပီးလီလ်ိဳကေျခာက္ကပ္ကပ္ေခ်ာင္းတစ္ခ်က္ဟန္႔ကာစကားတစ္ခြန္းမဆိုပဲအီလိုင္ေက်ာေပၚကခုန္ဆင္းလိုက္သည္။

သူမေရွ႕ကျမင္ကြင္းကိုၾကည့္ရင္းခရစ္မွာသူမရဲ႔ႏွလံုးသားအားတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ျဖစ္ၫွစ္လိုက္သလိုအသက္ရွဳမရျဖစ္သြားရသည္။

လြန္ခဲ့တဲ့အတိတ္ငါးႏွစ္လံုးသူမအၿမဲတမ္းအဲလ္ဗစ္ကိုပဲေတြးေနခဲ့မိတာျဖစ္ၿပီးတစ္ခါမွသူ႔ကိုမေမ့ဘူးေပ။ႏိုင္ငံရဲ႔မင္းသမီးတစ္ေယာက္အေနနဲ႔သူမဘယ္တုန္းကမွတစ္စံုတစ္ေယာက္ကိုဒီလိုဂ႐ုစိုက္မိျခင္းမ်ိဳးမရွိခဲ့ပဲသူမဘယ္တုန္းကမွမစဥ္းစားခဲ့မိတာကအဲလ္ဗစ္ျပန္ေပၚလာတဲ့အခ်ိန္မွာတစ္ျခားတစ္ေယာက္နဲ႔အတူျဖစ္ေနမွာကိုပဲျဖစ္သည္။

ဒီျမင္ကြင္းကသူမေရွ႕ေပၚလာမွသာအဲ့ဒါကိုသူမလက္ခံႏိုင္ရန္မည္မွ်ခက္ခဲေၾကာင္းသိသြားရသည္။

ခရစ္ကတူညီတဲ့ေနရာမွာသာဆက္ရပ္ေနၿပီးေငြေရာင္ဆံပင္ႏွင့္လူငယ္ေလးရဲ႔ဆံႏြယ္ကိုႏူးညံ့စြာသပ္ေပးေနသည့္အဲလ္ဗစ္အားဗလာျဖစ္စြာၾကည့္ေနမိသည္။ဒါဟာခရစ္မွတ္ဉာဏ္ထဲမွအၿမဲတမ္းလ်စ္လ်ဴရွဳထားတတ္သည့္အမူအယာသာရွိသည့္အဲလ္ဗစ္ႏွင့္လံုးဝျခားနားေနသည္။သူကလံုးဝတစ္ျခားသူတစ္ေယာက္ျဖစ္သြားသလိုပင္။

သူမ,ဘာမွမတတ္ႏိုင္ပဲေနာက္သို႔ေျခလွမ္းျပန္ဆုတ္မိသည္။အဲလ္ဗစ္ႏွင့္လီလ်ိဳတို႔ကိုေခၚလာသည့္လူကေတာ့သူမကိုသိခ်င္စိတ္ႏွင့္ေမးခြန္းထုတ္ေသာအၾကည့္မ်ားျဖင့္ၾကည့္ေန၏။ခရစ္ကကိုယ့္ကိုကိုယ္ခက္ခက္ခဲခဲျပန္တည္ၿငိမ္ေအာင္ထိန္းလိုက္ကာအတင္းဖိအားေပးျပံဳးလိုက္ၿပီးအဲလ္ဗစ္အားေမးလိုက္သည္။

"နင္ငါ့ကိုေမ့သြားၿပီလား?ငါတို႔လြန္ခဲ့တဲ့ငါးႏွစ္တုန္းကအတန္းေဖာ္ေတြေလ"

လြန္ခဲ့တဲ့ငါးႏွစ္လံုးသူမအဲလ္ဗစ္ကိုေနာက္တစ္ႀကိမ္ျပန္ေတြ႕တဲ့အခါေက်နပ္အားရမႈအရွိဆံုးအျပံဳးကိုဘယ္လိုျပံဳးျပရမလဲလို႔ခရစ္အၿမဲတမ္းေတြးခဲ့မိသည္။သို႔ေသာ္ဒီခဏမွာေတာ့ထိုဆႏၵအားလံုးသဲလြန္စတစ္စံုတစ္ရာမက်န္ပဲလြင့္ပ်ယ္သြားရေလၿပီ။

သူမအဲလ္ဗစ္ကိုထိုကဲ့သို႔ေသာအျပံဳးမ်ိဳးျပႏိုင္မယ္ဆိုရင္ေတာင္သူကသူႏွစ္သက္တဲ့တစ္စံုတစ္ေယာက္ကိုေတြ႕ဆံုၿပီးသြားၿပီျဖစ္ၿပီးထိုလူကိုဘယ္ေလာက္ေတာင္ခ်စ္ခင္ႏွစ္သက္လဲဆိုတာကိုလည္းျမင္ၿပီးၿပီျဖစ္သည္။သူမနားမလည္တာဘာမ်ားရွိမွာလဲ?

"အိုး,မဂၤလာပါ" အဲလ္ဗစ္ကသူမကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီးသူမကိုျဖတ္ေက်ာ္ကာလီလ်ိဳလက္ကိုကိုင္၍ျခံဝင္းထဲဝင္သြားသည္။

ခရစ္ကျခံဝင္းတံခါးဝမွာမတ္တပ္ရပ္မိေနဆဲပင္။သူမကထြက္ခြာသြားသည့္အဲလ္ဗစ္ႏွင့္လီလ်ိဳတို႔ရဲ႔ေနာက္ေက်ာအားလွည့္ၾကည့္လိုက္မိသည္။သူမကသူမရဲ႔လက္ကိုေႁမွာက္လိုက္ၿပီးသူမႏွဖူးကေလအေဝွ႕ေၾကာင့္ဝဲက်ေနသည့္ဆံႏြယ္မ်ားအားသပ္တင္လိုက္သည္။သူမအခုအခ်ိန္မွာလက္မခံခ်င္ေပမယ့္ထိုေငြေရာင္ဆံႏြယ္မ်ားႏွင့္လူငယ္ေလးအေပၚအဲလ္ဗစ္ဆက္ဆံပံုႏွင့္ထိုလူငယ္ေလးရဲ႔ႏူးညံ့သည့္အသြင္အျပင္ကိုၾကည့္ၿပီးသူမအဲလ္ဗစ္နဲ႔အတူတူရွိႏိုင္မယ့္အခြင့္အေရးကလံုးဝမျဖစ္ႏိုင္ေတာ့ဘူးဆိုတာနားလည္သြားရသည္။သူကသူမကိုအၿမဲတမ္းခံစားခ်က္အနည္းငယ္ေတာင္မရွိတဲ့သက္ဆိုင္မွဳမရွိေသာသူစိမ္းတစ္ေယာက္လိုသာဆက္ဆံတာေလ။

အဲ့ဒါေၾကာင့္သူမလႊတ္ေပးရမယ္..သူမရဲ႔ငါးႏွစ္တာစိတ္ကူးယဥ္မွဳမ်ားနဲ႔မျဖစ္ႏိ္ုင္တဲ့အိမ္မက္ေတြကိုအဆံုးသတ္ရေတာ့မယ္

*****

လီလ်ိဳကေနေရာင္အျပည့္ျဖည့္ထားသည့္ျခံဝင္းအျပင္ဘက္မွာထိုင္ေနၿပီးျခံထဲမွလတ္လတ္ဆတ္ဆတ္ခူးထားေသာစပ်စ္သီးမ်ားကိုစားေနရင္းျဖင့္ေကာင္းကင္မွအနက္ေရာင္တိမ္တိုက္မ်ားအားၾကည့္ေနသည္။

လြန္ခဲ့တဲ့တစ္ပတ္ေလာက္တုန္းကအနက္ေရာင္တိမ္တိုက္မ်ားကပိုထင္ရွားလာၿပီးတစ္ေန႔တာကုန္ဆံုးသည္ႏွင့္ထိုတိမ္တိုက္မ်ားကပိုၿပီးႀကီးထြားလာသည္။ထိုအထဲမွာမိုးရိပ္မိုးေယာင္လံုးဝမရွိပဲတိမ္တိုက္ကသာဆက္လက္ႀကီးထြားေနတာျဖစ္သည္။

လီလ်ိဳကေကာင္းကင္ေပၚကပုံမွန္မဟုတ္သည့္အေျခအေနကိုစိုက္ၾကည့္ေနမိသည္။ထိုမုန္တိုင္းခ်ဥ္းကပ္လာသည့္ခံစားခ်က္ကိုသူရင္းႏွီးေနသည္။သို႔ေသာ္ဒီအခ်ိန္ကာလမွာဘာျဖစ္လဲဆိုတာသူမမွတ္မိဘူးျဖစ္ေနတာေၾကာင့္သူ႔မ်က္လံုးမ်ားကိုမွိတ္ၿပီးအေတြးမ်ားထဲဝင္သြားရင္းဇာတ္ေၾကာင္းရဲ႔အႏွစ္ခ်ဳပ္ကိုၾကည့္ေနမိ၏။

ခဏမွ်အေတြးထဲေပ်ာက္ဆံုးေနၿပီးေနာက္ေရးထားတဲ့အထဲမွာရွိသည့္ဆင္တူေသာဇာတ္ေၾကာင္းကိုအမွတ္ရသြားသည္။ဇာတ္လိုက္ကတစ္ျခားကမာၻကသတၱဝါႀကီးမ်ားရဲ႔ေခါင္းေဆာင္ျဖစ္သည့္နတ္ဆိုးသားရဲဧကရာဇ္နဲ႔ရင္ဆိုင္တိုက္ခိုက္ခန္း-

ထိုအေၾကာင္းကိုျပန္စဥ္းစားမိေသာအခါလီလ်ိဳကခ်က္ခ်င္းထိတ္လန္႔တၾကားထရပ္မိသည္။အကယ္၍သူမမွားဘူးဆိုရင္အဲ့ဒီအနက္ေရာင္တိမ္တိုက္ေတြကသူတို႔ရဲ႔အနက္႐ွိဳင္းဆံုးအေရာင္ျဖစ္တဲ့အထိအေျခခ်ၿပီးရင္တိုက္ႀကီးရဲ႔အလယ္ဗဟိုတည့္တည့္ေကာင္းကင္မွာတံခါးေပါက္ႀကီးတစ္ခုျဖစ္ေပၚလာၿပီးနတ္ဆိုးသားရဲဧကရာဇ္ကဒီတိုက္ႀကီးကိုဆင္းသက္လာလိမ့္မယ္...

အကယ္၍အဲလ္ဗစ္သာနတ္ဆိုးသားရဲဧကရာဇ္ရဲ႔ေရာက္ရွိလာမႈကိုတားဆီးႏိုင္ရန္ဒီကမာၻေပၚမွာက်န္ရွိတဲ့နတ္ဆိုးသားရဲေတြကေျဖရွင္းဖို႔လြယ္ကူသြားၿပီ...ၿပီးေတာ့သူလည္းသူ႔အစြမ္းကိုႁမွင့္ဖို႔ႀကိဳးႀကိဳးစားစားလုပ္ေနစရာမလိုေတာ့ဘူး....

*****

ပင္မလမ္းမႀကီးေပၚတြင္လူအုပ္စုတစ္စုကတစ္ေနရာရာမွခ်ဥ္းကပ္လာသည္။သူတို႔ကိုဦးေဆာင္လာသည့္သူကႀကီးမားသည့္ျခေသၤသ႑ာန္သားရဲႀကီးအားစီးနင္းလာေသာလူႏွစ္ေယာက္ျဖစ္ၿပီးတစ္ျခားသူမ်ားကသူတို႔ေနာက္မွျမင္းနဲ႔လိုက္လာၾကသည္။ျခေသၤသားရဲႀကီးေနာက္ကၿမဲျမန္စြာလိုက္ပါလာတာကေတာ့ရထားလံုးတစ္ခုျဖစ္သည္။

ေကာင္းကင္မွာသိပ္သည္းလာသည့္အနက္ေရာင္တိမ္တိုက္သည္လည္းထူထဲေနၿပီျဖစ္ၿပီးမွင္နက္ေရာင္စည္ပိုင္းႀကီးတစ္ခုလိုျဖစ္ေနၿပီ

အနက္ေရာင္တိမ္တိုက္မ်ားရဲ႔အလည္ေခါင္မွာေတာ့လွိုင္းမ်ားစတင္ေနၿပီျဖစ္ၿပီးေခ်ာေမြ႕ေသာမ်က္ႏွာျပင္ကိုစတင္ခ်ိဳးျဖတ္ေနသည္။ထိုခဏေလာက္မွာပဲေသးငယ္သည့္ေရဝဲလိုအရာတစ္ခုကစတင္အေကာင္အထည္ေပၚလာ၏။

လီလ်ိဳကေကာင္းကင္ကိုေမာ့ၾကည့္လိုက္ၿပီးနတ္ဆိုးသားရဲဧကရာဇ္ဘယ္အခ်ိန္ေလာက္ဆင္းလာမလဲဆိုတာကိုတြက္ဆေနသည္။

ယခင္ကဘာျဖစ္မလဲဆိုတာျပန္သတိရၿပီးေနာက္သူကအဲလ္ဗစ္ဆီအလ်င္အျမန္ေျပးသြားၿပီးအဲလ္ဗစ္အားျဖစ္ႏိုင္သမွ်နည္းလမ္းအားလံုးနဲ႔သတင္းေပးဖို႔ႀကိဳးစားခဲ့သည္။

အဲလ္ဗစ္ကနာရီအနည္းငယ္ၾကာစဥ္းစားၿပီးေနာက္ေမးဂတ္စ္အဖြဲ႔အစည္းအားအကူအညီေတာင္းရန္ဆံုးျဖတ္လိုက္ေတာ့သည္။အစကေတာ့ဘယ္သူမွသူ႔ကိုမယံုၾကည္ၾကေပ။သိုပေသာ္ၾကယ္ကိုးပြင့္နည္းျပအဆင့္ေမးဂတ္စ္တစ္ေယာက္ဆိုတဲ့အဲလ္ဗစ္ရဲ႔စြမ္းရည္ႏွင့္ႏိုင္ငံရဲ႔မင္းသမီးျဖစ္ောခရစ္ရဲ႔ေထာက္ပံမႈကိုထပ္ေပါင္းလိုက္သည့္အခါေနာက္ဆံုးေမးဂတ္စ္အဖြဲ႔အစည္းကိုေဖ်ာင္းဖ်ႏိုင္သြားခဲ့သည္။

အဲလ္ဗစ္နဲ႔လီလ်ိဳတို႔ေနာ္ကကေနလူအုပ္စုတစ္စုလိုက္လာေသာ္လည္းစိန္႔အဆင့္မွေမးဂတ္စ္တစ္ဦးသာရွိသည္။သူ႔ရဲ႔အိုမင္းေနေသာအသက္အရြယ္ေၾကာင့္သူကထိုေနရာထိေရာက္လာရန္ရထားလံုးထဲကသာလိုက္လာခဲ့ျခင္းပင္။ထပ္ေပါင္းအေနနဲ႔တစ္ျခားၾကယ္ကိုးပြင့္နည္းျပအဆင့္ေမးဂတ္မ်ားကစိန္႔ေနာက္ကလိုက္လာၾကသည္။

ဒါ့အျပင္စိန္႔ဘံုအဆင့္ကိုေရာက္ေနတဲ့သူရဲေကာင္းစစ္သည္ဒါဇင္ေလာက္ႏွင့္သိုင္းဘုရင္သံုးဆယ္ေလးဆယ္ေလာက္သည္လည္းသူတို႔နဲ႔အတူလိုက္လာသည္။

"အဲလ္ဗစ္"

နက္ေမွာင္ၿပီးရွည္လ်ားသည့္အစိမ္းေရာင္ဆံႏြယ္မ်ားရွိေသာေခ်ာေမာသည့္လူငယ္ေလးတစ္ေယာက္ကသူရဲ႔ႀကီးမားေသာျမင္းကိုေရွ႕တိုးလာၿပီးအဲလ္ဗစ္ေဘးကိုေရာက္လာကာသူ႔မ်က္ဝန္းစိမ္းမ်ားကေတာ့ပတ္ဝန္းက်င္ကိုေလွ်ာက္ပတ္ၾကည့္ေနသည္။

"ငါတို႔ပတ္ဝန္းက်င္မွာနတ္ဆိုးသားရဲေတာ္ေတာ္မ်ားမ်ားရွိေနတယ္ဒီမွာအရင္နားၿပီးသူတို႔ကိုေျဖရွင္းၿပီးမွငါတို႔ခရီးကိုဆက္ၾကတာေပါ့"

ထိုလူကၾကယ္ခုႏွစ္ပြင့္နည္းျပအဆင့္ေမးဂတ္စ္တစ္ေယာက္ျဖစ္သည့္ဆိုက္ဇယ္ျဖစ္ၿပီးသူ႔ဆရာေနာက္ကလိုက္၍အဲလ္ဗစ္တို႔အုပ္စုကိုဝင္ပူးေပါင္းျခင္းပင္။

..................................................

Continue Reading

You'll Also Like

1.8K 149 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
242K 28.1K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
79.8K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...