Unicode
Out of the Hospital & Out of the Closet
"အတူနေကြရမယ်"ဟု Su Yi Mo ပြောလာချိန်တွင် သူ၏ပုံစံမှာ တကယ်ကိုတည်ကြည်လေးနက်နေပုံရသည်။
တစ်လကြာပြီးနောက်___
Ran Feng Ge၏ ဒဏ်ရာများ လုံးဝကုသပြီးသွားခဲ့ပြီ။ သူ့အခြေအနေက တည်ငြိမ်သွားပြီဖြစ်၍ နောက်ဆုံးတွင် ဆေးရုံမှဆင်းရန် ထောက်ခံချက်ရပေပြီ။ သူလုပ်ရန်လိုအပ်သည့်တစ်ခုတည်းသောအရာမှာ အိမ်တွင်နေကာ ပြန်လည်အားဖြည့်ရန်ဖြစ်သည်။
တစ်ချိန်လုံး သူ့ကိုယ်သူချုပ်တည်းထားရသည့် Ran Feng Geသည် ပြတင်းပေါက်အရှေ့တွင်ရပ်ကာ အပျင်းဆန့်မိ၏။ သူ၏ မျက်နှာထက်မှာ စိတ်သက်သာရရသည့်အပြုံးတစ်ခုရောက်ရှိနေသည်။
'အရမ်းကောင်းတာပဲ...ထပ်ပြီး
မံမီတစ်ကောင်လို ဟန်ဆောင်စရာမလိုတော့ဘူး'
ခေါင်းလှည့်လိုက်လျှင် အိပ်ယာပေါ်တွင် ချထားသည့် အဝတ်အစားအပုံလိုက်ကြီးကို တွေ့ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများသည် ပြုံးယောင်ရွှင်ယောင် ကော့တက်သွားသည်။
အဝတ်အစားများမှာ Su Yi Mo ယမန်နေ့က ယူလာခြင်းဖြစ်သည်။ Jing Qiu Han ၏လူစားထိုးအဖြစ် ဆောင်ရွက်နေသမျှကာလပတ်လုံး...Ran Feng Ge ၏နေ့စဥ် လိုအပ်ချက်မှန်သမျှကို Su Yi Moမှ ထောက်ပံ့ပေးမှာဖြစ်၏။
သူ လက်လှမ်းကာ အထည်များကို လှန်လှော၍ တစ်ခုချင်းစီ၏ ပုံပန်းနှင့်အသား
ကို ကြည့်ရှူသည်။ ယင်းတို့ကို ကြည့်ရှု နေစဥ်အတွင်း ခေါင်းကိုလည်း ငြိမ့်မိရ၏။
'သူက မျက်စိအမြင်တော့ရှိသားပဲ'
တစ်လနီးပါးမျှ ဝတ်ဆင်ခဲ့သော ဆေးရုံဝတ်ကိုချွတ်ကာ Ran Feng Ge အဝတ်သစ်လဲဖို့လုပ်သည်။ သူ ရှပ်အင်္ကျီကြယ်သီးကို တပ်မည့်ဆဲဆဲတွင် တံခါးကရုတ်တရက်ပွင့်လာ၏။
Su Yi Mo တံခါးဖွင့်လိုက်သည့် အခိုက်မှာပင် ကိုယ်တစ်ပိုင်းဗလာကျင်းနေသည့် Ran Feng Geနှင့် တည့်တည့်တိုးသည်။ တစ်ဖက်သူ၏ အင်္ကျီက ကြယ်သီးမတပ်ရသေး...ရင်ဘတ်အောက်တွင် အမာရွတ်နှစ်ခုက အထင်သား...။ အနေအထားမှာ Jing Qiu Han ၏ အပစ်ခံရသည့်နေရာနှင့်ကွက်တိ..ဆံတစ်ချည်စာမျှပင်မလွဲ။ Ran Feng Ge ၏ အမာရွတ်မှာ သေနတ်မှန်ရာအတိုင်းတကယ့်ချွတ်စွပ်တူ၏။
ထိုအချိန်တွင် Su Yi Mo၏ မျက်ဝန်း၌ ကျေနပ်သည့်အကြည့်တို့ ပေါ်ထွက်လာသည်။ ဤ Ran Feng Ge က အဟုတ်ကို စေ့စပ်သေချာသည့်သူ။ သူ၏ ဒဏ်ရာများ ကုသပျောက်ကင်းပြီးပြီဆိုလျှင်ပင် ဖော်ထုတ်ခံရခြင်းမှ ကာကွယ်ရန် သူ့ကိုယ်ပေါ်တွင် အမာရွတ်များ ချန်ထားရစ်ဖို့ မမေ့လျော့။
ယခုတစ်လအတွင်း..သူ၏ စားသောက်မှုကို လည်းလူနာတစ်ယောက်အတိုင်း အပြည့်အဝချိန်ထိုးကာ သက်သာလာသလောက် လိုက်၍လိုက်၍ပြောင်းလဲ၏။ သူတို့ဆက်ဆံရေး၏ ရင်းနှီးမှုနှင့် ဒွိဟဖြစ်ဖွယ်များကို ပြရန်လိုလာသည့်အချိန်တိုင်းတွင်လည်း ထိုသူက ပြီးပြည့်စုံစွာသရုပ်ဆောင်နိုင်သည်။ တစ်ခုတည်းသောပြဿနာမှာ သူတို့ ပွေ့ဖင်ကြသည့်အချိန်တိုင်း Ran Feng Ge၏ ခန္ဓာကိုယ်မှာ အလိုအလျောက်
တောင့်တင်းသွားလိမ့်မည်ဖြစ်ပြီး Su Yi Moက မရမကခိုင်းစေတော့မှသာ ပြေလျော့သွားမှာဖြစ်သည်။ ကြည့်ရသည်မှာ အခြားအမျိုးသားတစ်ယောက်နှင့် ပွေ့ဖက်၊နမ်းရှုပ်ရတာမျိုး အကျင့်ရှိပုံမရ။
သို့သော်ငြား သူအကျင့်မရှိကြောင်းကို Ran Feng Ge ဘယ်သောအခါမျှ မပြော...သူ မလုပ်နိုင်ပါဘူးဟုလည်း တစ်ခွန်းမဆို။ Ran Feng Ge၏ လက်ဝယ်၌ ရွှေအဆင့်လူစားထိုးဟူသော
ဘွဲ့မည်သည် အမှန်ကို စင်းလုံးချောအဖြစ်သို့ရောက်၏။
Su Yi Mo သူ၏ရှေ့တွင် ရပ်နေသည့် အမျိုးသားကို ကြည့်လိုက်သည်။ Ran Feng Ge၏ အားနည်း၍ပါးလျှသည့် ကိုယ်လုံးလေးကို မြင်နေရ၏။ တစ်ဖက်သူ၏ ဖြူလျော်လျော်အသားအရေမှသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာသည်အထိ သူ ကြည့်ချိန်ရခဲ့သည်။ ချောင်ကျနေသည့်မျက်တွင်းများ ပြန်ပြန်ပြည့်လာသည်ကိုလည်း သတိပြုမိ၏။ ပြောင်းလဲမှု အသေးစိတ်တိုင်းကို မလွတ်ခဲ့ပါ။
"စောစောရောက်လာတာပဲ "
Ran Feng Ge က ဖွဖွပြုံးသည်။ ထို့နောက် သူက Su Yi Moကို ပွေ့ဖက်ချင်ဟန်ဖြင့် ရှေ့သို့ခြေနှစ်လှမ်းတိုးလာ၏။
Ran Feng Ge ၏ လှုပ်ရှားမှုကို Su Yi Moက ကြိတ်ရယ်မိသည်။ တစ်လကြာအပြီး၌ သူတို့ဆုံကြသည့်အချိန်တိုင်း___၁. အကြည့်ချင်းဖလှယ်၊၂.
ပြုံးပြ၊ ၃. ပွေ့ဖက် ၊ ၄. အနမ်းပေး ဟူသည့် လုပ်ရိုးလုပ်စဥ်နှင့် နောက်ဆုံးတွင် သူ ကျင့်သားရသွားပြီထင်သည်။
Su Yi Mo က သူ့လက်မောင်းများကို ဖွင့်ကာ တစ်ဖက်အမျိုးသားကို ဆွဲ၍ ရင်ခွင်ထဲသို့ထည့်လိုက်ပြီး Ran Feng Ge၏ နဖူးလေးထက်သို့ မြတ်မြတ်နိုးနိုးနမ်းလိုက်၏။
"အကုန်ထုပ်ပိုး
ပြီးပြီလား?"
"အင်း...ဒီအခန်းကို
ငါတစ်ယောက်တည်းသုံးတာဆိုတော့ အများကြီးထုပ်ပိုးစရာမလိုပါဘူး"
Ran Feng Ge က လူချင်းခွာကာ ခေါင်းကိုစောင်း၍ ပြုံးပြသည်။
" ငါ့ကို ခေါ်သွားဖို့ ကျေနပ်နေတာလား ပြော.."
"ဟုတ်ပ ဟုတ်ပ"
Su Yi Moက လက်လှမ်း၍ တစ်ဖက်သူ၏ အင်္ကျီကို ကြယ်သီးတပ်ပေးသည်။ ကြယ်သီးတစ်လုံးတပ်တိုင်း သူ၏ လက်ချောင်းထိပ်ကလေး များက ထိုအမျိုးသား၏ ရင်ဘတ်ကို ပွတ်သပ်လို့သွား၏။ အတော်ကလေး မနေတတ်အောင်ခံစားရပြီး Ran Feng Ge က ခေါင်းကို အဝေးသို့လွှဲသည်။ အခြားတစ်ဖက်တွင်မူ Su Yi Mo က တည်တည်ငြိမ်ငြိမ်နှင့် ဆက်ပြောလာပါ၏။
"မင်းကို ခေါ်သွားရမှာ တကယ် ကျေနပ်နေတာ"
သူက သူ၏ စကားလုံးများကို အလေးပေးရန် Ran Feng Ge၏ ရင်ဘတ်ကို လက်ဖျားလေးတစ်ချောင်းနှင့် ဖိရင်း ပြောလိုက်သည်။
ထိုသည်ကိုကြားလျှင်...Ran Feng Ge၏ မျက်နှာက တဖြည်းဖြည်းနီတွတ်လာ၏။ သို့သော် ထိုအရာမျိုးက သူထိန်းချုပ်နိုင်သည်မဟုတ်...။ သူ့မှာ တမင်တကာမလုပ်ရပါဘဲ ရှက်သွေးဖြန်းသွားသည်။ထို့နောက် အခြေအနေကို အခွင့်ကောင်းယူ၍ Su Yi Mo ၏လက်ကိုဆွဲကာ မေးမြန်းလိုက်သည်။
"ဒါဆို...အခု သွားကြတော့မလား"
"သွားစို့!"
Su Yi Moက သူတို့၏လက်များကို ချိတ်လိုက်သည်။ ပြီးလျှင် တံခါးရှေ့က ပရိသတ်ကိုနှုတ်ဆက်ရန် ထိုပုံအတိုင်း လျှောက်ထွက်လာကြ၏။
Su Yi Mo သည် သူကိုယ်တိုင် ဂျာနယ်လစ်များဆီ သတင်းယိုစိမ့်ခဲ့စေသည်လားတော့ Ran Feng Ge မသိ။ သို့သော် အဓိကသတင်းမီဒီယာကြီးများကမူ Jing Qiu Han တစ်ယောက် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းတော့မည်ဟူသော သတင်းသံတိုးတိုးသဲ့သဲ့ကို ကြားထားပြီးဖြစ်သည်။ ပထမအဆင့်ဆေးရုံ၏ တံခါးများအပြင်ဘက်တွင်မူ ထိုးဖောက်မရနိုင်သော သတင်းသမား ထုကြီးသည် ထွက်လာတော့မည့် သူတို့၏ သားကောင်ကို စောင့်မျှော်လို့နေကြသည်။
"မာစတာSu.. ခင်ဗျားနဲ့ မာစတာJing တို့ရဲ့ ဆက်ဆံရေးကဘာလဲဆိုတာပြောပြနိုင်မလားခင်ဗျ"
"လက်တွေကို အတူတွဲထားတာ
မြင်ရ ပုံပေါက်ရင် ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ကျိန်းသေရိုးရိုးတန်းတန်း မဟုတ်လောက်ဘူးမလား?"
"မာစတာJing...မာစတာSu က ကိုယ်တိုင်ကိုယ်ကျ လာခေါ်တာဆိုတော့ ပြီးရင် နှစ်ဦးစလုံး Su မိသားစုဗီလာကိုပဲ သွားကြဖို့လားဗျ?"
_______
Su Yi Moက Ran Feng Ge၏လက်ကိုတင်းတင်းဆုပ်ကိုင်ထား၏။ ဘာကိုမျှဖုံးကွယ်မထားဘဲ ပြောင်ပြောင်တင်းတင်းပြသထားသည်။ သူ့မျက်နှာတွင်အေးစက်စက်အမူအယာရှိပြီး အုန်းအုန်းကျွက်ကျွက်ဖြစ်နေသည့် မိုက်ခရိုဖုန်းနှင့် ကင်မရာများရှိရာဆီ တည့်တည့်မျက်နှာမူလိုက်သည်။ ထိုခဏတွင် Ran Feng Ge ထင်လိုက်သည်က ထိုသူသည် မဖော်မရွေနှင့် မည့်သည့်မှတ်ချမှပေးမည်မဟုတ်ဟု။ သို့သော် လက်တွေ့တွင် Su Yi Mo က သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါ၏။
"နောက်ပိုင်း
Qiu Han အိမ်မှာပြန်ပြီး အားဖြည့်အနားယူတဲ့အခါ ခင်ဗျားတို့ သူ့ကိုမနှောင့်ယှက်မှာ သေချာရင်...ကျွန်တော် ဒီအခွင့်အရေးကိုသုံးပြီးတော့ ခင်ဗျားတို့ကို တစ်ခုပြောပြပါ့မယ်"
" ကျွန်တော်နဲ့ Qiu Han ရဲ့ဆက်ဆံရေးက ခင်ဗျားတို့စိတ်ထဲက အတိုင်း အတိအကျပါပဲ...."
"ကျွန်တော်တို့က ချစ်သူတွေပါ"
"ကျွန်တော်တို့ စိတ်တူကိုယ်တူ ဖြစ်ခဲ့ကြတာ ၇နှစ်ရှိပါပြီ။ ကျွန်တော် ပါချည်ပါချဲ့ ဘဝမှာကတည်းက Qiu Han ကပဲ နောက်ကွယ်ကနေ အမြဲ ပံ့ပိုးပေးခဲ့တယ်။ အခုလို သူအနာတရဖြစ်ရတာ ကျွန်တော့်အပြစ်လည်းမကင်းပါဘူး။ Qiu Han ကိုဒုက္ခပေးဝံ့တာ ဘယ်သူတွေလဲဆိုတာကို ကျွန်တော်ကျိန်းသေဖော်ထုတ်မှာပါ...ပြီးရင်တော့ သူတို့ကို အကြွေးပြန်ဆပ်ခိုင်းရမယ်"
"မင်းတို့အနေနဲ့ ငါ့ကို စီးပွားရေး လုပ်ငန်းချင်း လာယှဥ်ချင်ရင်အဆင်ပြေတယ်။ ဒါမှမဟုတ် အိမ်တိုင်ရာရောက် လာပြီး မင်းတို့ဒေါသကို ဖွင့်ချချင်ရင်လည်း အဆင်ပြေတယ်။ ငါ့နဲ့ ရန်သူတွေဖြစ်ချင်ရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ငါ့ဘေးကလူကို ဆွဲသွင်းရဲတယ်ဆိုရင်တော့...မင်းတို့တစ်ဘဝလုံး နောင်တရနေစေရအောင် ငါလုပ်ပေးလိုက်မယ်"
"ကောင်းပါပြီ...ခင်ဗျားတို့မှာ အခြားမေးခွန်းတွေရှိသေးတယ်ဆိုရင် ကျေးဇူးပြုပြီး နောက်ဆယ်ရက်မှာလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို စောင့်ပေးပါဦး။ အခုတော့ Qiu Han အတွက် အိမ်ပြန်ပြီး ကောင်းကောင်းအနားယူဖို့ လိုလို့ပါ"
သူတို့ Su Yi Mo ၏ ကားအတွင်းသို့ ရောက်သည့်တိုင်အောင် Ran Feng Ge မှာ ဘာတွေဖြစ်ပျက်သွားမှန်း လိုက်မမီနိုင်ဘဲ ကြက် သေသေနေမိသည်။
'အခု...သတင်းမီဒီယာတိုင်းရဲ့ရှေ့မှာလေ...ငါတို့ရဲ့ဆက်ဆံရေးအခြေအနေကို ကြေငြာလိုက်တာလား...သူ နည်းနည်းမှမရှက်ဘူးလား...? အတွင်းရေးတွေကို ထုတ်ပြောရတာကိုလေ...'
______________
Zawgyi
Out of the Hospital & Out of the Closet
"အတူေနၾကရမယ္"ဟု Su Yi Mo ေျပာလာခ်ိန္တြင္ သူ၏ပုံစံမွာ တကယ္ကိုတည္ၾကည္ေလးနက္ေနပုံရသည္။
တစ္လၾကာၿပီးေနာက္___
Ran Feng Ge၏ ဒဏ္ရာမ်ား လုံးဝကုသၿပီးသြားခဲ့ၿပီ။ သူ႕အေျခအေနက တည္ၿငိမ္သြားၿပီျဖစ္၍ ေနာက္ဆုံးတြင္ ေဆး႐ုံမွဆင္းရန္ ေထာက္ခံခ်က္ရေပၿပီ။ သူလုပ္ရန္လိုအပ္သည့္တစ္ခုတည္းေသာအရာမွာ အိမ္တြင္ေနကာ ျပန္လည္အားျဖည့္ရန္ျဖစ္သည္။
တစ္ခ်ိန္လုံး သူ႕ကိုယ္သူခ်ဳပ္တည္းထားရသည့္ Ran Feng Geသည္ ျပတင္းေပါက္အေရွ႕တြင္ရပ္ကာ အပ်င္းဆန့္မိ၏။ သူ၏ မ်က္ႏွာထက္မွာ စိတ္သက္သာရရသည့္အၿပဳံးတစ္ခုေရာက္ရွိေနသည္။
'အရမ္းေကာင္းတာပဲ...ထပ္ၿပီး
မံမီတစ္ေကာင္လို ဟန္ေဆာင္စရာမလိုေတာ့ဘူး'
ေခါင္းလွည့္လိုက္လွ်င္ အိပ္ယာေပၚတြင္ ခ်ထားသည့္ အဝတ္အစားအပုံလိုက္ႀကီးကို ေတြ႕ရသည္။ သူ႕ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ ၿပဳံးေယာင္႐ႊင္ေယာင္ ေကာ့တက္သြားသည္။
အဝတ္အစားမ်ားမွာ Su Yi Mo ယမန္ေန႕က ယူလာျခင္းျဖစ္သည္။ Jing Qiu Han ၏လူစားထိုးအျဖစ္ ေဆာင္႐ြက္ေနသမွ်ကာလပတ္လုံး...Ran Feng Ge ၏ေန႕စဥ္ လိုအပ္ခ်က္မွန္သမွ်ကို Su Yi Moမွ ေထာက္ပံ့ေပးမွာျဖစ္၏။
သူ လက္လွမ္းကာ အထည္မ်ားကို လွန္ေလွာ၍ တစ္ခုခ်င္းစီ၏ ပုံပန္းႏွင့္အသား
ကို ၾကည့္ရႉသည္။ ယင္းတို႔ကို ၾကည့္ရႈ ေနစဥ္အတြင္း ေခါင္းကိုလည္း ၿငိမ့္မိရ၏။
'သူက မ်က္စိအျမင္ေတာ့ရွိသားပဲ'
တစ္လနီးပါးမွ် ဝတ္ဆင္ခဲ့ေသာ ေဆး႐ုံဝတ္ကိုခြၽတ္ကာ Ran Feng Ge အဝတ္သစ္လဲဖို႔လုပ္သည္။ သူ ရွပ္အကၤ်ီၾကယ္သီးကို တပ္မည့္ဆဲဆဲတြင္ တံခါးက႐ုတ္တရက္ပြင့္လာ၏။
Su Yi Mo တံခါးဖြင့္လိုက္သည့္ အခိုက္မွာပင္ ကိုယ္တစ္ပိုင္းဗလာက်င္းေနသည့္ Ran Feng Geႏွင့္ တည့္တည့္တိုးသည္။ တစ္ဖက္သူ၏ အကၤ်ီက ၾကယ္သီးမတပ္ရေသး...ရင္ဘတ္ေအာက္တြင္ အမာ႐ြတ္ႏွစ္ခုက အထင္သား...။ အေနအထားမွာ Jing Qiu Han ၏ အပစ္ခံရသည့္ေနရာႏွင့္ကြက္တိ..ဆံတစ္ခ်ည္စာမွ်ပင္မလြဲ။ Ran Feng Ge ၏ အမာ႐ြတ္မွာ ေသနတ္မွန္ရာအတိုင္းတကယ့္ခြၽတ္စြပ္တူ၏။
ထိုအခ်ိန္တြင္ Su Yi Mo၏ မ်က္ဝန္း၌ ေက်နပ္သည့္အၾကည့္တို႔ ေပၚထြက္လာသည္။ ဤ Ran Feng Ge က အဟုတ္ကို ေစ့စပ္ေသခ်ာသည့္သူ။ သူ၏ ဒဏ္ရာမ်ား ကုသေပ်ာက္ကင္းၿပီးၿပီဆိုလွ်င္ပင္ ေဖာ္ထုတ္ခံရျခင္းမွ ကာကြယ္ရန္ သူ႕ကိုယ္ေပၚတြင္ အမာ႐ြတ္မ်ား ခ်န္ထားရစ္ဖို႔ မေမ့ေလ်ာ့။
ယခုတစ္လအတြင္း..သူ၏ စားေသာက္မႈကို လည္းလူနာတစ္ေယာက္အတိုင္း အျပည့္အဝခ်ိန္ထိုးကာ သက္သာလာသေလာက္ လိုက္၍လိုက္၍ေျပာင္းလဲ၏။ သူတို႔ဆက္ဆံေရး၏ ရင္းႏွီးမႈႏွင့္ ဒြိဟျဖစ္ဖြယ္မ်ားကို ျပရန္လိုလာသည့္အခ်ိန္တိုင္းတြင္လည္း ထိုသူက ၿပီးျပည့္စုံစြာသ႐ုပ္ေဆာင္နိုင္သည္။ တစ္ခုတည္းေသာျပႆနာမွာ သူတို႔ ေပြ႕ဖင္ၾကသည့္အခ်ိန္တိုင္း Ran Feng Ge၏ ခႏၶာကိုယ္မွာ အလိုအေလ်ာက္
ေတာင့္တင္းသြားလိမ့္မည္ျဖစ္ၿပီး Su Yi Moက မရမကခိုင္းေစေတာ့မွသာ ေျပေလ်ာ့သြားမွာျဖစ္သည္။ ၾကည့္ရသည္မွာ အျခားအမ်ိဳးသားတစ္ေယာက္ႏွင့္ ေပြ႕ဖက္၊နမ္းရႈပ္ရတာမ်ိဳး အက်င့္ရွိပုံမရ။
သို႔ေသာ္ျငား သူအက်င့္မရွိေၾကာင္းကို Ran Feng Ge ဘယ္ေသာအခါမွ် မေျပာ...သူ မလုပ္နိုင္ပါဘူးဟုလည္း တစ္ခြန္းမဆို။ Ran Feng Ge၏ လက္ဝယ္၌ ေ႐ႊအဆင့္လူစားထိုးဟူေသာ
ဘြဲ႕မည္သည္ အမွန္ကို စင္းလုံးေခ်ာအျဖစ္သို႔ေရာက္၏။
Su Yi Mo သူ၏ေရွ႕တြင္ ရပ္ေနသည့္ အမ်ိဳးသားကို ၾကည့္လိုက္သည္။ Ran Feng Ge၏ အားနည္း၍ပါးလွ်သည့္ ကိုယ္လုံးေလးကို ျမင္ေနရ၏။ တစ္ဖက္သူ၏ ျဖဴေလ်ာ္ေလ်ာ္အသားအေရမွသည္ တျဖည္းျဖည္း ပုံမွန္ျဖစ္လာသည္အထိ သူ ၾကည့္ခ်ိန္ရခဲ့သည္။ ေခ်ာင္က်ေနသည့္မ်က္တြင္းမ်ား ျပန္ျပန္ျပည့္လာသည္ကိုလည္း သတိျပဳမိ၏။ ေျပာင္းလဲမႈ အေသးစိတ္တိုင္းကို မလြတ္ခဲ့ပါ။
"ေစာေစာေရာက္လာတာပဲ "
Ran Feng Ge က ဖြဖြၿပဳံးသည္။ ထို႔ေနာက္ သူက Su Yi Moကို ေပြ႕ဖက္ခ်င္ဟန္ျဖင့္ ေရွ႕သို႔ေျခႏွစ္လွမ္းတိုးလာ၏။
Ran Feng Ge ၏ လႈပ္ရွားမႈကို Su Yi Moက ႀကိတ္ရယ္မိသည္။ တစ္လၾကာအၿပီး၌ သူတို႔ဆုံၾကသည့္အခ်ိန္တိုင္း___၁. အၾကည့္ခ်င္းဖလွယ္၊၂.
ၿပဳံးျပ၊ ၃. ေပြ႕ဖက္ ၊ ၄. အနမ္းေပး ဟူသည့္ လုပ္ရိုးလုပ္စဥ္ႏွင့္ ေနာက္ဆုံးတြင္ သူ က်င့္သားရသြားၿပီထင္သည္။
Su Yi Mo က သူ႕လက္ေမာင္းမ်ားကို ဖြင့္ကာ တစ္ဖက္အမ်ိဳးသားကို ဆြဲ၍ ရင္ခြင္ထဲသို႔ထည့္လိုက္ၿပီး Ran Feng Ge၏ နဖူးေလးထက္သို႔ ျမတ္ျမတ္နိုးနိုးနမ္းလိုက္၏။
"အကုန္ထုပ္ပိုး
ၿပီးၿပီလား?"
"အင္း...ဒီအခန္းကို
ငါတစ္ေယာက္တည္းသုံးတာဆိုေတာ့ အမ်ားႀကီးထုပ္ပိုးစရာမလိုပါဘူး"
Ran Feng Ge က လူခ်င္းခြာကာ ေခါင္းကိုေစာင္း၍ ၿပဳံးျပသည္။
" ငါ့ကို ေခၚသြားဖို႔ ေက်နပ္ေနတာလား ေျပာ.."
"ဟုတ္ပ ဟုတ္ပ"
Su Yi Moက လက္လွမ္း၍ တစ္ဖက္သူ၏ အကၤ်ီကို ၾကယ္သီးတပ္ေပးသည္။ ၾကယ္သီးတစ္လုံးတပ္တိုင္း သူ၏ လက္ေခ်ာင္းထိပ္ကေလး မ်ားက ထိုအမ်ိဳးသား၏ ရင္ဘတ္ကို ပြတ္သပ္လို႔သြား၏။ အေတာ္ကေလး မေနတတ္ေအာင္ခံစားရၿပီး Ran Feng Ge က ေခါင္းကို အေဝးသို႔လႊဲသည္။ အျခားတစ္ဖက္တြင္မူ Su Yi Mo က တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဆက္ေျပာလာပါ၏။
"မင္းကို ေခၚသြားရမွာ တကယ္ ေက်နပ္ေနတာ"
သူက သူ၏ စကားလုံးမ်ားကို အေလးေပးရန္ Ran Feng Ge၏ ရင္ဘတ္ကို လက္ဖ်ားေလးတစ္ေခ်ာင္းႏွင့္ ဖိရင္း ေျပာလိုက္သည္။
ထိုသည္ကိုၾကားလွ်င္...Ran Feng Ge၏ မ်က္ႏွာက တျဖည္းျဖည္းနီတြတ္လာ၏။ သို႔ေသာ္ ထိုအရာမ်ိဳးက သူထိန္းခ်ဳပ္နိုင္သည္မဟုတ္...။ သူ႕မွာ တမင္တကာမလုပ္ရပါဘဲ ရွက္ေသြးျဖန္းသြားသည္။ထို႔ေနာက္ အေျခအေနကို အခြင့္ေကာင္းယူ၍ Su Yi Mo ၏လက္ကိုဆြဲကာ ေမးျမန္းလိုက္သည္။
"ဒါဆို...အခု သြားၾကေတာ့မလား"
"သြားစို႔!"
Su Yi Moက သူတို႔၏လက္မ်ားကို ခ်ိတ္လိုက္သည္။ ၿပီးလွ်င္ တံခါးေရွ႕က ပရိသတ္ကိုႏႈတ္ဆက္ရန္ ထိုပုံအတိုင္း ေလွ်ာက္ထြက္လာၾက၏။
Su Yi Mo သည္ သူကိုယ္တိုင္ ဂ်ာနယ္လစ္မ်ားဆီ သတင္းယိုစိမ့္ခဲ့ေစသည္လားေတာ့ Ran Feng Ge မသိ။ သို႔ေသာ္ အဓိကသတင္းမီဒီယာႀကီးမ်ားကမူ Jing Qiu Han တစ္ေယာက္ အျပည့္အဝျပန္လည္ေကာင္းမြန္လာၿပီး ေဆး႐ုံမွဆင္းေတာ့မည္ဟူေသာ သတင္းသံတိုးတိုးသဲ့သဲ့ကို ၾကားထားၿပီးျဖစ္သည္။ ပထမအဆင့္ေဆး႐ုံ၏ တံခါးမ်ားအျပင္ဘက္တြင္မူ ထိုးေဖာက္မရနိုင္ေသာ သတင္းသမား ထုႀကီးသည္ ထြက္လာေတာ့မည့္ သူတို႔၏ သားေကာင္ကို ေစာင့္ေမွ်ာ္လို႔ေနၾကသည္။
"မာစတာSu.. ခင္ဗ်ားနဲ႕ မာစတာJing တို႔ရဲ႕ ဆက္ဆံေရးကဘာလဲဆိုတာေျပာျပနိုင္မလားခင္ဗ်"
"လက္ေတြကို အတူတြဲထားတာ
ျမင္ရ ပုံေပါက္ရင္ ခင္ဗ်ားတို႔ရဲ႕ ဆက္ဆံေရးက က်ိန္းေသရိုးရိုးတန္းတန္း မဟုတ္ေလာက္ဘူးမလား?"
"မာစတာJing...မာစတာSu က ကိုယ္တိုင္ကိုယ္က် လာေခၚတာဆိုေတာ့ ၿပီးရင္ ႏွစ္ဦးစလုံး Su မိသားစုဗီလာကိုပဲ သြားၾကဖို႔လားဗ်?"
_______
Su Yi Moက Ran Feng Ge၏လက္ကိုတင္းတင္းဆုပ္ကိုင္ထား၏။ ဘာကိုမွ်ဖုံးကြယ္မထားဘဲ ေျပာင္ေျပာင္တင္းတင္းျပသထားသည္။ သူ႕မ်က္ႏွာတြင္ေအးစက္စက္အမူအယာရွိၿပီး အုန္းအုန္းကြၽက္ကြၽက္ျဖစ္ေနသည့္ မိုက္ခရိုဖုန္းႏွင့္ ကင္မရာမ်ားရွိရာဆီ တည့္တည့္မ်က္ႏွာမူလိုက္သည္။ ထိုခဏတြင္ Ran Feng Ge ထင္လိုက္သည္က ထိုသူသည္ မေဖာ္မေ႐ြႏွင့္ မည့္သည့္မွတ္ခ်မွေပးမည္မဟုတ္ဟု။ သို႔ေသာ္ လက္ေတြ႕တြင္ Su Yi Mo က သတင္းေထာက္မ်ား၏ ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့ပါ၏။
"ေနာက္ပိုင္း
Qiu Han အိမ္မွာျပန္ၿပီး အားျဖည့္အနားယူတဲ့အခါ ခင္ဗ်ားတို႔ သူ႕ကိုမႏွောင့္ယွက္မွာ ေသခ်ာရင္...ကြၽန္ေတာ္ ဒီအခြင့္အေရးကိုသုံးၿပီးေတာ့ ခင္ဗ်ားတို႔ကို တစ္ခုေျပာျပပါ့မယ္"
" ကြၽန္ေတာ္နဲ႕ Qiu Han ရဲ႕ဆက္ဆံေရးက ခင္ဗ်ားတို႔စိတ္ထဲက အတိုင္း အတိအက်ပါပဲ...."
"ကြၽန္ေတာ္တို႔က ခ်စ္သူေတြပါ"
"ကြၽန္ေတာ္တို႔ စိတ္တူကိုယ္တူ ျဖစ္ခဲ့ၾကတာ ၇ႏွစ္ရွိပါၿပီ။ ကြၽန္ေတာ္ ပါခ်ည္ပါခ်ဲ့ ဘဝမွာကတည္းက Qiu Han ကပဲ ေနာက္ကြယ္ကေန အၿမဲ ပံ့ပိုးေပးခဲ့တယ္။ အခုလို သူအနာတရျဖစ္ရတာ ကြၽန္ေတာ့္အျပစ္လည္းမကင္းပါဘူး။ Qiu Han ကိုဒုကၡေပးဝံ့တာ ဘယ္သူေတြလဲဆိုတာကို ကြၽန္ေတာ္က်ိန္းေသေဖာ္ထုတ္မွာပါ...ၿပီးရင္ေတာ့ သူတို႔ကို အေႂကြးျပန္ဆပ္ခိုင္းရမယ္"
"မင္းတို႔အေနနဲ႕ ငါ့ကို စီးပြားေရး လုပ္ငန္းခ်င္း လာယွဥ္ခ်င္ရင္အဆင္ေျပတယ္။ ဒါမွမဟုတ္ အိမ္တိုင္ရာေရာက္ လာၿပီး မင္းတို႔ေဒါသကို ဖြင့္ခ်ခ်င္ရင္လည္း အဆင္ေျပတယ္။ ငါ့နဲ႕ ရန္သူေတြျဖစ္ခ်င္ရင္လည္း အဆင္ေျပတယ္။ ဒါေပမဲ့ ငါ့ေဘးကလူကို ဆြဲသြင္းရဲတယ္ဆိုရင္ေတာ့...မင္းတို႔တစ္ဘဝလုံး ေနာင္တရေနေစရေအာင္ ငါလုပ္ေပးလိုက္မယ္"
"ေကာင္းပါၿပီ...ခင္ဗ်ားတို႔မွာ အျခားေမးခြန္းေတြရွိေသးတယ္ဆိုရင္ ေက်းဇူးျပဳၿပီး ေနာက္ဆယ္ရက္မွာလုပ္မယ့္ သတင္းစာရွင္းလင္းပြဲကို ေစာင့္ေပးပါဦး။ အခုေတာ့ Qiu Han အတြက္ အိမ္ျပန္ၿပီး ေကာင္းေကာင္းအနားယူဖို႔ လိုလို႔ပါ"
သူတို႔ Su Yi Mo ၏ ကားအတြင္းသို႔ ေရာက္သည့္တိုင္ေအာင္ Ran Feng Ge မွာ ဘာေတြျဖစ္ပ်က္သြားမွန္း လိုက္မမီနိုင္ဘဲ ၾကက္ ေသေသေနမိသည္။
'အခု...သတင္းမီဒီယာတိုင္းရဲ႕ေရွ႕မွာေလ...ငါတို႔ရဲ႕ဆက္ဆံေရးအေျခအေနကို ေၾကျငာလိုက္တာလား...သူ နည္းနည္းမွမရွက္ဘူးလား...? အတြင္းေရးေတြကို ထုတ္ေျပာရတာကိုေလ...'
____________